ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကို သိခြင်းဖြစ်သည် (အပိုင်း သုံး)
ခြောက်ခုမြောက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားဖြစ်သည့် ဆိုးယုတ်ခြင်းကိုလည်း သင်တို့ သိကျွမ်းသင့်သည်။ ဧဝံဂေလိကို လူတို့ ဟောကြားသောအချိန်ဖြင့် အစပြုကြစို့။ လူအချို့သည် ဧဝံဂေလိဟောသောအခါတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြကြသည်။ ၎င်းတို့သည် စည်းမျဉ်းအတိုင်း တရားမဟောသကဲ့သို့ မည်သို့သောလူစားမျိုးက သမ္မာတရားကိုချစ်ပြီး လူ့သဘာဝကို ပိုင်ဆိုင်သည်ကိုလည်း ၎င်းတို့ မသိပေ။ ၎င်းတို့နှင့် ချက်ချင်းခင်မင်သွားသော၊ ၎င်းတို့နှစ်သက်ပြီး သင့်မြတ်သည့် ဆန့်ကျင်ဘက်လိင်အမျိုးအစားကိုသာ ရှာကြသည်။ ၎င်းတို့မနှစ်သက်သည့်၊ သို့မဟုတ် ၎င်းတို့နှင့် သင့်မြတ်ခြင်းမရှိသည့် သူများကို တရားမဟောပေ။ လူတစ်ယောက်က ဧဝံဂေလိ ဖြန့်ဝေခြင်းစည်းမျဉ်းများနှင့် ညီမညီက အရေးမကြီးပေ။ ၎င်းတို့ စိတ်ဝင်စားသောသူဖြစ်လျှင် ထိုသူကို ၎င်းတို့က လက်လျှော့မည်မဟုတ်ပေ။ ထိုသူသည် ဧဝံဂေလိ ဖြန့်ဝေခြင်း စည်းမျဉ်းများနှင့်မညီဟု အခြားလူများက ၎င်းတို့ကို ပြောကောင်းပြောနိုင်သည်။ သို့သော်လည်း ၎င်းတို့က ထိုသူကို မလျှော့တမ်း တရားဟောဆဲဖြစ်သည်။ ၎င်းတို့၏ အတွင်းတွင် ၎င်းတို့၏ လုပ်ရပ်များကို ထိန်းချုပ်နေသော စိတ်သဘောထားတစ်ခုရှိသည်။ ထိုစိတ်သဘောထားသည် ၎င်းတို့အား ဧဝံဂေလိဖြန့်ဝေခြင်းခေါင်းစဉ်အောက်တွင် ၎င်းတို့၏ ကာမရာဂစိတ်ပြင်းပြသော ဆန္ဒများကို ဖြည့်ဆည်းပြီး ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များကို ရရှိစေရန် လုပ်ဆောင်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့် ဘာမျှမထူးပေ။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် မှားယွင်းသည်ကိုလည်းကောင်း၊ ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သည်ကိုလည်းကောင်း ကောင်းစွာသိသောသူများပင်ရှိသည်။ သို့တိုင်အောင် ၎င်းတို့ မရပ်တန့်ပေ။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် ကာမရာဂစိတ်ပြင်းသော ဆန္ဒများအား ထုတ်ဖော်ပြခြင်းကိုသာ ကောက်ကျစ်ဆိုးယုတ်သည်ဟု မဖော်ပြသင့်ပေ။ ကောက်ကျစ်ဆိုးယုတ်မှု၏ နယ်ပယ်သည် အသွေးအသား တပ်မက်ခြင်းသက်သက်ထက်ပို၍ ကျယ်ပြန့်သည်။ စဉ်းစားကြည့်လော့။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ အခြား မည်သည့် သရုပ်သကန်များ ရှိသနည်း။ ယင်းသည် စိတ်သဘောထားတစ်ခုဖြစ်သောကြောင့် ပြုမူဆောင်ရွက်သည့် ပုံစံတစ်ခုထက်ပိုသည်။ ယင်းကို စိတ်သဘောထားအဖြစ် သတ်မှတ်ပေးသည့် မတူညီသော အခြေအနေများစွာ၊ သရုပ်သကန်များနှင့် ထုတ်ဖော်ပြမှုများစွာ ပါဝင်သည်။ (လောကီရေပန်းစားသော အရာများနောက်သို့လိုက်ခြင်း၊ လောကီရေပန်းစားမှုများနှင့်သက်ဆိုင်သော အရာများကို လက်မလွတ်ခြင်းတို့ ဖြစ်သည်။) ကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများကို လက်မလွတ်ခြင်းသည် အမျိုးအစားတစ်ခုဖြစ်သည်။ လောက၏ ဆိုးယုတ်သော ရေပန်းစားသည့်အရာများကို ဖက်တွယ်ထားခြင်း၊ ထိုအရာများနောက်သို့ လိုက်ခြင်း၊ ထိုအရာများအားစိတ်စွဲနေခြင်း၊ အလွန်စိတ်ထက်သန်စွာဖြင့် လိုက်စားခြင်းတို့ဖြစ်သည်။ သမ္မာတရားအား မည်သို့ မိတ်သဟာယပြုပါစေ၊ မည်သို့ ပြုပြင်ခြင်းခံရပါစေ ဤအရာများကို လုံးဝ လက်မလွတ်သောသူအချို့ရှိသည်။ အရူးအမူးစွဲလန်းသည်အထိပင် ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် ကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားသည့်အရာများနောက်သို့ လိုက်သောအခါတွင် ၎င်းတို့တွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိကြောင်းကို မည်သည့် သရုပ်သကန်များက ညွှန်ပြနေသနည်း။ ဤအရာများကို ၎င်းတို့ အဘယ်ကြောင့် ချစ်သနည်း။ ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုရှိစေသည့်၊ ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းသည့်၊ ၎င်းတို့၏ မက်မောမှုနှင့် ဆန္ဒများကို ဖြည့်ဆည်းသည့် ဤကောက်ကျစ်ဆိုးယုတ်သော လောကီ ရေပန်းစားမှုများတွင် မည်သည့်အရာပါဝင်သနည်း။ ဥပမာ ဆိုကြပါစို့။ ၎င်းတို့သည် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များကို နှစ်သက်သည်။ ဤနာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များက ဤစွဲလန်းမှုကို ဖြစ်စေပြီး ၎င်းတို့အား သူတို့နောက်လိုက်စေသည်မှာ မည်သည့်အရာဖြစ်သနည်း။ ယင်းသည် ဤလူတို့၏ ခံ့ညားဝင့်ထည်သောဟန်၊ ပင်ကိုအစွမ်းအစ၊ ရုပ်သွင်များနှင့် ထင်ရှားကျော်ကြားမှုဖြစ်သည့်အပြင် ၎င်းတို့ တောင့်တသည့် ခမ်းနားကြီးကျယ်သော ဘဝမျိုးလည်းဖြစ်သည်။ ၎င်းတို့ လိုက်စားသည့် ဤအရာများအားလုံးသည် ကောက်ကျစ်ဆိုးယုတ်သလော။ (ကောက်ကျစ်ဆိုးယုတ်ပါသည်။) ကောက်ကျစ်ဆိုးယုတ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ (ထိုအရာများသည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ဆန့်ကျင်ပြီး ဘုရားသခင် တောင်းဆိုသည့်အရာနှင့် မကိုက်ညီပါ။) ဤသည်မှာ အယူဝါဒဖြစ်သည်။ ဤနာမည်ကျော်ကြားသူများနှင့် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များကို စိစစ်ကြည့်လော့။ ၎င်းတို့၏ ဘဝနေမှုပုံစံ၊ ၎င်းတို့၏ ကိုယ်နှုတ်အမူအရာ၊ လူတိုင်းက မြတ်နိုးကိုးကွယ်ကြသည့် လူအများရှေ့တွင် ဖော်ပြသော အကျင့်စရိုက်နှင့် ဝတ်စားဆင်ယင်မှုကိုပင် စိစစ်ကြည့်လော့။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့သောဘဝတစ်ခုကို နေထိုင်ကြသနည်း။ ၎င်းတို့နောက်သို့လိုက်ရန် အခြားလူများအား အဘယ်ကြောင့် လှုံ့ဆော်သနည်း။ ၎င်းတို့သည် ဤအရာအားလုံးတွင် များစွာ အားစိုက်ထုတ်ကြသည်။ ၎င်းတို့၏ ဤပုံရိပ်ကို ဖန်တီးရန်အတွက် မိတ်ကပ်ပညာရှင်များ၊ သီးသန့်အလှဖန်တီးရှင်များရှိကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့ကိုယ်တိုင်၏ ဤပုံရိပ်ကို ဖန်တီးရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အား ဆွဲဆောင်ရန်၊ လူတို့အား အထင်အမြင်မှားစေရန်၊ လူတို့အား ၎င်းတို့နောက်သို့လိုက်စေရန်၊ ဤအရာမှနေ၍ အကျိုးအမြတ်ရရှိရန်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဤနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များ၏ ကျော်ကြားမှု သို့မဟုတ် ၎င်းတို့၏ ရုပ်ရည် သို့မဟုတ် ၎င်းတို့၏ ဘဝကို ကိုးကွယ်သည်ဖြစ်စေ ဤအရာတို့သည် အမှန်ပင် မိုက်မဲပြီး အဓိပ္ပာယ်မရှိသော လုပ်ရပ်များဖြစ်သည်။ လူတစ်ယောက်သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်မည်ဆိုလျှင် သူသည် နတ်ဆိုးများကို အဘယ်သို့ ကိုးကွယ်မည်နည်း။ နတ်ဆိုးများသည် လူတို့အား အထင်အမြင်မှားစေသော၊ လှည့်စားကာ ထိခိုက်နစ်နာသောအရာများဖြစ်သည်။ နတ်ဆိုးများသည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ သမ္မာတရားကိုလည်း လုံးဝ လက်ခံခြင်းမရှိပေ။ နတ်ဆိုးအားလုံးသည် စာတန်နောက်သို့လိုက်ကြသည်။ နတ်ဆိုးများနှင့် စာတန်နောက်သို့လိုက်ပြီး ကိုးကွယ်ကြသောသူများ၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ တစ်နေ့တွင် ၎င်းတို့သည် နတ်ဆိုးဖြစ်လာပြီး ဤနတ်ဆိုးများနှင့် နာမည်ကျော်ကြားသူများကဲ့သို့ပင် လှပကာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိဖို့ရန် မျှော်လင့်ချက်ဖြင့် ဤနတ်ဆိုးများကို အတုယူလိုကြသည်။ ဤနတ်ဆိုးများအား စံအဖြစ်ထားလိုကြသည်။ ဤခံစားချက်အား ခံစားရသည်ကို ၎င်းတို့ နှစ်သက်သည်။ လူတစ်ဦးက နာမည်ကြီး၊ ထင်ပေါ်ကျော်ကြားသောမည်သည့် ပုဂ္ဂိုလ်ကို ကိုးကွယ်သည်ဖြစ်စေ ဤနာမည်ကြီးသူများ၏ အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင်မှာ အတူတူပင်ဖြစ်သည်။ လူတို့အား အထင်အမြင်မှားစေရန်၊ လူတို့အား ဆွဲဆောင်ရန်၊ လူတို့အား ၎င်းတို့ နောက်လိုက်ပြီး ကိုးကွယ်စေရန်ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုမဟုတ်လော။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်ပြီး အသိသာဆုံးပင်ဖြစ်သည်။
ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများသည် အခြားနည်းလမ်းဖြင့်လည်း ထင်ရှားသည်။ ဘုရားအိမ်တော်၌ စုဝေးခြင်းတွင် ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်း၊ သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းနှင့် မိမိကိုယ်ကို သိမြင်မှု၊ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်မှု၊ စည်းမျဉ်းများနှင့်အညီ မည်သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်အား မည်သို့ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရမည်၊ သမ္မာတရားအား မည်သို့နားလည်ပြီး လက်တွေ့လုပ်ဆောင်ရမည်ဆိုသည့်အရာများနှင့် သမ္မာတရား၏ အခြားရှုထောင့်အမျိုးမျိုးတို့ကို ဆွေးနွေးခြင်းများပါဝင်သည်ကို လူအချို့က သိသည်။ ၎င်းတို့သည် ဤနှစ်ကာလများတစ်လျှောက်တွင် နားထောင်ပြီးသည့်အခါ နားထောင်လေလေ၊ စိတ်ကုန်လေလေဖြစ်လာပြီး စတင်၍ စောဒကတက်ကာ “ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် ကောင်းချီးများရဖို့ မဟုတ်လော။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် အစဉ်သဖြင့် သမ္မာတရားအကြောင်းပြောပြီး ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့နေသနည်း။ ပြီးပါဦးမည်လော။ ကျွန်ုပ် ထိုအရာကို စိတ်ကုန်သည်” ဟု ပြောကြလေသည်။ သို့သော် ၎င်းတို့သည် လောကီကမ္ဘာသို့ မပြန်လိုကြပေ။ ၎င်းတို့က “ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် အလွန်ပျင်းရိဖွယ်ဖြစ်သည်။ ငြီးငွေ့စရာကောင်းသည်။ အနည်းငယ်ပို၍ စိတ်ဝင်စားဖွယ်ကောင်းစေရန် ငါ မည်သို့လုပ်နိုင်မည်နည်း။ စိတ်ဝင်စားဖွယ်တစ်ခုခုကို ငါရှာရမည်” ဟု မိမိတို့ဘာသာ စဉ်းစားကြသည်။ ဤသို့ဖြင့် ၎င်းတို့က “အသင်းတော်တွင် ဘုရားသခင်ကို ယုံကြည်သူမည်မျှရှိသနည်း။ ခေါင်းဆောင်နှင့် အမှုဆောင်မည်မျှရှိသနည်း။ လူမည်မျှကို အစားထိုးပြီးပြီနည်း။ လူငယ် တက္ကသိုလ်ကျောင်းသားများနှင့် ဘွဲ့ရကျောင်းသား မည်မျှရှိသနည်း။ အရေအတွက်ကို တစ်ယောက်ယောက် သိသလော” ဟူ၍ လှည့်လည်မေးမြန်းကြသည်။ ၎င်းတို့သည် ဤအရာများနှင့် ဤအချက်လက်ကို အမှန်တရားအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ “ကောက်ကျစ်ဆိုးညစ်မှု” အဖြစ် ညွှန်းဆိုလေ့ရှိသည်။ ၎င်းတို့သည် သမ္မာတရားများစွာကို ကြားပြီးဖြစ်သော်လည်း ထိုအရာများထဲမှ မည်သည့်အရာကမျှ ၎င်းတို့ကို လုံလောက်သော အရေးစိုက်မှု၊ သို့မဟုတ် အာရုံစိုက်မှုကို လှုံ့ဆော်မပေးခဲ့ပေ။ တစ်စုံတစ်ယောက်က အတင်းအဖျင်းစကား၊ သို့မဟုတ် အတွင်းရေးသတင်းများရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ နားရွက်များက ရုတ်ချည်းထောင်သွားပြီး ထိုသတင်းနှင့် လွဲသွားမည်ကို ၎င်းတို့ ကြောက်ကြသည်။ ဤသည်မှာ ဆိုးညစ်ခြင်းဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဆိုးညစ်သောလူများကို မည်သည့်အရာက သရုပ်ဖော်သနည်း။ ၎င်းတို့သည် သမ္မာတရားအား အနည်းငယ်မျှပင် စိတ်ဝင်စားမှုမရှိပေ။ ၎င်းတို့သည် ပြင်ပအမှုကိစ္စများကိုသာ စိတ်ဝင်စားကြသည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှု၊ သို့မဟုတ် သမ္မာတရားဖြင့် ဆက်စပ်မှုလုံးဝမရှိသည့် အတင်းအဖျင်းစကားများ၊ အကြောင်းအရာများကို မမောနိုင်မပန်းနိုင်၊ လောဘကြီးစွာဖြင့် ရှာဖွေကြသည်။ ဤကိစ္စကိုလည်းကောင်း၊ ဤသတင်းအချက်အလက်အားလုံးကိုလည်းကောင်း အဖြေရှာခြင်းနှင့် ၎င်းတို့၏ ခေါင်းထဲတွင် ထားရှိခြင်းတို့သည် သမ္မာတရား လက်တွေ့ကျမှုကို ၎င်းတို့ ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အပြည့်အဝပင် ဘုရားအိမ်တော်သားများဖြစ်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို ဘုရားသခင်၏ သေချာပေါက် အသိအမှတ်ပြုခြင်းခံရကာ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်နိုင်ခြင်းဖြစ်ကြောင်း တွေးထင်ကြလေသည်။ အမှန်တကယ်ပင် ဤသို့ဖြစ်သည်ဟု သင်တို့ ထင်ကြသလော။ (မထင်ပါ။) ဤအရာကို သင်တို့ ရိပ်စားမိနိုင်သော်လည်း ဘုရားသခင်အား ယုံကြည်သူအသစ်များစွာက မရိပ်စားမိနိုင်ပေ။ ၎င်းတို့သည် ဤသတင်းအချက်အလက်ကို စွဲလန်းနေကြသည်။ ဤအရာများကို သိခြင်းက ၎င်းတို့အား ဘုရားအိမ်တော်သားများ ဖြစ်စေသည်ဟု တွေးထင်ကြသည်။ သို့သော် အမှန်တကယ်တွင် ဘုရားသခင်က ဤသို့သောသူများကို အစက်ဆုပ်ဆုံးဖြစ်သည်။ ၎င်းတို့သည် လူအားလုံးထဲတွင် အချည်းနှီးအဖြစ်ဆုံး၊ အပေါ်ယံအဆန်ဆုံး၊ မသိနားမလည်ဆုံးသောသူများဖြစ်သည်။ ဘုရားသခင်သည် လူတို့အား တရားစီရင်ခြင်း၊ သန့်စင်ခြင်းအမှုကို ပြုရန်အတွက် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူလာပြီးဖြစ်သည်။ ယင်း၏ အကျိုးသက်ရောက်မှုမှာ လူတို့အား အသက်အဖြစ် သမ္မာတရားကို ပေးအပ်ရန်ဖြစ်သည်။ သို့သော် လူတို့သည် ဘုရားနှုတ်ကပတ်တော်အား စားသောက်ခြင်းကို အာရုံမစိုက်ဘဲ အတင်းအဖျင်းစကားများကို သိရှိဖို့ အစဉ်ကြိုးစားပြီး အသင်းတော်၏ အတွင်းရေးကိစ္စများကို ပို၍ သိရှိရန် ကြိုးစားနေလျှင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားနေခြင်းဖြစ်သလော။ ၎င်းတို့သည် မှန်ကန်သောအလုပ်ကို လုပ်ဆောင်သောသူများဖြစ်သလော။ ငါ့အတွက်မူ ဤလူများသည် ကောက်ကျစ်ဆိုးယုတ်သူများဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ ဤသို့သောလူများကိုလည်း ဆိုးညစ်သည်ဟု ခေါ်ဆိုနိုင်သည်။ ၎င်းတို့သည် ကောလာဟလ အပေါ်တွင်သာ အာရုံစိုက်သည်။ ဤအရာက ၎င်းတို့၏ သိလိုစိတ်ပြင်းပြမှုကို ဖြည့်ဆည်းပေးသော်လည်း ၎င်းတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ ဤလူတို့သည် သမ္မာတရားကို လိုက်စားသောသူများဖြစ်ဖို့ မဆိုထားနှင့်။ ဘုရားသခင်အား အမှန်တကယ် ယုံကြည်သောသူများပင်မဟုတ်ပေ။ ၎င်းတို့သည် အတော့်ကို ရိုးရှင်းစွာပင် စာတန်၏ အစေခံများဖြစ်သည်။ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ရန် လာသောသူများဖြစ်သည်။ ထို့အပြင် ဘုရားသခင်အား အစဉ် ဆန်းစစ်ပြီး စုံစမ်းလေ့လာသောသူများသည် အဆင်းနီသောနဂါးကြီး၏ အစေခံများနှင့် လက်ပါးစေများဖြစ်သည်။ ဘုရားသခင်သည် အားလုံးထဲတွင် ဤလူများကို အမုန်းတီးဆုံး၊ အရွံရှာဆုံးဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် အဘယ်ကြောင့် ဘုရားသခင်ကို မကိုးစားသနည်း။ သင်သည် ဘုရားသခင်ကို ဆန်းစစ်ပြီး စုံစမ်းလေ့လာသောအခါ သမ္မာတရားကို ရှာဖွေနေခြင်းဖြစ်သလော။ သမ္မာတရားအား ရှာဖွေခြင်းသည် ခရစ်တော် မွေးဖွားသည့် မိသားစု၊ သို့မဟုတ် သူကြီးပြင်းသည့် ပတ်ဝန်းကျင်နှင့် ဆက်စပ်မှုတစ်ခုခုရှိသလော။ ဘုရားသခင်အား အနုကြည့်မှန်ပြောင်းအောက်တွင် အစဉ်ထားရှိနေသောသူများသည် စက်ဆုပ်ရွံရှာဖွယ်မဖြစ်သလော။ သင်သည် ခရစ်တော်၏ လူ့သဘာဝနှင့်သက်ဆိုင်သော အရာများနှင့်ပတ်သက်ပြီး အစဉ်သဖြင့် အယူအဆများရှိလျှင် သင်သည် ဘုရားနှုတ်ကပတ်တော်ကို သိကျွမ်းခြင်းအား လိုက်စားခြင်းဖြင့် ပို၍ အချိန်ကုန်ဆုံးသင့်သည်။ သမ္မာတရားအား သင်နားလည်သောအခါမှသာ သင့်အယူအဆများ၏ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ ခရစ်တော်၏ မိသားစုနောက်ခံ၊ သို့မဟုတ် သူ၏ မွေးဖွားမှု အခြေအနေများကို ဆန်းစစ်ခြင်းသည် သင့်အား ဘုရားသခင်ကို သိခွင့်ပေးသလော။ ဤအရာက သင့်အား ခရစ်တော်၏ ဘုရားဖြစ်သော အနှစ်သာရကို ရှာဖွေတွေ့ရှိခွင့်ပေးသလော။ လုံးဝ မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံကြသည်။ ဤအရာသည်သာ ခရစ်တော်၏ ဘုရားဖြစ်သော အနှစ်သာရကို သိမြင်ဖို့အတွက် အထောက်အကူဖြစ်သည်။ သို့သော် ဘုရားသခင်အား စဉ်ဆက်မပြတ် လေ့လာသောသူတို့သည် အဘယ်ကြောင့် ဆိုးညစ်ခြင်းကို စဉ်ဆက်မပြတ် ပါဝင်လုပ်ဆောင်နေကြသနည်း။ ဝိညာဉ်ရေးရာ သိနားလည်မှုကင်းမဲ့သော ဤအမှိုက်သရိုက်ဆန်သော သူများသည် ဘုရားအိမ်တော်မှ အမြန်ထွက်သွားသင့်သည်။ သမ္မာတရားများစွာကို ဖော်ပြပြီးဖြစ်သည်။ စုဝေးပွဲများနှင့် တရားဒေသနာများတွင် များစွာ မိတ်သဟာယပြုပြီးဖြစ်သည်။ သင်သည် အဘယ်ကြောင့် ဘုရားသခင်ကို လေ့လာရဦးမည်နည်း။ သင်သည် ဘုရားသခင်အား အစဉ် လေ့လာနေခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် အလွန်အမင်း ဆိုးယုတ်သည်ဟု ဆိုလိုပေသည်။ ထို့အပြင် ဤအသေးအဖွဲ အချက်အလက်များကို သိရခြင်းသည် ၎င်းတို့ကို အရင်းအနှီးပေးသည်ဟု ထင်သောသူများပင်ရှိသည်။ ပြီးလျှင် ၎င်းတို့သည် လှည့်လည်၍ လူတို့အား ထုတ်ကြွားကြသည်။ အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်သနည်း။ ၎င်းတို့သည် ဘုရားသခင်အတွက် လွန်စွာမနှစ်မြို့စရာဖြစ်ပြီး ရွံရှာဖွယ်ဖြစ်သည်။ ၎င်းတို့သည် လူသားပင် ဖြစ်ကြသလော။ အသက်ရှင်နေသော မကောင်းဆိုးဝါးများမဟုတ်လော။ ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သူများဖြစ်ကြသနည်း။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး မရိုးဖြောင့်သောလမ်းအပေါ် ၎င်းတို့၏ အတွေးများအားလုံးကို နစ်မြုပ်ထားကြသည်။ ယင်းမှာ ကောလာဟလများကို ၎င်းတို့ သိလေလေ၊ ဘုရားအိမ်တော်သားတစ်ဦးဖြစ်လေလေ၊ သမ္မာတရားကို ၎င်းတို့နားလည်လေလေဟု ၎င်းတို့က ထင်နေသကဲ့သို့ပင်ဖြစ်သည်။ ဤသို့သောလူတို့သည် လုံးလုံးပင် အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့ထက်ပို၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူမရှိပေ။
လူအချို့သည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် လက်တွေ့မကျသောအရာများကို စဉ်ဆက်မပြတ် အာရုံစိုက်ကြသည်။ ဥပမာအနေဖြင့်၊ နိုင်ငံတော်သည် မည်သည့်အရာနှင့်တူသည်၊ တတိယကောင်းကင်ဘုံက မည်သည့်နေရာတွင်ရှိသည်၊ မရဏနိုင်ငံသည် မည်သည့်အရာနှင့်တူသည်၊ ငရဲက မည်သည့်နေရာတွင်ရှိသည်ဆိုသည်တို့ကို လူအချို့က အစဉ် ဆန်းစစ်နေကြသည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှုကို အာရုံစိုက်ရမည့်အစား နက်နဲသောအရာများကို အစဉ် ဆန်းစစ်နေကြသည်။ ဤသည်မှာ ဆိုးညစ်ခြင်းဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ တရားဒေသနာနှင့် မိတ်သဟာယမည်မျှကို ၎င်းတို့ ကြားသည်ဖြစ်စေ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို နားမလည်သေးသကဲ့သို့ ထိုသမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကိုလည်း မသိသောသူများရှိသည်။ ၎င်းတို့သည် အချိန်ရသောအခါတိုင်းတွင် ဘုရားနှုတ်ကပတ်တော်ကို စုံစမ်းစစ်ဆေးကြသည်။ စကားအသုံးအနှုန်းကို လေ့လာကြသည်။ ခံစားချက်တစ်မျိုးမျိုးကို ရှာကြသည်။ ဘုရားနှုတ်ကပတ်တော်များ ပြည့်စုံခြင်းရှိမရှိကိုလည်း အစဉ် စိစစ်နေကြသည်။ ပြည့်စုံလျှင် ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြပြီး၊ မပြည့်စုံလျှင် ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်ကို ငြင်းဆန်ကြသည်။ ၎င်းတို့သည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဤသည်မှာ ဆိုးညစ်ခြင်းမဟုတ်သလော။ လူတို့သည် ဘုရားနှုတ်ကပတ်တော် ပြည့်စုံသည့်အချိန်ကို အစဉ်အမြဲ မြင်တွေ့နိုင်သလော။ လူတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်အချို့ ပြည့်စုံသည့်အချိန်ကို မလွဲမသွေမြင်နိုင်ခြင်းမျိုး မရှိပေ။ လူတို့အတွက်မူ ဘုရားနှုတ်ကပတ်တော်အချို့သည် ပြည့်စုံပြီးဖြစ်သည်ဟု မထင်ရသော်လည်း ဘုရားသခင်အတွက်မူ ပြည့်စုံပြီးဖြစ်သည်။ လူတို့သည် ဤအရာများကို ရှင်းလင်းစွာ မြင်ဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် ၂၀ ရာခိုင်နှုန်းကိုပင် သဘောပေါက်နားလည်နိုင်လျှင် ကံကောင်းသည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်ကို လေ့လာလျက်ဖြင့် တစ်ချိန်လုံး အချိန်ကုန်ဆုံးသော်လည်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ခြင်းကို အရေးမစိုက်ပေ။ ဤသည်မှာ မိမိ၏ သင့်လျော်သော တာဝန်များကို လျစ်လျူရှုခြင်းမဟုတ်လော။ ၎င်းတို့သည် သမ္မာတရားများစွာကို ကြားပြီးသည့်တိုင်အောင် နားမလည်သေးပေ။ ပြီးလျှင် ၎င်းတို့သည် ပရောဖက်ပြုချက်များ ပြီးပြည့်စုံခြင်း၏ သက်သေကို စဉ်ဆက်မပြတ် ရှာဖွေနေကြပြီး ဤအရာကို ၎င်းတို့၏ အသက်နှင့် စိတ်လှုံ့ဆော်မှုအဖြစ် မှတ်ယူနေကြသည်။ ဥပမာအားဖြင့် လူအချို့သည် ဆုတောင်းသောအခါ “ဘုရားသခင် ကိုယ်တော်သည် ဤအရာကို ကျွန်ုပ်အား လုပ်ဆောင်စေလိုလျှင် ကျွန်ုပ်အား မနက်ဖြန်မနက် ခြောက်နာရီတွင် နိုးထစေပါ။ ကိုယ်တော်က မလုပ်ဆောင်စေလျှင် ကျွန်ုပ်အား ခုနစ်နာရီအထိ အိပ်ခွင့်ပြုပါ” ဟူသကဲ့သို့သော အရာများကို ပြောသည်။ ဤသည်မှာ မကြာခဏပင် ၎င်းတို့ ပြုမူဆောင်ရွက်သည့် ပုံစံဖြစ်သည်။ ဤအရာကို ၎င်းတို့၏ စည်းမျဉ်းအဖြစ် အသုံးပြုပြီး ယင်းကို သမ္မာတရားဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်သည်။ ဤအရာကို ဆိုးညစ်ခြင်းဟု ခေါ်သည်။ ၎င်းတို့၏ လုပ်ရပ်များတွင် ၎င်းတို့သည် အစဉ်သဖြင့် ခံစားချက်များကို အမှီပြုသည်။ သဘာဝလွန်များကို အာရုံစိုက်ပြီး ကောလာဟလနှင့် အခြားလက်တွေ့မကျသောအရာများကို အမှီပြုသည်။ ၎င်းတို့သည် ဆိုးညစ်သောအရာများအပေါ် ၎င်းတို့၏ အားအင်ကို စဉ်ဆက်မပြတ် စိုက်ထုတ်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ သင်သည် သမ္မာတရားကို ၎င်းတို့နှင့် မည်သို့ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့က သမ္မာတရားသည် အသုံးမဝင်၊ ခံစားချက်များကို အမှီပြုခြင်း၊ သို့မဟုတ် နှိုင်းယှဉ်ကြည့်ခြင်းမှတစ်ဆင့် အတည်ပြုခြင်းလောက် တိကျမှုမရှိဟု ထင်ကြသည်။ ဤသည်မှာ ဆိုးညစ်ခြင်းဖြစ်သည်။ ဘုရားသခင်က လူတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်သည်ဟု ၎င်းတို့က မယုံကြည်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်း အသိအမှတ်ပြုသည်ဟု ဆိုသော်လည်း ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို လက်မခံသေးပေ။ ၎င်းတို့သည် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် လုံးဝ မကြည့်ရှုပေ။ လူသိများသောသူတစ်ယောက်က တစ်စုံတစ်ခုကို ပြောလျှင် ယင်းသည် သမ္မာတရားဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ပြီး ထိုအရာအတိုင်း လိုက်လုပ်ဆောင်သည်။ ဗေဒင်ဆရာ၊ သို့မဟုတ် လက္ခဏာဆရာတစ်ယောက်က ၎င်းတို့သည် နောက်နှစ်တွင် ရာထူးတိုးပြီး မန်နေဂျာဖြစ်မည်ဟု ဆိုလျှင် ၎င်းတို့က ယုံကြည်သည်။ ဤသည်မှာ ဆိုးညစ်ခြင်းမဟုတ်လော။ ၎င်းတို့သည် ဂမ္ဘီရ၊ ဗေဒင်ဟောပြောခြင်း၊ သဘာဝလွန် အမှုအရာများနှင့် ဤဆိုးညစ်သောအရာများကိုသာ ယုံကြည်သည်။ လူအချို့က “ငါသည် သမ္မာတရားအားလုံးကို နားလည်သည်။ သို့သော် လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာရှိသည်။ ပြဿနာက မည်သည့်အရာဖြစ်သည်ကို ငါမသိ” ဟု ပြောသကဲ့သို့ဖြစ်သည်။ ယခုတွင် ဤမေးခွန်းအတွက် ငါတို့တွင် အဖြေရှိသည်။ ၎င်းတို့သည် ဆိုးညစ်ကြ၏။ ထိုသို့သောသူများကို သမ္မာတရားအား သင် မည်သို့မိတ်သဟာယဖွဲ့သည်မှာ အရေးမကြီးပေ။ ၎င်းတို့ နားဝင်မည်မဟုတ်သကဲ့သို့ မည်သည့်သက်ရောက်မှုကိုမျှ သင် တွေ့ရလိမ့်မည်မဟုတ်ပေ။ ဤလူတို့သည် သမ္မာတရားကို မနှစ်သက်ရုံသာမကဘဲ ဆိုးယုတ်သော စိတ်သဘောထားကိုလည်း ပိုင်ဆိုင်ကြသည်။ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်း၏ အရေးကြီးဆုံးသော သရုပ်သကန်မှာ အဘယ်နည်း။ လူတစ်ယောက်က သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသူသည် သမ္မာတရားကို မကြားလိုပေ။ သမ္မာတရားကို အာခံပြီး သဘောမကျပေ။ သမ္မာတရားက မှန်ကန်ပြီး ကောင်းမွန်သည်ကို သိသော်လည်း လက်တွေ့မလုပ်ဆောင်ပေ။ ထိုသူသည် ဆုံးရှုံးမှုတစ်ခုခုကို ခံစားဖို့မဆိုထားနှင့်။ ဤလမ်းကြောင်းကိုပင် လျှောက်လှမ်းလိုစိတ်မရှိသကဲ့သို့ ဒုက္ခခံလိုခြင်း၊ အဖိုးအခပေးဆပ်လိုခြင်းလည်းမရှိပေ။ ကောက်ကျစ်ဆိုးယုတ်သောသူများမှာ ဤသို့မဟုတ်ပေ။ ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သောအရာများသည် သမ္မာတရားဖြစ်သည်၊ မှန်သောလမ်းဖြစ်သည်ဟု ထင်မြင်ပြီး ဤအရာများနောက်သို့လိုက်ကြသည်။ အတုယူဖို့ ကြိုးစားကြသည်။ ပြီးလျှင် ထိုအရာများအပေါ် ၎င်းတို့၏ အားအင်ကို စဉ်ဆက်မပြတ် စိုက်ထုတ်ကြလေသည်။ ဘုရားအိမ်တော်သည် ဆုတောင်းခြင်း စည်းမျဉ်းများကို မကြာခဏ မိတ်သဟာယဖွဲ့သည်။ လူတို့အနေဖြင့် အချိန်ကန့်သတ်ချက်လုံးဝမရှိဘဲ ၎င်းတို့ ဆန္ဒရှိသည့် မည်သည့်အချိန်တွင်မဆို၊ မည်သည့်နေရာတွင်မဆို ဆုတောင်းနိုင်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ရှေ့သို့လာရန်၊ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောစကားကို ပြောရန်၊ သမ္မာတရားကို ရှာဖွေရန်သာ လိုအပ်သည်။ ဤစကားများကို မကြာခဏ ကြားသင့်ပြီး အလွယ်တကူ နားလည်သင့်သည်။ သို့သော် ကောက်ကျစ်ဆိုးယုတ်သောလူများက ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်သနည်း။ အရုဏ်ဦး ကျေးငှက်တွန်သံအချိန်ကာလဖြစ်သော မနက်ခင်းတိုင်းတွင် ၎င်းတို့သည် တောင်ဘက်သို့ မပျက်မကွက် မျက်နှာမူပြီး ဒူးနှစ်ဖက်လုံးထောက်ကာ လက်နှစ်ဖက်လုံးကို ကြမ်းပြင်ပေါ်သို့ချပြီး ဘုရားသခင်ရှေ့တွင် ၎င်းတို့ တတ်နိုင်သမျှ ဆုတောင်းလျက် ပျပ်ဝတ်ကြသည်။ ဤသို့သောအချိန်တွင်သာ ဘုရားသခင်က ၎င်းတို့၏ ဆုတောင်းသံကို ကြားနိုင်မည်၊ အဘယ်ကြောင့်ဆိုသော် ဤအချိန်သည် ဘုရားသခင် အလုပ်မရှုပ်သည့်အချိန်ဖြစ်သည်၊ သူ့အတွက်အချိန်ရှိသောကြောင့် သူ နားထောင်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ကောက်ကျစ်ဆိုးယုတ်ခြင်းမဟုတ်လော။ ဆုတောင်းရန် အထိရောက်ဆုံးအချိန်သည် ညတစ်နာရီ၊ နှစ်နာရီ၊ အားလုံး တိတ်ဆိတ်နေသောအချိန်တွင်ဖြစ်သည်ဟု ပြောသော အခြားလူများရှိသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြောသနည်း။ ၎င်းတို့တွင်လည်း ၎င်းတို့၏ အကြောင်းပြချက်များရှိကြသည်။ ထိုအချိန်တွင် လူတိုင်းက အိပ်ပျော်နေသည်၊ ဘုရားသခင် အလုပ်မရှုပ်သောအချိန်တွင်မှသာ ၎င်းတို့၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်အချိန်ရှိသည်ဟု ၎င်းတို့က ပြောကြသည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ သင်သည် ၎င်းတို့အား သမ္မာတရားကို မည်မျှ မိတ်သဟာယပြုပါစေ ၎င်းတို့က လက်ခံရန် ငြင်းဆန်သည်။ ၎င်းတို့သည် အဓိပ္ပာယ်မရှိဆုံးသောသူများဖြစ်ပြီး သမ္မာတရားအား နားလည်နိုင်စွမ်းမရှိပေ။ “လူတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သောအခါ ကောင်းသောအရာများကို လုပ်ဆောင်ပြီး ကြင်နာရမည်။ သတ်ဖြတ်ခြင်း၊ သို့မဟုတ် အသားစားခြင်းမရှိရပေ။ အသားစားခြင်းသည် သတ်ခြင်း၊ အပြစ်ပြုခြင်းဖြစ်ပြီး ဤသို့လုပ်ဆောင်သောသူများကို ဘုရားသခင် အလိုမရှိပါ” ဟူ၍ ပြောသော အခြားလူများရှိသည်။ ဤစကားများတွင် အခြေပြုချက်တစ်ခုခုရှိသလော။ ဘုရားသခင်သည် ထိုသို့သောအရာတစ်ခုခုကို ပြောခဲ့ဖူးသလော။ (မပြောခဲ့ဖူးပါ။) ဤသို့ဆိုလျှင် မည်သူက ပြောခဲ့သနည်း။ ဤအရာကို ဘာသာတရားမရှိသောသူတစ်ဦး၊ အဓိပ္ပာယ်မရှိသောသူမျိုးတစ်ယောက်က ပြောခဲ့ခြင်း ဖြစ်သည်။ အမှန်တွင် ဤအရာကို ပြောဆိုသောသူတို့သည် အသားကို သေချာပေါက်မစားခြင်းမျိုး မဟုတ်ပေ။ သို့မဟုတ် အခြားလူများရှေ့တွင် မစားခြင်းဖြစ်နိုင်ပြီး လူမမြင်ကွယ်ရာတွင် များစွာ စားသုံးခြင်းဖြစ်နိုင်သည်။ ဤလူတို့သည် ဟန်ဆောင်ရာတွင် အလွန်တော်ပြီး ၎င်းတို့သွားသည့်နေရာတိုင်းတွင် အတွေးမှားများကို ဖြန့်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်သည်။ ထိုသို့သောသူတို့သည် ဆိုးညစ်သည်။ ၎င်းတို့သည် ဤမိစ္ဆာဒိဋ္ဌိများနှင့် အတွေးမှားများကို ပညတ်များ၊ စည်းမျဉ်းစည်းကမ်းများအဖြစ် သတ်မှတ်ကြသည်။ ထိုအရာများကို သမ္မာတရားဖြစ်သည့်အလား သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ပြီး ဖက်တွယ်ထားကြကာ အခြားလူမျိုးကိုလည်း အလားတူလုပ်ဆောင်ဖို့ တက်ကြွစွာ၊ အရှက်မရှိစွာဖြင့် သင်ကြားပေးသည်။ ဤလူတို့၏ အမှုအရာများကို လုပ်ဆောင်သည့်နည်းလမ်း၊ အမှုအရာများကို ပြောဆိုသည့် ပုံစံ၊ လိုက်စားသည့်နည်းလမ်းများသည် ကောက်ကျစ်ဆိုးယုတ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ (ဤအရာများသည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိသောကြောင့်ဖြစ်သည်။) ဤသို့ဆိုလျှင် သမ္မာတရားနှင့် မဆက်စပ်သော အရာမှန်သမျှသည် ကောက်ကျစ်ဆိုးယုတ်သလော။ ထိုသို့သော သိနားလည်မှုသည် အလွန်ပင် ပြဿနာရှိသည်။ လူတို့၏ နေ့စဉ်အသက်တာတွင် သမ္မာတရားနှင့် မဆက်စပ်သောအရာများရှိသည်။ ထိုအရာများသည် ကောက်ကျစ်ဆိုးယုတ်သည်ဟု ဆိုခြင်းက အမှန်တရားကို လှည့်ပတ်ပြောဆိုခြင်းမဟုတ်လော။ ဘုရားသခင်က ရှုတ်ချခြင်းမရှိသည့်အရာကို ကောက်ကျစ်ဆိုးယုတ်သည်ဟု မဆိုနိုင်ပေ။ ဘုရားသခင်က ရှုတ်ချသည့်အရာကိုသာ ကောက်ကျစ်ဆိုးယုတ်သည်ဟု ဖော်ပြနိုင်သည်။ သမ္မာတရားနှင့် မဆက်စပ်သည့်အရာမှန်သမျှကို ကောက်ကျစ်ဆိုးယုတ်သည်ဟု အဓိပ္ပာယ်သတ်မှတ်လျှင် ကြီးမားသော အမှားတစ်ခုဖြစ်လိမ့်မည်။ ဘဝ၏ အသေးစိတ် မရှိမဖြစ်လိုအပ်သောအရာများ၊ ဥပမာ စားခြင်း၊ အိပ်ခြင်း၊ သောက်ခြင်း၊ အနားယူခြင်းတို့သည် သမ္မာတရားနှင့် ဆက်စပ်သလော။ ဤအရာများသည် ကောက်ကျစ်ဆိုးယုတ်သလော။ ဤအရာအားလုံးသည် သာမန်လိုအပ်ချက်များဖြစ်သည်။ လူတို့၏နေ့စဉ် နေထိုင်စားသောက်သည့် စနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုအရာများသည် မကောက်ကျစ်မဆိုးယုတ်ပေ။ ဤသို့ဆိုလျှင် ငါယခုပြောခဲ့သည့် လုပ်ရပ်များကို ကောက်ကျစ်ဆိုးယုတ်သည်ဟု အဘယ်ကြောင့် သတ်မှတ်သနည်း။ အဘယ်ကြောင့်ဆိုသော် အမှုအရာများကို ထိုသို့လုပ်ဆောင်သည့်ပုံစံများသည် လူတို့အား မှားယွင်းပြီး အဓိပ္ပာယ်မရှိသောလမ်းကြောင်းကို ပို့ဆောင်ပေးသောကြောင့်ဖြစ်သည်။ လူတို့အား ဘာသာရေးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည်။ ၎င်းတို့က ဤသို့ လက်တွေ့လုပ်ဆောင်ခြင်း၊ ဤသို့ လုပ်ဆောင်ရန် အခြားလူများကို သင်ကြားပေးခြင်းသည် လူတို့အား ကောက်ကျစ်ဆိုးယုတ်သော လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည်။ ဤသည်မှာ ရှောင်လွှဲ၍မရသော ရလဒ်ဖြစ်သည်။ လူတို့သည် ကောက်ကျစ်ဆိုးယုတ်သော လောကီရေပန်းစားမှုများကို ကိုးကွယ်ပြီး ကောက်ကျစ်ဆိုးယုတ်မှုလမ်းကြောင်းကို လျှောက်သောအခါ ၎င်းတို့သည် မည်သို့အဆုံးသတ်သနည်း။ ၎င်းတို့သည် အကျင့်ပျက်ပြားလာသည်။ ဆင်ခြင်တုံတရား ဆုံးရှုံးသည်။ အရှက်မရှိကြသကဲ့သို့ အဆုံးတွင် ၎င်းတို့သည် လောကီရေးပန်းစားမှုများကြောင့် လုံးဝ စိတ်မထိန်းနိုင်ဖြစ်ကြပြီး ပျက်စီးခြင်းထဲသို့ လျှောက်သွားကြသည်။ ဘာသာတရားမရှိသောသူများနှင့် မခြားနားပေ။ လူအချို့သည် ဤမိစ္ဆာဒိဋ္ဌိများနှင့် အတွေးမှားများကို လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ သို့မဟုတ် နာခံရမည့် ပညတ်ချက်များအဖြစ် မှတ်ယူရုံသာမကဘဲ သမ္မာတရားအဖြစ်လည်း ထိန်းသိမ်းထားကြသည်။ ဤသည်မှာ ဝိညာဉ်ရေး သိနားလည်မှု လုံးဝကင်းမဲ့သည့် အဓိပ္ပာယ်မရှိသောသူတစ်ယောက်ဖြစ်သည်။ အဆုံးတွင် ထိုသူသည် ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ သမ္မာတရားအပေါ် သဘောပေါက်နားလည်နိုင်စွမ်းက အလွန်ပုံပျက်နေသော မည်သူမဆို၌ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်နိုင်မည်လော။ (မလုပ်နိုင်ပါ။) ဤလူတို့တွင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်ပေ။ ယင်းအခြေအနေတွင် ဝိညာဉ်ဆိုးများက အလုပ်လုပ်သည်။ ဤလူများလျှောက်သည့် လမ်းကြောင်းသည် ကောက်ကျစ်ဆိုးယုတ်မှု လမ်းကြောင်းဖြစ်သောကြောင့် ၎င်းတို့သည် ဝိညာဉ်ဆိုးများ၏ လမ်းကြောင်းတစ်လျှောက်တွင် လျင်မြန်စွာ လှုပ်ရှားနေကြသည်။ ယင်းမှာ ဤဝိညာဉ်ဆိုးများက လိုအပ်သည့်အရာ အတိအကျပင်ဖြစ်သည်။ ရလဒ်မှာ အဘယ်သို့နည်း။ ဤလူများသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံရသည်။ ယခင်က “စာတန်မာရ်နတ်သည်၊ ဟိန်းသော ခြင်္သေ့ကဲ့သို့ နေရာအနှံ့ချောင်းမြောင်းလျက် လူတို့ကို မျိုဖို့ရန်အတွက် ရှာဖွေလျက်ရှိ၏” ဟူ၍ ငါဆိုခဲ့သည်။ လူတို့သည် ကွေ့ကောက်ပြီး ကောက်ကျစ်ဆိုးယုတ်သောလမ်းကြောင်းကို လျှောက်သောအခါ ၎င်းတို့သည် ဝိညာဉ်ဆိုးများ၏ လုယူသွားခြင်းကို မလွှဲမရှောင်သာ ခံရလိမ့်မည်။ ဘုရားသခင်အနေဖြင့် သင့်အား ဝိညာဉ်ဆိုးများထံသို့ ပေးအပ်ရန် မလိုအပ်ပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင် ကာကွယ်ခြင်းခံရလိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်က သင်နှင့်အတူရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်က သင့်အား မရယူနိုင်လျှင် သင့်ကို ဂရုစိုက်မည်မဟုတ်ပေ။ ဝိညာဉ်ဆိုးများက သင့်ထံသို့ လျှိုဝင်ပြီး ပူးကပ်ရန် ဤအခွင့်အရေးကို ယူလိမ့်မည်။ ဤသည်မှာ အကျိုးဆက်ဖြစ်သည်မဟုတ်လော။ သမ္မာတရားကို မနှစ်သက်သကဲ့သို့ ဘုရားသခင်၏ လူ့ဇာတိခံခြင်းအမှုကို စဉ်ဆက်မပြတ် ရှုတ်ချသော၊ လောကီရေပန်းစားသော အရာများနောက်သို့လိုက်သော၊ ဘုရားနှုတ်ကပတ်တော်နှင့် ကျမ်းစာကို ပြောင်ပြောင်တင်းတင်း အနက်ဖွင့်သော၊ မိစ္ဆာဒိဋ္ဌိများနှင့် အတွေးမှားများကို ဖြန့်သောသူအားလုံးတို့ လုပ်ဆောင်သော ဤအရာများအားလုံးသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူအချို့သည် ဝိညာဉ်ရေးရာပြည့်ဝခြင်းကို လိုက်စားသည်။ ပြီးလျှင် ၎င်းတို့၏ နားလည်မှုသည် ပုံပျက်နေသောကြောင့် လူတို့ကို အထင်အမြင်မှားစေရန်အတွက် အတွေးမှားများစွာကို လုပ်ဇာတ်ခင်းကြသည်။ ပြီးလျှင် ၎င်းတို့သည် စိတ်ကူးယဉ်သမားများ၊ သီအိုရီသမားများဖြစ်လာကြသည်။ ဤသည်မှာလည်း ဆိုးညစ်မှုကို ကျူးလွန်ခြင်းဖြစ်သည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သောလူများဖြစ်သည်။ ဖာရိရှဲများကဲ့သို့ပင် ၎င်းတို့လုပ်ဆောင်သမျှတိုင်းသည် သူတော်ကောင်းအယောင်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ လူတို့အား ၎င်းတို့ကို အထင်ကြီးလေးစားပြီး ကိုးကွယ်စေရန် လှည့်စားသည်။ သခင်ယေရှုက အမှုပြုရန် ပေါ်ထွန်းသောအခါတွင် ၎င်းတို့သည် သူ့ကိုပင် ကားစင်တင်ခဲ့ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပြီး အဆုံးတွင် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံခဲ့ရသည်။ ယခုအခါတွင် ဘာသာရေးလောကသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို ဝေဖန်အပြစ်တင်ပြီး ရှုတ်ချရုံသာမက စက်ဆုပ်ဖွယ်အကောင်းဆုံးသောအရာမှာ အဆင်းနီသော နဂါးကြီးဘက်တွင်လည်း ရပ်တည်ပြီး မကောင်းသော အင်အားစုများနှင့်ပူးပေါင်းကာ အတိုင်အဖောက်ညီညီဖြင့် ဘုရားသခင်ရွေးချယ်ထားသောသူများကို ဖိနှိပ်ပြီး ဘုရားသခင်၏ ရန်သူအဖြစ် ရပ်တည်ခြင်း ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည်။ ဘာသာရေးအသိုင်းအဝိုင်းသည် စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများကို မည်သည့်အခါမျှ မုန်းတီးခြင်းမရှိခဲ့ပေ။ အဆင်းနီသောနဂါးကြီး နိုင်ငံ၏ ကောက်ကျစ်ဆိုးယုတ်မှုကို မမုန်းတီးဘဲ ထိုအစား ၎င်းအတွက် ဆုတောင်းပြီး မေတ္တာပို့သသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည်။ စာတန်နှင့် ဝိညာဉ်ဆိုးများနှင့် ဆက်စပ်နေသော မည်သည့်အပြုအမူမဆိုကို စုပေါင်းပြီး ကောက်ကျစ်ဆိုးယုတ်သည်ဟု ခေါ်ဆိုနိုင်သည်။ အမှန်တကယ် သွေဖည်၊ ဆိုးယုတ်၊ အစွန်းရောက်ပြီး လွန်ကဲသည့် ဤသို့ လက်တွေ့လုပ်ဆောင်သည့်ပုံစံများဖြစ်သည့် ဤအရာများသည်လည်း ကောက်ကျစ်ဆိုးယုတ်ပေသည်။ လူအချို့သည် ဘုရားသခင်ကို စဉ်ဆက်မပြတ် နားလည်မှုလွဲကြသည်။ ၎င်းတို့အား သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့ပါစေ ဤနားလည်မှုလွဲခြင်းများကို ရှင်းလင်း၍မရနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျိုးကြောင်းပြဆိုမှုကို အစဉ်ဟောကြားကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အတွေးမှားများကို မပြတ်ပြောဆိုကြသည်။ ဤအရာတွင်လည်း ကောက်ကျစ်ဆိုးယုတ်မှု အနည်းငယ်ရှိသည်မဟုတ်လော။ လူအချို့သည် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများရှိကြသည်။ ၎င်းတို့ထံ သမ္မာတရားကို ကြိမ်ဖန်များစွာ မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့ နားလည်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ အယူအဆများက ရှင်းလင်းသွားသည်ဟူ၍လည်းကောင်း ဆိုကြသည်။ သို့တိုင်အောင် ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့၏ အယူအဆများကို ဖက်တွယ်နေဆဲဖြစ်သည်။ အစဉ်သဖြင့် အပျက်သဘောဆောင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်ဆင်ခြေများကို တင်းကျပ်စွာ ဖက်တွယ်ထားကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည်မဟုတ်လော။ ဤအရာသည်လည်း ကောက်ကျစ်ဆိုးယုတ်ခြင်းတစ်မျိုးဖြစ်သည်။ အနှစ်ချုပ်လျှင် ကျိုးကြောင်းမသင့်သည့် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီး သမ္မာတရားကို မည်မျှ မိတ်သဟာယဖွဲ့ပါစေ လက်ခံရန် ငြင်းဆန်သောသူသည် ဆိုးညစ်ပြီး အတော်အတန် ကောက်ကျစ်ဆိုးယုတ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသူများအတွက် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရရန် မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်သကဲ့သို့ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အတွေးမှားများကို လက်လွတ်ရန် ငြင်းဆန်သောကြောင့်ဖြစ်သည်။ အမှန်တကယ်ပင် ၎င်းတို့အတွက် လုပ်ဆောင်၍ရနိုင်သောအရာ တစ်ခုမျှမရှိပေ။
စုစုပေါင်း စိတ်သဘောထားခြောက်ခုကို ငါတို့ ယခု မိတ်သဟာယပြုပြီးဖြစ်သည်။ စိတ်နှလုံးခိုင်မာခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ သမ္မာတရားအား မနှစ်သက်ခြင်း၊ ဆိုးယုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ဖြစ်သည်။ ဤစိတ်သဘောထားခြောက်ခုကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းက သင်တို့အား စိတ်သဘောထားပြောင်းလဲမှုများနှင့်ပတ်သက်ပြီး အသစ်သော အသိပညာနှင့် နားလည်မှုကို ပေးပြီလော။ စိတ်သဘောထား ပြောင်းလဲမှုများမှာ အဘယ်အရာသာ ဖြစ်သနည်း။ ဤအရာက အပြစ်အနာအဆာတစ်ခုခုကို ဖယ်ရှားခြင်း၊ အပြုအမူတစ်ခုခုကို ပြုပြင်ခြင်း၊ သို့မဟုတ် စရိုက်လက္ခဏာတစ်ခုခုအား ပြောင်းလဲခြင်းကို ဆိုလိုသလော။ လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် ယခု သင်တို့သည် စိတ်သဘောထားက မည်သည့်အရာကို ညွှန်းဆိုသည်ကို အနည်းငယ်ပို၍ ရှင်းလင်းပြီလော။ ဤစိတ်သဘောထားခြောက်ခုကို လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဖြစ်၊ လူ၏ သဘာဝနှင့် အနှစ်သာရအဖြစ် ဖော်ပြ၍ရနိုင်သလော။ (ဖော်ပြနိုင်ပါသည်။) ဤစိတ်သဘောထားခြောက်ခုသည် အပြုသဘောဆောင်သောအရာများဖြစ်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သောအရာများဖြစ်သလော။ (အပျက်သဘောဆောင်သောအရာများဖြစ်သည်။) ၎င်းတို့သည် အလွန်ရိုးရှင်းစွာပင် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် အဓိက ရှုထောင့်များဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် ဘုရားသခင်နှင့် သမ္မာတရားအား ရန်မလိုသော စိတ်သဘောထားမရှိပေ။ ထိုစိတ်သဘောထားများထဲမှ မည်သည့်အရာကမျှ အပြုသဘောဆောင်သောအရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ဤစိတ်သဘောထားခြောက်ခုသည် လက္ခဏာသွင်ပြင် ခြောက်ခုဖြစ်သည်။ ယင်းတို့ကို စုပေါင်းပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဖြစ် ညွှန်းဆိုထားခြင်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူ၏ သဘာဝ အနှစ်သာရဖြစ်သည်။ “အနှစ်သာရ”ကို မည်သို့ ရှင်းပြ၍ရနိုင်သနည်း။ အနှစ်သာရသည် လူ၏ သဘာဝကို ရည်ညွှန်းသည်။ လူ၏ သဘာဝဆိုသည်မှာ လူက သူ၏ ဖြစ်တည်မှုအတွက် အမှီပြုသောအရာများ၊ သူနေထိုင်သည့်ပုံစံကို စိုးမိုးသောအရာများကို ဆိုလိုသည်။ လူတို့သည် ၎င်းတို့၏ သဘာဝများဖြင့် အသက်ရှင်ကြသည်။ သင်သည် မည်သည့်အရာကို အသက်ရှင်နေထိုင်သည်ဖြစ်စေ၊ သင်၏ ရည်မှန်းချက်ပန်းတိုင်များနှင့် ဦးတည်ချက်က မည်သည့်အရာဖြစ်စေ၊ မည်သည့်စည်းမျဉ်းများဖြင့် သင် အသက်ရှင်သည်ဖြစ်စေ သင်၏ သဘာဝ အနှစ်သာရက မပြောင်းလဲပေ။ ဤသည်မှာ မငြင်းနိုင်ပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို မပိုင်ဆိုင်သကဲ့သို့ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှီပြုပြီး အသက်ရှင်သည့်အခါ၊ သင်အသက်ရှင်နေထိုင်သည့် အရာရာတိုင်းက ဘုရားကို ဆန့်ကျင်လေသည်။ သမ္မာတရားနှင့် ကွဲလွဲပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီပေ။ သင်သည် ဤအရာကို ယခုနားလည်သင့်သည်။ လူတို့သည် ၎င်းတို့၏ စိတ်သဘောထား မပြောင်းလဲလျှင် ကယ်တင်ခြင်းကို ရယူနိုင်သလော။ (မရယူနိုင်ပါ။) ယင်းမှာ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် လူတို့၏ စိတ်သဘောထားများက မပြောင်းလဲလျှင် ၎င်းတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ယင်းသည် အလွန်အမင်း ခက်ခဲမည်ဖြစ်သည်။ ဤစိတ်သဘောထားခြောက်ခုနှင့် ပတ်သက်လာသည့်အခါ၊ မည်သည့် စိတ်သဘောထားဖြစ်စေ၊ သင့်တွင် မည်သည့်အရာ ပြသသည်၊ သို့မဟုတ် ဖွင့်ပြသည်ဆိုသည့် အတိုင်းအတာနှင့် မသက်ဆိုင်ဘဲ သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကန့်သတ်မှုများမှ သင့်ကိုယ်သင် မလွတ်မြောက်စေနိုင်လျှင် သင့်လုပ်ရပ်များ၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် ရည်မှန်းချက်များက မည်သည့်အရာဖြစ်စေ၊ သင်သည် တမင်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သင်လုပ်ဆောင်သည့်အရာအားလုံး၏ သဘာဝက ဘုရားသခင်ကို မလွဲမသွေ ဆန့်ကျင်နေလိမ့်မည်ဖြစ်ပြီးဘုရားသခင်၏ ရှုတ်ချခြင်းကို မလွဲမသွေ ခံရမည်။ ယင်းမှာ အလွန်အမင်း ဆိုးရွားသော အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်ရှုတ်ချခြင်းကို ခံရခြင်းသည် ဘုရားသခင်ကို ယုံကြည်သူတိုင်းက အဆုံးစွန် ဆန္ဒရှိသည့်အရာဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ လူတို့ ဆန္ဒရှိသည့် အဆုံးသတ် မဟုတ်သောကြောင့် ၎င်းတို့အတွက် လုပ်ဆောင်ရန် အရေးအကြီးဆုံးသောအရာမှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိသင့်သည်။ သမ္မာတရားကို နားလည်သင့်သည်။ ထို့နောက် သမ္မာတရားကို လက်ခံသင့်သည်။ ၎င်းတို့အတွက် ဘုရားသခင်က ဖန်တီးပေးသော အခင်းအကျင်းများတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တဖြည်းဖြည်းချင်း၊ နည်းနည်းချင်းစီဖြင့် ဖယ်ရှားသင့်သည်။ ဘုရားသခင်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း သဟဇာတဖြစ်ခြင်းကို ရယူသင့်သည်။ ဤသည်မှာ မိမိ၏ စိတ်သဘောထားပြောင်းလဲရန် လမ်းကြောင်းဖြစ်သည်။
ယခင်က မိမိတို့၏ စိတ်သဘောထားပြောင်းလဲခြင်းသည် အလွန်လွယ်ကူပြီး ရိုးရှင်းသည်ဟု ရှုမြင်သောသူများရှိသည်။ ၎င်းတို့က “ဘုရားသခင်အား ဆန့်ကျင်သည့်အရာများကို မပြောရန်၊ သို့မဟုတ် အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်မည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရန် ကိုယ့်ကိုယ်ကိုယ် မဖြစ်မနေခိုင်းစေသရွေ့၊ ငါသည် မှန်ကန်သော အမြင်ရှုထောင့်ရှိသရွေ့၊ ငါ၏ စိတ်နှလုံးသည် မှန်ကန်ပြီး၊ သမ္မာတရားကို အနည်းငယ်ပို၍ နားလည်ကာ ပို၍ အားစိုက်ထုတ်သရွေ့၊ ပို၍ ဆင်းရဲဒုက္ခခံပြီး ပို၍ အဖိုးအခပေးဆပ်သရွေ့ နှစ်အနည်းငယ်ကြာပြီးနောက်တွင် ငါသည် ငါ၏ စိတ်သဘောထားပြောင်းလဲမှုကို သေချာပေါက် ရရှိနိုင်လိမ့်မည်” ဟူ၍ ယုံကြည်ကြသည်။ ဤစကားများသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) ၎င်းတို့၏ အမှားသည် မည်သည့်နေရာတွင်ရှိသနည်း။ (၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမြင်မှုမရှိပါ။) မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ပြောင်းလဲရန်ဖြစ်သည်။) ဤပြောင်းလဲခြင်း၏ အဆုံးသတ်မှာ အဘယ်နည်း။ သမ္မာတရားကို ရရှိရန်ဖြစ်သည်။ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုရှိမရှိတိုင်းတာခြင်းသည် သင်၏ လုပ်ရပ်များက သမ္မာတရားနှင့် ကိုက်ညီမှုရှိသလော၊ သမ္မာတရားကို ချိုးဖောက်သလော၊ သင်၏ လုပ်ရပ်များသည် လူသား၏ စိတ်ဆန္ဒမှဖြစ်လာသလော၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းမှ ဖြစ်လာသလောဆိုသည်တို့ကို ကြည့်ရှုဖို့ လိုအပ်သည်။ သင်၏ စိတ်သဘောထား ပြောင်းလဲသည့် အတိုင်းအတာကို မြင်ရန်အတွက် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိကိုလည်းကောင်း၊ သင်၏ ဇာတိပကတိ၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ ဆန္ဒများကို စွန့်ပစ်နိုင်ခြင်းရှိမရှိကိုလည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို သင် ထုတ်ဖော်သောအခါ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကိုလည်းကောင်း ကြည့်ရမည် ဖြစ်သည်။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်နှင့်အညီ သင် လက်တွေ့လုပ်ဆောင်နိုင်သည့် အရည်အချင်း၏ အတိုင်းအတာနှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရား၏ စံနှုန်းများဖြင့် အပြည့်အဝ ကိုက်ညီခြင်းရှိမရှိဆိုသည်တို့က သင်၏ စိတ်သဘောထားပြောင်းလဲမှု မည်မျှကြီးမားသည်ဆိုသည်ကို သက်သေပြသည်။ ဤသည်မှာ ထပ်တူအချိုးကျသည်။ ဥပမာအားဖြင့် စိတ်နှလုံးခိုင်မာခြင်း စိတ်သဘောထားကို ကြည့်လော့။ အစတွင် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုခုမရှိသောအခါတွင် သင်သည် သမ္မာတရားကို နားမလည်သကဲ့သို့ သင့်တွင် စိတ်နှလုံးခိုင်မာသည့် စိတ်သဘောထားရှိသည်ကိုလည်း သတိမမူမိပေ။ သမ္မာတရားကို သင်ကြားသောအခါ “သမ္မာတရားသည် လူတို့၏ ဒဏ်ရာဒဏ်ချက်များကို အဘယ်သို့ ချပြနိုင်သနည်း”ဟု စဉ်းစားသည်။ ဘုရားနှုတ်ကပတ်တော်များကို သင်ကြားပြီးနောက်တွင် မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော် တစ်နှစ်၊ နှစ်နှစ်ကြာပြီးနောက်တွင် သင်သည် မည်သည့်အရာကိုမျှ နှလုံးမသွင်းလျှင်၊ မည်သည့်အရာကိုမျှ သင် လက်မခံလျှင် ဤသည်မှာ စိတ်နှလုံးခိုင်မာခြင်းမဟုတ်လော။ နှစ်နှစ်၊ သုံးနှစ်ကြာပြီးနောက် လက်ခံခြင်းမရှိလျှင်လည်းကောင်း၊ သင်၏ အတွင်းတွင် ရှိသော အခြေအနေတွင် ပြောင်းလဲခြင်းမရှိလျှင်လည်းကောင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နောက်ကျကျန်ခြင်း မရှိသကဲ့သို့ များစွာ ဒုက္ခခံပြီးဖြစ်သော်လည်း သင်၏ စိတ်နှလုံးခိုင်မာသော အခြေအနေကို လုံးဝ မဖြေရှင်းရသေးလျှင်လည်းကောင်း၊ သို့မဟုတ် အနည်းငယ်မျှပင် လျော့နည်းမသွားလျှင်လည်းကောင်း သင်၏ ဤစိတ်သဘောထား လက္ခဏာသွင်ပြင်တွင် ပြောင်းလဲမှုတစ်ခုခုရှိလေပြီလော။ (မရှိပါ။) ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် များစွာအလုပ်ရှုပ်ပြီး အလုပ်လုပ်နေသနည်း။ သင် ထိုသို့လုပ်ဆောင်သည့် အကြောင်းရင်းက မည်သည့်အရာဖြစ်စေ သင်သည် ဤမျှအလုပ်ရှုပ်ပြီး ဤမျှအလုပ်လုပ်နေသည့်တိုင် သင်၏ စိတ်သဘောထားတွင် အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိသောကြောင့် သင်သည် မမြင်မကန်းဖြင့် များစွာအလုပ်ရှုပ်ပြီး အလုပ်လုပ်နေခြင်းဖြစ်သည်။ “ငါသည် သက်သေခံချက် စကားတစ်ခွန်းမျှပင် မပြောနိုင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ငါ၏ အသက်စိတ်သဘောထားသည် လုံးဝ မပြောင်းလဲပါ” ဟု သင့်ကိုယ်သင် ရုတ်တရက် စဉ်းစားသည့် နေ့ရက်သို့ ရောက်လာသည်အထိဖြစ်သည်။ ဤအချိန်တွင် ဤပြဿနာက မည်မျှဆိုးရွားသည်ကို သင်ခံစားရပြီး သင်က “ငါသည် အမှန်ပင် ပုန်ကန်တတ်ပြီး စိတ်နှလုံးခိုင်မာသည်။ သမ္မာတရားကို လိုက်စားသောသူမဟုတ်ပါ။ ငါ၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်အတွက် နေရာမရှိပါ။ ဤအရာကို ဘုရားအပေါ် ယုံကြည်ခြင်းဟု အဘယ်သို့ဆိုနိုင်သနည်း။ ငါသည် ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ခဲ့သော်လည်း လူ၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိသေးသကဲ့သို့ ငါ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် နီးစပ်ခြင်းလည်း မရှိပေ။ ဘုရားနှုတ်ကပတ်တော်ကိုလည်း ငါ နှလုံးမသွင်းသေးသကဲ့သို့ အမှားတစ်ခုခုကို ငါ ပြုလုပ်သောအခါတွင် အပြစ်တင်သည့်စိတ်တစ်ခုခု၊ သို့မဟုတ် နောင်တရလိုသည့် စိတ်ဆန္ဒမရှိပါ။ ဤသည်မှာ စိတ်နှလုံးခိုင်မာခြင်းမဟုတ်လော။ ငါသည် ပုန်ကန်သည့် သားတစ်ယောက်မဟုတ်လော” ဟု တွေးမိသည်။ သင် စိတ်သောကရောက်သည်။ သင် စိတ်သောကရောက်သည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင် နောင်တရလိုသည်ဟု ဆိုလိုသည်။ သင်သည် သင်ကိုယ်တိုင်၏ စိတ်နှလုံးခိုင်မာခြင်းနှင့် ပုန်ကန်ခြင်းကို သတိပြုမိသည်။ ဤအချိန်တွင် သင်၏ စိတ်သဘောထားက စတင်ပြောင်းလဲလာသည်။ သင် သတိမထားမိလိုက်ဘဲ၊ သင်၏ အသိစိတ်အတွင်းတွင် သင်ပြောင်းလဲလိုသည့် အတွေးနှင့် ဆန္ဒအချို့ရှိလေသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင့်ကိုယ်သင် ထွက်ပေါက်မရှိသော အခြေအနေတွင်ရှိနေသည်ဟု မမြင်တော့ပေ။ သင်သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို တိုးတက်စေလိုသည်ကိုလည်းကောင်း၊ အလွန်ပင် ခေါင်းမာလိုခြင်းမရှိတော့သည်ကိုလည်းကောင်း၊ သင်၏ နေ့စဉ်အသက်တာတွင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လိုသည်ကိုလည်းကောင်း၊ သမ္မာတရား စည်းမျဉ်းများအဖြစ် လက်တွေ့လုပ်ဆောင်လိုသည်ကိုလည်းကောင်း သင့်ကိုယ်သင် တွေ့ရှိရသည်။ သင့်တွင် ဤအသိတရားရှိသည်။ သင်သည် ဤအရာများကို သတိပြုမိသည်မှာ ကောင်းသော်လည်း၊ ဤသည်မှာ သင်သည် ချက်ချင်း ပြောင်းလဲနိုင်လိမ့်မည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) သင်သည် အတွေ့အကြုံနှင့်ဆိုင်သည့် နှစ်ကာလအချို့ကို ဖြတ်သန်းရမည်။ ထိုအချိန်ကာလအတွင်းတွင် သင်၏ စိတ်နှလုံး၌ ပို၍ပင် ရှင်းလင်းသောအသိ ရှိလိမ့်မည်ဖြစ်ပြီး သင့်၌ ပြင်းထန်သော လိုအပ်ချက်တစ်ခုရှိလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် “ဤသည်မှာ မမှန်ကန်ပါ။ ငါသည် အချိန်ဖြုန်းခြင်းကို ရပ်တန့်ရမည်။ သမ္မာတရားကို လိုက်စားရမည်။ သင့်တင့်လျောက်ပတ်သောအရာတစ်ခုကို လုပ်ဆောင်ရမည်။ ယခင်က ငါ၏ သင့်လျော်သော တာဝန်များကို ငါလျစ်လျူရှုနေခဲ့ပြီး အစားအစာ၊ အဝတ်အစားကဲ့သို့သော ရုပ်ဝတ္ထုများကိုသာ စဉ်းစားနေခဲ့သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကိုသာ လိုက်စားနေခဲ့သည်။ ရလဒ်အနေဖြင့် သမ္မာတရားကို ငါ လုံးဝ မရရှိခဲ့ပါ။ ငါသည် ဤအရာကို နောင်တရသည်။ ဝန်ချရမည်ဖြစ်သည်” ဟု တွေးသည်။ ဤအချိန်တွင် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းပြီဖြစ်သည်။ လူတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို စတင် အာရုံစိုက်သရွေ့ ဤအရာက ၎င်းတို့အား ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲခြင်းနှင့် တစ်ဆင့်ပို၍ နီးစပ်စေသည်မဟုတ်လော။ ဘုရားသခင်ကို သင် ယုံကြည်သည်မှာ မည်မျှကြာသည်ဖြစ်စေ သင်ကိုယ်တိုင်၏ စိတ်ရှုပ်ထွေးမှုကို ခံစားသိရှိနိုင်လျှင်လည်းကောင်း၊ သင်သည် အစဉ်သဖြင့် လေလွင့်နေခြင်းသာရှိပြီး နှစ်အတန်ကြာ လေလွင့်နေပြီးနောက်တွင် သင်သည် မည်သည့်အရာမျှမရရှိဘဲ အနှစ်မဲ့ခြင်းကို ခံစားနေရဆဲဖြစ်သည်ဆိုသည်ကို သင် ခံစားသိရှိလျှင်လည်းကောင်း၊ ဤအရာကြောင့် သင်သည် သက်သောင့်သက်သာမရှိဘဲ သင့်ကိုယ်သင် စတင်၍ ဆင်ခြင်သုံးသပ်လျှင်လည်းကောင်း၊ သမ္မာတရားအား မလိုက်စားခြင်းသည် အချိန်ဖြုန်းတီးခြင်းဖြစ်သည်ဟု သင် ခံစားရလျှင်လည်းကောင်း ထိုသို့သောအချိန်တွင် ဘုရားသခင်၏ တိုက်တွန်းအားပေးသောစကားများသည် လူသားအတွက် သူ၏ ချစ်ခြင်းဖြစ်သည်ဟု သင် နားလည်သဘောပေါက်လိမ့်မည်။ ပြီးလျှင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို နားမထောင်ခြင်းအတွက်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား အလွန်ကင်းမဲ့သည့်အတွက် သင့်ကိုယ်သင် မုန်းတီးလိမ့်မည်။ သင်သည် နောင်တရလိမ့်မည်။ ထို့နောက်တွင် သင့်ကိုယ်သင် အသစ်တဖန် ပြုမူနေထိုင်လိုလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်လိုလိမ့်မည်။ “ငါသည် ဘုရားသခင်အား ဆက်နာကျင်စေ၍ မဖြစ်တော့ပါ။ ဘုရားသခင်သည် များစွာ ပြောဆိုခဲ့ပြီးဖြစ်သည်။ စကားလုံးတိုင်းက လူသား၏ အကျိုးအတွက်ဖြစ်ပြီး လူသားကို လမ်းမှန် ညွှန်ပြရန်ဖြစ်သည်။ ဘုရားသခင်သည် အလွန် ချစ်ဖွယ်ကောင်းပြီး၊ လူသား၏ ချစ်ခြင်းနှင့် အလွန်ထိုက်တန်သည်” ဟူ၍ သင့်ဘာသာ ပြောလိမ့်မည်။ ဤသည်မှာ လူတို့၏ ပြောင်းလဲခြင်း အစဖြစ်သည်။ ဤသို့ တန်ဖိုးထားခြင်းရှိသည်မှာ အလွန်ပင်ကောင်းသောအရာဖြစ်သည်။ သင်သည် ဤအရာများကိုပင် မသိအောင်ပင် အလွန်ထုံထိုင်းလျှင် သင်သည် ဒုက္ခရောက်ပြီမဟုတ်လော။ ယခုအခါ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အဓိကအချက်သည် ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုခြင်းဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားအားနားလည်ခြင်းသည် အားလုံးထဲတွင် အရေးကြီးဆုံးဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားကို နားလည်ခြင်းနှင့် မိမိကိုယ်ကို သိခြင်းသည် အလွန်အရေးပါသည်ကိုလည်းကောင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် သမ္မာတရားအား မိမိ၏ စစ်မှန်မှုဖြစ်စေခြင်းသည်သာလျှင် ဘုရားသခင်အပေါ် ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းဖြစ်သည်ကိုလည်းကောင်း လူတို့ သဘောပေါက်နားလည်ကြသည်။ ဤသို့ဆိုလျှင် သင်တို့၏ စိတ်နှလုံးတွင် ဤအသိပညာနှင့် ခံစားချက်ရှိရန်အတွက် အတွေ့အကြုံနှင့်ဆိုင်သော နှစ်ကာလမည်မျှရှိရမည်ဟု သင်တို့ ထင်သနည်း။ လိမ္မာပါးနပ်သော၊ အသိအမြင်ရှိသော၊ ဘုရားသခင်အတွက် ပြင်းထန်သော ဆန္ဒရှိသောလူတို့ကဲ့သို့သောသူများသည် တစ်နှစ်၊ နှစ်နှစ်ဝန်းကျင်တွင် မိမိတို့ကိုယ်ကို ပြောင်းလဲနိုင်ပြီး ဝင်ရောက်မှုကို စတင်ကောင်းစတင်နိုင်သည်။ သို့သော် နားဝေတိမ်တောင်ဖြစ်သော၊ ထုံထိုင်းပြီး နုံအကာအသိအမြင်မရှိသောသူများသည် တွေဝေလျက်ဖြင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ် ကုန်ဆုံးသွားမည်ဖြစ်ပြီး ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိသေးသည်ကို သတိပြုမိမည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို စိတ်ထက်သန်မှုဖြင့် ထမ်းဆောင်လျှင် ၎င်းတို့သည် တွေဝေလျက်ဖြင့် ဆယ်နှစ်ကျော်အထိ ကုန်ဆုံးသွားနိုင်ပြီး သိသာသော အကျိုးများကို မဖြစ်စေနိုင်သေး သို့မဟုတ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မပြောနိုင်ဘဲ ရှိနေနိုင်သေးသည်။ ၎င်းတို့သည် အဝေးသို့ စေလွှတ်ခြင်းခံရသည့်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အခါမှသာ နောက်ဆုံးတွင် နိုးထလာပြီး “ငါ့တွင် အမှန်တကယ်ပင် သမ္မာတရား စစ်မှန်မှုလုံးဝမရှိပါ။ ငါသည် အမှန်ပင် သမ္မာတရားကို လိုက်စားသူတစ်ယောက်မဟုတ်ခဲ့ပါ” ဟု မိမိကိုယ်ကို စဉ်းစားလိမ့်မည်။ ၎င်းတို့၏ နိုးထမှုသည် ဤအချိန်တွင် အနည်းငယ်နောက်ကျနေသည် မဟုတ်လော။ လူအချို့သည် တွေဝေလျက် လေလွင့်နေကြပြီး ဘုရားသခင် ကြွလာသည့်နေ့ကို စဉ်ဆက်မပြတ် မျှော်လင့်နေကြသော်လည်း သမ္မာတရားအား လုံးဝ မလိုက်စားကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်အကျိုးမျှ မရရှိဘဲ၊ သို့မဟုတ် မည်သည့်သက်သေခံချက်ကိုမျှ မမျှဝေနိုင်ဘဲ ဆယ်နှစ်ကျော်ကုန်ဆုံးသွားသည်။ ၎င်းတို့သည် ပြင်းထန်စွာ ပြုပြင်ခြင်းနှင့်သတိပေးခြင်းကို ခံရသောအခါမှသာ နောက်ဆုံး၌ ဘုရားနှုတ်ကပတ်တော်က ၎င်းတို့၏ စိတ်နှလုံးအား ထိုးဖောက်သည်ကို ခံစားရသည်။ ၎င်းတို့၏ စိတ်နှလုံးသည် မည်မျှ ခိုင်မာလိုက်လေသနည်း။ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်း၊ အပြစ်ဒဏ်ပေးခြင်းကို မခံရခြင်းသည် အဘယ်သို့ဖြစ်ပြီး အဆင်ပြေရသနည်း။ ၎င်းတို့အနေဖြင့် ပြင်းထန်စွာ ပဲ့ပြင်ဆုံးမမှု မခံရခြင်းသည် အဘယ်သို့ အဆင်ပြေနေရသနည်း။ ၎င်းတို့အား သတိမူမိစေရန်၊ တုံ့ပြန်မှုရှိစေရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ခေါင်းတလားကို မမြင်ရခင်အထိ မျက်ရည်ကျမည်မဟုတ်ပေ။ ၎င်းတို့သည် မကောင်းဆိုးဝါးဆန်ပြီး ဆိုးယုတ်သောအရာ အများအပြားကို လုပ်ဆောင်ပြီးသည့်အခါမှသာ အသိတရားဝင်လာကြပြီး “ဘုရားသခင်အပေါ် ငါ၏ ယုံကြည်မှုက ပြီးဆုံးသွားပြီလော။ ဘုရားသခင်က ငါ့အား အလိုမရှိတော့သလော။ ငါသည် ရှုတ်ချခြင်းခံရပြီးဖြစ်သလော” ဟူ၍ မိမိတို့ဘာသာ ပြောဆိုကြသည်။ ၎င်းတို့သည် စတင်ဆင်ခြင်သုံးသပ်လာကြသည်။ ၎င်းတို့ အပျက်သဘောဆောင်သောအချိန်တွင် ဘုရားသခင်အား ယုံကြည်ခဲ့သည့် ဤနှစ်များအားလုံးသည် အလဟဿဖြစ်သည်ဟု ခံစားရပြီး မကျေမချမ်းမှုဖြင့် ပြည့်နေကြသည်။ မိမိတို့ကိုယ်ကို မျှော်လင့်ချက်မရှိတော့ဟူ၍ လက်လျှော့ဖို့ ဆန္ဒရှိကြသည်။ သို့သော် ၎င်းတို့ အသိစိတ်ဝင်လာသောအခါ “ငါသည် ကိုယ့်ကိုယ်ကိုယ် ထိခိုက်နေခြင်းသာမဟုတ်လော။ ငါ ပြန်၍ ကြိုးစားရမည်။ ငါသည် သမ္မာတရားကို မချစ်ဟု အပြောခံရသည်။ အဘယ်ကြောင့် ဤသို့ အပြောခံရသနည်း။ သမ္မာတရားကိုငါအဘယ်သို့ မချစ်သနည်း။ အို မဟုတ်သေးပါ။ ငါသည် သမ္မာတရားကို မချစ်ရုံမကဘဲ ငါနားလည်သည့် သမ္မာတရားများကိုပင် လက်တွေ့မလုပ်ဆောင်နိုင်ပါ။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်” ဟူ၍ သဘောပေါက်လာသည်။ ဤသို့ စဉ်းစားလျက် ၎င်းတို့သည် အတော်အတန် နောင်တကြီးစွာရကြပြီး အတန်ငယ်ကြောက်ရွံ့ခြင်းလည်းရှိကြသည်။ “ငါသည် ဤသို့ဆက်လက် လုပ်ဆောင်နေလျှင် သေချာပေါက် အပြစ်ဒဏ်ပေးခြင်းခံရမည်။ မဖြစ်သေးပါ။ ငါ လျင်မြန်စွာ နောင်တရရမည်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှား၍မရပါ” ဟူ၍ ဖြစ်သည်။ ဤအချိန်တွင် ၎င်းတို့၏ စိတ်နှလုံးခိုင်မာခြင်းအဆင့်က လျော့ကျသွားသလော။ ယင်းမှာအပ်တစ်ချောင်းက ၎င်းတို့၏ နှလုံးကို ထိုးဖောက်သွားသကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို ခံစားရသည်။ သင်သည် ဤခံစားချက် ဖြစ်သောအခါ သင်၏ စိတ်နှလုံးသည် နှိုးဆွခြင်းခံရပြီး သမ္မာတရားကို စတင်စိတ်ဝင်စားလာသည်။ အဘယ်ကြောင့် ဤစိတ်ဝင်စားမှုရှိသနည်း။ သမ္မာတရားကို သင်လိုအပ်သောကြောင့်ဖြစ်သည်။ သမ္မာတရားမရှိလျှင် သင် ပြုပြင်ခြင်းခံရသောအခါ ကျိုးနွံနာခံနိုင်ခြင်းမရှိ၊ သို့မဟုတ် သမ္မာတရားကို လက်ခံနိုင်ခြင်းမရှိသကဲ့သို့ စမ်းသပ်ခြင်းခံရသောအခါ သင် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ သင်သည် ခေါင်းဆောင်ဖြစ်လာမည်ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်ဖြစ်ခြင်းနှင့် အန္တိခရစ်၏ လမ်းကြောင်းအား လျှောက်ခြင်းကို ရှောင်ကြဉ်နိုင်မည်လော။ ရှောင်ကြဉ်နိုင်မည်မဟုတ်ပေ။ သင်သည် အဆင့်အတန်းရှိခြင်း၊ အခြားလူများ၏ ချီးမွမ်းမှုကို ခံရခြင်းတို့အား ကျော်လွှားနိုင်သလော။ သင်နှင့်ပါရှိသည့် အခြေအနေများ သို့မဟုတ် စုံစမ်းသွေးဆောင်မှုများကို သင် အောင်မြင်ကျော်လွှားနိုင်သလော။ သင်သည် သင့်ကိုယ်သင် အလွန်ပင်သိပြီး နားလည်ကာ “ကျွန်ုပ်သည် သမ္မာတရားကို နားမလည်လျှင် ဤအရာအားလုံးကို မအောင်မြင်နိုင်ပါ။ ကျွန်ုပ်သည် အမှိုက်ဖြစ်သည်။ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ပါ” ဟု ပြောလိမ့်မည်။ ဤသည်မှာ မည်သည့် စိတ်နေစိတ်ထားမျိုးဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို လိုအပ်ခြင်းဖြစ်သည်။ သင်သည် လိုအပ်မှုရှိနေသောအခါတွင်၊ သင်သည် အကူအညီမဲ့ဆုံးဖြစ်နေသောအချိန်တွင် သမ္မာတရားကိုသာ မှီခိုအားထားချင်လိမ့်မည်။ အခြားမည်သူ့ကိုမျှ မှီခို၍ မရနိုင်သကဲ့သို့သမ္မာတရားကို မှီခိုခြင်းကသာ သင်၏ ပြဿနာများကို ဖြေရှင်းနိုင်ကြောင်း၊ ပြုပြင်ခြင်း၊ စမ်းသပ်ခြင်း၊ စုံစမ်းသွေးဆောင်ခြင်းတို့ကို ဖြတ်သန်းနိုင်ဖို့ရန် သင့်အား ကူညီပြီး မည်သည့်အခြေအနေကိုမဆို ဖြတ်သန်းနိုင်ရန် သင့်အား ကူညီပေးကြောင်းကို သင် ခံစားရလိမ့်မည်။ သမ္မာတရားအား သင် မှီခိုလေလေ၊ သမ္မာတရားသည် ကောင်းမွန်သည်၊ အသုံးဝင်သည်၊ သင့်အတွက် အလွန်ပင် အထောက်အကူဖြစ်သည်၊ သင်၏ အခက်အခဲအားလုံးကို ဖြေရှင်းနိုင်သည်ဟု ခံစားရလေလေဖြစ်လိမ့်မည်။ ထိုသို့သော အချိန်များတွင် သင်သည် သမ္မာတရားကို တမ်းတလာလိမ့်မည်။ လူတို့သည် ဤအခြေအနေသို့ ရောက်သွားသည့်အခါ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စတင်လျော့နည်းလာသလော၊ သို့မဟုတ် နည်းနည်းချင်း ပြောင်းလဲသလော။ သမ္မာတရားကို စတင်နားလည်ပြီး လက်ခံသည့်အချိန်မှစ၍ အမှုအရာများကို လူတို့မြင်သည့် ပုံစံသည် စတင်ပြောင်းလဲလာပြီး ထို့နောက်တွင် ၎င်းတို့၏ စိတ်သဘောထားသည်လည်း ပြောင်းလဲလာလေသည်။ ဤသည်မှာ နှေးကွေးသော ဖြစ်စဉ်ဖြစ်သည်။ အစောပိုင်းအဆင့်များတွင် လူတို့သည် ဤသေးငယ်သော အပြောင်းအလဲများကို မသိမြင်နိုင်ပေ။ သို့သော် ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ်နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သောအခါ မရှိမဖြစ်လိုအပ်သော အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာပြီး ထိုသို့သော အပြောင်းအလဲများကို ၎င်းတို့ ခံစားနိုင်ကြသည်။ လူတို့သည် သမ္မာတရားကို စတင်တောင့်တပြီး သမ္မာတရားကို ရရှိရန် ဆာငတ်ကာ သမ္မာတရားကို ရှာဖွေလိုသောအချိန်မှစ၍ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အချိန်အထိတိုင်၊ သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှုအရ၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ကြလေသည်။ ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း မလုပ်ဆောင်ဘဲနေနိုင်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များကို ကျော်လွှားနိုင်သည်။ ၎င်းတို့၏ ကိုယ်ပိုင် မာနထောင်လွှား၊ ပုန်ကန်တတ်သည့်၊ စိတ်နှလုံးခိုင်မာပြီး သစ္စာဖောက်တတ်သော စိတ်နှလုံးကို ကျော်လွှားနိုင်သည်။ ထို့နောက်တွင် ဖြည်းဖြည်းချင်းဖြင့် သမ္မာတရားသည် ၎င်းတို့၏ အသက်ဖြစ်သည် မဟုတ်လော။ သမ္မာတရားက သင်၏ အသက်ဖြစ်လာသောအခါ သင့်အတွင်းတွင်ရှိသော မာနထောင်လွှား၊ ပုန်ကန်တတ်သည့်၊ စိတ်နှလုံးခိုင်မာပြီး၊ သစ္စာဖောက်တတ်သော စိတ်သဘောထားများသည် သင်၏ အသက်ဖြစ်ခြင်းမှ ရပ်တန့်သွားပြီး သင့်အား မထိန်းချုပ်နိုင်တော့ပေ။ ပြီးလျှင် ဤအချိန်တွင် သင်၏ ကျင့်ကြံပြုမူမှုကို မည်သည့်အရာက ဦးဆောင်လမ်းပြသနည်း။ ဘုရားနှုတ်ကပတ်တော်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်က သင်၏ အသက်ဖြစ်လာသောအခါ ပြောင်းလဲမှုတစ်ခုရှိသလော။ (ရှိပါသည်။) ထို့နောက်တွင် သင်သည် ပြောင်းလဲလေလေ၊ အခြေအနေများက ကောင်းလာလေလေဖြစ်သည်။ ဤသည်မှာ လူတို့၏ စိတ်သဘောထားပြောင်းလဲသည့် ဖြစ်စဉ်ဖြစ်သည်။ ဤအကျိုးတရားကို စွမ်းဆောင်ရရှိခြင်းက အချိန်ကြာမြှင့်သည်။
စိတ်သဘောထားပြောင်းလဲခြင်းများက အချိန်မည်မျှကြာသည်ဆိုသည်မှာ လူအပေါ်တွင် မူတည်သည်။ ဤအတွက် ပုံသေသတ်မှတ်ထားသော အချိန်ကန့်သတ်ချက် မရှိပေ။ သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လိုက်စားသောသူတစ်ယောက်ဖြစ်လျှင် သူ၏ စိတ်သဘောထားပြောင်းလဲမှုများကို ခုနစ်နှစ်၊ ရှစ်နှစ်၊ သို့မဟုတ် ဆယ်နှစ်အတွင်း မြင်ရလိမ့်မည်။ သာမန်အစွမ်းအစရှိပြီး သမ္မာတရားကိုလည်း လိုက်စားလိုစိတ်ရှိလျှင် ဆယ်ငါးနှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ်ကြာပြီးမှသာ သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မြင်ရနိုင်သည်။ အဓိကအချက်မှာ သမ္မာတရားကို လိုက်စားရန် ထိုသူ၏ စိတ်ခိုင်မာမှုဖြစ်ပြီး သူသည် မည်မျှ အသိအမြင်ရှိသည်ဆိုသည်တို့ဖြစ်သည်။ ဤအရာတို့သည် အဆုံးအဖြတ်ပေးသော အချက်များဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အမျိုးအစားတိုင်းက လူတိုင်းတွင် မတူညီသော အတိုင်းအတာအမျိုးမျိုးဖြင့် တည်ရှိသည်။ ထိုအရာအားလုံးသည် လူ၏ သဘာဝဖြစ်ပြီး အားလုံးက နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ သို့ရာတွင် သမ္မာတရားအား လိုက်စားခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ စမ်းသပ်မှုနှင့် စစ်ဆေးမှုကို လက်ခံခြင်းအားဖြင့်လည်းကောင်း ပြောင်းလဲမှုအတိုင်းအတာအမျိုးမျိုးကို စိတ်သဘောထားတိုင်းတွင် ရရှိနိုင်သည်။ လူအချို့က “ဤသို့ဆိုလျှင် စိတ်သဘောထားပြောင်းလဲမှုများသည် အချိန်နှင့်သာ သက်ဆိုင်သည်မဟုတ်လော။ အချိန်ကျလာသောအခါ စိတ်သဘောထားပြောင်းလဲမှုများက မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ်သိပြီး ဝင်ရောက်နိုင်စွမ်းရှိလိမ့်မည်” ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ပါ။) လုံးဝ မမှန်ပေ။ စိတ်သဘောထားပြောင်းလဲခြင်းကို ရရှိရန်အတွက် လိုအပ်သမျှမှာ အချိန်သာဖြစ်လျှင် ၎င်းတို့၏ တစ်ဘဝလုံး ဘုရားသခင်ကို ယုံကြည်ခဲ့သော ထိုလူများအားလုံးသည် ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲမှုများကို အလိုအလျောက် ရရှိခဲ့သင့်ပေသည်။ သို့သော် အမှန်တကယ်တွင် အမှုအရာများက ဤသို့ဖြစ်သလော။ ဤလူတို့သည် သမ္မာတရားကို ရရှိခဲ့သလော။ ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲခြင်းကို ရရှိခဲ့သလော။ မရရှိခဲ့ပေ။ ဘုရားသခင်ကို ယုံကြည်သူတို့သည် နွားထီးတစ်ကောင်၏ အမွှေးများလောက် များပြားသည်။ သို့သော် စိတ်သဘောထားပြောင်းလဲသူများသည် ဦးချိုတစ်ချောင်းရှိသော ဒဏ္ဍာရီလာမြင်းလောက် ရှားပါးသည်။ လူတို့၏ စိတ်သဘောထား အမှန်တကယ် ပြောင်းလဲရန်အတွက် ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းကို အမှီပြုရမည်။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အမှီပြုခြင်းအားဖြင့် စုံလင်စေခြင်းခံရသည်။ စိတ်သဘောထားပြောင်းလဲမှုများကို သမ္မာတရားအား လိုက်စားခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ တစ်ဖက်တွင် လူတို့သည် အဖိုးအခပေးဆပ်ရမည်။ သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်လာသည့်အခါ အဖိုးအခပေးဆပ်ရမည်ဖြစ်ပြီး သမ္မာတရားကို ရရှိရန်အတွက် ဆင်းရဲဒုက္ခပမာဏမည်မျှပင်မဆို နည်းလွန်းသည်ဟူ၍ မရှိပေ။ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်ပြီး ၎င်းတို့ကို စုံလင်စေရန်အတွက် ဘုရားသခင်က ၎င်းတို့ကို မှန်ကန်သော လူအမျိုးအစားအဖြစ်လည်းကောင်း၊ ကြင်နာသနားတတ်သော သူအဖြစ်လည်းကောင်း၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သော သူအဖြစ်လည်းကောင်း အတည်ပြုပေးရမည်ဖြစ်သည်။ လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် မရှိမဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိခြင်းသည် ပို၍ပင် အရေးပါသည်။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ သို့မဟုတ် မချစ်လျှင်၊ ဘုရားသခင်အား ချစ်ဖို့ မဆိုထားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားမှုပြုရန်ပင် လုံးဝ မသိလျှင်လည်းကောင်း၊ အသင်းတော်၏ အလုပ်အပေါ် ဝန်ထမ်းလိုစိတ်မရှိလျှင်လည်းကောင်း၊ သူတစ်ပါးတို့အပေါ် ချစ်ခြင်းမရှိလျှင်လည်းကောင်း၊ ပြီးလျှင် အထူးသဖြင့် ၎င်းတို့သည် တာဝန်ထမ်းဆောင်သောအခါ သစ္စာစောင့်သိခြင်းမရှိလျှင်လည်းကောင်း ၎င်းတို့သည် ဘုရားသခင်၏ အလွန်ချစ်မြတ်နိုးရသောသူများမဟုတ်ဘဲ ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သည့်အခါမျှ မခံရနိုင်ပေ။ ထို့ကြောင့် လူတို့သည် ကြောင်းကျိုးမမြင်သော အခိုင်အမာပြောဆိုခြင်းများ မပြုလုပ်ရဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရမည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ကျိုးနွံနာခံနိုင်ရမည်။ အသင်းတော်အလုပ်ကို ကာကွယ်နိုင်ရမည်။ ၎င်းတို့၏ စိတ်နှလုံးများက မှန်ကန်ရမည်။ သို့မှသာ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်နိုင်သည်။ လူတို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို လိုက်စားလိုလျှင် ဘုရားသခင်ကို ချစ်သည့် စိတ်နှလုံး၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံး၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိရမည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ဘုရားသခင်အပေါ် သစ္စာစောင့်သိရမည်။ ဘုရားသခင်အား ကျေနပ်စေရမည်။ ထိုအခါမှသာ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိနိုင်လိမ့်မည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိသောအခါ၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သောအခါတွင် ဉာဏ်အလင်းပွင့်ကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားနှင့် စည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိကြသည်။ ၎င်းတို့ ဒုက္ခရောက်သောအခါ ဘုရားသခင်က ၎င်းတို့ကို လမ်းပြပေးသည်။ ၎င်းတို့သည် မည်မျှဆင်းရဲဒုက္ခခံရပါစေ ၎င်းတို့၏ စိတ်နှလုံးများက ဝမ်းမြောက်ပြီး အေးချမ်းသည်။ ဤပုံစံဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ်ကြာ ဖြတ်သန်းသောအခါ ၎င်းတို့ကိုယ်တိုင်ပင် သတိမထားမိဘဲ ၎င်းတို့ ပြောင်းလဲသွားလိမ့်မည်။ လျင်မြန်စွာ ပြောင်းလဲလေလေ၊ ငြိမ်သက်ခြင်းကို လျင်မြန်စွာ ရရှိလေလေဖြစ်သည်။ လျင်မြန်စွာ ပြောင်းလဲလေလေ၊ ၎င်းတို့သည် လျင်မြန်စွာ ပျော်ရွှင်ရလေလေဖြစ်သည်။ လူတို့၏ စိတ်သဘောထားပြောင်းလဲသောအခါမှသာ စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ၎င်းတို့ ရှာတွေ့နိုင်သည်။ ထိုအခါမှသာ အမှန်တကယ် ပျော်ရွှင်သော ဘဝများကို အသက်ရှင်နေထိုင်နိုင်သည်။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ဝိညာဉ်ရေးရာ ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းမရှိပေ။ ၎င်းတို့၏ နေ့ရက်များသည် ပို၍ပင် အနှစ်မဲ့လာပြီး သည်းခံရန် အစဉ်ပို၍ ခက်ခဲလာသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူတို့အတွက် ၎င်းတို့၏ နေ့ရက်များသည် နာကျင်မှုနှင့် ဆင်းရဲဒုက္ခတို့ဖြင့် ပြည့်နေသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ သမ္မာတရားကို ရရှိခြင်းထက် မည်သည့်အရာကမျှ ပိုအရေးမကြီးပေ။ သမ္မာတရားအား ရရှိခြင်းသည် အသက်ကို ရရှိခြင်းဖြစ်သည်။ သမ္မာတရားကို စောစီးစွာ ရရှိလေလေ၊ ကောင်းလေလေဖြစ်သည်။ သမ္မာတရားမရှိလျှင် လူတို့၏ ဘဝများသည် အနှစ်မရှိပေ။ သမ္မာတရားအား ရရှိခြင်းသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို တွေ့ရှိခြင်း၊ ဘုရားသခင်ရှေ့တွင် အသက်ရှင်နိုင်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအားဖြင့် ဉာဏ်အလင်းပွင့်ခြင်း၊ လမ်းပြမှုခံရခြင်း၊ ဦးဆောင်ခံရခြင်းတို့ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ပိုပို၍ အလင်းရှိလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုသည် အစဉ်ပို၍ ကြီးထွားလာလိမ့်မည်။ ဤသို့ဆိုလျှင် ယခုတွင် စိတ်သဘောထားပြောင်းလဲခြင်းနှင့် ဆက်စပ်သော သမ္မာတရားသည် သင်တို့အတွက် ပို၍ ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။ ယခုတွင် ကျွန်ုပ်တို့ နားလည်ပြီဖြစ်သည်။) ဤအရာသည် သင်တို့အတွက် အမှန်ပင် ရှင်းလင်းလျှင် သင်တို့တွင် လမ်းကြောင်းရှိပြီး။ သမ္မာတရားအား လိုက်စားခြင်းတွင် မည်သို့ ထိရောက်မှုရှိရမည်ကို သင်တို့ သိပေသည်။
၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။