ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၇

ဘုရားသခင်လူ့ဇာတိခံယူခြင်းသည် ဘာသာတရား အားလုံးနှင့် ကဏ္ဍအားလုံးတစ်လျှောက် ပြင်းထန်သည့် ဂယက်လှိုင်းများ ရိုက်ခတ်စေခဲ့၏၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ မူလထုံးစံကို “ဖရိုဖရဲ” ဖြစ်စေခဲ့ကာ ဘုရားသခင်ပေါ်ထွန်းလာမှုကို တောင့်တကြသူများ၏ နှလုံးသားများကို တုန်လှုပ်စေခဲ့၏။ အဘယ်သူသည် ချစ်ခင်ကြင်နာမှုမရှိသနည်း။ အဘယ်သူသည် ဘုရားသခင်ကိုတွေ့ရန် တမ်းတခြင်းမရှိသနည်း။ ဘုရားသခင်သည် လူသားအကြား ကိုယ်တိုင်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်သော်လည်း လူသားသည် ယင်းကို မည်သည့်အခါကမျှ မသိခဲ့ပေ။ ယနေ့ ဘုရားသခင်ကိုယ်တော်တိုင် ပေါ်ထွန်းခဲ့၍ သူ၏ကိုယ်ပိုင်လက္ခဏာကို လူထုများအား ပြသခဲ့ပြီးဖြစ်၏၊ ဤသည်မှာ လူသား၏နှလုံးသားကို ပျော်ရွှင်ဝမ်းမြောက်စေ ခြင်းမဖြစ်ဘဲ အဘယ်သို့ရှိနိုင်မည်နည်း။ တစ်ခါက ဘုရားသခင်သည် လူသားနှင့် အတူဝမ်းမြောက်ခဲ့ကာ အတူဝမ်းနည်းခဲ့ပြီး ယနေ့ သူသည် လူသားနှင့် ပြန်လည်ပေါင်းစပ်ခဲ့၍ အတိတ်က ဇာတ်ကြောင်းများကို သူနှင့်အတူ အပြန်အလှန်ပြောဆိုခဲ့၏။ သူသည် ယုဒပြည်မှထွက်သွားပြီးနောက် လူတို့သည် သူ၏အစအနကို ရှာမတွေ့နိုင်ကြပေ။ ၎င်းတို့သည် ယနေ့ သူနှင့်တစ်ဖန်ပြန်တွေ့ပြီးကြောင်းနှင့် သူနှင့်ပြန်လည်ပေါင်းစပ်ပြီး ကြောင်းကို မသိကြဘဲ၊ ဘုရားသခင်အား နောက်တစ်ကြိမ်တွေ့ရန် တောင့်တကြ၏။ ဤသည်မှာ အတိတ်အကြောင်း အတွေးများကို မလှုံ့ဆော်ဘဲ အဘယ်သို့ရှိမည်နည်း။ ယနေ့မှ လွန်ခဲ့သော အနှစ်နှစ်ထောင်က ယုဒလူတို့မှ ဆင်းသက်လာသော ရှိမုန်ဗာယောန သည် ကယ်တင်ရှင်ယေရှုကိုတွေ့ခဲ့၏၊ သူနှင့်တစ်စားပွဲတည်းတွင် စားခဲ့၍ သူ့နောက်နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးနောက် သူ့အပေါ် လေးနက်သော ချစ်ခင်စိတ်ပေါ်ခဲ့၏၊ သူ့အား နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာအထိ ချစ်ခဲ့၏၊ သူသည် သခင်ယေရှုကို လေးနက်စွာ ချစ်ခဲ့၏။ အေးစိမ့်သောနွားစားခွက်တွင်မွေးဖွားခဲ့သည့် ရွှေဝါရောင်ဆံပင်ရှိသော ဤကလေးသည် လူ့ဇာတိခံဘုရားသခင်၏ ပထမဆုံးပုံရိပ်ဖြစ်ကြောင်းကို ယုဒလူတို့သည် လုံးဝမသိခဲ့ကြပေ။ သူသည်လည်း ၎င်းတို့ကဲ့သို့ပင်ဖြစ်သည်ဟု ၎င်းတို့အားလုံး ထင်ခဲ့ကြသည်၊ သူသည် တစ်စုံတစ်ရာ ကွဲပြားသည်ဟု မည်သူမျှ မထင်ခဲ့ကြပေ၊ လူတို့သည် ဤသာမန်၊ ရိုးရိုး ယေရှုကို အဘယ်သို့ သိနိုင်မည်နည်း။ ယုဒလူတို့သည် သူ့အား ထိုကာလက ယုဒသားတစ်ဦးဟု ထင်မှတ်ခဲ့ကြသည်။ သူ့အား ချစ်ဖွယ်ကောင်းသော ဘုရားသခင်ဟု မမြင်ခဲ့ကြ၊ ထို့အပြင် လူတို့သည် သူ့အား ကြွယ်ဝ၍ များပြားသော ကျေးဇူးတော်များ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ပေးရန် သူ့အပေါ် ဆင်ကန်းတောတိုး တောင်းဆိုချက်များပြုသည်မှလွဲ၍ အခြား မည်သည်ကိုမျှ မပြုလုပ်ခဲ့ကြပေ။ သန်းကြွယ်သူဌေးတစ်ဦးကဲ့သို့ လူတစ်ဦးအနေဖြင့် အလိုရှိနိုင်ရာကို ရရှိခဲ့သူတစ်ဦးဟုသာ သူ့ကို သိခဲ့ကြသည်။ သို့ရာတွင် လူတို့သည် သူ့အား ချစ်ခင်မြတ်နိုးသူ တစ်ဦးအဖြစ် မည်သည့်အခါကမျှ မဆက်ဆံခဲ့ပေ၊ ထိုကာလက လူတို့သည် သူ့ကို မချစ်ခဲ့ကြပေ၊ ထို့အပြင် သူ့ကို ဆန့်ကျင်ကန့်ကွက်ခြင်းကိုသာ ပြုခဲ့ကြ၍ အကြောင်းမဲ့ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကာ လူသားသည် သူ့ကို မသိသော်လည်း သူသည် မည်သည့်အခါမျှ ခုခံခဲ့ခြင်းမရှိ၊ လူသားကို ကျေးဇူးတော်များ အစဉ်ပေးခဲ့၏။ သူသည် လူသားအား နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာနှင့် အကြင်နာတို့ကို တိတ်ဆိတ်စွာပေးသည်မှလွဲ၍ မည်သည့်အရာမျှ မလုပ်ဘဲ ထိုထက်သာ၍ လူသားအား ပညတ်တရား၏ ချုပ်နှောင်မှုများမှ လွတ်မြောက်စေကာ သူသည် လူသားကို အလေ့အထနည်းလမ်းတစ်ရပ်ပေးခဲ့၏။ လူသားသည် သူ့ကို မချစ်ပေ၊ သူ့အား အားကျရုံသာဖြစ်၍ သူ၏ထူးကဲသော ပါရမီတို့ကို အသိအမှတ်ပြုခဲ့ရုံသာ ဖြစ်၏။ ချစ်မြတ်နိုးဖွယ် ကောင်းသော ကယ်တင်ရှင်ယေရှု လူသားမျိုးနွယ်အကြား လာခဲ့စဉ်က ခံစားရသည့် အရှက်ကွဲမှုမှာ အဘယ်မျှ ကြီးမားသည်ကို မျက်မမြင် လူသားမျိုးနွယ်သည် အဘယ်သို့သိနိုင်မည်နည်း။ သူ၏ စိတ်သောကကို မည်သူမျှ စဉ်းစားခဲ့ခြင်းမရှိ၊ ခမည်းတော်တည်း ဟူသော ဘုရားသခင်အပေါ် သူ၏ချစ်ခြင်းမေတ္တာကို မည်သူမျှ မသိခဲ့ပေ၊ ထို့အပြင် သူ၏အထီးကျန်မှုကို မည်သူမျှ မသိနိုင်ခဲ့ပေ၊ မာရိသည် သူ၏မွေးမိခင်ဖြစ်သော်လည်း သူမသည် ကရုဏာရှင် သခင်ယေရှု၏ နှလုံးသားတွင်ရှိသော အတွေးများကို မည်သို့သိနိုင်မည်နည်း။ လူသားမှ အောင့်ခံခဲ့သော ပြောမပြနိုင်သည့် ဒုက္ခအကြောင်း မည်သူသိခဲ့သနည်း။ သူ့အပေါ်တောင်းဆိုချက်များ ပြုလုပ်ပြီးနောက် ထိုကာလမှလူတို့သည် သူ့အား စိမ်းကားစွာ ဂရုမပြုတော့ဘဲ ပြင်ပသို့ ပစ်လိုက်၏။ ထို့ကြောင့် သူသည် တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် လမ်းများပေါ်တွင် ဟိုဟိုသည်သည် သွားလာကာ၊ ကြာရှည်ခြင်းရော တိုတောင်းခြင်းပါ ဖြစ်သည့် ခက်ခဲသော သုံးဆယ့်သုံးနှစ်နေပြီးသည့်တိုင် နှစ်ပေါင်းများစွာ လွင့်မျောနေခဲ့သည်။ လူတို့သည် သူ့အားလိုအပ် ခဲ့သည့်အခါ ပြုံးနေသောမျက်နှာများဖြင့် ၎င်းတို့၏ အိမ်အတွင်းသို့ သူ့အားဖိတ်ခေါ်ခဲ့ကြပြီး သူ့အပေါ် တောင်းဆိုမှုများပြုရန် ကြိုးစားကြ၏၊ သူသည် ၎င်းတို့ကို သူ၏ကူညီထောက်ပံ့မှု ပြုလုပ်ပြီးသောအခါ ၎င်းတို့သည် သူ့အား တံခါးပြင်ပသို့ ချက်ချင်း တွန်းထုတ်လိုက်ကြ၏။ သူ၏နှုတ်မှထောက်ပံ့ပေးခဲ့သည်ကို လူတို့သည်စားခဲ့၏၊ သူ၏သွေးကိုသောက်ခဲ့ကြ၏၊ ၎င်းတို့အပေါ် ချပေးသော ကျေးဇူးတော်များကို မွေ့လျော်ကြ၏၊ သို့သော် ထိုသူတို့သည် သူ့အား ဆန့်ကျင်ခြင်းလည်း ပြုခဲ့ကြ၏၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ၎င်းတို့အား ၎င်းတို့၏ဘဝများကို မည်သူပေးခဲ့သည်ကို မသိခဲ့ကြပေ။ နောက်ဆုံးတွင် ထိုသူတို့သည် သူ့အား လက်ဝါးကပ်တိုင်၌ ရိုက်ထားခဲ့ကြသော်လည်း သူသည် အသံမထွက်ဘဲနေဆဲ ဖြစ်ခဲ့သည်။ ယနေ့၌ပင် သူသည် တိတ်ဆိတ်စွာနေဆဲဖြစ်၏။ လူတို့သည် သူ၏အသားကို စားကြ၏၊ ၎င်းတို့အတွက် သူလုပ်ပေးသည့်အစာကို သူတို့စားကြ၏၊ ၎င်းတို့အတွက် သူဖွင့်ပေးခဲ့သည့်လမ်းကို သူတို့လျှောက်ကြကာ သူ့သွေးကို ၎င်းတို့သောက်ကြ၏၊ သို့သော် ၎င်းတို့သည် သူ့အားငြင်းပယ်ရန် ရည်ရွယ်ဆဲဖြစ်၏၊ အကယ်စင်စစ် ၎င်းတို့အား ၎င်းတို့၏ ဘဝများကိုပေးခဲ့သည့် ဘုရားသခင်ကို ၎င်းတို့သည် ရန်သူကဲ့သို့ ဆက်ဆံကာ ၎င်းတို့ကဲ့သို့ ကျွန်များအား ကောင်းကင်ဘုံ၌ ရှိတော်မူသော အဘကဲ့သို့ ဆက်ဆံကြ၏။ ဤသည်၌ ၎င်းတို့သည် သူ့အား တမင်ဆန့်ကျင်သည် မဟုတ်လော။ ယေရှုသည် လက်ဝါးကပ်တိုင်၌ အသေခံရန် အဘယ်သို့ လာခဲ့သနည်း။ သင်တို့သိသလော။ သူသည် သူနှင့် အရင်းနှီးဆုံးဖြစ်၍ သူ့အားစားခဲ့၊ သောက်ခဲ့ပြီး သူ့အား မွေ့လျော်ခဲ့သူဖြစ်သော ယုဒ၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည် မဟုတ်လော။ ယုဒ သစ္စာဖောက်ရခြင်း အကြောင်းရင်းမှာ ယေရှုသည် သာမန်ဆရာ ကလေးတစ်ပါးထက် မပိုသောကြောင့် မဟုတ်သလော။ ယေရှုသည် သာမန်ထက်ထူးကဲကြောင်းနှင့် ကောင်းကင်ဘုံနှင့် သက်ဆိုင်ကြောင်းကို လူတို့သည် အမှန်တကယ်မြင်တွေ့ခဲ့ပါက ၎င်းတို့သည် သူ၏ခန္ဓာကိုယ်တွင် ထွက်သက်ဝင်သက် မရှိတော့ သည်အထိ နှစ်ဆယ့်လေးနာရီကြာ အသက်ရှင်လျက် လက်ဝါး ကပ်တိုင်ပေါ်၌ အဘယ်သို့ရိုက်နှက်နိုင်ခဲ့ကြသနည်း။ ဘုရားသခင် အား မည်သူသိနိုင်သနည်း။ လူတို့သည် ဘုရားသခင်အား မရောင့်ရဲနိုင်သောလောဘဖြင့် မွေ့လျော်ခြင်းမှလွဲ၍ မည်သည့် အရာမျှ ပြုလုပ်ခြင်းမရှိသော်လည်း ထိုသူတို့သည် သူ့အား မည်သည့် အခါမျှ မသိခဲ့ကြပေ။ ထိုသူတို့သည် အခွင့်ကောင်း ယူခဲ့ပြီး “ယေရှု” အား ၎င်းတို့၏အမိန့်များ၊ ၎င်းတို့၏ညွှန်ကြားချက်များကို လုံးဝ နာခံစေ၏။ ခေါင်းချစရာ မည်သည့်နေရာမျှမရှိသော ဤလူသား အပေါ် အကြင်နာတစ်စုံတစ်ရာမျိုး မည်သူပြခဲ့ဖူးသနည်း။ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကို ဖြည့်ဆည်းရန် မည်သူသည် သူနှင့်အင်အား ပေါင်းစည်းရန် စဉ်းစားခဲ့ဖူးသနည်း။ မည်သူသည် သူ့အတွက် စဉ်းစားခဲ့ဖူးသနည်း။ သူ၏အခက်အခဲများကို မည်သူသည် စာနာထောက်ထားခဲ့ဖူးသနည်း။ ချစ်ခြင်းမေတ္တာ စိုးစဉ်းမျှ မရှိဘဲ လူသားသည် သူ့အား ခေါက်တုံ့ခေါက်ပြန် လိမ်ချိုး၏၊ လူသားသည် သူ၏အလင်းနှင့်အသက် မည်သည့်နေရာမှ လာသည်ကို မသိပေ၊ ထို့အပြင် လူသားတို့အကြားတွင် နာကျင်မှုကို တွေ့ကြုံခံစားခဲ့သည့် လွန်ခဲ့သော အနှစ်နှစ်ထောင်က “ယေရှု” ကို တစ်ဖန်ပြန်၍ မည်သို့ကားစင်တင်ရမည်ကို လျှို့ဝှက်စွာ ကြံစည်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မပြုပေ။ “ယေရှု” သည် ဤကဲ့သို့သော မုန်းတီးမှုကို အကယ်ပင် လှုံ့ဆော်သလော။ သူလုပ်ဆောင်ခဲ့သမျှ အားလုံးကို မေ့သွားခဲ့ကြသည်မှာ ကြာပြီလော။ နှစ်ပေါင်း ထောင်ပေါင်းများစွာ ပေါင်းစည်းခဲ့သောမုန်းတီးမှုသည် အဆုံး၌ ပြင်ပသို့ ထိုးထွက်မည်လော။ အသင်တို့၊ ယုဒလူတို့နှင့် အတန်းစား တူသူတို့။ သင်တို့သည် “ယေရှု” အား ဤမျှမုန်းရအောင် သူသည် သင်တို့ကို မည်သည့်အချိန်က ရန်လိုခဲ့ဖူးသနည်း။ သူသည် များစွာဆောင်ရွက်ခဲ့ပြီး၍ များစွာ ပြောဆိုခဲ့ပြီးဖြစ်၏၊ ၎င်းတို့တစ်ခုမျှ သင်တို့၏အကျိုးအတွက် မဟုတ်သလော။ သင်တို့ထံမှ မည်သည့်အရာမျှ ပြန်လည်တောင်းခံခြင်းမရှိဘဲ သူသည် သင်တို့ကို သူ၏အသက်ပေးခဲ့၏၊ သူ၏ အလုံးစုံကို ပေးခဲ့၏၊ သင်တို့သည် အကယ်ပင် သူ့အား လွှမ်းမိုးချုပ်ကိုင်လိုသေးသလော။ သူသည် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းမရှိဘဲ၊ လောကီဘုန်း အာနုဘော်၊ လူသားအကြား နွေးထွေးမှုနှင့် လူသားအကြား ချစ်ခြင်းမေတ္တာ သို့မဟုတ် လူသားတို့အကြား ကောင်းချီးမင်္ဂလာ များကို တစ်ခါမျှ မွေ့လျော်ခြင်းမရှိဘဲ၊ သူ၏အရာအားလုံးကို သင်တို့အားပေးခဲ့ပြီးဖြစ်သည်။ လူတို့သည် သူ့အပေါ် လွန်စွာ ဆိုးသွမ်းကြ၏၊ သူသည် ကမ္ဘာပေါ်ရှိ ကြွယ်ဝချမ်းသာမှုအားလုံးကို တစ်ခါမျှ မခံစားခဲ့ရဖူးပေ၊ သူသည် သူ၏စိတ်ရင်းအမှန်အတိုင်းရှိ၍ ပြင်းပြသော နှလုံးသားတစ်ခုလုံးကို လူသားအတွက် မြှုပ်နှံထား၏၊ သူ၏အလုံးစုံကို လူသားအတွက် မြှုပ်နှံထားခဲ့၏၊ မည်သူသည် သူ့အား နွေးထွေးမှုပေးခဲ့ဖူးသနည်း။ မည်သူသည် သူ့အား နှစ်သိမ့်မှုပေးခဲ့ဖူးသနည်း။ လူသားသည် သူ့အပေါ် ဖိအားအားလုံး ပုံချခဲ့၏၊ ၎င်း၏ကံမကောင်း အကြောင်းမလှသည့်ဖြစ်ရပ်အားလုံးကို သူ့အား ပေးခဲ့၏၊ လူသားအကြား အကြောင်းမလှဆုံးသော အတွေ့အကြုံများကို သူ့အား အတင်းအကျပ်ပေးခဲ့၏၊ မတရားမှုအားလုံးအတွက် သူ့အားအပြစ်တင်ပြီး ယင်းကို သူသည် ဘာမျှမပြောဘဲ လက်ခံခဲ့သည်။ သူသည် တစ်စုံတစ်ဦးအား ကန့်ကွက်ခဲ့ဖူးသလော။ သူသည် တစ်စုံတစ်ဦးထံမှ နစ်နာကြေး အနည်းငယ် တောင်းခံခဲ့ဖူးသလော။ မည်သူသည် သူ့အပေါ် သနားကြင်နာမှု တစ်စုံတစ်ရာပြခဲ့ဖူးသနည်း။ သာမန်လူတို့အနေဖြင့် သင်တို့အနက် အဘယ်သူသည် ကြည်နူးဖွယ်ရာ ကလေးဘဝ မရှိခဲ့ဖူးသနည်း။ အဘယ်သူသည် စိတ်ဝင်စားဖွယ်ကောင်းသော လူငယ်ဘဝ မရှိခဲ့ဖူးသနည်း။ ချစ်မြတ်နိုးသူတို့၏ နွေးထွေးမှုကို မရသူ အဘယ်သူရှိသနည်း။ ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ချစ်ခြင်းမေတ္တာမရှိသူ အဘယ်သူရှိသနည်း။ အခြားသူများ၏ လေးစားမှု မရှိသူ အဘယ်သူရှိသနည်း။ နွေးထွေးသည့်မိသားစု မရှိသူ အဘယ်သူရှိသနည်း။ ၎င်းတို့ယုံကြည်စိတ်ချရသူများ၏ နှစ်သိမ့်မှု မရှိသူ အဘယ်သူရှိသနည်း။ ထို့အပြင် သူသည် ဤအရာတစ်စုံတစ်ရာကို မွေ့လျော်ဖူးသလော။ အဘယ်သူသည် သူ့အား နွေးထွေးမှု အနည်းငယ် ပေးခဲ့ဖူးသနည်း။ အဘယ်သူသည် သူ့အား နှစ်သိမ့်မှု အနည်းငယ်မျှ ပေးခဲ့ဖူးသနည်း။ အဘယ်သူသည် သူ့အား လူသား၏ ကိုယ်ကျင့်သိက္ခာပြခဲ့ဖူးသနည်း။ အဘယ်သူသည် သူ့အပေါ် သည်းခံခဲ့ဖူးသနည်း။ ခဲယဉ်းသည့်ကာလများအတွင်း အဘယ်သူသည် သူနှင့်အတူ ရှိခဲ့ဖူးသနည်း။ အဘယ်သူသည် ခက်ခဲသောဘဝကို သူနှင့်အတူ ဖြတ်သန်းခဲ့ဖူးသနည်း။ လူသားသည် သူ့အပေါ် တောင်းဆိုချက်များကို မည်သည့်အခါကမျှ လျှော့ပေါ့ ခဲ့ခြင်း မရှိခဲ့ပေ၊ သိက္ခာစောင့်စည်းမှု မရှိဘဲ သူ့အပေါ် တောင်းဆိုမှုများ ပြုလုပ်ရုံသာရှိ၏၊ ယင်းမှာ လူသား၏လောကသို့ လာခဲ့သည့်အတွက် သူ၏နွားထီး သို့မဟုတ် မြင်းဖြစ်ရသည့်အလား၊ သူ၏အကျဉ်းသား ဖြစ်ရသည့်အလားနှင့် သူ၏အလုံးစုံကို လူသားအား ပေးရသည့်အလားဖြစ်၏၊ ထိုသို့မပြုပါက လူသားသည် သူ့အား မည်သည့်အခါမျှ ခွင့်လွှတ်လိမ့်မည် မဟုတ်၊ သူ့အပေါ် မည်သည့်အခါမျှ သက်ညှာမှုမရှိဘဲ သူ့အား ဘုရားသခင်ဟု မည်သည့်အခါမျှ ခေါ်လိမ့်မည်မဟုတ်သည့်အပြင် မြင့်မားသည့် ရိုသေကြည်ညိုမှုလည်း မည်သည့်အခါမျှ ရှိလိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင်အပေါ် ၎င်း၏သဘောထားနှင့်ပတ်သက်၍ ပြင်းထန်လွန်း၏၊ ယင်းမှာ သူသည် ဘုရားသခင်အား သေဆုံးသည်အထိ နှိပ်စက်ရန်နှင့် သေဆုံးပြီးမှသာ ဘုရားသခင်အပေါ် သတ်မှတ်ချက်များကို လျှော့ပေးရန် ဆုံးဖြတ်ထားသည့်အလား ဖြစ်၏၊ သို့မဟုတ်ပါက လူသားသည် ဘုရားသခင်အပေါ် ၎င်း၏တောင်းဆိုချက်များကို မည်သည့်အခါမျှ လျှော့ပေါ့ပေးမည် မဟုတ်ပေ။ ဤကဲ့သို့သော လူသားသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို မခံရဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ယင်းသည် ယနေ့ခေတ်၏ အဖြစ်ဆိုး မဟုတ်ပေဘူးလော။ လူသား၏ အသိတရားကို မည်သည့် နေရာတွင်မျှ မမြင်ရပေ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သူသည် ကျေးဇူးဆပ်မည်ဟု ပြောနေသော်လည်း သူသည် ဘုရားသခင်အား ခွဲခြမ်းစိတ်ဖြာဆန်းစစ်ကာ သေသည့်တိုင်အောင် ညှဉ်းပန်း နှိပ်စက်၏။ ဤသည်မှာ ဘုရားသခင်အပေါ် ၎င်း၏ယုံကြည်ခြင်း အတွက် ၎င်း၏ဘိုးဘေးဘီဘင်တို့မှ လက်ဆင့်ကမ်းလိုက်သည့် “လျှို့ဝှက်နည်းနာ” မဟုတ်သလော။ “ယုဒလူတို့” အား မတွေ့သည့်နေရာ မရှိဘဲ ယနေ့တွင် ၎င်းတို့သည် တစ်မျိုးတည်းသော အလုပ်ကိုပင် လုပ်ကိုင်ဆဲဖြစ်၏၊ ဘုရားသခင်ကို ဆန့်ကျင်သည့် တစ်မျိုးတည်းသော အလုပ်ကို ဆက်၍ လုပ်ကိုင်နေဆဲဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်အား အမြင့်တွင် မြှင့်တင်ထားသည်ဟု ယုံကြည်ကြသည်။ လူသား၏ ကိုယ်ပိုင်မျက်လုံးများသည် ဘုရားသခင်အား မည်သို့သိနိုင် မည်နည်း။ ဇာတိပကတိ၌နေသော လူသားသည် ဝိညာဉ်မှလာသော လူ့ဇာတိခံဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သို့ ဆက်ဆံနိုင် မည်နည်း။ လူသားအကြား မည်သူသည် သူ့ကိုသိနိုင်မည်နည်း။ လူသားအကြား သမ္မာတရားသည် အဘယ်မှာနည်း။ စစ်မှန်သော ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို အဘယ်သူသိနိုင်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အဘယ်သူ ယှဉ်ပြိုင်နိုင်သနည်း။ သူသည် လူသားအကြား လာခဲ့စဉ်က ဘုရားသခင်ကို မည်သူမျှမသိဘဲ သူသည် ငြင်းပယ်ခြင်းခံရသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ ဘုရားသခင်တည်ရှိမှုကို လူသားသည် အဘယ်သို့သည်းခံနိုင် သနည်း။ လောက၏အမှောင်ကို နှင်ထုတ်ရန် အလင်းကို သူအဘယ်သို့ ခွင့်ပြုနိုင်သနည်း။ ဤသည်အားလုံးမှာ လူသား၏ ဂုဏ်ပြုအပ်သော ကိုးကွယ်ဆည်းကပ်မှု မဟုတ်သလော။ ဤသည်မှာ လူသား၏ဖြောင့်မတ်သော ဝင်ရောက်မှု မဟုတ် သလော။ ထို့အပြင် ဘုရားသခင်၏အမှုသည် လူသား ဝင်ရောက်မှု အနီးတဝိုက်ကို ဗဟိုပြုထားသည် မဟုတ်လော။ ငါသည် သင့်အား ဘုရားသခင်၏အမှုကို လူသားဝင်ရောက်မှုနှင့် ပေါင်းစပ်စေလိုသည်၊ ထို့အပြင် လူသားနှင့် ဘုရားသခင်အကြား ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် တည်ဆောက်စေလိုကာ လူသားအနေဖြင့် သင်၏အကောင်းဆုံး စွမ်းရည်များအတိုင်း လုပ်ဆောင်သင့်သည့် တာဝန်ကို လုပ်ဆောင်စေလိုသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ အမှုသည် နောက်ပိုင်းတွင် အဆုံးသတ်သွားပြီး သူ၏ ဘုန်းအာနုဘော်နှင့် ပြည့်စုံစေခြင်းဖြင့် နိဂုံးချုပ်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၄

လူတို့သည် ဘုရားသခင်ကို သိရှိရန်ဆိုပါက၊ ၎င်းတို့အနေဖြင့် ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်ကို ပထမဦးစွာ သိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၂

သိမ်းပိုက်ခြင်းအလုပ်မှ ရရှိရန်ရလဒ်မှာ အဓိကအားဖြင့် လူ့ဇာတိ၏ပုန်ကန်ခြင်းကို ရပ်တန့်စေရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်အား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၉

လူငါးမျိုး လောလောဆယ်မှာမူ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်ပတ်သက်ပြီး ငါတို့၏ မိတ်သဟာယပြုခြင်းကို ဤနေရာမှာပဲ အဆုံးသတ်လိုက်ပါမည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၉

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပုံ ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် မှတ်ယူခြင်း ခံရသည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။