ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” | ကောက်နုတ်ချက် ၁၇၅

မတူညီသော သူများ၏ အတွေ့အကြုံများသည် သူတို့အတွင်းမှ အရာများကိုကိုယ်စားပြုသည်။ ဝိညာဉ်ရေးရာအတွေ့အကြုံ မရှိသောသူအားလုံးသည် သမ္မာတရား၏အကြောင်းနှင့် ပတ်သက်သည့် အသိပညာကို မပြောနိုင်ပေ၊ သို့မဟုတ် ဝိညာဉ်ရေးရာများ၏ မတူညီသော အမျိုးအစားများနှင့်ပတ်သက်၍ အသိပညာကို အမှန်ပြင်နိုင်မည် မဟုတ်ပေ။ လူတို့ဖော်ပြသောအရာသည် သူ၏အတွင်းမှအရာ ဖြစ်သည်။ ဤသည်မှာသေချာလေသည်။ အကယ်၍ လူတစ်ဦးသည် ဝိညာဉ်ရေးရာများနှင့် သမ္မာတရား၏ အသိပညာကိုရရန် ဆန္ဒရှိပါက သူ့ထံတွင် စစ်မှန်သောအတွေ့အကြုံ ရှိသင့်သည်။ အကယ်၍ သင်သည် လူ့အသက်နှင့် သက်ဆိုင်သော အသိစိတ်နှင့်ပတ်သက်၍ ရှင်းလင်းစွာ မပြောနိုင်ပါက ဝိညာဉ်ရေးရာများနှင့် ပတ်သက်၍ ပို၍ပင်နည်းပါးစွာ မည်သို့ပြောကြား နိုင်မည်နည်း။ အသင်းတော်များကို ဦးဆောင်ကာ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပြီး လူတို့အတွက် တမန်တော်တစ်ဦး ဖြစ်နိုင်သူသည် စစ်မှန်သော အတွေ့အကြုံများ ရှိရမည်။ ဝိညာဉ်ရေးရာများနှင့် ပတ်သက်၍ မှန်ကန်သောနားလည်မှု၊ မှန်ကန်သော အသိအမှတ်ပြုမှုနှင့် သမ္မာတရားနှင့် ပတ်သက်သော အတွေ့အကြုံရှိရမည်။ ထိုသို့သောလူများသာလျှင် အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်းရှိပါသည်။ သို့မဟုတ်ပါက သူတို့သည် အနည်းဆုံး နောက်လိုက်လျှောက်သူများသာဖြစ်နိုင်ပြီး ဦးဆောင်ခြင်းမပြုနိုင်ပေ။ လူတို့ကို အသက်ဖြင့် ထောက်ပံ့သော တမန်တော်များ သာ၍မဖြစ်နိုင်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ တမန်တော်များ၏ လုပ်ငန်းသည် ပြေးလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန်မဟုတ်ပေ။ လူသားတို့၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းသို့ ဦးဆောင်ရန်နှင့် အသက်တာတို့ကို ပြုစုရန်ဖြစ်သည်။ ယင်းသည် လေးလံသောဝန်တာကို လွယ်ပိုးထားရန် တာဝန်ပေးအပ်ခြင်း ခံရသောသူများက လုပ်ဆောင်ရသော လုပ်ငန်းတစ်ရပ်ဖြစ်ပြီး လူတိုင်းပြုလုပ်နိုင်သော အရာတစ်ခုမဟုတ်ပေ။ ဤသို့သော အလုပ်ကို အသက်တာ ရှင်သန်သောသူ တစ်နည်းအားဖြင့် သမ္မာတရားနှင့်ပတ်သက်သော အတွေ့အကြုံ ရှိသောသူများကသာ ပြုလုပ်နိုင်သည်။ လက်မြှောက် အရှုံးပေးနိုင်သူ၊ ပြေးလွှားနိုင်သူ သို့မဟုတ် သုံးစွဲရန် ဆန္ဒရှိသောသူတိုင်း လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ သမ္မာတရားနှင့် ပတ်သက်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော သူတို့သည် ဤသို့သော လုပ်ငန်းအမျိုးအစားကို လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အတွေ့အကြုံ မရှိသောသူ တစ်နည်းအားဖြင့် သမ္မာတရားမရှိသူများသည် လက်တွေ့ကျမှုကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ အကြောင်းမှာ သူတို့ကိုယ်တိုင်သည် ဤရှုထောင့်တွင် ဖြစ်တည်မှုကို မပိုင်ဆိုင်ကြသောကြောင့်တည်း။ သို့ဖြစ်၍ ဤလူမျိုးတို့သည် ခေါင်းဆောင်မှုလုပ်ငန်းကို မလုပ်နိုင်ရုံသာမက ကြာရှည်သော ကာလအချိန်တစ်ခုတွင်မှ သူတို့ထံ၌ သမ္မာတရားမရှိပါက ရှင်းလင်းသုတ်သင်ခြင်း ခံရသောအရာ ဖြစ်လာပါလိမ့်မည်။ သင်ပြောသော တွေ့မြင်သည့်အရာသည် အသက်တာတွင်းမှ သင်တွေ့ကြုံရသော အခက်အခဲများ၊ မည်သည့်ကိစ္စများတွင် သင့်ကို ပြစ်တင်ဆုံးမခြင်းခံခဲ့ရပြီး၊ မည်သည့်ပြဿနာများအပေါ်တွင် သင်သည် တရားစီရင်ခြင်းခံခဲ့ရသည်ကို သက်သေပြနိုင်သည်။ ဤအရာသည်လည်း စမ်းသပ်မှုများအတွင်းတွင် မှန်ကန်ပေသည်။ တစ်စုံတစ်ယောက်ကို စစ်ဆေးခြင်းခံရသောအရာများ၊ တစ်စုံတစ်ယောက် အားနည်းသော အရာများ၊ ဤအရာများသည် လူတစ်ဦးကြုံတွေ့ခဲ့ရသောအရာများဖြစ်ပြီး လူတစ်ဦးကို နည်းလမ်းများ ရှိစေသော အရာများဖြစ်သည်။ ဥပမာအားဖြင့် အကယ်၍လူတစ်ဦးသည် အိမ်ထောင်နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးမှုကို ခံစားရလျှင် သူသည်အများအားဖြင့် “ဘုရားသခင် ကျေးဇူးတင်ပါတယ်။ ဘုရားသခင် ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျွန်တော်ဟာ ဘုရားသခင့်နှလုံးသားရဲ့ ဆန္ဒကို ကျေနပ်နှစ်သိမ့်စေရပါမယ်။ ကျွန်တော့် အသက်တာတစ်ခုလုံးကို အပ်နှံရပါမယ်။ ကျွန်တော့် အိမ်ထောင်ရေးကို ဘုရားသခင့် လက်တော်တွင်းမှာ အပ်နှံပါတယ်။ ကျွန်တော့်တစ်ဘဝလုံး ဘုရားသခင့်လက်ထဲကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်” ဟု မိတ်သဟာရပြုလုပ်လိမ့်မည်။ မိတ်သဟာရဖွဲ့ခြင်းအားဖြင့် လူထဲမှအရာအားလုံး၊ သူဖြစ်သည့် အရာတို့ကို ကိုယ်စားပြုနိုင်မည်ဖြစ်သည်။ လူတစ်ဦးပြောသော စကား၏အရှိန်၊ စကား ကျယ်ကျယ် သို့မဟုတ် တိုးတိုး ပြောသည်၊ ထိုသို့သော ကိစ္စများသည် အတွေ့အကြုံနှင့်ပတ်သက်သော ကိစ္စများမဟုတ်သည့်အတွက် သူ၏ဖြစ်ခြင်းနှင့် သူ့တွင်ရှိသည့်အရာကို ကိုယ်စားပြုနိုင်ခြင်းမရှိပေ။ ယင်းတို့သည် သူ၏အကျင့်စာရိတ္တ အကောင်းအဆိုးကိုသာ ပြောပြနိုင်သည်၊ သို့မဟုတ် သူ၏ သဘောသဘာဝ အကောင်းအဆိုးကို ပြောပြနိုင်ပြီး သူ့တွင် အတွေ့အကြုံရှိမရှိနှင့် တန်းတူထား၍မရနိုင်ပေ။ စကားပြောစဉ်တွင် မိမိကိုယ်ကို ဖော်ပြရန်စွမ်းရည် သို့မဟုတ် စကားပြောဆို ကျွမ်းကျင်မှု သို့မဟုတ် အမြန်နှုန်းတို့သည် အလေ့အကျင့်တို့မျှသာဖြစ်ပြီး သူ၏အတွေ့အကြုံကို အစားမထိုးနိုင်ပေ။ သင့်တစ်ဦးချင်း အတွေ့အကြုံများနှင့်ပတ်သက်၍ သင်ပြောချိန်တွင် သင်အရေးကြီးသည်ဟု ထင်မြင်သောအရာနှင့် သင့်အတွင်းမှအရာအားလုံးကို သင်မိတ်သဟာရပြုလေသည်။ ငါ့စကားသည် ငါ၏ဖြစ်ခြင်းကို ကိုယ်စားပြုသော်လည်း ငါပြောသောအရာတို့သည် လူသားတို့ လက်လှမ်းမီသည်ထက် ကျော်လွန်လေသည်။ ငါပြောသောအရာသည် လူတို့တွေ့ကြုံသည့် အရာမဟုတ်ပေ။ ယင်းသည်လူသားတို့ တွေ့မြင်နိုင်သောအရာ၊ လူသားတို့ထိတွေ့နိုင်သောအရာ မဟုတ်ပေ။ သို့ရာတွင် ယင်းသည် ငါ၏ဖြစ်ခြင်းတည်း။ လူအချို့တို့သည် ငါမိတ်သဟာရဖွဲ့သောအရာမှာ ငါတွေ့ကြုံခဲ့ရသော အရာများဖြစ်သည်ဟု သိကြသော်လည်း ယင်းသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်သည်ကို သူတို့သတိမထားမိကြပေ။ မှန်ပေ၏၊ ငါပြောသောအရာသည် ငါတွေ့ကြုံခဲ့ရသောအရာသာ ဖြစ်သည်။ နှစ်ပေါင်းခြောက်ထောင်ကျော် စီမံခန့်ခွဲရေးအလုပ်ကိုလုပ်ခဲ့သူမှာ ငါဖြစ်သည်။ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အစမှ ယခုတိုင်အောင် အရာအားလုံးကို တွေ့ကြုံခဲ့သည်။ ထိုအရာနှင့်ပတ်သက်၍ ငါမပြောနိုင်ဘဲ ရှိလိမ့်မည်လော။ လူသား၏သဘာဝနှင့် ပတ်သက်လာလျှင် ယင်းကို ငါရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်ကာ ယင်းကို ငါစောင့်ကြည့်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ ရှင်းလင်းစွာ ငါမပြောနိုင်ဘဲ ရှိလိမ့်မည်လော။ ငါသည် လူသား၏အနှစ်သာရကို ရှင်းလင်းစွာ တွေ့မြင်ချိန်မှစကာ လူသားကို ပြစ်တင်ဆုံးမရန်နှင့် တရားစီရင်ရန် အရည်အချင်းပြည့်မီသည်။ အကြောင်းမှာ လူသားအားလုံးသည် ငါ့ထံမှလာပြီး စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ မှန်ပေ၏၊ ငါလုပ်သောအလုပ်ကိုလည်း ဆန်းစစ်ရန် ငါသည် အရည်အချင်းပြည့်မီသည်။ ဤအလုပ်ကို ငါ့ဇာတိခန္ဓာဖြင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း ထိုအလုပ်သည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ယင်းသည် ငါ၏အရာအားလုံးနှင့် ငါ၏ဖြစ်ခြင်းပင်တည်း။ ထို့ကြောင့် ငါသည် ယင်းကိုဖော်ပြရန်နှင့် ငါလုပ်သင့်သောအရာကို လုပ်ဆောင်ရန် အရည်အချင်းရှိပေသည်။ လူတို့ပြောသောအရာသည် လူတို့ တွေ့ကြုံသောအရာဖြစ်သည်။ ယင်းသည် သူတို့တွေ့မြင်ခဲ့ရသောအရာ၊ သူတို့၏စိတ်များ လက်လှမ်းမီနိုင်သောအရာနှင့် သူတို့အာရုံများထဲတွင် ခံစားနိုင်သောအရာဖြစ်သည်။ ယင်းသည် သူတို့မိတ်သဟာရပြုနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ ခံယူထားသော လူ့ဇာတိဖြင့်ပြောသော စကားလုံးများသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြမှုဖြစ်ပြီး ဝိညာဉ်တော်က ပြုခဲ့သောအလုပ်ကို ဖော်ပြသည်။ ဇာတိခန္ဓာသည် ယင်းကိုမတွေ့ကြုံခဲ့ရ သို့မဟုတ် မတွေ့မြင်ခဲ့ရပေ။ သို့ရာတွင် သူ၏ဖြစ်ခြင်းကို ဖော်ပြနိုင်သေးသည်။ အကြောင်းမှာ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်ဖြစ်ပြီး သူသည် ဝိညာဉ်တော်အလုပ်ကို ဖော်ပြနိုင်သည်။ ဇာတိခန္ဓာသည် ယင်းကို မရောက်ရှိနိုင်သော်လည်း ယင်းသည် ဝိညာဉ်တော်မှ ပြုလုပ်နှင့်ပြီးသောအလုပ်ဖြစ်သည်။ လူ့ဇာတိ ခံယူပြီးနောက်တွင် ဇာတိခန္ဓာ၏ ဖော်ပြချက်မှတစ်ဆင့် သူသည် လူတို့ကို ဘုရားသခင်၏ဖြစ်ခြင်းကို သိခွင့်ပေးပြီး ဘုရားသခင်၏စိတ်သဘောထားနှင့် သူပြုခဲ့သောအလုပ်တို့ကို မြင်တွေ့ခွင့်ပေးသည်။ လူသားအလုပ်သည် လူသားတို့ကို သူတို့ဝင်ရောက်သင့်သော၊ သူတို့နားလည်သင့်သော အရာတို့နှင့် ပတ်သက်၍ ပိုရှင်းလင်းစေခွင့်ပေးသည်။ ထိုအထဲတွင် လူတို့ကို သမ္မာတရားအား နားလည်မှုနှင့် တွေ့ကြုံခြင်းထံသို့ ဦးဆောင်သွားသည်။ လူသား၏အလုပ်သည် လူတို့ကို အဓွန့်ရှည်စေရန်ဖြစ်သည်။ ဘုရားသခင်၏အလုပ်သည် လမ်းသစ်များကို ဖွင့်ပေးရန်၊ လူသားမျိုးနွယ်အတွက် ကာလသစ်များကို ဖွင့်လှစ်ပေးရန်နှင့် သေမျိုးသေနွယ်များက မသိထားသည့်အရာတို့ကို လူတို့ထံသို့ပြသရန်ဖြစ်သည်။ သူတို့ကို ဘုရားသခင်၏ စိတ်သဘောထားကို သိခွင့်ပေးလေသည်။ ဘုရားသခင်၏ အလုပ်သည် လူသားမျိုးနွယ် အားလုံးကို ဦးဆောင်ရန်ဖြစ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” | ကောက်နုတ်ချက် ၃၀၀

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေထိုင်းမှိုင်းလာကာ၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” | ကောက်နုတ်ချက် ၅၁၁

အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ဘုရားသခင်ကို နာခံရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်အားလုံးကို ကျေပွန်အောင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏” | ကောက်နုတ်ချက် ၂၀၇

ယနေ့တွင် ဘုရားသခင် မည်သည့်အလုပ်သစ်ကို အစပြုပြီးဖြစ်သည်ကို နားမလည်ကြသေးသောသူများရှိသည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” | ကောက်နုတ်ချက် ၅၄၆

ဘုရားသခင်ကိုယုံကြည်သူတစ်ဦး ဖြစ်ရန် သင်ပြုသမျှသော အခြင်းအရာ အလုံးစုံကို ဘုရားသခင် ရှေ့တော်မှောက်သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို...