ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်- အခန်း ၁၀” | ကောက်နုတ်ချက် ၂၂၅

ယနေ့တွင် သင်တို့ထဲမှ မည်သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောဝံ့သနည်း။ မည်သူမဆိုသည် ထိုသို့သောအရာများကို ပြောဝံ့သလော။ သင်သည် ထိုသို့သောအရာများကို ပြောဆိုပါက၊ ဧဇရအနာဂတ္တိကျမ်းသည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရသနည်း၊ ပြီးလျှင် ရှေးသန့်ရှင်းသူများနှင့် ပရောဖက်များ၏ ကျမ်းများကိုလည်း အလားတူ အဘယ်ကြောင့် ပြုခဲ့သနည်း။ ၎င်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုပါက၊ သင်တို့သည် အဘယ်ကြောင့် ထိုသို့ပြောင်းလဲလွယ်သေ ရွေးချယ်မှုများကို လုပ်ဝံ့ကြသနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရွေးချယ်ရန် အရည်အချင်းပြည့်မီသလော။ ဣသရေလမှ အဖြစ်အပျက် အများအပြားသည်လည်း ပယ်ဖျက်ခြင်း ခံခဲ့ရသည်။ ပြီးလျှင် သင့်အနေဖြင့် အတိတ်က ဤရေးသားချက်များအားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ယုံကြည်ပါက၊ ကျမ်းများထဲမှ အချို့သည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရပါသနည်း။ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပါက၊ ယင်းတို့အားလုံးကို ထားရှိသင့်ပြီး၊ အသင်းတော်များရှိ ညီအစ်ကို မောင်နှမများထံသို့ ဖတ်ရှုရန် ပေးပို့သင့်ပေသည်။ ယင်းတို့ကို လူ့သဘောဖြင့် ရွေးချယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မပြုသင့်ပေ။ ထိုသို့လုပ်ခြင်းသည် မှားယွင်း၏။ ပေါလုနှင့် ယောဟန်တို့၏ အတွေ့အကြုံများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အမြင်များနှင့် ရောထွေးသည်ဟု ပြောဆိုခြင်းသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် အသိပညာသည် စာတန်ထံမှ လာသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုများမှ လာသည့်အရာများ ရှိခဲ့ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏အသိပညာသည် ထိုအချိန်က ၎င်းတို့၏ တကယ့်အတွေ့အကြုံများ၏ နောက်ခံအကြောင်းအရာ နှင့်အညီ ဖြစ်ပြီး၊ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူက ယုံကြည်စိတ်ချစွာ ပြောနိုင်မည်နည်း။ ခရစ်ဝင်ကျမ်းလေးကျမ်းလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာပါက၊ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့သည် ယေရှု၏အမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာကွဲပြား၍ အဘယ်ကြောင့် အသီးသီး ပြောဆိုခဲ့ကြသနည်း။ ဤအရာကို သင်တို့ မယုံကြည်ပါက၊ ပေတရုက သခင်ကို သုံးကြိမ်ငြင်းဆိုခဲ့ပုံနှင့်ပတ်သက်သည့် ကျမ်းစာထဲက ဖြစ်စဉ်များကို ကြည့်လော့- ယင်းတို့ အားလုံး ကွဲပြားခြားနားနေပြီး ၎င်းတို့အသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်ထူးခြားသော လက္ခဏာရပ်များ ရှိကြသည်။ မသိနားမလည်သောသူများစွာက၊ “လူ့ဇာတိခံ ဘုရားသခင်သည်လည်း လူသားတစ်ဦး ဖြစ်သည်။ သို့ဆိုလျှင် သူပြောဆိုသော စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လုံးဝ လာနိုင်ပါသလော။ ပေါလုနှင့် ယောဟန်တို့၏ စကားများသည် လူ့အလိုဆန္ဒဖြင့် ရောနှောခဲ့ပါက၊ ကိုယ်တော်ပြောဆိုသော စကားများသည် လူ့အလိုဆန္ဒဖြင့် အကယ်ပင် ရောနှောမနေပါသလော။” ဟု မေးကြသည်။ ထိုသို့သော အရာများကို ပြောဆိုသောလူများသည် မျက်ကန်း၍ မသိမိုက်မဲ ကြလေတကား။ ခရစ်ဝင်ကျမ်းလေးကျမ်းကို သေချာစွာ ဖတ်လော့။ ယေရှု လုပ်ဆောင်ခဲ့သောအရာများနှင့် သူ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ၎င်းတို့မှတ်တမ်းတင်ခဲ့သည့် အရာကို ဖတ်လော့။ ဖြစ်စဉ်အသီးသီးသည် အကယ်ပင် အတော်အတန်ကွဲပြားသကဲ့သို့၊ အသီးသီး၌ မိမိကိုယ်ပိုင် ရှုထောင့် ရှိလေသည်။ ဤကျမ်းများ၏ စာရေးသူများက ရေးသားခဲ့သည့် အရာ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဆိုပါက၊ အားလုံးသည် တူညီပြီး တစ်သမတ်တည်း ဖြစ်သင့်ပေသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ကွာဟချက်များ ရှိရသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။