ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၃၀

ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံးတွင် သူ့စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို နှုတ်ကပတ်တော်များဖြင့် အပြည့်အစုံဖော်ပြနိုင်ခြင်း မရှိပေ၊ ဤအချက်က သူ့တွင် ထူးကဲကြွယ်ဝမှု မည်မျှရှိသည်ကို ပြ၏။ လူတို့မြင်နိုင်၊ ကိုင်နိုင်သည့် အရာများမှာ စင်စစ်အားဖြင့် လူတို့၏စွမ်းရည်ကဲ့သို့ပင် အကန့်အသတ်ရှိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ရှင်းလင်းသော်လည်း လူတို့သည် အပြည့်အစုံနားလည်နိုင်စွမ်း မရှိကြပေ။ ဤနှုတ်ကပတ်တော်များကို ဥပမာကြည့်လော့- “လျှပ်ပြက်ခြင်း၏ ပြိုးပြိုးပြက်ပြက် အလင်းရောင်၌ တိရစ္ဆာန်တိုင်းသည် ၎င်းတို့၏စစ်မှန်သောအသွင်အတိုင်း ဖော်ထုတ်ခြင်းခံရ၏။ ထိုနည်းတူပင် ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော လူသားသည်လည်း တစ်ချိန်တစ်ခါက သူပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခဲ့ပြီးဖြစ်၏။ အို၊ ဖောက်ပြန်ပျက်စီးသော လောကဟောင်း။ အဆုံး၌ ၎င်းသည် ညစ်ညူးသော ရေအတွင်းသို့ ဇောက်ထိုးကျ၍ မျက်နှာပြင်အောက်သို့ နစ်မြုပ်သွားကာ ရွှံ့အတွင်း ပျော်ဝင်သွားခဲ့လေပြီ။” ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံးတွင် သူ၏ဖြစ်ခြင်း ပါရှိ၏၊ လူအားလုံးသည် ဤနှုတ်ကပတ်တော်တို့ကို သတိမူမိကြသော်လည်း ၎င်းတို့၏အဓိပ္ပာယ်များကို မည်သည့်အခါကမျှ မသိခဲ့ကြပေ။ ဘုရားသခင်၏အမြင်တွင် သူ့ကိုခုခံသူအားလုံးသည် သူ၏ရန်သူများဖြစ်၏။ ဆိုလိုသည်မှာ နတ်ဆိုးများနှင့် သက်ဆိုင်သူတို့သည် တိရစ္ဆာန်များဖြစ်ကြ၏။ ဤအချက်မှ အသင်းတော်၏စစ်မှန်သောအခြေအနေကို တွေ့နိုင်ပေသည်။ လူအပေါင်းတို့သည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အလင်းပေးခြင်းကို ခံကြရပြီး၊ ဤအလင်းထဲတွင် အခြားသူများ၏ သြဝါဒပေးခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သို့မဟုတ် တိုက်ရိုက်ငြင်းပယ်ခြင်းတို့ကို မခံရဘဲ၊ အခြားသော လူ့လုပ်နည်းလုပ်ဟန်များကို မခံရဘဲ၊ ထို့ပြင် အခြားသူများ၏ ထောက်ပြခြင်းကို မခံရဘဲ ၎င်းတို့သည် မိမိတို့ကိုယ်ကို စစ်ကြောကြ၏။ “အနုစိတ်ရှုထောင့်” မှကြည့်လျှင် ၎င်းတို့သည် မိမိတို့အထဲ၌ အနာရောဂါမည်မျှရှိနေသည်ကို ကွက်ကွက်ကွင်းကွင်း မြင်ကြ၏။ ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် ဝိညာဉ်အမျိုးအစားတိုင်းသည် အမျိုးအစားသတ်မှတ်ခံရပြီး ၎င်းတို့၏ မူရင်းပုံစံအတိုင်း ဖော်ထုတ်ခြင်း ခံရ၏။ ကောင်းကင်တမန်တို့၏ ဝိညာဉ်များသည် တိုး၍အလင်းပေးခြင်းခံရပြီး တိုး၍ဉာဏ်အလင်းရကြသဖြင့် ဘုရားသခင်က “လူသားသည်လည်း တစ်ချိန်တစ်ခါက သူပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခဲ့ပြီးဖြစ်၏” ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ဘုရားသခင်ရရှိခဲ့သော နောက်ဆုံးရလဒ်အပေါ် အခြေခံထားခြင်းဖြစ်၏။ လတ်တလောတွင် ထိုရလဒ်ကို အပြည့်အဝ မရယူနိုင်သေးသည်မှာ အမှန်ပင်ဖြစ်၏— ယင်းမှာ နမူနာအမြည်းသာဖြစ်ပြီး ထိုအရာမှတစ်ဆင့် ဘုရားသခင်၏အလိုတော်ကို မြင်နိုင်ပေလိမ့်မည်။ များလှစွာသော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ပြိုလဲကြလိမ့်မည်ဖြစ်ကာ လူအားလုံးကို တဖြည်းဖြည်း သန့်ရှင်းစေသည့် ဖြစ်စဉ်၏ အနိုင်ယူခြင်းကို ခံကြရလိမ့်မည်။ ဤနေရာ၌ “ရွှံ့အတွင်း ပျော်ဝင်သွားခဲ့လေပြီ” ဆိုသည်မှာ လောကကို မီးဖြင့် ဘုရားသခင်ဖျက်ဆီးခြင်းနှင့် ကွဲလွဲဆန့်ကျင်ခြင်းမရှိပေ၊ ထို့ပြင် “လျှပ်ပြက်ခြင်း” သည် ဘုရားသခင်၏ အမျက်ဒေါသကို ရည်ညွှန်း၏။ ဘုရားသခင်သည် သူ၏မဟာအမျက်ဒေါသကို လွှတ်လိုက်သည့်အခါ အကျိုးဆက်အနေဖြင့် လောကတစ်ခုလုံးသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ကပ်ဘေးမျိုးစုံနှင့် ကြုံတွေ့ရလိမ့်မည်။ မြင့်မားသော မိုးကောင်းကင်အထက် ရပ်နေသည့်အခါ မြေကြီးပေါ်၌ ဘေးဒုက္ခမျိုးစုံသည် လူသားမျိုးနွယ်အားလုံးအပေါ် တစ်နေ့တခြား တိုး၍ချဉ်းကပ်လာနေသည်ကို တွေ့နိုင်၏။ အထက်အရပ်မှ အောက်သို့ကြည့်သည့်အခါ ကမ္ဘာမြေကြီးသည် ငလျင်မလှုပ်မီတွေ့ရသော မြင်ကွင်းများနှင့်တူသည့် မြင်ကွင်းအမျိုးမျိုးကို တင်ဆက်ပြနေ၏။ မီးလောင်လွယ်သော ရေဆီတို့သည် အတားအဆီးမရှိ တစ်ဟုန်ထိုးစီးထွက်နေ၏၊ ချော်ရည်သည် ဒလဟောစီးဆင်းနေ၏၊ တောင်များသည် ရွေ့လျားနေကြကာ အလင်းအေးသည် အားလုံးအပေါ် တလက်လက်တောက်ပနေ၏။ တစ်ကမ္ဘာလုံးသည် မီးထဲသို့ စုန်းစုန်းမြုပ်သွားလေပြီ။ ဤသည်မှာ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့် မြင်ကွင်းဖြစ်ကာ ဤသည်မှာ သူ၏တရားစီရင်ရာ အချိန်ဖြစ်သည်။ အသွေးအသားရှိသူအားလုံးသည် လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် တစ်ကမ္ဘာလုံးကို ဖျက်ဆီးရန်အလို့ငှာ နိုင်ငံအချင်းချင်း စစ်တိုက်ရန်နှင့် လူမျိုးအချင်းချင်း ပဋိပက္ခများ ဖြစ်ပွားရန် လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထိုအစား ကမ္ဘာကြီးသည် ဘုရားသခင်၏ပြစ်တင်ဆုံးမမှု ဆောင်ပန်းအတွင်း “အသိနိုးကြားစွာဖြင့် မွေ့လျော်ခံစား” လိမ့်မည်ဖြစ်၏။ မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်၊ အယောက်စီတိုင်းသည် ဤတုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်သန်းသွားရလိမ့်မည်။ ထို့နောက်တွင် စကြဝဠာတစ်ခုလုံးသည် သန့်ရှင်းသော ထွန်းလင်းဝင်းပမှုဖြင့် တစ်ဖန်ပြန်၍တောက်ပလာကာ လူသားမျိုးနွယ်တစ်ရပ်လုံးသည် အသစ်သောအသက်တာကို နောက်တစ်ဖန် စတင်ကြလိမ့်မည်။ ပြီးလျှင် ဘုရားသခင်သည် စကြဝဠာအထက်၌ အနားယူလျက် လူသားမျိုးနွယ်အားလုံးကို နေ့စဉ်ကောင်းချီးပေးလိမ့်မည်။ ကောင်းကင်သည် မခံမရပ်နိုင်အောင် တိတ်ဆိတ်ခြောက်ကပ်နေမည် မဟုတ်ဘဲ၊ လောကကို ဖန်ဆင်းချိန်ကတည်းက မရှိခဲ့သည့် ရှင်သန်တက်ကြွမှုကို ပြန်လည်ရရှိလိမ့်မည်ဖြစ်သည်။ ထို့အပြင် “ဆဋ္ဌမမြောက်နေ့” ရောက်လာသည့်အချိန်သည် အသစ်သောအသက်တာကို ဘုရားသခင်စတင်သည့်အချိန် ဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့သည် ချမ်းသာထဲသို့ ဝင်စားကြကာ စကြဝဠာသည် နောက်ကျိခြင်း၊ သို့မဟုတ် ညစ်ညူးခြင်းတို့ မရှိတော့ဘဲ အသစ်တစ်ဖန် ပြုပြင်ခြင်းကို ခံရလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က- “မြေကြီးသည် သုသာန်တစပြင်ပမာ ငြိမ်သက်လျက် တိတ်ဆိတ်နေခြင်း မရှိတော့ပေ၊ ကောင်းကင်သည် တိတ်ဆိတ်ခြောက်ကပ်လျက် ဝမ်းနည်းနေခြင်း မရှိတော့ပေ” ဟုပြောခဲ့ခြင်းဖြစ်သည်။ ကောင်းကင်နိုင်ငံတော်တွင် မဖြောင့်မတ်မှုသော်လည်းကောင်း၊ လူ့ခံစားချက်များသော်လည်းကောင်း၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသော်လည်းကောင်း မည်သည့်အခါကမျှ မရှိခဲ့ဖူးချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ စာတန်၏နှောင့်ယှက်ခြင်း မရှိသောကြောင့်ဖြစ်သည်။ “လူ” အားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်နိုင်ကြ၏၊ ထို့ပြင် ကောင်းကင်အသက်တာသည် ဝမ်းမြောက်ခြင်းပြည့်ဝသော အသက်တာဖြစ်လေသည်။ ကောင်းကင်တွင်ရှိသောသူအားလုံး၌ ဘုရားသခင်၏ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာတို့ရှိကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်များ၊ အခန်း (၁၈)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၉

လုံးဝ မယုံကြည်သော မိမိတို့၏ ကလေးများနှင့် ဆွေမျိုးများကို ဘုရားကျောင်းထဲသို့ ဆွဲခေါ်လာသူများ အားလုံးသည် အလွန်တရာ အတ္တကြီးပြီး ၎င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၁

ယနေ့ သင့်ကို သိမ်းပိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်ကြောင်း၊ သူတပါး၏ဘုရားသခင် ဖြစ်ကြောင်းနှင့် အရေးကြီးဆုံးအနေဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၀

လူသားများသည် တစ်ချိန်က ငါ၏ ဖန်ဆင်းခြင်းကို ခံထားရသော သူများဖြစ်သည့်အပြင် ငါ့ဖန်ဆင်းခြင်း၏ ပေါများလှသော အရာများ အားလုံးကို ခံစားဖူးသူများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၄

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်။ လူတိုင်း အလွယ်တကူ ရယူနိုင်သော အရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။