ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၀

ပထမဦးစွာ ဘုရားသခင်သည် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ အရာခပ်သိမ်းထဲတွင် ဤမြွေသည် အဆိပ်အပြင်းဆုံး ဖြစ်ခဲ့သည်။ သူ၏ကိုယ်ခန္ဓာသည် အဆိပ်ပါရှိ၏၊ ယင်းကို စာတန်သည် ကောင်းကောင်း အသုံးချခဲ့သည်။ ဧဝကို အပြစ်သို့ စုံစမ်းသွေးဆောင်ခဲ့သည်မှာ မြွေဖြစ်သည်။ ဧဝက အပြစ်ပြုခဲ့ပြီးနောက် အာဒံသည် အပြစ်လုပ်ခဲ့ပြီး၊ ထို့နောက် ၎င်းတို့နှစ်ဦးသည် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်ခဲ့ကြသည်။ မြွေက ဧဝကို သွေးဆောင်မည်ဖြစ်ပြီး ဧဝက အာဒံကို သွေးဆောင်လိမ့်မည်ဟု ယေဟောဝါက သိခဲ့ပါက၊ သူသည် ၎င်းတို့အားလုံးကို ဥယျာဉ်တစ်ခုထဲမှာ အဘယ်ကြောင့် ထားခဲ့သနည်း။ သူသည် ဤအရာများကို ကြိုတင်သိမြင်နိုင်ခဲ့ပြီးဖြစ်ပါက၊ မြွေကို အဘယ်ကြောင့် ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်အတွင်းတွင် ထားခဲ့သနည်း။ ဧဒင်ဥယျာဉ်သည် အဘယ်ကြောင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီး ပါရှိခဲ့ပါသနည်း။ အသီးကို စားစေဖို့ ၎င်းတို့အတွက် သူ ရည်ရွယ်ခဲ့ပြီးဖြစ်သလော။ ယေဟောဝါ ရောက်လာသည့်အခါတွင်၊ အာဒံဖြစ်စေ ဧဝဖြစ်စေ သူ့ကို ရင်မဆိုင်ဝံ့ခဲ့ပေ၊ ထိုအခါတွင်မှ ၎င်းတို့သည် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားခဲ့ကြပြီးဖြစ်ကာ မြွေ၏လှည့်စားမှု၌ သားကောင် ဖြစ်သွားကြပြီး ဖြစ်သည်ကို ယေဟောဝါ သိခဲ့သည်။ အဆုံးတွင် ဘုရားသခင်သည် မြွေကိုကျိန်ဆဲခဲ့ပြီး၊ အာဒံနှင့် ဧဝကိုလည်း ကျိန်ဆဲခဲ့သည်။ ၎င်းတို့နှစ်ဦးက သစ်ပင်၏အသီးကို စားခဲ့သည့်အချိန်တွင်၊ ၎င်းတို့ ယင်းကို လုပ်ဆောင်နေခဲ့ကြသည်ကို ယေဟောဝါ သတိမပြုမိခဲ့ချေ။ လူသားမျိုးနွယ်သည် ဆိုးယုတ်ကာ ကာမဂုဏ်အာရုံ ဖောက်ပြားသည်အထိ၊ ဖောက်ပြန်ပျက်စီးလာခဲ့ကြသည်မှာ ၎င်းတို့နှလုံးသားများထဲတွင် သိုထားခဲ့ကြသည့် အရာရာတိုင်းက ဆိုးယုတ်ပြီး မဖြောင့်မတ်သည်အထိပင် ဖြစ်သွားခဲ့ကြသည်။ ယင်းမှာ ညစ်ညမ်းမှုချည်းသာ ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်းကို နောင်တရခဲ့သည်။ ထို့နောက်တွင်၊ သူသည် နောဧနှင့် သူ၏ သားများ အသက်ရှင်ကျန်ခဲ့ကြသည့်၊ ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခြင်းနှင့်ဆိုင်သည့် သူ၏ အမှုကို ဆောင်ရွက်ခဲ့သည်။ အချို့အရာများသည် လူများ စိတ်ကူးကြသလောက် အမှန်တကယ် အဆင့်မြင့်ပြီး သဘာဝလွန် မဖြစ်ပေ။ အချို့က “ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်မည်ကို သိရက်နှင့်များ ဘုရားသခင်သည် အဘယ်ကြောင့် ၎င်းအား ဖန်ဆင်းခဲ့သနည်း။” ဟုမေးကြသည်။ ဤအရာများသည် အမှန်တရားများ ဖြစ်သည်- ကမ္ဘာမြေကြီး မတည်ရှိမီတွင်၊ ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်ခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန် အားလုံးအပေါ် တရားစီရင်ပိုင်ခွင့် ရှိခဲ့သည်။ ဤအရာသည် ၎င်းကို ဘုရားသခင် ပေးခဲ့ပြီးဖြစ်သည့် ဩဇာအာဏာ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ ၎င်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ ပြီးသည့်နောက်၊ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ဆန့်ကျင်လျက် သာ၍ပင် ကြီးမားသော သစ္စာဖောက်မှုကို ပြုခဲ့သည်။ ၎င်းသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလိုပြီး ဘုရားသခင်၏ ဩဇာအာဏာထက် သာလွန်လိုခဲ့သောကြောင့်၊ ၎င်းက ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်ဟု ငါ ပြောခြင်း ဖြစ်သည်။ ဧဝကို အပြစ်သို့ သွေးဆောင်ခဲ့သည်မှာ ကောင်းကင်တမန်မင်း ဖြစ်ပြီး၊ ၎င်းသည် ၎င်း၏နိုင်ငံကို ကမ္ဘာမြေပေါ် တည်ထောင်လိုပြီး လူသားများအား ဘုရားသခင်ကို ကျောခိုင်းကာ၊ ယင်းအစား ကောင်းကင်တမန်မင်းကို နာခံစေလိုသောကြောင့် ၎င်းက ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ များစွာသော အရာတို့က သူ့ကို နာခံနိုင်သည်ကို ကောင်းကင်တမန်မင်းက တွေ့မြင်ခဲ့သည်- ကမ္ဘာမြေပေါ်ရှိ လူတို့က နာခံနိုင်သကဲ့သို့၊ ကောင်းကင်တမန်များက နာခံနိုင်ပေသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည်- အာဒံနှင့် ဧဝတို့ဖြစ်သည့်- လူသား၏ စောင့်ရှောက်မှု အောက်တွင် ရှိသော်လည်း၊ အာဒံနှင့်ဧဝတို့က ကောင်းကင်တမန်မင်းကို နာခံခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ ဩဇာအာဏာကို သာလွန်ရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ထို့နောက်တွင်၊ ၎င်းသည် ဘုရားသခင်ကို ပုန်ကန်ရာတွင် နောက်ပိုင်း၌ ဝိညာဉ်ဆိုး အမျိုးမျိုး ဖြစ်လာခဲ့ကြသည့် ကောင်းကင်တမန် အများအပြားကို ဦးဆောင်ခဲ့သည်။ ဤနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းကင်တမန်မင်း၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်သည် မဟုတ်လော။ ကောင်းကင် တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့သောကြောင့်၊ လူသားများသည် ယနေ့ ၎င်းတို့ ဖြစ်သည့်အကျင့်စရိုက်အတိုင်းသာ ဖြစ်ကြပေသည်။ ဤတစ်ဆင့်ချင်းဖြစ်သည့် အမှုသည် လူများ စိတ်ကူးနိုင်သလောက် လုံးဝ စိတ်ကူးသက်သက် မဟုတ်သကဲ့သို့ မရိုးရှင်းပေ။ စာတန်သည် အကြောင်းရင်း တစ်ခုအတွက် ၎င်း၏ သစ္စာဖောက်ခြင်း အမှုကို ပြုခဲ့ခြင်း ဖြစ်သည်၊ သို့သော် လူများသည် ထိုသို့သော ရိုးရှင်းသည့် အချက်ကို နားမလည်နိုင်ကြချေ။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်သည် စာတန်ကိုလည်း အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ဘုရားသခင်သည် စာတန်ကို အလွန် စက်ဆုပ်ရွံရှာပြီး စာတန်သည် သူ၏ရန်သူဖြစ်သည့်အတွက်၊ အဘယ်ကြောင့် စာတန်ကို သူ ဖန်ဆင်းခဲ့သနည်း။ စာတန်ကို ဖန်ဆင်းခြင်းအားဖြင့်၊ သူသည် ရန်သူတစ်ဦးကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် အမှန်တကယ်တွင် ရန်သူတစ်ဦးကို မဖန်ဆင်းခဲ့ပေ။ ထို့ထက် သူသည် ကောင်းကင်တမန်တစ်ပါးကို ဖန်ဆင်းခဲ့ပြီး၊ ထို့နောက် ထိုကောင်းကင်တမန်က သူ့ကို သစ္စာဖောက်ခဲ့ပေသည်။ ၎င်း၏အဆင့်အတန်း တိုး၍ အလွန်ကြီးမြတ်ခဲ့ပြီးဖြစ်သည်မှာ ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ဤသည်မှာ တိုက်ဆိုင်မှု တစ်ခုဟု ပြောနိုင်သော်လည်း၊ ရှောင်လွှဲ၍မရသည့်အရာ တစ်ခုလည်း ဖြစ်သည်။ ယင်းမှာ လူသည် အဆင့်တစ်ခုအထိ အရွယ်ရောက် ပြီးသည့်နောက် မလွဲမသွေ သေဆုံးရမည့်ပုံနှင့် တူညီပေသည်။ အမှုအရာများသည် ထိုအဆင့်ထိသာ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သည်။ အဓိပ္ပာယ်မရှိသည့် မိုက်မဲသူများက၊ “စာတန်က ကိုယ်တော်၏ ရန်သူ ဖြစ်သည့်အတွက်၊ သူ့ကို အဘယ်ကြောင့် ကိုယ်တော် ဖန်ဆင်းခဲ့သနည်း။ ကောင်းကင်တမန်မင်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ကို ကိုယ်တော် မသိခဲ့သလော။ ကိုယ်တော်သည် နေ့ရက်ကာလမဖြစ်မီ မကြည့်နိုင်သလော။ ကောင်းကင်တမန်မင်း၏ သဘာဝကို ကိုယ်တော်မသိခဲ့သလော။ ၎င်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ကို ရှင်းလင်းစွာ ကိုယ်တော် သိသည့်အတွက်၊ အဘယ်ကြောင့် သူ့ကို ကောင်းကင်တမန်မင်း ဖြစ်စေခဲ့သနည်း။ ၎င်းသည် ကိုယ်တော့်ကို သစ္စာဖောက်ခဲ့သည်သာမက၊ ၎င်းနှင့်အတူ အခြားကောင်းကင်တမန် အများအပြားကိုလည်း ဦးဆောင်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေဖို့ သေမျိုးများ၏ ကမ္ဘာလောကသို့ သက်ဆင်းခဲ့သည်၊ သို့သော် ဤနေ့ထိ ကိုယ်တော်သည် ကိုယ်တော်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အစီအစဉ်ကို မပြီးစီးနိုင်သေးပါ။” ဟု ပြောကြသည်။ ထိုစကားများသည် မှန်ကန်ပါသလော။ သင်သည် ဤနည်းဖြင့် တွေးသည့်အခါ၊ မိမိကိုယ်ကိုယ် လိုအပ်သည်ထက် သာ၍ ဒုက္ခ ရောက်နေစေခြင်း ဖြစ်သည် မဟုတ်လော။ “မျက်မှောက်ခေတ်အထိ စာတန်သည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းမရှိသေးပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ် ကယ်တင်ခြင်းကို ဤနည်းဖြင့် ဆောင်ကြဉ်းပြီးဖြစ်မည် မဟုတ်ပေ။ ထိုသို့ဖြင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့သည် မြင်၍ရနိုင်ပြီးဖြစ်မည် မဟုတ်ပေ။ သူ၏ ဉာဏ်ပညာကို မည်သည့်နေရာ၌ ထုတ်ဖော်ပြပြီး ဖြစ်မည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် နောက်ပိုင်းတွင် သူ၏ အနန္တတန်ခိုးကို ထုတ်ဖော်ပြနိုင်ဖို့အလို့ငှာ စာတန်အတွက် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်- ထိုသို့မဟုတ်ပါက လူသားသည် ဘုရားသခင်၏ ဉာဏ်ပညာကို မည်သို့ ရှာတွေ့နိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို မခုခံခဲ့ပါက သို့မဟုတ် သူ့ကို မဆန့်ကျင်မပုန်ကန်ခဲ့ပါက၊ သူ၏ဆောင်ရွက်မှုများကို ထုတ်ဖော်ပြသဖို့ လိုအပ်မည် မဟုတ်ပေ။ ဖန်ဆင်းခြင်း အားလုံးသည် သူ့ကို ကိုးကွယ်ပြီး ကျိုးနွံနာခံခဲ့ကြမည်ဆိုပါက၊ သူသည် လုပ်ဆောင်ရန် အမှုရှိမည်မဟုတ်။” ဟုပြောသည့် အခြားသူများ ရှိလေသည်။ ဘုရားသခင်နှင့် ပတ်သက်၍ ညစ်ညမ်းခြင်း မည်သည့်အရာမျှ မရှိသောကြောင့်၊ သူသည် ညစ်ညမ်းမှုကို ဖန်ဆင်း၍မရသည့်အတွက်၊ ဤသည်မှာ လက်တွေ့အရှိတရားမှ သာ၍ပင် ဝေးကွာပေသည်။ သူသည် သူ၏ ရန်သူကို အနိုင်ယူဖို့၊ သူဖန်ဆင်းခဲ့သည့် လူသားများကို ကယ်တင်ဖို့နှင့်၊ ဘုရားသခင်ကို မုန်းတီးသည့်၊ သစ္စာဖောက်ပြီး ခုခံသကဲ့သို့ အစအဦးမှပင် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိခဲ့ပြီး သူနှင့် သက်ဆိုင်ခဲ့သည့် မကောင်းဆိုးဝါးများနှင့် စာတန်ကို သူ၏ ဆောင်ရွက်ချက်များကို ယခု ထုတ်ဖော်ပြခြင်း ဖြစ်ပေသည်။ ဘုရားသခင်သည် ဤနတ်ဆိုးများကို အနိုင်ယူချင်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏ အနန္တတန်ခိုးကို အရာခပ်သိမ်းထံ ထုတ်ဖော်ပြလေသည်။ ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်နှင့် အရာရာတိုင်းသည် ယခု စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိပြီး၊ ဆိုးယုတ်သူ၏ အုပ်စိုးမှုအောက်တွင် တည်နေသည်။ လူများသည် သူ့ကို သိရှိနိုင်ကြဖို့အလို့ငှာနှင့် ထိုသို့ဖြင့် စာတန်ကို အနိုင်ယူပြီး သူ၏ ရန်သူများကို လုံးလုံးလျားလျား နှိမ်နင်းဖို့အလို့ငှာ၊ ဘုရားသခင်သည် အရာခပ်သိမ်းထံ သူ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြချင်လေသည်။ ဤအမှု၏ အလုံးစုံကို သူ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြခြင်း မှတစ်ဆင့် ပြီးမြောက်လေသည်။ သူ၏ဖန်ဆင်းခြင်းအားလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးကို ၎င်းတို့ထံ ထုတ်ဖော်ပြရန် ဆန္ဒရှိပြီး ထိုသို့ဖြင့် စာတန်ကို အနိုင်ယူရန် ဆန္ဒရှိလေသည်။ စာတန်မရှိခဲ့လျှင် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့လိုမည် မဟုတ်ပေ။ စာတန်၏ နှောင့်ယှက်မှု မရှိခဲ့ပါက၊ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင်ဖို့ ၎င်းတို့ကို ပို့ဆောင်ပြီး ဖြစ်ပေမည်။ စာတန်က သစ္စာဖောက်ခြင်း မတိုင်မီ၊ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို ကောင်းကင်တမန်များထံ သို့မဟုတ် ကောင်းကင်တမန်မင်းထံ အဘယ်ကြောင့် ထုတ်ဖော် မပြခဲ့ပါသနည်း။ အစအဦး၌ ကောင်းကင်တမန်များအားလုံးနှင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သိရှိခဲ့ပြီးဖြစ်ကာ သူ့ကို ကျိုးနွံနာခံခဲ့ပြီး ဖြစ်ပါက၊ ဘုရားသခင်သည် ဤအဓိပ္ပာယ်မဲ့သည့် အမှုနှင့်ဆိုင်သည့် လုပ်ရပ်များကို ဆောင်ရွက်ပြီး ဖြစ်မည် မဟုတ်ပေ။ စာတန်နှင့် မကောင်းဆိုးဝါးများ၏ တည်ရှိခြင်းကြောင့်၊ လူသားများသည်လည်း ဘုရားသခင်ကို ခုခံကြပြီးဖြစ်ကာ ပုန်ကန်လိုသည့် စိတ်သဘောထားများဖြင့် ပြည့်နိုင်သမျှ ပြည့်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ လုပ်ရပ်များကို ထုတ်ဖော်ပြရန် ဆန္ဒရှိလေသည်။ သူသည် စာတန်နှင့် စစ်ပွဲဆင်နွှဲလိုသောကြောင့်၊ စာတန်ကို အနိုင်ယူဖို့ သူသည် သူ၏ ကိုယ်ပိုင် ဩဇာအာဏာနှင့် သူ၏ လုပ်ရပ်များအားလုံးကို အသုံးပြုရပေမည်။ ဤနည်းဖြင့် လူသားများအလယ် သူဆောင်ရွက်သည့် ကယ်တင်ခြင်း အမှုသည် လူသားများကို သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအား တွေ့မြင်ခွင့်ပေးလိမ့်မည် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏ လုပ်ဆောင်နေသည့် အမှုသည် အဓိပ္ပာယ် ရှိပြီး၊ အချို့လူများက “ကိုယ်တော် လုပ်ဆောင်သည့်အမှုသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်သည် မဟုတ်ပါလား။ ဤဆက်တိုက်အမှုသည် ကိုယ်တော်တိုင်အတွက် ဒုက္ခ ဖန်တီးရာတွင် ကျင့်သုံးမှုတစ်ခု ဖြစ်သည် မဟုတ်ပါလား။ ကိုယ်တော်သည် စာတန်ကို ဖန်ဆင်းခဲ့ပြီးနောက် ကိုယ်တော့်ကို သစ္စာဖောက်ကာ ခုခံရန် သူ့ကို အခွင့်ပေးခဲ့သည်။ ကိုယ်တော်သည် လူသားမျိုးနွယ်ကို ဖန်ဆင်း ခဲ့ပြီးနောက်၊ အာဒံနှင့် ဧဝံတို့ သွေးဆောင်ခံရဖို့ အခွင့်ပေးရင်း၊ ၎င်းတို့ကို စာတန်ထံ လွှဲပြောင်းပေးခဲ့သည်။ ကိုယ်တော်က ဤအရာများကို တမင်သက်သက် ပြုလုပ်ခဲ့သည့်အတွက်၊ အဘယ်ကြောင့် လူသားမျိုးနွယ်ကို ကိုယ်တော် စက်ဆုပ်မုန်းတီးရသေးသနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် စာတန်ကို စက်ဆုပ်ရွံရှာရသနည်း။ ဤအရာအားလုံးသည် ကိုယ်တော် ကိုယ်တိုင်၏ ဖန်တီးမှု ဖြစ်သည် မဟုတ်ပါလား။ ကိုယ်တော်အတွက် မုန်းတီးစရာ မည်သည့်အရာ ရှိသနည်း။” ဟု ပြောသည့်အချိန်တွင် ၎င်းတို့ ရည်ညွှန်းသည့်အရာနှင့် လုံးဝ မတူပေ။ အတော်အတန် နည်းပါးသည့် အဓိပ္ပာယ်မရှိသော လူများက ထိုသို့သောအရာများ ပြောကြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိကြသော်လည်း၊ ရင်ထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ် ဖြစ်ကြလေသည်။ ဆန့်ကျင်ဘက် ဖြစ်လိုက်လေချင်း။ သင်တို့သည် သမ္မာတရားကို နားမလည်ကြပေ၊ သင်သည် သဘာဝလွန် အတွေးများ အလွန်များလှပြီး၊ ဘုရားသခင်က အမှားပြုခဲ့သည်ဟုပင် သင် အခိုင်အမာပြောဆိုလေသည်- သင် အဓိပ္ပာယ် မဲ့လှသည်တကား။ သမ္မာတရားဖြင့် အကြံအဖန် လုပ်နေသူမှာ သင် ဖြစ်သည်။ ဘုရားသခင်က အမှားတစ်ခု ပြုခဲ့သည်မှာ မမှန်ပေ။ အချို့လူများက၊ “စာတန်ကို ဖန်ဆင်းခဲ့သည်မှာ ကိုယ်တော်ဖြစ်ပြီး စာတန်ကို လူသားများအလယ် ပစ်ချလိုက်ပြီး လူသားများကို ၎င်းထံ လွှဲပြောင်းပေးခဲ့သည်မှာ ကိုယ်တော် ဖြစ်သည်။ လူသားများက ဆိုးယုတ်သည့် စိတ်သဘောထား ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက်၊ ကိုယ်တော် သူတို့ကို ခွင့်မလွှတ်ခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကို အတိုင်းအတာတစ်ခုအထိ မုန်းတီးခဲ့သည်။ ပထမတွင် ကိုယ်တော်သည် သူတို့ကို အတိုင်းအတာ တစ်ခုအထိ ချစ်ခဲ့သော်လည်း၊ ယခုတွင် သူတို့ကို ကိုယ်တော် မုန်းတီးနေသည်။ လူသားမျိုးနွယ်ကို မုန်းတီးလေပြီမှာ ကိုယ်တော်ဖြစ်သော်လည်း၊ လူသားမျိုးနွယ်ကို ချစ်ဖူးသည်မှာလည်း ကိုယ်တော် ဖြစ်သည်။ ဤနေရာတွင် အတိအကျ မည်သည့်အရာ ဖြစ်နေပါသနည်း။ ဤသည်မှာ ရှေ့နောက်မညီခြင်း ဖြစ်သည် မဟုတ်ပါလား။” ဟု အဖန်တလဲလဲပင် စောဒကတက်ကြသည်။ ယင်းကို သင်တို့ မည်သို့ ကြည့်သည်ဖြစ်စေ၊ ဤသည်မှာ ကောင်းကင်ဘုံ၌ ဖြစ်ပျက်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ကောင်းကင်တမန်မင်းက ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးခဲ့သည့် ပုံစံ ဖြစ်ပြီး၊ ဤသည်မှာ လူသားများက ဤနေ့အထိ ဆက်လက်ဖြစ်ပေါ်သည့်ပုံ ဖြစ်သည်။ ယင်းကို သင်တို့ မည်သို့ဖွဲ့ဆိုသည်ဖြစ်စေ၊ ယင်းမှာ အဖြစ်အပျက် အလုံးစုံ ဖြစ်သည်။ သို့သော် ဘုရားသခင် ယနေ့ လုပ်ဆောင်နေသည့် ဤအမှု နောက်ကွယ်က ရည်ရွယ်ချက်တစ်ခုလုံးမှာ သင်တို့ကို ကယ်တင်ရန်နှင့် စာတန်ကို အနိုင်ယူရန် ဖြစ်သည်မှာ သင်တို့ သိနားလည်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၀

စာတန်က ကြင်နာတတ်သည်၊ တရားမျှတပြီး ကိုယ်ကျင့်တရားကောင်းမွန်သည်ဟု မြင်ရသော်လည်း အနှစ်သာရမှာ ရက်စက်ပြီး ဆိုးယုတ်ပါသည် စာတန်သည် လူအများကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၉

ဘုရားသခင်သည် ဤကမ္ဘာကြီးအား ဖန်ဆင်းခဲ့ပြီး၊ သက်ရှိသတ္တဝါဖြစ်သည့် လူသားကို ဆောင်ကြဉ်း အသက်သွင်းခဲ့ပါသည်။ တစ်ဖက်တွင် လူတို့သည် မိဘဆွေမျိုးများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၈

ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၄

သင်တို့အကြား ငါသည် များစွာလုပ်ကိုင်ခဲ့ပြီးဖြစ်၍ ပြောဆိုမှုအချို့လည်း လုပ်ခဲ့ပြီးပြီ မှန်၏။ သို့သော် နောက်ဆုံးသောနေ့များတွင် ငါ၏စကားများ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။