ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၃

20.09.2020

သင်တို့အားလုံးသည် ငါ့ကို သစ္စာဖောက်ခြင်း မည်မျှ သင်တို့အတွင်း ကျန်ရှိသည်ကို မြင်ဖို့ရန် ယခု မြန်နိုင်သမျှမြန်မြန် မိမိကိုယ်ကိုယ် စုံစမ်းစစ်ဆေးသင့်၏။ သင်တို့၏ တုန့်ပြန်မှုကို စိတ်မရှည်စွာ ငါ စောင့်ဆိုင်းနေ၏။ ငါနှင့် ဆက်ဆံရာတွင် ဝတ်ကျေတမ်းကျေ မဖြစ်နှင့်။ လူတို့နှင့် ငါ ဘယ်သောအခါမျှ ပေါ့ပေါ့ဆဆ ဆက်ဆံခြင်းမရှိ။ တစ်စုံတစ်ရာ ငါပြုမည်ဟု ဆိုပါက၊ ထိုအရာကို သေချာပေါက် ငါ ပြု၏။ သင်တို့ အသီးသီးသည် ငါ၏ နှုတ်ကပတ်တော်များကို အလေးအနက် ခံယူကြသည့် သူတစ်ဦးဖြစ်ပြီး ၎င်းတို့ကို သိပ္ပံ စိတ်ကူးယဉ်ဇာတ်လမ်းကဲ့သို့ ထင်လိမ့်မည်မဟုတ်ဟု ငါ မျှော်လင့်၏။ ငါလိုချင်သည်မှာ သင်တို့ထံမှ ခိုင်လုံသော လုပ်ရပ်ဖြစ်သည်၊ သင်တို့၏ စိတ်ကူးစိတ်သန်းများ မဟုတ်ပေ။ ထို့နောက်၊ ငါ၏ အောက်ပါ မေးခွန်းများကို သင်တို့ ဖြေကြရမည်- ၁။ သင်သည် အမှန်တကယ် အစေခံသူတစ်ဦး ဖြစ်ပါက၊ လျော့ရဲမှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း တစ်ခုမျှ မပါဘဲ၊ သင်သည် ငါ့ကို သစ္စာရှိရှိ အစေခံမှု ပေးနိုင်သလော။ ၂။ သင့်ကို ငါ လုံးဝ အသိအမှတ်မပြုသည်ကို သင် တွေ့ရှိပါက၊ သင်သည် ဆက်လက် နေထိုင်ပြီး ငါ့ကို ရာသက်ပန် အစေခံမှု ပေးနိုင်ဦးမည်လော။ ၃။ သင်သည် အားထုတ်မှုများစွာ အသုံးပြုပြီးဖြစ်သော်လည်း သင့်ကို ငါ အလွန်စိမ်းကားဆဲဖြစ်ပါက၊ မထင်ပေါ်ဘဲ သင်သည် ငါ့အတွက် ဆက်လက် အလုပ်လုပ်နေနိုင်မည်လော။ ၄။ ငါ့အတွက် သုံးစွဲခြင်းများ ပြုပြီးသည့်နောက်၊ သင်၏ အသေးအဖွဲ တောင်းဆိုချက်များကို ငါ မဖြည့်ဆည်းပေးပါက၊ သင်သည် ငါနှင့်ပတ်သက်၍ စိတ်အားငယ်ကာ စိတ်ပျက်လာမည်လော သို့မဟုတ်၊ ဒေါသပင် ထွက်လာပြီး အော်ဟစ် ဆဲရေးမည်လော။ ၅။ ငါ့အတွက် ချစ်ခြင်းများစွာနှင့်အတူ အစဉ်အမြဲ အလွန် သစ္စာစောင့်သိပြီးသည့်တိုင် မကျန်းမာမှု၊ ဆင်းရဲမှုနှင့် သင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ၏ စွန့်ပစ်ခြင်းတည်းဟူသော ညှဉ်းဆဲမှုကို သင် ခံရပါက၊ သို့မဟုတ် ဘဝတွင် အခြား ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုကို သင် ကြံ့ကြံ့ခံရပါက၊ ငါ့အတွက် သင်၏ သစ္စာစောင့်သိခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဆက်ရှိဦးမည်လော။ ၆။ သင်၏ စိတ်နှလုံးထဲက သင် စိတ်ကူးထားသည့် မည်သည့်အရာကမျှ ငါ လုပ်ဆောင်ခဲ့သည့်အရာနှင့် တစ်ထပ်တည်းမဖြစ်ပါက၊ သင်၏ အနာဂတ်လမ်းကြောင်းကို သင် မည်သို့ လျှောက်လှမ်းလိမ့်မည်နည်း။ ၇။ သင် ရရှိဖို့ မျှော်လင်ခဲ့သည့် အရာများ တစ်ခုကိုမျှ သင် မရရှိပါက၊ သင်သည် ငါ၏ နောက်လိုက်အဖြစ် ဆက်လက်ရှိနိုင်မည်လော။ ၈။ ငါ့အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်ကို သင် လုံးဝ နားမလည်ပါက၊ သင်သည် ထင်ရာမြင်ရာ ဝေဖန်မှုများနှင့် ကောက်ချက်ချမှုများ မပြုလုပ်သည့် နာခံသော လူတစ်ဦး ဖြစ်နိုင်သလော။ ၉။ ငါသည် လူသားမျိုးနွယ်နှင့်အတူတကွ ရှိစဉ်တွင်၊ ငါ ပြောပြီးသည့် နှုတ်ကပတ်တော်များအားလုံးနှင့် ငါပြုပြီးသည့် အမှုအားလုံးကို သင် တန်ဖိုးထားနိုင်သလော။ ၁၀။ သင်သည် မည်သည့်အရာကိုမျှ မရရှိသော်လည်း ငါ့အတွက် တစ်သက်တာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် လိုလားလျက် ငါ၏ သစ္စာရှိသော နောက်လိုက်တစ်ဦး ဖြစ်နိုင်သလော။ ၁၁။ ငါ့အဖို့အလို့ငှာ၊ သင်၏ အနာဂတ် ရှင်သန်ရေး လမ်းကြောင်းအတွက် စဉ်းစားဆင်ခြင်ခြင်း၊ စီစဉ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းတို့ကို သင် စွန့်လွှတ်နိုင်သလော။ ဤမေးခွန်းများသည် သင်တို့အပေါ် ငါ၏ သတ်မှတ်ချက်များကို ကိုယ်စားပြုပြီး၊ သင်တို့အားလုံး ငါ့ကို အဖြေများပေးနိုင်ဖို့ ငါမျှော်လင့်၏။ သင်တို့ကို ဤမေးခွန်းများက တောင်းဆိုသည့်အရာ တစ်ခု သို့မဟုတ် နှစ်ခုကို သင် ဖြည့်ဆည်းပြီးဖြစ်ပါက၊ သင် ဆက်လက် ကြိုးပမ်းရမည်။ ဤသတ်မှတ်ချက်များထဲမှ တစ်ခုတစ်လေကို သင် မပြီးမြောက်နိုင်ပါက၊ သင်သည် ဧကန်မုချ ငရဲထဲသို့ ပစ်ချခံရမည့် လူအမျိုးအစား ဖြစ်သည်။ ထိုသို့သော လူတို့အဖို့၊ ၎င်းတို့သည် ငါနှင့် ကိုက်ညီနိင်သည့်လူများ မုချ မဟုတ်သည့်အတွက် မည်သည့်အရာကိုမျှ ငါ ထပ်ပြောဖို့မလို။ မည်သည့်အခြေအနေတွင်မဆို ငါ့ကို သစ္စာဖောက်နိုင်မည့်သူတစ်ဦးကို ငါ၏ အိမ်တွင် အဘယ်သို့ ငါ ထားနိုင်မည်နည်း။ အခြေအနေအများစု၌ ငါ့ကို သစ္စာဖောက်နိုင်ဦးမည့် သူများအတွက်မူ၊ အခြား အစီအစဉ်များ ငါ မပြုမီ ၎င်းတို့၏ ဆောင်ရွက်ချက်ကို ငါ လေ့လာမည်။ သို့သော်၊ မည်သည့် အခြေအနေတွင်မဆို ငါ့ကို သစ္စာဖောက်နိုင်စွမ်းရှိကြသူအားလုံးကို ငါ လုံးဝ မေ့လျော့မည် မဟုတ်။ ၎င်းတို့ကို ငါ၏ စိတ်နှလုံးထဲတွင် ငါ အမှတ်ရမည်ဖြစ်ပြီး ၎င်းတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များကို ပြန်ဆပ်ဖို့ အခွင့်အရေး စောင့်ဆိုင်းမည်။ ငါ တင်ပြပြီးသည့် သတ်မှတ်ချက်များမှာ သင်တို့ မိမိကိုယ်ကိုယ် ဆန်းစစ်ရမည့် ပြဿနာများ ဖြစ်သည်။ ၎င်းတို့ကို သင်တို့အားလုံး လေးလေးနက်နက် စဉ်းစားဆင်ခြင်နိုင်ပြီး ငါ့ကို ဝတ်ကျေတမ်းကျေ မဆက်ဆံဖို့ ငါ မျှော်လင့်၏။ မဝေးသည့် အနာဂတ်တွင်၊ ငါ၏ သတ်မှတ်ချက်များ နှင့်ယှဉ်၍ ငါ့ကို သင်တို့ ပေးပြီးသည့် အဖြေများကို ငါ စစ်ဆေးမည်။ ထိုအချိန်တွင်၊ သင်တို့ထံမှ မည်သည့်အရာကိုမျှ နောက်ထပ် ငါ တောင်းဆိုမည် မဟုတ်သကဲ့သို့၊ သာ၍ လေးနက်သည့် ဆိုဆုံးမမှုကို ငါ ပေးမည်မဟုတ်။ ယင်းအစား၊ ငါ၏ ဩဇာအာဏာကို ငါကျင့်သုံးမည်။ ထားသင့်သည့်သူများကို ထားမည်၊ ချီးမြှင့်ခံရသင့်သူများ ချီးမြှင့်ခံရလိမ့်မည်၊ စာတန်ထံ လွှဲအပ်ခံရသင့်သူများ စာတန်ထံ လွှဲအပ်ခံရလိမ့်မည်၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်သူများ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည် ဖြစ်ပြီး၊ ပျက်စီးသင့်သူများ ဖျက်ဆီး ခံရလိမ့်မည်။ ထို့ကြောင့်၊ ငါ၏ နေ့ရက်ကာလတွင် ငါ့ကို နှောင့်ယှက်ဖို့ မည်သူမျှ ရှိတော့မည်မဟုတ်။ ငါ၏ နှုတ်ကပတ်တော်များကို သင် ယုံကြည်သလော။ ဒဏ်ခတ်ခံရခြင်းကို သင် ယုံကြည်သလော။ ငါ့ကို လှည့်ဖြားပြီး သစ္စာဖောက်သည့် ဆိုးညစ်သူများအားလုံးကို ငါ အပြစ်ပေးမည်ကို သင် ယုံကြည် သလော။ ထိုနေ့ရက် အစောတလျင် ရောက်လာဖို့အတွက် သင် မျှော်လင့်သလော၊ သို့မဟုတ် နောက်မှ ရောက်လာဖို့အတွက် သင် မျှော်လင့်သလော။ သင်သည် ပြစ်ဒဏ်ပေးခြင်းကို ကြောက်လန့် သူတစ်ဦးလော၊ သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းကို ကြံ့ကြံ့ခံရမည် ဖြစ်သော်လည်း ငါ့ကို အာခံမည့်သူတစ်ဦးလော။ ထိုနေ့ရက် ရောက်သည့်အခါ၊ သင်သည် ဩဘာသံများနှင့် ရယ်သံများကြား အသက်ရှင်မည်လော၊ သို့မဟုတ် သင် ငိုကြွေးကာ အံသွားခဲကြိတ်လိမ့်မည်လော ဆိုသည်ကို သင် စိတ်ကူးနိုင်သလော။ မည်သည့် နိဂုံးနှင့်ကြုံဖို့ သင် မျှော်လင့်သနည်း။ သင် ကျွန်ုပ်ကို တစ်ရာရာခိုင်နှုန်း ယုံကြည်သလော၊ သို့မဟုတ် တစ်ရာရာခိုင်နှုန်း သံသယရှိသလော ဆိုသည်ကို သင် လေးနက်စွာ စဉ်းစား ဆင်ခြင်ဖူးသလော။ သင်၏ လုပ်ရပ်များနှင့် အပြုအမူများက မည်သည့် အကျိုးဆက်များနှင့် ရလဒ်မျိုးများ သင့်အပေါ် ကျရောက်မည်ကို သင် ဂရုတစိုက် စဉ်းစားဆင်ခြင်ဖူးသလော။ တစ်လှည့်အနေဖြင့် ငါ၏ နှုတ်ကပတ်တော်များအားလုံး ပြည့်စုံလိမ့်မည်ဟု သင် အမှန်တကယ် မျှော်လင့်သလော သို့မဟုတ် တစ်လှည့်အနေဖြင့် ငါ၏ နှုတ်ကပတ်တော်များ ပြည့်စုံမည်ကို သင် ကြောက်လန့်သလော။ ငါ၏ အမှုများကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ မကြာမီ ငါထွက်ခွာသည်ကို သင် မျှော်လင့်ပါက၊ သင်ကိုယ်တိုင်၏ စကားများနှင့် လုပ်ရပ်များကို သင် မည်သို့ သဘောထားသင့်သနည်း။ ငါ၏ ထွက်ခွာခြင်းကို သင် မမျှော်လင့်သကဲ့သို့ ငါ၏ နှုတ်ကပတ်တော်များအားလုံး ချက်ချင်း ပြည့်စုံဖို့ သင်မမျှော်လင့်ပါက၊ ငါ့ကို သင် အဘယ်ကြောင့် ယုံကြည်သေးသနည်း။ သင် အဘယ်ကြောင့် ငါ့ နောက်လိုက်နေသည်ကို သင် အမှန်တကယ် သိသလော။ သင်၏ အကြောင်းပြချက်က သင်၏ နယ်ပယ်များကို ကျယ်ပြန့်စေဖို့မျှ ဖြစ်ပါက၊ သင် ထိုသို့ ဒုက္ခရှာစရာ မလိုပေ။ ကောင်းချီးခံစားဖို့နှင့် လာမည့် ဘေးအန္တရာယ်ကို ရှောင်လွှဲဖို့ဖြစ်ပါက၊ သင်သည် အဘယ်ကြောင့် သင်ကိုယ်တိုင်၏ အပြုအမူကို မပူပန်သနည်း။ ငါ၏ သတ်မှတ်ချက်များကို သင် ဖြည့်ဆည်းနိုင်ခြင်း ရှိ၊ မရှိဆိုသည်ကို သင့်ကိုယ်သင် အဘယ်ကြောင့် မမေးသနည်း။ လာမည့် ကောင်းချီးများကို ရရှိဖို့ သင်သည် အရည်အချင်းပြည့်မီခြင်း ရှိ မရှိဆိုသည်ကိုလည်း သင့်ကိုယ်သင် အဘယ်ကြောင့် မမေးသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။