ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၉

ဘုရားသခင် လူ့ဇာတိခံယူချိန်တွင်၊ သူ၏ဝိညာဉ်တော်သည် လူသားတစ်ဦးအပေါ် သက်ဆင်းသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ယူတင် ဝတ်ဆင်ခြင်း ဖြစ်သည်။ သူသည် အကန့်အသတ်ရှိသည့် အဆင့်အချို့ကို သူနှင့်အတူ ဆောင်ကြဉ်းဖို့ မဟုတ်ဘဲ၊ ကမ္ဘာပေါ်၌ သူ၏အမှုကို လုပ်ဆောင်ဖို့ ကြွလာပေသည်။ သူ၏ အမှုသည် လုံးဝ အကန့်အသတ်မဲ့ ဖြစ်သည်။ လူ့ဇာတိ၌ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်သည့် အမှုကို သူ့အမှု၏ ရလဒ်များအားဖြင့် သတ်မှတ်ထားခြင်း ဖြစ်နေဆဲ ဖြစ်ပြီး၊ သူသည် လူ့ဇာတိ၌ ရှိစဉ် သူ အမှုပြုမည့် အချိန်ကာလကြာရှည်မှုကို ဆုံးဖြတ်ဖို့ ထိုသို့သော အရာများကို အသုံးပြုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ လိုက်လျောသည်နှင့်အမျှ သူ၏ အမှုကို ဆန်းစစ်ရင်း၊ သူ၏အမှု၏ အဆင့်အသီးသီးကို တိုက်ရိုက် ထုတ်ဖော်ပြသည်။ ဤအမှုသည် လူ၏ စိတ်ကူးစိတ်သန်း အကန့်အသတ်များကို ဆွဲဆန့်ဖို့ကဲ့သို့ အလွန် သဘာဝလွန်ဖြစ်သောအရာ တစ်ခုမျှမရှိပေ။ ဤသည်မှာ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းရာတွင် ယေဟောဝါ၏ အမှုကဲ့သို့ ဖြစ်သည်။ သူသည် တစ်ပြိုင်နက် စီစဉ်ပြီး အမှုပြုခဲ့သည်။ သူသည် အလင်းကို အမှောင်မှ ခွဲထုတ်ပြီး၊ မနက်နှင့် ညတို့ ဖြစ်တည်လာခဲ့သည်- ဤအရာက တစ်ရက်ကြာသည်။ ဒုတိယနေ့တွင် မိုးကောင်းကင်ကို သူ ဖန်ဆင်းပြီး ယင်းသည်လည်း တစ်ရက်ကြာခဲ့သည်။ ထို့နောက် သူသည် ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ယင်းတို့ကို မှီတင်းနေထိုင်သည့် သတ္တဝါအားလုံးကို ဖန်ဆင်းခဲ့သည်၊ ယင်းသည် နောက်ထပ်တစ်ရက် လိုအပ်ခဲ့ပေသေး၏။ ဤသည်မှာ ဘုရားသခင်က လူသားကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေပေါ်ရှိ အရာခပ်သိမ်းကို စီမံခွင့်ပေးသည့်အချိန် ခြောက်ရက်မြောက်နေ့အထိ ဆက်ဖြစ်ခဲ့သည်။ ထို့နောက် အရာခပ်သိမ်းကို ဖန်ဆင်းခြင်း အဆုံးသတ်ခဲ့ပြီးချိန် ခုနှစ်ရက်မြောက်နေ့တွင် သူ အနားယူခဲ့သည်။ ဘုရားသခင်သည် ခုနှစ်ရက်မြောက်နေ့ကို ကောင်းချီးပေးပြီး သန့်ရှင်းသည့် နေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ သူသည် အရာခပ်သိမ်းကို မဖန်ဆင်းမီတွင် မဟုတ်ဘဲ၊ ဖန်ဆင်းခဲ့နှင့်ပြီးသည့်နောက်တွင်သာ ဤသန့်ရှင်းသည့်နေ့ကို ပြဌာန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤအမှုကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အရာခပ်သိမ်းကို မဖန်ဆင်းမီတွင် သူသည် ကမ္ဘာလောကကို ခြောက်ရက်ဖြင့် ဖန်ဆင်းပြီး၊ ထို့နောက် ခုနှစ်ရက်မြောက် နေ့တွင် အနားယူရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည် မဟုတ်ပေ။ ယင်းမှာ အမှန်တရားများနှင့် လုံးဝ မကိုက်ညီပေ။ သူသည် ထိုသို့သော အရာတစ်ခုကို မဖွင့်ဟခဲ့သကဲ့သို့၊ ယင်းကို မစီစဉ်ခဲ့ပေ။ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းသည် ခြောက်ရက်မြောက်နေ့၌ ပြီးစီးမည် ဖြစ်ပြီး ခုနှစ်ရက်မြောက်နေ့တွင် သူအနားယူမည်ဟု လုံးဝ သူ မပြောခဲ့ဖူးပေ။ ထို့ထက် ထိုအချိန်က ကောင်းသည်ဟု သူထင်မြင်သည့် အရာများအတိုင်း ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ အရာရာတိုင်းကို ဖန်ဆင်းခြင်းအား သူ အပြီးသတ်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ခြောက်ရက်မြောက်နေ့ ဖြစ်နှင့်ခဲ့လေသည်။ အရာရာကို ဖန်ဆင်းခြင်းအား သူ အပြီးသတ်ခဲ့ချိန်တွင် ငါးရက်မြောက်နေ့ ဖြစ်ခဲ့မည်ဆိုပါက၊ ထို့ကြောင့် ခြောက်ရက်မြောက်နေ့ကို သန့်ရှင်းသည့် နေ့အဖြစ် သူ သတ်မှတ်ပြီးဖြစ်ပေမည်။ သို့သော်လည်း သူသည် အရာရာကို ဖန်ဆင်းခြင်းအား ခြောက်ရက်မြောက်နေ့တွင် ဧကန်အမှန် အပြီးသတ်ခဲ့ပြီး၊ ထိုသို့ဖြင့် ခုနှစ်ရက် မြောက်နေ့သည် သန့်ရှင်းရာနေ့ ဖြစ်လာခဲ့သည်၊ ယင်းကို ဤနေ့အထိ လက်ဆင့်ကမ်းလာကြပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ လတ်တလော အမှုကို ဤတူညီသည့် နည်းဟန်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ သူသည် သင်တို့၏ အခြေအနေများနှင့်အညီ သင်တို့၏ လိုအပ်ချက်များအတွက် စကားပြောဆိုပြီး ထောက်ပံ့ပေးသည်။ ဆိုလိုသည်မှာ ဝိညာဉ်တော်သည် လူများ၏ အခြေအနေများနှင့်အညီ စကားပြောဆိုပြီး အမှုပြုပေသည်။ သူသည် ခြုံငုံလျက် စောင့်ကြည့်ပြီး အချိန်မရွေးနှင့် နေရာမရွေး အမှုပြုမြဲပြုလေသည်။ သင်တို့အပေါ် ငါ လုပ်ဆောင်၊ ပြောဆို၊ ထားရှိပြီး သင်တို့အပေါ် အပ်နှင်းသည့်အရာသည် ခြွင်းချက်မရှိ သင်တို့ လိုအပ်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် ငါ့အမှု၏ မည်သည့်အရာကမျှ လက်တွေ့အရှိတရားနှင့် ကင်းကွာခြင်း မရှိပေ။ “ဘုရားသခင်၏ ဝိညာဉ်တော်သည် အရာခပ်သိမ်းကို စောင့်ကြည့်လျက် ရှိ၏။” ဆိုသည်ကို သင်တို့ သိကြသည့်အတွက် အားလုံး စစ်မှန်ပေသည်။ ဤအရာအားလုံးကို အချိန်စော၍ ဆုံးဖြတ်ထားခဲ့ပြီးဖြစ်ပါက၊ အားလုံးသည် ကြိုတင်ခင်းကျင်းပြီးသားလည်း ဖြစ်မည်မဟုတ်လော။ ဘုရားသခင်သည် ထောင်စုနှစ်ခြောက်ခုလုံး အသေးစိတ် အစီအစဉ် ရေးဆွဲခဲ့ပြီး၊ ထို့နောက် လူသားမျိုးနွယ်ကို ပုန်ကန်တတ်ဖို့၊ ခုခံတတ်ဖို့၊ မရိုးဖြောင့်ဘဲ၊ လှည့်စားတတ်ဖို့နှင့် ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးမှု၊ ဆိုးယုတ်သော စိတ်သဘောထား၊ မျက်စိ၏တပ်မက်ခြင်းနှင့် တစ်ဦးချင်း စိတ်အလိုလိုက်ခြင်းတို့ကို ပိုင်ဆိုင်ဖို့ ကြိုတင်ခွဲခန့် မှတ်သားထားခဲ့သည်ဟု သင်ထင်သည်။ ယင်းတို့ထဲမှ မည်သည့်အရာကိုမျှ ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားခဲ့ခြင်း မဟုတ်ဘဲ၊ ထို့ထက် စာတန်၏ ဖျက်ဆီးမှု အကျိုးဆက်အနေဖြင့် အားလုံး ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ အချို့က “စာတန်သည်လည်း ဘုရားသခင်၏ လက်အတွင်းတွင် ရှိသည်မဟုတ်လော။ စာတန်က လူသားများကို ဤပုံစံဖြင့် ဖောက်ပြန်ပျက်စီးစေဖို့ ကြိုတင်ခွဲခန့် ထားခဲ့ပြီးဖြစ်ကာ၊ ထို့နောက်တွင် ဘုရားသခင်သည် လူသားအလယ် သူ၏ အမှုကို ဆောင်ရွက်ခဲ့သည်။” ဟု ပြောကောင်း ပြောကြပေမည်။ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေဖို့ ဘုရားသခင် အမှန်တကယ် ကြိုတင်ခွဲခန့်မှတ်သား ထားခဲ့မည်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ပုံမှန် အသက်ရှင်ခွင့်ပေးဖို့သာ အလွန် စိတ်အားထက်သန်လေသည်၊ ထို့ကြောင့် သူသည် ၎င်းတို့၏ အသက်တာများကို အမှန်တကယ် ဝင်ရောက် စွက်ဖက်မည်လော။ ထိုသို့ဖြစ်ပါက စာတန်ကို အနိုင်ယူခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းသည် အချည်းနှီးသော အားထုတ်မှုတစ်ခု ဖြစ်မည် မဟုတ်လော။ လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းကို အဘယ်သို့ ကြိုတင်ခွဲခန့် မှတ်သားထားပြီး ဖြစ်နိုင်မည်နည်း။ ယင်းမှာ စာတန်၏ နှောင့်ယှက်မှုကြောင့် ဖြစ်ပျက်ပြီးဖြစ်သည့် အရာတစ်ခု ဖြစ်သည်၊ ထို့ကြောင့် ယင်းကို ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်သားထားပြီး ဖြစ်နိုင်မည်နည်း။ သင်တို့ စိတ်ကူး၍ရနိုင်သော ဘုရားသခင် လက်တွင်းရှိ စာတန်သည် ငါ ပြောဆိုသည့် ဘုရားသခင်၏ လက်တွင်းရှိ စာတန်နှင့် အလွန် ကွဲပြားသည်။ “ဘုရားသခင်သည် အနန္တတန်ခိုးရှိပြီး စာတန်သည် သူ၏ လက်တွင်းတွင် ရှိသည်။” ဟု သင်တို့ ပြောဆိုချက်များအရ၊ စာတန်သည် သူ့ကို လုံးဝ သစ္စာဖောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်ဟု သင် ပြောခဲ့သည် မဟုတ်လော။ သင်တို့၏ အသိပညာသည် စိတ်ကူးသက်သက် ဖြစ်လွန်းပြီး၊ လက်တွေ့အရှိတရားနှင့် လက်ပွန်းတတီး မရှိပေ။ လူသားသည် ဘုရားသခင်၏ အတွေးများကို လုံးဝ ဉာဏ်မမီနိုင်သကဲ့သို့ သူ၏ ဉာဏ်ပညာကိုလည်း တစ်ကြိမ်တစ်ခါမျှ နားမလည်နိုင်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးရှိ၏။ ဤသည်မှာ မုသားတစ်ခု လုံးဝ မဟုတ်။ ဘုရားသခင်သည် ကနဦးက ဩဇာအာဏာ ဝေစုတစ်ခုကို ပေးခဲ့သောကြောင့်၊ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤသည်မှာ ဧဝသည် မြွေ၏ စုံစမ်းသွေးဆောင်မှုကို မလွန်ဆန်နိုင်ခဲ့သည့်အချိန်ကကဲ့သို့ပင်၊ မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် စာတန်သည် သူ၏ သစ္စာဖောက်ဖျက်မှုကို မည်သို့ ဆောင်ရွက်သည်ဖြစ်စေ၊ ဘုရားသခင်လောက် အနန္တတန်ခိုးနှင့် မပြည့်စုံသေးချေ။ သင်တို့ ပြောပြီးသကဲ့သို့၊ စာတန်သည် တန်ခိုးကြီးရုံမျှကြီးသည်။ သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ ဩဇာအာဏာသည် ၎င်းကို အမြဲ အနိုင်ယူလိမ့်မည်။ ဤသည်မှာ၊ “ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံ၍ စာတန်သည် သူ၏လက်ထဲတွင်ရှိ၏။” ဟူသည့် ပြောဆိုခြင်းနောက်ကွယ်က စစ်မှန်သည့် အဓိပ္ပာယ် ဖြစ်သည်။ ထို့ကြောင့် စာတန်နှင့် စစ်ပွဲကို တစ်ဆင့်ချင်း ဆောင်ရွက်ရပေမည်။ ထို့အပြင် ဘုရားသခင်သည် စာတန်၏ လှည့်ကွက်များကို တုံ့ပြန်ရာတွင် သူ၏အမှုကို စီစဉ်သည်- ဆိုလိုသည်မှာ သူသည် ခေတ်နှင့် သင့်တော်သည့် ပုံစံတစ်ခုဖြင့် လူသားမျိုးနွယ်ထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းပြီး သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကို ထုတ်ဖော်ပြလေသည်။ ထိုနည်းတူ နောက်ဆုံးသောကာလ၏ အမှုကို ကျေးဇူးတော်ခေတ်မတိုင်မီ စောစော ကြိုတင်ခွဲခန့် မှတ်သားထားခဲ့ခြင်း မဟုတ်ပေ။ ကြိုတင်ခွဲခန့် မှတ်သားထားမှုများကို ဤကဲ့သို့ အင်မတန် စနစ်ကျသည့်ပုံစံတစ်ခုဖြင့် ပြုထားသည် မဟုတ်ပေ။ ပထမဦးစွာ လူသား၏ ပြင်ပ စိတ်သဘောထားကို ပြောင်းလဲစေခြင်းဖြစ်သည်။ ဒုတိယအနေနှင့် လူသားကို သူ၏ ပြစ်တင်ဆုံးမမှုနှင့် စမ်းသပ်ခြင်းများကို ခံစေခြင်းဖြစ်သည်။ တတိယအနေနှင့် လူသားအား သေခြင်းတရား၏ စမ်းသပ်မှုကို ကြုံစေခြင်း ဖြစ်သည်။ စတုတ္ထအနေနှင့် လူသားကို ဘုရားသခင်အား ချစ်ခြင်း အချိန်ကာလကို ကြုံတွေ့စေခြင်းနှင့် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ သန္နိဌာန်ကို ဖော်ပြစေခြင်း ဖြစ်သည်။ ပဉ္စမအနေနှင့် လူသားအား ဘုရားသခင်၏ အလိုကို မြင်ခွင့်ပေးခြင်းနှင့် ဘုရားသခင်ကို လုံးဝ သိခွင့်ပေးခြင်း၊ ပြီးလျှင် နောက်ဆုံးတွင် လူကို စုံလင်စေခြင်း ဖြစ်သည်။ သူသည် ဤအရာအားလုံးကို ကျေးဇူးတော်ခေတ် အတွင်းတွင် မစီစဉ်ခဲ့ပေ။ ယင်းထက် သူသည် လက်ရှိခေတ်တွင် ယင်းတို့ကို စတင် စီစဉ်နေခဲ့သည်။ ဘုရားသခင် အလုပ်လုပ်နေသကဲ့သို့၊ စာတန်သည် အလုပ်လုပ်နေ၏။ စာတန်သည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ပြသည်၊ ဘုရားသခင်မူကား ရိုးရိုးစင်းစင်း စကားပြောဆိုကာ ပဓာနကျသော အရာတစ်ချို့ကို ထုတ်ဖော်ပြလေသည်။ ဤသည်မှာ ယနေ့ လုပ်ဆောင်လျက်ရှိသည့် အမှုဖြစ်ပြီး၊ ကမ္ဘာလောကကို ဖန်ဆင်းခြင်းနောက်တွင်၊ အချိန်ကြာမြင့်စွာက အသုံးပြုခဲ့သည့် အလားတူ အမှုပြုခြင်း အခြေခံသဘောတရား ရှိပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၆

နိုင်ငံတော်ခေတ် အစပြုသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို စပြောခဲ့သည်။ အနာဂတ်တွင် ထိုနှုတ်ကပတ်တော်များ တဖြည်းဖြည်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၂

သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၀

ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခဲ့ချိန်တွင်၊ သူသည် လောကနှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ လောကကို ပျော်မွေ့ရန် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၉

များစွာသော လူတို့သည် ငါ့အား အမှန်တကယ် ချစ်ရန် ဆန္ဒရှိကြသည်၊ သို့သော် သူတို့၏ နှလုံးသားများမှာ သူတို့ကိုယ်တိုင်၏နှလုံးသားများ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။