ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်” | ကောက်နုတ်ချက် ၂၁၉

ဤအချိန်သည် ကြီးမားသော အမှုများကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်နေချိန် ဖြစ်သည်။ ထို့အပြင် ဤအချိန်သည် ငါဖန်ဆင်းထားသူများ အားလုံးကို တစ်ဦးချင်း သက်ဆိုင်ရာ အုပ်စုအလိုက် ခွဲခြားနေချိန် ဖြစ်သည်။ ငါ၏ အလုပ် လျင်လျင်မြန်မြန်နှင့် ထိထိရောက်ရောက် ရှေ့ဆက်နိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။ ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်တို့ကိုယ်ကိုသာမက ရှိရှိသမျှကို ဆက်ကပ်ဖို့ ဖြစ်သည်။ ထို့အပြင် သင်၌ ငါလုပ်ဆောင်ခဲ့သမျှကို သင်သည် ရှင်းရှင်းလင်းလင်း ထိုးထွင်းနားလည်ကာ သေသေချာချာ သိသင့်သည်။ ငါ့အလုပ် ပိုမိုထိရောက်စေရန်အတွက် သင်သည် သင့်ခွန်အား အားလုံးကို အသုံးပြုသင့်သည်။ ဤအချက်ကို သင်နားလည်ရမည်။ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကို ရှာဖွေခြင်း၊ ကာမဂုဏ်၌ ပျော်မွေ့ဖို့ ကြိုးစားခြင်းကို ရှောင်ကြလော့။ ငါ၏အလုပ်ကို နှောင့်နှေးစေသည့်အပြင် သင်၏ အံ့သြဖွယ် အနာဂါတ်ကို ပျက်စီးစေနိုင်သည့် အရာများဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် သင့်ကို အကာအကွယ် လုံးဝမပေးနိုင်သည့်အပြင် သင့်ကို ပျက်စီးစေမည် ဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင်လောဘတကြီး မွေ့လျော်နေသော အရာများသည် အနာဂါတ်၌ သင့်ကို ဖျက်ဆီးမည့်အရာများ ဖြစ်ပြီး ယနေ့သင် ခံစားနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။ သို့မှသာ နေကို ကွယ်ထားသည့် ထူထပ်လှသော မြူများကြား၌ သွားနေရသကဲ့သို့ ရုန်းထွက်ဖို့ ခက်သည့် ဖြားယောင်းသွေးဆောင်မှုများကို သင်တို့ ရှောင်ရှားနိုင်မည် ဖြစ်သည်။ မြူထူများ မရှိတော့သောအခါမှ တရားစီရင်သည့် အထူးနေ့၌ သင်တရားစီရင်ခြင်း ခံနေရသည်ကို သင်တွေ့မည် ဖြစ်သည်။ ထိုအချိန်သည် လူသားများအတွက် ငါ၏ နေ့ရက် ရောက်နေပြီးဖြစ်သည့် အချိန် ဖြစ်လိမ့်မည်။ ငါ၏တရားစီရင်မှုမှ သင်မည်သို့ လွတ်မြောက်မည်နည်း။ ခြစ်ခြစ်တောက်ပူသည့် နေ၏ဒဏ်ကို သင်မည်သို့ ခံနိုင်မည်နည်း။ ငါ၌ အလျှံပယ် ကြွယ်ဝခြင်းအား လူသားကို ပေးသောအခါ၌ သူသည် ငါပေးသည့်အရာများကို မြတ်မြတ်နိုးနိုး ရင်ဝယ်ပိုက်ထားခြင်း မရှိဘဲ၊ မည်သူမျှ သတိမထားမိမည့် နေရာ၌ ပစ်ထားခဲ့သည်။ ငါ၏ နေ့ရက် ရောက်သော အခါ၌ လူသားသည် ငါ၌ အလျှံပယ် ကြွယ်ဝခြင်းကို လည်းကောင်း၊ တစ်ချိန်က သူ့ကို ငါပြောခဲ့သည့် ခါးသီးဖွယ် သမ္မာတရား စကားကို လည်းကောင်း ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်။ လူသည် အလင်း၏ တောက်ပမှုကို ဆုံးရှုံးပြီး အမှောင်ထဲသို့ ကျသောကြောင့် သူသည် ငိုကြွေးမြည်တမ်းမည်။ သင်တို့ ယနေ့တွေ့ရသော အရာများသည် ငါ၏နှုတ်မှ ထက်သော ဓားကိုသာ မြင်ခြင်းဖြစ်သည်။ ငါ၏လက်ထဲ၌ရှိသော တုတ်ကိုသော်လည်းကောင်း လူကို လောင်ကျွမ်းစေသည့် မီးကိုသော်လည်းကောင်း သင်တို့ မမြင်ရသေးပေ။ ထို့ကြောင့် သင်တို့သည် ငါ၏ ရှေ့မှောက်၌ မောက်မာနေဆဲ၊ ကာမဂုဏ်၌ လွန်ကျူးနေဆဲ ဖြစ်သည်။ ထို့ကြောင့် ငါ၏ အိမ်တော်၌ သင်တို့သည် ငါ့ကို တိုက်ခိုက်နေဆဲ ငါ့နှုတ်ဖြင့် မြွက်ခဲ့သည့်အရာကို လူသား၏လျှာကိုသုံးပြီး အငြင်းပွားနေဆဲဖြစ်သည်။ လူသည် ငါ့ကို ကြောက်ရွံ့ခြင်းမရှိ၊ ယနေ့တိုင်ငါ့ကို ရန်တွေ့နေသော်လည်း သူသည် ကြောက်ရွံ့ခြင်း လုံးဝမရှိပေ။ သင်တို့၏ နှုတ်များ၌ မဖြောင့်မတ်သော လျှာများ၊ သွားများသာ ရှိကြပြီး သင်တို့၏ စကားများနှင့် လုပ်ဆောင်သော အရာများသည်လည်း ဧဝကို အပြစ်လုပ်အောင် သွေးဆောင်ခဲ့သည့် မြွေ၏ လုပ်ရပ်များကဲ့သို့ ဖြစ်သည်။ သင်တို့သည် တစ်ယောက်ကို တစ်ယောက် မျက်လုံးတစ်လုံးဖျက်လျှင် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းချိုးလျှင် သွားတစ်ချောင်းဆိုပြီး အစားလျော်စေသည်။ ကိုယ့်သွားချိုးခြင်းကို ခံဖို့တောင်းဆို ကြသည်။ ငါ၏ မျက်မှောက်၌ နေရာရဖို့၊ ကျော်ကြားဖို့၊ အမြတ်ရဖို့အတွက် သင်တို့သည် တစ်ယောက်ထံမှ တစ်ယောက်က လုယူကြသည်။ သင်တို့ ပြောသောစကားများနှင့် သင်တို့၏ လုပ်ရပ်များကို ငါတိတ်တဆိတ် စောင့်ကြည့်နေကြောင်းကို သင်တို့ မသိကြ။ သင်တို့ ငါ့မျက်မှောက်သို့ မလာခင်၌ပင် ငါသည် သင်တို့နှလုံးသား အောက်ခြေအထိတိုင်အောင် တိုင်းထွာပြီး ဖြစ်သည်။ လူသားသည် အစဉ်သဖြင့် ငါ့လက်မှ ရုန်းထွက်လိုကြပြီး ငါ၏ မျက်စိအောက်မှလည်း ရှောင်ထွက်လိုကြသည်။ သို့သော် ငါမူကား သူပြောသောစကားများနှင့် သူလုပ်သော အရာများကို တစ်ကြိမ်တစ်ခါမျှ မရှောင်ခဲ့ပေ။ ထိုအစား လူသား၏ မဖြောင့်မတ်မှုကို ပြစ်တင်ဆုံးမပြီး ငါ့အား ပုန်ကန်ခြင်းကို တရားစီရင်ရန်အတွက် သူပြောသောစကားများနှင့် သူလုပ်သော အရာများကို ငါ့မျက်စိရှေ့၌ ရည်ရွယ်ချက်ရှိရှိ ထားရှိစေခဲ့သည်။ ထို့ကြောင့် သူလျှို့ဝှက်စွာ ပြောဆိုခဲ့သည့် စကားနှင့် လျှို့ဝှက်စွာ လုပ်ခဲ့သည့် အရာများသည် ငါ၏ တရားစီရင်သည့် ပလ္လင်ရှေ့၌ အစဉ် ရှိနေသည်။ လူသား၏ ပုန်ကန်မှုသည် လွန်ကဲလှသောကြောင့် ငါ၏ တရားစီရင်သည့် ပလ္လင်သည် လူရှေ့၌ အမြဲ ရှိနေသည်။ ငါ၏ ဝိညာဉ်ရှေ့၌ လူသား ပြောဆိုခဲ့သည့်စကားများ၊ လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များကို လောင်ကျွမ်းစေပြီး သန့်ရှင်းစေဖို့သည် ငါ၏အလုပ် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် လောကမှ ငါထွက်ခွာသောအခါ လူတို့သည် ငါ့အပေါ် ဆက်လက် သစ္စာရှိနေမည် ဖြစ်သည်။ ငါ၏အလုပ်အတွက် မြင့်မြတ် သန့်ရှင်းသော ငါ၏အစေခံများ လုပ်ဆောင်သကဲ့သို့ ငါ့ကို ဆက်လက် အစေခံမည်ဖြစ်သည်။ လောက၌ လုပ်ဆောင်လျက်ရှိသော ငါ၏အလုပ် ပြီးသည့်နေ့ ရောက်သည်အထိ ငါ၏ အလုပ်ဆက်နေစေရန် ထိုသို့ လုပ်ဆောင်ကြမည် ဖြစ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

အလုံးစုံကို ဘုရားအမှုတော်အတွက် ပေးအပ်ပါ

ဝိညာဉ်တော်ဘုရား ကြီးမားတဲ့အရာများကို ဆောင်ရွက်နေ တပါးအမျိုးသားတို့၌ ဘုရား၏အမှုတော်မြတ် စတင်ခဲ့ပြီ ထိရောက်မြန်ဆန်စွာ လုပ်ဆောင်ဖို့ ဘုရား ဖန်ဆင်းခြင်းအားလုံးကို အမျိုးအစားခွဲခြား…(အို အို) သင့်ခန္ဓာစိတ်ဝိညာဉ်အလုံးစုံကို ဘုရားအမှုတော်အတွက်ပေးအပ်ပါ သင့်အတွက် သူပြုခဲ့လေသမျှကို သတိပြု သိမြင်ပါ…(အို အို) သင့်အစွမ်းအစရှိသမျှဖြင့် ဘုရားအမှုတော်ကို အကျိုးပြုပါ ဒါ သင်သိနားလည်ရမယ့်အချက်ပါပဲ

ခုခံတိုက်ခိုက်၊ လွတ်လမ်းကို စွန့်ခွာ၊ သာယာ မှုကို ရှာဖွေခြင်း မပြုနဲ့ ထိုအရာတို့သည် ဘုရားအမှုတော်လုပ်ငန်း နှောင့်နှေး၊ သင့်ကြီးမားတဲ့ အနာဂတ်ကို ဖျက်ဆီးကာ ကာကွယ်ပေးခြင်းထက် ပျက်စီးခြင်းအား ဆောင်ကျဉ်းသည် ဒါကြောင့် သင်မိုက်မဲရာ မကျဘူးလား ဒီနေ့ လောဘကြီးစွာ မွေ့လျော်သော အရာများသည် သင့်အနာဂတ်ကို ဖျက်ဆီးမယ့် အရာသာ ဖြစ်တယ် ဒီနေ့ သင်ခံစားနေရသော ဆင်းရဲဒုက္ခဟာ သင့်ကို ကွယ်ကာ လုံခြုံစေမယ့် အရာဖြစ်တယ် (အို အို) သင့်ခန္ဓာစိတ်ဝိညာဉ်အလုံးစုံကို ဘုရားအမှုတော်အတွက်ပေးအပ်ပါ သင့်အတွက် သူပြုခဲ့လေသမျှကို သတိပြု သိမြင်ပါ (အို အို) သင့်အစွမ်းအစရှိသမျှဖြင့် ဘုရားအမှုတော်ကို အကျိုးပြုပါ ဒါ သင်သိနားလည်ရမယ့်အချက်ပါပဲ

ထွက်ပေါက်ရှာရန် အလွန်ခဲယဉ်းသော သွေးဆောင်မှုထဲ မကျရောက်စေရန် (သို့မဟုတ်) နေရောင် လုံးဝပြန်မမြင်ရသော မြူထူကြီးထဲ မှားယွင်းစွာ မရောက်ရှိစေရန် သဘောပေါက် သတိပြုပါ မြူနှင်းများ ရှင်းလင်းတဲ့အခါ ကြီးမားသောတရားစီရင်ခြင်းနေ့ရက် ရောက်ပြီလေ (အို အို) သင့်ခန္ဓာစိတ်ဝိညာဉ်အလုံးစုံကို ဘုရားအမှုတော်အတွက် ပေးအပ်ပါ သင့်အတွက် သူပြုခဲ့လေသမျှကို သတိပြု သိမြင်ပါ (အို အို) သင့်အစွမ်းအစရှိသမျှဖြင့် ဘုရားအမှုတော်ကို အကျိုးပြုပါ ဒါ သင်သိနားလည်ရမယ့်အချက်ပါပဲ (အို အို) သင့်ခန္ဓာစိတ်ဝိညာဉ်အလုံးစုံကို ဘုရားအမှုတော်အတွက် ပေးအပ်ပါ သင့်အတွက် သူပြုခဲ့လေသမျှကို သတိပြု သိမြင်ပါ (အို အို) သင့်အစွမ်းအစရှိသမျှဖြင့် ဘုရားအမှုတော်ကို အကျိုးပြုပါ ဒါ သင်သိနားလည်ရမယ့်အချက်ပါပဲ

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” | ကောက်နုတ်ချက် ၄၈၉

လက်တွေ့ကျခြင်းကိုသိခြင်းနှင့် ဘုရားသခင်၏အလုပ်ကို ရှင်းလင်းစွာ မြင်နိုင်ခြင်းတို့အားလုံးကို သူ၏နှုတ်ကပတ်တော်တွင် တွေ့ရသည်။ သင်သည် ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” | ကောက်နုတ်ချက် ၂၀၁

နောက်ဆုံးသောကာလ အလုပ်က စည်းမျဉ်း အားလုံးနှင့် ပွင့်ထွက် လာပြီး သင့်အနေဖြင့် ကျိန်ခြင်းခံရသည်ဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်း ခံရသည်ဖြစ်စေ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” | ကောက်နုတ်ချက် ၁၄၅

မည်သို့ပင် သင်လိုက်စားနေသည်ဖြစ်စေ၊ အရာခပ်သိမ်းတို့ အထက်တွင်၊ သင်သည် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုကို နားလည်ရမည်ဖြစ်ပြီး ဤအမှု၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” -ကောက်နုတ်ချက် ၅၉၃

စုံလင်စေခြင်း ခံလိုသောသူအားလုံးတွင် စုံလင်စေခြင်းခံခွင့်ရှိသဖြင့် လူတိုင်း အေးအေးလူလူနေရမည်၊ နောင်တွင် သင်တို့အားလုံး...