ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၂၉” | ကောက်နုတ်ချက် ၆၅

253 |18.06.2020

အရာခပ်သိမ်း ထမြောက်သည့်နေ့တွင် ငါသည် လူတို့အကြားလာ၍၊ အံ့သြဖွယ်ကောင်းသော နေ့များနှင့်ညများတွင် ငါသည် သူနှင့်အတူရှိခဲ့၏။ ဤအခါမှသာ လူသားသည် ငါ့ထံချဉ်းကပ်နိုင်ခြင်းကို အနည်းငယ် သတိပြုမိ၏၊ သူနှင့်ငါ မကြာခဏ အပြန်အလှန် ပိုမိုဆက်ဆံသည်နှင့်အမျှ၊ သူသည် ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းအချို့ကို မြင်၏— ရလဒ်အနေဖြင့်၊ သူသည် ငါ့အကြောင်း အနည်းငယ်သိရှိ၏။ လူသားအားလုံး အကြား၊ ငါသည် ငါ၏ဦးခေါင်းကိုမြှင့်၍ ကြည့်၍၊ သူတို့အားလုံး ငါ့ကိုမြင်၏။ သို့ရာတွင် ကမ္ဘာမြေကြီးပေါ်သို့ ဘေးအန္တရာယ် ကျရောက်သည့်အခါ၊ သူတို့သည် ချက်ချင်းကြောင့်ကြလာ၍၊ ငါ၏ပုံရိပ်သည် သူတို့၏နှလုံးသားများမှ ပျောက်ကွယ်သွား၏။ ဘေးအန္တရာယ်ကျရောက်မှုကြောင့် ကြောက်စိတ်မွှန်လျက်၊ သူတို့သည် ငါ၏တိုက်တွန်းချက်များကို ဂရုမစိုက်ပေ။ ငါသည် လူသားများအကြား နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော်လည်း၊ သူသည် အမြဲပင် သတိမမူမိဘဲ ငါ့ကို မည်သည့်အခါမျှ မသိခဲ့ပေ။ ယနေ့ ငါကိုယ်တိုင်၏နှုတ်ဖြင့် ငါပြော၍၊ လူအားလုံးကို ငါ့ထံမှ တစ်စုံတစ်ရာလက်ခံရန် ငါ့ရှေ့မှောက်လာစေသော်လည်း သူတို့သည် ငါနှင့်ဝေးရာတွင် နေလျက်ရှိသေးသဖြင့် သူတို့သည် ငါ့ကို မသိပေ။ စကြဝဠာအစွန်းတစ်လျှောက် ငါ၏ခြေလှမ်းများ နင်းလျှောက်သည့်အခါ လူသားသည် သူ့ကိုယ်သူ စတင်၍ ပြန်လည်စဉ်းစားမည်ဖြစ်ကာ၊ လူအားလုံးတို့သည် ငါ့ထံသို့လာ၍ ငါ့ရှေ့တွင် ပျပ်ဝပ်လျက် ငါ့ကို ဝတ်ပြုလိမ့်မည်။ ဤနေ့သည် ငါ၏ဘုန်းတော် ထင်ရှားသည့်နေ့၊ ငါတစ်ဖန် ပြန်လာသောနေ့အပြင် ငါထွက်ခွာသည့်နေ့လည်း ဖြစ်လိမ့်မည်။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်အဆုံး၌ စကြဝဠာတစ်ခုလုံး တစ်လျှောက် ငါ၏အမှုကို လူသားအားလုံးအကြား ငါတရားဝင်စတင်ခဲ့ပြီးဖြစ်၏။ ယခုအချိန်မှစ၍ သတိမပြုသူ မည်သူမဆိုသည် မည်သည့်အချိန်၌မဆို ကရုဏာကင်းမဲ့သော ပြစ်တင်ဆုံးမမှုအကြား ထိုးချခံသွားဖွယ်ရှိ၏။ ဤသည်မှာ ငါသည် နှလုံးသားကင်းမဲ့၍မဟုတ်ဘဲ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်တစ်ဆင့်သာ ဖြစ်၏။ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ အဆင့်များအတိုင်း ရှေ့ဆက်လုပ်ဆောင်ရမည်ဖြစ်ကာ၊ မည်သည့်လူသားမျှ ဤသည်ကို မပြောင်းလဲနိုင်ပါ။ ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူအားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်တူညီသောခြေလှမ်းလှမ်းရန် လုပ်ဆောင်ကြ၏၊ စကြဝဠာတစ်လျှောက်လုံး “ကြီးစွာဝမ်းမြောက်” ကြကာ၊ ငါသည် လူသားအား ရှေ့သို့တက်လှမ်းရန် စေ့ဆော်၏။ အကျိုးသက်ရောက်မှုအနေဖြင့်၊ ငါသည် အဆင်းနီသောနဂါးကြီး ကိုယ်တိုင်အား သွေးရူးသွေးတန်းဖြစ်ကာ မွှန်ထူသွားစေ၍၊ ၎င်းသည် ငါ၏အမှုအတွက် အစေခံကာ၊ လိုလားသည့်ဆန္ဒ မရှိသော်လည်း ၎င်း၏ကိုယ်ပိုင်ဆန္ဒများနောက်သို့ မလိုက်နိုင်ဘဲ ငါ၏ချုပ်ကိုင်မှုကို နာခံရန်မှလွဲ၍ အခြားဘာမျှ မတတ်နိုင်တော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသောနဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံကျွန်လည်းဖြစ်၏။ ထို့ကြောင့် ငါသည် ၎င်းအပေါ် ငါ၏ “သတ်မှတ်ချက်များ” ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ၏လူ့ဇာတိခံယူသောအမှု၏ နောက်ဆုံးအဆင့်သည် ၎င်း၏အိမ်ထောင်စုအတွင်းတွင် အပြီးသတ်ခဲ့၏။ ဤနည်းအားဖြင့်၊ အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် သင့်တော်စွာအစေခံခြင်းကို သာ၍ လုပ်ဆောင်နိုင်၏။ ဤနည်းအားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။ ငါသည် အမှုဆောင်စဉ် ကောင်းကင်တမန်အားလုံးသည် ငါနှင့် အဆုံးအဖြတ်ပေးသည့် တိုက်ပွဲစတင်၍ နောက်ဆုံးအဆင့်တွင် ငါ၏ဆန္ဒများကို ဖြည့်ဆည်းရန် ဆုံးဖြတ်၏။ ဤသည်မှာ ကမ္ဘာမြေကြီးပေါ်ရှိလူသားတို့ ငါ့ရှေ့မှောက်တွင် ကောင်းကင်တမန်တို့ကဲ့သို့ အရှုံးပေး၍ ငါ့ကိုဆန့်ကျင်လိုသည့်ဆန္ဒ မရှိရန်နှင့် ငါ့ကိုပုန်ကန်သည့်အရာ တစ်ခုမျှမလုပ်ရန်ဖြစ်၏။ ဤသည်တို့မှာ စကြဝဠာတစ်ခွင်လုံး ငါ့အမှု၏ ပြောင်းလဲစေသောအင်အားများ ဖြစ်ကြ၏။

လူသားများအကြား ငါရောက်လာခြင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်တို့မှာ လူသားအားလုံးကို ကယ်တင်ရန်၊ လူသားမျိုးနွယ်အားလုံးကို ငါ၏အိမ်ထောင်စုသို့ ပြန်လည်ခေါ်ဆောင်လာရန်၊ ကောင်းကင်နှင့်မြေကြီးကို ပြန်လည် ပေါင်းစပ်ပေးရန်နှင့် ကောင်းကင်နှင့်မြေကြီးအကြား “အချက်ပြချက်များ” ကို လူသားမှပေးစေရန်ဖြစ်သည်။ ဤသည်မှာ လူသား၏ ပင်ကိုယ်အရင်းခံ အလုပ်တာဝန်ဖြစ်သည့်အတွက် ဖြစ်၏။ လူသားကို ငါဖန်ဆင်းခဲ့ချိန်၌ လူသားမျိုးနွယ်အတွက် အရာခပ်သိမ်းအဆင်သင့်ရှိရန် ငါလုပ်ဆောင်ခဲ့ကာ၊ နောင်တွင် ငါသတ်မှတ်ထားသည့်အတိုင်း သူ့ကိုငါပေးသည့် ကြွယ်ဝချမ်းသာမှုများကို လူသားမျိုးနွယ်အား လက်ခံခွင့်ကို ငါပေး၏။ ထို့ကြောင့် ငါ၏လမ်းညွှန်မှုဖြင့် လူသားမျိုးနွယ်အားလုံး ယနေ့ကို ရောက်ရှိလာခဲ့သည်ဟု ငါဆို၏။ ထို့အပြင် ဤသည်အားလုံးမှာ ငါ၏အစီအစဉ်ဖြစ်၏။ လူသားမျိုးနွယ်အားလုံးအကြား၊ မရေမတွက်နိုင်သော လူတို့သည် ငါ၏ချစ်ခြင်းမေတ္တာ၏ အကာအကွယ်အောက်တွင် တည်ရှိကြကာ၊ မရေမတွက်နိုင်သော လူတို့သည် ငါ၏မုန်းတီးမှု၏ ပြစ်တင်ဆုံးမမှုအောက်တွင် နေကြ၏။ လူတို့အားလုံး ငါ့ထံဆုတောင်းကြသော်လည်း သူတို့သည် သူတို့၏လက်ရှိအခြေအနေများကို ပြောင်းလဲနိုင်စွမ်း မရှိပေ။ သူတို့သည် မျှော်လင့်ချက်ဆုံးရှုံးသွားသည်နှင့် သဘာဝအတိုင်းသာ ခွင့်ပြုရန်သာ တတ်စွမ်းနိုင်၍ ငါ့အပေါ်မနာခံခြင်းကို ရပ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူသားမှ အောင်မြင်ရရှိနိုင်သည်အားလုံး ဖြစ်၍ဖြစ်သည်။ လူသား၏ဘဝအခြေအနေနှင့် ပတ်သက်၍မူ၊ လူသားသည် စစ်မှန်သောအသက်ကို ရှာမတွေ့သေးပေ၊ သူသည် မတရားမှု၊ အနိဋ္ဌာရုံမြင်ကွင်းနှင့် ကမ္ဘာမြေကြီး၏ စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေများကို မရိပ်စားမိသေးပေ— ထို့ကြောင့် ဘေးအန္တရာယ်ကျရောက်သည့် အဖြစ်အပျက်သာမရှိခဲ့လျှင် လူအများစုသည် မိခင်သဘာဝတရားကို လက်ခံဆဲဖြစ်မည်ဖြစ်ကာ၊ “ဘဝ” အရသာတွင် အာရုံ နစ်မြုပ်နေလျက် ရှိနေဦးမည် ဖြစ်သည်။ ဤသည်မှာ ကမ္ဘာမြေကြီး၏ အဖြစ်မှန်မဟုတ်ပေလော။ ဤသည်မှာ လူသားအပေါ် ငါထုတ်ပြောသည့် ကယ်တင်ခြင်း၏အသံ မဟုတ်ပေလော။ လူသားမျိုးနွယ်အကြား မည်သူမျှ ငါ့ကို စစ်မှန်စွာမချစ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ပြစ်တင်ဆုံးမမှုနှင့် စစ်ဆေးခံရသည့် အချိန်များအကြားသာ လူသားသည် ငါ့ကို ချစ်သော်လည်း ငါ၏အကာအကွယ်အောက်တွင် မည်သူမျှ ငါ့ကို မချစ်သည်မှာ အဘယ်ကြောင့်နည်း။ ငါသည် လူသားတို့အပေါ် ငါ၏ပြစ်တင်ဆုံးမမှု ကြိမ်ဖန်များစွာ ချပေးပြီးခဲ့ပြီဖြစ်သည်။ သူတို့သည် ၎င်းကိုကြည့်သော်လည်း လျစ်လျူရှုကာ ယခုအချိန်တွင် ၎င်းကိုလေ့လာလျက် စဉ်းစားချင့်ချိန်ခြင်း မရှိပေ။ ထို့ကြောင့် လူသားအပေါ်ကျရောက်သည့် အရာအားလုံးသည် ကရုဏာကင်းမဲ့သည့် တရားစီရင်ခြင်းသာဖြစ်၏။ ဤသည်မှာ ငါအမှုဆောင်သော နည်းလမ်းများအနက် တစ်ရပ်သာ ဖြစ်သော်လည်း ဤသည်မှာ လူသားအား ပြောင်းလဲစေရန်နှင့် ငါ့အပေါ်ချစ်စေရန်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

စကြဝဠာ၌ ဘုရားအမှုတော် ဆောင်ရွက်ပုံ အသွင်သဏ္ဌာန်

I

ကမ္ဘာပေါ်ရှိ လူတို့ ဘုရားကိုအရှုံးပေးမယ် ကောင်းကင်တမန်များ ကဲ့သို့နာခံလျှက် ဆန့်ကျင်ရန်ပုန် ကန်ရန်ဆန္ဒမရှိ ဒါဟာ ကမ္ဘာတစ်ဝှမ်း၌ ဘုရားသခင်၏အမှုတော်ဖြစ်

II

ဘုရားသခင်ဟာ နှစ်ပေါင်းများစွာ လူနှင့် အတူရှိခဲ့တာဘယ်သူမျှသတိမထားမိခဲ့ ဘယ်သူမှ သူ့အားမသိရှိခဲ့ ယခုဒီမှာ သူရှိဟု သူရဲ့ နှုတ်ကပတ် တော်ကပြောပေ တစ်စုံတစ်ခုကို ပေးဖို့ရန် လူသားအား သူ့ထံသို့လာ ရန်ခေါ်လေ၏ သို့သော်လူသားဟာ သူနှင့် ကင်းကွာ၍နေ သူ့အား ဘယ်သူမှ မသိတာ အံ့သြစရာ မရှိပေ ဘုရာဟာစကြဝဠာတစ်ခုလုံးပေါ် ခြေလှမ်း လှမ်းသောအခါ လူသားဟာနက်ရှိုင်းစွာ ဆင်ခြင်စပြုကြတယ် သူတို့ ဘုရားရှင်ရဲ့ ရှေ့မှောက်ကိုလာပြီး ဘုရားရှင်ရှေ့တွင် ဒူးထောက်၍ ကိုးကွယ် ကြတယ် ဤနေ့ရက်သည် ဘုရားရဲ့ ဘုန်းအသရေပြည့်တဲ့နေ့ သူပြန်လာခြင်းနှင့် ထွက်ခွာခြင်းနေ့ရက်ပေ ဤနေ့ရက်သည် ဘုရားရဲ့ ဘုန်းအသရေပြည့်တဲ့နေ့ သူပြန်လာခြင်းနှင့် ထွက်ခွာခြင်းနေ့ရက်ပေ ဘုရားဟာ လူတို့၏ကြား၌ သူ့အမှုတော်နှင့် သူ့နောက်ဆုံးအစီအစဉ်ကို ကမ္ဘာ တစ်ဝှမ်း၌ စတင်ခဲ့ အလေးမထားသူမှန်သမျှ ညှာတာမှုမရှိသော ပြစ်ဒဏ်ပေးခြင်းကို ဧကန်အမှန် မြည်းစမ်းရလိမ့်မည် ဘုရား၏ နှလုံးသားဟာ အေးစက်တာမဟုတ် ဒါဟာ အရာခပ်သိမ်း လိုက်နာရမည့် ဘယ်သူမှ မပြောင်းလဲနိုင်သော သူ့အစီအစဉ်၏ အဆင့်တစ်ဆင့်သာဖြစ် သည် ကမ္ဘာပေါ်ရှိ လူတို့ ဘုရားကိုအရှုံးပေးမယ် ကောင်းကင်တမန်များကဲ့သို့နာခံလျှက် ဆန့်ကျင်ရန်ပုန် ကန်ရန်ဆန္ဒမရှိ ဒါဟာ ကမ္ဘာ တစ်ဝှမ်း၌ ဘုရားသခင်၏အမှုတော်ဖြစ်

III

ဘုရားသူ့အမှုတော်ကိုတရားဝင်စတင်ခဲ့ချိန် လူသားအားလုံး သူ့နောက်သို့လိုက်ကြ သည် စကြဝဠာဟာဘုရား နှင့်မအားလပ်ပေမယ့် လောကဝမ်းမြောက်လျက် လူသားများဟာ နိုးကြားလျက်ရှိနေ အဆင်းနီသောနဂါးကြီး ဟာပတ်ချာလည်၍ သူ့အလိုနှင့်ဆန့်ကျင်ကာ ဘုရားရဲ့ အစေခံ သူသည် သူ့ဆန္ဒကို မလိုက်လျောနိုင် ဘုရားရဲ့ ထိန်းချုပ်မှုကို သာ နာခံဖို့ရန်ရှိပြီ နဂါးဟာ ဘုရားသခင်ရဲ့ အစီအစဉ်ကို နှောင့်ယှက်သူ ဘုရားသခင်ရဲ့ ရန်သူနှင့် အစေခံဖြစ်တယ် သူ့နောက်ဆုံးသော အမှုတော်ကို ပြည့်စုံ စေရန် နဂါးရဲ့ အသိုက်ထဲ၌ ဘုရားလူ့ဇာတိ ခံယူလာခဲ့တယ် ဤသို့ဖြင့် နဂါးသည် ဘုရားကို ပိုမိုကောင်းမွန်စွာ အစေခံပြီး ဘုရား သူ့ကို အောင်နိုင်ကာ ဘုရား၏အစီအစဉ် ဖြစ်မြောက် သည်။ နောက်ဆုံးအဆင့်၌ဘုရားကို ကျေနပ်ပျော်ရွှင်မှုပေးရန် ကောင်းကင်တမန်များသည် တိုက်ပွဲ၌ ဘုရားနှင့်အတူတူဆင်နွဲကြ သည် နောက်ဆုံးအဆင့်၌ဘုရားကို ကျေနပ်ပျော်ရွှင်မှုပေးရန်

IV

ကမ္ဘာပေါ်ရှိ လူတို့ ဘုရားကိုအရှုံးပေးမယ် ကောင်းကင်တမန်များ ကဲ့သို့နာခံလျှက် ဆန့်ကျင်ရန်ပုန် ကန်ရန်ဆန္ဒမရှိ ဒါဟာ ကမ္ဘာ တစ်ခွင်၌ ဘုရားသခင်၏အမှုတော်ဖြစ်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်