အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ (အပိုင်း နှစ်)
ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် အတိအကျဆိုလျှင် အဘယ်နည်း။ ဘာသာတရားကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ညီမျှသလော။ ဘာသာတရားကို ယုံကြည်ခြင်းသည် စာတန်နောက်လိုက်ခြင်း ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်နောက်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ခရစ်တော်နောက်လိုက်သူများသာလျှင် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် စိုးစဉ်းမျှ လက်မခံသူသည် ဘုရားသခင်၌ စစ်မှန်သောယုံကြည်သူ မဟုတ်ပေ။ ၎င်းတို့သည် မယုံကြည်သူဖြစ်ပြီး ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်စေကာမူ အကျိုးမရှိပေ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများကို လုပ်ဆောင်ရုံသာရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူမဟုတ်သည့်အပြင် ၎င်းတို့ကို ဘုရားသခင်က အသိအမှတ်မပြုပေ။ ဘုရားသခင်သည် သင့်အား သူ၏နောက်လိုက်အဖြစ် အသိအမှတ်ပြုဖို့ဆိုလျှင် သင်သည် မည်သည့်အရာကို ပိုင်ဆိုင်ဖို့ လိုအပ်သနည်း။ လူတစ်ဦးကို ဘုရားသခင်တိုင်းတာသည့် စံနှုန်းများကို သင်သိပါသလော။ သင်သည် သူ၏ တောင်းဆိုချက်များအတိုင်း အရာရာကို လုပ်ဆောင်ခြင်းရှိမရှိအပြင် သူ၏ နှုတ်ကပတ်တော်များကို အခြေခံ၍ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းနှင့် ကျိုးနွံနာခံခြင်း ရှိမရှိကို ဘုရားသခင် အကဲဖြတ်သည်။ ဤသည်မှာ လူတစ်ဦးကို ဘုရားသခင်တိုင်းတာသည့် စံနှုန်းဖြစ်သည်။ ဘုရားသခင်၏ တိုင်းတာမှုဟူသည် နှစ်ပေါင်းမည်မျှကြာကြာ သင်ယုံကြည်လာခဲ့ပြီ၊ မည်မျှဝေးဝေး သင်ခရီးပြုလာခဲ့ပြီ၊ သင်၌ ကောင်းမွန်သည့် အပြုအမူ မည်မျှရှိသည် သို့မဟုတ် စကားနှင့် အယူဝါဒမည်မျှ သင်နားလည်သည် စသည်တို့အပေါ် မမူတည်ပေ။ သူသည် သင့်အနေဖြင့် သမ္မာတရားကို လိုက်စားခြင်းရှိမရှိနှင့် မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သည်ဆိုသည်ကို အခြေခံ၍ သင့်အားတိုင်းတာသည်။ လူများစွာတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ယုံကြည်ကြပြီး သူ့ကို ချီးမွမ်းကြသော်လည်း သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မိန့်မြွက်သော နှုတ်ကပတ်တော်များကို မနှစ်သက်ကြပေ။ ထိုသူတို့သည် သမ္မာတရားကို စိတ်မဝင်စားကြပေ။ စာတန်၏ဒဿနများ သို့မဟုတ် လောကီသီအိုရီအမျိုးမျိုးအတိုင်း အသက်ရှင်ခြင်းသည် သာမန်လူတို့ လုပ်ဆောင်သည့်အရာဖြစ်ကြောင်း၊ ဤသည်မှာ မိမိကိုယ်ကို ကာကွယ်နိုင်ပုံဖြစ်ကြောင်းနှင့် ဤလောကတွင် တန်ဖိုးရှိရှိ နေထိုင်နည်းဖြစ်ကြောင်း အမြဲယုံကြည်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သူများလော။ မဟုတ်ကြချေ။ မြင့်မြတ်ပြီး ကျောဇောသူများ၏ စကားများသည် အထူးသဖြင့် အမြော်အမြင်ကြီးဟန်တူပြီး သူတစ်ပါးတို့ကို အလွယ်တကူ အထင်အမြင်မှားစေနိုင်သည်။ သင်သည် ၎င်းတို့၏စကားများကို သမ္မာတရားများ သို့မဟုတ် လိုက်နာရမည့် ဆောင်ပုဒ်များအဖြစ် စွဲကိုင်ကောင်း စွဲကိုင်ထားမည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ရိုးသားသူတစ်ဦးဖြစ်ခြင်း၊ မိမိ၏နေရာကို လိုလိုလားလားနှင့် လုံးလုံးလျားလျား ထိန်းသိမ်းခြင်း၊ ဖန်ဆင်းခံ အဖြစ် မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် တည်ငြိမ်ရိုးသားသော ပြုမူကျင့်ကြံမှုရှိခြင်းတို့ကဲ့သို့ လူတို့အပေါ် သူထားရှိသော သာမန်တောင်းဆိုချက်တို့နှင့် ပတ်သက်၍ သင်သည် ဤနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိ၊ ယင်းတို့ကို သမ္မာတရားများအဖြစ် မမှတ်ယူပါက သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး မဟုတ်ပေ။ သင်သည် သမ္မာတရားကို ကျင့်သုံးနေသည်ဟု ဆိုသော်လည်း ဘုရားသခင်က သင့်အား “သင်ကျင့်သုံးနေသည့် ‘သမ္မာတရားများ’ သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဟုတ်ပါသလော။ သင်လိုက်နာကျင့်သုံးနေသည့် အခြေခံစည်းမျဉ်းများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံပါသလော” ဟု မေးလျှင် မိမိကိုယ်ကို မည်သို့ဖြေရှင်းမည်နည်း။ သင်၏ အခြေပြုချက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်ပါက ယင်းသည် စာတန်၏ စကားများဖြစ်သည်။ သင်သည် စာတန်၏ စကားများအတိုင်း အသက်ရှင်နေလင့်ကစား သင်သည် သမ္မာတရားကို ကျင့်သုံးပြီး ဘုရားသခင်ကို ကျေနပ်စေသည်ဟု ဆိုသည်။ ယင်းက ဘုရားသခင်ကို စော်ကားနေသည် မဟုတ်လော။ ဥပမာအားဖြင့်၊ ဘုရားသခင်သည် လူတို့ကို ရိုးသားရန် ညွှန်ကြားထားသော်လည်း အချို့သောလူများသည် ရိုးသားသူဖြစ်ခြင်းတွင် အမှန်တကယ် ပါဝင်သည့်အရာ၊ ရိုးသားသူဖြစ်လာရန် လေ့ကျင့်နည်း၊ ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သော မည်သည့်အရာများက မရိုးသားဘဲ ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သော မည်သည့်အရာများက ရိုးသားသည်ကို မစဉ်းစားကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ သမ္မာတရား၏ အနှစ်သာရကို ဆင်ခြင်ရမည့်အစား ၎င်းတို့သည် ဘာသာတရားမရှိသူများ၏ စာအုပ်များကို အားထားကြသည်။ “ဘာသာတရားမရှိသူများ၏ ဆိုရိုးစကားများလည်း အတော်ကောင်းသည်။ ယင်းတို့ကလည်း လူတို့ကို လူကောင်းဖြစ်ရန် သွန်သင်ပေးသည် ဟု သူတို့က ထင်ကြ၏။ သာဓကအားဖြင့်၊ ‘ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်’ ‘မာယာကင်းသော လူများ အမြဲ အောင်မြင်သည်’ ‘သူတစ်ပါးကို ခွင့်လွှတ်ခြင်းသည် မိုက်မဲခြင်းမဟုတ်၊ နောင်တွင် အကျိုးကို ဆောင်တတ်၏’ တို့ ဖြစ်ကြသည်။ ဤဖော်ပြချက်များလည်း မှန်ကန်သည်၊ ထို့ပြင် သမ္မာတရားနှင့် ကိုက်ညီ၏။” ဟု သူတို့က ထင်ကြသည်။ ထို့ကြောင့် ဤစကားများကို သူတို့က လိုက်နာကြသည်။ ဘာသာတရားမရှိသူများ၏ ဤဆိုရိုးစကားများကို လိုက်နာခြင်းဖြင့် မည်သို့သော လူစားမျိုးအဖြစ် သူတို့အသက်ရှင်နိုင်မည်နည်း။ သူတို့သည် သမ္မာတရားစစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်နိုင်သလော။ (မနေထိုင်နိုင်ပါ။) ဤကဲ့သို့သောလူ များစွာရှိသည် မဟုတ်လော။ သူတို့သည် အသိပညာတစ်ချို့ကို ဆည်းပူးကြသည်။ စာအုပ်အနည်းငယ်နှင့် ကျော်ကြားသော စာပေလက်ရာအချို့ကို ဖတ်ဖူးသည်။ ရှုထောင့်တစ်စုံတစ်ရာကို ရရှိကြပြီး ကျော်ကြားသော ဆိုရိုးစကားနှင့် ရိုးရာစကားပုံအနည်းငယ်ကို ကြားသိပြီးနောက် ယင်းတို့ကို သမ္မာတရားအဖြစ်ခံယူကာ ဤစကားများနှင့်အညီ ပြုမူဆောင်ရွက်ပြီး မိမိတို့ တာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင်ကို ယုံကြည်သူများအဖြစ် မိမိတို့၏အသက်တာတွင် အသုံးချပြီး ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေသည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ သမ္မာတရားကို အမှားဖြင့် အစားထိုးခြင်း မဟုတ်လော။ လိမ်လည်လှည့်ဖြားမှုနှင့် ပတ်သက်သည်မဟုတ်လော။ ဘုရားသခင်အတွက် ဤအရာသည် စော်ကားခြင်းပင်။ ဤအရာများသည် လူတစ်ဦးစီတိုင်းတွင် အနည်းအကျဉ်းမျှမက ပေါ်လွင်သည်။ လူတို့ကြားမှလာသည့် နှစ်သက်ဖွယ်ကောင်းသော စကားများနှင့် မှန်ကန်သော အယူဝါဒများကို လက်ကိုင်ထားရမည့် သမ္မာတရားများအဖြစ် မှတ်ယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးဖယ်ထားကာ ယင်းတို့ကို လျစ်လျူရှုသောသူ၊ ယင်းတို့ကို အကြိမ်မည်မျှဖတ်သည်ဖြစ်စေ နှလုံးသွင်းရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ထည့်သွင်းစဉ်းစားရန် ပျက်ကွက်သောသူ တစ်ဦးအနေဖြင့် ထိုသူသည် ဘုရားသခင်ကို ယုံကြည်သူဖြစ်သလော။ သူသည် ဘုရားသခင်၏ နောက်လိုက်တစ်ယောက်လော။ (မဟုတ်ပါ။) ထိုသို့သောလူတို့သည် ဘာသာတရားကို ယုံကြည်ကြခြင်းဖြစ်သည်။ စာတန်နောက်သို့ လိုက်နေကြဆဲပင်။ စာတန်ပြောသော စကားများသည် အတွေးအခေါ်မြင့်မားပြီး လွန်စွာ လေးနက်ကာ ဂန္တဝင်ဆန်သည်ဟု သူတို့ယုံကြည်ကြသည်။ ၎င်းတို့ကို အဆုံးစွန်သော အမှန်တရားဆိုင်ရာ ကျော်ကြားသော ဆိုရိုးစကားများဟု မှတ်ယူကြသည်။ သူတို့သည် အခြားမည်သည့်အရာကို စွန့်လွှတ်ရသည်ဖြစ်စေ ထိုစကားများကို လက်လွှတ်မခံနိုင်ကြပေ။ ထိုစကားများကို စွန့်ပစ်လိုက်ခြင်းက သူတို့၏နှလုံးသားကို ညှစ်ထုတ်ပစ်သကဲ့သို့ သူတို့၏ အသက်တာ၏ အခြေခံအုတ်မြစ်ကို ဆုံးရှုံးရသည်နှင့်တူပေမည်။ ဤသူတို့မှာ မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် စာတန်၏နောက်လိုက်များဖြစ်ကြပြီး၊ ယင်းကြောင့် ၎င်းတို့သည် စာတန်၏ ကျော်ကြားသောဆိုရိုးစကားများကို သမ္မာတရားအဖြစ် လက်ခံခြင်းဖြစ်သည်။ သင်တို့သည် မတူညီသော နောက်ခံအကြောင်းများ အတွင်း၌ မိမိကိုယ်ကို တွေ့မြင်ရသော အခြေအနေအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာပြီး သတိပြုမိနိုင်သလော။ သာဓကအနေဖြင့်၊ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုသော်လည်း သူတို့အပေါ် အမှုအရာများ ကျရောက်လာသောအခါတွင် “ကျွန်ုပ်အမေ ပြောခဲ့သည်”၊ “ကျွန်ုပ်အဘိုး ပြောခဲ့သည်”၊ “နာမည်ကျော်ကြားသော ဤသူထိုသူ ပြောခဲ့သည်”၊ သို့မဟုတ် “ဤစာအုပ် ထိုစာအုပ်က ဆိုခဲ့သည်” ဟု အမြဲပြောကြသည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်က ဤသို့ဆိုသည်”၊ “ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များက ထိုကဲ့သို့ဖြစ်သည်”၊ “ဘုရားသခင်က ဤသို့ဆိုသည်” ဟု တစ်ခါမျှ မပြောဖူးကြပေ။ ဤစကားများကို သူတို့ မည်သည့်အခါမျှ မပြောကြပေ။ သူတို့သည် ဘုရားသခင်နောက် လိုက်နေကြသလော။ (မလိုက်ကြပါ။) ဤအခြေအနေများကို လူတို့ရှာဖွေတွေ့ရှိရန် လွယ်ကူသလော။ မလွယ်ကူပေ။ သို့သော် လူတို့၌ ယင်းတို့၏ တည်ရှိမှုသည် ထိုသူတို့အတွက် ကြီးစွာသော ထိခိုက်မှုပင်ဖြစ်၏။ သင်သည် ဘုရားသခင်ကို သုံးနှစ်၊ ငါးနှစ်၊ ရှစ်နှစ်၊ သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ပြီးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံရမည်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သင် မသိသေးပေ။ သင့်အပေါ် မည်သည့်အရာဖြစ်ပါစေ စာတန်ဆန်သောစကားများကို သင့်အခြေခံအဖြစ် သင် သဘောထားနေသေးသည်။ အခြေခံအကြောင်းရင်းကို ရိုးရာယဉ်ကျေးမှု၌ သင်ရှာနေသေးသည်။ ယင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းလော။ သင်သည် စာတန်နောက်သို့ လိုက်နေခြင်း မဟုတ်လော။ သင်သည် စာတန်ဆန်သော စကားများဖြင့် နေထိုင်ပြီး စာတန်ဆန်သောစိတ်သဘောထားများဖြင့် အသက်ရှင်သောကြောင့် ဘုရားသခင်ကို ခုခံနေခြင်း မဟုတ်လော။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်း မရှိသည့်အတွက်၊ ဘုရားသခင်၏ ခြေလှမ်းများနောက် မလိုက်ဘဲ ဘုရားသခင် ပြောသည့်အရာတိုင်းကို အရေးမစိုက်နိုင်ကာ ဘုရားသခင် မည်သည့်အရာ စီစဉ်ညွှန်ကြားပါစေ၊ သို့မဟုတ် သင့်အား တောင်းဆိုပါစေ မကျိုးနွံမနာခံနိုင်သည့်အတွက် သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း မဟုတ်ချေ။ သင်သည် စာတန်နောက်သို့ လိုက်နေဆဲဖြစ်သည်။ စာတန်သည် အဘယ်မှာနည်း။ စာတန်သည် လူတို့၏စိတ်နှလုံးထဲတွင် ရှိသည်။ စာတန်၏ အတွေးအမြင်များ၊ ယုတ္တိနှင့် စည်းမျဉ်းများ၊ ပြီးလျှင် ဆိုးယုတ်သော စကားပေါင်းစုံတို့သည် ကြာမြင့်သော အချိန်ကတည်းက လူတို့၏စိတ်နှလုံးထဲတွင် အမြစ်တွယ်ခဲ့ပြီးဖြစ်သည်။ ဤသည်မှာ အဆိုးရွားဆုံးပြဿနာဖြစ်သည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်း၌ ဤပြဿနာကို သင်မဖြေရှင်းနိုင်ပါက သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း မခံရနိုင်ချေ။ ထို့ကြောင့် သင်တို့သည် သင်တို့ လုပ်ဆောင်နေသည့်အရာအားလုံး၊ သင်တို့၏အတွေးများနှင့် အမြင်များ၊ ပြီးလျှင် နှိုင်းယှဥ်သည့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်၍ အမှုကိစ္စများကို လုပ်ဆောင်ခြင်းအတွက် သင်တို့၏ အခြေခံအကြောင်းရင်းကို မကြာခဏ နမူနာပြရမည်ဖြစ်ပြီး သင်တို့၏ အတွေးထဲရှိ အရာများကို စိစစ်ရမည်။ သင်တို့အထဲမှ မည်သည့်အရာများက လောကီဆိုင်ရာဆက်ဆံမှုများအတွက် အတွေးအခေါ်များ ဖြစ်သည်၊ အများကြိုက် ဆိုရိုးစကားများဖြစ်သည်၊ ရိုးရာထုံးတမ်းဓလေ့ဖြစ်သည်သာမက မည်သည်တို့က ဦးနှောက်အသိပညာမှ လာသည်ကို သိရမည်။ သင်တို့သည် ဤအရာများမှ မည်သည့်အရာကို မှန်ကန်ပြီး သမ္မာတရားနှင့်အညီ ဖြစ်သည်ဟု အမြဲတမ်း ယုံကြည်သည်၊ မည်သည့်အရာကို သမ္မာတရားသဖွယ် သင်လိုက်နာပြီးလျှင် မည်သည့်အရာကို သမ္မာတရားအား အစားထိုးခွင့်ပေးသည်ကို သိရပေမည်။ ဤအရာတို့ကို သင်ခွဲခြမ်းစိတ်ဖြာရမည်ဖြစ်သည်။ အထူးသဖြင့် အကယ်၍ မှန်ကန်ပြီး တန်ဖိုးရှိသည်ဟု သင်ယုံကြည်သော အရာများကို သမ္မာတရားကဲ့သို့ သင်သဘောထားလျှင် ယင်းတို့ကို ရိပ်စားမိရန် မလွယ်ကူ။ သို့သော် ယင်းတို့ကို ရိပ်စားမိပါက သင်သည် ကြီးမားသော အတားအဆီးတစ်ခုကို ထိုးဖောက်ကျော်လွှားပြီး ဖြစ်လိမ့်မည်။ ဤအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် လူတို့၏ နားလည်သဘောပေါက်ခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ၊ ပြီးလျှင်ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအတွက် အဟန့်အတားများ ဖြစ်လေသည်။ အကယ်၍ သင်သည် စိတ်ရှုပ်ထွေးကာ လုပ်စရာမရှိဘဲ တစ်နေ့လုံး အချိန်ကုန်နေပြီး ဤအရာများကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် ဤပြဿနာများအား ဖြေရှင်းခြင်းအပေါ် အာရုံစိုက်ခြင်း မရှိပါက ယင်းတို့သည် သင်၏စိတ်နှလုံးထဲ၌ စိတ်ဓာတ်ကျဆင်းမှု၏ ဇာစ်မြစ်နှင့် အဆိပ်အတောက်ဖြစ်လေသည်။ ယင်းတို့ကို မဖယ်ရှားလျှင်၊ သင်သည် ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းမရှိဘဲ ကယ်တင်ခြင်း ရရှိဖို့နည်းလမ်းလည်း ရှိလိမ့်မည် မဟုတ်ပေ။
ယခု ငါတို့သည် ဤအရာများနှင့်ပတ်သက်၍ မိတ်သဟာယပြုပြီးဖြစ်၍ သင်တို့သည် ဘုရားသခင်၏ လိုအင်ဆန္ဒများ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သမ္မာတရားကို ဆန့်ကျင်သော်လည်း သင်တို့က သမ္မာတရားအဖြစ် မှတ်ယူကာ လက်တွေ့ကျင့်သုံးပြီး ထိုအတိုင်း စွဲကိုင်ထားသည့် သင်တို့အထဲ၌ရှိသော အခြေအနေများ၊ အယူအဆများ သို့မဟုတ် ဘက်လိုက်သော ရှုမြင်ချက်များကို စဉ်းစားမိပြီလော။ (လူတစ်ယောက်အနေဖြင့် လူတိုင်းနှစ်သက်ပြီး ပေါင်းသင်းလိုသော လူကောင်းတစ်ဦးဖြစ်အောင် ကြိုးပမ်းသင့်သည်ဟု ကျွန်ုပ်၌ ရှုမြင်ချက်ရှိခဲ့သည်။ သမ္မာတရားကို ကျွန်ုပ် နားမလည်သည့်အခါ ဤလိုက်စားမှုက တရားမျှတပြီး မှန်ကန်သည်ဟု ထင်ခဲ့သည်။ သို့သော် ယခုတွင် သမ္မာတရားဖြင့် တိုင်းတာလျှင် ထိုကဲ့သို့သော လူသည် လူ့အကြိုက်လိုက်သူဖြစ်ကြောင်း ကျွန်ုပ် သဘောပေါက်သည်။ အထူးသဖြင့် လှည့်ဖြားတတ်သောလူတို့အကြောင်း ဘုရားသခင်၏ ဖော်ထုတ်မှုများကို ဖတ်ရှုပြီးနောက် အခြားသူများ၏ အကြိုက်ကိုလိုက်ပြီး ယုံမှားစေသော အသွင်များကိုပေးကာ ထိုသူတို့ကို အထင်အမြင်မှားစေခြင်းဖြင့် ကျွန်ုပ်၏ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ထိန်းသိမ်းဖို့ရန် အရာခပ်သိမ်းကို ကြိုးစား၍ လုပ်ဆောင်ရာ၌ လှည့်ဖြားတတ်သော ရည်ရွယ်ချက်များရှိမှန်း ပိုင်းခြားသိမြင်ခဲ့ရသည်။ တစ်ခါတစ်ရံတွင် အခြားသူတို့နှစ်သက်ဖို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုပင် စတေးခဲ့သည်။ ကျွန်ုပ်သည် လုံးဝ လူကောင်းမဟုတ်သကဲ့သို့ စစ်မှန်သော လူသားပုံသဏ္ဌာန်ကိုလည်း မပိုင်ဆိုင်ခဲ့ပါပေ။ ဤအရာများကို တွေ့ရှိသောအခါ ကျွန်ုပ်သည် သမ္မာတရားကို ရှာဖွေလိုခဲ့ပြီး လူ့အကြိုက်လိုက်သူ ဖြစ်မည့်အစား ဘုရား၏တောင်းဆိုချက်များအတိုင်း ရိုးသားသူဖြစ်ချင်ခဲ့သည်။ ကျွန်ုပ်သည် အရှိအတိုင်းနှင့် အမှန်အတိုင်း ပြောဆိုတတ်သူ၊ အရာရာတိုင်းတွင် ဖြောင့်မတ်ရိုးသားသူ ဖြစ်ချင်ခဲ့ပြီး၊ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီညွတ်သောကြောင့် ဖြစ်သည်။) (ဤကာလတစ်လျှောက်တွင် ကျွန်ုပ်သည် အပြင်ပန်းအပြုအမူ၏ ပြောင်းလဲမှုများကို အာရုံစိုက်ခဲ့မှန်း သတိပြုမိခဲ့သည်။ ဥပမာ၊ ညီအစ်ကို မောင်နှမတစ်ချို့က ကျွန်ုပ်ကို မာနကြီးပြီး ပေါင်းသင်းရခက်သည်ဟု ပြောသည့်အခါ ကျွန်ုပ်သည် ထိုသူတို့နှင့် အလိုက်အထိုက်နေရန်နှင့် သိမ်မွေ့ရင်းနှီးသောပုံစံဖြင့် အမှုအရာတို့ကို ဆွေးနွေးရန် ကြိုးစားမည်ဖြစ်သည်။ သူတို့ပြောသမျှကို ကျွန်ုပ်လုပ်ခဲ့ပြီး မိမိတို့၏တာဝန်ကို ထမ်းဆောင်စဉ် အမှားလုပ်မိသူတစ်ဦးကို ကျွန်ုပ်တွေ့ခဲ့လျှင် ယင်းကို ထောက်ပြမည့်အစား ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ခြင်းကို ထိန်းသိမ်းမည်ဖြစ်သည်။ ကျွန်ုပ်သည် ယခုတွင် ဘုရားသခင်၏ မိတ်သဟာယပြုချက်ကို နားထောင်နေစဉ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ကျွန်ုပ်သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်များဖြင့် လုပ်ဆောင်နေသည်။ ကျွန်ုပ်သည် အခြားသူများကို အထင်အမြင်မှားစေရန် ကျွန်ုပ်၏ ကောင်းမွန်သော အပြင်ပန်းအပြုအမူကို အသုံးချနေချိန်၌ အမှန်တကယ်တွင် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖယ်ရှားခြင်းမခံရပါ။ ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားသူ မဟုတ်ခဲ့ဘဲ အချိန်များစွာ ဖြုန်းတီးခဲ့သည်။) သင်တို့သည် ယခင်က မှားယွင်းသော ရှုထောင့်များနှင့် အလေ့အကျင့်တစ်ချို့ကို ယခုတွင် ရိပ်မိသိရှိနိုင်သော်လည်း သမ္မာတရားကို သင်တို့ကျင့်သုံးသောအခါ သင်တို့အတွက် ခက်ခဲပင်ပန်းလေသည်။ ဤအခြေအနေများကို အသိအမှတ်ပြုပြီး သတိပြုမိပါက ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်၏ အတိဒုက္ခနှင့် ပတ်သက်၍ သင်တို့၏ အတွေးအမြင်များနှင့် ခံစားချက်များကား အဘယ်နည်း။ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အား စာတန်က ခိုင်မြဲစွာ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားကြောင်း သင် ခံစားမိပါသလော။ ဤသည်ကို သင်သတိထားမိပြီလော။ (သတိထားမိပါပြီ။) ယင်းကို သင်တို့ မည်သည့်အချိန်က သတိထားမိသနည်း။ (သမ္မာတရားကို ကျွန်ုပ် ကျင့်သုံးလိုသောအခါ စာတန်၏သဘောသဘာဝသည် ကျွန်ုပ်ကို အတွင်းနှလုံးသား၌ ထိန်းချုပ်ပြီး အကျဉ်းချထားပါသည်။ ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ ရုန်းကန်ကြိုးစားသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါ။ သံခြေချင်းတစ်မျိုးကို ကျွန်ုပ် ဝတ်ဆင်ထားရသကဲ့သို့ ဖြစ်သည်။ ယင်းက စိတ်ဒုက္ခရောက်သည်။) သို့ဆိုလျှင် စာတန်သည် အလွန်အမင်း မုန်းတီးစရာကောင်းသည်ဟု သင်ခံစားခဲ့ရသလော။ သို့မဟုတ် အချိန်ကြာလာသည်နှင့်အမျှ ထုံအသွားပြီး အမုန်းတရားကို နောက်ထပ်လှုံ့ဆော်နိုင်စွမ်း မဲ့နေခဲ့သလော။ (စာတန်သည် မုန်းတီးဖွယ်ကောင်းကြောင်း ကျွန်ုပ်ခံစားခဲ့ရသည်။) လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏အလုပ် အလွန်တရာ လိုအပ်သည်ကို သင်သဘောပေါက်ပြီးပြီလော။ လူသားမျိုးနွယ်ကို ဖော်ထုတ်သည့် စကားလုံးများအပါအဝင် ဘုရားသခင်ဖော်ပြသော နှုတ်ကပတ်တော်များနှင့် သမ္မာတရားများအားလုံးသည် အစစ်အမှန်မဟုတ်သော စကားစုတစ်ကြောင်းမျှမပါ၊ လက်တွေ့အရှိတရားများဖြစ်ကြောင်းနှင့် ယင်းတို့အားလုံးသည် အဖြစ်မှန်များနှင့် လုံးဝကိုက်ညီနေပြီး လူသားမျိုးနွယ်အနေဖြင့် သမ္မာတရားကို ရရှိပြီး ကယ်တင်ခြင်းသို့ရောက်ရန်အတွက် အလိုအပ်ဆုံး စကားလုံးများဖြစ်ကြောင်း သင်နားလည်နိုင်သလော။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို အသည်းအသန် လိုအပ်လျက်ရှိ၏။ အကယ်၍ ဘုရားသခင်သည် သူ၏အလုပ်ကိုဆောင်ရွက်ရန် လူ့ဇာတိမခံယူခဲ့ပါက မြောက်မြားစွာသော သမ္မာတရားများကို မဖော်ပြထားခဲ့ပါက၊ လူသားမျိုးနွယ်သည် ကယ်တင်ခြင်းသို့ရောက်ရာ လမ်းကြောင်းကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအတွက် စာတန်နှင့် နတ်ဆိုးများအပေါ် မှီခိုအားထားမှုဟူသမျှသည် ပျက်စီးခြင်းသို့ ရောက်မည်ဖြစ်သည်။ စာတန်၏ အတွေးအခေါ်များ၊ စာတန်၏ တွေးခေါ်မှုစနစ်နှင့် ဥပဒေများဖြင့် အသက်ရှင်သော လူအားလုံးသည် ပျက်စီးခြင်း၏ပစ်မှတ်များ ဖြစ်ကြသည်။ ဤသည်ကို ယခု သင်တို့ သတိထားမိသလော။ ယင်းကို သတိထားမိရုံနှင့် မလုံလောက်ပေ။ ယင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို တောင့်တသော နှလုံးသားမျှသာ ဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိ၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံနိုင်ခြင်းရှိမရှိနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနိုင်ခြင်းရှိမရှိ ဆိုသည်တို့က အရေးကြီးသော မေးခွန်းများဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ချစ်ရမည်ဖြစ်ပြီး မကောင်းမှုနှင့် စာတန်ထံမှလာသော အရာမှန်သမျှကိုလည်း မုန်းတီးရမည်ဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကို နားလည်မှုအပေါ် အာရုံစိုက်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခြင်းများအား ပိုင်းခြားသိမြင်ခြင်းအပေါ် အာရုံစိုက်ရမည် ဖြစ်သည်။ ၎င်းတို့၏ သဘာဝ အနှစ်သာရသည် ကြောက်မက်ဖွယ်ကောင်းပြီး ကောက်ကျစ်ဆိုးယုတ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်ကာ ဘုရားသခင်က စက်ဆုပ်ရွံရှာကြောင်း၊ မိမိကိုယ်ကို စက်ဆုပ်ဖွယ်ကောင်းသည်ဟု ခံစားရခြင်းနှင့် စိတ်နှလုံးထဲမှ မိမိကိုယ်ကို စက်ဆုပ်ရွံရှာခြင်းငှာ စွမ်းဆောင်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ရမည်ဖြစ်သည်။ သို့မှသာ ၎င်းတို့သည် စာတန်သဘောသဘာဝ၏ ချုပ်နှောင်မှုနှင့် ကန့်သတ်မှုများမှ လွတ်မြောက်ရန်နှင့် စွန့်ပစ်ရန်အတွက်သာမက သမ္မာတရားကို ကျင့်သုံးပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန်အတွက် ဆုံးဖြတ်ချက်နှင့် ခွန်အားကို ရရှိနိုင်သည်။ ဤသို့ စိတ်ဓာတ်ခိုင်မာမှုမရှိဘဲ သင်ထိုသို့လုပ်ဆောင်ဖို့ လိုအပ်လျှင်ပင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် အခက်တွေ့လိမ့်မည်။ အချုပ်အနှောင်၊ ကြိုးကိုင်ညွှန်ကြားမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဖျက်ဆီးခြင်းနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား အလွဲသုံးစားလုပ်မှု စသည့် အခြေအနေများကြားတွင် လူတို့သည် သေလုမျောပါး ရုန်းကန်ကြရမည်။ ဤဝေဒနာကို ခံစားရသောအခါမှသာ သူတို့သည် စာတန်ကိုမုန်းတီးပြီး ဤအရာအားလုံးကို ပြောင်းလဲပစ်ရန် ဆုံးဖြတ်ချက်နှင့် သန္နိဋ္ဌာန်ထားရှိကြသည်။ ဆင်းရဲဒုက္ခကို အတော်အတန် ကြံ့ကြံ့ခံပြီးမှသာလျှင် သမ္မာတရားကို လိုက်လျှောက်ရန်နှင့် ဤအရာအားလုံးမှ လွတ်မြောက်ရန် သူတို့သည် စိတ်ပိုင်းဖြတ်လာနိုင်ပြီး စေ့ဆော်မှု ရှိလာနိုင်သည်။ သင်သည် မည်သည့်နာကျင်မှုမျှ မခံစားရဘဲ သို့မဟုတ် စာတန်သည် လူတို့အား အကြင်နာမဲ့ပုံကို သတိမပြုမိဘဲ စာတန်၏အမှုအရာများမှာ အတော်လေးကောင်းမွန်သည်ဟုလည်းကောင်း၊ ဇာတိပကတိကို ကျေနပ်စေကာ လူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ လူတို့၏ လွန်ကဲသောစိတ်ဆန္ဒများနှင့် အမျိုးမျိုးသော ရွေးချယ်မှုများကို ဖြည့်ဆည်းပေးနိုင်သည်ဟုလည်းကောင်း ခံစားရပါက သင်သည် ဤအရာအားလုံးမှ လွတ်မြောက်ရန် ဆန္ဒရှိပါသလော။ (မရှိပါ။) လှည့်စားတတ်သော လူတစ်ဦးက မိမိလှည့်ဖြားတတ်သည်၊ လိမ်လည်ရခြင်းကို နှစ်သက်ပြီး သမ္မာတရားကို ပြောခြင်းအား မနှစ်သက်ကြောင်းနှင့် ၎င်းသည် အခြားလူများနှင့် ဆက်ဆံရေးများတွင် အရာရာကို အစဉ်သဖြင့် ဖုံးကွယ်နေကြောင်းကို သတိပြုမိသော်လည်း မိမိကိုယ်ကို “ဤသို့ ရှင်သန်ရခြင်းမှာ ကောင်းလှသည်။ အခြားလူများကို ငါအဆက်မပြတ် လှည့်စားလျက်ရှိသော်လည်း ၎င်းတို့က ငါ့ကို ထိုကဲ့သို့ မပြုလုပ်နိုင်။ ငါ၏ကိုယ်ပိုင်အကျိုးစီးပွား၊ ဂုဏ်၊ အဆင့်အတန်း၊ မာနနှင့်ပတ်သက်လျှင် ငါသည် အမြဲလိုလို ကျေနပ်မှုရှိ၏။ အမှုအရာများသည် ငါ၏အစီအစဉ်များအတိုင်း အမှားကင်းစွာ၊ ချောမွေ့စွာ ဖြစ်ပျက်ပြီး မည်သူမျှ ၎င်းတို့ကို မရိပ်စားမိ” ဟူ၍ တွေးတောလျက် ထိုအရာကို ၎င်းတို့က အကြိုက်တွေ့ကြသည် ဆိုပါစို့။ ထိုလူစားမျိုးတွင် ရိုးသားလိုသော ဆန္ဒရှိသလော။ မရှိပေ။ လှည့်စားခြင်းနှင့် ကောက်ကျစ်ခြင်းသည် ဉာဏ်ရှိခြင်းနှင့် အသိပညာဖြစ်သည်၊ အပြုသဘောဆောင်သောအရာများဖြစ်သည်ဟု ဤသူက ယုံကြည်သည်။ သူသည် ဤအရာများကို တန်ဖိုးထားပြီး ဤအရာများမရှိဘဲ မနေနိုင်ပေ။ “ယင်းက အကောင်းဆုံး ပြုမူနေထိုင်နည်း၊ ခွန်အားဖြစ်စေသည့် တစ်ခုတည်းသော အသက်ရှင်နည်းဖြစ်သည်” ဟူ၍ ထင်သည်။ “ယင်းက အသက်ရှင်ဖို့အတွက် တန်ဖိုးရှိသည့် တစ်ခုတည်းသော နည်းလမ်း၊ အခြားသူများက ကျွန်ုပ်ကို အားကျပြီး အထင်ကြီးလေးစားစေမည့် တစ်ခုတည်းသော အသက်ရှင်နည်းဖြစ်သည်။ ဆိုးယုတ်သည့် အတွေးအခေါ်များနှင့် အသက်မရှင်လျှင် ကျွန်ုပ်သည် မိုက်မဲပြီး နုံအနေခြင်းဖြစ်ရမည်။ ကျွန်ုပ်သည် ဆုံးရှုံးနေရမည်။ အနိုင်ကျင့်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လက်ပါးစေတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းတို့ကို အမြဲတမ်းခံရမည်။ ထိုကဲ့သို့ အသက်ရှင်ရခြင်း၌ တန်ဖိုးမရှိပါ။ ကျွန်ုပ် မည်သည့်အခါမျှ ရိုးသားသူတစ်ယောက် ဖြစ်မည်မဟုတ်” ဟူ၍ ဖြစ်သည်။ ဤသို့သောသူမျိုးသည် သူ၏ လှည့်စားတတ်သော စိတ်သဘောထားကို စွန့်လွှတ်ပြီး ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်မည်လော။ လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ မည်မျှကြာပြီဖြစ်စေ၊ တရားဒေသနာများ မည်မျှကို ကြားပြီးဖြစ်စေ၊ များစွာသောသမ္မာတရား မည်မျှကို နားလည်ပြီးဖြစ်စေ ထိုသို့သောသူများသည် ဘုရားသခင်နောက်သို့ မည်သည့်အခါမျှ အမှန်တကယ် လိုက်လျှောက်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့ မည်သည့်အခါမျှ ဝမ်းမြောက်စွာ လိုက်လျှောက်မည်မဟုတ်၊ အကြောင်းမှာ ထိုသို့ပြုလုပ်ရန်အတွက် ၎င်းတို့သည် များစွာ စွန့်လွှတ်ရမည်၊ များစွာ ပစ်ပယ်ရမည်၊ ထို့ပြင် နာကျင်မှုနှင့် ဆုံးရှုံးမှုများကို ခံစားရမည်ဟု ခံစားကြသောကြောင့်ဖြစ်၏။ ဤသည်ကို ၎င်းတို့ လုံးဝလက်ခံမည် မဟုတ်ချေ။ ၎င်းတို့က “ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘာသာတရားကို ယုံကြည်ခြင်းဖြစ်သည် နာမည်ခံ ယုံကြည်သူတစ်ယောက်ဖြစ်ခြင်း၊ ကောင်းသောအကျင့် အနည်းငယ်ရှိခြင်းနှင့် ဝိညာဉ်အာဟာရအတွက် တစ်စုံတစ်ခုရှိခြင်းပင်။ ထိုမျှသာဖြစ်၏။ အဖိုးအခပေးဖို့၊ ဒုက္ခခံဖို့ သို့မဟုတ် တစ်စုံတစ်ခုကို စွန့်လွှတ်ဖို့ မလိုအပ်ပေ။ ထို့ကြောင့် လူတစ်ဦးသည် သူ၏စိတ်နှလုံးထဲ၌ ယုံကြည်ပြီး ဘုရားသခင်ကို အသိအမှတ်ပြုသည်ဟု ပြောနေသရွေ့ ဘုရားသခင်၌ ဤယုံကြည်ခြင်းမျိုးက သူ့ကို ကယ်တင်ခြင်းသို့ရောက်ပြီး ကောင်းကင်နိုင်ငံသို့ ဝင်စားရန် အခွင့်ပေးမည်ပင်။ ထိုသို့သော ယုံကြည်ခြင်းက ကောင်းမွန်လိုက်လေခြင်း။” ဟု စဥ်းစားကြသည်။ ဤကဲ့သို့သောသူတို့သည် အဆုံးတွင် သမ္မာတရားကို ရနိုင်ကြမည်လော။ (မရနိုင်ကြပါ။) သမ္မာတရားကို သူတို့မရနိုင်မည့် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့၌ အပြုသဘောဆောင်သောအရာတို့ကို ချစ်မြတ်နိုးခြင်း မရှိ၊ အလင်းကို ၎င်းတို့မတောင့်တ၊ ဘုရားသခင်၏လမ်းကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ၎င်းတို့မချစ်မြတ်နိုးကြပေ။ ၎င်းတို့က လောကီရေပန်းစားမှုများနောက် လိုက်လိုကြသည်၊ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စွဲမက်နှစ်သက်ကြသည်၊ ၎င်းတို့သည် လူထုအလယ်တွင် ထင်ပေါ်ရသည်ကို နှစ်သက်သည်၊ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ကိုးကွယ်သည့်အပြင် ၎င်းတို့သည် ကြီးမြတ်ပြီး ကျော်ကြားသူများကို ကြည်ညိုသည်၊ သို့ရာတွင် တကယ့်ဖြစ်ရပ်မှန်မှာမူ ၎င်းတို့သည် မကောင်းဆိုးဝါးများနှင့် စာတန်များကို ကြည်ညိုနေကြခြင်း ဖြစ်သည်။ စိတ်နှလုံး၌ ၎င်းတို့လိုက်စားသည့်အရာမှာ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများ မဟုတ်ဘဲ၊ အသိပညာကို ကြည်ညိုခြင်းဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို သက်သေခံသူများကို မထောက်ခံပေ။ ထိုအစား ၎င်းတို့သည်အထူးပါရမီများနှင့် ဆုကျေးဇူးများရှိသောလူများကို ထောက်ခံပြီး လေးစားအားကျသည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်းတွင် ၎င်းတို့သည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို မဟုတ်ဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် အာဏာကို လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ကြသည်။ ၎င်းတို့သည် ကြီးမားသော ပရိယာယ်ရှိသည့် ထူးခြားပြောင်မြောက်သော ဉာဏ်ဆင်မှုများကို အောင်မြင်သောသူတစ်ဦးဖြစ်ဖို့ ကြိုးပမ်းကြသည်။ ၎င်းတို့သည် ကြီးမြတ်ပြီး ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာဖို့ လူ့အဖွဲ့အစည်း၏ အထက်တန်းစားအလွှာများတွင် မိမိတို့ကိုယ်ကိုယ် တစ်သားတည်းဖြစ်အောင် ကြိုးစားကြသည်။ ၎င်းတို့သည် ၎င်းတို့တက်ရောက်မိသည့် အခမ်းအနားတိုင်း၌ ချစ်ခင်လေးစားစွာဖြင့် ကြိုဆိုနှုတ်ဆက်ခံလိုကြသည်။ လူများက စွဲလမ်းကြည်ညိုသူတစ်ဦး ၎င်းတို့ ဖြစ်လိုကြသည်။ ဤသည်မှာ ၎င်းတို့ဖြစ်လိုသည့် လူစားမျိုးဖြစ်သည်။ ဤသည်မှာ မည်သို့သော လမ်းမျိုးဖြစ်သနည်း။ ယင်းမှာ နတ်ဆိုးတို့၏ လမ်း၊ ဆိုးယုတ်မှု၏ လမ်းကြောင်းပင်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများက လျှောက်သောလမ်းမဟုတ်ပေ။ ၎င်းတို့သည် လူတို့ကို အယုံသွင်း၍ ၎င်းတို့၏ပုဂ္ဂိုလ်ရေးယုံကြည်မှုကို ချိုင်ယူရန်၊ ၎င်းတို့အား ကိုးကွယ်ပြီး ၎င်းတို့၏နောက်သို့ လိုက်စေဖို့၊ စာတန်၏အတွေးအမြင်များ၊ ၎င်း၏ဆင်ခြင်တွေးခေါ်မှုစနစ်တို့ကို အသုံးပြုသည်၊ လူတို့၏ ကိုယ်ပိုင်ယုံကြည်မှုကို အသုံးချပြီး လူတို့အားလိမ်ညာဖို့ရန်အတွက်၊ ၎င်းတို့အား ကိုးကွယ်ပြီး နာခံရန် လုပ်ဆောင်ဖို့အတွက် နေရာတိုင်းတွင် စာတန်၏ ပရိယာယ်၊ စာတန်၏ မာယာရှိသမျှကို အသုံးပြုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူများ လျှောက်ရမည့် လမ်းကြောင်းမဟုတ်ပေ။ ထိုသို့သော လူများသည် ကယ်တင်ခြင်းသို့ မရောက်မည်သာမက ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းနှင့်လည်း တွေ့ကြုံရမည်။ ဤအတွက် သံသယစိုးစဉ်းမျှ မရှိနိုင်ပေ။ လူတစ်ဦးသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခြင်းရှိမရှိဟူသည့် အရာအတွက် အခြေခံက အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံနိုင်ခြင်းရှိမရှိနှင့် သမ္မာတရားအား လိုက်စားသည့် လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခြင်းရှိမရှိ ဟူသည့်အပေါ် အခြေခံသည်။ ဤအချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်လေသည်။ လူတစ်ဦးက ဘုရားသခင်၏ ကယ်တင်ခြင်းကို ယုံကြည်ခြင်းဖြင့် ရရှိနိုင်သည့်လမ်းကြောင်းမှာ အဘယ်နည်း။ သူသည် ဘုရားသခင်နောက်လိုက်ရမည်၊ သူ၏ နှုတ်ကပတ်တော်များကို အရေးစိုက်ရမည်၊ သူ၏ စီစဥ်ညွှန်ကြားမှုများနှင့် အစီအမံများကို ကျိုးနွံနာခံပြီး သူ၏ တောင်းဆိုချက်များနှင့် သမ္မာတရားနှင့်အညီ နေထိုင်ရမည်ဖြစ်သည်။ ဤသည်မှာ လူတစ်ဦး ကယ်တင်ခြင်းသို့ ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။