ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားကို သိခြင်းနှင့်သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၂၀)

ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် စာတန်ဆန်သော သဘာဝတစ်ခု ရှိကြသည်။ ၎င်းတို့အားလုံးတွင် စာတန်ဆန်သော စိတ်သဘောထားတစ်ခုရှိကြပြီး ဘုရားသခင်ကို နေရာမရွေး၊ အချိန်မရွေး သစ္စာဖောက်နိုင်သည်။ လူအချို့က “ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး ၎င်းတို့သည် သူ၏ လက်ထဲတွင်ရှိကြသည်။ လူသားများကို ဘုရားသခင်အား သစ္စာဖောက်ခွင့်ပေးမည့်အစား အဘယ်ကြောင့် ဘုရားသခင်က ၎င်းတို့ကို မကာကွယ်သနည်း။ ဘုရားသခင်သည် အနန္တတန်ခိုးရှိသည် မဟုတ်လော”ဟု မေးကြသည်။ ဤသည်မှာ ဧကန်အမှန် မေးခွန်းတစ်ခု ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်ပြဿနာကို သင်တို့ တွေ့ရှိနိုင်သနည်း။ ဘုရားသခင်တွင် အနန္တတန်ခိုးရှိသော ဘက်ခြမ်းတစ်ခုရှိပြီး လက်တွေ့ကျသော ဘက်ခြမ်းတစ်ခုလည်းရှိသည်။ လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရဘဲ ဘုရားသခင်ကို သစ္စာဖောက်နိုင်သည်။ လူသားများသည် ဘုရားသခင်ကို ၎င်းတို့ ကိုးကွယ်သင့်ပုံနှင့် စာတန်ကို စွန့်ပယ်သင့်ပုံ၊ စာတန်နှင့် ပတ်သက်ခြင်းမရှိဘဲ ဘုရားသခင်ကို ကျိုးနွံနာခံသင့်ပုံအရ မိမိတို့ကိုယ်ပိုင် စိတ်ခံစားချက်အရဖြစ်သော အလိုဆန္ဒမရှိကြချေ။ ဘုရားသခင်တွင် သမ္မာတရား၊ အသက်နှင့် လမ်းခရီးရှိသည်။ ဘုရားသခင်သည် ပုန်ကန်ပြစ်မှားမရနိုင်ပေ။ လူသားများသည် ၎င်းတို့ထဲ၌ ဤအရာများတစ်ခုမျှ မရှိကြချေ။ စာတန်၏ သဘာဝတွင်ရှိသည့် အရာများကို ၎င်းတို့ မရိပ်စားမိကြသကဲ့သို့ သမ္မာတရားကို လုံးဝ နားမလည်ကြပေ။ ထို့ကြောင့် ဘုရားသခင်ကို နေရာမရွေး၊ အချိန်မရွေး သစ္စာဖောက်နိုင်ကြသည်။ ထို့အပြင် လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးနောက်တွင် ၎င်းတို့အထဲ၌ စာတန်၏ အမှုအရာများရှိကြပြီး ဘုရားသခင်ကို သစ္စာဖောက်ရန် ၎င်းတို့အတွက် သာ၍ လွယ်ကူလေသည်။ ဤသည်မှာ ပြဿနာဖြစ်၏။ သင်သည် ဘုရားသခင်၏ လက်တွေ့ကျသော ဘက်ခြမ်းကိုသာ မြင်ပြီး ဘုရားသခင်၏ အနန္တတန်ခိုးရှိသော ဘက်ခြမ်းကို မမြင်လျှင် ဘုရားသခင်ကို သစ္စာဖောက်ရန်နှင့် ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့မြင်ရန် သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန် အလွန်များသည့် သမ္မာတရားများစွာကို သူ အဘယ်သို့ ဟောပြောနိုင်သည်ကို သင် သိလိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင်၏ အနန္တတန်ခိုးရှိသော ဘက်ခြမ်းကိုသာ မြင်ပြီး ဘုရားသခင်၏ လက်တွေ့ကျသော ဘက်ခြမ်းကို မမြင်လျှင် ဘုရားသခင်ကို အတိုက်အခံလုပ်ရန်လည်း သင့်အတွက် လွယ်ကူလိမ့်မည်။ နှစ်ဖက်လုံးကို သင် မမြင်လျှင် သင့်အနေဖြင့် ဘုရားသခင်ကို အတိုက်အခံလုပ်ရန် သာ၍ပင် ဖြစ်နိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ဘုရားသခင်ကို သိကျွမ်းခြင်းသည် လောကတွင် အခက်ခဲဆုံးသောအရာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို လူတို့ သိလေ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားလည်လေဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်သမျှအရာရာသည် အဓိပ္ပာယ်ရှိသည်ကို နားလည်လေဖြစ်သည်။ လူတို့တွင် ဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သည့် အသိပညာရှိလျှင် ထိုသို့သော ရလဒ်များကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ကြသည်။ ဘုရားသခင်တွင် လက်တွေ့ကျသည့် ဘက်ခြမ်းရှိသော်လည်း လူတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင်ကို အပြည့်အဝ မသိနိုင်ကြပေ။ ဘုရားသခင်သည် ကြီးမြတ်လွန်းပြီး အံ့ဩဖွယ်ကောင်းစွာ နားလည်သဘောပေါက်၍မရနိုင်ဖြစ်ကာ လူတို့၏ အတွေးသည် အလွန် အကန့်အသတ်ရှိပေသည်။ ဘုရားသခင်ရှေ့မှောက်တွင် လူသည် အစဉ်ထာဝရ မွေးကင်းစတစ်ဦးဖြစ်သည်ဟု အဘယ်ကြောင့် ပြောဆိုထားသနည်း။ ဤသည်မှာ ဆိုလိုရင်း အဓိပ္ပာယ်ဖြစ်သည်။

ဘုရားသခင်သည် တစ်စုံတစ်ရာကို ပြောဆိုသည့်အခါ သို့မဟုတ် လုပ်ဆောင်သည့်အခါ လူတို့က “ဘုရားသခင်သည် ယင်းကို အဘယ်သို့ လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်”ဟု အမြဲ အထင်လွဲကြသည်။ လူတို့တွင် မိမိတို့ကိုယ်ပိုင် အယူအဆများ အမြဲ ရှိကြသည်။ ဘုရားသခင်က လောကီ ဆင်းရဲဒုက္ခကို မြည်းစမ်းခြင်းနှင့် စပ်လျဉ်း၍ လူအချို့က “ဘုရားသခင်သည် အနန္တတန်ခိုးရှိသည် မဟုတ်လော။ သူသည် လောကီဆင်းရဲဒုက္ခကို မြည်းစမ်းရန် လိုအပ်သလော။ လောကီ ဆင်းရဲဒုက္ခက မည်သည့်အရာကဲ့သို့ဖြစ်သည်ကို ဘုရားသခင် မသိလေသလော”ဟု တွေးကြသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုပြုခြင်းနှင့်ဆိုင်သော လက်တွေ့ကျသည့် ဘက်ခြမ်းဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းအတွက် ကားစင်တင်သတ်ခြင်းခံခဲ့ရသော်လည်း လူသည် ဘုရားသခင်ကို နားမလည်သကဲ့သို့ “လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ရန် ဘုရားသခင်က စာတန်ကို ‘ငါသည် အနန္တတန်ခိုးရှိသည်။ လူသားမျိုးနွယ်ကို ငါ့ထံမှ သင် ထိမ်ချန်ထားဝံ့သလော။ သင်သည် ၎င်းတို့ကို ငါ့အား ပေးရမည်’ဟု ပြောရန်သာ လိုသည်။ ဤစကားအနည်းငယ်ဖြင့်၊ အရာရာ ပြေလည်သွားခဲ့နိုင်သည်။ ဘုရားသခင်တွင် ဩဇာအာဏာ ရှိခဲ့သည် မဟုတ်လော။ ဘုရားသခင်အတွက် လိုအပ်သမျှမှာ လူသားမျိုးနွယ် ရွေးနုတ်ခြင်းခံရကြောင်းနှင့် လူ၏ အပြစ်များ ဖြေလွှတ်ခံရကြောင်း ပြောရန်သာဖြစ်ပြီး လူသည် အပြစ်မရှိဘဲ ဖြစ်သွားခဲ့မည်ဖြစ်သည်။ ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဆုံးဖြတ်နိုင်သည် မဟုတ်လော။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့သည် ဘုရားသခင်ထံမှ နှုတ်ကပတ်တော်များဖြင့် ဖြစ်တည်လာခဲ့လျှင် ဤကိစ္စရပ်ကို ဘုရားသခင်က အဘယ်သို့ဖြစ်ပြီး မဖြေရှင်းနိုင်မည်နည်း။ အဘယ်ကြောင့် ဘုရားသခင်ကိုယ်တိုင် ကားစင်တင်သတ်ခံရရန် လိုအပ်ခဲ့သနည်း”ဟု ဆိုလျက် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆအချို့ အမြဲ ထားရှိကြသည်။ ဘုရားသခင်၏ အနန္တတန်ခိုးရှင် ဘက်ခြမ်းနှင့် သူ၏လက်တွေ့ကျသော ဘက်ခြမ်း နှစ်ခုလုံးက ဤနေရာတွင် အမှုပြုနေသည်။ သူ၏လက်တွေ့ကျသော ဘက်ခြမ်းနှင့် စပ်လျဉ်း၍ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ် သူ၏ သုံးနှစ်ခွဲ အသက်ရှင်ခြင်းတွင် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့ကာ အဆုံးတွင် ကားစင်တင်သတ်ခံခဲ့ရသည်။ အဆိုးရွားဆုံးသော ဆင်းရဲဒုက္ခကို သူ ခါးစည်းခံခဲ့ရသည်။ ထို့နောက် သူသည် သေခြင်းမှ ထမြောက်ခဲ့ပြီး သူ၏ ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့်ဆိုင်သော သွင်ပြင်လက္ခဏာ အလုပ်လုပ်နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် အရိပ်နိမိတ်တစ်ခုမျှ မပြုလုပ်ခဲ့၊ သို့မဟုတ် မည်သည့် အသွေးမျှ မသွန်းခဲ့၊ သို့မဟုတ် မိုးမရွာစေခဲ့သကဲ့သို့ ဤသည်မှာ အပြစ်ဖြေရာယဇ်ဖြစ်သည်ဟု မပြောခဲ့ပေ။ ထိုသို့သော အရာတစ်ခုမျှ သူ မလုပ်ဆောင်ခဲ့ဘဲ ထိုအစား လူသားမျိုးနွယ်က ဤလုပ်ဆောင်ချက်ကို သိရှိကြရန်အလို့ငှာ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံကာ ကားတိုင်တွင် သံမှိုရိုက်ခြင်းခံခဲ့သည်။ ဤလုပ်ဆောင်ချက်အားဖြင့် လူသားမျိုးနွယ်သည် ဘုရားသခင်က လူကို ဧကန်အမှန် ကယ်တင်ပြီးဖြစ်ကာ ဤသည်မှာ သက်သေဖြစ်ကြောင်းကို သိလာကြသည်။ မည်သည့် လူ့ဇာတိခံခြင်းက အမှုတော်ကို ဆောင်ရွက်သည်ဖြစ်စေ သို့မဟုတ် ဝိညာဉ်တော်က အမှုတော်ကို တိုက်ရိုက် လုပ်ဆောင်သည်ဖြစ်စေ အားလုံး လိုအပ်သည်။ ဤသည်မှာ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းအားဖြင့်၊ အမှုတော်ကို တန်ဖိုးအရှိဆုံးနှင့် အရေးအပါဆုံး ဖြစ်သွားစေသည့် သဘောဖြစ်ပြီး အမှုအရာများကို ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ လူသားမျိုးနွယ်သည် ယင်း၏ အကျိုးကျေးဇူးများကို ရိတ်သိမ်းနိုင်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်တစ်ခုလုံးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်မှန်းချက်ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ စာတန်နှင့် စစ်ပွဲဆင်နွဲရန်နှင့် သူ့ကို အရှက်ရစေရန်ဖြစ်ကြောင်း ယခင်က ပြောထားခဲ့သည်။ ပြီးလျှင် အမှန်တွင် ဤအရာသည် အဆုံး၌ လူအတွက် ကောင်းမွန်သည် မဟုတ်လော။ လူအတွက် ဤသည်မှာ ဂုဏ်ပြုရမည့်အရာ တစ်စုံတစ်ခုဖြစ်ပြီး တန်ဖိုးအရှိဆုံးနှင့် အရေးအပါဆုံးသောအရာ တစ်စုံတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ပြုရန် အလိုဆန္ဒရှိသောအရာတို့သည် ဘုရားသခင်အပေါ် သိနားလည်မှုတစ်ခုဖြင့် ဒုက္ခမှ လွတ်မြောက်လာပြီးဖြစ်သည့်လူများ၊ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရပြီးဖြစ်သည့်လူများနှင့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ဖြတ်သန်းလာရပြီး ဖြစ်သည့်လူများ ဖြစ်သည်။ ထို့ကြောင့် ဤအမှုတော်သည် ဤနည်းဖြင့် မုချ လုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်က သူ၏ အမှုတော်နှင့်ဆိုင်သော အဆင့်တိုင်းတွင် အသုံးပြုသည့် နည်းလမ်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်သည် လူသားမျိုးနွယ်၏ လိုအပ်ချက်များအပေါ် အခြေခံလေသည်။ ဘုရားသခင်၏ အမှုတော်မှာ မဆင်မခြင်လုပ်သော နည်းလမ်းများကို အသုံးပြုလျက် လုပ်ဆောင်ခြင်း သေချာပေါက် မဟုတ်ပေ။ သို့သော် လူတို့တွင် ရွေးချယ်မှုတစ်ခု ရှိကြပြီး မိမိတို့၏ကိုယ်ပိုင် အယူအဆများ ရှိကြသည်။ ယေရှု၏ ကားစင်တင်သတ်ခံရခြင်းနှင့် ပတ်သက်၍ လူတို့က “ဘုရားသခင် ကားစင်တင်သတ်ခံရခြင်းသည် ငါတို့နှင့် မည်သည့် ပတ်သက်မှု ရှိခဲ့သနည်း”ဟု တွေးကြသည်။ ဆက်စပ်မှုမရှိဟု ၎င်းတို့ တွေးထင်ကြသည်။ သို့သော် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ ကားစင်တင်သတ်ခံရဖို့ လိုအပ်ခဲ့သည်။ ကားစင်တင်သတ်ခံရခြင်းသည် ထိုအချိန်ကာလ၏ အဆိုးရွားဆုံး ဆင်းရဲဒုက္ခ ဖြစ်ခဲ့သည်။ ဝိညာဉ်တော်သည် ကားစင်တင်၍ အသတ်ခံခဲ့ရနိုင်မည်လော။ ဝိညာဉ်တော်သည် သွေးသွန်းကာ သေဆုံးဖို့မဆိုထားနှင့်၊ ကားစင်တင်သတ်ခံရနိုင်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ နိမိတ်လက္ခဏာပြခြင်းတစ်ခု ဖြစ်နိုင်မည်မဟုတ်။ လူ့ဇာတိခံယူခြင်းသည်သာ ကားစင်တင်သတ်ခံရနိုင်မည်။ ဤသည်မှာ အပြစ်ဖြေရာယဇ်၏ သက်သေ ဖြစ်သည်။ သူ၏ ဇာတိခန္ဓာသည် အပြစ်ရှိသော လူ့ဇာတိ ပုံသဏ္ဌာန်ကို ယူတင်ဝတ်ဆင်ကာ လူသားမျိုးနွယ်အတွက် ဆင်းရဲဒုက္ခကို ခံယူနိုင်ခဲ့သည်။ ဝိညာဉ်တော်သည် လူသားမျိုးနွယ်အတွက် ဆင်းရဲဒုက္ခခံနိုင်မည် မဟုတ်သကဲ့သို့ လူတို့၏ အပြစ်များအတွက် အပြစ်ဖြေပေးနိုင်မည် မဟုတ်ပေ။ ယေရှုသည် လူသားမျိုးနွယ်အတွက် ကားစင်တင်သတ်ခံခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏ လက်တွေ့ကျသော ဘက်ခြမ်းဖြစ်သည်။ ဘုရားသခင်က ဤအရာကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး လူတို့ကို ဤသို့ ချစ်နိုင်မည်ဖြစ်သော်လည်း လူသားများက မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးရှိသော ဘက်ခြမ်း ဖြစ်သည်။

ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းတွင် သူ၏ အနန္တတန်ခိုးရှင်ဖြစ်သည့် ဘက်အပြင် သူ၏ လက်တွေ့ကျသောသူ ဖြစ်သည့်ဘက် ပါဝင်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးမှာ သူ၏ အနှစ်သာရဖြစ်သကဲ့သို့ သူ၏ လက်တွေ့ကျမှုမှာလည်း သူ၏ အနှစ်သာရဖြစ်သည်။ ဤသွင်ပြင်လက္ခဏာနှစ်ခုကို ခွဲခြား၍မရနိုင်ပေ။ လုပ်ဆောင်ချက်များကို စစ်မှန်၊ လက်တွေကျသည့် ပုံစံတစ်ခုဖြင့် ဘုရားသခင်၏ လုပ်ဆောင်ခြင်းသည် သူ၏ လက်တွေ့ကျသော သွင်ပြင်လက္ခဏာ ဖြစ်ပြီး ဤနည်းဖြင့် သူ အမှုပြုနိုင်ခြင်းကလည်း သူ၏ အနန္တတန်ခိုးရှင်ဖြစ်သည့် သွင်ပြင်လက္ခဏာကို ပြလေသည်။ သင်က “ဘုရားသခင်သည် လက်တွေ့ကျသည့် နည်းလမ်းတစ်ခုဖြင့် အမှုပြုသောကြောင့် သူသည် လက်တွေ့ကျသည်၊ လက်တွေ့ကျသည့် ဘက်ခြမ်းသာ ရှိပြီး အနန္တတန်ခိုးရှိသည့် သွင်ပြင်လက္ခဏာ မရှိပါ”ဟု ပြော၍ မရပေ။ ယင်းကို သင် ပြောလျှင် စည်းမျဉ်းစည်းကမ်းတစ်ခု ဖြစ်လာလိမ့်မည်။ ဤသည်မှာ လက်တွေ့ကျသော ဘက်ခြမ်း ဖြစ်သော်လည်း အနန္တတန်ခိုးရှိသော သွင်ပြင်လက္ခဏာလည်း ရှိသည်။ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆို ဤသွင်ပြင်လက္ခဏာနှစ်ခုလုံးဖြစ်သည့် သူ၏ အနန္တတန်ခိုးနှင့် သူ၏ လက်တွေ့ကျခြင်းတို့ ပါရှိပြီး သူ၏ အနှစ်သာရအပေါ် အခြေခံ၍ အားလုံးကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုအရာသည် သူ၏ စိတ်သဘောထားနှင့်ဆိုင်သည့် ဖော်ပြချက်တစ်ခုဖြစ်သည့်အပြင် သူ၏ အနှစ်သာရ၊ သူ၏ ဖြစ်ခြင်းတို့၏ ထုတ်ဖော်ချက်တစ်ခုလည်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာဖြစ်ခဲ့သည်ဟု လူတို့ တွေးထင်ကြသော်လည်း သူ့ထံတွင် သူ၏ အမျက်ဒေါသနှင့် သူ၏ တရားစီရင်ခြင်း ရှိနေဆဲ ဖြစ်သည်။ ဖာရိရှဲများနှင့် ဂျူးလူမျိုးများအားလုံးအပေါ် ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာသည် သူ၏ အမျက်ဒေါသနှင့် ဖြောင့်မတ်ခြင်း ဖြစ်သည် မဟုတ်လော။ ကျေးဇူးတော်ခေတ်အတွင်း၌ ဘုရားသခင်သည် သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာသာ ဖြစ်ခဲ့ကြောင်း၊ သူ့ထံတွင် အခြေခံအားဖြင့် အမျက်ဒေါသ၊ တရားစီရင်ခြင်း သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာ မရှိခဲ့ကြောင်း သင် ပြော၍ မရပေ။ ဤအရာကို ပြောခြင်းက ဘုရားသခင်၏ အမှုတော်အပေါ် လူတို့၏ သိနားလည်မှု ကင်းမဲ့ခြင်းကို ပြသသည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ အမှုတော်သည် သူ၏ စိတ်သဘောထားနှင့်ဆိုင်သော ဖော်ပြချက်တစ်ခုသာ ဖြစ်သည်။ လူတို့ မြင်နိုင်ခဲ့သည့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှတိုင်းသည် သူကိုယ်တိုင်က ဘုရားသခင် ဖြစ်ကြောင်းနှင့် သူသည် အနန္တတန်ခိုးရှိကြောင်း သက်သေပြရန်၊ သူကိုယ်တိုင်တွင် ဘုရားသခင်၏ အနှစ်သာရရှိကြောင်း သက်သေပြရန် ဖြစ်သည်။ ဤလက်ရှိ အဆင့်အတောအတွင်းတွင်ရှိသော ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်က သူ့ထံတွင် သနားကရုဏာ သို့မဟုတ် ချစ်ခြင်းမေတ္တာမရှိဟု ဆိုလိုသလော။ မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို စာတစ်ကြောင်း သို့မဟုတ် ပြောဆိုချက်တစ်ခုမျှဖြင့်သာ သင် အကျဉ်းရုံးဖော်ပြလျှင် သင်သည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ပေသည်၊ မိုက်မဲပြီး မသိနားမလည်ဖြစ်ကာ ထိုအရာက ဘုရားသခင်ကို သင် မသိကြောင်း ပြသသည်။ လူအချို့က “ဘုရားသခင်ကို သိကျွမ်းခြင်းအကြောင်း သမ္မာတရားကို ကျွန်ုပ်တို့အား ပြောလော့၊ ထိုအရာကို အသေအချာ ရှင်းပြလော့”ဟု ဆိုကြသည်။ ဘုရားသခင်ကို သိသောလူတစ်ဦးက မည်သည့်အရာကို ပြောသင့်သနည်း။ ၎င်းတို့က “ဘုရားသခင်ကို သိခြင်းနှင့်ဆိုင်သော ကိစ္စရပ်သည် အလွန် နက်နဲသဖြင့် စာကြောင်းအနည်းငယ်ဖြင့် ကျွန်ုပ် အသေအချာ မရှင်းပြနိုင်ပါ။ ထိုအရာကို မည်သို့ ပြောဆိုသည်ဖြစ်စေ နားလည်လွယ်အောင် ကျွန်ုပ် မလုပ်နိုင်ပါ။ သင် အနှစ်ချုပ် သိရသရွေ့ လုံလောက်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို အကုန်အစင် လုံးဝ မသိနိုင်ပါ”ဟု ပြောကြလိမ့်မည်။ ဘုရားသခင်ကို မသိသည့် မာနထောင်လွှားသော လူတစ်ဦးက “သူသည် မည်သည့် ဘုရားမျိုးဖြစ်သည်ကို ကျွန်ုပ် သိသည်။ သူ့ကို ကျွန်ုပ် အမှန်တကယ် နားလည်သည်”ဟု ပြောလိမ့်မည်။ ဤသည်မှာ လေလုံးထွားခြင်း မဟုတ်လော။ ဤအရာကို ပြောသည့် မည်သူမဆိုသည် လွန်လွန်ကဲကဲ မာနထောင်လွှားပေသည်။ လူတို့က မတွေ့ကြုံသကဲ့သို့ အမှန်တရားအချို့ကို မမြင်ရသေးလျှင် ၎င်းတို့ အမှန်တကယ် မသိနိုင်သည့် သို့မဟုတ် မတွေ့ကြုံနိုင်သည့် အရာအချို့ ရှိသည်။ ထို့ကြောင့် ဘုရားသခင်ကို သိသောအသိသည် အတော်လေး စိတ်ကူးသက်သက်ဖြစ်သည်ဟု ၎င်းတို့ ခံစားကြလေသည်။ မသိသည့် လူများက ပြောဆိုချက်တစ်မျိုးကို ကြားကြသည်။ ထိုပြောဆိုချက်၏ ဆင်ခြင်တွေးခေါ်မှုစနစ်ကို ၎င်းတို့ နားလည်ကြသော်လည်း မသိကြပေ။ ထိုအရာကို သင် မသိရုံဖြင့် ထိုအရာသည် သမ္မာတရား မဟုတ်ဟု မဆိုလိုပေ။ ထိုအရာသည် အတွေ့အကြုံ မရှိသောသူတို့အတွက် စိတ်ကူးသက်သက် ဖြစ်ပုံရသော်လည်း အမှန်တွင် စိတ်ကူးသက်သက် မဟုတ်ပေ။ လူတစ်ဦးတွင် အမှန်တကယ် အတွေ့အကြုံရှိလျှင် ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော ဆက်စပ်အခြေအနေများနှင့် ယှဉ်ကြည့်နိုင်ကြလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို ကျင့်သုံးကာ လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်းဟူသည့် အရာဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက် အဓိပ္ပာယ်ကိုသာ နားထောင်သော်လည်း လက်တွေ့ကျသည့် သိနားလည်မှုမရှိလျှင် သမ္မာတရားကို နားလည်နိုင်သလော။ ယင်းတို့ကို သင် လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်ဖြစ်သည်။ သမ္မာတရားကို နားလည်ရန်မှာ လွယ်ကူသောအရာတစ်ခု မဟုတ်ပေ။

ဘုရားသခင်သည် ကျေးဇူးတော်ခေတ်တွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခဲ့သည်။ ဤသည်မှာ သူ၏ အနန္တတန်ခိုးရှိသော ဘက်ခြမ်းဖြစ်ပြီး သူ၏ အနန္တတန်ခိုးတွင် သူ၏ လက်တွေ့ကျသော အမှုတော်အားလုံး ပါဝင်သည်။ လူတို့ကို သိမ်းပိုက်ရန် သူ၏ အမှုတော်ကို လုပ်ဆောင်ခြင်းအားဖြင့် လူအားလုံးသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကာ သူ့ကို လက်ခံနိုင်ကြသည်။ လူတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် လက်တွေ့ကျခြင်းတို့အကြောင်းကို တစ်ခုနှင့်တစ်ခု သီးခြားစီ ပြောလျှင် ယင်းတို့ကို ၎င်းတို့ စေ့စေ့စပ်စပ် နားလည်နိုင်လိမ့်မည် မဟုတ်။ ဘုရားသခင်ကို သိရန် သူ၏ အနန္တတန်ခိုးနှင့် လက်တွေ့ကျခြင်းတို့၏ သွင်ပြင်လက္ခဏာနှစ်ခုနှင့်ဆိုင်သော သင်၏ အသိကို သင် ပေါင်းစပ်ရမည်။ ထိုအခါတွင်မှ ရလဒ်များကို သင် စွမ်းဆောင်ရရှိနိုင်သည်။ ဘုရားသခင်သည် အမှန်တကယ်ဖြစ်စွာနှင့် လက်တွေ့ကျစွာ အလုပ်လုပ်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို သမ္မာတရားအား ဖော်ပြခြင်းဖြင့် သန့်စင်ကာ ဖြေရှင်းလေသည်။ ပြီးလျှင် သူသည် လူများကိုလည်း တိုက်ရိုက် ဦးဆောင်နိုင်လေသည်။ ဤအရာများက ဘုရားသခင်၏ လက်တွေ့ကျသောဘက်ကို ပြသသည်။ ဘုရားသခင်သည် သူကိုယ်တိုင်၏ စိတ်သဘောထားနှင့် သူ၏ဖြစ်ခြင်းကို ဖော်ပြပြီး လူသားတို့ မလုပ်နိုင်သည့် အမှုတိုင်းကို သူ လုပ်ဆောင်နိုင်သည်။ ဤအရာတွင် သူ၏ အနန္တတန်ခိုးရှင်ဘက်ကို မြင်နိုင်ပေသည်။ ဘုရားသခင်သည် သူ ပြောဆိုသည့်အရာ ဖြစ်တည်လာစေဖို့ရန်၊ သူ၏ အမိန့်များ မြဲမြံစွာ ရပ်တည်ဖို့ရန်နှင့် သူပြောဆိုသည့်အရာ ဖြစ်မြောက်စေဖို့ရန် သြဇာအာဏာ ရှိလေသည်။ ဘုရားသခင် မိန့်ဆိုစဉ်တွင် သူ၏ အနန္တတန်ခိုးကို ထုတ်ဖော်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်၊ စာတန်ကို သူ့အား အစေခံမှုပေးဖို့ လမ်းကြောင်းပေးသည်၊ လူတို့ကို စစ်ကြောဖို့နှင့် စစ်ဆေးဖို့၊ ပြီးလျှင် ၎င်းတို့၏ စိတ်သဘောထားများကို သန့်စင်ကာ ပြောင်းလဲစေဖို့ ပတ်ဝန်းကျင်များကို စီစဉ်ပေးသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အနန္တတန်ခိုးရှင်ဖြစ်သည့်ဘက်နှင့်ဆိုင်သော သရုပ်သကန်များ ဖြစ်ကြသည်။ ဘုရားသခင်၏ အနှစ်သာရသည် အနန္တတန်ခိုးရှင်နှင့် လက်တွေ့ကျသောသူ နှစ်ခုစလုံးဖြစ်ပြီး ဤသွင်ပြင်လက္ခဏာရပ်နှစ်ခုသည် အချင်းချင်း ပြည့်စုံစေကြလေသည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် သူကိုယ်တိုင်၏ စိတ်သဘောထား ဖော်ပြချက်တစ်ခုဖြစ်ပြီး သူ၏ဖြစ်ခြင်းနှင့်ဆိုင်သော ထုတ်ဖော်ချက်တစ်ခု ဖြစ်သည်။ သူ၏ ဖြစ်ခြင်းတွင် သူ၏ အနန္တတန်ခိုး၊ သူ၏ ဖြောင့်မတ်ခြင်းနှင့် သူ၏ ဘုန်းအာနုဘော်တော်တို့ ပါဝင်လေသည်။ အစမှ အဆုံးထိ ဘုရားသခင်၏ အမှုတော်သည် သူ၏ ကိုယ်ပိုင် အနှစ်သာရနှင့်ဆိုင်သော ထုတ်ဖော်ချက်တစ်ခုနှင့် သူ၏ ဖြစ်ခြင်း၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ သူ၏ အနှစ်သာရတွင် သွင်ပြင်လက္ခဏာနှစ်ခု ရှိသည်။ တစ်ခုမှာ သူ၏ အနန္တတန်ခိုးနှင့်ဆိုင်သော သွင်ပြင်လက္ခဏာဖြစ်သည်။ အခြားတစ်ခုမှာ သူ၏ လက်တွေ့ကျခြင်းနှင့်ဆိုင်သော သွင်ပြင်လက္ခဏာ ဖြစ်သည်။ ဘုရားသခင့် အမှုတော်၏ မည်သည့် အဆင့်ကို သင် ကြည့်သည်ဖြစ်စေ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းတွင် ရှိသည့် ဤသွင်ပြင်လက္ခဏာနှစ်ခု ရှိသည်။ ဤသည်မှာ ဘုရားသခင်ကို သိနားလည်ခြင်းအတွက် လမ်းကြောင်းတစ်ခု ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။