လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း (အပိုင်း သုံး)
နောက်ထပ် အခြေအနေတစ်မျိုးရှိပြီး ယင်းမှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် အသက်ရှင်ခြင်း ဖြစ်သည်။ လူအများစုသည် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်မှုတွင် သမ္မာတရား လိုက်စားခြင်းအပေါ် အာရုံစိုက်ခြင်းမရှိဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းများကို လိုက်စားရန် နှစ်သက်ကြသည်။ တစ်စုံတစ်ဦးတွင် အစွမ်းအစ အနည်းငယ်နှင့် စိတ်ကူးအနည်းငယ်ရှိသရွေ့ စာတန်၏ အတွေးအခေါ်များနှင့် အသက်ရှင်ခြင်းအတွက် စည်းကမ်းများ တစ်စုံကို ပိုင်ဆိုင်သည်။ ၎င်းတို့ တစ်ဦးချင်းစီတွင် မည်သို့ ပျော်ရွှင်စွာ အသက်ရှင်ရမည်၊ ၎င်းတို့ကို ထင်ရှားကျော်ကြားမှုရစေပြီး ၎င်းတို့၏ မိသားစုနာမည်ကို ဂုဏ်ဆောင်စေနိုင်ကာ လူတိုင်း၏ ချီးကျူးဂုဏ်ပြုခြင်းကို ရရှိစေနိုင်သည့် နည်းလမ်းတစ်ခုဖြင့် မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့် စပ်လျဉ်း၍ မိမိတို့ကိုယ်ပိုင် “ဝှက်ဖဲ” ကိုင်ထားကြသည်။ ထိုအရာများသည် မည်သည့် ဥပါယ်တံမျဉ်များ ဖြစ်သနည်း။ ယင်းတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် “အထွတ်အထိပ်” အတွေးအခေါ်များဖြစ်သည်။ ယင်းကို လူအချို့က ကြားရသည်မှာ ရယ်စရာဖြစ်သည်ဟု မြင်ကောင်း မြင်နိုင်သည်။ “အထွတ်အထိပ်” နှင့် “လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ”သည် မသက်ဆိုင်ကြပေ။ ထိုအရာများသည် စိမ်းသော အတွဲအဖက်ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် အဘယ်ကြောင့် “အထွတ်အထိပ်”ဟူသော စကားကို အသုံးပြုရသနည်း။ ယေဘုယျအားဖြင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုရှိသည့် လူတစ်ဦးသည် အသက်ရှင်ရန်အလို့ငှာ တည်ရှိခြင်းအတွက် စည်းမျဉ်းအချို့၊ ဆိုလိုသည်မှာ ရှင်သန်ခြင်းအတွက် လျှို့ဝှက်ချက်အချို့ဖြင့် ပြင်ဆင်ထားရှိရန် လိုအပ်သည်ဟု ယုံကြည်ကြသည်။ ယင်းမှာ ဘဝတွင် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြစ်သည့် တည်ရှိခြင်းအတွက်ဖြစ်သော ဤစည်းမျဉ်းများကို လူတို့မကြာခဏ ပြောဆိုသည့် ဆောင်ပုဒ်များကဲ့သို့ပင် ၎င်းတို့၏ အမြင့်ဆုံး သက်ဝင်ယုံကြည်မှုများအဖြစ် စွဲကိုင်ကြသည်။ ၎င်းတို့သည် ဤသို့ဆက်ဆံခြင်းမှ ဘုရားသခင်၏ ရွေးချယ်ထားသူများကိုပင် ချန်ထားခြင်းမရှိဘဲ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက်ဖြစ်သည့် ၎င်းတို့၏ အတွေးအခေါ်ကို သမ္မာတရားဖြစ်သည့်အလား ထိန်းသိမ်းပြီး စွဲမြဲနေကြလေသည်။ ၎င်းတို့က “မည်သည့်လူသားတစ်ဦးမျှ မိမိကိုယ်ကို လောကီဆိုင်ရာ ကိစ္စများမှ ကင်းကွာအောင် မလုပ်နိုင်ပါ။ သင်တို့က ဘုရားသခင်ကို ယုံကြည်ကြသည် မဟုတ်လော။ စည်းမျဉ်းများကို လိုက်လျှောက်ကြသည် မဟုတ်လော။ သမ္မာတရားကို နားလည်ကြသည် မဟုတ်လော။ သို့ဆိုလျှင် ကောင်းပြီ၊ သင်တို့ကို ကိုင်တွယ်ရန် ငါ့ထံတွင် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခု ရှိသည်။ သင်တို့သည် စေ့စပ်ကြသည် မဟုတ်လော။ သမ္မာတရား စည်းမျဉ်းများဖြင့် လုပ်ဆောင်သည် မဟုတ်လော။ ကောင်းပြီ၊ သမ္မာတရား စည်းမျဉ်းများကို ငါ နားမလည်သလို ငါ့အပေါ် သင်တို့ အကောင်းမြင်အောင်လုပ်ပြီး သင်တို့ကို လှည့်ပတ်ပြေးနေအောင် ငါ လုပ်၍ရသည်။ သင်တို့အားလုံး ငါ၏ ဩဇာညောင်းစေရမည်။ ငါသည် လူကောင်းတစ်ဦးဖြစ်ကြောင်း သင်တို့ ပြောကြလိမ့်မည်ဖြစ်ပြီး ငါ၏ နောက်ကွယ်တွင် ငါ့အကြောင်း မကောင်းသည့် အရာတစ်ခုမျှ သင်တို့ ပြောကြမည်မဟုတ်ပါ။ သင်တို့ အနီးအနားတွင် မရှိသည့်အခါ သင်တို့အပေါ် ငါ ဝေဖန်ပင် ဝေဖန်မည်ဖြစ်ပြီး သင်တို့ကို မနှစ်မြို့ဖွယ်ကောင်းသော အရာများ လုပ်ဆောင်မည်ဖြစ်ကာ သင်တို့ကို သစ္စာဖောက်မည်ဖြစ်သည်။ ပြီးလျှင် သင်တို့ ပိုထူးပြီး သိလာကြလိမ့်မည် မဟုတ်”ဟု တွေးကြသည်။ ယင်းမှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် အသက်ရှင်သောလူတစ်ဦး ဖြစ်သည်။ ထိုလောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များအတွင်းတွင် မည်သည့်အရာ ရှိသနည်း။ ကလိမ်ဉာဏ်၊ လှည့်ဖြားခြင်းနှင့် နည်းဗျူဟာများအပြင် လုပ်နည်းကိုင်နည်းများနှင့် နည်းစနစ်များ ရှိပေသည်။ ဥပမာအနေဖြင့် အဆင့်အတန်းရှိသည့် တစ်စုံတစ်ဦး၊ အသုံးဝင်နိုင်မည့် တစ်စုံတစ်ဦးကို ၎င်းတို့ မြင်သည့်အခါ ဦးညွှတ်လျက်၊ ခယကာ ချီးမွမ်းစကားများ ပြောဆိုလျက် အလွန် ယဉ်ကျေးကြလေသည်။ ပေးနိုင်စွမ်းအနည်းငယ်သာ ရှိပြီး ၎င်းတို့လောက် မတော်ဟု ၎င်းတို့ တွေးထင်သည့် သူများနှင့်ပတ်သက်၍မူ အထက်စီးဆန်စွာ အမြဲ စကားပြောပြီး အထင်သေးကြသည်။ ယင်းက ၎င်းတို့သည် သာလွန်ပြီး အမြဲ အထင်ကြီးရမည့်သူများဖြစ်သည်ဟု လူတို့အား ခံစားစေသည်။ ၎င်းတို့ အတွင်းပိုင်း နယ်ပယ်တွင် လူတို့ကို ကစားပြီး ကြိုးကိုင်ညွှန်ကြားခြင်းအတွက် စနစ်တစ်ခုနှင့် လူတစ်မျိုးတစ်စားစီကို ဆက်ဆံပုံအတွက် နည်းလမ်းတစ်ခု ရှိကြလေသည်။ တစ်စုံတစ်ဦးကို ၎င်းတို့ ကြုံရသည့်အခါ ထိုသူက မည်သည့်လူစားမျိုး ဖြစ်သည်ဆိုသည်နှင့် ထိုသူကို မည်သို့ ဆက်ဆံပြီး ပေါင်းသင်းသင့်သည်ဆိုသည်တို့ကို အကြည့်တစ်ချက်ဖြင့် ၎င်းတို့က သိကြသည်။ ၎င်းတို့၏ စိတ်က ပုံသေနည်း ချက်ချင်း တွေးမိသည်။ ၎င်းတို့သည် ထိုပုံသေနည်းကို နောကျေကြပြီး ကျွမ်းကျင်ကြသည်။ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ဤအတွေးအခေါ်များကို အကောင်အထည် ဖော်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ စဉ်းစားရန် မလိုအပ်ပေ။ ၎င်းတို့သည် ပဏာမ ပုံကြမ်းများဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်၏ ညွှန်ကြားချက်မျှဖြစ်စေ မလိုအပ်ပေ။ ၎င်းတို့တွင် ကိုယ်ပိုင် နည်းစနစ်များ ရှိကြသည်။ ထိုနည်းစနစ်များထဲမှ အချို့ကို မိမိတို့ဘာသာ စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။ အချို့ကို အခြားသူများထံမှ သင်ယူလေ့လာခဲ့ခြင်းဖြစ်စေ၊ အခြားသူများတွင် စောင့်ကြည့်လေ့လာခဲ့ကြခြင်းဖြစ်စေ၊ အခြားသူများ၏ လွှမ်းမိုးမှုမှ ရရှိခဲ့ကြခြင်းဖြစ်စေ ဖြစ်သည်။ ထိုနည်းစနစ်များအကြောင်း မည်သူကမျှ ၎င်းတို့ကို မပြောပြခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့က ခရေစေ့တွင်းကျ ကောက်ချက်ချနိုင်သည်။ ထို့ကြောင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ အတွေးအခေါ်များ၊ နည်းနိဿယများ၊ လုပ်နည်းကိုင်နည်းများနှင့် နည်းစနစ်များ၊ အကြံအစည်များနှင့် အပိုင်ကြံခြင်းများကို ၎င်းတို့ သင်ယူလေ့လာခဲ့ကြသည်။ ဤအရာများဖြင့် အသက်ရှင်သော လူများတွင် သမ္မာတရား ရှိသလော။ သမ္မာတရားဖြင့် ၎င်းတို့ အသက်ရှင်နိုင်ကြသလော။ (အသက်မရှင်နိုင်ကြပါ။) ၎င်းတို့ အသက်မရှင်နိုင်ပေ။ သို့ဆိုလျှင် အခြားလူများအပေါ် ၎င်းတို့က မည်သည့် သက်ရောက်မှု ရှိကြသနည်း။ အခြားသူတို့သည် ၎င်းတို့၏ လှည့်ဖြားခြင်းနှင့် လိမ်လည်ခြင်းကို မကြာခဏ ခံရသည်၊ ၎င်းတို့၏ အသုံးချခြင်းနှင့် ကစားခြင်း စသည်တို့ကို ခံရကြလေသည်။ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ဤအတွေးအခေါ်များသည် ပညာတတ်သောသူများတွင်သာဖြစ်စေ၊ လူတစ်စုစုတွင်သာဖြစ်စေ မလွဲမသွေ ရှိခြင်းမျိုးမဟုတ်ဘဲ အမှန်တရားမှာ ထိုအရာများသည် လူတိုင်းတွင် ပါရှိနေပေသည်။
စာတန်ဆန်သော အတွေးအခေါ်များသည် အခြားမည်သည့်နည်းလမ်းများဖြင့် ထင်ရှားသနည်း။ လူအချို့သည် စကားပြောကောင်းသူများ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ စကားပြောသည်ကို ကြားပြီးနောက် ဖြေသိမ့်မှုဖြင့် ပြန်လာကြသည့် လူတို့ထံမှ ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုတို့ကို အပျော့ဆွဲ၍ ရအောင်လုပ်ကြသော်လည်း လက်တွေ့အလုပ် လုံးဝ မလုပ်ကြချေ။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ လှပသော စကားများဖြင့် လူတို့ကို ကြိုးကိုင်ညွှန်ကြားသောသူ တစ်ဦးဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တစ်ခဏမျှ အလုပ်လုပ်ပြီးနောက် “အထက်က ငါ့ကို နားလည်ပါသလော။ ဘုရားသခင်က ငါ့ကို သိပါသလော။ ငါ အလုပ်လုပ်နေသည်ကို အထက်က သိရန်အလို့ငှာ ပြဿနာအနည်းငယ် ငါ တိုင်ကြားရန် လိုအပ်သည်။ ငါ တိုင်ကြားသည့် ပြဿနာများက အတော်လေး စစ်မှန်ပြီး ခြေခြေမြစ်မြစ်ဖြစ်သည်ကို၊ အဓိက ပြဿနာများဖြစ်သည်ကို မြင်လျှင် ငါ့ကို လက်တွေ့ကျသော အလုပ်လုပ်နိုင်သည်ဟု အထက်က မြင်လျက် အထင်ကြီးလေးစားကောင်း လေးစားပေမည်”ဟု မိမိတို့ဘာသာ တွေးကြလေသည်။ ထို့ကြောင့် ပြဿနာများကို ဖော်ပြဖို့ အခွင့်အရေးကို ၎င်းတို့ ရှာကြလေသည်။ ပြဿနာများ ဖော်ပြရာတွင် ၎င်းတို့က တရားမျှတကြပေသည်။ ယင်းမှာ ဘဝပေးအသိဖြစ်ပြီး အလုပ်အတွက် လိုအပ်၏။ သို့သော် ဤအရာသည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ကြံရွယ်ချက်ဖြင့် မစွန်းထင်းသင့်ပေ။ ဤပြဿနာများကို တိုင်ကြားရာတွင် ဤလူ၏ ကြံရွယ်ချက်ကို သင်တို့ မြင်နိုင်သလော။ သူ့တွင်ရှိသည့် ဤကြံရွယ်ချက်နှင့်ပတ်သက်၍ ပြဿနာမှာ အမှန်တကယ် မည်သည့်အရာဖြစ်သနည်း။ ဤမေးခွန်းက တွေးတောခြင်းနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း လိုအပ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်ကို ကျေနပ်စေရန်အလို့ငှာ ပြဿနာများကို ဖော်ပြနေခြင်းဖြစ်လျှင် ယင်းမှာ တရားမျှတပေမည်။ ထိုအရာက ၎င်းတို့သည် တာဝန်သိတတ်သော လူတစ်ဦး၊ အမှန်တကယ်ဖြစ်သော အလုပ်လုပ်သည့် သူတစ်ဦးဖြစ်သည်ဟု ဆိုလိုပေသည်။ သို့တိုင် လတ်တလောတွင် အမှန်တကယ်ဖြစ်သောအလုပ် လုပ်သောသူများမဟုတ်ဘဲ အခွင့်အရေးယူပြီး ဖြတ်လမ်းလိုက်သည့် မိမိတို့၏ အထက်လူကြီးများကို လိမ်ညာပြီး ၎င်းတို့ လက်အောက်ရှိသူများထံမှ အမှုအရာများကို ကွယ်ဝှက်သော အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှိသည်။ ၎င်းတို့သည် အလိုက်သင့် လုပ်ချင်၊ ပြောချင်ကြပြီး လူတိုင်းကို စိတ်ကျေနပ်စေချင်ကြဆဲဖြစ်သည်။ ဤသို့လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် စာတန်ဆန်သော အတွေးအခေါ်များဖြင့် ၎င်းတို့ အသက်ရှင်နေကြခြင်း မဟုတ်လော။ ထိုသို့ဖြစ်လျှင် ပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ မည်သည့် သမ္မာတရားကို ရှာဖွေရမည်၊ မည်သို့ သိအောင်လုပ်ပြီး ပိုင်းခြားသိမြင်ရမည်ဟူသည့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ကြံရွယ်ချက်နှင့်ဆိုင်သည့် ပြဿနာကို မဖြေရှင်းနိုင်မီ ဤအရာများကို ရှင်းလင်းအောင် လုပ်ရမည်။ နောက်ထပ် ဥပမာမှာ ဤသို့ဖြစ်သည်။ လူနှစ်ဦးသည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် တွဲဖက်ကြရသည်။ ၎င်းတို့သည် အခြားဒေသရှိ အသင်းတော်တစ်ခုဆီသို့ ထိုနေရာတွင်ရှိသည့် ပြဿနာကို ကိုင်တွယ်ရန် သွားကြမည်ဖြစ်သည်။ ထိုနေရာတွင် အသက်ရှင်နေထိုင်မှု အခြေအနေများက အတော်အတန် နုံချာသည်၊ အများပြည်သူ ဘေးကင်းလုံခြုံမှုက မကောင်းသကဲ့သို့ အနည်းငယ် ဘေးအန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ဦးက “ထိုအသင်းတော်ရှိ လူများက ကျွန်ုပ်ကို မနှစ်သက်ပါ။ ကျွန်ုပ် သွားလျှင်ပင် ထိုနေရာရှိ ပြဿနာများကို ကျွန်ုပ် ဖြေရှင်းနိုင်မည်ဟု အာမခံချက် မရှိပါ။ သို့သော် ၎င်းတို့အားလုံးက သင့်ကို နှစ်သက်ကြသည်။ ပြဿနာကို သင်သွားရောက်ဖြေရှင်းသည်မှာ အကျိုးရှိသည်”ဟု ပြော၏။ နောက်တစ်ယောက်က ဤအရာကို အမှန်အဖြစ်မြင်ပြီး ထွက်သွားသည်။ အခြားအရာအားလုံးကို ဘေးဖယ်ထားလျက် မသွားရန် အကြောင်းပြချက်များနှင့် ဆင်ခြေများ ရှာတွေ့ခဲ့သူတစ်ဦးနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ ၎င်းတို့၏ ဆင်ခြေများနှင့် အကြောင်းပြချက်များက ခိုင်လုံသည် ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ ဤတွင် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလော။ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ၎င်းတို့ စဉ်းစားနေကြသလော။ မဟုတ်ပေ။ ၎င်းတို့ လိမ်ညာနေခြင်း ဖြစ်သည်။ မိမိတို့ကိုယ်ပိုင် ရည်မှန်းချက် ပြီးမြောက်ရန် လှပသည့် စကားများကို အသုံးပြုနေကြခြင်း ဖြစ်သည်။ ဤသည်မှာ ပရိယာယ်တစ်ခု ဖြစ်သည် မဟုတ်လော။ သင်သည် ဤကဲ့သို့ တွေးပြီး ပြုမူလျှင် ဇာတိပကတိကို ပုန်ကန်ခြင်း မရှိလေပြီ။ သင်သည် စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်နေဆဲ ဖြစ်သည်။ သို့သော် သင်သည် မိမိကိုယ်ကို ပုန်ကန်ပြီး စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်မရှင်ခဲ့လျှင်ကော အဘယ်သို့နည်း။ သင်သည် အသင်းတော်၏ ပြဿနာများကို ကိုင်တွယ်ရန် အသင်းတော်ဆီသို့ အစပိုင်း၌ သွားလိုမည် မဟုတ်သော်လည်း သင်သည် “ယင်းမှာ မမှန်ပါ။ ထိုသို့ ငါ တွေးသည့်အချက်က ငါသည် မကောင်းသော လူတစ်ဦးဖြစ်သည်၊ အကျင့်ပျက်သည်ဟု ဆိုလိုပေသည်။ ငါပြောခဲ့သည့်အရာကို မြန်နိုင်သမျှမြန်မြန် ငါ ပြန်ရုပ်သိမ်းရမည်။ သူ့ကို ငါ တောင်းပန်ပြီး ငါ ထုတ်ဖော်ခဲ့သည့် ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို ဖွင့်ဟရမည်။ ထိုနေရာတွင် ငါ သေရမည်ဆိုလျှင်ပင် ယနေ့ ထိုနေရာသို့ ငါ သွားရမည်”ဟု အချိန်ယူ စဉ်းစားပေမည်။ ထိုနေရာတွင် သင် သေမည်ဟူသည်မှာ အမှန်တွင် သေချာသည့် အရာတစ်ခု မဟုတ်ပေ။ မည်သည့်အချိန်ကတည်းက သေခြင်းသည် လွယ်လင့်တကူ ရောက်လာသနည်း။ အသက်နှင့် သေခြင်းကို ဘုရားသခင်က ကြိုတင်စီမံထားခြင်း ဖြစ်သည်။ ခြုံကြည့်သော် ထိုသို့သော အခြေအနေတွင် သင့်ကိုယ်သင် ပုန်ကန်ရန် သန္နိဋ္ဌာန်နှင့် အစွမ်းအစ ရှိဖို့လိုအပ်သည်။ ထိုအခါတွင်မှ သင်သည် သမ္မာတရားဖြင့် အသက်ရှင်နိုင်လိမ့်မည် ဖြစ်သည်။ နောက်ထပ် ဥပမာတစ်ခုကို သင်တို့အား ငါပေးမည်။ လူနှစ်ဦးသည် တာဝန်တစ်ခု ထမ်းဆောင်ရန် တွဲဖက်ရသည်။ ထိုအတွက် တာဝန်ယူရမည်ကို နှစ်ဦးလုံးက ကြောက်ကြသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် အကဲစမ်းလာကြသည်။ တစ်ဦးက “ဤအရာကို သင် သွားတာဝန်ယူလော့”ဟု ပြောသည်။ အခြားတစ်ယောက်က “ထိုအရာကို သင်ကိုင်တွယ်သည်က ပို၍ကောင်းမည်။ သင့်ထက် ကျွန်ုပ် အစွမ်းအစ ညံ့သည်”ဟု ပြောသည်။ ၎င်းတို့ အမှန်တကယ် တွေးနေကြသည့်အရာမှာ “ဤအရာကို ကောင်းစွာ လုပ်ဆောင်ခြင်းအတွက် ဆုလာဘ်ရှိမည်မဟုတ်ပါ။ ညံ့ဖျင်းစွာ လုပ်ဆောင်ထားလျှင် ငါ ပြုပြင်ခံရမည်။ ငါ သွားမည်မဟုတ်။ ထိုမျှ ငါ မနုံအပါ။ သင် မည်သည့်အရာ ကြံနေသည်ကို ငါ သိသည်။ ငါ့ကို သွားခိုင်းရန် ကြိုးစားနေခြင်းကို ရပ်လော့”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ခေါက်တုံ့ခေါက်ပြန် ပြောဆိုခြင်း အဆုံးတွင် မည်သည့်အရာ ဖြစ်လာသနည်း။ ၎င်းတို့ထဲမှ မည်သူမျှ မသွားဘဲ ရလဒ်အနေဖြင့် အလုပ်က နှောင့်နှေးသွားရသည်။ ယင်းမှာ အကျင့်ပျက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အလုပ်ကို နှောင့်နှေးစေခြင်းသည် ဆိုးရွားသည့် အကျိုးဆက်တစ်ခု မဟုတ်လော။ မကောင်းသည့် ရလဒ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤသူနှစ်ဦးသည် မည်သည့်အရာဖြင့် အသက်ရှင်နေကြသနည်း။ ၎င်းတို့နှစ်ဦးလုံးက စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စာတန်ဆန်သော အတွေးအခေါ်များနှင့် ၎င်းတို့ကိုယ်ပိုင် ပရိယာယ်များဖြင့် ဘောင်ခတ်ခံရပြီး ချည်နှောင်ခံရကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြဘဲ ထိုသို့ဖြင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် စံမမီပေ။ ထိုအရာသည် ဝတ်ကျေတမ်းကျေဖြစ်ပြီး ထိုအရာထဲတွင် သက်သေခံချက် လုံးဝ မရှိပေ။ လူနှစ်ဦးသည် တာဝန်တစ်ခု ထမ်းဆောင်ရန် တွဲဖက်ရသည်ဆိုပါစို့။ ၎င်းတို့ထဲမှ တစ်ဦးသည် အရာရာတွင် အဓိကဖြစ်သော နေရာတစ်ခုကို ရယူဖို့ ကြိုးစားပြီး အမြဲ အဆုံးအဖြတ် ပေးလိုကာ အခြားတစ်ဦးက “သူသည် စရိုက်ကြမ်းသော သူတစ်ဦးဖြစ်သည်။ ဦးဆောင်ရသည်ကို သူ နှစ်သက်သည်။ ကောင်းပြီ၊ အရာရာတွင် သူ ဦးဆောင်၍ ရသည်။ တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ ပြုပြင်ခံရသည်မှာ သူသာ ဖြစ်လိမ့်မည်။ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့်ငှက် ဖြစ်သည်။’ သို့ဆိုလျှင် ငါ အရဲစွန့်မည် မဟုတ်။ ငါက အစွမ်းအစ ညံ့ပြီး အကြောင်းကိစ္စဖြင့် စိတ်အနှောင့်အယှက်မခံလိုသောကြောင့် ထိုသို့ ဖြစ်ရခြင်းသာ ဖြစ်သည်။ သူက ဦးဆောင်ရမည်ကို နှစ်သက်သည်လေ၊ မှန်ပါသလော။ ကောင်းပြီ၊ လုပ်ရမည့်အရာ တစ်စုံတစ်ခုရှိလျှင် သူ့ကို လုပ်ခိုင်းလိုက်မည်”ဟု တွေးကောင်းတွေးနိုင်သည်။ ထိုသို့သော အရာများကို ပြောမည့်လူတစ်ဦးသည် လူ့အကြိုက်လိုက်သူ၊ နောက်လိုက်တစ်ဦး ဖြစ်ရသည်ကို မွေ့လျော်ပေသည်။ တာဝန်တစ်ခုကို ၎င်းတို့ ထမ်းဆောင်ပုံနှင့်သက်ဆိုင်၍ မည်သည့်အရာကို သင်တို့ နားလည်သဘောပေါက်သနည်း။ မည်သည့်အရာဖြင့် ၎င်းတို့ အသက်ရှင်နေကြသနည်း။ (လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ ဖြစ်သည်။) အခြားအရာတစ်ခုကိုလည်း ၎င်းတို့ စဉ်းစားနေကြသည်။ “သူ၏ ထင်ပေါ်မှုကို ငါ ခိုးလျှင် သူ ငါ့ကို ဒေါသထွက်မည် မဟုတ်လော။ ရှေ့ဆက်ပြီး ငါတို့နှစ်ဦးကြားတွင် သဘောကွဲလွဲမှု ရှိမည် မဟုတ်လော။ ဤအရာက ငါတို့၏ ဆက်ဆံရေးကို ထိခိုက်မည်ဆိုလျှင် ငါတို့ အဆင်ပြေဖို့ ခက်ခဲမည်ဖြစ်သည်။ သူ့ သဘောအတိုင်း ငါလုပ်ခွင့်ပေးလျှင် ပိုကောင်းလိမ့်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခု ဖြစ်သည် မဟုတ်လော။ ၎င်းတို့ အသက်ရှင်သည့် နည်းလမ်းက ဒုက္ခကင်းမဲ့စေသည်။ ထိုအရာက ၎င်းတို့အား တာဝန်ယူရခြင်းကို ရှောင်ရှားနိုင်စေသည်။ ၎င်းတို့သည် ဦးဆောင်ခြင်း သို့မဟုတ် အရဲစွန့်ခြင်း မရှိဘဲ၊ ပြီးလျှင် မည်သည့်ပြဿနာကိုမျှ စဉ်းစားခြင်း မရှိဘဲ ၎င်းတို့ကို လုပ်ဆောင်ခိုင်းသည့် မည်သည့်အရာမဆိုတွင် လိုက်ပါ လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ အရာရာကို အခြားတစ်စုံတစ်ဦးက ခြုံငုံလုပ်ပေးနေသောကြောင့် ၎င်းတို့က ခြေကုန်လက်ပန်းအကျမခံကြပေ။ နောက်လိုက်တစ်ဦးဖြစ်ရန် ၎င်းတို့၏ လိုလားမှုက ၎င်းတို့တွင် တာဝန်သိစိတ်မရှိကြောင်း သက်သေပြပေသည်။ ၎င်းတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် အသက်ရှင်နေကြသည်။ သမ္မာတရားကို ၎င်းတို့ လက်မခံကြ၊ သို့မဟုတ် စည်းမျဉ်းများကို မထိန်းသိမ်းကြပေ။ ယင်းမှာ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု မဟုတ်။ နောက်လိုက်တစ်ဦး၊ လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်း ဖြစ်သည်။ ယင်းသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု မဟုတ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မည်သည့်အရာတွင်မျှ မိမိတို့ တာဝန်နှင့်လျော်ညီအောင် မနေကြသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် ပြုမူဆောင်ရွက်ကြခြင်း မရှိသကဲ့သို့ ၎င်းတို့၏ ကိုယ်စွမ်းရှိသမျှဖြင့်လည်း ပြုမူဆောင်ရွက်မှုမရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားထက် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် အသက်ရှင်နေကြသည်ဟု ငါ ပြောခြင်း ဖြစ်သည်။ နောက်ထပ် ဥပမာမှာ ဤသို့ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် မကောင်းသည့်အရာတစ်ခု၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးမှုတစ်ခု ဖြစ်စေသည့်အရာတစ်ခု ပြုလုပ်မိ၏။ ထိုအရာကို သင် မြင်သော်လည်း သင်က “ယင်းမှာ ငါနှင့်မဆိုင်ပါ။ ငါ၏ အကျိုးစီးပွားများကို မထိခိုက်ပါ။ ထို့အပြင် ငါသည် တာဝန်ရှိသောသူတစ်ဦး မဟုတ်ပါ။ အခြားလူတို့၏ ကိစ္စတွင် ဝင်ပါလျက် ငါ ဘာလုပ်ရမည်နည်း။ ဆန္ဒရှိသည့် အခြား မည်သူမဆို ထိုအရာကို သွားတာဝန်ယူနိုင်သည်။ ငါ လုပ်ဆောင်ဖို့လိုသမျှမှာ ငါ့အလုပ်ကို ငါ နိုင်နေဖို့ ဖြစ်သည်။ အခြားသူတို့က မကောင်းသည့်အရာများကို လုပ်ဆောင်လျှင် ငါနှင့် ဘာမျှ မပတ်သက်ပါ။ ထိုအရာကို ငါ မြင်လျှင် ဂရုမစိုက်ပါ။ သူတို့ လမ်းလွဲသွားပြီးဖြစ်လျှင်၊ အသင်းတော်အလုပ်အတွက် ဆုံးရှုံးမှုတစ်ခုရှိလျှင် ငါ ဂရုမစိုက်ပါ။ ယင်းသည် ငါနှင့် ဘာမျှပတ်သက်ခြင်း မရှိပါ”ဟူ၍ မိမိဘာသာ တွေးသည်။ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူ၏ ရည်ရွယ်ချက် ကောင်းမွန်သလော။ (မကောင်းပါ။) ၎င်းတို့သည် စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်နေပေသည်။ လူအချို့သည် ကိစ္စရပ်တစ်ခုခုတွင် ဤအရာကို ရံဖန်ရံခါ လုပ်ဆောင်မိကြသည်။ အခြားသူတို့မှာ သမ္မာတရားကို တစ်ကြိမ်တစ်ခါမျှ ရှာဖွေခြင်းမရှိဘဲ သို့မဟုတ် မိမိတို့ကိုယ်ကို သုံးသပ်ဆင်ခြင်ခြင်းမရှိဘဲ၊ ပြီးလျှင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းမရှိဘဲ ထိုအရာကို မကြာခဏ လုပ်ဆောင်မိကြသည်။ ဤလူနှစ်မျိုးနှစ်စားသည် မတူကွဲပြားသည့် အခြေအနေများတွင် ရှိကြ၏။ သို့သော် ထိုအရာကို သီးခြားဖြစ်ရပ်များတွင် လုပ်ဆောင်သည်ဖြစ်စေ၊ ကိစ္စရပ်အားလုံးတွင် လုပ်ဆောင်ထားသည်ဖြစ်စေ ထိုအရာက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာနှင့် ပတ်သက်ပေသည်။ ထိုအရာသည် မိမိ၏ နည်းစနစ်များနှင့်ပတ်သက်သည့် ရိုးရှင်းသော ပြဿနာတစ်ခု မဟုတ်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် မိမိ၏ ဘဝကို အသက်ရှင်ခြင်း ဖြစ်သည်။ လူတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အခြား မည်သည့် အတွေးအခေါ်များကို အများအားဖြင့် မြင်ကာ ထိတွေ့လာကြရသနည်း။ (သေးနုပ်သော အကူအညီများဖြင့် အခြားသူတို့ကို လာဘ်ထိုးခြင်း၊ အခြားသူတို့၏ နှစ်သက်မှုများကို ဖြည့်ဆည်းပေးခြင်း၊ လူတို့ကို ချီးမွမ်းခြင်းနှင့် ၎င်းတို့ အလိုကိုဖြည့်ပေးခြင်းတို့ ဖြစ်သည်။) အခြားသူတို့၏ နှစ်သက်မှုများကို ဖြည့်ဆည်းပေးခြင်းသည် ပရိယာယ်တစ်ခု၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်မျိုး ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (စည်းမျဉ်းများ ချိုးဖောက်သည့် တစ်စုံတစ်ရာကို လူတစ်ဦး လုပ်နေသည်ကို မြင်ပြီးနောက် ၎င်းတို့၏ ခံစားချက်များ ထိခိုက်မိမည်ကို ကြောက်သည့်အတွက် တိုက်ရိုက် ထုတ်မပြောခြင်းဖြစ်သည်။) စကားပြောရာတွင် သွယ်ဝိုက်ခြင်း၊ ကိစ္စရပ်ကို အမြဲ ဝေ့လည်ကြောင်ပတ်လုပ်ခြင်း၊ စည်းမျဉ်းများ သို့မဟုတ် ပဓာနကျသော ပြဿနာ မပါဝင်သည့် နှစ်လိုဖွယ်သော စကားများကို အမြဲ ရွေးခြင်းဟူသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် နောက်တစ်မျိုး ဖြစ်သည်။ အခြားရှိသေးသလော။ (အဆင့်အတန်းရှိသည့် မည်သူမဆိုကို မျက်နှာချိုသွေးကာ ကပ်ပါးရပ်ပါး လုပ်ခြင်းဖြစ်သည်။) ယင်းမှာ မျက်နှာလိုမျက်နှာရလုပ်ခြင်း ဖြစ်ပြီး လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်မျိုးလည်း ဖြစ်သည်။ မိမိတို့ သဘာဝအားဖြင့်၊ အခြားသူတို့ကို ကြိုးကိုင်ညွှန်ကြားပြီး အခွင့်အရေးယူရန် အမြဲ ကြိုးစားနေသောလူများ ရှိသည်။ ၎င်းတို့သည် အထူးသဖြင့် ကောက်ကျစ်စဉ်းလဲ၏။ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် အလိုက်သင့် လုပ်တတ်၊ ပြောတတ်သောလူများ ရှိသည်။ ၎င်းတို့ ပြောသည့်အရာသည် မည်သူ့ကို ပြောနေသည်ဟူသည့်အပေါ် မူတည်သည်။ ၎င်းတို့၏ စိတ်များက တုံ့ပြန်ရန် အလွန်မြန်ဆန်သည်။ မျက်လုံးများကို ပထမဆုံး ကြည့်လိုက်သည့်အချိန်မှစ၍ လူတစ်ဦးအား မည်သို့ ကိုင်တွယ်ရမည်ကို ၎င်းတို့က သိကြသည်။ ထိုသို့သော လူများသည် အလွန်အမင်း ဉာဏ်များကြသည်။ ၎င်းတို့သည် သမ္မာတရားဖြင့် အသက်မရှင်နိုင်ကြပေ။ အခြားမည်သည့် နည်းလမ်းများဖြင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များက ထင်ရှားသနည်း။ (ပြဿနာတစ်ခုကို တွေ့ပြီးနောက် ထိုပြဿနာက အမှားတစ်ခုဖြစ်သွားလျှင် အပြစ်တင်ခံရမည်ကို ကြောက်သည့်အတွက် ထုတ်မပြောဝံ့ခြင်း၊ အခြားသူများ ပြောဆိုပြီး လုပ်ဆောင်နေသည့်အရာကို စောင့်ကြည့်ခြင်းနှင့် အများစုက စကားမပြောပြီးမချင်း အမြင်တစ်ခုကို မဖော်ပြခြင်းတို့ ဖြစ်သည်။) လူတို့သည် လူတိုင်းက ချိုးဖောက်သောသူ ဖြစ်နေချိန်တွင် ဥပဒေကို တည်စေ၍မရနိုင်ဟု တွေးလျက် လူတို့သည် ရေလိုက်ငါးလိုက် နေလေ့ရှိကြသည်။ ယင်းမှာ မည်သည့် ပြဿနာမျိုး ဖြစ်သနည်း။ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ လှည့်ဖြားတတ်သော စိတ်သဘောထားတစ်ခု မဟုတ်လော။ သင့်အနေဖြင့် လူ့အကြိုက်လိုက်သူတစ်ဦး အမြဲ ဖြစ်ချင်ပြီး၊ စိတ်အနှောင့်အယှက်တစ်ခု ဖြစ်စေမိမည်စိုးသောကြောင့် သမ္မာတရား စည်းမျဉ်းများကို မထိန်းသိမ်းဝံ့သည့်တိုင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောကြောင့် သင် ဖော်ထုတ်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ကိုလည်း ကြောက်ရွံ့သည်မှာ အတော့်ကို အကျပ်အတည်းတစ်ခု ဖြစ်သည်။ လူ့အကြိုက်လိုက်သူများ၏ သနားဖွယ် အကျပ်အတည်းဖြစ်၏။ လူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့်အခါ ယင်းမှာ ၎င်းတို့ အသက်ရှင်နေထိုင်သည့် အကျည်းတန်သော အခြေအနေများဖြစ်သည်။ ထိုအရာအားလုံးက စာတန်၏ ဘီလူးသရဲစီးသော ပုံသဏ္ဌာန်ကို သယ်ဆောင်သည်။ ဤလူများထဲမှ အချို့သည် မသိမသာ ဒုက္ခပေးကြသည်၊ အချို့မှာ ကောက်ကျစ်စဉ်းလဲသည်၊ အချို့မှာ စက်ဆုပ်ဖွယ်ဖြစ်သည်၊ အချို့မှာ ဆိုးယုတ်သည်၊ အချို့မှာ အောက်တန်းကျပြီး အခြားသူတို့မှာ သနားဖွယ်ဖြစ်သည်။ သင်တို့သည် စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်ကြသလော။ အစားထိုးခံရပြီး ဖယ်ရှားရှင်းလင်းခံရသည့် ခေါင်းဆောင်များကို လျစ်လျူရှုနေစဉ် ခေါင်းဆောင်ဖြစ်သည့် မည်သူကိုမဆို မြှောက်ပင့်ခြင်း၊ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသည့် မည်သူ့ကိုမဆို ကပ်ပါးရပ်ပါးလုပ်ခြင်း၊ “ဘုရားရေ၊ သင် လှပပြီး ပုံမှန် ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ အလှတရား၏ တကယ့်ပုံရိပ်ဖြစ်သည်။ သင့်ထံတွင် သတင်းထုတ်လွှင့်သူ၏ စကားပြောသံနှင့် ဘီလုံးငှက်တစ်ကောင်၏ တေးသီသံလို အသံမျိုးရှိသည်”ဟု အော်ဂလီဆန်စရာ မျိုးစုံကို ပြောခြင်း၊ ၎င်းတို့ကို မျက်နှာလို မျက်နှာရလုပ်ရန် နည်းလမ်းများရှာခြင်း၊ အခွင့်ရတိုင်း ၎င်းတို့ကို မြှောက်ပင့်ခြင်း၊ သေးနုပ်သော အကူအညီများဖြင့် ၎င်းတို့ကို လာဘ်ထိုးခြင်း၊ ၎င်းတို့ လုပ်ဆောင်၊ ပြောဆိုသည့်အရာကို မြင်ရန် ယေဘုယျအားဖြင့် စောင့်ကြည့်ခြင်းနှင့် ၎င်းတို့ တစ်စုံတစ်ရာ နှစ်သက်သည်ကို သင်မြင်သည့်အခါ ၎င်းတို့ကို စိတ်ကျေနပ်အောင်လုပ်ဖို့ နည်းလမ်းများကို အကြံထုတ်ခြင်း။ သင်တို့တွင် ရှိသည်မှာ ဤနည်းလမ်းများ ဖြစ်သလော။ (ဟုတ်ပါသည်။ တစ်ခါတစ်ရံ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးတွင် ပြဿနာအချို့ သို့မဟုတ် အားနည်းချက်အချို့ရှိသည်ကို မြင်သော်လည်း သူတို့ ကျွန်ုပ်ကို အပြစ်တင်ပြီး ကျွန်ုပ်အပေါ် မကောင်းမြင်မည်ကို ကြောက်သည့်အတွက် မည်သည့်အရာကိုမျှ ကျွန်ုပ် မပြောဝံ့ပါ။) ယင်းမှာ စည်းမျဉ်းများ ကင်းမဲ့ခြင်းဖြစ်သည်။ သို့ဆိုလျှင် ဤပြဿနာများကို သင် မှန်ကန်စွာ သိမြင်ပြီးခြင်း ရှိမရှိနှင့် ထိုပြဿနာများအကြောင်းကို ထုတ်ပြောရန် သင့်အတွက် အသင်းတော်အလုပ်ကို အကျိုးပြုမည် မပြုမည်ဟူသည်တို့ကို သင် သိသလော။ (အနည်းငယ် သိပါသည်။) သင် အနည်းငယ် သိသည်။ ထို့ကြောင့် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီရန်အလို့ငှာ သင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ပြဿနာတစ်ခု သင် တွေ့မြင်ပြီးဖြစ်သည်ကို သေချာပြီး ဤပြဿနာကို ဖြေရှင်းသင့်သည်၊ မဟုတ်လျှင် အလုပ်ကို နှောင့်နှေးစေလိမ့်မည်ဖြစ်သည်ဟု သင့် စိတ်နှလုံးတွင် နားလည်သည့်တိုင် သင်သည် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းနိုင်ခြင်း မရှိသကဲ့သို့ အခြားလူတို့အား စိတ်အနှောင့်အယှက်ပေးမိမည်ကို စိုးရွံ့လျှင် မည်သည့် ပြဿနာက ထင်ရှားနေသနည်း။ အဘယ်ကြောင့် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရန် သင် စိုးရွံ့သနည်း။ ဤသည်မှာ အရေးကြီးသော သဘာဝတစ်ခု၏ ပြဿနာတစ်ခုဖြစ်သည်။ ပြီးလျှင် ဤသည်မှာ သမ္မာတရားကို သင် ချစ်မချစ်၊ သင့်တွင် တရားမျှတစိတ် ရှိမရှိတို့နှင့် သက်ဆိုင်သည်။ သင်၏ ထင်မြင်ချက်သည် မှန်ကန်ခြင်းရှိမရှိကို သင်မသိလျှင်ပင် သင်၏ ထင်မြင်ချက်ကို ထုတ်ပြောသင့်သည်။ သင့်တွင် ထင်မြင်ချက်၊ သို့မဟုတ် စိတ်ကူးတစ်ခုရှိလျှင် ပြောဆိုသင့်သည်။ အခြားလူတို့အား အကဲဖြတ်ခွင့်ပေးသင့်သည်။ ဤသို့လုပ်ဆောင်ရာတွင် သင့်အတွက် အကျိုးများရှိလိမ့်မည်ဖြစ်ပြီး ပြဿနာကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်လိမ့်မည်။ သင်သည် “ငါ ဝင်မပါတော့ဘူး။ ငါပြောတာ မှန်ရင် နာမည်ရမှာမဟုတ်ဘူး။ မှားရင် ပြုပြင်ခံရမယ်။ မတန်ဘူး။” ဟု သင့်ဘာသာ စဉ်းစားလျှင် သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် မဟုတ်သလော။ လူတို့သည် သူ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အစဉ်စဉ်းစားနေပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ လူတို့နှင့်ပတ်သက်ပြီး အခက်ခဲဆုံးအရာဖြစ်သည်။ သင်တို့အားလုံး၏ အထဲတွင် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ထိုသို့အလွန်များပြားသော အတွေးအခေါ်များနှင့် အကြံအစည်များစွာမရှိသလော။ လူတိုင်းတွင် စာတန်၏ အတွေးအခေါ်အချက်အလက်များ များစွာရှိသည်။ ပြီးလျှင် ၎င်းတို့သည် ထိုအရာများ၏ ဝင်ရောက်စီးနင်းခြင်းကို ခံရသည်မှာ ကြာပြီဖြစ်သည်။ သို့ဖြစ်၍ လူတို့သည် တရားဒေသနာများကို နှစ်များစွာ နားထောင်ခဲ့သော်လည်း သမ္မာတရားကို နားမလည်သေးသည်မှာ၊ သမ္မာတရားလက်တွေ့ကျမှုအတွင်းသို့ ၎င်းတို့၏ ဝင်ရောက်မှုက နှေးကွေးသည်မှာ၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက အစဉ်သဖြင့် အလွန်သေးငယ်သည်မှာ မဆန်းပေ။ အကြောင်းမှာ ဤသို့သော ဖောက်ပြန်ပျက်စီးသည့်အရာများသည် ၎င်းတို့အား နှောင့်နှေးစေပြီး နှောင့်ယှက်နေခြင်းဖြစ်သည်။ လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုသောအခါ မည်သည့်အရာဖြင့် အသက်ရှင်သနည်း။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အယူအဆများ၊ စိတ်ကူးများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များအပြင် ဆုကျေးဇူးများဖြင့်ပါ အသက်ရှင်ကြသည်။ ဤအရာများဖြင့် ရှင်သန်လျက်ဖြင့် လူတို့သည် ဘုရားရှေ့မှောက်သို့ လာရန် အလွန်ခက်သည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ၎င်းတို့၏ ဝန်ထုပ်သည် ကြီးမားလွန်းပြီး ၎င်းတို့၏ ထမ်းပိုးက လေးလံလွန်းသောကြောင့်ဖြစ်သည်။ လူသားက ဤအရာများဖြင့် အသက်ရှင်ခြင်းသည် သမ္မာတရားနှင့် အလွန်ဝေးကွာစွာ ခွဲခြားခံရသည်။ ဤအရာများသည် သင့်အား သမ္မာတရားကို နားမလည်ရန်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရန် တားဆီးသည်။ သင်သည် သမ္မာတရားကို နားမလည်လျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းသည် တိုးပွားမည်လော။ (တိုးပွားမည် မဟုတ်ပါ။) ဘုရားသခင်အပေါ် သင်၏ သိမြင်မှုကို မဆိုထားနှင့်၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည်ပင် သေချာပေါက် တိုးပွားမည်မဟုတ်ပေ။ ဤသည်မှာ အလွန်ဝမ်းနည်းဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာ အရာတစ်ခုဖြစ်လေသည်။
လူတို့ အသက်ရှင်သည့်အရာသည် အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များအပြင် ၎င်းတို့၏ စိတ်သဘောထားများနှင့် ပတ်သက်ပေသည်။ လူအချို့သည် မိမိတို့၏ အိမ်မက်များနှင့် ဆန္ဒများအတွက် အမြဲ ကြိုးပမ်းနေကြသည်။ ထိုသူတို့မှာ အိမ်မက်များရှိသည့် လူများဖြစ်သည်။ အချို့သည် မိမိတို့၏ လိုအင်ဆန္ဒများဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့၏ လိုအင်ဆန္ဒများတွင် မည်သည့်အရာ ပါဝင်သနည်း။ အလုပ်လုပ်ရန်နှင့် မိမိတို့ကိုယ်ကို လူသိများစေရန် လိုအင်ဆန္ဒရှိပြီး မိမိတို့ကိုယ်ကို ကြွားရန်ဖြစ်သော လိုအင်ဆန္ဒရှိသည်။ ဥပမာအနေဖြင့် အဆင့်အတန်းကို နှစ်သက်သောသူများ ရှိသည်။ အဆင့်အတန်းမရှိဘဲနှင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြမည်မဟုတ်။ အဆင့်အတန်းမရှိဘဲနှင့် မည်သည့်အရာကိုမျှ ၎င်းတို့ လုပ်ဆောင်လိုစိတ် မရှိသကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းသည်လည်း ၎င်းတို့အဖို့ ငြီးငွေ့ဖွယ်ဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းကို လိုက်စားရန် ၎င်းတို့၏ လိုအင်ဆန္ဒဖြင့် အသက်ရှင်ကြပြီး ဤလိုအင်ဆန္ဒ၏ စိုးမိုးခြင်းခံရလျက် ၎င်းတို့၏ နေ့ရက်များကို တစ်ရက်ပြီးတစ်ရက် ဖြတ်ကျော်ကြလေသည်။ ၎င်းတို့ ရှိနိုင်သည့် မည်သည့် အဆင့်အတန်းမဆိုက ၎င်းတို့အတွက် အတော် တန်ဖိုးရှိသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် အဆင့်အတန်းထက် အခြားမည်သည့်အရာအတွက်မျှ မဟုတ်ပေ။ ၎င်းတို့၏ အဆင့်အတန်းကို ထိန်းသိမ်းခြင်း၊ ၎င်းတို့၏ အဆင့်အတန်းကို ထောက်ပံ့ခြင်း၊ ၎င်းတို့၏ စီရင်ပိုင်ခွင့်ကို တိုးချဲ့ခြင်းဟူသည့် ၎င်းတို့ လုပ်ဆောင်သမျှသည် နည်းလမ်းတိုင်းဖြင့် ၎င်းတို့၏ ဤလိုအင်ဆန္ဒနှင့် ပတ်သက်လေသည်။ လိုအင်ဆန္ဒဖြင့် ၎င်းတို့ အသက်ရှင်ကြသည်။ လောကတွင် သနားဖွယ်ကောင်းသော ဘဝများကို နေထိုင်ကြသည့် အခြားသူများရှိသည်။ ၎င်းတို့သည် မှီခိုရမည့်သူ မည်သူမျှမရှိဘဲ အမြဲအနိုင်ကျင့်ခံရသည့်၊ မကောင်းသော နေအိမ်များ၊ ညံ့ဖျင်းသည့် လူမှုပတ်ဝန်းကျင်မှ လာသည့် မာယာကင်းသော လူများဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်မလာမီထိတိုင် ၎င်းတို့ တစ်ကိုယ်တည်းဖြစ်ပြီး ဂရုစိုက်ခြင်းမခံရကြပေ။ ထိုအချိန်တွင် အထောက်အပံ့ မဏ္ဍိုင်တစ်ခု နောက်ဆုံးတွင် ရှာတွေ့ပြီဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့တွင် ပြင်းပြသောဆန္ဒတစ်ခု ရှိကြပြီး ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ထိုပြင်းပြသောဆန္ဒ၏ လှုံ့ဆော်မှုကိုခံရကြသည်။ ၎င်းတို့၏ ပြင်းပြသောဆန္ဒသည် မျက်မှောက်ခေတ်ထိတိုင် လုံးဝ မပြောင်းလဲသေးပေ။ ၎င်းတို့က “ဘုရားသခင်ကို ယုံကြည်သည့်အခါ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုတို့ဖြင့် ကျွန်ုပ် အသက်ရှင်သည်။ ဘုရားသခင်ကို ယုံကြည်သည့်အခါ အခြားသူများထက် ကျွန်ုပ် များစွာပိုတော်နိုင်ပြီး အခြားသူများထက် သာလွန်သည့် ဘဝတစ်ခုကို အသက်ရှင်နိုင်သည်။ ကျွန်ုပ် ကောင်းကင်ဘုံရောက်သည့်အခါ ကျွန်ုပ်ကို လေးစားမှုဖြင့် သင်တို့အားလုံး ကြည့်ရမည်ဖြစ်သည်။ ကျွန်ုပ်ကို မည်သူမျှ အထင်သေးတော့မည် မဟုတ်ပါ”ဟု တွေးကြလေသည်။ ဤဆန္ဒ၊ ၎င်းတို့၏ ဤမျှော်လင့်ချက်သည် အလွန် အနှစ်မဲ့ပြီး မပြတ်သားပေ။ ၎င်းတို့၏ မိသားစု အခြေအနေများ သို့မဟုတ် အခြား အကြောင်းရင်းတစ်ခုခုကြောင့် လောကတွင် ကံဆိုးသည့် ဘဝတစ်ခုကို အသက်ရှင်နေခဲ့ကြရသည်ဟု ၎င်းတို့ ခံစားကြသည်။ ဘုရားအိမ်တော်တွင် မှီခိုအားကိုးရန် ၎င်းတို့၌ တစ်စုံတစ်ရာ ရှိကြသည်။ ညီအစ်ကို မောင်နှမများက ၎င်းတို့ အနိုင်မကျင့်ကြပေ။ ၎င်းတို့က ကံဆိုးသောသူ မဟုတ်ကြတော့ပေ။ ၎င်းတို့တွင် အထောက်အပံ့ မဏ္ဍိုင်တစ်ခု ရှိကြသည်။ ထို့အပြင် ၎င်းတို့၏ အကြီးမားဆုံးသော မျှော်လင့်ချက်မှာ ၎င်းတို့ သေဆုံးပြီးနောက် သို့မဟုတ် ဤဘဝတွင် ၎င်းတို့ ဂုဏ်ယူဝင့်ကြွားနိုင်မည့် နှစ်သက်ပျော်ရွှင်ဖွယ် ခရီးပန်းတိုင်တစ်ခု ရကောင်းရရှိနိုင်မည်ဟူ၍ ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သည်။ ဤပြင်းပြသောဆန္ဒဖြင့် ၎င်းတို့ အသက်ရှင်ကြပြီး နေရာတိုင်း၊ အရာခပ်သိမ်းတွင်၊ ဤအတွေး၊ ဤဆန္ဒကို မိမိတို့၏ စိတ်လှုံ့ဆော်မှုအဖြစ် ၎င်းတို့က အသုံးပြုကြသည်။ ၎င်းတို့အတွက် သမ္မာတရားဖြင့် အသက်ရှင်ရန် အတော်လေး ခက်ခဲသည်။ ထိုသို့သောလူများသည် သနားစရာကောင်းလောက်အောင် အသက်ရှင်ကြ၏။ မိမိတို့ကိုယ်ကို ကြွားလိုသည့် သို့မဟုတ် မိမိတို့ကိုယ်ကို လူသိများစေလိုသည့် လိုအင်ဆန္ဒရှိသော အခြားသူများ ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် အဖွဲ့တစ်ဖွဲ့အတွင်းတွင် အသက်ရှင်ရခြင်း၊ အဖွဲ့ထဲရှိ အခြားသူတို့အား ၎င်းတို့အပေါ် အထင်ကြီးစေရန် ထိုအရာ ဤအရာ လုပ်ဆောင်ရခြင်းကို အလွန်နှစ်သက်ကြသည်။ ယင်းက ၎င်းတို့၏ ဝင့်ဝါမှုကို ဖြည့်ဆည်းပေးလေသည်။ ၎င်းတို့က “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ကောင်းမဖြစ်နိုင်သော်လည်း အဖွဲ့အတွက် ကျွန်ုပ်၏ ပါရမီကို ပြနိုင်ပြီး မက်မောဖွယ်ရာဖြင့် ဝန်းရံခံရလျက် ထင်ပေါ်ပုံရသရွေ့ ဘုရားသခင်ကို ယုံကြည်ခြင်းက ကျွန်ုပ်အတွက် တန်သည်။ ထိုအတွက် ကျွန်ုပ် အသက်ရှင်ခြင်းဖြစ်သည်။ လောကတွင်ရှိခြင်းထက် မဆိုးရွားပါ”ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ထိုအချိန်မှစ၍ ၎င်းတို့အသက်ရှင်သည်မှာ ထိုအတွက်ဖြစ်သည်။ ၎င်းတို့၏ မူလ ရည်ရွယ်ချက်အတွက် အပြောင်းအလဲတစ်ခုမျှ မရှိဘဲ ၎င်းတို့၏ နေ့ရက်များနှင့် နှစ်ကာလများအားလုံးကို ထိုသို့ အသက်ရှင်ကြသည်။ ဤသည်မှာ သမ္မာတရားဖြင့် အသက်ရှင်ခြင်း ဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် အတူတူပင် အိပ်မက်များ၊ လိုအင်ဆန္ဒများဖြင့် အသက်ရှင်နေကြသည်။ ဤသည်မှာ အမှုအရာများအပေါ် မိမိ၏ အမြင်များအပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပတ်သက်သည့် ပြဿနာတစ်ခု ဖြစ်သည်။ ဤပြဿနာ မပြေမလည်ရှိနေလျှင် သမ္မာတရားကို နားလည်ရန်ဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ရန်ဖြစ်စေ နည်းလမ်းမရှိသကဲ့သို့ သမ္မာတရားဖြင့် အသက်ရှင်ရန် အတော်လေး ခက်ခဲပေသည်။
မိမိတို့၏ ပုံပန်းများဖြင့် အသက်ရှင်ကြသည့်၊ မိမိတို့ကိုယ်ကို လှပသည်ဟု အမြဲ တွေးနေသည့်၊ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် လူတိုင်းက ၎င်းတို့ကို နှစ်သက်သည်၊ အလွန်အလေးထားပြီး အသိအမှတ်ပြုသည်ဟု အမြဲ တွေးနေသည့် အချို့သော အမျိုးသမီးများလည်း ရှိသည်။ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် ၎င်းတို့အပေါ် လူများ၏ ချီးမွမ်းသော စကားကို ကြားရပြီး လူတို့က ၎င်းတို့ကို ဦးတည်၍ ပြုံးပြနေသည်ကို မြင်ကြရသည်။ ၎င်းတို့သည် ထိုသို့အသက်ရှင်ရင်း မိမိတို့ကိုယ်ကို အတော် အားရကျေနပ်ကြပြီး အတော် ယုံကြည်စိတ်ချမှုရှိကြသည်။ ထို့ကြောင့် မိမိတို့ အသက်ရှင်သည့်အတိုင်း အသက်ရှင်ခြင်းက ၎င်းတို့ကို အရင်းအနှီးပေးကြောင်း၊ ၎င်းတို့၏ အသက်ရှင်နေထိုင်မှုတွင် တန်ဖိုးများစွာရှိကြောင်း၊ အနည်းဆုံးအနေဖြင့် များစွာသော လူတို့က ၎င်းတို့ကို သဘောကျကြောင်း ၎င်းတို့ ယုံကြည်ကြလေသည်။ ၎င်းတို့၏ ပုံပန်းအသွင်အပြင်များဖြင့် အသက်ရှင်ခြင်းတွင် ပါဝင်ပတ်သက်ကြသည့် အမျိုးသားများလည်း ရှိကြသည် မဟုတ်လော။ သင် ရုပ်ရည်ချောမောပြီး ညီအစ်မများနှင့် စကားပြောရာတွင် ဇဝနဉာဏ်ရှိသည်၊ နှစ်လိုဖွယ်ကောင်းပြီး ချစ်ကြည်နူးဖွယ် ကောင်းသည်ဆိုပါစို့။ သင်သည် လူတိုင်းက သင့်ကို အထင်ကြီးပြီး သင်၏ဩဇာညောင်းလျက် မိမိကိုယ်ကို အတော်လေး အားရကျေနပ်လေသည်။ “တစ်ဦးတလေနှင့် တွဲရန် ကျွန်ုပ် ကြိုးစားနေသလိုမျိုး မဟုတ်ပါ။ ဤသို့သာ ကျွန်ုပ် အသက်ရှင်ပြီး ယင်းမှာ နှစ်သက်ဖွယ်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ပျင်းစရာပါတကား”ဟူ၍ ဖြစ်သည်။ အရင်းအနှီးတစ်မျိုးမျိုးကို အားကိုးနေသည့် အခြားသူများရှိပြီး အရင်းအနှီးရှိရန်၊ ၎င်းတို့သည် စစ်မှန်သည့်အရာ တစ်မျိုးမျိုး ရှိရမည်မှာ အမှန်ဖြစ်သည်။ ထိုအရာများက မည်သည့် စစ်မှန်သောအရာများ ဖြစ်မည်နည်း။ ဥပမာအနေဖြင့် လူအချို့သည် ဘုရားသခင်ကို အမိဝမ်းကတည်းမှ ယုံကြည်လာသည်ဟု ခံစားကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်း ငါးဆယ် သို့မဟုတ် ထို့ထက်ပိုကြာအောင် ယုံကြည်ကြပြီးဖြစ်ကာ ယင်းမှာ ၎င်းတို့၏ အရင်းအနှီးဖြစ်သည်။ ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးကို မြင်သည့်အခါ ၎င်းတို့က “ဘုရားသခင်ကို နှစ်မည်မျှကြာ သင် ယုံကြည်ပြီးပြီနည်း”ဟု မေးကြသည်။ အခြားသူတို့က “ငါးနှစ်”ဟု ပြောသည်။ ၎င်းတို့သည် ဤလူထက် ဘုရားသခင်ကို အချိန်ဆယ်ဆကြာအောင် ယုံကြည်ပြီးဖြစ်ကာ ထိုအရာကို မြင်သည့်အခါ ၎င်းတို့က “သင်သည် ငါ ယုံကြည်သည့် နှစ်ကာလများစွာလောက်နီးနီးကြာအောင် ဘုရားသခင်ကို ယုံကြည်ပြီးပြီလော။ သင် အလွန်ငယ်ရွယ်သည်။ သင်သည် ကိုယ့်ကိုယ်ကိုယ် လိမ္မာအောင် နေသင့်သည်။ သင့်မှာ သွားရမည့်ခရီးရှည် ရှိသေးသည်”ဟု မိမိတို့ဘာသာ စဉ်းစားကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အရင်းအနှီးနှင့် ၎င်းတို့ အားကိုးနေကြခြင်း ဖြစ်သည်။ အခြား မည်သည့် အရင်းအနှီးမျိုးများ ရှိသနည်း။ လူအချို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အဆင့်အားလုံးတွင် အစေခံကြပြီးဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ ကြိုးပမ်းနေခဲ့ကြသည်၊ အလုပ်လုပ်နေခဲ့ကြပြီး ဟိုသည် ပြေးလွှားကာ အသင်းတော်များကြား သွားနေခဲ့ကာ အတွေ့အကြုံများစွာ ရရှိကြပြီးဖြစ်သည်။ အထက်၏ အလုပ်အစီအစဉ်အပြင် အသင်းတော်ထဲရှိ လူအမျိုးမျိုးနှင့် အလုပ်နယ်ပယ်အမျိုးမျိုးတို့ကို အတော်အတန် အကျွမ်းဝင်ကြသည်။ ထို့ကြောင့် ၎င်းတို့က “ငါသည် ဝါရင့်သူတစ်ဦး အရင်းအနှီးရှိသည့် ဝါရင့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အချိန်ကြာမြင့်စွာ ငါ အလုပ်လုပ်နေခဲ့ပြီး ငါ့မှာ အတွေ့အကြုံရှိသည်။ သင်တို့အားလုံး မည်သည့်အရာကို သိကြသနည်း။ သင်တို့သည် ကလေးသူငယ်များဖြစ်ကြသည်။ ရက်ပေါင်းမည်မျှ သင်တို့ အလုပ်လုပ်ပြီးပြီနည်း။ သင်တို့ အလွန်နုလွန်းသည်။ မည်သည့်အရာကိုမျှ သင်တို့ မသိကြ။ ဟုတ်ပြီ၊ သင်တို့ ငါ့ကို နားထောင်ကြ၊ မှန်သည်”ဟု ယုံကြည်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်နေ့လုံး မည်သည့် လက်တွေ့ကျသည့်အရာမျှ မရှိသည့် တရားဆက်ဟောကြသည်။ အားလုံးက စကားများနှင့် အယူဝါဒများသာ ဖြစ်သည်။ သို့သော် ၎င်းတို့က ဆင်ခြေများပေးကြလိမ့်မည်။ “ကျွန်ုပ် ယနေ့ စိတ်မချမ်းမြေ့ပါ။ နှောင့်ယှက်မှုနှင့် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်စေသည့် အန္တိခရစ်တစ်ဦးရှိပြီး ထိုအရာက ငါ့ကို ထိခိုက်သည်။ နောက်တစ်ကြိမ်တွင် ငါ ကောင်းမွန်စွာ ဟောပါမည်”ဟူ၍ ဖြစ်သည်။ ယင်းက ၎င်းတို့၏ စရိုက်အမှန်ကို ပြသည် မဟုတ်လော။ အခြားမဟုတ်၊ ၎င်းတို့သည် ၎င်းတို့၏ ဝါရင့်အရင်းအနှီးပေါ်တွင် အသက်ရှင်နေကြပြီး မိမိကိုယ်ကို အလွန့်အလွန် ကျေနပ်နေကြခြင်းဖြစ်သည်။ အမှန်ပင် စက်ဆုပ်ဖွယ်ကောင်းလိုက်လေခြင်း၊ ရွံရှာဖွယ် ကောင်းလိုက်လေခြင်းပါတကား။ ဤသည်မှာ အရင်းအနှီးတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ထောင်ချခံရသည့် သို့မဟုတ် အခြားတစ်မူထူးခြားသည့် အတွေ့အကြုံတစ်ခုခု ရှိခဲ့သည့် သို့မဟုတ် ထူးခြားသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည့် အခြားသူများရှိသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံရပြီးဖြစ်ကာ ယင်းသည်လည်း အရင်းအနှီးတစ်မျိုးအဖြစ် ၎င်းတို့ကို အသုံးတော်ခံသည်။ အဘယ်ကြောင့် လူတို့သည် မိမိတို့၏ အရင်းအနှီးနှင့် အမြဲ အားကိုးနေကြသနည်း။ ဤတွင် ပြဿနာတစ်ခု ရှိပေသည်။ ထိုသို့သော အရင်းအနှီးသည် ၎င်းတို့၏ အသက်ဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ အရင်းအနှီးကို အားကိုးနေကြသရွေ့ မိမိတို့ကိုယ်ကို မကြာခဏ သဘောကျကာ နှစ်ခြိုက်ကြပြီး ထိုအရင်းအနှီးကို အခြားသူတို့အား ညွှန်ကြားကာ ဩဇာလွှမ်းမိုးဖို့ အသုံးပြုကြသည်။ ယင်းမှာ ထိုသူတို့၏ ချီးမွမ်းခြင်းကို ရရှိရာတွင် အသုံးဝင်လေသည်။ အခြေခံအုတ်မြစ်တစ်ခုအဖြစ် မိမိတို့၏ အရင်းအနှီး ရှိထားလျက် သမ္မာတရား အနည်းငယ်ကို ၎င်းတို့ လိုက်စားသရွေ့ သို့မဟုတ် မိမိတို့တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး ကောင်းမွန်သည့် လုပ်ဆောင်ချက်အချို့ကို ရရှိထားသရွေ့ ပေါလုကဲ့သို့ ၎င်းတို့အတွက် သိုထားသည့် ဓမ္မသရဖူတစ်ခု ရှိကောင်းရှိနိုင်သည်၊ သေချာပေါက် ၎င်းတို့ ရှင်သန်လိမ့်မည်။ သေချာပေါက် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုဆီသို့ ရောက်လာကြလိမ့်မည်ဟု ယုံကြည်ကြလေသည်။ မိမိတို့၏ အရင်းအနှီးကို အားကိုးလျက် မိမိကိုယ်ကို သဘောကျသည့် အခြေအနေတစ်ခု၊ မိမိကိုယ်ကို ကျေနပ်နေသော အခြေအနေတစ်ခု၊ တင်းတိမ်ရောင့်ရဲစွာ မိမိဘာသာ အားရကျေနပ်သော အခြေအနေတစ်ခုတွင် မကြာခဏ အသက်ရှင်ကြလေသည်။ ဘုရားသခင်က ၎င်းတို့၏ အရင်းအနှီးကို အားရကျေနပ်သည်၊ ၎င်းတို့၌ သူ ဝမ်းမြောက်ပျော်ရွှင်သည်၊ သူသည် ၎င်းတို့ကို အဆုံးတိုင် ရှိနေစေခွင့်ပေးသည်ဟု ၎င်းတို့က ခံစားကြသည်။ ဤသည်မှာ အရင်းအနှီးကို အားကိုးနေခြင်း မဟုတ်လော။ ၎င်းတို့သည် အချိန်တိုင်းတွင် ဤစိတ်နေစိတ်ထားကို ထုတ်ဖော်ပြကြသည်။ ၎င်းတို့ ထုတ်ဖော်ပြသည့် အမှုအရာများတွင် ၎င်းတို့ အသက်ရှင်သည့် အမှုအရာများနှင့် အခွင့်အရေးရတိုင်း အခြားသူများကို ၎င်းတို့ ဟောသည့် အရာများတွင်၊ ၎င်းတို့၏ စိတ်တွင်ရှိသည့်အရာကို ရှင်းလင်းစွာ တွေ့မြင်ရသည်။ ဘုရားသခင်ထံမှ အထူးကျေးဇူးတော် သို့မဟုတ် ဂရုစိုက်ခြင်း၊ အခြားမည်သူကမျှ မရရှိဘဲ ၎င်းတို့တွင်သာရှိသည့် တစ်စုံတစ်ရာကို ရရှိပြီးဖြစ်သည့် အခြားသူများ ရှိသည်။ ထို့ကြောင့် ၎င်းတို့က အထူးဖြစ်သည်၊ ကျန်သည့်သူအားလုံးနှင့် ကွာခြားသည်ဟု တွေးထင်ကြသည်။ ၎င်းတို့က “ဘုရားသခင်ကို သင်၏ ယုံကြည်မှုသည် ကျွန်ုပ်၏ ယုံကြည်မှုနှင့် ကွဲပြားသည်။ ဘုရားသခင်သည် သင်တို့ကို ကျေးဇူးတော်များစွာ ပေးကာ ဦးဆောင်ခြင်းအားဖြင့် အစပြုသည်။ ထို့နောက် သမ္မာတရား အနည်းငယ်ကို သင်တို့ တဖြည်းဖြည်း နားလည်လာသည်နှင့် ဘုရားသခင်က သင်တို့ကို ပြုပြင်သည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည်။ ယင်းမှာ သင်တို့အားလုံးအတွက် ဖြစ်သောအရာဖြစ်သည်။ ကျွန်ုပ်အတွက်မူ ကွာခြားသည်။ ဘုရားသခင်က ကျွန်ုပ်ကို အထူးကျေးဇူးတော်ပေးသည်။ အထူးမျက်နှာသာဖြင့် သူ ကျွန်ုပ်ကို ဆက်ဆံပြီး ထိုအထူးမျက်နှာသာသည် ကျွန်ုပ်၏ အရင်းအနှီးဖြစ်သည်။ ထိုအရာသည် နိုင်ငံတော်ထဲဝင်ရန် ကျွန်ုပ်၏ အထောက်အထားနှင့် ကျွန်ုပ်၏ လက်မှတ်ဖြစ်သည်”ဟု ပြောကြသည်။ ဤအရာများ ၎င်းတို့ ပြောသည်ကို သင် ကြားသည့်အခါ မည်သည့် ခံစားချက်ကို ရသနည်း။ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အသိပညာ ၎င်းတို့တွင် ရှိကြသလော။ မိမိတို့ကိုယ်ကို သိသည့် အသိပညာ ရှိကြသလော။ တစ်ခုမျှမရှိပေ။ သမ္မာတရားကို ၎င်းတို့ နားမလည်သကဲ့သို့ သမ္မာတရားကို လိုက်စားခြင်းမရှိဘဲ သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်းမရှိဘဲ သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းမရှိဘဲ ကယ်တင်ခံရနိုင်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်ဟုပြောလျှင် သင့်လျော်သည်။ ဤကဲ့သို့သော အခြေအနေများရှိသူတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် ရူပါရုံအချို့ မြင်ခဲ့ကြသည့်၊ အထူးကွယ်ကာမှုတစ်ခုခု ရရှိကာ ဘေးဒုက္ခကို လွတ်မြောက်ခဲ့ကြသည့် အနည်းငယ်သောသူများ ဖြစ်သည်။ သို့မဟုတ် ၎င်းတို့သည် သေဆုံးပြီး အသက်ပြန်ရှင်လာကာ အထူးသက်သေခံချက်တစ်ခုခု သို့မဟုတ် အတွေ့အကြုံတစ်ခုခု ရှိကြသည်။ ၎င်းတို့သည် ဤအရာများကို မိမိတို့၏ အသက်အဖြစ်၊ မိမိတို့၏ အသက်ရှင်ခြင်းအတွက် အခြေခံအကြောင်းရင်းအဖြစ် သဘောထားကြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် အစားထိုးအရာတစ်ခုအဖြစ် အသုံးပြုကြလေသည်။ ထို့အပြင် ဤအရာများကို ကယ်တင်ခြင်း၏ နိမိတ်လက္ခဏာများနှင့် စံနှုန်းများအဖြစ် ၎င်းတို့ သဘောထားကြလေသည်။ ယင်းမှာ အရင်းအနှီးဖြစ်သည်။ ထိုသို့သော အရာများ သင်တို့တွင် ရှိသလော။ သင်တို့တွင် ဤအထူးအတွေ့အကြုံမျိုး မရှိနိုင်သော်လည်း တာဝန်တစ်ခုကို အချိန်အတော်ကြာ သင် ထမ်းဆောင်ပြီးဖြစ်ကာ ရလဒ်များ စွမ်းဆောင်ရရှိပြီးဖြစ်လျှင် သင့်ထံတွင် အရင်းအနှီးရှိသည်ဟု သင် ယူဆလိမ့်မည်။ ဒါရိုက်တာတစ်ဦး၏ တာဝန်ကို အချိန်အတန်ကြာ သင် ထမ်းဆောင်ပြီးဖြစ်ကာ ကောင်းမွန်သည့် လက်ရာအချို့ကို ထုတ်လုပ်ပြီးဖြစ်သည်ဆိုပါစို့။ ယင်းမှာ သင့်အတွက် အရင်းအနှီးအဖြစ် ရုပ်လုံးပေါ်လာသည်။ မည်သည့် လက်ရာကိုမျှ သင် မထုတ်လုပ်ရသေးသောကြောင့် မည်သည့်အရာမျှ သင် ရှိကောင်းရှိနိုင်သေးမည်မဟုတ်။ သို့မဟုတ် မဆိုးသည့် ရုပ်ရှင်နှစ်ကားကို သင် ထုတ်လုပ်ပြီးဖြစ်နိုင်သော်လည်း ယင်းတို့ကို သင်၏ အရင်းအနှီးအဖြစ် မမှတ်ယူဝံ့သေးဘဲ ရှိနေနိုင်သည်။ ထိုအရာများတွင် သင် ယုံကြည်စိတ်ချမှု ကင်းခဲ့သည်။ သင့်ထံတွင် လုံလောက်သည့် အတွေ့အကြုံမရှိ သို့မဟုတ် အရင်းအနှီးမရှိသေးဟု သင် ခံစားရသည်။ ထို့ကြောင့် သင်သည် သတိထားသည်၊ ထိန်းထားပြီး မျိုသိပ်ထားလေသည်။ သင်သည် စိတ်ကြီးဝင်ကာ ဟိုသည် လမ်းသလားပြဖို့မဆိုထားနှင့်၊ မခိုကပ်ဝံ့ပေ။ ထိုသို့ဖြစ်လျက်ပင် သင်သည် မိမိကိုယ်ကို အလွန်အမင်း အားရကျေနပ်ပြီး တစ်ချိန်လုံး မိမိကိုယ်ကို သဘောကျနေကာ ထိုအရာများသည် သင် အသက်ရှင်သည့်အရာများ ဖြစ်သည်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သနားစဖွယ်ကောင်းသော အတိဒုက္ခဖြစ်သည် မဟုတ်လော။
လူအချို့တွင် အလွန် မလိုမုန်းထားသော အသွင်အပြင်များ ရှိကြသည်။ ၎င်းတို့သည် ကြီးမား၊ တုတ်ခိုင်ပြီး သန်မာကာ အခြားသူတို့ကို အနိုင်ကျင့်ရန် အမြဲ ကြိုးစားနေကြသည်။ စကားဖြင့် ၎င်းတို့သည် အတော်လေး ဗိုလ်ကျပြီး ပိုင်စိုးပိုင်နင်းဖြစ်ကြသည်။ မည်သူမည်ဝါဖြစ်စေ လူတိုင်းနှင့်ပတ်သက်၍ အလျှော့မပေးတတ်ကြပေ။ ထို့ကြောင့် ထိုသူတို့ကိုမြင်သည့်အခါ လူတို့က အနည်းငယ် ကြောက်ကြပြီး မျက်နှာချိုသွေးရန် ကြိုးစားလျက် လိုက်လျောမှုဖြင့် ဆက်ဆံကြသည်။ ဤအရာက ၎င်းတို့ကို အလွန်အမင်း မာန်မာနတက်စေသည်။ ဘဝက အလွယ်လေးဖြစ်သည်ဟု ၎င်းတို့ ခံစားပြီး ဤအရာအားလုံးကို မိမိတို့၏ ပါရမီတစ်ခုအဖြစ် ယုံကြည်ကြသည်။ မည်သူကမျှ ၎င်းတို့အတိုင်း အသက်ရှင်လျက် ၎င်းတို့ကို အနိုင်ကျင့်ဝံ့မည် မဟုတ်ဟု တွေးထင်ကြသည်။ သင့်အနေဖြင့် လူအုပ်ထဲတွင် ခိုင်ခိုင်မာမာ ရပ်တည်လိုလျှင် မိမိကိုယ်ကို အားကိုးရမည်၊ မိမိကိုယ်ကို အားပေးရမည်ဖြစ်ပြီး သန်မာကာ ကြံ့ခိုင်ရမည်။ ဤသည်မှာ ဘဝတွင် ၎င်းတို့၏ သက်ဝင်ယုံကြည်မှု ဖြစ်သည်။ မည်သူကမျှ ၎င်းတို့ကို အနိုင်ကျင့်ဝံ့ခြင်း သို့မဟုတ် ကစားဝံ့ခြင်း မရှိဘဲ ၎င်းတို့ကို မည်သူကမျှ လှည့်စားကာ အသုံးချဝံ့ခြင်းမရှိဘဲ အခြားသူများထဲတွင် ခိုင်မာစွာ ရပ်တည်ရန်အလို့ငှာ ၎င်းတို့က အမှုအရာများကို ဤကဲ့သို့ သက်ဝင်ယုံကြည်မှုတစ်ခုအဖြစ် အကျဉ်းချုံးလိုက်သည်။ “ငါ ကောင်းစွာ အသက်ရှင်လိုလျှင် သန်မာပြီး ကြံ့ခိုင်ရန် လိုအပ်သည်။ ရက်စက်ကြမ်းကြုတ်လေ၊ ပိုကောင်းလေဖြစ်သည်။ ထိုသို့ဖြင့် မည်သည့်နေရာတွင်မျှ မည်သူကမျှ ငါ့ကို အနိုင်ကျင့်ဖို့ စဉ်းပင်စဉ်းစားလိမ့်မည် မဟုတ်ပါ”ဟူ၍ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဤကဲ့သို့ နှစ်အနည်းငယ်ကြာ အသက်ရှင်ကြပြီး၊ ဧကန်အမှန်ပင် ဖြစ်ချင်တော့မည်သူကမျှ ၎င်းတို့ကို အနိုင်မကျင့်ဝံ့ကြပေ။ ၎င်းတို့သည် နောက်ဆုံးတွင် မိမိတို့၏ ရည်မှန်းချက်ကို ပြီးမြောက်ကြပြီး ဖြစ်သည်။ မည်သည့်အဖွဲ့တွင် ၎င်းတို့ ရှိကြသည်ဖြစ်စေ မိမိတို့၏ ဂုဏ်သိက္ခာကို ပုံကြီးချဲ့ကာ အေးတိအေးစက် အမှုမထားသည့်သဘောဖြင့် မျက်မှောင်ကြုတ်လျက် လေးနက်သည့် အမူအရာ၊ မှင်သေသေ မျက်နှာထားတစ်ခုကို ထားရှိကြသည်။ မည်သူကမျှ ၎င်းတို့ အနီးဝန်းကျင်တွင် စကားမပြောဝံ့ပေ။ ၎င်းတို့ကို မြင်သည်နှင့်ပင် ကလေးများက ငိုကြသည်။ မကောင်းဆိုးဝါးများ၊ ဝင်ပူးသူများဟူ၍ ယင်းမှာ ၎င်းတို့ ဖြစ်သည့်အရာဖြစ်၏။ လက်သီးဖြင့် ရှင်သန်ခြင်းဟူ၍ ယင်းမှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ရက်စက်မှုနှင့်ဆိုင်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် ၎င်းတို့ ပထမဆုံး လုပ်ဆောင်သည့်အရာမှာ လူတို့ကို မည်သို့ ကိုင်တွယ်ပြီး အသုံးချရမည်ကို သင်ယူရန် ဖြစ်သည်။ လူတို့ကိုလည်း ထိန်းချုပ်ချင်ကြပြီး ဖိနှိပ်ချင်ကြသည်။ ၎င်းတို့ကို မရိုသေသည့်သူ မည်သူကိုမဆို အကြောင်းပြဖို့ နည်းလမ်းများ စဉ်းစားကြပြီး ၎င်းတို့ထံ မခံချိမခံသာသော စကားများဖြင့် မယဉ်မကျေး ပြောသောသူ မည်သူကိုမဆို အပြစ်ပေးရမည့် အခွင့်အရေးများ ရှာကြသည်။ ဤအရာများဖြင့် အသက်ရှင်ရန်မှာ ရက်စက်သည် မဟုတ်လော။ ၎င်းတို့ လုပ်ဆောင်ကြသည့်အတိုင်း အမှုအရာများကို လက်သီးဖြင့် ကိုင်တွယ်ခြင်းသည် အကျိုးတရားတစ်ခုခု ရှိ၏။ လူများစွာက ၎င်းတို့ကို ကြောက်ကြသည်။ ယင်းက ၎င်းတို့အတွက် လမ်းရှင်းသွားစေသည်။ သို့သော် စိတ်မြန်လက်မြန်လုပ်ခြင်းနှင့် မလိုမုန်းထားသော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်ကြသည်ကို ထောက်သော် ထိုသို့သောလူများသည် သမ္မာတရားကို လက်ခံနိုင်သလော။ ၎င်းတို့ အမှန်တကယ် နောင်တရနိုင်သလော။ ယင်းမှာ ဖြစ်နိုင်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်ဆန်သော အတွေးအခေါ်များနှင့် ခွန်အား အသုံးပြုခြင်းကို ထောက်ခံသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ဆန်သော အတွေးအခေါ်များနှင့် ခွန်အား အသုံးပြုခြင်းအားဖြင့်သာ အသက်ရှင်ကြသည်။ ၎င်းတို့သည် မိမိတို့ ကြိုက်သည့်မည်သည့်အရာကိုမဆို လုပ်ဆောင်လျက်၊ အကြောင်းမဲ့ ဒေါသတကြီး လျှောက်ရမ်းနိုင်ရန်အလို့ငှာ လူတိုင်းကို ၎င်းတို့အား နာခံစေပြီး ကြောက်ရွံ့စေကြသည်။ ၎င်းတို့ကို စိုးရိမ်ပူပန်စေသည်မှာ မကောင်းသည့် နာမည်ဂုဏ်သတင်းတစ်ခု ရှိခြင်းမဟုတ်ဘဲ ဆိုးယုတ်သည့် နာမည်ဂုဏ်သတင်းတစ်ခု မရှိခြင်းဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ စည်းမျဉ်းဖြစ်သည်။ ဤကဲ့သို့ ၎င်းတို့၏ ရည်မှန်းချက်ကို ၎င်းတို့ ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က “ငါသည် ဘုရားအိမ်တော်နှင့် ဤအဖွဲ့များထဲတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်လေပြီ။ လူတိုင်းက ငါ့ကို ကြောက်ရွံ့ကြသည်။ မည်သူကမျှ ငါ့ကို ထိဝံ့ကြမည်မဟုတ်။ ၎င်းတို့အားလုံးက ငါ့အပေါ် လေးစားလိုက်နာကြသည်”ဟု တွေးလေသည်။ ၎င်းတို့ အနိုင်ရပြီဟု ယုံကြည်ကြသည်။ ၎င်းတို့ကို မည်သူကမျှ သွားထိဝံ့မည် မဟုတ်သည်မှာ အမှန်တကယ် ဟုတ်သလော။ ၎င်းတို့ကို မထိဝံ့ခြင်းက အပြင်ပန်းဖြစ်သည်။ ထိုသို့သော လူများကို လူတိုင်းက မိမိတို့၏ စိတ်နှလုံး အတွင်းနက်နက်တွင် မည်သို့ ရှုမြင်ကြသနည်း။ ထိုအရာနှင့်ပတ်သက်၍ သံသယရှိစရာမလိုပေ။ ၎င်းတို့က ထိုသူတို့ကို စိတ်ကုန်သည်၊ စက်ဆုပ်သည်၊ မုန်းတီးသည်၊ ရွံနေကြပြီး ရှောင်ရှားကြလေသည်။ ထိုသို့သော လူတစ်ဦးကို သင်တို့ ဆက်ဆံရန် လိုလားပါသလော။ (မဆက်ဆံလိုပါ။) အဘယ်ကြောင့် မဆက်ဆံလိုသနည်း။ ၎င်းတို့သည် သင့်ကို ညှဉ်းဆဲရန် နည်းလမ်းများ အမြဲ စဉ်းစားနေကြပေမည်။ ထိုအရာကို သင် ခံနိုင်မည်လော။ တစ်ခါတစ်ရံ သင့်ကို ခွန်အားဖြင့် ခြိမ်းခြောက်ခြင်းအစား သင့်ကို စိတ်ရှုပ်ထွေးစေပြီးနောက် ခြိမ်းခြောက်ရန် နည်းလမ်းအချို့ကို ၎င်းတို့ အသုံးပြုကြလိမ့်မည်။ လူအချို့သည် ခြိမ်းခြောက်မှုကို မခံနိုင်ကြသောကြောင့် အသနားခံကာ စာတန်ကို အရှုံးပေးကြသည်။ ဆိုးယုတ်သော လူများသည် လိုအပ်သည့် မည်သည့်နည်းဖြင့်မဆို စကားပြောကာ ပြုမူကြသည်။ တွန့်ဆုတ်ပြီး ကြောက်တတ်သောသူများသည် ၎င်းတို့ထံ အရှုံးပေးကြပြီးနောက် စကားနှင့် လုပ်ရပ်များတွင် ၎င်းတို့နောက်လိုက်ကြသည်။ ၎င်းတို့သည် ဆိုးယုတ်သော လူ၏ ကြံရာပါများဖြစ်သည်၊ မဟုတ်ဘူးလော။ ထိုသို့သော ဆိုးယုတ်သည့်လူတစ်ဦးကို သင်တို့ မြင်သည့်အခါ မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ ပထမဆုံး မကြောက်နှင့်။ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်ရမည့် နည်းလမ်းတစ်ခု သင် ရှာဖွေရမည်။ ၎င်းတို့ကို တိုင်ကြားရန် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည့် ညီအစ်ကို မောင်နှမများနှင့်လည်း သင် လက်တွဲနိုင်သည်။ အကြောက်တရားက အသုံးမဝင်ပေ။ ၎င်းတို့ကို သင် ကြောက်လေ၊ ၎င်းတို့က သင့်ကို အနိုင်ကျင့်ပြီး နှောင့်ယှက်လေဖြစ်လိမ့်မည်။ ဆိုးယုတ်သောသူကို တိုင်ကြားရန် လက်တွဲခြင်းသည် ၎င်းတို့ကို ကြောက်စေကာ အရှက်ရစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သင်သည် အလွန် ကြောက်လန့်ပြီး ဉာဏ်ပညာ ကင်းမဲ့လျှင် ထိုဆိုးယုတ်သောသူ၏ အနာတရဖြစ်စေခြင်းကို ခံရဖို့ သေချာသည်။ လူတို့၏ ယုံကြည်ခြင်းက သေးငယ်လှပါတကား၊ သနားစဖွယ်ကောင်းလှပါတကား။ စင်စစ်အားဖြင့် ဆိုးယုတ်သော လူတစ်ဦးသည် ပုံအောလုပ်ဆောင်လျှင် ထိုသူသည် လူတို့ကို မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ မိမိတို့၏ လက်သီးများကို သာမန်ကာလျှံကာ ဝှေ့ယမ်းကာ တစ်စုံတစ်ဦးကို သေသည်ထိ ထိုးဝံ့ကြမည်လော။ ယခု ငါတို့သည် ဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတစ်ခုတွင် ရှိကြသည်။ ၎င်းတို့ လုပ်ဝံ့ကြမည်မဟုတ်။ ထို့အပြင် အလွန်ဆိုးယုတ် ရက်စက်သောသူများမှာ သေးငယ်သည့်၊ သီးခြားလူနည်းစုသာ ဖြစ်သည်။ လူတို့ကို အနိုင်ကျင့်ကာ အသင်းတော်ကို လုံးဝ ထင်ရာစိုင်းမည်ဆိုလျှင် လိုအပ်သမျှမှာ ထိုသူတို့ကို တိုင်ကြားပြီး ဖော်ထုတ်ရန် လူနှစ်ဦး သို့မဟုတ် သုံးဦး လက်တွဲဖို့ ဖြစ်သည်။ ယင်းက ထိုသူတို့ကို ဖြေရှင်းပြီးသားသွားမည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ရွေးချယ်ထားသော အနည်းငယ်သော လူတို့သည် တစ်စိတ်တစ်ဝမ်းတည်းဖြစ်လျှင် ဆိုးယုတ်သော သူတစ်ဦးကို လွယ်ကူစွာ တာဝန်ယူနိုင်သည်။ ဘုရားသခင်က ဖြောင့်မတ်ကြောင်း၊ အနန္တတန်ခိုးရှိကြောင်း၊ သူသည် ဆိုးယုတ်သော လူတို့ကို စက်ဆုပ်ကာ သူ၏ ရွေးချယ်ထားသောလူတို့ကို ထောက်ပံ့ကြောင်း သင် ယုံကြည်ရမည်။ တစ်စုံတစ်ဦးတွင် ယုံကြည်ခြင်းရှိသရွေ့ ဆိုးယုတ်သော လူတစ်ဦးကို မကြောက်သင့်ပေ။ အခြားသူများနှင့် ၎င်းတို့ လက်တွဲနိုင်လျှင် ဉာဏ်ပညာနှင့် နည်းဗျူဟာ အနည်းငယ်ဖြင့်၊ ဆိုးယုတ်သော လူသည် အလိုအလျောက် အလျှော့ပေးသွားလိမ့်မည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းမရှိဘဲ ဆိုးယုတ်သော လူကို ကြောက်ကာ သင့်ကို ချုပ်ကိုင်နိုင်ကာ သင်၏ ကံကြမ္မာကို ထိန်းချုပ်နိုင်သည်ဟု ယုံကြည်လျှင် သင် ဇာတ်သိမ်းပြီဖြစ်သည်။ သင့်ထံတွင် သက်သေခံချက်ရှိမည်မဟုတ်၊ ပူဇော်ဆက်ကပ်စရာ ဘာမျှရှိမည် မဟုတ်သကဲ့သို့ အကြောက်ကြီးသော၊ ယုတ်နိမ့်သည့်ဘဝတစ်ခုကို အသက်ရှင်ရလိမ့်မည်။ ထိုသို့သော အခြေအနေတစ်ခုတွင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ လူအချို့သည် ၎င်းတို့၏ သေးနုပ်သော ကလိမ်ကကျစ်အပြုအမူဖြင့် အသက်ရှင်ကြပြီး “ဘုရားသခင် အဘယ်မှာရှိသည်ကို ငါ မသိသလို အထက်က ဤကိစ္စရပ်ကို သိမသိ ငါ မသေချာပါ။ တိုင်ကြားချက်တစ်ခု ငါ ပြုလုပ်ပြီး ဆိုးယုတ်သောလူက သိသွားလျှင် ထိုအတွက် သာ၍ ငါ့ကို ညှဉ်းဆဲကြမည် မဟုတ်လော”ဟု တွေးကြသည်။ ထိုအကြောင်းကို တွေးလေ၊ ၎င်းတို့ ကြောက်လန့်လေဖြစ်ပြီး ရှောင်ရှားကာ စားပွဲအောက်တွင် ဝင်ပုန်းချင်ကြသည်။ ထိုသို့ လုပ်ဆောင်သော တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများကို ထိန်းသိမ်းသေးသလော။ (မထိန်းသိမ်းပါ။) ၎င်းတို့သည် အကြောက်ကြီးသည့် သေးနုပ်သော လူများဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူအများစု ဖြစ်သည့်ပုံစံဖြစ်သည်။ လွန်ခဲ့သောတစ်ချိန်က လူအချို့ကို ညှဉ်းဆဲသည့် အန္တိခရစ်တစ်ဦး ရှိခဲ့သည်။ ထိုလူများသည် မိမိတို့ကိုယ်ကို အညှဉ်းဆဲခံစေရလောက်အောင် အကြောက်ကြီးခဲ့ကြသည်။ ညှဉ်းဆဲခံရခြင်းသည် ကောင်းသည့်အရာတစ်ခုလော၊ မကောင်းသည့်အရာတစ်ခုလော။ လူ၏ ရှုထောင့်အမြင်မှကြည့်လျှင် မကောင်းသည့်အရာတစ်ခု ဖြစ်သည်။ မတရားခံရခြင်း၊ နာကျင်မှုဝေဒနာ ခံရခြင်းကို ဆိုလိုသည်။ သို့ရာတွင် ထိုအရာမှ သင်ခန်းစာတစ်ခု ယူနိုင်ပြီး အကျိုးရရှိခံစားနိုင်ကာ ယင်းမှာ မကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ ကောင်းသည့်အရာတစ်ခု ဖြစ်သည်။ သို့သော် ဉာဏ်ပညာမဲ့ပြီး ဒူးမခိုင်သည့် လူအချို့ရှိသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ညှဉ်းဆဲပြီး အနိုင်ကျင့်သည့်အခါ ၎င်းတို့ မှန်နေလျှင်ပင် အတိုက်အခံမလုပ်ကြပေ။ ထိုလူက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အန္တိခရစ်တစ်ဦးဖြစ်သည်ကို ၎င်းတို့ သိကြသော်လည်း မတိုင်ကြားကြသကဲ့သို့ သူ့ကို ခုခံချေပကာ မဖော်ထုတ်ဝံ့ကြချေ။ အကြောက်ကြီးသည့် အပေါစားလူပါတကား။ တစ်စုံတစ်ဦးသည် ထိုသို့သော ကိစ္စများနှင့် ပတ်သက်လာသည့်အခါ ဘောင်ခတ်ခံရနိုင်လျှင် ၎င်းတို့သည် အလွန်သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုနှင့် သနားဖွယ်ကောင်းသော ယုံကြည်ခြင်းရှိသည်ကို ပြပေသည်။ ဘုရားသခင်ကို မှီခိုရန် ၎င်းတို့ မသိကြသကဲ့သို့ အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းရန် မစဉ်းစားကြချေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားမလည်ကြပေ။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဆိုးယုတ်သည့် လူများနှင့် အန္တိခရစ်များကို ဆန့်ကျင်ရပ်တည်ခွင့်ရှိသည်။ ထိုသို့ လုပ်ဆောင်ခြင်းကို ဘုရားသခင်က ထောက်ခံပြီး ကောင်းချီးပေး၏။ စာတန်ကို သင် စစ်ဆင်နွှဲခြင်း မရှိသကဲ့သို့ မအောင်မြင်သည်မှာ သနားဖွယ်ဖြစ်သည် မဟုတ်လော။ ထိုလူသည် သိသိသာသာပင် မကောင်းမှုပြုသူတစ်ဦး၊ အပျက်သဘောဆောင်သော အင်အားစုတစ်ခု ဖြစ်သည်။ သူသည် စာတန်၊ နတ်ဆိုးတစ်ဦးဖြစ်သည်။ သူသည် ညစ်ညူးသည့်၊ ဝိညာဉ်ဆိုးတစ်ဦး ဖြစ်သည်။ သို့တိုင် သူ၏ ညှဉ်းဆဲခြင်းကို သင် ခံရသည်။ သင်သာ မဟုတ်၊ ညှဉ်းဆဲခံနေရသည့် အခြားသောသူများစွာလည်း ရှိသည်။ ယင်းမှာ အကြောက်ကြီးခြင်း မဟုတ်လော။ သူ့ကို ဆန့်ကျင်တိုက်ခိုက်ရန် အဘယ်ကြောင့် သင်တို့ လက်များမတွဲနိုင်ရသနည်း။ သင်တို့ အသိဉာဏ်နှင့် ဉာဏ်ပညာ ကင်းမဲ့လိုက်လေခြင်းပါတကား။ ထိုလူ၏ အပြုအမူကို စိတ်ဖြာလေ့လာဆွေးနွေးရန် သမ္မာတရားကို နားလည်သည့် ပိုင်းခြားသိမြင်တတ်သော လူအနည်းငယ်ကို ရှာလော့။ ဤအရာကို လုပ်ဆောင်လော့။ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသော လူအများစုက အမှုအရာများကို အရှိအတိုင်း မြင်နိုင်ကြလိမ့်မည်ဖြစ်ပြီး ထရပ်နိုင်ကြလိမ့်မည်။ ထိုအခါ ပြဿနာကို ဖြေရှင်းရန် လွယ်ကူသွားမည် မဟုတ်လော။ နောက်ထပ် ထိုသို့သော ကိစ္စတစ်ခုကို သင် ကြုံရသည့်အခါ သင် ထရပ်ပြီး အန္တိခရစ်များနှင့် တိုက်ခိုက်နိုင်လိမ့်မည်လော။ (တိုက်ခိုက်နိုင်ပါမည်။) အန္တိခရစ် မည်မျှကို သင် ကိုင်တွယ်ပြီး တာဝန်ယူနိုင်သည်ကို ငါ မြင်ချင်သည်။ ယင်းမှာ အောင်မြင်သောသူများ၏ သက်သေခံချက်ဖြစ်သည်။ ယခု သင် လုပ်နိုင်သည်ဟု သင် ဆိုသော်လည်း အမှန်တကယ် ဖြစ်ပျက်သည့်အခါ စည်းမျဉ်းများကို သင် ထိန်းသိမ်းနိုင်လိမ့်မည်လော။ သင့်အနေဖြင့် တစ်ဖန် အလွန်ကြောက်လန့်သည်မှာ စားပွဲအောက်တွင် အကာအကွယ်ယူနေမိမည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါတွင် သမ္မာတရားကို နားမလည်သည့် ထိုလူများသည် သနားစဖွယ်ကောင်းသော၊ စိတ်ပျက်ဖွယ် ပုံပန်းကို ကူးပြောင်းသွားသည်။ မြင်ရသည်မှာ နာကျင်စရာကောင်းလှပါတကား။ သနားစရာကောင်းလိုက်လေခြင်း။ ညှဉ်းဆဲခံရသည့်အခါ မည်သည့်အရာကိုမျှ ၎င်းတို့ မပြောဝံ့ကြသကဲ့သို့ နောက်ပိုင်းတွင် အကြောက်တရားက ၎င်းတို့၌ စွဲကျန်ရစ်လေသည်။ ၎င်းတို့ အလွန်တရာ ကြောက်လန့်ကြသည်။ ဆိုးယုတ်သောလူတစ်ဦးကို မြင်သည့်အခါ ခွဲပင်မခွဲခြားနိုင်သည့် လူတစ်ဦးသည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လှပေသည်။ မည်သည့် သမ္မာတရားကိုမျှ ၎င်းတို့ လုံးဝ နားမလည်ကြပေ။ ၎င်းတို့ သနားစရာကောင်းသည် မဟုတ်လော။ ဆိုးယုတ်သော လူတို့သည် လက်သီးဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့သည် လူတို့ကို ဖိနှိပ်ခြင်း၊ လူကောင်းကို အနိုင်ကျင့်ခြင်းနှင့် အခြားသူများကို ထိခိုက်ပြီးမှ အကျိုးအမြတ်ခံစားခြင်းတို့အားဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့သည် အခြားသူတို့အား မိမိတို့ကို ကြောက်စေလျက်၊ မျက်နှာလိုမျက်နှာရလုပ်စေကာ ၎င်းတို့ကို လက်ဆောင်ပဏ္ဏာများ ဆက်သစေလျက် ၎င်းတို့၏ မလိုမုန်းထားသော သဘာဝနှင့် ရက်စက်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြသည်။ ထိုသို့ အသက်ရှင်ခြင်းက ကောင်းသောအရာတစ်ခု ဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် လူဆိုးဓားပြခေါင်းဆောင် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် တောပုန်းများနှင့် ဓားပြများဖြစ်သည် မဟုတ်လော။ သင်တို့သည် ဆိုးယုတ်သော လူများမဟုတ်သော်လည်း ထိုသို့သော အခြေအနေများ ရှိကြသလော။ သင်သည်လည်း ထိုသို့သောအရာများအားဖြင့် အသက်ရှင်နေထိုင်သည် မဟုတ်လော။ သင်တို့ထဲမှ အချို့သည် တစ်စုံတစ်ဦးနှင့် တွဲဖက်ရပြီး ထိုသူ ငယ်ရွယ်သည်ကို မြင်သည့်အခါ “မည်သည့်အရာကိုမျှ သင် နားမလည်ပါ။ သင့်ကို ငါ အနိုင်ကျင့်၍ရပြီး ထိုအရာနှင့်ပတ်သက်၍ သင် မည်သည့်အရာမျှ မလုပ်နိုင်ပါ။ ငါသည် သင့်ထက် သန်မာပြီး အားသာသည်၊ သင့်ထက် အကောင်ပိုကြီးပြီး ငါ့လက်သီးများက ထိချက်ပိုပြင်းသည်။ ထို့ကြောင့် သင့်ကို ငါ အနိုင်ကျင့်၍ရသည်”ဟု တွေးလေသည်။ ယင်းက မည်သည့်အရာဖြင့် အသက်ရှင်ခြင်း ဖြစ်သနည်း။ လက်သီးဖြင့် အသက်ရှင်ခြင်း ဖြစ်သည်။ ရက်စက်သော သဘောထားဖြင့် အသက်ရှင်ခြင်းနှင့် ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။ မာယာကင်းသောလူတစ်ဦးကို တွေ့သည့်အခါ ၎င်းတို့က အနိုင်ကျင့်ကြပြီး ရှိန်လောက်သော လူတစ်ဦးကို တွေ့သည့်အခါ ပုန်းကြသည်။ အားနည်းသူကို အနိုင်ကျင့်အမြတ်ထုတ်ကြပြီး သန်မာသူကို ကြောက်ကြသည်။ ဆိုးယုတ်သော လူအချို့သည် လူတို့က ၎င်းတို့အား ရှောင်ရှားနေကြသည်ကို မြင်သည့်အခါ ကိုယ်ထီးတည်းဖြစ်မည်ကို ကြောက်ကြသောကြောင့် ပါဝင်ပတ်သက်ပြီး မိတ်ဖွဲ့ရန် မာယာကင်းသည့်၊ အကြောက်ကြီးသော လူအနည်းငယ်ကို ရွေးကြသည်။ ထိုသို့ဖြင့် ၎င်းတို့၏ တန်ခိုးအာဏာကို တိုးစေပြီးနောက်တွင် လူကောင်းများကို ညှဉ်းဆဲရာတွင်၊ သမ္မာတရားလိုက်စားသောလူများကို တိုက်ခိုက်ခြင်းနှင့် ၎င်းတို့ကို မကျေနပ်သည့် သို့မဟုတ် အမိန့်မနာခံသော လူတိုင်းကို ညှဉ်းဆဲခြင်းတွင် ထိုမာယာကင်းသည့်၊ အကြောက်ကြီးသောလူများကို အသုံးပြုကြသည်။ ဤအရာတွင် ဆိုးယုတ်သောလူတစ်ဦးသည် မာယာကင်းသော လူအနည်းငယ်နှင့် မိတ်ဖွဲ့ခြင်း၌ အကြံနှင့် ရည်ရွယ်ချက်ရှိသည်မှာ သိသာထင်ရှားပေသည်။ အကျဉ်းချုပ်အနေဖြင့် သင်သည် သမ္မာတရားကို လက်မခံနိုင်လျှင် သို့မဟုတ် သင်၏ အပြုအမူများနှင့် လုပ်ရပ်များတွင် သင့်အနေဖြင့် မကောင်းမှု ကျူးလွန်နေခြင်း ရှိမရှိ သို့မဟုတ် ကောင်းသောအရာ လုပ်ဆောင်နေခြင်း ရှိမရှိဟူသည်ကို မသုံးသပ်နိုင်လျှင် သင် လူကောင်းတစ်ဦးဖြစ်စေ၊ လူဆိုးတစ်ဦးဖြစ်စေ၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ခဲ့သည်ဖြစ်စေ စစ်မှန်သည့် နောင်တရနိုင်စွမ်း ရှိမည် မဟုတ်ပေ။ သင်သည် ရက်စက်သော စိတ်သဘောထားတစ်ခုရှိသည့် တစ်စုံတစ်ဦး ဖြစ်ကောင်းဖြစ်မည်မဟုတ်။ သင်သည် စာတန်ဆန်သော အတွေးအခေါ်များဖြင့်သာ အသက်ရှင်နေခြင်း ဖြစ်နိုင်သည်။ မကောင်းမှုကို သင် လုပ်ဆောင်ခြင်း မရှိနိုင်သော်လည်း သို့မဟုတ် ကောင်းသော လုပ်ဆောင်ချက်အနည်းငယ် သင် ရှိထားနိုင်သော်လည်း သင်သည် သမ္မာတရားဖြင့် အသက်ရှင်မနေသေးပေ။ သမ္မာတရားနှင့် ဘာမျှ ပတ်သက်ခြင်းမရှိသည့်အရာများဖြင့် သင် အသက်ရှင်နေခြင်း ဖြစ်သည်။ အကျဉ်းချုပ်အနေဖြင့် သင့်ထံတွင် ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထား ရှိသရွေ့ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးသည်ဖြစ်စေ၊ သမ္မာတရားနှင့် လုံးဝ ပတ်သက်ခြင်းမရှိသည့် အရာများဖြင့် သင် အသက်ရှင်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအရာများက လက်ဆုပ်လက်ကိုင်ပြ၍ ရကောင်းရနိုင်သည်၊ သို့မဟုတ် လက်ဆုပ်လက်ကိုင်ပြ၍မရ ဖြစ်နိုင်သည်။ ယင်းတို့ကို သင် သတိပြုမိကောင်းပြုမိနိုင်သည်။ သို့မဟုတ် ယင်းတို့ကို လုံးဝ သတိပြုမိခြင်း မရှိကောင်းမရှိနိုင်ပေ။ ထိုအရာများက အပြင်မှ လာကောင်းလာနိုင်သည် သို့မဟုတ် သင်၏ စိတ်သဘောထားတွင် နက်နက်၊ ခိုင်မာစွာ အမြစ်တွယ်သည့် အရာများ ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ ဤအရာတစ်ခုမျှသည် သမ္မာတရား မဟုတ်ပေ။ အားလုံးက ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကိုယ်တိုင်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့မဟုတ် တိကျစွာပြောရလျှင် ထိုအရာများသည် စာတန်၌ ၎င်းတို့၏ မူလဇာစ်မြစ်များ ရှိကြသည်။ ထို့ကြောင့် လူတို့သည် ဤစာတန်ဆန်သောအရာများဖြင့် အသက်ရှင်ကြသည့်အခါ မည်သည့် လမ်းပေါ်တွင် ၎င်းတို့ အတိအကျ ရှိကြသနည်း။ ဘုရားသခင်၏ လမ်းခရီးကို လိုက်နေကြသလော။ သေချာပေါက်မဟုတ်ပေ။ တစ်စုံတစ်ဦးသည် မိမိ၏ လုပ်ရပ်များနှင့် အပြုအမူများတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ အမှန်အတိုင်းဆိုရလျှင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေကြခြင်း မဟုတ်ပေ။ အပြင်ပန်းတွင် တာဝန်တစ်ခုကို ၎င်းတို့ ထမ်းဆောင်ကောင်း ထမ်းဆောင်နေနိုင်သော်လည်း ယင်းနှင့် တာဝန်ထမ်းဆောင်ခြင်းအတွက် စံနှုန်းတို့ကြား အလှမ်းဝေးမှုတစ်ခုခု ရှိသည်။ အဓိကအနေဖြင့် ထိုအရာသည် ၎င်းတို့၏ ကြံရွယ်ချက်နှင့် အပေးအယူလုပ်ခြင်းတို့ဖြင့် ရောနှောနေပေသည်။ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ကောင်း ထမ်းဆောင်နေနိုင်သော်လည်း သစ္စာစောင့်သိခြင်း သို့မဟုတ် စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ခြင်းမရှိသကဲ့သို့ ထိုသို့ လုပ်ဆောင်ခြင်းက လက်တွေ့ကျသော ရလဒ်များကို သေချာပေါက် မဖြစ်ထွန်းစေပေ။ ဤအရာက ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့သည် သမ္မာတရားနှင့် မပတ်သက်သည့် အရာများစွာကို အမှန်တကယ် လုပ်ဆောင်နေခဲ့ကြသည်ကို သက်သေပြပေသည်။ ထိုအရာများထဲမှ မည်သည့်အရာကမျှ သမ္မာတရား စည်းမျဉ်းများနှင့် မသက်ဆိုင်ပေ။ ထိုအရာများသည် ထိုလူ၏ ကိုယ်ပိုင် စိတ်ကူးများနှင့် နှစ်သက်မှုများအတိုင်း လုပ်ဆောင်ထားသည့် အရာများသာ ဖြစ်သည်။ ထိုသို့ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို အဘယ်သို့ ရရှိနိုင်မည်နည်း။
ဤအခြေအနေများနှင့်ပတ်သက်၍ ယင်းတို့၏ သွင်ပြင်လက္ခဏာများအားလုံးဖြင့် ငါတို့ မိတ်သဟာယပြုနေကြပြီးဖြစ်သည်။ ယခုတွင် မည်သည့်အရာဖြင့် သင်တို့ အသက်ရှင်ကြသည်ကို အကဲဖြတ်နိုင်ကြပြီလော။ သင်တို့၏ တာဝန်ကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ သင်တို့၏ နေ့စဉ်အသက်တာတွင်ဖြစ်စေ အချိန်အများစုတွင် သမ္မာတရားဖြင့် သင်တို့ အသက်ရှင်ကြသလော။ (အသက်မရှင်ကြပါ။) ငါတို့၏ မိတ်သဟာယတွင် ငါသည် သင်တို့၏ ရိုးတွင်းခြင်ဆီထိတိုင် သင်တို့ကို အမြဲ ဖော်ထုတ်နေပြီး အမည်းစက်ထင်သော ဘဝများကို သင်တို့ အသက်ရှင်နေခဲ့ကြသည်ဟု သင်တို့ ခံစားနေရသည်။ သင်၏ ယုံကြည်စိတ်ချမှု သင် ဆုံးရှုံးသွားပြီဖြစ်သည်။ သင်သည် သိပ်စွဲမက်ဖွယ် မကောင်းတော့ပေ။ ပြီးလျှင် သင် ဖွင့်ဟရန် အခက်တွေ့သည့် အရာများစွာရှိသည်။ ကောင်းချီးခံစားရခြင်း သို့မဟုတ် အနာဂတ်တွင် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုဆီသို့ ရောက်လာခြင်းတွင် သင် သိပ်မှန်ကန်သင့်တော်သည်ဟု မခံစားရတော့ပေ။ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ လုပ်ဆောင်ရမည်နည်း။ သင် ဖြစ်ခဲ့သည့်အတိုင်း သင့်ကို ဖော်ထုတ်ရန်မှာ ကောင်းသောအရာတစ်ခု ဖြစ်သလော။ (ကောင်းသောအရာတစ်ခု ဖြစ်ပါသည်။) သို့ဆိုလျှင် သင်၏ ရိုးတွင်းခြင်ဆီထိတိုင် သင့်ကို ဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့ အသက်ရှိနေကြသည့် အခြေအနေမျိုးများ၊ မည်သည့် အခြေအနေများတွင် ၎င်းတို့ အသက်ရှင်နေသည်ဟူသည်တို့အပေါ် ရှင်းလင်းသော အသိရှိရမည်။ ၎င်းတို့ လျှောက်လှမ်းနေသည်မှာ မည်သည့်လမ်းဖြစ်သည်၊ ၎င်းတို့၏ အသက်ရှင်နေထိုင်သည့်ပုံစံက မည်သည့်အရာဖြစ်သည်၊ ၎င်းတို့တွင် မည်သည့် မူမမှန်သော အပြုအမူများရှိကြသည်၊ မည်သည့် သင့်တင့်လျောက်ပတ်မှုမရှိသော အရာများကို ၎င်းတို့ လုပ်ဆောင်မိသည်၊ ၎င်းတို့ အသက်ရှင်သည့်အတိုင်း အသက်ရှင်ရင်း၊ သမ္မာတရားကို ရရှိနိုင်ပြီး ဘုရားသခင်ရှေ့သို့ လာနိုင်ကြခြင်း ရှိမရှိဟူသည်တို့ကို သိသည့် ရှင်းလင်းသော အသိရှိရမည်။ ဤသည်တို့မှာ အရေးအကြီးဆုံးသော အရာများဖြစ်သည်။ သင်က “ကျွန်ုပ် အသက်ရှင်ပုံနှင့်ပတ်သက်၍ ရှင်းလင်းသော အသိစိတ် ကျွန်ုပ်တွင်ရှိပါသည်။ ထိုအရာနှင့်ပတ်သက်၍ ကျွန်ုပ် နေမထိထိုင်မထိ မဖြစ် သို့မဟုတ် ဝမ်းမနည်းဖူးသကဲ့သို့ အနှစ်မဲ့မခံစားခဲ့ရဖူးပါ”ဟု ပြောကောင်းပြောနိုင်သည်။ သို့သော် ယင်းမှ မည်သည့်အရာ ဖြစ်လာသနည်း။ ဘုရားသခင်၏ မကျေမနပ်ဖြစ်ခြင်း ဖြစ်သည်။ သင်သည် သူ၏ လမ်းခရီးကို လိုက်လျှောက်နေခြင်း မရှိပေ။ သင် ရှိနေသည့် လမ်းသည် လူ့ဘဝ၏ မှန်ကန်သော လမ်းမဟုတ်၊ သင့်အတွက် ဘုရားသခင် ညွှန်ပြသော လမ်းမဟုတ်ပေ။ ထိုအစား သင်၏ ဖြစ်လိုသောဆန္ဒဖြင့် သင်၏ စိတ်ကူးများနှင့်အတူ သင် ရှာတွေ့ခဲ့သည့် လမ်းတစ်လျှောက် သင် သွားနေသည်။ သင်သည် ကျေနပ်အားရစွာ ပျားပန်းခပ်မျှ လှုပ်ရှားနေပြီး များစွာ အလုပ်များနေသော်လည်း အဆုံးတွင် သင်၏ ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင့်ကို ထိခိုက်စေပြီး ပျက်စီးခြင်းသို့ ပို့မည့်အရာမှာ သင်၏ ကြံရွယ်ချက်များနှင့် လိုအင်ဆန္ဒများအပြင် သင် လျှောက်သည့်လမ်းတို့ ဖြစ်လိမ့်မည်။ သင်၏ ဘုရားသခင်ကို ယုံကြည်မှုသည် အရေးနိမ့်ဖို့ သေချာသည်။ မိမိ၏ ဘုရားသခင်ကို ယုံကြည်မှု ဆုံးရှုံးမည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (၎င်းတို့တွင် ရလဒ်ရှိလိမ့်မည် မဟုတ်သည့်အကြောင်း ဖြစ်ပါသည်။) ယခု ထိုအရာကိုကြည့်ရမည်ဆိုလျှင် ထိုအရာသည် သမ္မာတရားကို သင် မရရှိခြင်း၏ အကျိုးဆက်တစ်ခု ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ကို နှစ်ချီ ယုံကြည်ပြီး ဖြစ်လိမ့်မည်ဖြစ်သော်လည်း သမ္မာတရား ရရှိခြင်းကို အာရုံစိုက်ခြင်းမရှိဘဲ ဖြစ်သောကြောင့် အကြောင်းရင်းတစ်ခုပြီးတစ်ခုအတွက် သင် ဖော်ထုတ်ခံရကာ ဖယ်ရှားရှင်းလင်းခံရမည့် နေ့ရောက်လာလိမ့်မည်။ ထိုအချိန်တွင် နောင်တအတွက် အလွန်နောက်ကျသွားလိမ့်မည်။ သင်က “ဤသည်မှာ ကျွန်ုပ်အတွက် ယုတ္တိတန်သော အသက်ရှင်နည်းတစ်ခုဖြစ်သည်။ ဤသို့ အသက်ရှင်ရသည်ကို ကျွန်ုပ် ယုံကြည်စိတ်ချမှုရှိပြီး စိတ်နှလုံးတွင် အတော်လေး ပြည့်ဝပြီး ကြွယ်ဝသည်”ဟု ပြောသည်။ သို့ဆိုလျှင် ယင်းက အထောက်အကူဖြစ်လိမ့်မည်လော။ ဘုရားသခင်ကို ယုံကြည်လက်ခံခြင်း လမ်းကြောင်းတွင် သင်လျှောက်သည့်ပုံစံနှင့် သင်အသက်ရှင်နေထိုင်သည့် ပုံစံတို့၏ မှန်ကန်ခြင်းနှင့် သင် အသက်ရှင်နေထိုင်သည့် အရာများက မှန်ကန်ခြင်း ရှိမရှိတို့သည် ရလဒ်များပေါ်တွင် မူတည်သည်။ ဆိုလိုသည်မှာ ယင်းတို့သည် သင့်အနေဖြင့် အဆုံး၌ သမ္မာတရားကို ရခြင်း ရှိမရှိ၊ သင်၌ စစ်မှန်သော သက်သေခံချက် ရှိမရှိ၊ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်း ရှိမရှိနှင့် တန်ဖိုးရှိသော အသက်တာတွင် သင်အသက်ရှင်နေထိုင်ပြီးခြင်း ရှိမရှိတို့ပေါ်တွင် မူတည်လေသည်။ ဤရလဒ်များအားလုံးကို သင် စွမ်းဆောင်ရရှိပြီးဖြစ်လျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသူတို့နှင့်ဆိုင်သည့် ချီးကျူးခြင်းတို့ကို သင် ကြုံရလိမ့်မည်ဖြစ်သည်။ ယင်းက သင်သည် မှန်သည့်လမ်းပေါ်ရှိသည်ကို သက်သေပြပေသည်။ ထိုအပြုသဘောဆောင်သော ရလဒ်များကို သင် စွမ်းဆောင်ရရှိခြင်း မရှိသေးဘဲ မည်သည့် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မျှ မရှိသကဲ့သို့ သင်၏ အသက်စိတ်သဘောထားတွင် မည်သည့် အပြောင်းအလဲမျှ မရှိလျှင် ယင်းမှာ သင်သည် မှန်သည့်လမ်းပေါ်တွင် မရှိသည်ကို သက်သေပြသည်။ ထိုသို့ပြောသည့်အခါ ဤသည်မှာ နားလည်ရန် လွယ်သလော။ အကျဉ်းချုပ်ပြောရလျှင် သင် မည်သို့ အသက်ရှင်သည်ဖြစ်စေ၊ ဘဝတွင် သင် မည်မျှ ပြည့်စုံကုံလုံနိုင်သည်ဖြစ်စေ၊ ပြီးလျှင် အခြားသူများထံမှ မည်သည့် အသိအမှတ်ပြုခြင်းကို သင် ရရှိနိုင်သည်ဖြစ်စေ ယင်းမှာ ကိစ္စရပ်၏ အခရာ မဟုတ်။ သင်က “ကျွန်ုပ် အသက်ရှင်ပြီး ကျင့်ကြံပုံတွင် မွေ့လျော်စရာ များစွာရှိသည်။ ကျွန်ုပ်တွင် ကောင်းမွန်သည့် သုခ၊ ဂုဏ်ပြုခံရခြင်းနှင့်ဆိုင်သည့် ကောင်းမွန်သော ခံစားချက်တစ်ခု ရှိပြီး ထောက်ခံခြင်း ရှိသည်”ဟု ပြောသည်။ သင်သည် မိမိကိုယ်ကို လှည့်စားနေခြင်း မဟုတ်လော။ တစ်စုံတစ်ဦးက သင့်ကို “ရိုးသားသောလူတစ်ဦးဖြစ်ခြင်းကို သင် လက်တွေ့လုပ်ဆောင်ပြီးပြီလော။ ထိုလက်တွေ့လုပ်ဆောင်မှုတွင် မည်သည့်အရာသည် သင့်အတွက် စိန်ခေါ်မှုဖြစ်သနည်း။ မည်သည့် အခြေအနေများက သင့်ကို ရိုးသားသောလူတစ်ဦးဖြစ်ဖို့ အခက်တွေ့စေသနည်း။ ထိုအရာကို သင် တွေ့ကြုံပြီးဖြစ်လျှင် ထိုအကြောင်းကို အနည်းငယ် ပြောပါလော့။ သင့်တွင် ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် သက်သေခံချက် ရှိသလော။ ဘုရားသခင်ကို ချစ်ခြင်းနှင့် ကျိုးနွံနာခံခြင်း အတွေ့အကြုံ သင့်တွင် ရှိသလော။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်ခံပြီးနောက်တွင် သင်၏ စိတ်သဘောထား ပြောင်းလဲသည့် အတွေ့အကြုံ သင်၌ ရှိသလော။ ဘဝ၌ သင်၏ ကြီးထွားမှု လမ်းကြောင်းတစ်လျှောက်တွင် သင့်ဘဝကို စဉ်ဆက်မပြတ် ပြောင်းလဲစေပြီး ဘုရားသခင်က သင့်ကို ပြည့်မီရန် တောင်းဆိုသည့် သူ သင့်အတွက် ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင်နှင့် စဉ်ဆက်မပြတ် တိုး၍ နီးစေသော မည်သည့် အထူးတလည်ဖြစ်သည့် အမှုအရာများကို သင် တွေ့ကြုံပြီးပြီနည်း။” ဤအရာများအတွက် ရှင်းလင်းသည့် အဖြေများ မရှိလျှင်၊ သင် မသိလျှင် ထိုအရာက သင်သည် မှန်ကန်သည့်လမ်းပေါ်တွင် မရှိသည်ကို သက်သေပြပေသည်။ ယင်းမှာ အလွန်သိသာ၏။
အထက်က မိတ်သဟာယ စကားများသည် ရိုးရှင်းသော ပြောဆိုချက်များသာ ဖြစ်သည်။ အသေးစိတ် ဖော်ပြရှင်းလင်းခြင်း မလိုအပ်သည့် အရေးမပါသော အချက်အချို့ ရှိသည်။ ဥပမာအနေဖြင့် လူတို့က မိမိတို့၏ ဇွဲလုံ့လဖြင့်၊ သို့မဟုတ် မိမိတို့၏ စိတ်နှလုံး ကြင်နာမှုဖြင့် သို့မဟုတ် မိမိတို့၏ ဆင်းရဲဒုက္ခခံလိုစိတ်ဖြင့် သို့မဟုတ် မိမိတို့၏ အယူအဆများ၊ စိတ်ကူးများ စသည်တို့ဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းဖြစ်သည်။ ဤအရာများထဲမှ တစ်ခုမျှသည် သမ္မာတရားအားဖြင့် အသက်ရှင်သန်ခြင်း မဟုတ်ချေ။ ထိုအရာများအားလုံးသည် လူတို့က မိမိတို့၏ ဖြစ်လိုသောဆန္ဒ၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မိမိတို့၏ လူသား ကောင်းမြတ်မှုနှင့် စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြသည့် ဖြစ်ရပ်များ ဖြစ်သည်။ ဤအရာအားလုံးက လူ၏ ဦးနှောက်မှလာပြီး နောက်ထပ်ပြောရလျှင် စာတန်ထံမှ လာသည်။ ဤအရာများဖြင့် အသက်ရှင်ခြင်းက ဘုရားသခင်ကို အမှန်တကယ် မကျေနပ်စေနိုင်ပေ။ ထိုအရာများက မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ထိုအရာများကို သူ အလိုမရှိပေ။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ဤအရာများဖြင့် အသက်ရှင်ခြင်းက စာတန်၏ အတွေးအခေါ်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို စော်ကားခြင်းတစ်ခု ဖြစ်သည်။ စစ်မှန်သည့် သက်သေခံချက်မဟုတ်ပေ။ သင်က “ဤလုပ်ရပ်များသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသည့် သနားကြင်နာခြင်းသာဖြစ်သည်ကို ကျွန်ုပ် သိပါသည်။ ယင်းမှာ ကျွန်ုပ် လက်တွေ့လုပ်ဆောင်သင့်ပုံ မဟုတ်ပါ”ဟု ထိုသို့ ပြုမူဆောင်ရွက်ခြင်းက မှားသည်ဟု ခံစားလျက်၊ ပင်ကိုအားဖြင့် ထိုအရာအပေါ် စစ်မှန်သော သိနားလည်မှုဖြင့် ပြောမည်ဆိုလျှင် သင့်ထံတွင် အသိပညာရှိပေမည်။ သင်၏ ရှုထောင့်အမြင် ပြောင်းလဲသွားပေမည်။ ယင်းမှာ ဘုရားသခင် အလိုရှိသည့် ရလဒ်ဖြစ်သည်။ သင်၏ လွဲချော်မှုများက မည်သည့်နေရာတွင် တည်ရှိသည်ကို သင် သိရမည်။ သင်၏ ရှုထောင့်အမြင်ကို ပြောင်းပြီး သင်၏ အယူအဆများကို လက်လွှတ်ကာ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိနားလည်လာလော့။ သင် သိနားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုဦးတည်ချက်ဖြင့် ဖြည်းဖြည်းနှင့် မှန်မှန် လက်တွေ့လုပ်ဆောင်ကာ မှန်ကန်သော လမ်းကြောင်းပေါ် တက်လော့။ ယင်းမှာ သင့်ကို ဘုရားသခင် ပေးထားသည့် ရည်မှန်းချက်ပန်းတိုင် စွမ်းဆောင်ရရှိဖို့ သင်၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ သင်သည် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းတစ်လျှောက် လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သော်လည်း “ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်နေသည့်အရာဖြစ်သည်။ ကျွန်ုပ် ပျင်းရိနေသည့်အလား မဟုတ်ပါ။ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်နေပြီးဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်မှာ သေချာပြီး ကျွန်ုပ်၏ ဖန်ဆင်းရှင်ကို အသိအမှတ်ပြုပါသည်”ဟု ပြောလျှင် ယင်းသည် အထောက်အကူဖြစ်မည်လော။ အထောက်အကူဖြစ်မည်မဟုတ်။ သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်း၊ နှလုံးခိုင်မာနေခြင်း ဖြစ်သည်။ ယခုအချိန်သည် ဘဝတွင် လမ်းတစ်ခု ရွေးချယ်ရမည့်အချိန်ဖြစ်သည်။ အရေးပါလှသည်မှာ ဘုရားသခင်က သင့်ကို လျှောက်ရန် တောင်းဆိုသည့် လမ်းကို လျှောက်လှမ်းဖို့ သင် လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ပထမဆုံးအနေဖြင့် လူသား အယူအဆများနှင့် စိတ်ကူးများကို အမှီမပြုနှင့်။ ဒုတိယအနေဖြင့် လူသား ပြင်းပြသောဆန္ဒများကို အမှီမပြုနှင့်။ တတိယအနေဖြင့် လူသား နှစ်သက်မှုများကို အမှီမပြုနှင့်။ စတုတ္ထအနေဖြင့် လူသား စိတ်ခံစားမှုကို အမှီမပြုနှင့်။ သာ၍ အရေးကြီးသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှီမပြုနှင့်။ ဤအရာများကို ဖယ်ရှားရန် သင် မနှောင့်နှေးရ။ ဘုရားသခင်အတွက် သင့်ထံတွင် မည်သည့် အရင်းအနှီးရှိသည်ဖြစ်စေ၊ ထိုအရာအားလုံးသည် စစ်မှန်မှုနှင့် မည်သို့မျှ နီးစပ်ခြင်းမရှိသည့် အသုံးမကျသောအရာ၊ အပေါစား ဗြုတ်စဗျင်းတောင်းသာ ဖြစ်သည်။ သင့်အနေဖြင့် ထိုအရာများကို တစ်ခုချင်း လွှင့်ပစ်ရမည်ဖြစ်ပြီး အားလုံးကို လက်လွှတ်ရမည်ဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် မှီခိုခြင်းအားဖြင့် ရရှိသည့်အရာသည်သာ တန်ဖိုးရှိပြီး လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သော စံနှုန်းများနှင့် ကိုက်ညီသည်ကို သင် ပိုပိုပြီး နားလည်လိမ့်မည်။ လူထံမှလာသမျှသည် အသုံးမကျပေ၊ ထိုအရာကို သင် မည်မျှ လေ့လာသင်ယူသည်ဖြစ်စေ အဆုံးတွင် အချည်းနှီး ဖြစ်သည်။ အပေါစား ဗြုတ်စဗျင်းတောင်း၊ အမှိုက်သာဖြစ်သည်။ လူ့အပေါ် ဘုရားသခင် ပေးသနားသည့် သမ္မာတရားသည်သာ ရတနာနှင့် အသက်ဖြစ်သည်။ ထာဝရ တန်ဖိုးရှိသည်။ သင်သည် “ငါ၏ ကျွမ်းကျင်မှုများကို ဆည်းပူးရရှိရန် နှစ်ချီအားသွန်ခွန်စိုက် ကြိုးစားလေ့လာမှု လိုအပ်ခဲ့သည်။ ငါ၏ မိဘများက ငါ့ကိုယ်စား အင်မတန် အားထုတ်ခဲ့ကြပြီး ငွေများစွာ ကုန်ခဲ့ကြကာ သွေး၊ ချွေး၊ မျက်ရည်များဖြင့် ထိုမျှ အဖိုးအခပေးခဲ့ကြသည်။ ငါက ယင်းကို ထိုသို့ အဘယ်သို့ စိစစ်ပြီး ရှုတ်ချနိုင်မည်နည်း။ ဤသည်မှာ ကြီးမားသည့် ကိစ္စတစ်ခု၊ သေရေး ရှင်ရေး ကိစ္စတစ်ခု ဖြစ်သည်။ ထိုအရာများမရှိဘဲ ငါ အဘယ်အရာဖြင့် အသက်ရှင်ရမည်နည်း”ဟု တွေးလျက် သင့်ကိုယ်ပိုင် အမှုအရာများကို အမြဲ ထိန်းသိမ်းနေသည်။ သင် မိုက်မဲလိုက်လေခြင်းပါတကား။ ထိုအရာများဖြင့် အသက်ရှင်လော့၊ ပြီးလျှင် သင်သည် ငရဲသို့ ဦးတည်နေပေသည်။ ဘုရားနှုတ်ကပတ်တော်များဖြင့် သင် အသက်ရှင်ရမည်။ သင်၏ အသက်ရှင်နေထိုင်ပုံကို ပြောင်းလဲလော့။ ဘုရားနှုတ်ကပတ်တော်များကို ဝင်ခွင့်ပေးကာ သင်၏ ထိုအိုဟောင်းသောအရာများကို သန့်ရှင်းစေလော့။ ယင်းတို့ကို သင် စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိရမည်၊ အဖွဲ့က ချင့်ချိန်နိုင်စွမ်း ရရှိနိုင်ရန်အလို့ငှာ ယင်းတို့ကို ဖွင့်ဟကာ လူအားလုံးမြင်ဖို့ ပြရမည်။ မသိလိုက်ဘဲနှင့် ထိုအရာများကို သင် မုန်းတီးစက်ဆုပ်လာလိမ့်မည်၊ တစ်ချိန်က ချစ်ခဲ့သည့်အရာများကို စက်ဆုပ်မုန်းတီးလာလိမ့်မည်၊ တစ်ချိန်က ရှင်သန်ရန် သင် အမှီပြုခဲ့သည့်အရာများကို စက်ဆုပ်မုန်းတီးလာလိမ့်မည်၊ သင်၏ အသက်အဖြစ်လည်းကောင်း၊ သင် တန်ဖိုးအထားဆုံးသော အရာများအဖြစ်လည်းကောင်း သင် တစ်ချိန်က ယုံကြည်ခဲ့သည့်အရာများကို စက်ဆုပ်မုန်းတီးလာလိမ့်မည်။ ယင်းမှာ သင်ကိုယ်တိုင်မှ ထိုအရာများကို သီးခြားထားပြီး လုံးဝ ဖယ်ရှားပစ်ရန် နည်းလမ်းဖြစ်သည်၊ သမ္မာတရားကို စစ်မှန်သည့် သိနားလည်မှုရှိရန်နှင့် သမ္မာတရား လက်တွေ့လုပ်ဆောင်မှု လမ်းပေါ်သို့ရောက်ရန် နည်းလမ်းဖြစ်သည်။ ဤသည်မှာ ခက်ခဲရှုပ်ထွေးပြီး ခက်ခဲသော ဖြစ်စဉ်တစ်ခုဖြစ်ကာ နာကျင်စရာ ဖြစ်စဉ်တစ်ခု ဖြစ်သည်မှာလည်း အမှန်ဖြစ်၏။ သို့သော် လူက ကြုံရမည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ မကြုံခြင်းက အဆင်ပြေမည်မဟုတ်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းသည် ရောဂါကို ကုသခြင်းနှင့် တူသည်။ သင့်တွင် အကျိတ်တစ်ခုရှိလျှင် ထိုအကျိတ်ကို ကိုင်တွယ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ခွဲစိတ်စားပွဲပေါ်တွင် ဖြစ်သည်။ ထိုစားပွဲပေါ်သို့ သင် တက်ပြီး အကျိတ်ကို စိတ်ဖြာလေ့လာကာ ဖယ်ရှားမည့် ဓားကို ကျိုးနွံနာခံခြင်းမရှိလျှင် သင်၏ ရောဂါက ပျောက်ကင်းလိမ့်မည် မဟုတ်သကဲ့သို့ သင် သက်သာမည် မဟုတ်ပေ။
လူများစွာက “ဘုရားသခင် ပြောသည့် မည်သည့်အရာကိုမဆို သူတို့ လိုက်လျှောက်ကြသည်။ ရိုးသားသော လူတစ်ဦးဖြစ်ရန် သူက ပြောပြီး သူတို့က တကယ်လုပ်ဆောင်ကြသည်။ မှားသည့် စကားတစ်ခွန်းမျှမရှိဘဲ အမှန်တရားကို သူတို့ ပြောကြသည်။ သူတို့က လူနုံလူအများဖြစ်သည် မဟုတ်လော။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်နိုင်သော်လည်း သင့်အတွက် မည်သည့် ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုမျှ မဖြစ်သရွေ့သာ ဖြစ်သည်။ သင် စကားကုန်ပြော၍ မရပါ။ ခံစားချက်ကို အမှန်အတိုင်း ဖွင့်ပြောရန်မှာ မိုက်မဲမှုဖြစ်သည် မဟုတ်လော”ဟု တွေးလျက် ရိုးသားသောလူများကို လူနုံလူအများအဖြစ် သဘောထားကြသည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက မိုက်မဲမှုဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဟုတ်ပါသလော။ ထိုသို့သော လူတစ်ဦးသည် အားလုံးထဲတွင် အတော်ဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူက “ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက သမ္မာတရားဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် လူတို့ ရိုးသားသင့်ကြသည်။ ထို့ကြောင့် ဘုရားသခင် ပြောသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ဆောင်သည်။ ကျွန်ုပ်ကို သူ သွားစေသည်အထိမှာ ကျွန်ုပ် မည်မျှသွားမည်ဟူသည့်အရာဖြစ်သည်။ ဘုရားသခင်က ကျိုးနွံနာခံရန် ကျွန်ုပ်ကို တောင်းဆိုသောကြောင့် ကျွန်ုပ် ကျိုးနွံနာခံပြီး ဆက်လက် အစဉ်ထာဝရ ကျိုးနွံနာခံမည်ဖြစ်သည်။ ကျွန်ုပ် မိုက်မဲသည်ဟု တစ်စုံတစ်ဦး ပြောသလောဟူသည်ကို ကျွန်ုပ် ဂရုမစိုက်ပါ။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းက ကျွန်ုပ်အတွက် လုံလောက်သည်”ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အားလုံးထဲတွင် အတော်ဆုံး ဖြစ်သည် မဟုတ်လော။ မည်သည့်အရာက အရေးကြီးပြီး မည်သည့်အရာက အရေးမကြီးသည်ကို သူက မှန်ကန်တိကျစွာ မြင်လေပြီ။ “အရာခပ်သိမ်းတွင် ကျိုးနွံနာခံခြင်းသည် မိုက်မဲမည်မဟုတ်လော။ ယင်းကို လုပ်ဆောင်ရန်မှာ လုပ်ပိုင်ခွင့် ကင်းမဲ့ခြင်း ဖြစ်သည် မဟုတ်လော။ တစ်စုံတစ်ဦးသည် မိမိကိုယ်ကိုပင် မပိုင်လျှင် ဂုဏ်သိက္ခာရှိသလော။ ဧကန်မုချပင် ကျွန်ုပ်တို့သည် မိမိအတွက် ဂုဏ်သိက္ခာအနည်းငယ် ထိန်းသိမ်းပိုင်ခွင့် ရှိကြသည် မဟုတ်ဘူးလော။ လုံးဝ ကျွန်ုပ်တို့ ကျိုးနွံနာခံနိုင်ခြင်း မရှိပါ၊ ဟုတ်ပါသလော”ဟု တွေးသည့် ကွယ်ဝှက်ထားသည့် အစီအစဉ်များ ရှိကြသည့် လူအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် ပြင်းပြင်းထန်ထန် ဆုတ်ယုတ်သည့်နည်းလမ်းတစ်ခုဖြင့် ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ကြသည်။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း စံနှုန်းများအထိ တိုးတက်နိုင်သလော။ မတိုးတက်နိုင်ပါ။ အလွန် စံမီခြင်းမရှိပေ။ သင်သည် စည်းမျဉ်းများအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည့်အစား သမ္မာတရားဆီသို့ဖြစ်စေ၊ စာတန်ဆီသို့ဖြစ်စေ ဦးတည်ရာပြောင်းခြင်း မရှိဘဲ အလယ်လမ်းကို လိုက်မြဲလိုက်သည့် အပေးအယူလုပ်သော နည်းလမ်းကို အမြဲ ရွေးချယ်လျှင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလော။ ဤသည်မှာ စာတန်၏ အတွေးအခေါ်ဖြစ်သည်၊ ဘုရားသခင် အစက်ဆုပ်ဆုံးသော အရာဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားအပေါ် လူ၏ ဤသဘောထားကို စက်ဆုပ်မုန်းတီးသည်။ လူတို့က သမ္မာတရားနှင့် သူ၏ နှုတ်ကပတ်တော်ကို အမြဲ သံသယရှိသည်ကိုလည်းကောင်း၊ သူ၏ နှုတ်ကပတ်တော်များကို အမြဲ မယုံကြည်ကြသည်ကိုလည်းကောင်း၊ သို့မဟုတ် ခွဲခြားဆက်ဆံသော၊ အထင်သေးသော၊ အဆင်ခြင်ကင်းမဲ့သော သဘောထားတစ်ခုကို အမြဲ ခံယူနေကြသည်ကို ဘုရားသခင် စက်ဆုပ်မုန်းတီးသည်။ ဘုရားသခင်အပေါ် လူက သံသယထားလျက်၊ မယုံကြည်ဘဲနေလျက်၊ မေးခွန်းထုတ်လျက်၊ ပိုင်းခြားစိတ်ဖြာပြီး အထင်လွဲလျက်၊ သူ့ကို အမြဲ လေ့လာပြီး သင်၏ စိတ်ဖြင့် သူ့ကို ချိန်ဆရန် ကြိုးစားလျက် ဤသဘောထား ခံယူသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်လိမ့်မည်။ ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်သည်နှင့်တစ်ပြိုင်နက် သင် သမ္မာတရား ရရှိနိုင်သေးသလော။ “ရရှိနိုင်သည်။ နေ့စဉ် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်သည်။ တစ်ချိန်လုံး စုဝေးပွဲတွင် ကျွန်ုပ်ရှိပြီး အပတ်တိုင်း တရားဒေသနာများ နားထောင်ကာ ယင်းတို့ကို အချိန်ယူစဉ်းစားပြီး ထို့နောက်တွင် မှတ်စုများ ယူသည်။ ဓမ္မတေးသီချင်းများကို သီဆိုပြီး ဆုလည်းတောင်းသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်ထဲတွင် အမှုပြုနေသည်ဟု ကျွန်ုပ် ထင်သည်”ဟု သင် ပြောသည်။ ယင်းသည် အလုပ်ဖြစ်လိမ့်မည်လော။ ဘုရားသခင်ကို ထိုသို့ ယုံကြည်မှုနည်းလမ်းများသည် အဆင်ပြေသော်လည်း အလွန်အရေးပါသည့်အရာ မဟုတ်ပေ။ အလွန်အရေးပါသောအရာမှာ သင်သည် မှန်ကန်သည့် လူစားမျိုးဖြစ်ကာ သင်၏ စိတ်နှလုံးက မှန်ကန်ခြင်း ဖြစ်သည်။ ထိုအခါတွင်မှ ဘုရားသခင်သည် သူ၏ မျက်နှာကို သင့်ထံမှ ကွယ်ဝှက်လိမ့်မည် မဟုတ်။ သင့်ထံမှ သူ၏ မျက်နှာကို ဘုရားသခင် ကွယ်ဝှက်ခြင်းမရှိဘဲ တစ်ချိန်လုံး သင့်ကို ဉာဏ်အလင်းပေးကာ လမ်းပြနေပြီး အရာခပ်သိမ်းတွင် သူ၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားကို သင့်အား နားလည်စေလျက် ထိုသို့ဖြင့် နောက်ဆုံးတွင် သမ္မာတရားကို သင် ရရှိလျှင် သင် ကြီးမားစွာ ကောင်းကြီးခံစားရလိမ့်မည် ဖြစ်သည်။ သို့ရာတွင် သင်၏ စိတ်နှလုံး မမှန်ကန်ဘဲ ဘုရားသခင်ကို အမြဲ သံသယထားနေလျှင်၊ သူ့ကို ဆန့်ကျင်ခုခံတတ်လျှင်၊ သင်၏ သေးနုပ်သော လိမ္မာပါးနပ်မှုနှင့် အယူအဆများဖြင့် သို့မဟုတ် သင်၏ သင်ယူလေ့လာမှုနှင့် စာတန်ဆန်သော အတွေးအခေါ်များဖြင့် သူ့ကို အမြဲ စစ်ဆေးပြီး အထင်လွဲနေလျှင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ လူအချို့သည် ဘုရားသခင်အပေါ် ခုခံတတ်ခြင်း၊ စစ်ဆေးခြင်း၊ သံသယထားခြင်းနှင့် အထင်လွဲခြင်းတို့ကို ကျော်လွန်ကာ သူ့ကို အတိုက်အခံလုပ်ခြင်းနှင့် သူနှင့် ပြိုင်ဆိုင်သည်အထိပင် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် စာတန်များ ဖြစ်လာကြပြီဖြစ်သည်။ ၎င်းတို့သည် ဒုက္ခ သာ၍ရောက်ပေသည်။ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်နှင့် ရိုးရှင်းသော အယူဝါဒများကို သိနားလည်ခြင်းမျှဖြင့် သမ္မာတရားကို သင် နားလည်မည်မဟုတ်ပေ။ သမ္မာတရားကို သိနားလည်ခြင်းသည် ရိုးရှင်းသည့် ကိစ္စ မဟုတ်။ လူအချို့သည် ဤမှားယွင်းသော အယူအဆအောက်တွင် ကြိုးပမ်းကြပြီး ထိုသမ္မာတရားကို ၎င်းတို့ထံ အဖန်ဖန် အသားပေးပြောဆိုပြီးဖြစ်သည့်နောက်တွင်ပင် နားလည်လာခြင်း မရှိကြပေ။ ၎င်းတို့က “နေ့စဉ် ဘုရားနှုတ်ကပတ်တော်များကို ငါ ဖတ်ရှုပြီး တရားဒေသနာများနှင့် မိတ်သဟာယကို ငါ နားထောင်ကာ တစ်နှစ်ပြီးတစ်နှစ် ငါ၏ တာဝန်ကို ထမ်းဆောင်သည်။ ငါသည် စိုက်ကွင်းတစ်ခုတွင်ရှိသည့် မျိုးစေ့တစ်စေ့ကဲ့သို့ ဖြစ်သည်။ သင် ရေမလောင်း၊ မြေဩဇာမကျွေးလျှင်ပင် ထိုမျိုးစေ့က မိုးရေဖြင့် သူ့ဘာသာ တဖြည်းဖြည်း ကြီးထွားကာ ဆောင်းဦးရာသီတွင် အသီးသီးလိမ့်မည်ဖြစ်သည်”ဟု တွေးကြလေသည်။ ယင်းမှာ ထိုအရာ အလုပ်လုပ်သည့်ပုံစံ မဟုတ်ပေ။ အလွန်အရေးပါသည်မှာ လူ၏ ပူးပေါင်းဆောင်ရွက်တတ်သော အပိုင်း၊ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်သောပုံစံ၊ ၎င်းတို့၏ နှလုံးသားနှင့် သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားတို့ ဖြစ်သည်။ ဤသည်တို့မှာ မရှိမဖြစ် အရေးကြီးသော အရာများဖြစ်သည်။ ဤအရာများသည်လည်း လူတစ်ဦး အသက်ရှင်သည့်အရာများနှင့် ဆက်စပ်သည် မဟုတ်လော။ (ဆက်စပ်ပါသည်။) သင်သည် လူသား နှစ်သက်မှုများနှင့် စာတန်ဆန်သော အတွေးအခေါ်များဖြင့် အမြဲ အသက်ရှင်နေလျှင် ဘုရားသခင်ကို သင် အမြဲ သတိထားရှောင်နေပြီး သူ၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောမထားလျှင် ဘုရားသခင်သည် သင့်ကို ဂရုစိုက်တော့မည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ဂရုမစိုက်သည့်အခါတွင် မည်သည့်အရာကို သင် ရရှိနိုင်လိမ့်မည်နည်း။ ဖန်ဆင်းရှင်က သင့်ကို လျစ်လျူရှုလျှင် သင်သည် သူ၏ ဖန်ဆင်းခံ မဟုတ်တော့ပေ။ သူသည် သင့်ကို နတ်ဆိုးတစ်ကောင်အဖြစ်၊ စာတန်အဖြစ် မှတ်ယူလျှင် ဘုရားသခင် ရှေ့မှောက်သို့ သင် လာနိုင်လိမ့်ဦးမည်လော။ သင်သည် သူ၏ ကယ်တင်ခြင်း ခံရမည့်သူတစ်ဦး ဖြစ်လိမ့်ဦးမည်လော။ ကယ်တင်ခံရမည့် မျှော်လင့်ချက် ရှိလိမ့်ဦးမည်လော။ ယင်းသည် ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သင်၏ နေအိမ်ရှိဘဝက မည်သည့်အရာနှင့်တူသည်ဖြစ်စေ၊ သင့်တွင် မည်သည့် အစွမ်းအစမျိုး ရှိသည်ဖြစ်စေ၊ သင်၏ ဆုကျေးဇူးများက မည်မျှ ကြီးမားသည်ဖြစ်စေ အရေးမကြီးသကဲ့သို့ အသင်းတော်တွင် မည်သည့်အလုပ် သင် လုပ်သည်၊ မည်သည့်တာဝန် သင်ထမ်းဆောင်သည်၊ သင်၏ အခန်းကဏ္ဍက မည်သည့်အရာဖြစ်သည်ဟူသည်တို့မှာလည်း အရေးမကြီးပေ။ အတိတ်တွင် မည်သည့် အပြစ်မျိုး သင် ပြုမိခဲ့သည်၊ လတ်တလောတွင် မည်သည့် အခြေအနေမျိုး၌ သင် ရှိသည် သို့မဟုတ် အသက်တာတွင် သင် ကြီးထွားပြီးဖြစ်သည့် အတိုင်းအတာ သို့မဟုတ် သင်၏ ဝိညာဉ်ရင့်ကျက်မှုက မည်မျှ ကြီးမားသည်ဟူသည်မှာ အရေးမကြီးပေ။ ဤအရာတစ်ခုမျှသည် အရေးအကြီးဆုံး မဟုတ်ပေ။ အရေးအကြီးဆုံးသော အရာမှာ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက အဘယ်သို့ဖြစ်သည်၊ သူ့ကို သင် စဉ်ဆက်မပြတ် သံသယထားကာ အထင်လွဲနေခြင်း ရှိမရှိ သို့မဟုတ် သူ့ကို အမြဲ လေ့လာနေခြင်း ရှိမရှိ၊ သင်၏ စိတ်နှလုံးကို မှန်အောင်ပြုပြင်ခြင်းရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤအရာများသည် အလွန်အရေးပါသည့်အရာများဖြစ်သည်။ ဤအလွန်အရေးပါသည့် အရာများကို လူတို့က အဘယ်သို့ သိနိုင်သနည်း။ ထိုအရာကို လုပ်ဆောင်ရန် ၎င်းတို့သည် ဘာသာတရားမရှိသူများ လုပ်ဆောင်သကဲ့သို့ ဟိုသည် သွားနေခြင်း၊ လောကီဆိုင်ရာ ဗီဒီယိုများ ကြည့်နေခြင်း၊ ကစားနေခြင်းနှင့် လုပ်စရာ ဘာမျှမရှိသည့်အခါ ကမြင်းကြောထနေခြင်းမရှိဘဲ မိမိတို့ကိုယ်ကို အမြဲ ဆန်းစစ်ရမည်။ ၎င်း၏ စိတ်နှလုံးက ဘုရားသခင်ရှေ့သို့ မလာနိုင်လျှင် တစ်စုံတစ်ဦးသည် အဘယ်သို့ တာဝန်တစ်ခုကို ထမ်းဆောင်လိမ့်မည်နည်း။ ဘုရားသခင်ရှေ့သို့လာရန် သင် အားထုတ်ခြင်းမပြုလျှင် ဘုရားသခင်က သင့်ကို လာစေမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့ကို အမှုအရာများအား အတင်းလုပ်ဆောင်စေခြင်း မရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူတို့က နားလည်ပြီး လက်ခံနိုင်ရန်အလို့ငှာ သမ္မာတရားကို ဖော်ပြသည်။ လူတို့သည် ဘုရားသခင်ရှေ့သို့ ပြန်မလာလျှင် သမ္မာတရားကို မည်သို့ လက်ခံကြလိမ့်မည်နည်း။ လူတို့သည် အမြဲ မတက်မကြွဖြစ်လျှင် ဘုရားသခင်ကို မရှာဖွေလျှင် သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးများတွင် သူ့ကို မလိုအပ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ထဲတွင် အဘယ်သို့ အမှုပြုလိမ့်မည်နည်း။ ထို့ကြောင့် ဘုရားသခင်ကို သင် ယုံကြည်သည်ကိုထောက်သော် သင့်အနေဖြင့် သူ့ကို တက်ကြွစွာ ရှာဖွေပြီး သူနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်မှာ အလွန်အရေးပါသည် မဟုတ်လော။ ယင်းမှာ သင်၏ အလုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက သင့်အတွက် သာမညောင်ညသာဖြစ်လျှင် သင်ရိုးပြင်ပဖြစ်သော ဝါသနာတစ်ခုသာဖြစ်လျှင် သင် ဒုက္ခရောက်ပေပြီ။ ယခု ယုံကြည်သူများအဖြစ် ရှိနေပြီး တရားဒေသနာများစွာ နားထောင်ပြီးဖြစ်သည့်တိုင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘာသာတရားကို ယုံကြည်ခြင်းဖြစ်ကြောင်း၊ ယင်းသည် ၎င်းတို့၏ အားလပ်ချိန်အတွက် ဝါသနာတစ်ခုဖြစ်ကြောင်း တွေးထင်ကြဆဲဖြစ်သည့် လူများရှိသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအား ၎င်းတို့ ပေါ့ပျက်စွာ မှတ်ယူကြလေခြင်းပါတကား။ ယခုတွင်ပင် ဤအဆင့်တွင် ၎င်းတို့သည် ဤရှုထောင့်ကို စွဲကိုင်ကြဆဲဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့သည် သူနှင့်အတူ ပုံမှန်ဆက်ဆံရေး တည်ဆောက်ရန် ပျက်ကွက်ခဲ့ကြခြင်းသာ မဟုတ်ပေ။ သူနှင့် ဆက်ဆံရေး လုံးဝ မရှိကြခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို သူ၏ နောက်လိုက်အဖြစ် အသိအမှတ်မပြုလျှင် သင့်တွင် ကယ်တင်ခံရမည့် မျှော်လင့်ချက် ရှိသေးသလော။ သင့်ထံတွင် မျှော်လင့်ချက် မရှိပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ရန် အရေးကြီးပေသည်။ သို့ဆိုလျှင် မည်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ထိုဆက်ဆံရေးကို တည်ဆောက်ရသနည်း။ လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မည်သည့် ရပ်တည်ချက်မျိုး သို့မဟုတ် မည်သည့် ရှုထောင့်မျိုးကို ခံယူကြရမည်နည်း။ ၎င်းတို့၏ အခြေအနေက မည်သည့်အရာ ဖြစ်သင့်သနည်း။ မည်သည့် အလိုဆန္ဒမျိုး ရှိကြရမည်နည်း။ သင်သည် သမ္မာတရားကို ပင်ကိုအားဖြင့် မည်သို့ ဆက်ဆံသနည်း။ သံသယဖြင့် ဆက်ဆံသလော။ လေ့လာခြင်းဖြင့်လော။ မယုံကြည်ခြင်းဖြင့်လော။ ငြင်းပယ်ခြင်းဖြင့်လော။ သင့်တွင် ဤအရာများရှိလျှင် သင်သည် ပင်ကိုအားဖြင့် မှန်ကန်သလော။ (မမှန်ပါ။) သင်သည် ပင်ကိုအားဖြင့် မှန်ကန်ရန် ရည်ရွယ်လျှင်၊ မည်သည့် သဘောထားမျိုး ရှိရမည်နည်း။ ကျိုးနွံနာခံခြင်း စိတ်နှလုံးတစ်ခု ရှိရမည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ မည်သည့်အရာကို တောင်းဆိုသည်ဖြစ်စေ၊ ထိုအရာကို သံသယမရှိဘဲ၊ ကျိုးကြောင်းပြချက်မရှိဘဲ ကျိုးနွံနာခံရန် သင် ကြံရွယ်ရမည်။ ယင်းမှာ မှန်ကန်သည့် သဘောထားဖြစ်သည်။ သင်သည် မည်သည့် လျှော့ပေါ့မှုမျှမရှိဘဲ ယုံကြည်ရမည်၊ လက်ခံကာ ကျိုးနွံနာခံရမည်။ လျှော့ပေါ့မှုများ မပြုလုပ်ခြင်းက ချက်ချင်း စွမ်းဆောင်၍ရနိုင်သောအရာ ဖြစ်သလော။ မဟုတ်ပေ။ သို့သော် ထိုအရာကို ဝင်ရောက်ရန် သင် ကြိုးစားရမည်။ ဘုရားသခင်က သင့်ကို “သင် နာမကျန်းဖြစ်သည်”ဟု ပြောလျှင် သင်က “ကျွန်ုပ် နာမကျန်းမဖြစ်ပါ”ဟု ပြောသည်ကို စိတ်ကူးကြည့်လော့။ ယင်းမှာ ပြဿနာတစ်ခု ဖြစ်မည်မဟုတ်။ သင်က မယုံကြည်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ ဘုရားသခင်က “သင်သည် အတော် နေမကောင်းဖြစ်နေသည်။ ဆေးတစ်ခုခု သောက်လော့”ဟု ပြောပြီး သင်က “ကျွန်ုပ် နာမကျန်းမဖြစ်ပါ။ သို့သော် ကိုယ်တော် ပြောသည့်အတိုင်း ကျွန်ုပ်လည်း ဆေးတစ်ခုခု သောက်မှဖြစ်မည်။ မည်သို့မျှ ထိခိုက်မည်မဟုတ်ပါ။ ကျွန်ုပ် နာမကျန်းဖြစ်လျှင် ထိုဆေးက အကောင်းဆုံးအတွက် ဖြစ်မည်။ ဆေးတစ်ခုခု ကျွန်ုပ် သောက်ပါမည်”ဟု ပြောသည်။ သင် သောက်လိုက်ပြီး သင် ဖြစ်ခဲ့သည်ပုံထက် ရုပ်ပိုင်းဆိုင်ရာအရ ကွာခြားသွားသည်ကို ခံစားရသည်။ သင် ထိုဆေးကို သတ်မှတ်ထားသည့် ဆေးညွှန်းဖြင့် ဆက်သောက်ပြီး အတန်ငယ်ကြာပြီးနောက်တွင် သင့်ကိုယ်သင် ရုပ်ပိုင်းဆိုင်ရာအရ သာ၍ သက်သာသည်ထက် သက်သာသည်ဟု ခံစားရသည်။ ထို့နောက်တွင် ဘုရားသခင် ပြောသည့် နာမကျန်းမှုသည် ဧကန်အမှန် စစ်မှန်သည်ကို သင် ယုံကြည်သည်။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးက မည်သည့် ရလဒ်ကို ဖြစ်ထွန်းစေသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်ပြီး ကျိုးနွံနာခံသောကြောင့် သင်၏ နာမကျန်းမှု ပျောက်ကင်းသွားပေသည်။ ပထမအကြိမ်တွင် ဘုရားသခင် သင့်ကို ပြောသည့် ဆေးဝါးလောက် သောက်သုံးခြင်း မရှိဘဲ ထိုအစား မိမိအတွက် အလျှော့ပေးမှု အနည်းငယ် ပြုလုပ်ပြီး မယုံကြည်မှု အနည်းငယ် ရှိကာ အနည်းငယ် ဆောင့်ကြီးအောင့်ကြီးလုပ်ပြီး တွန့်ဆုတ်သော်လည်း အဆုံးတွင် ဘုရားသခင် သင့်ကို ပြောသည့်အတိုင်း ဆေးသောက်ခြင်းဖြင့် အဆုံးသတ်သွားရကာ နောက်ပိုင်းတွင် ယင်း၏ အကျိုးကို သင် ခံစားရလေသည်။ ထို့ကြောင့် သင် ထိုဆေးကို ဆက်သောက်ကာ ပိုသောက်လေ၊ သင်၏ ယုံကြည်ခြင်း ပိုကြီးထွားလေဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များက မှန်ကန်ကာ သင် မှားခဲ့ကြောင်းနှင့် သူ၏ နှုတ်ကပတ်တော်များကို သင် သံသယမရှိခဲ့သင့်ကြောင်း သင် တိုး၍ ခံစားလာရလေသည်။ ပြီးလျှင် အဆုံးတွင် ဘုရားသခင်က သင့်ကို သောက်ရန် တောင်းဆိုသည့် ဆေးအားလုံးကို သောက်ပြီးသည့်အချိန်တွင် သင်၏ ကျန်းမာရေး ပြန်ကောင်းလာသည်။ ထိုအချိန်တွင် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် ယခင်ထက် သာ၍ စစ်မှန်မည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များက မှန်ကန်ကြောင်း၊ လက်လျှော့ခြင်းမရှိဘဲ သူ့ကို သင် ကျိုးနွံနာခံသင့်ကာ လက်လျှော့ခြင်းမရှိဘဲ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သင့်ကြောင်း သင် သိမည်ဖြစ်သည်။ ဤဥပမာ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ဥပမာထဲမှ သင်၏ မကျန်းမာမှုသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆိုလိုပြီး ဆေးသောက်ခြင်းက ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းအား ကိုယ်စားပြုသည်။ ထိုအရာ၏ အဓိက သတင်းစကားမှာ လူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လူတို့ လက်ခံနိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း သန့်ရှင်းသွားနိုင်ပြီး ကယ်တင်ခြင်း ရရှိနိုင်သည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းက စွမ်းဆောင်ရရှိသည့်အရာ ဖြစ်သည်။ ကျရှုံးမည်ကို သင် စိုးရွံ့သလော။ သင်က “စုံလင်ခြင်းအတွက် ကျွန်ုပ် ရည်ရွယ်ရမည်။ ကျွန်ုပ်သည် လက်လျှော့ခြင်းမရှိဘဲ လုံးဝ ကျိုးနွံနာခံရမည်ဟု ဘုရားသခင် ပြောခဲ့သည်။ ထို့ကြောင့် သူ၏ နှုတ်ကပတ်တော်များကို ပထမဆုံးအကြိမ် ကျွန်ုပ် လက်တွေ့လုပ်ဆောင်သည့်အခါ အကြွင်းမဲ့ ကျိုးနွံနာခံမှုကို စွမ်းဆောင်ရရှိရမည်။ ဤအကြိမ်တွင် ထိုအရာကို ကျွန်ုပ် စွမ်းဆောင်မရရှိနိုင်လျှင် နောက်ထပ် အခွင့်အရေးကို ကျွန်ုပ် စောင့်မည်ဖြစ်ပြီး ဤအကြိမ်တွင် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် တကယ် လက်တွေ့လုပ်ဆောင်မည် မဟုတ်ပါ”ဟု ပြောကောင်းပြောနိုင်သည်။ ယင်းမှာ ဖြစ်ရမည့် နည်းလမ်းကောင်းတစ်ခုလော။ (မဟုတ်ပါ။) ဘုရားသခင်၏ ရှုထောင့်မှကြည့်လျှင် သမ္မာတရားကို လူတို့ လက်တွေ့လုပ်ဆောင်ခြင်းအတွက် ဖြစ်စဉ်တစ်ခု ရှိသည်။ သူသည် လူတို့ကို အခွင့်အရေးများ ပေး၏။ တစ်စုံတစ်ဦးတွင် ဖောက်ပြန်ပျက်စီးသော အခြေအနေတစ်ခု ရှိသည့်အခါ ဘုရားသခင်က ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး “သင်သည် လျှော့ပေါ့မှုများ ပြုလုပ်မိပြီဖြစ်သည်။ သင်သည် ကျိုးနွံနာခံခြင်း မရှိ၊ ပုန်ကန်တတ်သည်”ဟု ပြောလိမ့်မည်။ ထို့ကြောင့် ထိုအရာကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ အဘယ်နည်း။ သင့်ကို ယခင်ထက် လျှော့ပေါ့မှုများ နည်းပါးစေရန်နှင့် ကျိုးနွံနာခံခြင်းကို ပိုပိုပြီး လက်တွေ့လုပ်ဆောင်ရန်အပြင် သင့်အနေဖြင့် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ရန်အလို့ငှာ သင်၏ သဘောပေါက်နားလည်နိုင်စွမ်းကို ယခင်ထက် သာ၍ ဖြူစင်စေပြီး သမ္မာတရားနှင့် သာ၍ နီးစေရန် ရည်ရွယ်ပေသည်။ ဘုရားသခင်သည် သင့်ကို ဖော်ထုတ်နေစဉ် အပြစ်ပေးခဲ့သလော။ သင့်ကို သူ ပြုပြင်ပြီး စမ်းသပ်မှုများ ဖြတ်သန်းစေသည့်အခါ သူသည် သင့်ကို ပဲ့ပြင်ဆုံးမကာ ရိုက်နှက်ဆုံးမနေခြင်းသာ ဖြစ်သည်။ သင်သည် အနည်းငယ် ဖော်ထုတ်ခံရသည်၊ အနည်းငယ် အပြစ်တင်ခံရပြီး နာကျင်မှုအနည်းငယ် ခံစားရသည်။ သို့သော် ဘုရားသခင်သည် သင့်အသက်ကို သင့်ထံမှ နုတ်ယူခဲ့သလော။ (နုတ်မယူခဲ့ပါ။) သူသည် သင်၏ အသက်ကို မယူခဲ့သကဲ့သို့ သင့်ကို စာတန်ထံ လက်မလွှဲခဲ့ပေ။ ယင်းတွင် သူ၏ ရည်ရွယ်ချက်ကို မြင်နိုင်သည်။ သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူသည် သင့်ကို ကယ်တင်မည်ဖြစ်သည်။ တစ်ခါတစ်ရံ အခက်အခဲ အနည်းငယ်ရှိပြီးနောက်တွင် လူတို့သည် တိုး၍ တွန့်ဆုတ်ကာ “ဘုရားသခင်က ငါ့ကို မနှစ်သက်ပါ။ ငါ့အတွက် မျှော်လင့်ချက် မရှိပါ”ဟု တွေးကြသည်။ ဘုရားသခင်ကို သင် ထိုသို့ အမြဲ အထင်လွဲနေလျှင် သင် ဒုက္ခရောက်ပြီဖြစ်သည်။ ထိုအရာမှာ ဘဝတွင် သင်၏ ကြီးထွားမှု အင်မတန် နှေးကွေးခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သည့် အချိန်ဖြစ်စေ၊ သင် အားနည်းသည်ဖြစ်စေ၊ အားကောင်းသည်ဖြစ်စေ၊ သင်၏ အခြေအနေက ကောင်းမွန်သည်ဖြစ်စေ၊ အားရစရာ မကောင်းသည်ဖြစ်စေ၊ ဘဝတွင် သင်၏ ကြီးထွားမှုက မည်သည့်အတိုင်းအတာထိ ဖြစ်နိုင်သည်ဖြစ်စေ ထိုအရာများကို သင် ယခု စိတ်ဝင်စားရန် မလိုအပ်ပေ။ သင့်အနေဖြင့် လက်တွေ့လုပ်ဆောင်ရန် ကြိုးပမ်းရုံကြိုးပမ်းနေလျှင်ပင် ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းကိုသာ စိတ်ဝင်စားလော့။ ယင်းမှာလည်း အဆင်ပြေသည်။ ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားပြီး သင် တတ်စွမ်းနိုင်သည့်အရာကို လုပ်ဆောင်လော့။ ဘုရားနှုတ်ကပတ်တော်များ၌ ပြောဆိုထားသည့် အခြေအနေထဲသို့ ဝင်ရောက်လော့။ ဘုရားသခင် ဖော်ပြပြီးသည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့်အရာကဲ့သို့ ခံစားရသည်ဆိုသည်နှင့် ထိုအရာမှ သင် အကျိုးကျေးဇူးခံစားရခြင်း ရှိမရှိ၊ သင့်ထံတွင် အသက်ဝင်ရောက်မှု ရှိမရှိဟူသည်တို့ကို ကြည့်လော့။ သင်သည် သမ္မာတရားအတွက် ကြိုးပမ်းရန် သင်ယူရမည်။ ဘဝတွင် ကြီးထွားခြင်း ဖြစ်စဉ်ကို လူတို့က နားမလည်ပေ။ ၎င်းတို့က “ပြည့်စုံသော ကျိုးနွံနာခံမှု ငါ မစွမ်းဆောင်နိုင်လျှင် ငါ ဤအတိုင်း ကျိုးနွံနာခံမည် မဟုတ်ပါ။ ငါ လုံးဝ ကျိုးနွံနာခံနိုင်သည့်အခါတွင်သာ ကျိုးနွံနာခံမည်။ ထိုအရာနှင့်ပတ်သက်၍ ငါ အရှက်မဲ့မည်မဟုတ်ပါ။ ယင်းက ငါ အဘယ်မျှ သတ္တိရှိသည်၊ ကိုယ်ကျင့်စရိုက်နှင့် ဂုဏ်သိက္ခာတို့ ရှိသည်ကို ပြသသည်”ဟု တွေးလျက် တစ်နေ့ချင်းတွင် ရောမမြို့ကို တည်ထောင်ဖို့ အမြဲ မျှော်လင့်နေကြသည်။ ယင်းမှာ မည်သည့် “သတ္တိ”မျိုးဖြစ်သနည်း။ ပုန်ကန်တတ်ခြင်းနှင့် နှလုံးခိုင်မာခြင်း ဖြစ်သည်။
ငါတို့ ယခုတင် မိတ်သဟာယပြုပြီးသည့်အရာအပေါ် ကောင်းစွာ စဉ်းစားလော့။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နှစ်ကာလများတစ်လျှောက်လုံးတွင် လူများသည် မည်သည့်အရာအားဖြင့် အသက်ရှင်နေထိုင်ကြသနည်း ဟူသည့် မေးခွန်း၏ ခေါင်းစဉ်ခွဲလေးခုနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ငါတို့ ပြီးစီးကြပြီဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်ရန် ဆုကျေးဇူးများအပေါ် အမှီပြုကြသည်။ ၎င်းတို့၏ အသိပညာအပေါ်၊ ၎င်းတို့၏ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားများအပေါ်နှင့် စာတန်၏ အတွေးအခေါ်များအပေါ် အမှီပြုကြသည်။ ဤအခြေအနေ လေးခုအကြောင်း သင်တို့ ကြားပြီးသည့်အရာကို သင်တို့ နားလည်ကြသလော။ ထိုအခြေအနေများထဲမှ မည်သည့်အခြေအနေက သင်တို့တွင် ရှိသည်ကို သင်တို့ မြင်နိုင်ကြသလော။ ဤအရာကို သင်တို့ သဘောပေါက်နားလည်နိုင်စွမ်း ရှိကြသလော။ ယခင်က ဤအရာများအကြောင်းကို သင်တို့ မိတ်သဟာယပြုပြီးပြီလော။ သင်သည် အချို့သော အခြေအနေများကို သင် နားလည်ပြီး ယင်းတို့နှင့်ပတ်သက်၍ အနည်းငယ် သိကောင်းသိနိုင်သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်စပ်သည့်နည်းလမ်းတစ်ခုဖြင့် မဖြစ်နိုင်၊ သို့မဟုတ် ယနေ့ ငါတို့ မိတ်သဟာယ၏ အကြောင်းနှင့် ဆက်စပ်သည့်နည်းလမ်းဖြင့် မဖြစ်နိုင်ပေ။ ယနေ့တွင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နှစ်ကာလများတစ်လျှောက်လုံးတွင် လူများသည် မည်သည့်အရာအားဖြင့် အသက်ရှင်နေထိုင်ကြသနည်း ဟူသည့်အရာ၏ အကြောင်းအရာနှင့် ရှုထောင့်မှ ဤအခြေအနေများအကြောင်းကို ငါတို့ မိတ်သဟာယပြုပြီး ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ထိုသမ္မာတရားဖြင့် အသက်ရှင်ခြင်းနှင့် အနည်းငယ် သာ၍ နီးစပ်လာပေသည်။ ငါ့ထံတွင် နောက်ထပ် မေးခွန်းတစ်ခုရှိ၏။ ထိုမေးခွန်းကို မှတ်သားလော့။ ထိုအရာမှာ သင် အချစ်ဆုံးသောအရာများမှာ အဘယ်နည်း။ သင် အချစ်ဆုံးသော အရာများအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း ဟူ၍ ဖြစ်သည်။ အနာဂတ်တွင် ဤမေးခွန်းနှင့်ပတ်သက်၍ ငါတို့ အချိန်ယူ မိတ်သဟာယပြုမည်ဖြစ်သည်။ ယနေ့တွင် လူတို့ အသက်ရှင်သည့်အရာမှ ဖြစ်လာသည့် အပျက်သဘောဆောင်သော အခြေအနေအချို့ကို ငါတို့ အဓိက ဖော်ထုတ်နေခြင်းဖြစ်သည်။ ထိုအပျက်သဘောဆောင်သည့် အခြေအနေများကို အတိအကျ ရည်ညွှန်း၍ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည့်အကြောင်းကို ငါတို့ မိတ်သဟာယ မပြုခဲ့ကြပေ။ ယင်းနှင့်ပတ်သက်၍ မိတ်သဟာယမပြုခဲ့ကြသော်လည်း ဤအခြေအနေများတွင် အမှားများက မည်သည့်နေရာတွင် ရှိသည်ကို သင်တို့ သိကြသလော။ ပြဿနာများက မည်သည့်နေရာမှ အစပြုသနည်း။ ယင်းတို့သည် မည်သည့် စိတ်သဘောထားများနှင့် သက်ဆိုင်သနည်း။ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ထိုသို့သောအရာများ ရုတ်တရက် ပေါ်ပေါက်သည့်အခါ၊ ထိုသို့သော အခြေအနေများနှင့် ထိုသို့သော နည်းလမ်းများ သင် ရှိသည့်အခါ ယင်းတို့ကို အစားထိုးရန် သမ္မာတရားအား မည်သို့ အသုံးပြုသင့်သည်ကို သင် သိသလော။ မည်သည့်သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သင့်သနည်း။ ယခု သင် လုပ်ဆောင်သင့်သည့် အရေးကြီးသော၊ ပဏာမဖြစ်သည့်အရာမှာ ဤအခြေအနေများကို သဘောပေါက်ကာ သင့်ကိုယ်သင် စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့် စတင်ရန် ဖြစ်သည်။ ဤအခြေအနေများတွင် သင် အသက်ရှင်သည့်အခါ အနည်းဆုံးအနေဖြင့် ယင်းတို့ မှားယွင်းကြောင်းကို သင် သိသင့်သည်။ ယင်းတို့ကို ပြောင်းပြန်လှန်ခြင်းက ထိုအရာများ မှားယွင်းကြောင်းကို သိပြီးနောက်တွင် လုပ်ဆောင်ရမည့် အဆင့်ဖြစ်သည်။ ထိုအခြေအနေများက မှန်ခြင်း မှားခြင်း ရှိမရှိကိုလည်းကောင်း၊ ယင်းတို့၏ အမှားများက မည်သည့်နေရာတွင်ရှိသည်ကိုလည်းကောင်း သင် မသိလျှင်၊ ယင်းတို့ကို သင် မည်သို့ ပြောင်းလဲနိုင်မည်နည်း။ ထို့ကြောင့် သင့်အတွက် ပထမဆုံးအဆင့်မှာ ဤအခြေအနေများက မှန်ခြင်း မှားခြင်း ရှိမရှိကို သိမြင်နိုင်ရန် ဖြစ်သည်။ ထို့နောက်တွင်သာ နောက်တစ်ဆင့်အား မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကို သင် သိနိုင်သည်။ ယနေ့တွင် လူ၌ရှိသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေ အမျိုးမျိုးထဲမှ အနည်းငယ်၏ ပြဿနာအကြောင်းကိုသာ ငါတို့ မိတ်သဟာယပြုနေခဲ့ကြပြီး ပြောရမည့်အရာ အလွန်များခဲ့သည်။ ထို့ကြောင့် သမ္မာတရားဖြင့် သင်တို့ အသက်ရှင်လာနိုင်ပုံနှင့်ဆိုင်သည့် အတိအကျ အသေးစိတ်အချက်အလက်အတွက်မူ သင်တို့ဘာသာ ထိုကိစ္စကို နောက်ထပ် အနည်းငယ် စဉ်းစားကြလော့။ ရလဒ်များကို သင်တို့ ဖြစ်ပေါ်စေနိုင်သင့်ပေသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။