ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” | ကောက်နုတ်ချက် ၁၇၆

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် လူသားတို့ကို အကျိုးအမြတ်ရရှိရန် ခွင့်ပြုခြင်းနှင့် ပတ်သက်သော အရာအားလုံးဖြစ်သည်။ ယင်းသည် လူသားတို့ကို တည်ဆောက်စေခြင်းအားလုံးနှင့် ပတ်သက်သည်။ လူသားကို အကျိုးမပြုသောအလုပ် မရှိပေ။ သမ္မာတရားသည် နက်သည်ဖြစ်စေ၊ တိမ်သည်ဖြစ်စေ၊ သမ္မာတရားကို လက်ခံသောသူတို့၏ အရည်အချင်းသည် မည်သို့ရှိနေသည်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းတို့အားလုံးသည် လူသားကို အကျိုးပြုသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်းမရှိပေ။ ထိုအလုပ်သည် သူနှင့်ပူးပေါင်းလုပ်ဆောင်သော လူသားများမှတစ်ဆင့် သွားရသည်။ ဤနည်းအားဖြင့်သာ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ရလဒ်များကို ရရှိနိုင်မည်ဖြစ်သည်။ မှန်ပေ၏၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက်အလုပ်ဖြစ်ပါက မသန့်ရှင်းခြင်း လုံးဝမရှိပေ။ သို့ရာတွင် လူသားကို ကြားခံအဖြစ် အသုံးပြုချိန်တွင် အလွန်တရာရောနှောသွားပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မူလအလုပ် မဟုတ်တော့ပေ။ ဤနည်းဖြင့် သမ္မာတရားသည် မတူညီသော အဆင့်များသို့ ပြောင်းလဲသွားသည်။ နောက်လိုက်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မူလအဓိပ္ပာယ်ကို မရရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်နှင့် လူသား၏အတွေ့အကြုံ၊ အသိပညာတို့ ပေါင်းနေသည့်အရာကို ရရှိကြသည်။ နောက်လိုက်သူများမှရရှိသော သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏အပိုင်းသည် မှန်ကန်သည်။ လူသားရရှိသော အတွေ့အကြုံနှင့် အသိပညာသည် ကွဲပြားမှုရှိသည်။ အကြောင်းမှာ လုပ်သားများသည် မတူညီသောကြောင့် ဖြစ်သည်။ လုပ်သားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် လမ်းညွှန်မှုကို ရရှိသည်နှင့်တစ်ပြိုင်နက် သူတို့သည် တစ်ဆက်တည်းတွင် ဤဉာဏ်အလင်းနှင့် လမ်းညွှန်မှုပေါ်တွင် အခြေခံ၍ အတွေ့အကြုံရကြသည်။ ဤအတွေ့ အကြုံများအတွင်းတွင် လူသား၏စိတ်နှင့် အတွေ့အကြုံအပြင် လူသားမျိုးနွယ်၏ဖြစ်ခြင်းလည်း ပေါင်းစပ်ပါဝင်နေသည်။ ထို့နောက်တွင် သူတို့သည် သူတို့ရသင့်သော အသိပညာသို့မဟုတ် တွေ့မြင်ရသည့်အရာများကို ရရှိကြသည်။ ယင်းသည် လူသားအနေဖြင့် သမ္မာတရားကို တွေ့ကြုံပြီးနောက်တွင် ကျင့်ကြံသော လမ်းကြောင်းဖြစ်သည်။ ဤကျင့်ကြံသည့် နည်းလမ်းသည် အမြဲတမ်းအတူတူပင် မဟုတ်ပေ။ အကြောင်းမှာ လူတို့သည် မတူညီသော အတွေ့အကြုံများ ရှိပြီး လူတို့တွေ့ကြုံသော အရာများသည် ကွဲပြားလေသည်။ ဤနည်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တူညီသော ဉာဏ်အလင်းပေးမှုသည် မတူညီသော အသိပညာနှင့် ကျင့်ကြံမှုတွင် အဆုံးသတ်ရလဒ်များကို ရကြသည်။ အကြောင်းမှာ ဉာဏ်အလင်းကို လက်ခံရရှိသူများသည် ကွဲပြားသောကြောင့် ဖြစ်သည်။ လူအချို့တို့သည် ကျင့်ကြံစဉ်တွင် သေးငယ်သောအမှားများကို ပြုကြသည်။ အချို့တို့က ကြီးမားသော အမှားများ ပြုကြသည်။ အချို့တို့က အမှားမှလွဲ၍ ပြုသောအရာမရှိကြပေ။ ယင်းမှာ လူသားတို့၏ နားလည်နိုင်သော စွမ်းရည်များသည် ကွဲပြားပြီး သူတို့၏ အရည်အချင်းအမှန်သည်လည်း ကွဲပြားသောကြောင့် ဖြစ်သည်။ လူအချို့တို့သည် သတင်းစကားတစ်ခုကို ကြားပြီးသည့်နောက်တွင် ဤသို့နားလည်ကြပြီး အချို့တို့က သမ္မာတရားတစ်ခုကို ကြားနာပြီးသည်နောက်တွင် ထိုသို့နားလည်ကြသည်။ လူအချို့တို့သည် အနည်းငယ်လမ်းလွဲကြသည်။ အချို့တို့သည် သမ္မာတရား၏ စစ်မှန်သောအဓိပ္ပာယ်ကို လုံးဝနားမလည်ကြပေ။ ထို့ကြောင့် လူတစ်ဦးသည် ယင်းကိုမည်မျှနားလည်သည်မှာ သူအခြားသူများကို ဦးဆောင်မည့် ပုံစံပင်ဖြစ်သည်။ ယင်းသည် တိကျမှန်ကန်ပါသည်။ အကြောင်းမှာ သူ၏အလုပ်သည် သူ၏ဖြစ်ခြင်းကိုသာ ဖော်ပြနေခြင်း ဖြစ်သည်။ သမ္မာတရားနှင့်ပတ်သက်သော မှန်ကန်သည့်နားလည်မှုရှိသောသူများ၏ ဦးဆောင်ခြင်း ခံရသောသူများသည် သမ္မာတရားနှင့်ပတ်သက်သော မှန်ကန်သည့် နားလည်မှုတစ်ခုကိုလည်း ရရှိပါလိမ့်မည်။ နားလည်မှုတွင် မှားယွင်းမှုများရှိသောသူများ ရှိနေလျှင်ပင် ထိုသို့သောသူ အနည်းငယ်သာ ရှိသည်။ လူအားလုံးသည် အမှားများရှိလိမ့်မည် မဟုတ်ပေ။ သမ္မာတရားနှင့်ပတ်သက်သော နားလည်မှုတွင် မှားယွင်းမှုများရှိသော သူများ၏ဦးဆောင်မှုကို ခံရသောသူများသည် မှားယွင်းမှုတွင်ရှိနေမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။ ဤလူများသည် စကားလုံး၏ အဓိပ္ပာယ်တိုင်းတွင် မှားယွင်းနေလိမ့်မည်ဖြစ်သည်။ နောက်လိုက်များအကြား သမ္မာတရားကိုနားလည်မှုအဆင့်သည် လုပ်သားများအပေါ်တွင် ကြီးစွာမူတည်လေသည်။ ဘုရားသခင်ထံမှ သမ္မာတရားသည် မှန်ကန်ကာ၊ အမှားမရှိဘဲ၊ လုံးဝသေချာသည်မှာ မလွဲဧကန်ပေတည်း။ သို့ရာတွင် လုပ်သားများသည် အပြည့်အဝမှန်ကန်မှုမရှိပေ။ သူတို့ကို အပြည့်အဝ ယုံကြည်နိုင်သည်ဟု မပြောနိုင်ပေ။ အကယ်၍ လုပ်သားများသည် အလွန်လက်တွေ့ကျသော သမ္မာတရားကို ကျင့်ဆောင်သည့်နည်းတစ်ခု ရှိသည်ဆိုပါက နောက်လိုက်သူများသည်လည်း ကျင့်ကြံရန် နည်းတစ်ခုကို ရရှိပါလိမ့်မည်။ အကယ်၍ လုပ်သားများသည် သမ္မာတရားကို ကျင့်ကြံရန် နည်းလမ်းတစ်ခုမရှိဘဲ အယူဝါဒသာရှိပါက နောက်လိုက်သူများသည် မည်သည့်စစ်မှန်မှုကိုမျှ ရရှိနိုင်မည်မဟုတ်ပေ။ နောက်လိုက်များ၏ အရည်အချင်းနှင့် သဘာဝသည် သူတို့၏မွေးရာပါဖြင့် သတ်မှတ်ပြီး လုပ်သားများနှင့် သက်ဆိုင်မှုမရှိပေ။ သို့ရာတွင် နောက်လိုက်သူများ (ယင်းသည် လူအချို့အတွက်သာ ဖြစ်သည်) အနေဖြင့် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကိုသိခြင်း၏ အဆင့်သည် လုပ်သားများအပေါ်တွင် မူတည်သည်။ လုပ်သားသည် မည်သည့်အရာနှင့် တူညီသည်ဖြစ်စေ ယင်းသည် သူဦးဆောင်သော နောက်လိုက်များ တူညီမည့်အရာ ဖြစ်ပေသည်။ လုပ်သားတစ်ဦးက ဖော်ပြသည့်အရာသည် သူ၏ကိုယ်ပိုင်ဖြစ်တည်မှုဖြစ်ပြီး ချန်လှပ်ထား၍မရပေ။ သူ၏နောက်လိုက်များအပေါ်တွင် သူထားသော တောင်းဆိုချက်များသည် သူကိုယ်တိုင်ရရှိရန် ဆန္ဒရှိသောအရာ သို့မဟုတ် သူရရှိနိုင်သောအရာ ဖြစ်လေသည်။ လုပ်သားအများစုသည် လူများစွာ လုံးဝမရရှိနိုင်သော ဖြစ်တည်မှုများ ရှိသော်လည်း သူတို့ကိုယ်တိုင် လုပ်ဆောင်သောအရာပေါ် အခြေခံ၍ နောက်လိုက်များကို တောင်းဆိုမှုများ ပြုကြသည်။ လူတို့ စွမ်းဆောင်မရရှိနိုင်သော အရာသည် သူတို့၏ ဝင်ရောက်မှုအတွက် အတားအဆီးတစ်ခု ဖြစ်လာလေသည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” | ကောက်နုတ်ချက် ၁၀၀

ယေရှု ကမ္ဘာပေါ်တွင် နေထိုင်သွားခဲ့သော အသက်တာမှာ ဇာတိပကတိ၏ သာမန်အသက်တာ ဖြစ်သည်။ သူသည် သူ့ဇာတိပကတိ၏ သာမန် လူ့သဘာဝထဲတွင် နေထိုင်ခဲ့သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” | ကောက်နုတ်ချက် ၃၁၁

ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ နိဂုံးအဆုံးအထိ မာရ်နတ်တို့၏ ရှင်ဘုရင်သည် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်နေခဲ့ပြီး ဘုရားသခင်နှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” | ကောက်နုတ်ချက် ၃၀၅

သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုသော်လည်း မိမိကိုယ်ကိုယ် ဤသို့ ချီးမြှောက်ခြင်း မပြုရန် ငါတိုက်တွန်း၏။ လူတိုင်း ခရစ်တော်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍” | ကောက်နုတ်ချက် ၄၁၉

ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ဝင်ရောက်ခြင်းအဖို့ ဘုရားသခင် မျက်မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းထက် သာ၍ အရေးကြီးသော...