ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၂

လူသားများ၏အရည်အသွေးသည် ညံ့ဖျင်းလွန်း၍ ၎င်းတို့၏ ဝိညာဉ်သည် အတော်ထုံထိုင်းနေကာ ၎င်းတို့ အားလုံးသည် ဘုရားသခင်လုပ်ဆောင်နေသည့်အရာကို သတိပြုခြင်း လည်းမရှိ၊ ဂရုစိုက်ခြင်းလည်း မရှိသောကြောင့် ဘုရားသခင်၏ အရေးတကြီးနှလုံးသားကို လူသားတို့အကြား နားလည်သူ တစ်ဦးမျှပင် မရှိပေ။ ထို့ကြောင့် လူသား၏ သားရဲသဘာဝသည် အချိန်မရွေး ပေါ်ပေါက်လာနိုင်ဘိသည့်အလား ဘုရားသခင်သည် လူသားအတွက် ဆက်၍စိုးရိမ်နေ၏။ ဤသည်မှာ ဘုရားသခင် မြေကြီးသို့ကြွလာခြင်းနှင့်အတူ ကြီးမားသော စုံစမ်းနှောင့်ယှက်ခြင်းများ လိုက်ပါလာခြင်းကို ဆက်လက်ပြသ၏။ သို့သော် လူတစ်စုအား စုံလင်စေခြင်းအတွက် ဘုန်းတော်နှင့် ပြည့်ဝနေသောဘုရားသခင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း မရှိဘဲ လူသားအား သူ၏ရည်မှန်းချက်တိုင်းကို ပြောပြခဲ့၏။ ဤလူတစ်စုကို စုံလင်စေရန် သူသည် ခိုင်မာစွာ စိတ်ပိုင်းဖြတ်ခဲ့၏။ ထို့ကြောင့် အခက်အခဲဖြစ်စေ၊ စုံစမ်းနှောင့်ယှက်ခြင်းဖြစ်စေ လာသောအခါ သူသည် မျက်နှာလွှဲကာ အားလုံးကို လျစ်လျူရှု၏။ တစ်နေ့တွင် ဘုရားသခင်ဘုန်းပွင့်သည့်အခါ လူသားသည် ဘုရားသခင်ကိုသိမည်ဟု ခိုင်မာစွာ ယုံကြည်လျက်၊ လူသားသည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရသည့်အခါ ဘုရားသခင်၏ နှလုံးသားကို အပြည့်အဝနားလည်မည်ဟု ယုံကြည်လျက် သူသည် သူ၏အလုပ်ကိုသာ တိတ်ဆိတ်စွာ လုပ်ကိုင်၏။ ယခု ဘုရားသခင် အား စုံစမ်းနှောင့်ယှက်နေသော သို့မဟုတ် ဘုရားသခင်အပေါ် နားလည်မှုလွဲနေသော သို့မဟုတ် ဘုရားသခင်အား အပြစ်တင် နေသောသူများစွာ ရှိနိုင်သည်။ ဘုရားသခင်သည် ဤအရာ တစ်ခုကိုမျှ အလေးအနက်မထားပေ။ ဘုရားသခင်သည် ဘုန်းတော် ထဲသို့ဆင်းသက်သည့်အခါ ဘုရားသခင် ပြုသည့်အရာတိုင်းသည် လူသားမျိုးနွယ်ကောင်းကျိုးအတွက်ဖြစ်ကြောင်းကို လူတို့အားလုံး နားလည်ကြမည်ဖြစ်ကာ၊ ဘုရားသခင်ပြုသည့်အရာတိုင်းသည် လူသားမျိုးနွယ်မှ သာ၍ကောင်းမွန်စွာ အသက်ရှင်သန်နိုင်ရန် ဖြစ်ကြောင်းကို လူတို့အားလုံးနားလည်ကြမည် ဖြစ်သည်။ ဘုရားသခင် ကြွလာခြင်းနှင့်အတူ စုံစမ်းနှောင့်ယှက်ခြင်းများ လိုက်ပါလာကာ၊ ဘုရားသခင်သည် ဘုန်းအာနုဘော်၊ ဒေါသအမျက်တို့နှင့်လည်း ကြွလာ၏။ လူသားကို ဘုရားသခင် စွန့်ခွာချိန်တွင် ဘုရားသခင်သည် ဘုန်းပွင့်ပြီးနှင့်ပြီးဖြစ်ကာ ဘုန်းတော်နှင့်ပြည့်ဝလျက် ပြန်ကြွသွားခြင်း၏ ဝမ်းမြောက်မှုတို့နှင့် ထွက်ခွာလိမ့်မည်။ လူတို့သည် သူ့အား မည်သို့ပင်ငြင်းပယ်စေကာမူ မြေကြီးပေါ်၌ လုပ်ကိုင်နေသည့်ဘုရားသခင်သည် အမှုအရာများကို အလေးအနက်မထားပေ။ သူသည် သူ၏အလုပ်ကိုသာ လုပ်နေခြင်း ဖြစ်သည်။ ဘုရားသခင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်၊ သူသည် အတိုင်းမသိပမာဏရှိသည့် အမှုကိုလုပ်ရန် မြေကြီးသို့ကြွလာကာ လူ့လောက၏ငြင်းပယ်မှုနှင့် အသရေဖျက်မှုတို့ကို အပြည့်အဝ တွေ့ကြုံခံစားခဲ့ရသည်။ ဘုရားသခင်ရောက်ရှိလာခြင်းကို မည်သူမျှ မကြိုဆိုပေ၊ လူတိုင်း သူ့အား စိမ်းကားသောမျက်လုံးများဖြင့်ကြည့်ရုံ ကြည့်ကြ၏။ နှစ်ထောင်ပေါင်းများစွာကြာသည့် အခက်အခဲများ ကာလအတွင်း လူသား၏အမူအကျင့်များသည် ဘုရားသခင်၏ နှလုံးသားကို ကွဲအက်စေခဲ့သည်မှာ ကာလကြာမြင့်ပြီးကတည်းက ဖြစ်သည်။ သူသည် လူတို့၏ပုန်ကန်မှုအပေါ် ဂရုမစိုက်တော့ပေ၊ ယင်းအစား လူသားအား ပြောင်းလဲရန်နှင့် သန့်စင်ရန် သီးခြား အစီအစဉ်တစ်ရပ် ပြုလုပ်လျက်ရှိ၏။ လှောင်ပြောင်ခြင်း၊ အသရေဖျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကြီးစွာသောဆင်းရဲဒုက္ခ ခံရခြင်း၊ ကားစင်တင်သတ်ခံရသည့် ဒုက္ခခံရခြင်း၊ လူသား၏ အပယ်ခံရခြင်း စသည်ဖြင့် လူ့ဇာတိ၌ဘုရားသခင် ကြုံတွေ့ခံစားခဲ့ရ သည့်အရာများ၊ ထိုအရာများကို ဘုရားသခင် အလုံအလောက် မြည်းစမ်းခဲ့ပြီးဖြစ်သည်။ ဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော ဘုရားသခင်သည် လူ့လောက၏ ဒုက္ခဝေဒနာများကို လုံးလုံး လျားလျား ခံစားခဲ့ရပြီးဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင် တည်းဟူသော ခမည်းတော်၏ဝိညာဉ်သည် ဤမြင်ကွင်းများကို မခံမရပ်နိုင်ဖြစ်ရင်း ခေါင်းမော့၍ မျက်လုံးမှိတ်လိုက်ကာ သူ၏ချစ်သား ပြန်လာရန်စောင့်နေ၏။ သူလိုလားသမျှသည် လူတို့အားလုံးနားထောင်၍ နာခံရန်၊ သူ၏ဇာတိရှေ့မှောက်၌ ကြီးစွာရှက်နိုင်ခြင်းနှင့် သူ့အား ဆန့်ကျင်ပုန်ကန်မှု မပြုရန်သာ ဖြစ်၏။ သူလိုလားသမျှသည် လူတို့အားလုံးမှ ဘုရားသခင် တည်ရှိကြောင်း ယုံကြည်ရန်သာဖြစ်၏။ ကာလကြာမြင့်သည့် အချိန်ကတည်းက သူသည် လူသားအပေါ် သာ၍ကြီးမားသော တောင်းဆိုမှုများပြုလုပ်မှုကို ရပ်တန့်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကြီးမားသောအဖိုးအခကို ပေးခဲ့သော်လည်း လူသားသည် စိတ်အေးသက်သာနေလျက် ဘုရားသခင်၏အမှုကို လုံးဝအလေးအနက်မထားပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၄

ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းအတွက် ပံ့ပိုးပေးသည်၊ သူသည် အရာခပ်သိမ်း၏ ဘုရားဖြစ်သည် (လက်ရွေးစင် ကျမ်းပိုဒ်များ)...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၃

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုသည် ကမ္ဘာဦးကျမ်း ၁:၃-၅ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၄

ဘုရားသခင်၏ အမှုသည် ဆက်လက် တိုးတက်လျက်ရှိရာ ယင်းအမှု၏ ရည်ရွယ်ချက်မှာ မပြောင်းလဲဘဲ တည်ရှိနေသော်လည်း အမှုများကို ဆောင်ရွက်သည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၈

ငါစီစဉ်ထားရှိခဲ့သော အလုပ်သည် တခဏပင် မရပ်နားဘဲ ရှေ့သို့သာ အပူတပြင်း ဆက်လက်လုပ်ဆောင်နေသည်။ နိုင်ငံတော်ခေတ်ထဲသို့ ရောက်ရှိခြင်းနှင့် သင့်အား...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။