ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၀

13.10.2020

လက်ရှိတွင် စမ်းသပ်မှုများကြားတွင် ရောက်နေသောသူ အမြောက်အမြား ရှိသည်။ ထိုသူတို့သည် ဘုရားသခင်၏ အလုပ်ကို နားမလည်ကြပေ။ သို့သော် ငါပြောမည်၊ ဤအရာကို သင်နား မလည်လျှင် ဤအရာနှင့် ပတ်သက်၍ စီရင်ဆုံးဖြတ်ခြင်းများကို မလုပ်လျှင် ပို၍ကောင်းသည်။ သမ္မာတရားသည် အလင်းထဲသို့ ရောက်လာမည့် နေ့တစ်နေ့ ရှိကောင်းရှိလာနိုင်သည်။ ထိုအခါ သင်သည် ဤအရာကို သိလိမ့်မည်။ စီရင်ဆုံးဖြတ်ခြင်းများကို မလုပ်ဆောင်ခြင်းသည် သင့်အတွက် အကျိုးရှိသော်လည်း သင်သည် မတုန်မလှုပ် စောင့်၍သာမနေနိုင်။ သင်သည် တက်ကြွစွာ ဝင်ရောက်ရန် ကြိုးစားရမည်၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်သာ လက်တွေ့ကျသော ဝင်ရောက်ခြင်း ရှိသောသူ ဖြစ်သည်။ ၎င်းတို့၏ တော်လှန်ပုန်ကန်မှုများကြောင့် လူများသည် လက်တွေ့ကျသောဘုရားသခင် အကြောင်းကို စိတ်ကူးများ အမြဲတမ်းပေါ်ပေါက်စေကြသည်။ ဤအရာအတွက် လူအားလုံးသည် မည်ကဲ့သို့ နာခံရမည် ဆိုသည်ကို သင်ယူဖို့ လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် လက်တွေ့ကျသော ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အလွန်ကြီးသော စမ်းသပ်ခြင်းတခု ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်လျှင် အရာအားလုံးသည် အဆုံးသတ်လိမ့်မည်၊ လက်တွေ့ကျသော ဘုရားသခင်၏ လက်တွေ့ကျခြင်းကို သင် နားလည်မှုမရှိလျှင် သင်သည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်း မရှိနိုင်ပေ။ လူတို့သည် စုံလင်စေနိုင်ခြင်း ရှိမရှိဆိုသည့်အရာတွင် အရေးကြီးသော အဆင့်မှာ ဘုရားသခင်၏ လက်တွေ့ကျခြင်းကို နားလည်ခြင်း ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဤကမ္ဘာပေါ်သို့ လာခြင်း၏ လက်တွေ့ကျခြင်းသည် လူတစ်ဦးချင်းနှင့် အယောက်တိုင်းအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ဤကဏ္ဍတွင် သင်ခိုင်မြဲစွာ ရပ်တည်နိုင်လျှင် သင်သည် ဘုရားသခင်ကို သိသောသူတစ်ယောက်နှင့် ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ယောက် ဖြစ်သည်။ ဤကဏ္ဍတွင် သင် ခိုင်မြဲစွာ မရပ်တည်နိုင်လျှင်၊ သင်သည် ဝိညာဉ်တော်၌သာ ယုံကြည်ပြီး ဘုရားသခင်၏ လက်တွေ့ကျခြင်း၌ ယုံကြည်ခြင်းမရှိနိုင်လျှင် ဘုရားသခင်၌ သင့်ယုံကြည်ခြင်း မည်မျှကြီးမားသည်ဆိုသော်လည်း အသုံးမဝင်ပေ။ မြင်နိုင်သော ဘုရားသခင်ကို သင်မယုံကြည်နိုင်လျှင် ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်နိုင်မည်လော။ သင်သည် ဘုရားသခင်ကို လှည့်စားရန်ကြိုးပမ်းနေသည် မဟုတ်လော။ သင်သည် မြင်နိုင်သော၊ ထိတွေ့စမ်းသပ်နိုင်သော ဘုရားသခင်ကို မနာခံဘဲ ဝိညာဉ်တော်ကို နာခံနိုင်မည်လော။ ဝိညာဉ်တော်သည် မမြင်နိုင်သော၊ ထိတွေ့စမ်းသပ်၍ မရနိုင်သောအရာ ဖြစ်သည့်အတွက် သင် ဘုရားသခင်၏ဝိညာဉ်တော်ကို နာခံသည်ဟု ပြောသောအခါ သင်သည် အဓိပ္ပါယ်မရှိသော အရာကိုပြောနေခြင်းသာ မဟုတ်လော။ ပညတ်တော်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အဓိကသော့ချက်မှာ လက်တွေ့ကျသော ဘုရားသခင်ကို နားလည်မှုရှိခြင်း ဖြစ်သည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်ကို နားလည်မှုတစ်ခုရှိပြီ ဆိုလျှင် ပညတ်တော်များကို ထိန်းသိမ်းစောင့် ရှောက်နိုင်လိမ့်မည်။ ပညတ်တော်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းတွင် အပိုင်းနှစ်ပိုင်းပါဝင်သည်။ တစ်ပိုင်းသည် သူ့ဝိညာဉ်တော်၏ အနှစ်သာရ၌ ခိုင်မာသောယုံကြည်ခြင်းကို ထိန်းသိမ်းနေပြီး သူ၏ရှေ့တော်တွင် ဝိညာဉ်တော်၏ စမ်းသပ်ခြင်းကို လက်ခံနိုင်နေခြင်းဖြစ်သည်။ အခြားအပိုင်းသည် လူ့ဇာတိခံအသွေးအသားကို စစ်မှန်သော နားလည်မှုရှိနိုင်ခြင်းနှင့် စစ်မှန်သောနာခံမှု ရရှိနိုင်ခြင်းတို့ ဖြစ်သည်။ ဇာတိပကတိရှေ့တွင် ဖြစ်စေ၊ ဝိညာဉ်တော်၏ရှေ့တွင် ဖြစ်စေ၊ ဘုရားသခင်ကို နာခံ၍ ကြောက်ရွံ့သော နှလုံးသားတို့ကို အမြဲတမ်း ထိန်းသိမ်းသင့်သည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်၏ လက်တွေ့ကျခြင်းအား နားလည်မှုရှိလျှင်၊ ဆိုလိုသည်က ဤစုံစမ်းခြင်းထဲ၌ ခိုင်မာစွာ ရပ်တည်ခြင်းရှိလျှင်၊ သင့်အတွက် မည်သည့်အရာမျှ လွန်လွန်းမည် မဟုတ်ပေ။

လူအချို့က “ပညတ်တော်များသည် ထိန်းသိမ်းစောင့်ရှောက်ရန် လွယ်ကူသည်။ သင်သည် ဘုရားသခင်ရှေ့သို့ လာ၍ လက်ရိပ်ခြေရိပ်ပြရန် မလိုဘဲ ပွင့်ပွင့်လင်းလင်းနှင့် ကြည်ညိုကိုင်းရှိုင်းစွာ စကားပြောရန်သာလိုပြီး ထိုသို့လုပ်ခြင်းသည် ပညတ်တော်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သည်” ဟု ပြောကြသည်။ ထိုအရာ မှန်သလော။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နောက်ကွယ်တွင် သူ့ကို ဆန့်ကျင်သောအရာ အနည်းငယ် လုပ်ပါက၊ ယင်းမှာ ပညတ်တော်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအဖြစ် မှတ်ယူ၍ရသလော။ သင်တို့သည် ပညတ်တော် ထိန်းသိမ်းစောင့် ရှောက်ခြင်းကိစ္စကို အပြည့်အဝနားလည်ရမည်။ ဤအရာသည် သင်လက်တွေ့ကျသော ဘုရားသခင်ကို နားလည်သလော၊ နားမလည်သလောဆိုသည်နှင့် ဆက်စပ်နေသည်။ သင်သည် လက်တွေ့ကျခြင်းအား နားလည်မှုရှိပြီး ဤစုံစမ်းခြင်းတွင် ထိခိုက်၊ လဲကျခြင်းမရှိလျှင် ဤအရာသည် သင်၌ ခိုင်မာသော သက်သေခံချက်ရှိသည်ဟု မှတ်ယူသည်။ ဘုရားသခင်အတွက် ထူးကဲစွာသက်သေခံခြင်းသည် လက်တွေ့ကျသောဘုရားသခင်ကို နားလည်ခြင်းရှိ၊ မရှိနှင့် အဓိကအားဖြင့် ဆက်စပ်နေပြီး၊ သာမန်သာမဟုတ်ဘဲ ပုံမှန်ဖြစ်သော ဤပုဂ္ဂိုလ်ရှေ့တွင် နာခံနိုင်ခြင်းရှိ၊ မရှိသာမက သေသည့်တိုင်အောင် နာခံမှု ရှိနိုင်သလော ဆိုသည်နှင့်ပင် အဓိကဆက်စပ်နေသည်။ ဤနာခံမှုအားဖြင့် ဘုရားသခင်အတွက် အမှန်တကယ် သက်သေခံလျှင် သင့်ကို ဘုရားသခင်က ရရှိပြီဟု ဆိုလိုသည်။ သေသည့်တိုင်အောင် နာခံနိုင်ခြင်း၊ ဘုရားသခင်ရှေ့တွင် ညည်းညူမှုများ မရှိခြင်း၊ စီရင်ဆုံးဖြတ်ခြင်းများ မလုပ်ဆောင်ခြင်း၊ အသရေပျက်အောင် လုပ်ကြံပြောဆိုမှု မရှိခြင်း၊ ထင်မြင်ယူဆမှုများ မရှိခြင်းနှင့် အခြားရည်ရွယ်ချက်များမရှိခြင်းတို့သည် ဘုရားသခင်အား ဘုန်းတော် ထင်ရှားမှု ရရှိစေပါလိမ့်မည်။ လူများက အထင်အမြင်သေးခံရသော သာမန်ပုဂ္ဂိုလ်တစ်ဦးရှေ့တွင် နာခံခြင်းနှင့် အခြားထင်မြင်ယူဆချက်များ မရှိဘဲ သေသည့်တိုင်အောင် နာခံနိုင်ခြင်းတို့သည် စစ်မှန်သော သက်သေခံခြင်း ဖြစ်သည်။ လူတို့ဝင်ရောက်ရန် ဘုရားသခင်လိုအပ်သော လက်တွေ့ကျခြင်းသည် သူ့ နှုတ်ကပတ်တော်များအား သင်နာခံနိုင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ကြံနိုင်ခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ ရှေ့တွင် ပျပ်ဝပ်ကိုးကွယ်နိုင်ခြင်းနှင့် သင်၏ပျက်စီးခြင်းကို သင်သိနိုင်ခြင်း၊ သူ၏ရှေ့တွင် သင့်နှလုံးသားကို ဖွင့်ဟနိုင်ခြင်းနှင့် အဆုံးတွင် သူ့နှုတ်ကပတ်တော်များအားဖြင့် သူ၏ရရှိခြင်းကို ခံရခြင်းတို့ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက သင့်ကို အောင်နိုင်ပြီး ဘုရားသခင်အား အပြည့်အဝနာခံစေရန် သင့်ကို လုပ်ဆောင်သောအခါ ဘုရားသခင်သည် ဘုန်းတော်ထင်ရှားသည်။ ဤအရာအားဖြင့် ဘုရားသခင်က စာတန်ကို အရှက်ရစေပြီး သူ့အလုပ်ကို ပြီးမြောက်စေသည်။ လူ့ဇာတိခံသော ဘုရားသခင်၏ လက်တွေ့ကျခြင်းအား မည်သည့်ထင်မြင်ယူဆချက်များမှ သင့်တွင် မရှိသောအခါ၊ ဆိုလိုသည်မှာ သင်သည် ဤစုံစမ်းခြင်းတွင် ခိုင်မာစွာ ရပ်တည်သောအခါ၊ သင်သည် ကောင်းသောသက်သေခံခြင်း ဖြစ်သည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်ကို အပြည့်အဝနားလည်ခြင်းရှိပြီး ပေတရုကဲ့သို့ သေသည့်တိုင်အောင် နာခံနိုင်သောနေ့တစ်နေ့ ရှိလျှင် သင်သည် ဘုရားသခင်အားဖြင့် ရရှိခြင်းခံရပြီး ဘုရားသခင်အားဖြင့် သင့်အား စုံလင်စေခြင်းခံရမည်။ သင်၏ ထင်မြင်ယူဆချက်များနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်လုပ်ဆောင်သောအရာသည် သင့်အတွက် စမ်းသပ်ခြင်း တစ်ခု ဖြစ်သည်။ ထိုအရာသည် သင်၏ထင်မြင်ယူဆချက်များနှင့် ကိုက်ညီမှုရှိလျှင် သင်သည် ဒုက္ခခံဖို့ သို့မဟုတ် စစ်ဆေးခြင်းခံဖို့ လိုအပ်မည်မဟုတ်ပေ။ သူ၏အလုပ်သည် အလွန်လက်တွေ့ကျပြီး သင့်ထင်မြင်ယူဆချက်များနှင့် ကိုက်ညီမှုမရှိသောကြောင့် သင်၏ထင်မြင်ယူဆချက်များကို စွန့်လွှတ်ရန် လိုအပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာသည် သင့်အတွက် စမ်းသပ်မှုတခု ဖြစ်သည်။ လူအားလုံးသည် စုံစမ်းခြင်းထဲတွင် ရှိနေခြင်းသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကြောင့် ဖြစ်သည်။ သူ၏အလုပ်သည် လက်တွေ့ကျပြီး သဘာဝလွန်ခြင်း မဟုတ်ပေ။ သူ၏လက်တွေ့ကျသော နှုတ်ကပတ်တော်များ၊ သူ၏လက်တွေ့ကျသော မိန့်မြွက်စကားများကို ထင်မြင်ယူဆချက်များ မရှိဘဲ အပြည့်အဝနားလည်ခြင်းနှင့် သူ့အား သာ၍ စစ်မှန်စွာချစ်နိုင်ခြင်းအားဖြင့် သူ၏ အလုပ်သည် သာ၍လက်တွေ့ကျကာ၊ သင်သည် သူ့အားဖြင့် ရရှိခြင်းခံရလိမ့်မည်။ ဘုရားသခင်ရရှိမည့် လူအုပ်စုမှာ ဘုရားသခင်ကို သိသောသူများ၊ ဆိုလိုသည်မှာ ဘုရားသခင်၏လက်တွေ့ကျခြင်းကို သိသောသူများ ဖြစ်ကြပြီး၊ ထိုထက်ပို၍ပင် ထိုသူတို့သည် ဘုရားသခင်၏လက်တွေ့ကျသောအလုပ်ကို နာခံနိုင်သောသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။