ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၈

ထိုအချိန်က ယုဒအမျိုးသား အားလုံးသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုပြီး ဟေရှာယ၏ သားယောက်ျားတစ်ဦး နွားစားခွက်ထဲတွင် မွေးဖွားလိမ့်မည်ဟူသော ဗျာဒိတ်အကြောင်းကို သိခဲ့ကြသည်။ ဤအသိဉာဏ် ရှိနေပါလျက်နှင့်ပင် သူတို့သည် အဘယ်ကြောင့် ယေရှုကို ညှဉ်းပန်း နှိပ်စက်ခဲ့ကြသနည်း။ ယင်းက သူတို့၏ ပုန်ကန်တတ်သော သဘောသဘာဝနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုအား လျစ်လျူရှုခြင်းကြောင့်ပင် မဟုတ်ပေလော။ ထိုအချိန်က ဖာရိရှဲများသည် ယေရှု၏ အမှုမှာ ၎င်းတို့ သိရှိထားသည့် သားယောက်ျားတစ်ဦး ဗျာဒိတ်နှင့် မတူညီဟု ယုံကြည်ခဲ့ကြသည်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုက သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသဖြင့် ယနေ့ခေတ် လူသားများသည် ဘုရားသခင်ကို ငြင်းပယ်ကြသည်။ ၎င်းတို့ ဘုရားသခင်အား ပုန်ကန်ခြင်း၏ အခြေ အမြစ်မှာလည်း ထိုအတိုင်းပင် မဟုတ်ပေလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားလုံးကို မေးခွန်း ပြန်မထုတ်ဘဲ သင်လက်ခံနိုင်ပါမည်လား။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဧကန်ဖြစ်ခဲ့ပါလျှင် ထိုအရာသည် မှန်ကန်သော လမ်းကြောင်းပင်ဖြစ်သည်။ မည်သည်တို့ကို ရွေးချယ်၍ ကောက်ယူ လက်ခံမည်ဟု စဉ်းစားနေမည့်အစား ထိုအရာကို ဒွိဟစိုးစဉ်းမျှမရှိဘဲ သင်လက်ခံသင့်သည်။ ဘုရားသခင်ထံမှ အသိပညာနှင့် သတိမူခြင်း အလေ့အကျင့် အချို့ကို ရရှိခဲ့ပါလျှင် ယင်းက အမှန်တကယ်ပင် မမျှော်မှန်းထားသည့် လုပ်ရပ်တစ်ခု မဟုတ်ပေလော။ သင်လုပ်သင့်သည့်အရာက သမ္မာကျမ်းစာမှ နောက်ထပ်မည်သည့် သက်သေအထောက်အထား တောင်းဆိုမှုမျှ မလိုအပ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်နေသရွေ့ လက်ခံရန်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်အား စုံစမ်းစစ်ဆေးရန် မဟုတ်ဘဲ သူ၏ နောက်သို့လိုက်ရန် ဘုရားသခင်အား ယုံကြည်သောကြောင့်ဖြစ်သည်။ ငါသည် သင်၏ ဘုရားသခင်ဖြစ်သည်ကို သက်သေပြရန် ငါ့အတွက် နောက်ထပ် သက်သေ အထောက်အထားကို သင်မရှာဖွေသင့်ပေ။ ထိုအစား ငါသည် သင့်အတွက် အကျိုးအမြတ်ဖြစ်သည်ဟု သင်သတိပြုသင့်သည်၊ ယင်းက အဓိကသော့ချက်ပင်။ သမ္မာကျမ်းစာအတွင်း ထိုထက်ပို၍ ငြင်းဆိုမရနိုင်သော သက်သေ အထောက်အထားကို သင်တွေ့ရှိခဲ့လျှင်ပင် ငါ့ရှေ့သို့ သင့်ကို အပြည့်အဝ မဆောင်ကျဉ်းနိုင်ပေ။ သင်သည်သာ သမ္မာကျမ်းစာ၏ နယ်နိမိတ်များအတွင်း နေထိုင်သူဖြစ်ကာ၊ သင်သည် ငါ့ရှေ့မှောက်၌ နေထိုင်သည်မဟုတ်၊ သမ္မာကျမ်းစာသည် ငါ့ကိုသင်သိရှိအောင် မကူညီနိုင်သည့်အပြင် ငါ့အပေါ် သင်၏ ချစ်မြတ်နိုးမှုကို ပိုမိုလေးနက်စေခြင်းငှာ မပြုနိုင်ပါ။ သမ္မာကျမ်းစာက သားယောက်ျားတစ်ဦး မွေးဖွားလိမ့်မည်ဟု ဗျာဒိတ်ပေးခဲ့သော်လည်း ထိုဗျာဒိတ်မှာ တကယ်ဖြစ်လာမည်ဟု တစ်ဦးတစ်ယောက်မှ သိမြင်နိုင်စွမ်းမရှိပါ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှုကို လူသားတို့ မသိရှိခဲ့ဘဲ ယင်းက ဖာရိရှဲများကို ယေရှုနှင့် ဆန့်ကျင်စေသည့်အရာဖြစ်သည်။ ငါ၏အမှုသည် လူသားတို့ အကျိုးစီးပွားများအတွက် ဖြစ်သည်ကို အချို့သူများက သိရှိကြသည်၊ သို့သော်လည်း ယေရှုနှင့် ငါသည် အပြန်အလှန် သဟဇာတဖြစ်သော လုံးဝကွဲပြားသည့် သူနှစ်ဦးဖြစ်သည်ဟု ၎င်းတို့က ဆက်လက်ယုံကြည်ကြသည်။ ထိုအချိန်က ယေရှုသည် သူ၏တပည့်များအား မည်သို့ လေ့ကျင့်ရမည်၊ မည်သို့ အတူတကွ စုရုံးရမည်၊ မည်သို့ ဆုတောင်းရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်ဖြင့် တရားဟောပြောချက် အတွဲများဖြင့်သာ မြွက်ကြားခဲ့သည်။ သူထမ်းဆောင်ခဲ့သည့် အမှုမှာ ကျေးဇူးတော် ခေတ်မှ အမှုဖြစ်ပြီး၊ သူ၏ တပည့်တော်များနှင့် နောက်လိုက်များကိုသာ မည်သို့ ပြုကျင့်သင့်သည်ကို အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်အတွက် အမှုကိုသာ ဆောင်ရွက်ခဲ့ပြီး နောက်ဆုံးသော ကာလအတွက် တစ်ခုမှ မဆောင်ရွက်ခဲ့ပါ။ ပညတ်တရားခေတ်တွင် ဓမ္မဟောင်းကျမ်း ဥပဒေသကို ယေဟောဝါ ချမှတ်ခဲ့စဉ်က ကျေးဇူးတော်ခေတ်၏ အမှုကို သူအဘယ်ကြောင့် မဆောင်ရွက်ခဲ့ပါသနည်း။ ကျေးဇူးတော် ခေတ်၏အမှုကို သူအဘယ်ကြောင့် ကြိုတင်ရှင်းလင်းအောင် မဆောင်ရွက်ခဲ့ပါသနည်း။ ယင်းက လူသားတို့၏ လက်ခံမှုသို့ အကျိုးပြုစေမည် မဟုတ်ပေလော။ သားယောက်ျားလေးတစ်ဦး နွားစာခွက်ထဲတွင် မွေးဖွား၍ တန်ခိုးကြီးထွား လာလိမ့်မည်ဟုသာ သူက ဗျာဒိတ်ပေးခဲ့ပြီး ကျေးဇူးတော်ခေတ်၏ အမှုကို ကြိုတင် ဆောင်ရွက်ခဲ့ခြင်းမရှိပါ။ ခေတ်ကာလ တစ်ခုစီတိုင်းအတွက် ဘုရားသခင်၏ အမှုတို့တွင် ရှင်းလင်းပြတ်သားသော နယ်မြေကန့်သတ်ချက်များရှိသည်၊ သူသည် လက်ရှိ ခေတ်ကာလ၏ အမှုကိုသာ ဆောင်ရွက်ပြီး နောက်အဆင့်တစ်ခု၏ အမှုကို မည်သည့်အခါမျှ ကြိုတင်လုပ်ဆောင်ခြင်း မရှိပါ။ ထိုနည်းအားဖြင့်သာ ခေတ်ကာလ တစ်ခုစီအတွက် သူ၏ ကိုယ်စားပြု အမှုကို ရှေ့သို့ ဆောင်ယူနိုင်မည် ဖြစ်သည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများကိုသာ ပြောဆိုခဲ့သည်၊ မည်ကဲ့သို့ စိတ်ရှည်ရှည် ထားရမည်၊ မည်ကဲ့သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ကားတိုင်ကို မည်ကဲ့သို့ ထမ်းရမည်နှင့် ဒုက္ခများကို မည်ကဲ့သို့ ကြံ့ကြံ့ခံရမည်ကို ပြောပြခဲ့သည်၊ သို့သော် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးရန် မည်သို့ ရှာဖွေရမည်ကိုဖြစ်စေ၊ နောက်ဆုံးသော ကာလသို့ လူသားတို့ မည်သို့ ဝင်ရောက်ရမည်ကိုဖြစ်စေ မည်သည့်အခါမျှ မြွက်ဟပြောဆိုခြင်း မရှိခဲ့ပါ။ ထိုသို့အားဖြင့် သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအတွက် အမှုကို ရှာဖွေရန်မှာ အတွေးမှားခြင်း၏ လုပ်ရပ်တစ်ခု ဖြစ်မသွားပေလော။ သမ္မာကျမ်းစာကို သင့်လက်ထဲတွင် ကိုင်ဆောင်ထားရုံမျှနှင့် သင်အဘယ်အရာကို ထိုးထွင်းသိမြင်နိုင်မည်နည်း။ သမ္မာကျမ်းစာကို အနက်ဖွင့်သူဖြစ်စေ၊ တရားဟောဆရာပင်ဖြစ်စေ ယနေ့၏ အမှုကို မည်သူ ကြိုတင်သိရှိနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၄၈

အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏။ သူသည် ရွေးနုတ်ခြင်းကို လုပ်ဆောင်ပြီးမြောက်ခဲ့ပြီး၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၃

ယေရှုသည် သူ၏လူ့ဇာတိခံယူခြင်း၌ စိတ်ခံစားမှု လုံးလုံးမရှိခဲ့သော်ငြားလည်း၊ သူသည် သူ၏တပည့်တော်များကို အစဉ်အမြဲ နှစ်သိမ့်ခဲ့၏၊ ၎င်းတို့ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၁

ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် လူသားများနှင့်ဆိုင်သည့် သူ၏စီမံခန့်ခွဲမှုကို အသုံးပြုသည်။ လူများကို ဖောက်ပြန်ပျက်စီးစေခြင်းအားဖြင့်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၈

ဤအရာက လူအများစုအတွက် ကမ္ဘာဦးကျမ်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်ရကောင်း အမှတ်ရစေနိုင်သည်- “‘ငါတို့’ ပုံသဏ္ဌာန်နှင့်အညီ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။