ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၃

သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် လူအမျိုးအစား များစွာနှင့် မတူညီသော အခြေအနေများစွာမှတစ်ဆင့် ပြီးမြောက်ကာ ပြည့်စုံလေသည်။ လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် ခေတ်တစ်ခုလုံး၏ အမှုကို ကိုယ်စားပြုနိုင်ပြီး ခေတ်တစ်ခုလုံးထဲက လူတို့၏ဝင်ရောက်မှုကို ကိုယ်စားပြုနိုင်သော်လည်း၊ လူတို့၏ ဝင်ရောက်မှု အသေးစိတ်နှင့် ပတ်သက်သော အမှုကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသော လူတို့အားဖြင့် လုပ်ဆောင်ဖို့ လိုအပ်ဆဲ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏အမှု သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ သာသနာသည် လူက ဘုရားသခင်ကိုယ်စား မလုပ်ဆောင်နိုင်သည့် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ၏ အမှု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မတူညီသည့် လူအမျိုးအစားများစွာမှတစ်ဆင့် ပြည့်စုံလေသည်။ ယင်းကို မည်သည့် လူတစ်ဦးတစ်ယောက်တည်းကမျှ လုံးဝ မရရှိနိုင်သကဲ့သို့၊ လူတစ်ဦး တစ်ယောက်တည်းကလည်း လုံးလုံးလျားလျား မဖော်ပြနိုင်ပေ။ အသင်းတော်ကို ဦးဆောင်သော သူများသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လုံးလုံးလျားလျား ကိုယ်စားမပြုနိုင်ပေ။ ၎င်းတို့သည် ဦးဆောင်သည့် အလုပ်အချို့ကိုသာ လုပ်ဆောင်နိုင်သည်။ ဤအကြောင်းကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သုံးပိုင်းခွဲခြားနိုင်၏- ဘုရားသခင် ကိုယ်တိုင်၏အလုပ်၊ အသုံးပြုခြင်းခံရသော လူတို့၏အလုပ်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း၌ ရှိသော သူအားလုံးနှင့် ပတ်သက်သည့် အလုပ်ဟူ၍ ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်သည် ခေတ်တစ်ခုလုံးကို ဦးဆောင်ရန်ဖြစ်သည်။ အသုံးပြုခြင်းခံရသော သူတို့၏ အလုပ်သည်၊ စေလွှတ် ခံရခြင်းဖြင့် သို့မဟုတ် ဘုရားသခင်က သူကိုယ်တိုင်၏ အလုပ် လုပ်ဆောင်ပြီးနောက် ပေးသည့် စေခိုင်းချက်တာဝန်များကို ရရှိခြင်းဖြင့်၊ ဘုရားသခင်၏ နောက်လိုက် အားလုံးကို ဦးဆောင်ရန်ဖြစ်ပြီး၊ ဤသူတို့သည် ဘုရားသခင်၏အမှုနှင့် ပူးပေါင်းဆောင်ရွက်ကြသူများ ဖြစ်သည်။ ရေစီးကြောင်းထဲတွင် ရှိသော သူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် လုပ်ဆောင်သော အလုပ်သည် သူကိုယ်တိုင်၏ အလုပ်အားလုံးကို ထိန်းသိမ်းရန် ဖြစ်ပြီး၊ ယင်းမှာ သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံးနှင့် သက်သေခံချက်ကို ထိန်းသိမ်းရန် ဖြစ်သော်လည်း၊ တစ်ချိန်တည်းတွင် စုံလင်စေခြင်းခံရနိုင်သူများကို စုံလင်စေခြင်း ဖြစ်ပေသည်။ ဤသုံးပိုင်းသည် အတူတကွ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် အစုံအလင်ဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တိုင်၏ အမှုမရှိဘဲနှင့်၊ စီမံခန့်ခွဲမှု အလုပ်သည် အလုံးစုံ တန့်သွားပေမည်။ ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်တစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြု၏၊ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အင်အားနှင့် လားရာတိုင်းကို ကိုယ်စားပြုပြီး၊ တမန်တော်များ၏ အလုပ်မှာမူ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်နောက်တွင် ဖြစ်လာပြီး ယင်းမှ လိုက်လုပ်ခြင်းဖြစ်ကာ ခေတ်ကို မဦးဆောင်သကဲ့သို့၊ ခေတ်တစ်ခေတ်လုံးထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လားရာကိုလည်း ကိုယ်စားမပြုပေ။ ၎င်းတို့သည် စီမံခန့်ခွဲမှုအလုပ်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည့် လူလုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အမှုသည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းတစ်ခု ဖြစ်သည်။ လူသား၏ အလုပ်မှာ အသုံးပြုခြင်းခံရသော လူတို့ ဖြည့်ဆည်းသည့် တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်မှု မရှိပေ။ ၎င်းတို့နှစ်ခုလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အလုပ်၏ ပင်ကိုလက္ခဏာများနှင့် ကိုယ်စားပြုမှုများထဲက ကွဲပြားမှုများကြောင့်၊ ဘုရားသခင် ကိုယ်တိုင်၏ အလုပ်နှင့် လူသား၏ အလုပ်ကြားတွင် ရှင်းလင်းပြီး ပဓာနကျသော ကွဲပြားမှုများရှိလေသည်။ ထို့အပြင် မတူညီသော ပင်ကိုလက္ခဏာများရှိသည့် အပြုခံအရာများအပေါ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အတိုင်းအတာ ကွဲပြားလေသည်။ ဤအရာများသည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘောတရားများနှင့် နယ်ပယ် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၂

ပေတရုနှင့် ပေါလုတို့၏ အနှစ်သာရများထဲက ကွဲပြားခြားနားမှုမာ အသက်အား မလိုက်စားသောသူများ အားလုံးသည် အချည်းနှီး အားထုတ်ကြသည်ကို သင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၂

ဘုရားသခင်ကို သင်ယုံကြည်ခြင်း၌ ဘုရားသခင်ကို သင်မည်သို့ သိကျွမ်းသင့်သနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ယနေ့အမှုကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၅

မောဘ၏ သားစဉ်မြေးဆက်များအပေါ် ယခု အမှုပြုရန်မှာ အကြီးမားဆုံးသော အမှောင်ထဲသို့ ကျဆင်း သွားကြပြီးဖြစ်သူများကို ကယ်တင်ရန် ဖြစ်သည်။ ၎င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၆

၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ လူတို့သည် ဘုရားသခင်ကို ၎င်းတို့အား သင့်တော်သည့် ခရီးပန်းတိုင်နှင့် ၎င်းတို့ လိုအပ်သည့် ကျေးဇူးတော်အားလုံးကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။