အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၉၀)
အဘယ်ကြောင့် ဘုရားသခင်သည် သူ့အား လူသားတို့ သိကျွမ်းသည်ကို လိုအပ်သနည်း။ အဘယ်ကြောင့် လူသားတို့ သူတို့ကိုယ် သူတို့ သိကျွမ်းခြင်းကို ဘုရားသခင်က လိုအပ်သနည်း။ မိမိကိုယ်မိမိ သိကျွမ်းခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လိုလားအပ်သော ရလဒ်မှာ အဘယ်နည်း။ ထို့အပြင် ဘုရားသခင်ကို သိကျွမ်းခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့် လူတို့သည် မည်သည့် အကျိုးသက်ရောက်မှုကို စွမ်းဆောင်ရရှိရမည်နည်း။ ဤမေးခွန်းများကို သင်တို့ တွေးတောစဉ်းစားခဲ့ဖူးသလော။ ဘုရားသခင်သည် လူတို့ မိမိကိုယ်ကို သိရှိနိုင်စေရန် နည်းလမ်းမျိုးစုံ အသုံးပြု၏။ ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ရန်အတွက်လည်းကောင်း၊ အတွေ့အကြုံများမှတစ်ဆင့် လူတို့သည် မိမိကိုယ်ကို တစ်ဆင့်ပြီး တစ်ဆင့် သိလာနိုင်စေရန် အတွက်လည်းကောင်း အမျိုးစုံသော ပတ်ဝန်းကျင် အနေအထားတို့ကို လူတို့အတွက် ပြင်ဆင်ထားလေသည်။ ဘုရားနှုတ်ကပတ်တော်၏ ဖော်ထုတ်ခြင်းဖြစ်စေ၊ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်း ဖြစ်စေ ဤအလုပ်လုပ်ဆောင်ရာတွင် ဘုရားသခင်၏ အန္တိမ ရည်ရွယ်ချက်ကို သင်တို့ နားလည်သလော။ ဘုရားသခင်၏ အလုပ်ကို ဤနည်းအားဖြင့် လုပ်ဆောင်ရခြင်းအတွက် သူ၏ အန္တိမ ရည်ရွယ်ချက်သည် သူ၏ လုပ်ဆောင်မှုကို တွေ့ကြုံသူတိုင်း လူသား၏ ဖြစ်ခြင်းကို သိရှိနိုင်စေရန် ဖြစ်သည်။ ထို့အပြင် ဤ“လူသား၏ ဖြစ်ခြင်းကို သိရှိခြင်း” သည် အဘယ်အရာ ပါဝင်သနည်း။ ယင်းသည် လူသားတစ်ယောက်က သူ၏ ပင်ကိုလက္ခဏာ၊ သူ၏ အဆင့်အတန်း၊ သူ၏ တာဝန်နှင့် သူ၏ ဝတ္တရားတို့ကို သိရှိစေခြင်း ပါဝင်သည်။ ယင်းသည် သင်တို့ကို လူသားဖြစ်ခြင်းဟူသည်မှာ အဘယ်ဖြစ်သည်ကို သိရှိစေခြင်းကိုလည်းကောင်း၊ သင်တို့ကို မိမိကိုယ်ကို မည်သူမည်ဝါ ဖြစ်ကြောင်း နားလည်စေခြင်းကိုလည်းကောင်း ဆိုလိုသည်။ ယင်းသည်ပင်လျှင် လူသားတို့ မိမိကိုယ်ကို သိစေရာတွင် ဘုရားသခင်၏ အန္တိမ ရည်ရွယ်ချက်ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် လူသားတို့အား သူ့ကို သိစေသနည်း။ ယင်းသည် သူက လူသားတို့အပေါ် ပေးသော အထူးကျေးဇူးတော်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့် လူသားတို့သည် များစွာသော သမ္မာတရားတို့ကို နားလည်နိုင်သည်၊ နက်နဲမှုများစွာကို ရိပ်စားမိနိုင်ပေသည်။ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့် လူသားတို့သည် များစွာရရှိသည်။ လူသားတို့သည် ဘုရားသခင်ကို သိကျွမ်းသည့်အခါတွင် အဓိပ္ပာယ်အရှိဆုံး နည်းလမ်းဖြင့် မည်သို့နေထိုင်ရမည်ကို လေ့လာသင်ယူကြသည်။ ထို့ကြောင့် လူသားတို့ကို ဘုရားသခင်နှင့်ပတ်သက်သည့် သိကျွမ်းမှုကို လိုက်စားစေခြင်းသည် သူ၏ အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာ၊ သူ၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် လူသားတို့ သူ့ကို သိကျွမ်းနိုင်စေရန် နည်းလမ်းများစွာ အသုံးချသည်။ အထင်ရှားဆုံးမှာကား သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ လမ်းပြမှုနှင့် ပံ့ပိုးမှုတို့ပင် ဖြစ်သည်။ ထို့အပြင် သူသည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများမှတစ်ဆင့် သူ၏ စိတ်သဘောထားကို လူများအား သိစေသည်မှာလည်း မှန်ပေသည်။ ယင်းသည် ဘုရားသခင်ကို သိရှိနိုင်ရန်အတွက် ဖြတ်လမ်းနည်းတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို တွေ့မြင်ခြင်းနှင့် သိရှိခြင်းမှ လူတို့ ရရှိသည့် အန္တိမရလဒ်မှာ အဘယ်နည်း။ ယင်းသည်ကား လူတို့ကို ဘုရားသခင်က မည်သူဖြစ်သည်၊ သူ၏အနှစ်သာရကား အဘယ်အရာ ဖြစ်သည်၊ သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းမှာ မည်သည့်အရာဖြစ်သည်၊ အရာအားလုံးနှင့် ဖြစ်ခြင်းမှာ အဘယ်ဖြစ်သည်၊ သူ၏ စိတ်သဘောထားမှာကား မည်သည့်အရာဖြစ်သည်တို့ကို သိရှိစေခြင်းပင်ဖြစ်သည်။ ယင်းသည် လူသားတိုင်းသည် ဖန်ဆင်းခံများ ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်သည်သာ ဖန်ဆင်းရှင် ဖြစ်သည်ကိုလည်းကောင်း၊ ဖန်ဆင်းခံများသည် ဖန်ဆင်းရှင်ကို အဘယ်သို့ ကျိုးနွံနာခံသင့်သည်ကိုလည်းကောင်း လူသားတိုင်း ရှင်းလင်းစွာ သိမြင်စေခြင်းပင်ဖြစ်သည်။ ယင်းတို့ အားလုံးကို သိရှိခြင်းအားဖြင့် ဘဝရှိ လူသား၏ လမ်းကြောင်းသည် ရှင်းလင်း သွားပေမည်။ လူသားတို့သည် မိမိကိုယ်ကို အမှန်တကယ် သိရှိသည့်အခါတွင် သူတို့၏ အလွန်အကျွံ လိုအင်ဆန္ဒများနှင့် အမျိုးစုံသော အဓမ္မ ရည်ရွယ်ချက်တို့ကို ၎င်းတို့ တဖြည်းဖြည်းချင်း လက်လွှတ်နိုင်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အလုံးစုံ လက်လွှတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်မည်လော။ ယင်းသည်ကား တစ်ယောက်ချင်းအပေါ် မူတည်ပေသည်။ လူတစ်ယောက်သည် ဘုရားသခင်၏ အလုပ်မှတစ်ဆင့် သူ့ကို သိကျွမ်းခြင်းအား ရရှိကာ သူ၏ အနှစ်သာရ၊ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်သက်ဆိုင်သော တိကျမှန်ကန်သည့် သိမြင်မှုနှင့် အနက်အဓိပ္ပာယ်ကို ရရှိသည့်အခါမှသာ မိမိ၏ အလွန်အကျွံ လိုအင်ဆန္ဒနှင့် ဘုရားသခင်အပေါ် မျိုးစုံသော တောင်းဆိုမှုတို့ကို အမှန်တကယ် လက်လွှတ်နိုင်ပေမည်။ ဤကဲ့သို့သော လူစားမျိုးမှသာ ရှင်ပေတရုကဲ့သို့ပင် ဘုရားသခင်ကို ချစ်ရန် သူ၏ စိတ်ရင်းအတိုင်းဖြစ်သော အလိုနှင့် ဆန္ဒတို့ကို လှိုက်လှိုက်လှဲလှဲ ဖော်ပြနိုင်ကာ ဘုရားသခင်အပေါ် ချစ်မြတ်နိုးမှုကို လက်တွေ့လုပ်ဆောင်နိုင်ပေမည်။ ထို့ကြောင့် ဘုရားသခင်ကို သိကျွမ်းခြင်းကိုရော မိမိကိုယ်ကို သိကျွမ်းခြင်းကိုပါ ပစ်ပယ်ထား၍ မရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ချစ်မြတ်နိုးလိုသည်ဟု ဆို၏။ သို့သော် သင်သည် ဘုရားသခင်ကို နားမလည်ပါက သူ့ကို မည်သို့ ချစ်မြတ်နိုးရမည်ကို သိနိုင်သလော။ သူ၏ မည်သည့် အပိုင်းက ချစ်မြတ်နိုးဖွယ်ရာ ဖြစ်သနည်း။ သူ၏ ချစ်မြတ်နိုးဖွယ် အကောင်းဆုံးသော သွင်ပြင်လက္ခဏာများမှာ အဘယ်နည်း။ သင်သည် ဤအရာကို မသိပါက သူ့ကို ချစ်မြတ်နိုးနိုင်မည် မဟုတ်ပေ။ သင်သည် သူ့ကို ချစ်မြတ်နိုးချင်လျှင်ပင် ချစ်မြတ်နိုးနိုင်စွမ်း ရှိမည် မဟုတ်။ ထို့အပြင် သင်သည် သူ့အပေါ် အယူအဆများနှင့် ပုန်ကန်ခြင်းများ အမှုမဲ့အမှတ်မဲ့ ထွက်ပေါ်လာကာ အပျက်သဘောဆောင်ခြင်းသို့ ဆိုက်ရောက်လာသည်ကိုပင် သင် တွေ့ရှိနိုင်ပေမည်။ ဤကဲ့သို့သော လူစားမျိုးသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိလိမ့်မည်လော။ ရမည်မဟုတ်ပါ။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို မသိကျွမ်းလင့်ကစား သူသည် ဘုရားသခင်ကို ချစ်မြတ်နိုးပါသည်ဟု ဆိုသည့်အခါတွင် ဤမည်ကာမတ္တ “ချစ်မြတ်နိုးမှု” သည် လူသားတို့၏ ယုတ္တိနှင့် တွေးခေါ်မြော်မြင်မှုတို့မှ ဖြစ်ပေါ်စေသည့် အနှစ်မဲ့သော သီအိုရီမျှသာ ဖြစ်ပေမည်။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းမှ ပေါ်ထွက်လာခြင်း မဟုတ်ပေ။ ထို့အပြင် ယင်းသည် ဘုရားသခင်၏ အမြင်တွင် လုံးဝ ခိုင်လုံခြင်း မရှိချေ။ ဤကိစ္စနှစ်ခု အကြောင်းနှင့်ပတ်သက်၍ ငါမည်သည့်အရာပြောသည်ကို သင်တို့ ယခုမြင်ကြသလော။ (မြင်ပါသည်။) သို့ဆိုလျှင် သင်တို့ အခုချက်ချင်းပင် ဤကိစ္စကို ပြောရန် အဘယ်ကြောင့် မတတ်နိုင်ကြသနည်း။ ဤသည်မှာ လက်တွေ့ကျသော အတွေ့အကြုံ၌ သင်တို့၏ မိမိကိုယ်ကို သိကျွမ်းမှုသည် မရေမရာ ဖြစ်သည်ကိုလည်းကောင်း၊ သင်တို့တွင် ဘုရားသခင်ကို သိကျွမ်းမှု အစစ်အမှန် မရှိသည်ကိုလည်းကောင်း သက်သေပြပေသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ (ကျွန်ုပ်တို့သည် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာမတွေ့သေးပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းဟူသော ရှုထောင့်နှစ်ခုမှ တစ်ပြိုင်တည်း ဝင်ရောက်နိုင်ခြင်း မရှိသေးပါ။ ကျွန်ုပ်တို့သည် ရှုထောင့် တစ်ခုတည်းမှ ဝင်ရောက်ရန်ကိုသာ အာရုံစူးစိုက်နေကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အသက်တာတိုးတက်ကြီးထွားဖို့ အကန့်အသတ်ရှိနေပေသည်။) ယင်းသည် သင်တို့ ယခုရောက်ရှိနေသည့် အခြေအနေဖြစ်သည့်အတွက် သင်တို့၏ ဝိညာဉ်ရင့်သန်မှုသည် အဘယ်သို့ရှိသနည်း။ ယင်းသည် မရင့်ကျက်သည် မဟုတ်ပေလော။ သင်တို့သည် မိမိကိုယ်ကို သိကျွမ်းခြင်းအတွက် ဘုရားသခင်၏ လိုအပ်ချက်နှင့် စံချိန်စံညွှန်းများဖြင့် အလွန်တရာ ဝေးကွာနေသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်တို့၏ တစ်ကိုယ်ရေ ဆန္ဒများနှင့် ရည်ရွယ်ချက်များကို သင်တို့ လက်မလွှတ်နိုင်သေးပေ။ သင်တို့၏ ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုသည် သမ္မာတရားနှင့် ကိုက်ညီနိုင်သလော။ သင်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်သည် အဆင့်အတန်း တစ်ခုခု ရှိမရှိကို သင်တို့ သိနိုင်ပါ၏လော။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသားပေလော၊ ဘုရားသခင်ပေလောဟု ယခုထက်ထိ မေးခွန်းထုတ်ကြသေးသူများ အများအပြားပင်ရှိနေကြသည်။ ထိုသူတို့သည် လှေနံ နှစ်ခွနင်းနေကြပေသည်။ တစ်ခဏ၌ ကမ္ဘာပေါ်ရှိ ဘုရားသခင်ကို ယုံကြည်ကြကာ နောက်တစ်ခဏတွင် ကောင်းကင်ပေါ်ရှိ မရေရာသော ဘုရားသခင်ကို ယုံကြည်ကြပေသည်။ ထို့အပြင် ထိုသူတို့က “လူ့ဇာတိခံ ဘုရားသခင်နှင့် ကောင်းကင်ပေါ်ရှိ ဘုရားသခင်တို့သည် အဘယ်သို့လျှင် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်နိုင်ပေမည်နည်း။ သူက ဘုရားသခင် စင်စစ် ဖြစ်ပါက အဘယ်ကြောင့် သူသည် အံ့ဖွယ်အမှုနှင့် နိမိတ်လက္ခဏာတို့ကို မပြသသနည်း” ဟုပြော၍ ဘုရားသခင်၏ အနှစ်သာရကို မေးခွန်းထုတ်ကြသည့်သူအချို့ပင် ရှိကြသေးသည်။ ဤသည်က သင်တို့တွင် ဝိညာဉ်ရေးရာ နားလည်မှု ပြင်းပြင်းထန်ထန် ချို့ယွင်းနေကြောင်း ပြသပေသည်။ ဤသည်ပင်လျှင် ဘုရားသခင်က များစွာ ပြောနေပါလျက် သင်တို့က နားမလည်နိုင်သေးသော သင်တို့၏ ဝိညာဉ်ရင့်သန်မှုပင် ဖြစ်သည်။ ယခုဆိုလျှင် ဘုရားသခင် လူ့ဇာတိခံယူပြီးဖြစ်ကြောင်းကိုသာ သင်တို့က အသိအမှတ်ပြုကြသည်။ လူ့ဇာတိခံ ဘုရားသခင်က ဖော်ပြသော သမ္မာတရားကိုသာ သင်တို့က အသိအမှတ်ပြုကြသည်။ သို့သော် ဘုရားသခင်၏ အနှစ်သာရ၊ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့နှင့် ပတ်သက်လာပါက သင်တို့တွင် သိကျွမ်းမှု များစွာမရှိသေးပေ။ သင်တို့၏ စိတ်နှလုံးတွင် ဤသိကျွမ်းမှုသည် သုညပမာဏသာ ရှိသည်ဟု သင်တို့ ဆိုနိုင်သည် မဟုတ်ပေလော။ (ဟုတ်ပါသည်။) ထို့အပြင် ဤအရာကို အဖြစ်မှန်ဖြင့် သက်သေပြနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ အနှစ်သာရ၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကဲ့သို့သော သမ္မာတရား ရှုထောင့်များအပေါ် ငါမိတ်သဟာယမပြုမီတွင် သင်တို့၏ ဘုရားသခင်အပေါ် သိကျွမ်းမှုသည် လေးနက်သည်ဟု သင်တို့ ထင်ကြသည်။ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်မှုသည် တည်တည်ကြည်ကြည် မယိမ်းမယိုင်ရှိသည်ဟု သင်တို့ ထင်ကြသည်။ သို့သော် သင်တို့ကို ဘုရားသခင် ကိုယ်တော်တိုင်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အနှစ်သာရတို့ကဲ့သို့သော သမ္မာတရားများအကြောင်းကို ငါ မိတ်သဟာယပြုပြီးချိန်တွင် ထိုစကားနှင့် အကြောင်းအရာတို့သည် သင်တို့၏စိတ်နှလုံးထဲတွင် ပြင်းထန်သော တုံ့ပြန်မှုတစ်ခုကို နှိုးဆွလိုက်ပေသည်။ ဤတုံ့ပြန်မှုသည် ပြင်းထန်သည်။ ထို့အပြင် ယင်းသည် သင်တို့အတွက် လက်ခံဖို့ ခက်ခဲစေကာ သင်တို့ စိတ်နှလုံးတွင် စိတ်ကူးခဲ့ပြီးသော ဘုရားနှင့် ကြီးစွာ ကွဲပြားဆန့်ကျင်နေသည်။ ဤသည်မှာ အဖြစ်မှန်တစ်ခုပင် မဟုတ်ပေလော။ (ဟုတ်ပေသည်။) သို့ဆိုလျှင် သင်တို့ ယခင်က မကြားဖူးသော အရာအချို့ကို ငါပြောပါက ငါပြောသည့်အရာကို သင်တို့ နားမလည်သည့်အလား ပထမတွင် သင်တို့လက်ခံရန် မဖြစ်နိုင်သည်ကို သင်တို့တွေ့ကြရသည်။ ဤသည်မှာ သင်၏ဝိညာဉ်ရင့်သန်မှုသည် သေးငယ်လွန်းသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားမလည်နိုင်ကြောင်း၊ သို့မဟုတ် သင်သည် ထိုနှုတ်ကပတ်တော်များနှင့် စံမမီကြောင်းကို သက်သေပြလေသည်။ သင် နားမလည်နိုင်မီ အတွေ့အကြုံ နောက်ထပ် နှစ်အနည်းငယ်လိုအပ်လိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။