ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၆

06.03.2021

ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးပြီး ဖျက်ဆီးရန် ရည်ရွယ်၏၊ နောဧကို သင်္ဘောဆောက်ရန် ညွှန်ကြားသည်

ကမ္ဘာဦး ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။

ကမ္ဘာဦး ၆:၁၈-၂၂ သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ရမည်။ အသက်ရှင်သော တိရစ္ဆာန် အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက်ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။ ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။ ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ မှာထားတော်မူသည် အတိုင်းလည်း နောဧ ပြုလေ၏။

ဤကျမ်းပိုဒ်များကိုဖတ်ပြီးသည့်နောက် နောဧက မည်သူဖြစ်သည်ကို သင်တို့အနေဖြင့် အကြမ်းဖျင်း နားလည် လာသလော။ နောဧက မည်သို့သောပုဂ္ဂိုလ်မျိုးနည်း။ မူရင်းစာသား၌ “နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏” ဟုဆိုထားသည်။ ယခုခေတ်လူများ၏ နားလည်မှုအရ ထိုအချိန်အခါက ဖြောင့်မတ်သောသူဆိုသည်မှာ မည်သို့သောလူမျိုးနည်း။ ဖြောင့်မတ်သောသူဆိုသည်မှာ စုံလင်သည့်သူ ဖြစ်ရမည်။ ဤစုံလင်သည့်လူသည် လူ့အမြင်၌စုံလင်ခြင်းလော၊ သို့တည်းမဟုတ် ဘုရားသခင်၏ အမြင်၌ စုံလင်ခြင်းလော ဆိုသည်ကို သင်တို့သိသလော။ ဤစုံလင်သည့်လူသည် ဘုရားသခင်၏အမြင်၌ စုံလင်သည့်သူ ဖြစ်ပြီး လူ့အမြင်၌ မဟုတ်သည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ဤအချက်မှာ သေချာသည်။ ဤသို့ဖြစ်ရခြင်းမှာ လူသားသည် မျက်စိကန်းပြီး မမြင်နိုင်သောကြောင့်ဖြစ်ပြီး ဘုရားသခင် သာလျှင် ကမ္ဘာတစ်ခုလုံးနှင့် လူအယောက်ချင်းစီတိုင်းကို ကြည့်ရှုကာ နောဧမှာ စုံလင်သည့်သူဖြစ်သည်ကို ဘုရားသခင်သာလျှင် သိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးရန်ဖြစ်သော ဘုရားသခင်၏အစီအစဉ်သည် နောဧကို သူခေါ်သည့် အခိုက်အတန့်မှ စတင်ခဲ့သည်။

နောဧသည် ခေါ်တော်မူခြင်းခံရသည်မှာ ရိုးရှင်းသည့် အချက်တစ်ခုဖြစ်သည်။ သို့ရာတွင် ငါတို့ပြောနေသည့် အဓိကအချက်ဖြစ်သည့် ဤမှတ်တမ်းထဲမှ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အလိုတော်နှင့် သူ၏အနှစ်သာရတို့မှာ မရိုးရှင်းပေ။ ဘုရားသခင်၏ ဤသွင်ပြင်လက္ခဏာအချို့ကို နားလည်ရန် အရင်ဦးဆုံး ဘုရားသခင်ခေါ်လိုရှိသည့် လူပုဂ္ဂိုလ်မျိုးကို ငါတို့နားလည်ရမည်။ ဤသည်မှတစ်ဆင့် သူ၏စိတ်သဘောထား၊ အလိုတော်နှင့် အနှစ်သာရကို နားလည်ရမည်ဖြစ်သည်။ ဤသည်မှာ အင်မတန် အရေးကြီးသည်။ သို့ဆိုလျှင် ဘုရားသခင်၏အမြင်၌ သူခေါ်ဆိုသည့်ဤသူက မည်သို့သောလူမျိုးနည်း။ ဤသူမှာ သူ၏ညွှန်ကြားချက်များကို လိုက်လျှောက်နိုင်သည့်၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်နိုင်သည့်သူဖြစ်ရမည်။ တစ်ချိန်တည်းမှာပင် တာဝန်ဝတ္တရားကို နားလည်သည့်သူ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပြီးမြောက်အောင် ပြုလုပ်ရမည့် တာဝန်ဝတ္တရားအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်မည့်သူဖြစ်ရမည်။ ဤသို့ဆိုလျှင် ဤလူက ဘုရားသခင်ကို သိသည့်လူ ဖြစ်ဖို့ရန် လိုအပ်သလော။ မဟုတ်ပေ။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်၏အမှုကို ကြုံဖူးခြင်း သို့မဟုတ် ဘုရားသခင်၏သွန်သင်ချက်များကို ကြားဖူးခြင်းတို့ သိပ်မရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ နောဧသိထားချက်မှာ အလွန်နည်းသည်။ နောဧသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သည်ဟု ဤနေရာတွင် မှတ်တမ်းတင်ထားသော်လည်း ဘုရားသခင်ကို သူကိုယ်တိုင်မြင် ခဲ့ဖူးသလော။ လုံးဝ မမြင်ဖူးပေ။ အဘယ်ကြောင့်ဆိုလျှင် ထိုခေတ်၌ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများသာ လူတို့ထံ လာခြင်းဖြစ်သည်။ သူတို့သည် အကြောင်းကိစ္စများကို လုပ်ကိုင်ပြောဆိုရာတွင် ဘုရားသခင်ကို ကိုယ်စားပြုနိုင် သော်လည်း သူတို့သည် ဘုရားသခင်၏အလိုတော်နှင့် ရည်မှန်းချက်များကို သယ်ဆောင်ပေးခြင်း သက်သက်သာ ဖြစ်သည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားရှေ့၌ မျက်နှာချင်းဆိုင် ကိုယ်ထင်ပြခြင်း မရှိပေ။ ကျမ်းစာ၏ ဤအပိုင်း၌ နောဧဟူသည့် ဤပုဂ္ဂိုလ်က အဘယ်အရာကို ပြုလုပ်ခဲ့ရသည်နှင့် သူ့ကို ဘုရားသခင်ပေးသည့် ညွှန်ကြားချက်များကိုသာ ငါတို့မြင်ရသည်။ ဤသို့ဆိုလျှင် ဤနေရာတွင် ဘုရားသခင်ဖော်ပြခဲ့သည့် အနှစ်သာရက မည်သို့ဖြစ်သနည်း။ ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် သေသေချာချာ စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အကြောင်းအရာတစ်ခုကို မြင်သည့်အခါ၊ သို့မဟုတ် အခြေအနေတစ်ခု ပေါ်ပေါက်လာသည်ကို မြင်သည့်အခါ၊ ထိုအရာကို တိုင်းတာသတ်မှတ်သည့် စံတစ်ခု သူ့အမြင်တွင် ရှိလိမ့်မည်။ ဤစံသတ်မှတ်ချက်က ဤအကြောင်းကိစ္စကို ကိုင်တွယ်ရန် အစီအစဉ်တစ်ခု စတင်လုပ်ဆောင်မည်လော သို့မဟုတ် အခြေအနေနှင့် အကြောင်းအရာများကို မည်သို့ကိုင်တွယ်မည်နည်းဆိုသည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ သူသည် စိတ်မဝင်စားခြင်း သို့မဟုတ် အရာအားလုံးအပေါ်၌ ခံစားချက်မရှိခြင်း မဟုတ်ပေ။ စင်စစ်အားဖြင့် ထိုအချက်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က နောဧကိုပြောသည့် ကျမ်းပိုဒ်တစ်ခုရှိသည်။ “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” ဤအကြိမ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သူသည် လူသားကိုသာ ဖျက်ဆီးမည်ဟု ပြောခဲ့သလော။ မဟုတ်ပေ။ ဘုရားသခင်က သူသည် အသွေးအသားရှိသည့် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က အဘယ်ကြောင့် ဖျက်ဆီးလိုသနည်း။ ဤနေရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်၍ နောက်ထပ် ဖွင့်ပြချက် တစ်ခုရှိသည်။ ဘုရားသခင်၏အမြင်တွင် လူသား၏ ဖောက်ပြန်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ အဓမ္မအမှုနှင့် သတ္တဝါ အားလုံးတို့၏ မနာခံမှုတို့အပေါ်တွင် သူ၏သည်းခံမှုနှင့် ပတ်သက်၍ အကန့်အသတ်တစ်ခုရှိသည်။ သူ၏ အကန့်အသတ်က မည်သို့ဖြစ်သနည်း။ ဘုရားသခင် ပြောသကဲ့သို့ ပင်ဖြစ်သည်။ “ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။” “အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟူသည့် စာစုက အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားသခင်နောက် လိုက်ခဲ့ကြသည့်သူများအပါအဝင်၊ ဘုရားသခင်၏ အမည်နာမကို ခေါ်ဆိုခဲ့သည့်၊ ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ခဲ့ကြသည့်၊ ဘုရားသခင်ကို နှုတ်အားဖြင့် ဝန်ခံပြီး ချီးမွမ်းပင် ချီးမွမ်းခဲ့ကြသည့်၊ သက်ရှိအားလုံးကို ဆိုလိုသည်။ သူတို့၏အပြုအမူသည် ဖောက်ပြန်ပျက်စီးမှုတို့နှင့်ပြည့်ပြီး ဤသည်ကို ဘုရားသခင်မြင်သည့်အခါ ဘုရားသခင်သည် သူတို့ကို ဖျက်ဆီးရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကန့်အသတ်ဖြစ်သည်။ ဤသို့ဆိုလျှင် သတ္တဝါအားလုံး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် လူသားကို ဘုရားသခင်က မည်မျှအထိ သည်းခံသနည်း။ ဘုရားသခင်၏ နောက်လိုက်များ ဖြစ်စေ သို့မဟုတ် မယုံကြည်သူများဖြစ်စေ လူအားလုံးသည် လမ်းမှန်ကို မလျှောက်တော့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် အကျင့်စာရိတ္တ ဖောက်ပြန်ပျက်စီးပြီး မကောင်းမှုနှင့်ပြည့်ရုံသာမကဘဲ ကမ္ဘာကို ဘုရားသခင်က အုပ်ချုပ်သည်၊ ဘုရားသခင်သည် လူသားများကို အလင်းနှင့် မှန်ကန်သည့်လမ်းကြောင်းကို ယူဆောင်ပေးနိုင်သည်ဟု ယုံကြည်သည့်သူကို မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သူတစ်ယောက်မျှ မရှိတော့သည့် အတိုင်းအတာထိ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာပြီး ဘုရားသခင်ကို တည်ရှိခွင့်မပြုသည့် အတိုင်းအတာထိဖြစ်သည်။ လူသား၏ ပျက်စီးမှုသည် ဤအခြေအနေကိုရောက်သည်နှင့် ဘုရားသခင်သည် ဆက်ပြီး သည်းခံတော့မည် မဟုတ်ပေ။ မည်သည့်အရာနှင့် အစားထိုး မည်နည်း။ ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းတို့ ကျရောက်ခြင်းနှင့်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားကို တစ်ပိုင်းတစ်စ ဖွင့်ပြခြင်းတစ်ခု မဟုတ်သလော။ လက်ရှိခေတ်ကာလတွင် ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်သူ ရှိသေးသလော။ ဘုရားသခင်၏အမြင်၌ စုံလင်သည့်သူရှိသေးသလော။ ဤခေတ်ကာလတွင် ကမ္ဘာပေါ်တွင်ရှိသည့် သတ္တဝါအားလုံး၏ အပြုအမူသည် ဘုရားသခင်၏အမြင်၌ ပျက်စီးနေပြီလော။ ယနေ့ခေတ်ကာလတွင် ဘုရားသခင်မှ စုံလင်အောင် ပြုလိုသည့်သူများ၊ ဘုရားသခင်၏နောက်ကိုလိုက်နိုင်ပြီး သူ၏ကယ်တင်ခြင်းကို လက်ခံနိုင်သည့်သူများမှလွဲ၍ အသွေးအသားနှင့် လူသားအားလုံးသည် ဘုရားသခင်၏ သည်းခံမှုအတိုင်းအတာကို စိန်ခေါ်နေကြသည် မဟုတ်လော။ သင်တို့၏ဘေးတွင် ဖြစ်ပျက်နေသည့်အရာအားလုံး၊ သင်တို့၏ နားနှင့် ကြားနေရသည့်အရာများ၊ သင်တို့၏ မျက်လုံးနှင့် မြင်တွေ့နေရသည့်အရာများနှင့် ဤကမ္ဘာ၌ နေ့စဉ် သင်တို့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နေရသည့်အရာများသည် အဓမ္မ အမှုနှင့် ပြည့်စုံနေသည် မဟုတ်လော။ ဘုရားသခင်၏ အမြင်၌ ဤသို့သောကမ္ဘာ၊ ဤသို့သောခေတ်သည် အဆုံးသတ်သင့်သည် မဟုတ်လော။ လက်ရှိခေတ်ကာလ၏ နောက်ခံသည် နောဧတုန်းကကာလ၏ နောက်ခံနှင့် လုံးဝ မတူညီသော်လည်း လူသား၏ ဖောက်ပြန်ပျက်စီးမှုအပေါ် ဘုရားသခင်၏ ခံစားမှုများနှင့် အမျက်ဒေါသသည် ထိုအချိန်အခါကနှင့် လုံးဝ အတူတူပင် ရှိနေသည်။ ဘုရားသခင်သည် သူ၏အမှုကြောင့် စိတ်ရှည်သည်းခံနိုင်သော်လည်း အခြေအနေအရပ်အရပ်ကို ကြည့်လျှင် ဘုရားသခင်၏အမြင်၌ ဤကမ္ဘာသည် ဖျက်ဆီးခြင်းခံရသင့်သည်မှာ ကြာလှချေပြီ။ ကမ္ဘာက ရေနှင့်လွှမ်းမိုးပြီး ဖျက်ဆီးခံရသည့်အချိန်နှင့်စာလျှင် ယခုအခြေအနေသည် လုံးဝမတူပေ။ သို့ရာတွင် ကွာခြားချက်က အဘယ်အရာနည်း။ ဤသည်မှာ ဘုရားသခင်၏နှလုံးသားကို ဝမ်းအနည်းစေဆုံးသောအရာတစ်ခုလည်းဖြစ်ပြီး သင်တို့ထဲမှ မည်သူမျှ နားမလည်နိုင်သည့် အရာတစ်ခုလည်း ဖြစ်ချင်ဖြစ်နေမည်ဖြစ်သည်။

ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးနေခဲ့စဉ်က သင်္ဘောဆောက်ပြီး ပြင်ဆင်မှုအချို့ ပြုလုပ်ရန်အတွက် ဘုရားသခင်သည် နောဧကို ခေါ်နိုင်ခဲ့သည်။ ဘုရားသခင်က ဤအလုပ်တသီတတန်းကို လုပ်ဆောင်ဖို့အတွက် နောဧဟူသည့် လူတစ်ဦးကို ခေါ်ယူနိုင်ခဲ့သည်။ သို့ရာတွင် ယခုလက်ရှိခေတ်ကာလ၌ ဘုရားသခင် ခေါ်ယူရန် လူတစ်ယောက်မျှ မရှိပေ။ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ထိုင်နေသည့် လူအယောက်ချင်းစီတိုင်းက အကြောင်းရင်းကို ကောင်းစွာ နားလည်ပြီး သိကောင်းသိနေနိုင်သည်။ ငါထုတ်ဖော်ပြောဆိုရန် လိုအပ်သလော။ ၎င်းကို ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုခြင်းက သင်တို့ကို အရှက်ရစေပြီး အားလုံးကို စိတ်ဆိုးသွားစေနိုင်သည်။ အချို့လူများက ဤသို့ ပြောကောင်း ပြောနိုင်သည်- “ဘုရားသခင်၏အမြင်၌ ကျွန်ုပ်တို့သည် ဖြောင့်မတ်သည့်လူများ၊ စုံလင်သည့် လူများ မဟုတ်သော်လည်း ဘုရားသခင်က ကျွန်ုပ်တို့ကို တစ်စုံတစ်ခုပြုလုပ်ရန် ညွှန်ကြားလာပါက ကျွန်ုပ်တို့သည် ထိုအရာကို လုပ်နိုင်ဦးမည် ဖြစ်သည်။ ယခင်က ကပ်ဘေးတစ်ခု ကျရောက်တော့မည်ဟု ဘုရားသခင်ပြောခဲ့သောအခါ ကျွန်ုပ်တို့သည် ကပ်ဘေး ကျရောက်လျှင် လိုအပ်မည့် အစားအစာများနှင့် ပစ္စည်းများကို စတင်ပြင်ဆင်ခဲ့ကြပါသည်။ ဤအရာအားလုံးကို ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း လုပ်ခဲ့ကြသည် မဟုတ်ပါလော။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုနှင့် အကယ်ပင် ပူးပေါင်း ဆောင်ရွက်နေခဲ့ခြင်းဖြစ်သည် မဟုတ်ပါလော။ ကျွန်ုပ်တို့ ပြုခဲ့သည့် ဤအရာများသည် နောဧပြုခဲ့သည့်အရာနှင့် ယှဉ်၍ မရသလော။ ကျွန်ုပ်တို့ပြုခဲ့သည့်အရာကို ပြုလုပ်ခြင်းမှာ စစ်မှန်သည့် နာခံမှုပင် မဟုတ်လော။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ညွှန်ကြားချက်များကို လိုက်နာနေခဲ့ခြင်း မဟုတ်လော။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ယုံကြည်သည့်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ပြော သည့်အတိုင်း လုပ်ခဲ့ကြသည်မဟုတ်လော။ ထိုသို့ဖြစ်ပါက၊ ဘုရားသခင်သည် အဘယ်ကြောင့် ဝမ်းနည်းနေဆဲရှိသနည်း။ ဘုရားသခင်သည် သူခေါ်စရာ လူတစ်ယောက်မျှ မရှိဟု အဘယ်ကြောင့်ပြောသနည်း။” သင်တို့၏လုပ်ရပ်များနှင့် နောဧ၏လုပ်ရပ်ကြား၌ ကွာခြားချက်တစ်စုံတစ်ရာ ရှိသလော။ မည်သည့်ကွာခြားချက်နည်း။ ကပ်ဘေးအတွက် အစားအစာ ပြင်ဆင်သည်မှာ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ရည်ရွယ်ချက် ဖြစ်ပါသည်။ ဘုရားသခင်၏အမြင်၌ နောဧသည် ဖြောင့်မတ်သူ ဖြစ်သော်လည်း ကျွန်ုပ်တို့၏ လုပ်ရပ်များသည် “ဖြောင့်မတ်ခြင်း” ကို မရောက်နိုင်ပါ။ သင်တို့ပြောသည့် အရာများက သိပ်အလှမ်းမဝေးပေ။ နောဧလုပ်ခဲ့သည့်အရာမှာ ယခုခေတ်လူများလုပ်နေသည်နှင့် အခြေခံအားဖြင့် ကွဲပြားသည်။ ဘုရားသခင်ညွှန်ကြားခဲ့သည့်အတိုင်း နောဧလုပ်ခဲ့သောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် အဘယ်အရာလုပ်ချင်သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ခုလုပ်ဖို့ ညွှန်ကြားခဲ့သည်။ သို့ရာတွင် ရှင်းပြချက် အများအပြား မပါဘဲနှင့် သူထလုပ်ခဲ့သည်။ သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့ ဘုရားသခင်ကို ခုခံခြင်း သို့မဟုတ် စိတ်နှစ်ခွလည်း မရှိခဲ့ပေ။ သူသည် သန့်စင်ပြီး ရိုးရှင်းသည့် နှလုံးသားနှင့် လျော်ညီစွာ လုပ်ခဲ့ခြင်းသာဖြစ်သည်။ ဘုရားသခင်က သူ့ကို လုပ်စေသမျှကို သူလုပ်ခဲ့သည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နာခံခြင်းနှင့် နားထောင်ခြင်းတို့က အလုပ်လုပ်သည့်နေရာတွင် သူ၏ခံယူချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာနှင့် ပတ်သက်ပြီး ရိုးရှင်းစွာနှင့် တည့်မတ်စွာ သူကိုင်တွယ်သည့် ပုံစံပင်ဖြစ်သည်။ သူ၏အပြုအမူများ၏ အနှစ်သာရသည် နာခံခြင်းဖြစ်ပြီး၊ သူ၏အနှစ်သာရသည် ကြိုတွက်ခြင်းနှင့် ခုခံခြင်း မဟုတ်သည့်အပြင် မိမိ၏ ကိုယ်ကျိုးများ၊ မိမိ၏အမြတ်အစွန်းနှင့် ဆုံးရှုံးခြင်းတို့ကိုတွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်က ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးမည်ဟုပြောသည့်အခါ မည်သည့်အချိန်တွင် ပြုမည်နည်းဟု သူမမေးခဲ့ပေ သို့မဟုတ် အမှုအရာများ မည်သို့ဖြစ်လာမည်ကိုလည်း မမေးခဲ့ပေ။ ကမ္ဘာကို မည်သို့ ဖျက်ဆီးမည်နည်းဆိုသည်ကိုလည်း ဘုရားသခင်အား လုံးဝ မမေးခဲ့ပေ။ ဘုရားသခင်ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် ထိုအရာကို မည်သို့ပင် လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ ဘုရားသခင်တောင်းဆိုသည့်အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ချက်ချင်းပင် စတင်လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားနှင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူလုပ်ဆောင်ခဲ့သည်။ ကပ်ဘေးမှ လွတ်မြောက်ရေးအတွက် အထောက်အကူဖြစ်ရန် သူလုပ်ခဲ့ခြင်းလော။ မဟုတ်ပေ။ ကမ္ဘာကြီး မပျက်စီးမီ မည်မျှကြာမည်ဆိုသည့်အကြောင်း ဘုရားသခင်ကို သူမေးခဲ့သလော။ မမေးခဲ့ပေ။ သင်္ဘောကို တည်ဆောက်ဖို့ မည်မျှကြာမည်ဆိုသည်ကို ဘုရားသခင်ကို မေးခဲ့သလော သို့မဟုတ် သူ သိခဲ့သလော။ ထိုအရာကိုလည်း သူမသိခဲ့ပေ။ သူသည် နာခံ၍ နားထောင်ခဲ့ကာ သင့်လျော်သလို လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်။ ယခုခေတ်လူများမှာ ထိုကဲ့သို့မဟုတ်ပေ- ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် အချက်အလက်အနည်းငယ် ပေါက်ကြားသည်နှင့်၊ အနှောင့်အယှက် သို့မဟုတ် ပြဿနာတစ်ခုခု၏ အရိပ်လက္ခဏာကို သိသည်နှင့် ကပ်ဘေးအပြီးမှာ စားရမည့်အရာ၊ သောက်ရမည့်အရာနှင့် အသုံးပြုမည့်အရာကို ပြင်ဆင်ဖို့၊ ကပ်ဘေးကျရောက်လျှင် ထွက်ပြေးလွတ်မြောက်ရန် လမ်းများကိုပင် ပြင်ဆင်လျက် မည်သည့်အဖိုးအခပင်ဖြစ်ပါစေ၊ အဖိုးအခကို ဂရုမထားဘဲ သူတို့ချက်ချင်း စတင်လှုပ်ရှားကြလိမ့်မည်။ ပိုပြီးစိတ်ဝင်စားစရာကောင်းသည်မှာ ဤအရေးပါသည့် အခိုက်အတန့်တွင် လူ့ဦးနှောက်များသည် အင်မတန်မှ “အသုံးဝင်” ကြသည်။ ဘုရားသခင်က မည်သည့်ညွှန်ကြားချက်မျှ မပေးသည့်အခြေအနေတွင် လူသားသည် အရာအားလုံးကို အလွန်သင့်တော်စွာစီစဉ်နိုင်သည်။ ထိုအရာကို ဖော်ပြရန် “စုံလင်သည်” ဟူသည့် စကားကို သင်တို့အသုံးပြုနိုင်သည်။ ဘုရားသခင်ပြောသည့်အရာ၊ ဘုရားသခင်၏ရည်ရွယ်ချက်များ၊ သို့မဟုတ် ဘုရားသခင် လိုလားသည့်အရာကိုမူ မည်သူမျှ ဂရုမစိုက်ကြဘဲ နားလည်ဖို့ရန် မည်သူမျှ မကြိုးစားကြပေ။ ဤသည်မှာ ယနေ့ခေတ် လူများနှင့် နောဧတို့၏ အကြီးဆုံးကွာခြားချက် မဟုတ်သလော။

နောဧအဖြစ်အပျက်၏ ဤမှတ်တမ်းတွင် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ပိုင်းကို သင်တို့ မြင်သလော။ လူသား၏ဖောက်ပြန်ပျက်စီးမှု၊ ညစ်ညမ်းမှုနှင့် အဓမ္မမှုတို့ အပေါ်တွင် ဘုရားသခင်၏ သည်းခံမှုမှာ အကန့်အသတ်ရှိသည်။ ထိုအကန့်အသတ်ကို သူရောက်သွားသည့်အခါ သူသည် ဆက်လက်သည်းခံမည် မဟုတ်တော့ဘဲ သူ၏စီမံခန့်ခွဲမှု အသစ်နှင့် အစီအစဉ်အသစ်တို့ကို အစပြုလိမ့်မည်။ သူလုပ်ရမည့်အရာကို စလုပ်မည်ဖြစ်ကာ သူ၏ လုပ်ဆောင်ချက်များနှင့် သူ့စိတ်သဘော၏ အခြားတစ်ဖက်ကို ဖွင့်ပြလိမ့်မည်။ သူ၏ ဤလုပ်ရပ်သည် လူသားအနေဖြင့် သူ့ကို ဘယ်တော့မျှ မစော်ကားရပေဆိုခြင်းကို ပြသရန် သို့မဟုတ် သူသည် အာဏာ၊ အမျက်ဒေါသတို့နှင့် ပြည့်နေသည်ကို ပြသရန်မဟုတ်သကဲ့သို့ သူ့အနေဖြင့် လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်နိုင်သည်ကို ပြသဖို့ရန်လည်းမဟုတ်ပေ။ သူ၏စိတ်သဘောထားနှင့် သူ၏သန့်ရှင်းသည့် အနှစ်သာရသည် ဤသို့သောလူသားမျိုးနွယ်မျိုးကို သူ၏မျက်မှောက်တွင် ရှင်သန်ခွင့်ပြုရန်၊ သူ၏ အုပ်စိုးမှုအောက်တွင် ရှင်သန်ခွင့်ပြုရန် ခွင့်မပြုနိုင်တော့ခြင်း၊ စိတ်ရှည်သည်းခံမှု မရှိတော့ခြင်းသာ ဖြစ်သည်။ တစ်နည်းအားဖြင့် လူသားအားလုံးသည် သူ့ကို ဆန့်ကျင်သည့်အခါ၊ တစ်ကမ္ဘာလုံးတွင် သူကယ်နိုင်သည့်သူ တစ်ယောက်မျှ မရှိတော့သည့်အခါ၊ သူသည် ထိုသို့သော လူသားမျိုးနွယ်မျိုးကို ဆက်၍ သည်းခံတော့မည် မဟုတ်ဘဲ ဤသို့သော လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ရန်ဖြစ်သည့် သူ၏အစီအစဉ်ကို တွန့်ဆုတ်မနေဘဲ လုပ်ဆောင်မည်ဖြစ်သည်။ ဘုရားသခင်၏ ဤသို့သောလုပ်ရပ်ကို သူ့စိတ်သဘောထားနှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဤသည်မှာ မလွှဲမရှောင်သာသည့် အကျိုးဆက်ဖြစ်ပြီး ဘုရားသခင်၏အုပ်စိုးမှုအောက်၌ နေထိုင်သည့် ဖန်ဆင်းခံအရာအားလုံး ခံယူရမည့် အကျိုးဆက်ဖြစ်သည်။ ဤသည်က လက်ရှိခေတ်ကာလတွင် ဘုရားသခင်သည် သူ၏အစီအစဉ်ကို ပြီးမြောက်စေရန်နှင့် သူကယ်တင်လိုသည့်လူများကို ကယ်တင်ရန် မစောင့်နိုင်ဖြစ် သည်ကို ပြသည်မဟုတ်လော။ ဤသို့သော အခြေအနေမျိုး အောက်တွင် ဘုရားသခင်သည် အဘယ်အရာကို ဂရုအစိုက်ဆုံး ဖြစ်သနည်း။ သူ့နောက်ကို လုံးဝမလိုက်လျှောက်သည့်သူများ၊ သို့မဟုတ် သူ့ကို ဘာပဲဖြစ်ဖြစ် ဆန့်ကျင်သည့်သူများ အနေဖြင့် သူ့ကို မည်ကဲ့သို့ဆက်ဆံပုံ သို့မဟုတ် ခုခံပုံကို မဟုတ်ပေ၊ သို့တည်းမဟုတ် လူသားမျိုးနွယ်က သူ့ကို မည်ကဲ့သို့ မကောင်းပြောဆိုကြပုံကို မဟုတ်ပေ။ သူ့နောက်ကို လိုက်လျှောက်သောသူများ၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် သူ၏ကယ်တင်ခြင်းခံရသည့် အရာများ၊ သူ့အားဖြင့် စုံလင်အောင်ပြုခြင်း ခံရသည့်သူများသည် သူ့ကို ကျေနပ်အားရစေခြင်း ရှိမရှိကိုသာ သူဂရုစိုက်သည်။ သူ့နောက်ကိုလိုက်သူများမှလွဲပြီး အခြားလူများအတွက်မူ သူ၏အမျက်ဒေါသကိုဖော်ပြရန် အပြစ်ဒဏ်ပေးခြင်း အနည်းငယ်ကိုသာ ရံဖန်ရံခါ ပြုလုပ်သည်။ ဥပမာ ဆူနာမီများ၊ ငလျင်လှုပ်ခြင်းများ၊ မီးတောင်ပေါက်ကွဲခြင်းများ အစရှိသဖြင့်။ တစ်ချိန်တည်းမှာပင် သူ့နောက်ကိုလိုက်ပြီး သူ့အားဖြင့် ကယ်တင်ခြင်းခံရဆဲဆဲရှိသည့် သူများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နေသည်။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဤသို့ဖြစ်သည်။ တစ်ဖက်တွင် သူသည် စုံလင်အောင်ပြုပေးရန် သူရည်ရွယ်ထားသည့် လူများကို အဆုံးစွန်သော စိတ်ရှည်သည်းခံခြင်းကို ပေးနိုင်ပြီး ထိုသူတို့ကို သူတတ်နိုင်သမျှ ကြာကြာစောင့်နိုင်သည်။ အခြားတစ်ဖက်တွင်မူ သူ့နောက်ကိုမလိုက်ဘဲ သူ့ကိုဆန့်ကျင်သည့် စာတန်ကဲ့သို့သော လူများကို အလွန်အမင်း ရွံရှာမုန်းတီးသည်။ ဤစာတန်ကဲ့သို့သော လူများသည် သူ့နောက်ကိုလိုက်ခြင်း သို့မဟုတ် ကိုးကွယ်ခြင်းများ ပြုမပြုကို ဂရုမစိုက်သော်လည်း သူ့နှလုံးသားထဲတွင် သူတို့အတွက် သည်းခံပေးလျက် သူတို့ကို စက်ဆုပ်ရွံရှာဆဲဖြစ်ပြီး ဤစာတန်ကဲ့သို့သော လူများ၏အဆုံးသတ်ကို သူသတ်မှတ်သကဲ့သို့ပင် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များရောက်ရှိလာဖို့ကိုလည်း သူစောင့်နေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။