ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၇၀

31.03.2021

လူသည် အလင်းအလယ်တွင် နေထိုင်သော်ငြားလည်း၊ သူသည် အလင်း၏ အဖိုးတန်မှုကို မသိချေ။ သူသည် အလင်း၏ အနှစ်သာရနှင့် အလင်း၏ အရင်းအမြစ်၊ ထို့အပြင် ၎င်းသည် မည်သူနှင့် သက်ဆိုင်သည် စသည်တို့ကို အသိခေါက်ခက်လျက်ရှိသည်။ ငါသည် လူအကြားတွင် အလင်းကို အပ်နှင်းသောအခါ၊ ငါသည် လူအကြားရှိ အခြေအနေများကို ရုတ်ခြည်းပင် စစ်ဆေးသည်- အလင်းကြောင့် လူများအားလုံးသည် ပြောင်းလဲနေကြပြီး၊ ကြီးထွားနေလျက်ရှိကာ၊ အမှောင်ထုကို စွန့်ခွာခဲ့ကြသည်။ စကြဝဠာ၏ နေရာအနှံ့ကို ငါသည် မျှော်ကြည့်သဖြင့်၊ တောင်များသည် မြူထူနှင့် လွှမ်းခြုံထားခြင်း၊ ရေများသည် အအေးဓာတ်အလယ်တွင် အေးခဲခြင်း၊ အလင်း၏ ကြွဆင်းလာခြင်းကြောင့် လူများသည် သာ၍ အဖိုးတန်သောအရာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိနိုင်ရန်အလို့ငှာ အရှေ့အရပ်ကို ကြည့်ကြသည်ကို ငါမြင်၏၊ သို့သော်ငြားလည်း လူသည် မြူခိုးများအလယ်တွင် ရှင်းလင်းသော ဦးတည်ချက်ကို ကောင်းစွာသိမြင်ခြင်းငှာ မတတ်စွမ်းနိုင်ဘဲ ရှိရစ်သည်။ လောကကြီးတစ်ခုလုံးသည် မြူထူ၏ ခြုံလွှမ်းခြင်းကို ခံထားရခြင်းကြောင့်၊ တိမ်စိုင်များအကြားမှ ငါကြည့်လေသောအခါ လူသားသည် ငါ၏တည်ရှိမှုကို မည်သည့်အခါမျှ ရှာဖွေတွေ့ရှိခြင်း မရှိပေ။ ကမ္ဘာမြေကြီးပေါ်တွင် လူသားသည် တစ်စုံတစ်ရာကို ရှာဖွေလျက်ရှိသည်၊ သူသည် အစာကို ရှာဖွေနေဟန်ရှိသည်၊ သူသည် ငါ၏ရောက်လာမှုကို စောင့်မျှော်ရန် အလို့ငှာ ရည်ရွယ်နေဟန်ရှိသည်၊ သို့သော်ငြားလည်း သူသည် ငါ၏နေ့ရက်ကို မသိဘဲ၊ အရှေ့အရပ်ရှိ ခပ်မှိန်မှိန်အလင်းကိုသာ မကြာခဏ ကြည့်ရုံမျှသာ တတ်နိုင်သည်။ လူတို့အားလုံးအကြားတွင်၊ ငါကိုယ်တိုင်၏ နှလုံးသားနှင့် ဧကန်အမှန် ညီညွတ်သောသူများကို ငါသည် ဖွေရှာ၏။ လူများအားလုံးအကြားတွင် ငါသည် လှမ်းသွားပြီး၊ လူများအားလုံး အကြားတွင် နေထိုင်၏၊ သို့သော် လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် ဘေးကင်းလုံခြုံလျက် ရှိသည်၊ ထို့ကြောင့် ငါကိုယ်တိုင်၏ နှလုံးသားနှင့် ဧကန်အမှန် ညီညွတ်သောသူများ တစ်ယောက်မျှ မရှိပေ။ လူများသည် ငါ၏ အလိုကို မည်ကဲ့သို့ အလေးထားရမည်ကို မသိချေ၊ သူတို့သည် ငါ၏ လှုပ်ရှားမှုများကို မမြင်နိုင်ကြ၊ သူတို့သည် အလင်း၏အကြားတွင် ရွေ့လျားနိုင်ခြင်း မရှိဘဲ သူတို့အပေါ်တွင် အလင်း၏ ထွန်းတောက်ခြင်းကိုလည်း မခံနိုင်ကြ။ လူသားသည် ငါ၏နှုတ်ကပတ်တော်များကို အစဉ် တန်ဖိုးထားသော်ငြားလည်း၊ သူသည် စာတန်၏ လှည့်ဖြားသော အကြံအစည်များကို ဖောက်ထွင်း၍မြင်ရန် မတတ်စွမ်းနိုင်ပေ။ လူသား၏ ဝိညာဉ်အသက်တာသည် အလွန်ပင် သေးနုပ်သည့်အတွက်၊ သူသည် သူ၏နှလုံးသားမှ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်ခြင်းငှာ မတတ်စွမ်းနိုင်ချေ။ လူသားသည် ငါ့ကို စိတ်ရင်းအမှန်နှင့် မည်သည့်အခါမျှ မချစ်ခဲ့ဖူးပေ။ ငါသည် သူ့ကို ချီးမြှောက်သောအခါ၊ သူသည် မိမိကိုယ်ကိုမိမိ မထိုက်တန်ဟု ခံစားရသည်၊ သို့သော် ဤအရာသည် သူ့အား ငါ့ကို ကျေနပ်စေရန် ကြိုးစားခြင်းငှာ မပြုပေ။ ငါသည် သူ့ကို ပေးထားသော ရာထူးနေရာကိုသာ သူ၏လက်ထဲတွင် ကိုင်ထားရုံမျှသာရှိပြီး ယင်းအရာကို ကြည့်ရှုစစ်ဆေးရုံမျှသာ ရှိသည်။ ငါ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ခံစားနိုင်ခြင်းမရှိဘဲ၊ သူသည် မိမိကိုယ်ကိုမိမိ သူ့ရာထူးနေရာ၏ ကောင်းချီးများကို ဝါးမျိုခြင်း၌သာ မဆုတ်မနစ်ပြုလျက်ရှိသည်။ ဤသည်မှာ လူသား၏ ချို့တဲ့ခြင်း မဟုတ်ပေလော။ တောင်များသည် ရွေ့လျားသောအခါ၊ ၎င်းတို့သည် သင်၏ရာထူးနေရာအလို့ငှာ ကွေ့ရှောင်သွားခြင်းကို ပြုနိုင်သလော။ ရေများသည် စီးဆင်းသောအခါ၊ ၎င်းတို့သည် သင်၏ ရာထူးနေရာရှေ့တွင် ရပ်တန့်နိုင်သလော။ သင်၏ရာထူးနေရာအားဖြင့် ကောင်းကင်နှင့် မြေကြီးကို နောက်ပြန်ခြင်းငှာ ပြုနိုင်သလော။ ငါသည် တစ်ကြိမ်က လူသားကို အထပ်ထပ် ကရုဏာပြခဲ့ဖူး၏၊ သို့သော်ငြားလည်း မည်သူတစ်ဦးတစ်ယောက်မျှ ဤအရာကို မြတ်နိုးခြင်း သို့မဟုတ် တန်ဖိုးထားခြင်း မရှိ၊ သူတို့သည် ယင်းကို ပုံပြင်တစ်ပုဒ်ကဲ့သို့သာ နားထောင်သည်၊ သို့မဟုတ် ဝတ္ထုတစ်ပုဒ်ကဲ့သို့သာ ဖတ်ရှုသည်။ ငါ၏နှုတ်ကပတ်တော်များသည် လူသား၏နှလုံးသားကို အမှန်တကယ် ထိတွေ့ခြင်း မရှိလေသလော။ ငါ၏ ဖွင့်ဆိုချက်များသည် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိလေသလော။ မည်သူကမျှ ငါ၏တည်ရှိမှုကို မယုံကြည်ခြင်းလည်း ဖြစ်နိုင်သလော။ လူသားသည် မိမိကိုယ်ကိုမိမိ မချစ်ပေ။ ထိုအစား သူသည် ငါ့ကို တိုက်ခိုက်ရန် စာတန်နှင့် ပူးပေါင်းပြီး၊ စာတန်ကို “အဖိုးတန်အရာ” အဖြစ် အသုံးပြုကာ ထိုသို့အားဖြင့် ငါ့ကို အစေခံရန် ပြုလေပြီ။ ငါသည် စာတန်၏ လှည့်ဖြားသော အကြံအစည်များ အားလုံးကို ထွင်းဖောက်မည်၊ ပြီးလျှင် ကမ္ဘာမြေကြီးပေါ်မှ လူများအား စာတန်၏ လှည့်ဖြားခြင်းများကို လက်ခံနေခြင်းမှ ရပ်တန့်မည်၊ ထိုသို့အားဖြင့် သူတို့သည် စာတန်၏ တည်ရှိမှုကြောင့် ငါ့ကို ဆန့်ကျင်ခြင်း မပြုရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။