ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၃

သိမ်းပိုက်ခြင်းအလုပ်၏ အဓိကရည်မှန်းချက်မှာ သမ္မာတရားကို လူသားတို့ ပိုင်ဆိုင်နိုင်ရန်အတွက် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် ယခုအခါ သမ္မာတရားကို အလွန်အနည်းငယ်မျှသာ နားလည်ကြခြင်းကြောင့် ဖြစ်သည်။ ဤလူတို့အပေါ် သိမ်းပိုက်သော အလုပ်ကို လုပ်ရန်မှာ အလွန့်အလွန် အရေးပါသည်။ သင်တို့သည် မှောင်မိုက်၏ လွှမ်းမိုးမှုအောက်သို့ လုံးလုံးလျားလျား ကျရောက် လျက်နေပြီး အလွန့်အလွန် ထိခိုက်နစ်နာလျက် ရှိကြသည်။ ထို့ကြောင့် ဤအလုပ်၏ ရည်မှန်းချက်မှာ လူ့သဘာဝဗီဇကို သင်တို့သိစေရန် လုပ်ပေးခြင်းဖြစ်ပြီး ထိုသို့သိခြင်းအားဖြင့် သမ္မာတရားဖြင့် အသက်ရှင်နိုင်စေရန် ဖြစ်သည်။ စုံလင်အောင်ပြုခံရခြင်းအဖြစ်သည် ဖန်ဆင်းခံသတ္တဝါအားလုံး လက်ခံသင့်သော အရာတစ်ခုဖြစ်သည်။ အကယ်၍ ဤအဆင့်၏ အလုပ်တွင် လူတို့အား စုံလင်ခြင်းသို့ ရောက်စေခြင်းသာ ပါဝင်ပါက ၎င်းကို အင်္ဂလန်၊ သို့မဟုတ် အမေရိက၊ သို့မဟုတ် အစ္စရေးတွင် လုပ်ဆောင်နိုင်ခဲ့မည် ဖြစ်သည်၊ ၎င်းကို တိုင်းနိုင်ငံတစ်ခုခုရှိ လူတို့အပေါ်တွင် လုပ်ဆောင်နိုင်ခဲ့မည် ဖြစ်သည်။ သို့သော်လည်း သိမ်းပိုက်ခြင်းအလုပ်မှာ သီးသန့်ရွေးချယ်ပြီး လုပ်သောအလုပ်ဖြစ်သည်။ သိမ်းပိုက်သော အလုပ်၏ ပထမအဆင့်မှာ ရေတိုဖြစ်သည်၊ ထို့အပြင် စာတန်အား အရှက်ရစေရန်နှင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ရန် ၎င်းအဆင့်ကို အသုံးပြုသွားမည် ဖြစ်သည်။ ဤအရာသည် သိမ်းပိုက်ခြင်းအမှု၏ ကနဦးအလုပ် ဖြစ်သည်။ စုံလင်အောင် ပြုခံရခြင်းဆိုသည်မှာ ရေရှည်ပြောင်းလဲပြီးသည့်အခါမှသာ ရနိုင်သောအရာဖြစ်သောကြောင့် ဘုရားသခင်ကို ယုံကြည်သော ဖန်ဆင်းခံမည်သူမဆို စုံလင်ခြင်းသို့ ရောက်နိုင်သည်ဟု ဆိုနိုင်၏။ သို့သော်လည်း အသိမ်းပိုက်ခံရခြင်း ဆိုသည်မှာမူ ကွဲပြားသည်။ သိမ်းပိုက်ရန်အတွက် နမူနာနှင့် စံပြပုံစံဖြစ်သောသူမှာ အဝေးဆုံးတွင် နောက်ကျကျန်ရစ်နေသောသူ၊ အနက်ဆုံးသော မှောင်မိုက်ထဲတွင် အသက်ရှင်သောသူ၊ အဆင့်အတန်း အနိမ့်ကျဆုံးသောသူ၊ ဘုရားသခင်ကို လက်ခံရန် ဆန္ဒမရှိဆုံးသောသူနှင့် ဘုရားသခင်အား နာခံခြင်း မရှိဆုံးသောသူဖြစ်သည်။ ဤသို့သော လူသည် သိမ်းပိုက်ခံရကြောင်းကို သက်သေခံနိုင်သော လူအမျိုးအစားဖြစ်သည်။ သိမ်းပိုက်သော အလုပ်၏ အဓိကရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန် ဖြစ်သည်။ သို့သော်လည်း လူတို့ကို စုံလင်စေခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူတို့ကို ရယူရန်ဖြစ်သည်။ ၎င်းမှာ အသိမ်းပိုက်ခံရပြီးသည့် နောက်ပိုင်းတွင် ထိုသိမ်းပိုက်သော အလုပ်ကို ဤနေရာ၊ သင်တို့ကဲ့သို့သော လူများအပေါ်၌ နေရာချထားပြီး ဖြစ်ကြောင်းကို လူတို့ သက်သေခံတတ်စေရန် ဖြစ်သည်။ ရည်မှန်းချက်မှာ အသိမ်းပိုက်ခံရပြီးသည့်နောက်တွင် လူတို့ကို သက်သေခံခိုင်းရန် ဖြစ်သည်။ အသိမ်းပိုက်ခံရသော အဆိုပါလူတို့ကို အသုံးပြုကာ စာတန်အား အရှက်ရစေမည့် ရည်ရွယ်ချက်ကို ပြည့်မြောက်စေမည်။ ထိုသို့ဖြစ်လျှင် အဓိကသိမ်းပိုက်သည့်နည်းလမ်းမှာ အဘယ်နည်း။ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ကျိန်ခြင်းအမင်္ဂလာများ ပယ်ရှားခြင်းနှင့် ထုတ်ဖော်ခြင်း- ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့် လူတို့အကြွင်းမဲ့ လက်ခံယုံကြည်လာကြစေရန်အလို့ငှာ ၎င်းတို့ကို သိမ်းပိုက်ရန်အတွက် ဖြောင့်မတ်သော စိတ်သဘောထားကို အသုံးပြုခြင်းတို့ဖြစ်သည်။ လူတို့ကို သိမ်းပိုက်ရန်နှင့် ၎င်းတို့ကို အပြည့်အဝ သိမ်းသွင်းရန်အတွက် နှုတ်ကပတ်တော်၏ လက်တွေ့ဆန်ခြင်းကို အသုံးပြုခြင်းနှင့် နှုတ်ကပတ်တော်၏ အခွင့်အာဏာကို အသုံးပြုခြင်းသည် သိမ်းပိုက်ခံရခြင်းကို ဆိုလိုခြင်းဖြစ်၏။ စုံလင်အောင် ပြုခံရပြီးသောသူများသည် သိမ်းပိုက်ခံရပြီးနောက်တွင် နာခံခြင်း ရှိနိုင်ကြသည်သာမက တရားစီရင်ခြင်းအမှုကိုလည်း သိနိုင်ကြသည်၊ ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းလည်း ရှိကြ၍ ဘုရားသခင်ကိုလည်း သိနိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်မြတ်နိုးသောလမ်းကို တွေ့ကြုံခံစားပြီး သမ္မာတရားဖြင့်လည်း ပြည့်ဝကြ၏။ ဘုရားသခင်၏အလုပ်ကို မည်ကဲ့သို့ ကိုယ်တွေ့ခံစားရ မည်ကို ၎င်းတို့သိကြပြီး ဘုရားသခင်အတွက် ဝေဒနာခံနိုင်စွမ်းရှိကာ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒများ ရှိကြသည်။ စုံလင်အောင်ပြုခံရ ပြီးသောသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ခံစားခဲ့ကြရ သည့်အတွက် သမ္မာတရားကို အမှန်တကယ် သိနားလည်သောသူများ ဖြစ်ကြသည်။ သိမ်းပိုက်ခံရသောသူများသည် သမ္မာတရားကို သိသော်လည်း သမ္မာတရား၏ အဓိပ္ပာယ်အစစ်အမှန်ကို လက်မခံကြ သေးသောသူများဖြစ်သည်။ သိမ်းပိုက်ခံရပြီးနောက်တွင် ၎င်းတို့နာခံ ကြသည်၊ သို့သော်လည်း ၎င်းတို့၏ နာခံခြင်းမှာ ၎င်းတို့ခံစားခဲ့ရသော တရားစီရင်ခြင်း၏ ရလဒ်ကြောင့်သာ လုံးလုံးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားများစွာ၏ အဓိပ္ပာယ်အစစ်အမှန်ကို လုံးဝသိနားလည်ခြင်း မရှိကြ။ ၎င်းတို့သည် သမ္မာတရားကို နှုတ်ဖြင့် ဝန်ခံကြသော်လည်း သမ္မာတရားထဲ ဝင်ရောက်ခြင်း မရှိကြသေး၊ ၎င်းတို့သည် သမ္မာတရားအကြောင်း နားလည်သဘောပေါက်သော်လည်း သမ္မာတရားကို အမှန်တကယ် မတွေ့ကြုံကြရသေးချေ။ စုံလင်အောင် ပြုခံရသောသူတို့အပေါ် ပြုသောအလုပ်တွင် ပြစ်တင်ဆုံးမခြင်းများ၊ တရားစီရင်ခြင်းများနှင့်အတူ အသက်အထောက်အမတို့ ပါဝင်သည်။ သမ္မာတရားထဲ ဝင်ရောက်ခြင်းကို တန်ဖိုးထားသောသူတစ်ဦးသည် စုံလင်အောင်ပြုခြင်းကို ခံရမည့်သူတစ်ဦးဖြစ်သည်။ စုံလင်အောင်ပြုခြင်းကို ခံရမည့်သူနှင့် သိမ်းပိုက်ခံရသူတို့၏ ကွာခြားချက်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ သမ္မာတရားကို နားလည်သဘောပေါက်သောသူ၊ သမ္မာတရားထဲ ဝင်ရောက်ပြီးသောသူနှင့် သမ္မာတရားဖြင့် အသက်ရှင်သောသူများသည် စုံလင်အောင် ပြုခံရပြီးသောသူများ ဖြစ်ကြသည်၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်း မရှိသောသူ၊ သမ္မာတရားထဲ မဝင်ရောက်သောသူ၊ ဆိုလိုသည်မှာ သမ္မာတရားဖြင့် အသက်မရှင်သောသူများမှာ စုံလင်အောင်ပြုခြင်းကို မခံရနိုင်သော သူများဖြစ်ကြသည်။ အကယ်၍ ယင်းသို့သော လူများသည် ယခုအခါ အကြွင်းမဲ့ နာခံနိုင်စွမ်း ရှိပါက ၎င်းတို့သည် သိမ်းပိုက်ခြင်းကို ခံကြရမည် ဖြစ်သည်။ အကယ်၍ သိမ်းပိုက်ခံရသောသူများသည် သမ္မာတရားကို မရှာဖွေပါက၊ အကယ်၍ သူတို့သည် လိုက်လျှောက်သော်လည်း သမ္မာတရားဖြင့် အသက်မရှင်ပါက၊ အကယ်၍ သူတို့သည် သမ္မာတရားကို ရိပ်ခနဲမြင်ကာ ကြားသော်လည်း သမ္မာတရားဖြင့် အသက်ရှင်ခြင်းကို တန်ဖိုးမထားပါက ၎င်းတို့သည် စုံလင်အောင် ပြုပေးခြင်းကို မခံရနိုင်ပါ။ စုံလင်အောင် ပြုပေးခြင်းကို ခံရမည့်သူများသည် စုံလင်ခြင်းလမ်းကြောင်းအတိုင်း သမ္မာတရားကို လက်တွေ့ကျင့်သုံးကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် စုံလင်ခြင်း လမ်းကြောင်းပေါ်တွင် အခြေခံထားသော သမ္မာတရားကို လက်တွေ့ကျင့်သုံးကြသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေကြပြီး ၎င်းတို့သည် စုံလင်အောင်ပြုပေးခြင်းကို ခံကြရသည်။ သိမ်းပိုက်သောအလုပ် အဆုံးမသတ်မီ အဆုံးတိုင် လိုက်လျှောက်သောသူ မည်သူမဆိုသည် သိမ်းပိုက်ခံရသောသူ ဖြစ်သော်လည်း ထိုသူအား စုံလင်အောင် ပြုပေးခြင်းကို ခံရသောသူတစ်ဦးဟု မဆိုနိုင်ပါ။ စုံလင်အောင် ပြုပေးခြင်းကို ခံရသောသူများဟုဆိုရာ၌ သိမ်းပိုက်သောအလုပ် ပြီးဆုံးသည့်နောက်တွင် သမ္မာတရားအား လေ့လာလိုက်စားနိုင်ပြီး ဘုရားသခင်၏ရယူခြင်းကို ခံရသောသူများကို ရည်ညွှန်းသည်။ သိမ်းပိုက်သောအလုပ် ပြီးဆုံးသည့်နောက် ဘေးဒုက္ခထဲတွင် ခိုင်ခံ့စွာ ရပ်တည်ပြီး သမ္မာတရားဖြင့် အသက်ရှင်သော သူများကို ရည်ညွှန်းသည်။ အလုပ်လုပ်သည့် အဆင့်များ ကွာခြားမှုနှင့် လူအများ သမ္မာတရားကို နားလည်ပြီး ဝင်ရောက်သည့်အတိုင်းအတာ ကွာခြားမှုများသည် သိမ်းပိုက်ခံရခြင်းအဖြစ်နှင့် စုံလင်အောင် ပြုပေးခံရခြင်းအဖြစ်တို့ကို ခြားနားစေသောအချက်များဖြစ်သည်။ စုံလင်ခြင်းသို့ရောက်ခြင်း လမ်းကြောင်းပေါ် စတင်လျှောက်လမ်းခြင်း မရှိသောသူအားလုံး၊ ဆိုလိုသည်မှာ သမ္မာတရားကို မပိုင်ဆိုင်သော သူတို့သည် အဆုံးတွင် သုတ်သင်ဖယ်ရှားခြင်းကို ခံရဦးမည် ဖြစ်သည်။ သမ္မာတရားကို ပိုင်ဆိုင်ပြီး သမ္မာတရားဖြင့် အသက်ရှင်သော သူများသာလျှင် ဘုရားသခင်၏ လုံးလုံးလျားလျား ရယူခြင်းကို ခံရနိုင်သည်။ ဆိုလိုသည်မှာ ပေတရု၏ အသက်တာ ပုံစံဖြင့် အသက်ရှင်နေထိုင်သော သူများသည် စုံလင်အောင်ပြုခံရသောသူများ ဖြစ်ကြပြီး အခြားသောသူအားလုံးမှာ သိမ်းပိုက်ခံရသောသူများ ဖြစ်ကြသည်။ သိမ်းပိုက်ခံရသောသူ အားလုံးအပေါ် ပြုခဲ့သောအလုပ်တွင် ကျိန်ခြင်းအမင်္ဂလာများ ချမှတ်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အမျက်တော်ပြခြင်းတို့ ပါဝင်ပြီး ၎င်းတို့ထံသို့ ရောက်လာသောအရာမှာ ဖြောင့်မတ်ခြင်းနှင့် ကျိန်ခြင်းအမင်္ဂလာများသာ ဖြစ်သည်။ ထိုသို့သောလူအပေါ် အလုပ်လုပ်ရာတွင် ကွက်ကွက်ကွင်းကွင်း ထုတ်ဖော်ရန်လိုသည်၊ ဆိုလိုသည်မှာ သူ့အနေဖြင့် မိမိကိုယ်ကို သိမြင်ပြီး အပြည့်အဝ လက်ခံယုံကြည်ဖို့ရန်အတွက် သူ၏အတွင်းမှ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ထုတ်ဖော်ရန် ဖြစ်သည်။ လူသားတို့သည် အကြွင်းမဲ့နာခံလာကြသည့်အခါ သိမ်းပိုက်သောအလုပ် အဆုံးသတ်သွားသည်။ လူအများစုသည် သမ္မာတရားကို နားလည်ရန် ရှာဖွေခြင်း မရှိကြသေးလျှင်ပင် သိမ်းပိုက်ခြင်းအလုပ်သည် ပြီးဆုံးသွားပြီး ဖြစ်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၁

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် လူတို့၏ နှလုံးသားများထဲ၌ ရှိသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ငါသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၅

ယနေ့ သင်တို့သည် ဘုရားသခင်ကို ချစ်ပြီး သိကျွမ်းဖို့ ကြိုးစားလုပ်ဆောင်သည့်အခါ တစ်ဖက်၌ အခက်အခဲနှင့် ပြန်လည်ပြုပြင်မှုများကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၇

ဝိညာဉ်လောကနှင့်ပတ်သက်၍ ဝိညာဉ်လောကရှိ သတ္တဝါအမျိုးမျိုးသည် အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်လျှင်၊ ၎င်းတို့၏အလုပ်ကို မှန်ကန်စွာ မလုပ်လျှင်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၈

များမကြာမီ ငါ၏အမှု ပြီးစီးမည်ဖြစ်ကာ အတူဖြတ်သန်းသော နှစ်ပေါင်းစွာသည် မခံရပ်နိုင်သော မှတ်ဉာဏ်တစ်ခု ဖြစ်လာလေပြီ။ ငါသည် ငါ၏နှုတ်ကပတ်တော်တို့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။