ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၈

ဘုရားသခင်အလုပ်၏ အဆင့်တစ်ဆင့်စီတွင်လည်း လူသားနှင့် လိုက်လျောညီထွေသော သတ်မှတ်ချက်များ ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း ရှိနေသူများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း ရှိမနေသူများက သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့်လုပ်ဆောင်မှုမျှ မရှိဘဲ စာတန်၏ ကွပ်ကဲမှုအောက်တွင် ရှိနေကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း ရှိနေသူများက ဘုရားသခင်၏ အလုပ်သစ်ကို လက်ခံသူများဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်သစ်တွင် ပူးပေါင်းဆောင်ရွက်သူများဖြစ်သည်။ ဤစီးဆင်းမှုအတွင်း ရှိနေသူများက ပူးပေါင်းဆောင်ရွက်မှုကို မတတ်နိုင်ဘဲ၊ ယခုအချိန်တွင် ဘုရားသခင် အလိုရှိသည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အသစ်ကို လက်ခံသူသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်းတွင် နေထိုင်နေမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းကို ရရှိမည်ဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ရန် ဆန္ဒမရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကိုခံရပြီး၊ အပြစ်ဒဏ်ပေးခြင်းကိုပင် ခံရကောင်း ခံရမည်။ သူတို့သည် မည်သို့သောလူမျိုး ဖြစ်နေပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း သူတို့ရှိနေပါက၊ သူ၏နာမအတွက် သူ့အလုပ်ကို လက်ခံသည့်သူများအားလုံးကို ဘုရားသခင်က တာဝန်ယူလိမ့်မည်။ သူ၏နာမကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူများသည် သူ၏ ကောင်းချီးများကို ရရှိလိမ့်မည်။ သူ့ကို နာခံမှုမရှိဘဲ သူ၏ နှုတ်ကပတ်တော်ကို လက်တွေ့မလုပ်ဆောင်သူများက သူ၏ အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း ရှိနေသည့် လူများသည် အလုပ်သစ်ကို လက်ခံသူများဖြစ်သည်။ သူတို့သည် အလုပ်သစ်ကို လက်ခံသူများ ဖြစ်သည့်အတွက် သူတို့သည် ဘုရားသခင်နှင့် သင့်လျော်သည့် ပူးပေါင်းဆောင်ရွက်မှု ရှိသင့်ပြီး၊ မိမိတို့၏ တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မလုပ်ဆောင်သင့်ပေ။ ဤကား လူသားအပေါ်ထားရှိသည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အလုပ်သစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုပြင်ပတွင် ရှိပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့က သူတို့အပေါ် သက်ရောက်မှု မရှိပေ။ ထိုသူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ နေသည်၊ မိမိတို့၏ စိတ်အတွင်း၌နေပြီး၊ သူတို့၏ လုပ်ဆောင်မှု အလုံးစုံသည် သူတို့ကိုယ်ပိုင် ဦးနှောက်များနှင့် ခွဲခြမ်းစိတ်ဖြာ သုတေသနပြုပြီး ထွက်လာသည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်သစ်၏ သတ်မှတ်ချက်များ မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက်တော် ကင်းမဲ့ပြီး၊ ထို့အပြင် ဘုရားသခင်၏ ကောင်းချီးများနှင့် ကာကွယ်ခြင်းကို လုံးဝမရှိပေ။ သူတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ယခင်က သတ်မှတ်ချက်များကို ထိန်းသိမ်းထားသည်။ ယင်းတို့သည် အယူဝါဒဖြစ်ပြီး၊ သမ္မာတရားမဟုတ်ချေ။ ထိုသို့သော ဥပဒေသနှင့် စည်းမျဉ်းများသည် ထိုသူတို့ကို အတူတကွ စုစည်းစေသည့် တစ်ခုတည်းသောအရာက ဘာသာတရားဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ထိုသူတို့သည် ရွေးချယ်ခံရသည်များ၊ သို့မဟုတ် ဘုရားသခင် အလုပ်၏ အပြုခံအရာများ မဟုတ်ပါ။ ထိုသူတို့အားလုံးကြားမှ စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် မခေါ်ဆိုနိုင်ပါ။ ယင်းသည် ပြောင်း၍မရသည့် အချက်တစ်ခုဖြစ်သည်။ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်မရှိ၊ သူတို့လုပ်ဆောင်သည်က ဘာသာရေးကို ပြန်လည်အမှတ်ရစေသည့်ပုံ ပေါ်နေသည်။ သူတို့၏ အသက်ရှင် နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်နေသည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် ဉာဏ်ဖွင့်ပေးခြင်းကို ရရှိစိမ့်သောငှာ သင့်လျော်ရန် မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် လုပ်ဆောင်မှုကို မပိုင်ဆိုင်ပေ။ ထိုလူများအားလုံးတို့သည် အသက်မရှိသည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ လက်ရှိအလိုတော်တို့ကို သိရန် မဆိုထားနှင့်၊ လူသား၏ ပုန်ကန်မှုနှင့် ဆန့်ကျင်မှုကို သိနားလည်ခြင်းမရှိ၊ လူသား၏ မကောင်းမှုပြုခြင်းကို သိနားလည်ခြင်းမရှိ။ သူတို့အားလုံးသည် ပညာမဲ့သော၊ အသုံးမကျသောလူများ ဖြစ်ကြသည်၊ သူတို့သည် ယုံကြည်သူများဟုပင် ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများပင် ဖြစ်တော့သည်။ သူတို့လုပ်သမျှတွင် ဘုရားသခင်၏ အစီအစဉ်များကို နှောင့်ယှက်နိုင်ရန် မဆိုထားနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် ဆက်စပ်သည့်အရာ ဘာတခုမျှ မရှိပေ။ သူတို့၏ စကားများနှင့် လုပ်ဆောင်မှုများက စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်၊ သနားစရာ ကောင်းလွန်းပြီး၊ ရှင်းပြရလောက်အောင်ပင် လုံးဝမထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း ရှိမနေသည့်သူများ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ထို့အတွက်ကြောင့်၊ သူတို့ မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးမှုလည်း မရှိပေ။ အကြောင်းမှာ သူတို့သည် သမ္မာတရားကို ချစ်သည့်သူများမဟုတ်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်က မုန်းတီးပြီး ငြင်းပယ်ခြင်းကို ခံရသည့် လူအားလုံး ဖြစ်နေသည့်အတွက်ကြောင့် ဖြစ်သည်။ သူတို့သည် ဇာတိပကတိထဲတွင် လျှောက်နေကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် သူတို့စိတ်ကျေနပ်သည့် ဘယ်အရာကိုမဆို လုပ်ဆောင်နေသည့်အတွက် သူတို့ကို မကောင်းမှုပြုသူများဟု ခေါ်ဆိုသည်။ ဘုရားသခင် အလုပ်လုပ်နေစဉ်တွင်၊ သူတို့သည် တမင်တကာ သူ့ကိုဆန့်ကျင်ပြီး၊ သူနှင့် ဆန့်ကျင်ဘက်သို့ ပြေးကြသည်။ ဤလူများ၏ ဘုရားသခင်ထံပါးမှ တမင်တကာ ထွက်ပြေးသွားခြင်းကို ထည့်မတွက်နှင့်ဦး၊ လူသားက ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကျရှုံးခြင်းကိုယ်၌ကပင်လျှင် အဆုံးစွန် ပုန်ကန်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သူတို့သည် ဒဏ်ခတ်ခြင်းကိုသာ ရရှိမည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၃

ကမ္ဘာလောကတွင်၊ မြေငလျင်များသည် ကပ်ဘေး၏ အစအဦး ဖြစ်သည်။ ပထမဦးစွာ ငါသည် ကမ္ဘာလောကကို- ဆိုလိုသည်မှာ ကမ္ဘာမြေကြီးကို- ပြောင်းလဲစေပြီး၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၈

များမကြာမီ ငါ၏အမှု ပြီးစီးမည်ဖြစ်ကာ အတူဖြတ်သန်းသော နှစ်ပေါင်းစွာသည် မခံရပ်နိုင်သော မှတ်ဉာဏ်တစ်ခု ဖြစ်လာလေပြီ။ ငါသည် ငါ၏နှုတ်ကပတ်တော်တို့ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၀

လူအတော်များများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုသည်နှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၈

ဆုတောင်းခြင်းနှင့် ပတ်သက်၍ အခြေခံအကျဆုံး အသိပညာ- ၁။ စိတ်ထဲက ပေါ်လာသည့် အရာမှန်သမျှကို ကျိုးကြောင်းမမြင်ဘဲ မပြောနှင့်။ သင်၏စိတ်နှလုံးတွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။