ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၆၇

သမ္မာကျမ်းစာသည် မည်ကဲ့သို့သော စာအုပ်မျိုးနည်း။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ဘုရားသခင်၏ အမှု ဖြစ်သည်။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ယေဟောဝါ၏ အမှုအားလုံးနှင့် သူ၏ ဖန်ဆင်းခြင်းအမှုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ကျမ်းတစ်စောင်လုံးသည် ယေဟောဝါ ပြုခဲ့သည့် အမှုကို မှတ်တမ်းတင်ထားပြီး၊ နောက်ဆုံးတွင် မာလခိကျမ်းဖြင့် ယေဟောဝါ၏ အမှု၏ ဖြစ်စဉ်များကို အဆုံးသတ်ထားသည်။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုနှစ်ခုကို မှတ်တမ်းတင် ထားသည်- တစ်ခုက ဖန်ဆင်းခြင်းအမှု ဖြစ်ပြီး၊ တစ်ခုက ပညတ်ကို ပြဋ္ဌာန်းခြင်းအမှု ဖြစ်သည်။ ထိုအမှုနှစ်ခုစလုံးကို ယေဟောဝါက ပြုခဲ့ခြင်း ဖြစ်သည်။ ပညတ်တော်ခေတ်သည် ယေဟောဝါ ဘုရားသခင်ဟူသော နာမဖြင့် လုပ်ဆောင်ခဲ့သည့် အမှုကို သရုပ်ဖော်သည်၊ အဓိကအားဖြင့် ယေဟောဝါ၏ နာမဖြင့် ဆောင်ရွက်ခဲ့သည့် အမှုတစ်ရပ်လုံး ဖြစ်သည်။ ထို့ကြောင့်၊ ဓမ္မဟောင်းကျမ်းသည် ယေဟောဝါ၏ အမှုကို မှတ်တမ်းတင်ထားပြီး ဓမ္မသစ်ကျမ်းမှာမူ အဓိကအားဖြင့် ယေရှု၏နာမဖြင့် လုပ်ဆောင်ခဲ့သည့် ယေရှု၏အမှုကို မှတ်တမ်းတင်ထား၏။ ယေရှု၏နာမ၏ အရေးပါမှုနှင့် သူပြုခဲ့သည့် အမှုကို ဓမ္မသစ်ကျမ်းထဲတွင် အများအားဖြင့် မှတ်တမ်းတင်ထားသည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်အတွင်းတွင်၊ ယေဟောဝါသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို ဣသရေလနိုင်ငံမှာ တည်ဆောက်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်ရှိ ဣသရေလအမျိုးသားများ၏ ဘဝကို လမ်းညွှန် ပေးခဲ့သည်၊ သူတို့သည် ယေဟောဝါ၏ ရွေးချယ်ခံရသူများ၊ ကမ္ဘာကြီးပေါ်၌ ဘုရားသခင် ရွေးချယ်ခဲ့သည့် ပထမဦးဆုံး လူအုပ်စုဖြစ်ပြီး၊ သူတို့သည် ဘုရားသခင် စိတ်တော်နှင့်တွေ့ကာ ဘုရားသခင်ကိုယ်တိုင် ဦးဆောင်ခဲ့သည့် ပထမဦးဆုံး လူအုပ်စု ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဣသရေလနိုင်ငံမှ လူမျိုးနွယ်စု ဆယ့်နှစ်စုတို့သည် ယေဟောဝါ၏ ပထမဆုံး အရွေးခံများ ဖြစ်ခဲ့ကြသည့်အတွက်၊ သူသည် သူတို့၌ အမြဲ အမှုပြုခဲ့သည်မှာ၊ ပညတ်တော်ခေတ်က ယေဟောဝါ၏အမှု ပြီးဆုံးသွားသည့်အထိ ဖြစ်သည်။ အမှုတော်၏ဒုတိယအဆင့်သည် ဓမ္မသစ်ကျမ်းမှ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ ယင်းကို ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စုဆယ့်နှစ်စုအနက် တစ်စုဖြစ်သည့် ယုဒလူမျိုးနွယ်စု အကြား၌ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဤအမှု၏ အတိုင်းအတာ ပိုသေးခဲ့ခြင်းက ယေရှုသည် လူ့ဇာတိခံယူခဲ့သည့် ဘုရားသခင် ဖြစ်သောကြောင့်ပင်တည်း။ ယေရှုသည် ယုဒပြည်တစ်ဝန်း၌သာ အမှုပြုခဲ့ပြီး၊ သုံးနှစ်ခွဲမျှသော အမှုကိုသာ ပြုခဲ့သည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်း၌ မှတ်တမ်း တင်ထားသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် အမှုပမာဏကို မည်သို့မျှ ကျော်လွန်၍ မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၄

လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၃၀

ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံးတွင် သူ့စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို နှုတ်ကပတ်တော်များဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၀

သင်၌ ဘုရားသခင်၏ အမှုကို သိကျွမ်းခြင်းမရှိပါက၊ ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည်ကို သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၈

ပေတရုသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေခြင်း ခံခဲ့ရသည်။ သူက “ငါသည် အချိန်တိုင်းတွင် ဘုရားသခင်၏ စိတ်ဆန္ဒကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။