စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည် (အပိုင်း နှစ်)

ဘုရားနှုတ်ကပတ်တော်သည် လူတို့ကို လမ်းပြရန် မီးခွက်တစ်ခုဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်ကို အချည်းနှီး ပြောဆိုထားခြင်း မရှိသောကြောင့် လူတို့၏ တကယ့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ပြောဆိုထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာသည် သဘောတရား၊ အဆင့်မြင့်ပုံရသည့် လေလုံး၊ သို့မဟုတ် ဟောပြောချက်တစ်ခု မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်သည် သင့်အတွက် ကျင့်သုံးပြီး လက်တွေ့လုပ်ဆောင်ရန် ရည်ရွယ်ထားပေသည်။ ရှေ့ဆက်ရမည့် လမ်းမရှိသကဲ့သို့ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိသည့် အခြေအနေတစ်ခုကို သင် ကြုံရသည့်အခါ ဘုရားနှုတ်ကပတ်တော်က သင့်အား မည်သို့ ပြုမူဆောင်ရွက်ရန် တောင်းဆိုသည်ကို သင် ပြန်အမှတ်ရနိုင်သည်။ ဘုရားနှုတ်ကပတ်တော်အပေါ် တွေးဆခြင်းအားဖြင့် လမ်းတစ်ခု သင်ရှာတွေ့သည်၊ ဘုရားနှုတ်ကပတ်တော်၏ အဓိပ္ပာယ်ကို သင်နားလည်ပြီးနောက် ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ရန် သင် ဆက်လုပ်သည်။ လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် အတည်ပြုချက် သင် ရရှိပြီး ဤလုပ်ရပ်မှတစ်ဆင့် သင်၏ စိတ်ဝိညာဉ်တွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို သင် တွေ့ကြုံခံစားရကြောင်းနှင့် အခြားသူများလည်း တည်ဆောက်ခြင်းခံရကြောင်းကို သင်ရှာဖွေတွေ့ရှိရလေသည်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်စဉ်တွင် ဉာဏ်အလင်းပေးခြင်းများနှင့် အတွေ့အကြုံများကို သင် ရရှိသည်၊ သင်၏ ကိုယ်ပိုင် အတွေ့အကြုံများမှ သင် သင်ယူပြီး အချို့သော အရာများကို သင်နားလည်လာသည်။ မည်သည့်အရာကို သင် နားလည်သနည်း။ ဘုရားနှုတ်ကပတ်တော် နောက်ကွယ်တွင်လည်းကောင်း၊ လူတို့အား ပုံစံတစ်ခုခုဖြင့် ပြုမူခွင့်ပေးသည့် သူ၏ ကြံရွယ်ချက် နောက်ကွယ်တွင်လည်းကောင်း ရှိသော ရည်ရွယ်ချက်ကို သင်နားလည်သည်။ ဤအရာအားလုံး အခြေခံလျက်ရှိသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သင် ရှာဖွေတွေ့ရှိသည့်အခါ သူ့နှုတ်ကပတ်တော်များ၏ ရင်းမြစ်နှင့် အရေးပါမှုတို့ကို သင်ရှာဖွေတွေ့ရှိသည်။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်း ဖြစ်သည်။ သမ္မာတရားကို သိနားလည်သည့်နောက်တွင် သင်သည် စိတ်မရှုပ်တော့၊ အလွန် မသိနားမလည်မဖြစ်သကဲ့သို့ အမှုအရာများကို လုပ်ဆောင်သည့်အခါ တွန့်ဆုတ်မှု မရှိတော့ပေ။ တွန့်ဆုတ်မှု မရှိခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ အခက်အခဲများကို သင်ရင်ဆိုင်ရသည့်အခါ သင်သည် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ထိုအရာများအား မည်သို့ ဖြေရှင်းရမည်ကို သိပြီး မည်သို့ ဆက်လုပ်ဆောင်ရမည်ကို အတိအကျသိသည်ဟု ဆိုလိုပေသည်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သည့်အခါ ရှေ့ဆက်ရမည့် လမ်းတစ်ခု ရှိခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ သူ၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများအား သင် နားလည်သည်၊ သူ၏ နှုတ်ကပတ်တော်များက ရည်ညွှန်းသည့် အခြေအနေများကို သင် သဘောပေါက်ပြီး ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်သိသည်ဟု ဆိုလိုပေသည်။ ဘုရားနှုတ်ကပတ်တော်သည် လူသားများ၏ အသက်နှင့် လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်သည် လူတို့၏ အသက်ဖြစ်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်သည်သာ၊ သမ္မာတရားသည်သာ ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ လူတို့ကို ဦးဆောင်နိုင်သောကြောင့် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်သည် ရိုးရှင်းပြီး နားလည်ရလွယ်ကူသည်။ လူတို့အား သမ္မာတရားကို အလွယ်တကူ သိနားလည်ကာ လက်ခံခွင့်ပေးရန်အလို့ငှာ ထိုနှုတ်ကပတ်တော်ကို ပေးထားခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရားကို အသိအမှတ်ပြုကာ လက်ခံနိုင်သည့်အခါ ဘဝတွင် မိမိတို့ကိုယ်ကို မှန်ကန်သည့် လမ်းကြောင်းပေါ်ရှိသည်ကို မထင်မှတ်ဘဲ တွေ့ရှိရပေသည်။ ဘုရားနှုတ်ကပတ်တော်များထဲမှ အချို့သည် ရိုးရှင်းပုံ၊ သို့မဟုတ် နားလည်ရ လွယ်ပုံရကောင်းရနိုင်သော်လည်း ထိုအရာများသည် အသက်ရှင်ရမည့်ပုံ၊ အခြေအနေ အမျိုးမျိုးကို ကိုင်တွယ်ရမည့်ပုံနှင့် အခက်အခဲများအား ဖြေရှင်းရမည့်ပုံတို့နှင့်ပတ်သက်သော ညွှန်ကြားချက်များသာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်၏။ ထိုသမ္မာတရားသည် သင့်အနေဖြင့် စိန်ခေါ်မှုများ ရင်ဆိုင်ရသည့်အခါ သင့်ကို ဉာဏ်ပညာ၊ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ပေးလျက် သင်၏ လမ်းကြောင်း ဖြစ်လာနိုင်သည်။ သင်၏ တာဝန် ထမ်းဆောင်ခြင်း၊ သို့မဟုတ် အခြားသော ကိစ္စရပ်များတွင် သင်သည် လမ်းကြောင်းတစ်ခုရှိပါက အလုပ်တာဝန်များကို စည်းမျဉ်းများဖြင့် သင် ချဉ်းကပ်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်နိုင်ပါက ဤအရာက သမ္မာတရားကို သင် နားလည်နိုင်သည်ဟု ဆိုလိုပါသလော။ (ဆိုလိုပါသည်။) သမ္မာတရားကို သင် နားလည်ပြီး ဘုရားနှုတ်ကပတ်တော်ကို နားလည်သည်ဟု ဆိုလိုပေသည်။ အလုပ်လုပ်ပေးသူများသည် ဘုရားနှုတ်ကပတ်တော်ကို နားလည်ရန် မလိုအပ်ကြပေ။ ၎င်းတို့သည် အားထုတ်မှုပြုရန်မျှသာ လိုအပ်သည်။ ထို့ကြောင့် အလုပ်လုပ်ပေးခြင်းသည် ရိုးရှင်းသော အလုပ်တာဝန်တစ်ခု ဖြစ်သည်။ လူအချို့သည် အလုပ်လုပ်ပေးရာတွင်ပင် မတော်ကြသကဲ့သို့ ထိုသူတို့ကို မြင်ရသည်မှာ ညံ့ဖျင်းလှချေတကား။ တာဝန်ထမ်းဆောင်ရာတွင် ညံ့ဖျင်းစွာ လုပ်ဆောင်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က အလုပ်လုပ်ပေးခြင်း တာဝန်ကိုပင် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်နိုင်ခြင်းမရှိ၊ အားထုတ်မှု ကောင်းစွာ မထားနိုင်သကဲ့သို့ ၎င်းတို့အမြဲ ထိခိုက်နစ်နာစေသည်၊ နှောင့်ယှက်တတ်သည်၊ အပျက်သဘောဆောင်ပြီး ပျင်းရိသည်ဟု ဆိုလိုပေသည်။ ၎င်းတို့ကို ချော့ပြီး ကြီးကြပ်ပေးရန် အမြဲလိုအပ်သည်။ ထိုသို့သောလူများသည် မိမိတို့တာဝန်ကို စိတ်ကျေနပ်ဖွယ် ဖြည့်ဆည်းရန် ပျက်ကွက်ကြပြီး လူတစ်ဦးဖြစ်ခြင်း၏ စံနှုန်းများကို မပြည့်မီကြပေ။ ယခုတွင် မည်သည့် လမ်းကြောင်းကို လျှောက်ရန် သင်ရည်ရွယ်သနည်း။ မည်သည့် လူစားမျိုးဖြစ်လာရန် သင်စီစဉ်သနည်း။ သင်သည် စံအလုပ်လုပ်ပေးသူတစ်ဦးဖြစ်လာရန် ကြိုးပမ်းလိမ့်မည်လော၊ သို့မဟုတ် မိမိတာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ဖြည့်ဆည်းသည့် တစ်စုံတစ်ဦးဖြစ်ရန် သင်ရည်မှန်းလိမ့်မည်လော။ (မိမိတာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ဖြည့်ဆည်းသည့် တစ်စုံတစ်ဦး ဖြစ်ရန် ဖြစ်ပါသည်။) ယင်းမှာ ကောင်းမွန်သည့် အရာတစ်ခုနှင့် မှန်ကန်သည့် ရည်မှန်းချက်ပန်းတိုင်တစ်ခု ဖြစ်သည်။ သင်သည် အလုပ်လုပ်ပေးသူတစ်ဦးမျှ ဖြစ်ရန် ဆန္ဒမရှိ၊ အားထုတ်မှုကို သုံးစွဲရန်မျှ သင် ဆန္ဒမရှိပေ။ သို့ဆိုလျှင် သမ္မာတရားအတွက် သင် အားထုတ်သင့်၏။ သမ္မာတရားအတွက် အားထုတ်နေချိန်တွင် မည်သည့် သမ္မာတရားများသည် နားလည်ရန် အရေးကြီးဆုံး ဖြစ်ပါသနည်း။ ဤသည်မှာ သင် ရင်ဆိုင်နေရသည့် အခက်အခဲများအပေါ် မူတည်ပြီး ဦးစွာပထမ လောလောလတ်လတ် ပြဿနာများကို ကိုင်တွယ်ရန် အရေးကြီး၏။ လတ်တလောတွင် လူအများစုသည် သမ္မာတရား လိုက်စားခြင်းနှင့် မိမိတို့တာဝန်ကို ဖြည့်ဆည်းခြင်းအပေါ် အာရုံစိုက်နေကြပြီး မိမိတာဝန် ဖြည့်ဆည်းခြင်းနှင့်ဆိုင်သည့် သမ္မာတရားသည် အလွန်အရေးပါ၏။ သင်၏ တာဝန်ကို စဉ်းမျဉ်းများအတိုင်း သင် ဖြည့်ဆည်းနိုင်သရွေ့ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် စိတ်ချမှုကို ခံစားရလိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ အမှုတော်ကို သင် သိရှိနိုင်ပါက သူ၏ အမှုတော်ကို သင် တွေ့ကြုံနိုင်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ အချို့ကို ဖြေရှင်းနိုင်ပါက ဘုရားသခင်နောက်လိုက်ခြင်း၏ ချိုမြိန်မှုကို သင်မြည်းစမ်းရလိမ့်မည်ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်လှမ်းရန် လွယ်ကူသည်ကို သင်တွေ့ရှိရလိမ့်မည်။ ဘုရားသခင်နောက်လိုက်ခြင်းနှင့် ကျိုးနွံနာခံခြင်းတွင် အဓိက ကိစ္စမှာ သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းရန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်က “သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းရှိသမျှဖြင့် သင်ဖြည့်ဆည်းသင့်သည်”ဟု ဆိုသည်။ ဤအဆိုသည် သမ္မာတရား မဟုတ်လော။ ဤအဆိုက သမ္မာတရား ဖြစ်ကြောင်း သင်အတည်ပြုနိုင်ပါက သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်အားထုတ်သင့်၏။ သင်၏ တာဝန်ကို ဖြည်းဆည်းခြင်းတွင် သမ္မာတရားကို သင် သာ၍ နားလည်လေ၊ ထိုတာဝန်အပေါ် သင်၏ ဖြည့်ဆည်းခြင်းက သာ၍ စည်းမျဉ်းနှင့်ညီပြီး ထိရောက်လေ ဖြစ်လိမ့်မည်။ သင်၏ တာဝန်ကို စိတ်ကျေနပ်ဖွယ်ရာ သင်ဖြည့်ဆည်းပါက သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း သင် ရှိလိမ့်မည်သာမက စစ်မှန်သော ယုံကြည်ခြင်းလည်း ရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နောက် လိုက်ခြင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ရလဒ် ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ခြင်း လမ်းကြောင်းသည် သင်လျှောက်လှမ်းသည်နှင့်အမျှ သာ၍ လင်းလာလေဖြစ်သည်မှာ လုံးဝ မှန်ပေသည်။ ထို့ကြောင့် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် လုပ်ဆောင်ရန် အဓိပ္ပာယ်အရှိဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သမ္မာတရားအတွက် အားထုတ်ရန် သင်ကြိုးပမ်းပါက မှန်ကန်သည့် နေရာမှ သင် ဦးတည်ပြီးဖြစ်ပေသည်။ ဤဦးတည်ချက်ဖြင့် သင် အားထုတ်သည့်အခါတွင် ရလဒ်များကို တဖြည်းဖြည်း သင် တွေ့မြင်ရလိမ့်မည်ဖြစ်ပြီး လူသား ပုံသဏ္ဌာန်တစ်ခု ရှိလာလိမ့်မည်။ တဖြည်းဖြည်းဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တိုး၍ နီးစပ်လာလိမ့်မည်။ စမ်းသပ်မှုများနှင့် အတိဒုက္ခများ သင် ရင်ဆိုင်ရကာ အနည်းငယ် အပျက်သဘောဆောင်၊ အားနည်းပြီး အချို့သော အယူအဆများနှင့် အထင်လွဲမှုများ ဖြစ်ပေါ်သည့်အခါ ထိုပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင်အလွယ်တကူ ရှာလိမ့်မည်ဖြစ်ပြီး ထိုအရာများသည် အရေးပါသည့် ပြဿနာများ ဖြစ်ကြလိမ့်မည် မဟုတ်တော့ပေ။

သင်တို့အများစုသည် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အခက်အခဲများ ခံစားရသည့် တရုတ်ပြည်မ အသင်းတော်ရှိ ညီအစ်ကို မောင်နှမများနှင့် မတူဘဲ ဒီမိုကရေစီ စနစ်ရှိသော နိုင်ငံများတွင် နေထိုင်ကြသည်။ သက်သောင့်သက်သာရှိသော ဘဝတစ်ခု ရှိခြင်းသည် သင်တို့အတွက် ကောင်းမွန်သည့် အရာတစ်ခု သေချာပေါက် မဟုတ်ပေ။ သင်တို့အတွက် သမ္မာတရား လိုက်စားရန် အားထုတ်မှုအချို့ လိုကောင်းလိုနိုင်ပြီး သင်၏ တာဝန် ထမ်းဆောင်မှုတွင် အခက်အခဲများ သည်းညည်းခံကာ အဖိုးအခပေးရန်မှာ အနည်းငယ် စိန်ခေါ်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒီမိုကရေစီနှင့် လွတ်လပ်သော စနစ်တစ်ခုအောက်တွင် ကြီးပြင်းခဲ့ရသည့် လူများသည် မိမိကိုယ်ကို အလိုလိုက်သည့် ပြစ်ချက် ရှိတတ်ကြသည်။ ၎င်းတို့သည် အခြားသူများအား ၎င်းတို့ကို ဝေဖန်ခွင့်၊ သို့မဟုတ် ပြစ်တင်မောင်းမဲခွင့် မပေးကြချေ။ ၎င်းတို့သည် မိမိတို့၏ တွေးခေါ်မှုတွင် အတော်အတန် ပိုမို လွတ်လပ်မှုနှင့် ပွင့်လင်းမှု ရှိကြသည်။ ၎င်းတို့သည် စိတ်ကြိုက် လွတ်လပ်စွာ လုပ်ဆောင်ခွင့်၊ လွတ်လပ်မှုကို အမြဲ တောင်းဆိုကြ၏။ မိမိတို့၏ စိတ်ဆန္ဒနောက်သို့ အမြဲ လိုက်လိုကြပြီး ဇာတိပကတိ၏ အပျော်အပါးများနှင့် ပတ်သက်သည့် အမှုအရာမျိုးစုံကို အမြဲ တောင်းဆိုကြသည်။ သင်သည် ဤအရာများကို လက်လွှတ်လိုခြင်း မရှိပါက သမ္မာတရား လိုက်စားခြင်း မရှိဘဲ အားထုတ်မှု သုံးစွဲရုံမျှ သုံးစွဲသည့် အခြေအနေနှင့် အနေအထားမှ ရုန်းထွက်လွတ်မြောက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။ လုပ်ပိုင်ခွင့်နှင့် စိတ်ကြိုက် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ကို စဉ်ဆက်မပြတ် အလေးထားခြင်းသည် ဒုက္ခပြဿနာ ဖြစ်စေလိမ့်မည်။ သင်သည် သမ္မာတရားအကြောင်း၊ ဘုရားနှုတ်ကပတ်တော်များအကြောင်းနှင့် မည်သည့်အရာက အပြုသဘောဆောင်ပြီး မည်သည့်အရာက ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းဖြစ်ကြောင်းတို့ကို ပြောဆိုရမည်။ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် အမှီအခိုကင်းခြင်းတို့သည် ကောင်းမွန်ပြီး တိုးတက်သည့် လူမှုရေးစနစ်များဖြစ်သော်လည်း သမ္မာတရား မဟုတ်ချေ။ ထိုအရာများသည် ဤမှောင်မိုက်ပြီး ဆိုးယုတ်သည့်လောကတွင် တိုးတက်သော စိတ်ကူးများနှင့် စနစ်များမျှသာ ဖြစ်သည်။ ထိုအရာများသည် လူသား ရှင်သန်မှုအတွက် အတော်အတန် သင့်တော်ပြီး လူ့အခွင့်အရေးများကို ထိန်းသိမ်းသည့် စနစ်များဖြစ်သည်။ ယင်းတို့သည် သမ္မာတရား လုံးဝ မဟုတ်သကဲ့သို့ ဤအရာကို သင်တို့ ရှင်းလင်းစွာ မြင်ရမည်ဖြစ်သည်။ “ငါသည် ထိုသို့သော လူမှုရေး စနစ်တစ်ခုအောက်တွင် မွေးဖွားခဲ့သောကြောင့် ဤလုပ်ပိုင်ခွင့်များ ရှိသည်။ ငါ အလိုရှိသည့် မည်သည့်အရာကိုမဆို ငါ တွေး၍ရသည်၊ ပြော၍ရပြီး လုပ်ဆောင်၍ ရကာ မည်သူကမျှ ဝင်ရောက်စွက်ဖက်၍ မရပါ။ ဤသည်မှာ လူမှုအဖွဲ့အစည်းနှင့် ငါ၏ နိုင်ငံက ငါ့ကို ပေးထားသည့် ငါ၏ လူ့အခွင့်အရေး၊ လုပ်ပိုင်ခွင့် ဖြစ်သည်”ဟု မတွေးနှင့်။ ဤအရာကို အထွတ်အထိပ် သမ္မာတရားအဖြစ် သင်မှတ်ယူပါက ဒုက္ခပြဿနာ ဖြစ်စေလိမ့်မည်။ ဤအတွေးများက သင်သည် သမ္မာတရား ပိုင်ဆိုင်သည်ဟု ပြပါသလော။ ဤအရာများသည် မည်သည့်နေရာမှ လာပါသနည်း။ လူသားများမှ လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံမှ ပေါ်ပေါက်ခြင်း ဖြစ်သည်။ ယင်းတို့သည် လူများ ပိုင်ဆိုင်ရန် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား ဖြစ်ရန် မဆိုထားနှင့် ဘုရားနှုတ်ကပတ်တော်များပင် မဟုတ်ချေ။ ဒီမိုကရေစီနှင့် လွတ်လပ်မှု အယူအဆကို သမ္မာတရားအဖြစ် သင် သဘောထားပြီး ဘုရားအိမ်တော်တွင် သင်သည် လွတ်လပ်မှု လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ကာ သင်၏ တာဝန်များကို ထမ်းဆောင်ရာတွင် မဆင်မခြင် ပြုမူဆောင်ရွက်လျက် ချုပ်ထိန်းခြင်းခံရဖို့ ငြင်းပယ်ပါက ဒုက္ခပြဿနာကို သင် ကြုံရလိမ့်မည်။ ထိုသို့သော အတွေးများကို သင် ကိုင်စွဲပါက သမ္မာတရားကို သင်လက်ခံတတ်လိမ့်မည်လော။ သမ္မာတရားကို လွယ်ကူစွာ သင် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ ဘုရားသခင်နောက်သို့ သင် စစ်မှန်စွာ လိုက်နိုင်လိမ့်ဦးမည်လော။ ဘုရားသခင်နောက်လိုက်ခြင်းသည် သမ္မာတရားကို သိနားလည်ခြင်း၊ မည်သို့ ကျိုးနွံနာခံမှုရှိရမည်ဆိုသည်ကို သိနားလည်ခြင်းနှင့် သမ္မာတရား၏ ချုပ်ထိန်းမှု ခံခြင်းတို့ကို လိုအပ်သည်။ သင့်အနေဖြင့် ဇွတ်တရွတ်နိုင်စွာ ပြုမူဆောင်ရွက်၍ မရပေ။ ဒီမိုကရေစီနှင့် လွတ်လပ်မှုနောက် သင် လိုက်ပါက သမ္မာတရား စစ်မှန်မှုထဲသို့ သင် မဝင်ရောက်နိုင်။ သင်သည် ဘုရားသခင်နောက်လိုက်တစ်ဦး ဖြစ်လာလိမ့်မည် မဟုတ်သကဲ့သို့ ခရစ်တော်နောက် လိုက်သည့်သူတစ်ဦးအဖြစ် မိမိကိုယ်ကို ယူဆရလိမ့်မည် မဟုတ်။ ဤအရာက သင့်ကို ဒုက္ခပြဿနာ ဖြစ်စေလိမ့်မည်ဖြစ်ပြီး ဤသည်မှာ သင်ရင်ဆိုင်ရသည့် အခက်အခဲဖြစ်သည်။ လူတို့တွင် အချို့သော အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ အချို့သော ရိုးရာယဉ်ကျေးမှု ရှုထောင့်အမြင်များနှင့် လူမှုရေးခေတ်ရေစီးကြောင်းများတွင် အားပေးထားသည့် စိတ်ကူးများ ရှိကြသည်။ ဤအရာများကို လူမှုရေး နောက်ခံနှင့် ပတ်ဝန်းကျင်တို့က ဖန်တီးထားခြင်း ဖြစ်သည်။ ဤကိစ္စများ၏ အနှစ်သာရနှင့် လေးနက်မှုတို့ကို သင် မြင်ရန် ပျက်ကွက်ပြီး တာဝန်များကို ထမ်းဆောင်ခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင် သင့်ကို ပေးထားသည့် စေခိုင်းချက်တာဝန်တို့ကို လူ့အခွင့်အရေးများနှင့် လွတ်လပ်မှုတို့၏ ပုံစံဖြင့် အမြဲ သဘောထားပါက သင်သည် မည်သည့်အခါတွင်မျှ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၌ ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် ဝင်ရောက်လိမ့်မည် မဟုတ်ပေ။ တရုတ်ပြည်မကြီးရှိလူတို့သည် ယခုအခါ အာဏာရှင်ဆန်သော အုပ်ချုပ်မှုအောက်ရှိ မှောင်မိုက်၍ ဝမ်းနည်းဖွယ် အငွေ့အသက်တွင် နေထိုင်ကြပြီး သာလွန်သည့်ခံစားချက် တစ်ခုတလေမျှ မပိုင်ဆိုင်ကြချေ။ ၎င်းတို့သည် အခက်အခဲများကို သည်းညည်းခံပြီး နွားကဲ့သို့ လုံ့လဝီရိယရှိရှိ အလုပ်လုပ်သည့်အကျင့်ဖြင့် မွေးဖွားလာကြကာ ဤလူမှုရေးနောက်ခံနှင့် ပတ်ဝန်းကျင်မျိုးသည် သူတို့၏ ဘဝအလေ့အထများ၊ သို့မဟုတ် အမူအကျင့်နှင့်ဆိုင်သော စည်းမျဉ်းများကို ပုံသွင်းပေးသည်။ အခြားတစ်ဖက်တွင် ဒီမိုကရေစီရှိပြီး လွတ်လပ်သော နိုင်ငံများတွင် နေထိုင်ကြသူများမှာမူ ထိုသို့သော အယူအဆများ မရှိကြချေ။ ၎င်းတို့သည် ကန့်သတ်ချုပ်ချယ်ခြင်း မခံလိုကြ၊ ယင်းသည် ဖိနှိပ်ချုပ်ချယ်သောအရာဖြစ်သည်ဟု ၎င်းတို့ ခံစားကြပြီး မည်သည့် ကန့်သတ်ချက်၊ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများမဆိုမှ ချိုးဖျက်လွတ်မြောက်လိုကြသည်။ ဘုရားအိမ်တော်သို့ ၎င်းတို့ လာကြသည့်အခါ စီမံအုပ်ချုပ်ရေး စနစ်များ၊ အလုပ် အစီအစဉ်များနှင့် အသင်းတော်၏ စည်းမျဉ်းများမှပင် ချိုးဖျက်လွတ်မြောက်လိုကြသည်။ ၎င်းတို့သည် ကန့်သတ်ချုပ်ချယ်ခြင်း မခံလိုကြပေ။ တစ်ဦးတလေ၏ ပြုပြင်ခြင်းကို ၎င်းတို့ ငြင်းပယ်ပြီး ဝေဖန်မှုအားလုံးကို ငြင်းပယ်ကြသည်။ အလုပ်နှင့် ပတ်သက်၍ အနည်းငယ် အလုပ်များရန်၊ သို့မဟုတ် အနည်းငယ် ပင်ပန်းနွမ်းလျမှုကို သည်းညည်းခံရန် ငြင်းပယ်ကြသည်။ ဤအရာက ဒုက္ခပြဿနာ ဖြစ်စေလိမ့်မည်။ ဤသည်မှာ ခရစ်ယာန်တစ်ဦး ရှိသင့်သည့် ပြောဆိုပြုမူပုံ မဟုတ်သကဲ့သို့ ခရစ်တော်၏ စစ်သားကောင်းတစ်ဦး၏ ပြောဆိုပြုမူပုံ မဟုတ်ပေ။ ကျေးဇူးတော်ခေတ်တွင် သန့်ရှင်းသူများနှင့်ဆိုင်သော လူမှုကျင့်ဝတ်အကြောင်းကို အမြဲ ပြောဆိုကြသည်။ ထိုအရာသည် ယခုတွင် အပ်စပ်မှုရှိနေဆဲ ဖြစ်သလော။ လုံးဝ အပ်စပ်မှုရှိ၏။ ဤသည်မှာ နေရာတိုင်းနှင့် အချိန်တိုင်းတွင် အပ်စပ်မှုရှိသည့် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ ပထမဦးစွာ လူက စွမ်းဆောင်ရရှိရန်အတွက် ဘုရားသခင်၏ အခြေခံအကျဆုံးသော သတ်မှတ်ချက်ဖြစ်သည့် အဖန်ဆင်းခံ လူသားမျိုးနွယ် ရှိသင့်သည့် ပုံသဏ္ဌာန်အကြောင်းကို ပြောပင်မပြောဆိုပဲ နေကြစို့။ ခရစ်ယာန်တစ်ဦးအနေဖြင့် သင်သည် ခရစ်ယာန်တစ်ဦး၏ လူမှုကျင့်ဝတ် ရှိသင့်သည်မဟုတ်လောဟူသည်ကိုသာ စဉ်းစားကြည့်လော့။ သင်၌ မရှိပါက ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်ရန် သင်မထိုက်တန်သကဲ့သို့ ဘုရားသခင်သည် သင့်ကို အသိအမှတ်မပြုပေ။ ဘုရားသခင်နောက် သင် လိုက်လိုပါက အဖန်ဆင်းခံတစ်ဦး ဖြစ်လိုသည်ဖြစ်စေ၊ သာမန်လူတစ်ဦးသာ ဖြစ်လိုသည်ဖြစ်စေ လူသားတစ်ဦးအဖြစ် သင်အသက်ရှင်ရမည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ရှေ့မှောက်တွင် တင်ဆက်ရမည်။ သင်က “ဘုရားသခင်၊ ဤသည်မှာ ကိုယ်တော်နောက်သို့ လိုက်ရန် ကျွန်ုပ် စီစဉ်သည့်ပုံစံ ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်၏ စိတ်ပိုင်းဖြတ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် ဖြစ်ပါသည်။ ထိုအရာသည် ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါသလား”ဟု ဆိုနိုင်သည်။ သို့မဟုတ် ထိုအရာကို ဘုရားသခင်ထံ တိုက်ရိုက် မပြောဘဲ ဆက်လက်၍ သင် မည်သည့်အရာ လုပ်ဆောင်သည်ကို ဘုရားသခင်အား လေ့လာစောင့်ကြည့်ခွင့်ပေးလျက် ဘုရားသခင်၏ စိစစ်မှုကို လက်ခံပြီး သင်၏ စိတ်ဆုံးဖြတ်ချက်ကို လျှို့ဝှက်စွာ သင်ချမှတ်ကောင်းချမှတ်နိုင်သည်။ သင် မွေးဖွားခဲ့သည့် နိုင်ငံ၊ သို့မဟုတ် လူမှုရေး နောက်ခံကို ပဓာနမထားဘဲ ယခု သင်သည် ဘုရားသခင်နောက်လိုက်သဖြင့် ထိုနိုင်ငံနှင့်ဖြစ်စေ၊ ထိုလူမျိုးနှင့်ဖြစ်စေ သင် သက်ဆိုင်ခြင်း မရှိတော့ပေ။ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး၊ ဘုရားအိမ်တော်သားတစ်ဦး ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဘုရားအိမ်တော်၏ လူတစ်ဦး၊ ဘုရားသခင်၏ နောက်လိုက်တစ်ဦးအဖြစ် အစဉ်သဖြင့် လုံးလုံးလျားလျား ယူဆရမည်။ သင့်ကိုယ်သင် သန့်ရှင်းသူများ၏ စံနှုန်းများဖြင့် တိုင်းတာလျက် ခရစ်တော်၏ စစ်သားကောင်းတစ်ဦးဖြစ်ရန် ကြိုးပမ်းသင့်သည်။ သင်က “ကျွန်ုပ်သည် ကိုရီးယားလူမျိုး ဖြစ်သည်”၊ “ကျွန်ုပ်သည် ထိုင်ဝမ်လူမျိုးဖြစ်သည်”၊ “ကျွန်ုပ်သည် အမေရိကန်လူမျိုး ဖြစ်သည်”၊ “ကျွန်ုပ်တို့အားလုံးတွင် မိမိကိုယ်ပိုင် အသက်ရှင်နေထိုင်မှု နည်းလမ်းများ ရှိကြသည်”ဟု စဉ်ဆက်မပြတ် ဆိုပါက ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်နေဆဲဖြစ်သလော။ သင်၏ ရှုထောင့်အမြင်သည် မှန်ကန်ခြင်းမရှိပေ။ ထိုရှုထောင့်အမြင်သည် ဘာသာတရားမရှိသူများနှင့် သိသိသာသာ သက်ဆိုင်ပေသည်။ ဤသည်တို့မှာ မယုံကြည်သူများ ဖြစ်၏။ သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပါက ဘုရားအိမ်တော်တွင် လျှောက်အလေလိုက်လျက် မည်သည့်အရာကို လုပ်ဆောင်နေပါသနည်း။ ခရစ်ယာန်တစ်ဦးအဖြစ် ဟန်ဆောင်ရန် သင် ကြိုးစားနေသလော။ ဤနေရာတွင် ဟန်ဆောင်ခြင်း မရှိရပေ။ အယောင်ဆောင်ဖို့ ကြိုးစားခြင်းသည် လုံးဝ အချည်းနှီးဖြစ်၏။ သင်သည် ခရစ်ယာန်တစ်ဦးဖြစ်ပါက သမ္မာတရားကို လက်ခံပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ယင်းမှာ ဘုရားသခင်နောက်လိုက်ခြင်းကို ဆိုလိုသည့်အရာဖြစ်သည်။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း မရှိပါက သင် မည်သည့်နိုင်ငံမှလာသည်ဖြစ်စေ ဘာမျှအသုံးမဝင်ပေ။ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုမည်မဟုတ်။ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ မိမိ၏ နိုင်ငံသားဖြစ်ခြင်းက မည်သည့်အရာဖြစ်စေ ဘုရားသခင်ကို ယုံကြည်သည့်သူများသည် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး သမ္မာတရားကို လက်ခံရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်နောက်လိုက်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု သင် အခိုင်အမာ ဆိုသော်လည်း သမ္မာတရားကို လက်ခံခြင်းမရှိ၊ သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း မရှိပါက သင်သည် ဘာသာတရားမရှိသူများကဲ့သို့ပင် မယုံကြည်သူတစ်ဦး ဖြစ်သည်။ သင်သည် ဤအရာလည်းမဟုတ်၊ ထိုအရာလည်း မဟုတ်ပေ။ ဤအရာလည်းမဟုတ်၊ ထိုအရာလည်း မဟုတ်သည့်လူများသည် ဘုရားအိမ်တော်မှ အလျင်အမြန် ဖယ်ရှားခံရမည်။ ဤလူစားမျိုးကို ဘုရားအိမ်တော်တွင် အလိုမရှိပေ။ သင်သည် မိမိကိုယ်ကို နိုင်ငံတော်နှင့်ဆိုင်သော လူတစ်ဦးအဖြစ် ယူဆပါက မိမိကိုယ်ကို နိုင်ငံတော်သားများနှင့်ဆိုင်သည့် စံနှုန်းများဖြင့် ကိုက်ညီစေရမည်ဖြစ်သည်။ သင်က “မည်သည့် နိုင်ငံတော်သားများနည်း။ ကျွန်ုပ်သည် ဒီမိုကရေစီရသည့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားတစ်ဦး ဖြစ်သည်။ ကျွန်ုပ်တွင် ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများ ရှိသည်။ သင်သည် ဒီမိုကရေစီရသော နိုင်ငံတစ်နိုင်ငံ၏ စံနှုန်းများအတိုင်း ကျွန်ုပ်ကို တောင်းဆိုမှုများ ပြုလုပ်ရမည်။ သို့မဟုတ်လျှင် ဆွေးနွေးစရာ မရှိနိုင်ပါ။”ဟု ပြောပါက ငါ စိတ်မကောင်းသော်လည်း ဤသည်မှာ ဘုရားသခင်၏ နိုင်ငံတော်ဖြစ်၏၊ စာတန်၏ နိုင်ငံ မဟုတ်ပေ။ ဘုရားသခင်သည် သူရွေးချယ်ထားသူများ၊ နိုင်ငံတော်သားများကို အလိုရှိသည်။ သင် နားလည်ပါသလော။ (နားလည်ပါသည်။) သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်ပါက သူ၏ နှုတ်ကပတ်တော်များကို နားထောင်ရမည်။ သင်က “ဘုရားသခင်နောက် ကျွန်ုပ် လိုက်နိုင်သော်လည်း ရွေးချယ်ရန် လွတ်လပ်မှု ကျွန်ုပ် လိုအပ်သည်။ လူတို့ ပြောသည့်အရာကို ကျွန်ုပ် နားထောင်လိုသည်၊ ကျွန်ုပ် နှစ်သက်သည့်အရာကို နားထောင်ပြီး ကျွန်ုပ် နှစ်ခြိုက်သည့် သူများနောက်သို့ လိုက်လိုပါသည်။ ကျွန်ုပ်ကို ဝင်မစွက်ဖက်ပါနှင့်။ ကျွန်ုပ် နိုင်ငံ၏ မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို နာခံခြင်းအား ကျွန်ုပ် ဦးစားပေးပါသည်။ ယင်းမှာ အရေးအကြီးဆုံးသော အရာဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားကို ကျိုးနွံနာခံခြင်းအား ကျွန်ုပ် ဦးစားမပေးနိုင်ပါ။ ကျွန်ုပ်အတွက်၊ ကျွန်ုပ်၏ နိုင်ငံနှင့် လူမျိုးသည် ပထမဦးစားပေးဖြစ်ပြီး သမ္မာတရားက ဒုတိယ၊ သို့မဟုတ် တတိယဖြစ်သည်။ ထိုအရာကို ကျွန်ုပ် လက်ခံနိုင်သည်၊ သို့မဟုတ် ငြင်းပယ်နိုင်သည်”ဟု ဆိုပါက ထိုသို့သော လူတစ်ဦးအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ကောင်းပြီ၊ ငါ စိတ်မကောင်းသော်လည်း ဘုရားအိမ်တော်ကို သင်စွန့်ခွာသင့်၏။ ဘုရားအိမ်တော်သည် သင်ကဲ့သို့သော တစ်စုံတစ်ဦးကို အလိုမရှိပေ။ သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း မဟုတ်။ ကောင်းကင် နိုင်ငံတော်နှင့်ဆိုင်သော လူတစ်ဦး မဟုတ်။ လောကနှင့်ဆိုင်သော နိုင်ငံသားတစ်ဦး ဖြစ်ပြီး ဘုရားသခင်သည် သင်ကဲ့သို့သော လူများကို စကားမပြောသကဲ့သို့ သင်ကဲ့သို့သော လူများကို မကယ်တင်ပေ။ ထိုသို့သော လူများသည် အဖန်ဆင်းခံများအဖြစ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ခြင်းမရှိပေ။ သင်သည် တတ်နိုင်သမျှ မြန်မြန် ထွက်သွားသင့်သည်၊ မြန်လေ ကောင်းလေဖြစ်၏။

လူအချို့သည် ထင်ရှားပြီး ထင်ပေါ်ကျော်ကြားသော လူများကို ကိုးကွယ်ကြသည်။ ဘုရားနှုတ်ကပတ်တော်များက လူတို့ကို အမှန်တကယ် ကယ်တင်နိုင်ခြင်း ရှိမရှိဆိုသည်ကို ၎င်းတို့ အမြဲ သံသယများရှိကြပြီး ထင်ရှားကာ ထင်ပေါ်ကျော်ကြားသည့် လူတို့၏ စကားများသာ ဩဇာသက်ရောက်မှုနှင့် ဩဇာတိက္ကမပြည့်စုံခြင်းရှိသည်ဟု အမြဲ ယုံကြည်ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို “ငါတို့ ပြည်နယ်ခေါင်းဆောင် အထင်ကြီးစရာကောင်းပုံကို ကြည့်လိုက်ပါ။ ငါတို့ အမျိုးသားစည်းဝေးပွဲများ၏ ထည်ဝါမှု၊ ကြီးကျယ်ခမ်းနားမှု၊ ရင်သပ်ရှုမောဖွယ်ကောင်းမှုတို့ကို ကြည့်ပါ။ ဘုရားအိမ်တော်သည် ထိုအရာများအားလုံးနှင့် ယှဉ်နိုင်ပါသလော”ဟု အမြဲ တွေးနေကြသည်။ ထိုသို့သော အရာတစ်ခုကို ပြောဆိုနိုင်ခြင်းက သင်သည် ဘာသာတရားမရှိသူတစ်ဦး ဖြစ်ကြောင်း ပြပေသည်။ သင်သည် နိုင်ငံရေး၏ ဆိုးယုတ်မှု၊ သို့မဟုတ် တိုင်းနိုင်ငံတစ်ခု၏ မှောင်မိုက်မှု၊ သို့မဟုတ် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ဘုရားအိမ်တော်တွင် သမ္မာတရား အုပ်စိုးသည်ကို သင်မမြင်နိုင်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသည့် လူများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များက မည်သည့်အရာ ထင်ရှားစေသည်ကို သင် မမြင်နိုင်၊ သို့မဟုတ် နားမလည်နိုင်ပေ။ ဘုရားအိမ်တော်တွင် သမ္မာတရားနှင့် အလွန်များသည့် သက်သေခံချက်များရှိပြီး ဘုရားသခင် ရွေးချယ်ထားသည့် လူအားလုံးသည် အမြင်ကျယ်ကာ ပြောင်းလဲနေကြသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အမှုတော်ကို စတင် တွေ့ကြုံကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နေကြသည်။ ဘုရားသခင်၏ လူများက သူ့ကို ကျိုးနွံနာခံခြင်းနှင့် ကိုးကွယ်ခြင်းမှ လာသည့် ထိုမြင်ကွင်းကို သင် မြင်နိုင်သလော။ ထိုအရာသည် သင် စိတ်ကူးစိတ်သန်းကို ကျော်လွန်၏။ ဘုရားအိမ်တော်တွင် ရှိသမျှအားလုံးသည် လောကကြီးထက် အဆတစ်ရာ၊ အဆတစ်ထောင် သာ၍ ကောင်းမွန်ကာ အနာဂတ်တွင် ဘုရားအိမ်တော်တွင် ရှိသမျှအားလုံးသည် ဆက်လက်၍ ပိုမို ကောင်းမွန်ကာ ပိုမို ပုံမှန်ဖြစ်ပြီး ပိုမို စုံလင်ဖို့သာ ဖြစ်နိုင်ပေသည်။ ဤအရာအားလုံးကို တဖြည်းဖြည်း စွမ်းဆောင်ရရှိထားခြင်း ဖြစ်၍ ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်က ဖြစ်မြောက်စေမည့်အရာဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးသည် သူ၏ ရွေးချယ်ခြင်းကို ခံရခြင်းဖြစ်ကာ သူ၏ ကြိုတင်စီမံထားခြင်း ခံရသောကြောင့် လောက၏ လူများထက် များစွာ သာ၍ ကောင်းမွန်သည်မှာ သေချာပေသည်။ ဤအမှန်တရားများကို တစ်စုံတစ်ဦးက မမြင်နိုင်ပါက မျက်ကန်းဖြစ်သည် မဟုတ်လော။ လူအချို့က ကမ္ဘာလောကသည် ကြီးမြတ်သည်ဟု အမြဲ ခံစားကြပြီး စိတ်ထဲတွင် ထင်ရှားကာ ထင်ပေါ်ကျော်ကြားသော လောကလူတို့ကို ကိုးကွယ်ကြလေသည်။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များကို ကိုးကွယ်နေကြသည် မဟုတ်လော။ ဤထင်ရှားပြီး ထင်ပေါ်ကျော်ကြားသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသလော။ ဘုရားသခင်ကို ကျိုးနွံနာခံသော လူများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြသလော။ သမ္မာတရားကို လက်ခံကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် မကောင်းဆိုးဝါးများသာ ဖြစ်၏။ ယင်းကို သင် အမှန်တကယ် မြင်နိုင်ခြင်း မရှိသလော။ ထင်ရှားပြီး ထင်ပေါ်ကျော်ကြားသော လောကလူတို့ကို သင်ကိုးကွယ်သည်ကို မြင်ရသဖြင့် အဘယ်ကြောင့်များ ဘုရားသခင်ကို သင် ယုံကြည်သနည်း။ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များအားလုံးကို သင်တို့ အမှန်တကယ် မည်သို့ ရှုမြင်ကြသနည်း။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်တို့ မည်သို့ ရှုမြင်ကြသနည်း။ လူအချို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်း မရှိရုံမျှသာ မဟုတ်၊ သူ့အတွက် အနည်းငယ်မျှပင် ရိုသေမှု မရှိကြချေ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်သည်မဟုတ်လော။ ထိုသို့သော လူတို့ကို ချက်ချင်း ထွက်သွားခိုင်းသင့်သည် မဟုတ်လော။ (ထွက်သွားခိုင်းသင့်ပါသည်။) ၎င်းတို့ ထွက်မသွားပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ၎င်းတို့ကို အမြန် မောင်းထုတ်၊ ရှင်းလင်းလော့။ မယုံကြည်သူများသည် မြင်ရသည်မှာ စက်ဆုပ်ဖွယ်အလွန်ကောင်းသည့် မသတီစရာ ယင်ကောင်များဖြစ်သည်။ ဘုရားအိမ်တော်ကို သမ္မာတရားနှင့် သူ၏ နှုတ်ကပတ်တော်များက အုပ်စိုးပြီး ပြုမူဆောင်ရွက်မှုများကို သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် ရှင်းလင်းပစ်ခြင်းခံရသင့်သည်။ ၎င်းတို့သည် မိမိတို့၏ စကားများဖြင့် ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောဆိုကြသော်လည်း စိတ်နှလုံးထဲတွင် ဘုရားအိမ်တော်အပေါ် အထင်သေးပြီး ဘုရားသခင်ကို စက်ဆုပ်ကြသည်။ သင်တို့ကြားတွင် ထိုသို့သော မယုံကြည်သူများ ရောနှောနေစေရန် သင်တို့ လိုလားလျက် ရှိကြပါသလော။ (မလိုလားပါ။) ထို့ကြောင့် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်ရမည်။ ၎င်းတို့ မည်မျှ ပညာတတ်သည်ဖြစ်စေ၊ တတ်စွမ်းနိုင်သည်ဖြစ်စေ၊ ရှင်းလင်းပစ်ရမည်ဖြစ်သည်။ လူအချို့က “ယင်းသည် မေတ္တာမထားခြင်းဖြစ်သည် မဟုတ်လော”ဟု မေးကြသည်။ မဟုတ်ပါ၊ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်းဖြစ်၏။ ဤသို့ပြောရာ၌ မည်သည့်အရာကို ငါဆိုလိုသနည်း။ သင်၏ဝိညာဉ်ရင့်ကျက်မှုက မည်မျှကြီးမားပါစေ၊ သမ္မာတရားကို အားထုတ်ရန် သင်၏အလိုဆန္ဒက မည်မျှကြီးမားပါစေ၊ သို့မဟုတ် ဘုရားသခင်အပေါ်၌ သင် ယုံကြည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သေချာသောအရာတစ်ခုရှိ၏၊ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးဖြစ်ပြီး အသက်ဖြစ်သည်။ ဤသည်မှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ ဤအရာသည် သင်၏ကျောက်ဆောင်ဖြစ်သင့်သည်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၏ အခိုင်မာဆုံးအုတ်မြစ်ဖြစ်သင့်သည်။ သင်သည် ဤအရာနှင့်ပတ်သက်၍ သင်၏စိတ်နှလုံးတွင် တိကျသေချာပြီး သံသယမရှိသင့်ပေ။ ဤအရာကိုပင် သင်သံသယရှိပါက ဘုရားအိမ်တော်တွင် သင်သည် ဆက်ရှိနေရန် သင့်တော်ခြင်းမရှိပေ။ လူအချို့က “ကျွန်ုပ်တို့၏ တိုင်းနိုင်ငံသည် ကြီးမြတ်သည့် တိုင်းနိုင်ငံတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏ လူမျိုးသည် မြင့်မြတ်သည့် လူမျိုးတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ ဓလေ့ထုံးစံများနှင့် ယဉ်ကျေးမှုသည် နှိုင်းယှဉ်၍မရနိုင်ပါ။ သမ္မာတရားကို လက်ခံရန် ကျွန်ုပ်တို့ မလိုအပ်ပါ”ဟု ဆိုကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ သဘောထား ဖြစ်သည် မဟုတ်လော။ ထိုအရာသည် မယုံကြည်သူများ၏ သဘောထားဖြစ်ပြီး ထိုသို့သော မယုံကြည်သူများကို ရှင်းလင်းပစ်ရမည် ဖြစ်သည်။ လူအချို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို မကြာခဏ ထုတ်ဖော်ကြပြီး တစ်ခါတစ်ရံ ၎င်းတို့၏ စိတ်သဘောထားသည် အကြောင်းမဲ့ဖြစ်ကာ ထိန်းမနိုင်သိမ်းမရဖြစ်သော်လည်း ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် စစ်မှန်ပြီး သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ကြလေသည်။ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်း အတိုင်းအတာတစ်ခုကို ကြုံရပါက နောင်တရနိုင်ကြသည်။ ထိုသို့သော လူများကို အခွင့်အရေးတစ်ခု ပေးသင့်၏။ လူတို့သည် အနည်းငယ် မိုက်မဲကြသည်၊ သို့မဟုတ် အမှုအရာများကို ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြ၊ သို့မဟုတ် ၎င်းတို့ အထင်အမြင်မှားစေခြင်းခံရသည်၊ သို့မဟုတ် မိုက်မဲသည့် အခိုက်အတန့်တစ်ခုတွင် သမ္မာတရားကို ၎င်းတို့ နားမလည်ကြသောကြောင့် မရှင်းမလင်းဖြစ်သည့် တစ်စုံတစ်ရာကို ၎င်းတို့ ပြောကောင်းပြောနိုင်သည်၊ သို့မဟုတ် မရှင်းလင်းသည့် နည်းလမ်းတစ်ခုဖြင့် ပြုမူနေနိုင်သည်။ ဤအရာကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက ဖြစ်စေခြင်း ဖြစ်သည်။ မိုက်မဲခြင်း၊ မသိနားမလည်မှုနှင့် သမ္မာတရားအပေါ် သိနားလည်မှု ကင်းမဲ့ခြင်းတစ်ခုက ဖြစ်စေခြင်း ဖြစ်သည်။ သို့ရာတွင် ထိုသို့သော လူများသည် မယုံကြည်သူများကဲ့သို့သော လူစားမျိုး မဟုတ်ပေ။ ဤနေရာတွင် လိုအပ်သည့်အရာမှာ ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအကြောင်း မိတ်သဟာယကို ရှာဖွေရန် ဖြစ်သည်။ နှစ်အတော်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည့် လူအချို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိကြလေပြီ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်သည်။ ဘုရားအိမ်တော်သားများ မဟုတ်သကဲ့သို့ ၎င်းတို့ကို ဘုရားသခင် အသိအမှတ်မပြုပေ။ ဤအရာများကို ငါပြောသည့်အခါ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လုံ့လဝီရီယရှိစွာ လိုက်စားရန် သင်တို့ကို ငါပြောနေသည်ဟု ဆိုလိုပေသည်။ အားထုတ်မှုကို သုံးစွဲရုံမျှ မပြုကြနှင့်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ သမ္မာတရားမှတစ်ဆင့် လူတို့ကို ကယ်တင်၏။ တိုက်ရိုက်အကျဆုံး နည်းလမ်းမှာ သင်တို့အား သမ္မာတရားကို သဘောပေါက်ခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်နေစဉ် လက်တွေ့ကျသည့် ပြဿနာများကို ဖြေရှင်းခွင့်ပေးရန် ဖြစ်သည်။ ဤအရာက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ထောက်ကူပေးသည်။ ဤသို့ဖြင့် ဘုရားသခင်သည် စိတ်ကျေနပ်လိမ့်မည်ဖြစ်ပြီး သူ၏ စိတ်နှလုံး နှစ်သိမ့်ခြင်းရလိမ့်မည်။ မည်သည့်အရာကို မြင်ခြင်းအား ဘုရားသခင် မနှစ်သက်ဆုံး ဖြစ်သနည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာ ပြောဆိုပြီးဖြစ်သည်၊ သမ္မာတရားများစွာ ဖော်ပြပြီးဖြစ်ကာ အားထုတ်မှုများစွာ ရင်းနှီးမြှုပ်နှံကာ သင်တို့အတွက် ကြီးမားသည့် အဖိုးအခ ပေးပြီးဖြစ်သည်။ အဆုံးတွင် သူ ရရှိသည့်အရာမှာ အားထုတ်မှုကိုသာ သုံးစွဲရုံမျှသုံးစွဲသည့် လူတစ်စုဖြစ်ပြီး ကျန်ရှိသမျှမှာ အလုပ်လုပ်ပေးသည့် လူတစ်စု ဖြစ်သည်။ ဤလူများသည် သမ္မာတရားကို နားမလည်ကြ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြဘဲ အားထုတ်မှုကိုသာ သုံးစွဲကြသည်။ ဤလူများသည် ကျန်ရှိကောင်း ကျန်ရှိနေနိုင်သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီကြပေ။ ၎င်းတို့ကို စစ်မှန်သည့် အဖန်ဆင်းခံများအဖြစ် ယူဆ၍မရနိုင်။ ဤသည်မှာ ကြည့်ရှုရန် ဘုရားသခင် မလိုလားဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ မူလ ရည်ရွယ်ချက်တွင် မပါရှိပေ။

သင်တို့သည် သမ္မာတရားကို စိတ်ပါလက်ပါ လက်ခံပြီး လောက၏ ရေပန်းစားမှုများနောက် မလိုက်ရ၊ သို့မဟုတ် စာတန်၏ အတွေးအခေါ်များအတိုင်း အသက်မရှင်ရပေ။ ဘုရားသခင်နောက်လိုက်ခြင်းသည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း လိုအပ်ပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် သမ္မာတရားကို လက်ခံခြင်း လိုအပ်သည်။ ဤသည်မှာ အရေးပါလှ၏။ များစွာသော လူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားကို အလေးမထားကြပေ။ နှစ်များစွာ ယုံကြည်သည့်နောက်တွင်ပင် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့ အလေးထားပူပန်မှု လုံးဝ ကင်းမဲ့ခြင်းကို ပြကြ၏။ ဤလူများသည် မယုံကြည်သူများဖြစ်ပြီး အနှေးနှင့်အမြန် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ လူအချို့သည် ဇာတိပကတိအတွက်၊ ကိုယ်ရေးကိုယ်တာ အကျိုးအတွက် လုံးဝဥဿုံ အသက်ရှင်ကြပြီး မိမိတို့တာဝန်များကို စွန့်လွှတ်လျက် ယင်းတို့ကို အလေးအနက် သဘောမထားဘဲ သွေးသား ပျော်ရွှင်မှုများကို လိုက်စားရင်း လူလူချင်းဆက်ဆံမှုဆိုင်ရာ ဆက်ဆံရေးများနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို ပင်ပန်းစေကြသည်။ ဤသည်မှာ အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများသည် သမ္မာတရားကို မချစ်ကြ။ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်နှင့် ဂုဏ်ပကာသနတို့ကိုသာ ချစ်ကြ၏။ ၎င်းတို့သည် မိမိတို့၏ တည်ကြည်မှုနှင့် လူသား ဂုဏ်သိက္ခာကို အဆုံးခံရလျက် အရေးမပါသည့် အကျိုးအမြတ်များအပေါ် စိတ်အနှောင့်အယှက်ဖြစ်ကာ ဒေါသထွက်ကြသည်။ ၎င်းတို့သည် မသိနားမလည်ဖြစ်ပြီး မိုက်မဲကြသည် မဟုတ်လော။ မည်သည့်အခြေအနေများကို ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ သမ္မာတရားကို စစ်မှန်စွာ ချစ်သောသူတို့သည် ဦးစွာပထမ ဘုရားသခင်၏ မျက်မှောက်တွင် သမ္မာတရားကို ရှာဖွေသင့်၏။ ၎င်းတို့သည် အငြင်းပွားမှုများတွင် မိမိတို့ပါ ရောပါခြင်း၊ သို့မဟုတ် အခြားသူများနှင့် စကားစစ်ထိုးခြင်းအဖြစ်သို့ ရောက်ခြင်းကို ရှောင်ရှားသင့်သည်။ ထိုသို့သော အပြုအမူသည် မရင့်ကျက်သကဲ့သို့ ထိုးထွင်းအမြင်များ ကင်းမဲ့၏။ လူများစွာ အတူတကွ စုရုံးကြသည့်အခါ လူမျိုးစုံရှိပြီး အမှန်နှင့် အမှား ကိစ္စများက လုံးဝ မဆုံးနိုင်အောင်ဖြစ်သောကြောင့် အမျိုးမျိုးသော ပြဿနာများ ဖြစ်ပေါ်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်နှင့်တူသောအရာ အတိအကျ ဖြစ်သည်။ ဘာသာတရားမရှိသူများထဲတွင် အခြေအနေမှာ သာ၍ပင် ဆိုးရွား၏။ နေ့စဉ်နေ့တိုင်းသည် ရန်လိုမှုနှင့် ပြည့်ကာ တင်းမာမှု တအုံနွေးနွေးဖြစ်နေသည်။ ကမ္ဘာလောကသည် ထိုမျှ ဖောက်ပြန်နေပေသည်။ ဘုရားအိမ်ထောင်စုအတွင်းတွင် လူတိုင်းက ဘုရားသခင်ကို ယုံကြည်ကြသောကြောင့် ဆိုးယုတ်သော လူများ သာ၍ နည်းပါးပြီး လူတို့ အသုံးချခံရသည့် အဖြစ်အပျက်များ သာ၍ နည်းပါးလေသည်။ အငြင်းပွားမှုများနှင့် ခိုက်ရန်ဖြစ်ခြင်းများ အနည်းအကျဉ်းသာ ရှိသည်။ သမ္မာတရားကို သင် နားမလည်သကဲ့သို့ ဤကိစ္စရပ်များကို စဉ်ဆက်မပြတ် တဝဲလည်လည်တွေးပါက ထိုအရာများသည် သင်၏ စိတ်နှလုံးတွင် နေရာယူကာ ငြိတွယ်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင် ရှေ့မှောက်သို့ သင်လာနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့သော အခြေအနေများမှ သင်တို့ ချိုးဖျက်လွတ်မြောက်ရမည် ဖြစ်ပြီး ထိုသို့သော အပြုအမူက မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှုကို ထင်ရှားစေသည်။ မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှု ရှိသူတို့သည် မကြာခဏ ဇာတိပကတိ ကိစ္စရပ်များ၊ မိမိတို့ကိုယ်ပိုင် နှစ်သက်မှုများနှင့် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒ ဖြည့်ဆည်းခြင်းတို့ကို အာရုံစိုက်တတ်ကြသည်။ အကျိုးဆက်အနေဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် ဖြည့်ဆည်းထိုက်သော ဝတ္တရားကို ၎င်းတို့ လျစ်လျူရှုကြလေသည်။ ထိုသို့သော လူများသည် အမှုအရာများကို သင့်တင့်လျောက်ပတ်စွာ စီမံနိုင်စွမ်း မရှိသကဲ့သို့ ကလေးသူငယ်များ၏ မရင့်ကျက်မှုကို ပြသလျက် မကြာခဏ အမှားများ ပြုလုပ်မိကြသည်။ ဘဝတွင် ရင့်ကျက်မှုကို သင်တို့ အားထုတ်ရမည်။ ရင့်ကျက်မှုဟူသည် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ သမ္မာတရားကို နားလည်ရန်၊ အရွယ်ရောက်သူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှု ရှိရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီကာ သူ၏ ပေးအပ်ထားသည့် အလုပ်တာဝန်များကို ဖြည့်ဆည်းနိုင်ရန် ငါဆိုလိုခြင်း ဖြစ်သည်။ လူသားတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိခြင်းနှင့် အထွေထွေ တာဝန်များကို ထမ်းနိုင်ခြင်း၊ အခြားသူများလောက်ကိုပင် တာဝန်များကို ကောင်းစွာ ထမ်းဆောင်ကာ အခြားသူများ စွမ်းဆောင် ရရှိနိုင်သည့်အရာကို စွမ်းဆောင်ရရှိနိုင်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး သမ္မာတရားကို လိုက်စားသူများအား အတုယူခြင်း၊ လူတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ခြင်းနှင့် လူတို့ ထမ်းဆောင်သင့်သည့် တာဝန်များကို ထမ်းဆောင်ခြင်း၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းအတွက် စူးစမ်းစစ်ဆေးကာ ရှာဖွေခြင်းကို ငါ ဆိုလိုပေသည်။ ဤသည်မှာ လူတစ်ဦး၏ ဘဝတွင် ကြီးထွားခြင်း ဖြစ်စဉ်ဖြစ်သည်။ ပုံမှန် လူများ ပြုမူဆောင်ရွက်ပုံနှင့် မိမိတို့၏ သင့်တော်သော တာဝန်များကို အာရုံစိုက်သည့် လူများ ပြုမူဆောင်ရွက်ပုံအပြင် အမှုအရာများကို လုပ်ဆောင်နေစဉ် ထိုလူစားမျိုးများက မည်သည့် ပုံစံများ၊ ချဉ်းကပ်နည်းများနှင့် စည်းမျဉ်းများ အသုံးပြုသည်တို့ကဲ့သို့ အရာများကို လေ့လာဖော်ထုတ်နည်းအား သင် ရှာဖွေကာ သိရှိရမည်။ အရွယ်ရောက်သူများသည် မိမိတို့၏ တာဝန်များကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရမည်ဖြစ်သည်။ မည်သည့်အရာ ဖြစ်သည်ဖြစ်စေ မိုးကောင်းကင် ပြိုမည်ဆိုလျှင်ပင် မိမိတို့တာဝန်များကို ၎င်းတို့ ဖြည့်ဆည်းရမည်ဖြစ်ပြီး မိမိတို့၏ သင့်တော်သော တာဝန်များအား နှောင့်နှေးစေခွင့်မပေးရပေ။ အခြားတစ်ဖက်တွင် ကလေးသူငယ်များသည် မိမိတို့ အနီးဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများနှင့်ပတ်သက်၍ စူးစမ်းချင်စိတ်ပြင်းပြကြသည်။ ၎င်းတို့ အပြင်ထွက်ပြီး မည်သည့်အရာ ဖြစ်နေသည်ကို မြင်လိုကြသည်။ မည်သည့် အဖြစ်အပျက်မဆိုက ၎င်းတို့ကို အကျိုးသက်ရောက်မှု ရှိနိုင်ပြီး မှန်ကန်သည့်အရာ လုပ်ဆောင်ခြင်းမှ အာရုံထွေပြားစေနိုင်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်များကို ဆက်ကပ်မှု ကင်းမဲ့ခြင်း ဖြစ်သည် မဟုတ်လော။ အနည်းငယ်မျှသော ပြဿနာက ၎င်းတို့ကို နှောင့်ယှက်နိုင်သည်။ တစ်စုံတစ်ဦးထံမှ မှတ်ချက်တစ်ခုတည်းက ၎င်းတို့ စိတ်နှလုံးကို နှောင့်ယှက်နိုင်သည်၊ သို့မဟုတ် ရယ်စရာပြက်လုံးတစ်ခုက ၎င်းတို့ကို မိမိတို့ တာဝန်များ ထမ်းဆောင်ခြင်းအား နှောင့်နှေးသွားစေလျက်၊ နှစ်ရက်၊ သို့မဟုတ် သုံးရက်ကြာ ၎င်းတို့အား အပျက်သဘောဆောင်စွာ ပြုမူစေသည့် အထင်လွဲမှုများနှင့် စိတ်ခံစားမှုဆိုင်ရာ ပေါက်ကွဲမှုများအဖြစ်သို့ ဆိုက်ရောက်စေနိုင်သည်။ နှုတ်ထွက်ဖို့ကိုပင် ၎င်းတို့ စဉ်းစားကောင်း စဉ်းစားနိုင်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့နှင့်အတူ သမ္မာတရားများကို မိတ်သဟာယပြုကာ အကျိုးသင့်အကြောင်းသင့် ပြောဆိုလျက် ၎င်းတို့ကို စဉ်ဆက်မပြတ် ချော့ကာ ဖျောင်းဖျရမည်ဖြစ်သည်။ ဤသည်မှာ သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုနှင့် မရင့်ကျက်ခြင်းတို့၏ လက္ခဏာတစ်ခု မဟုတ်လော။ လူတို့သည် ကလေးသူငယ်များကဲ့သို့ မရင့်ကျက်၊ နုံအကာ ရယ်ဖွယ်ရာဖြစ်လျက် မည်သည့်အခါတွင်မျှ အရွယ်ရောက်လာပုံ မရပေ။ ၎င်းတို့သည် အထင်သေးခံရကြ၏၊ ဂုဏ်သိက္ခာနှင့် တည်ကြည်မှု ကင်းမဲ့ကြပြီး ဘုရားသခင်သည် ၎င်းတို့ကို ကျေနပ်အားရခြင်း မရှိပေ။

သင်တို့သည် သမ္မာတရားအပေါ် အာရုံစိုက်ရမည်။ ထိုအခါမှသာ သင်တို့ အသက်ဝင်ရောက်မှု ရှိနိုင်သည်။ ပြီးလျှင် အသက်ဝင်ရောက်မှု ရှိသောအခါမှသာ သူတစ်ပါးတို့ကို ပံ့ပိုးပေးပြီး ဦးဆောင်နိုင်သည်။ သူတစ်ပါးတို့၏ လုပ်ရပ်များသည် သမ္မာတရားနှင့် ကွဲလွဲသည်ဟု ရှာဖွေတွေ့ရှိရလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ကို သမ္မာတရားအတွက် အားထုတ်ရန် ချစ်ခင်စွာဖြင့် ကူညီရမည်။ သူတစ်ပါးတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အမှုအရာများအပေါ် ၎င်းတို့လုပ်ဆောင်သည့်ပုံစံ၌ အခြေခံသဘောတရားများရှိလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ထံမှ သင်ယူပြီး အတုယူဖို့ ကြိုးစားသင့်သည်။ ဤသည်မှာ အပြန်အလှန် ချစ်ခြင်းတရားဖြစ်သည်။ ဤသည်မှာ အသင်းတော်တွင် သင်၌ရှိရမည့် သွင်ပြင်အခြေအနေမျိုး ဖြစ်သည်။ လူတိုင်းက သမ္မာတရားကို အာရုံစိုက်ပြီး ယင်းကို ကြိုးပမ်းရရှိဖို့ အားထုတ်ကြသည်။ လူများသည် မည်မျှ ကြီးသည် ငယ်သည်က အရေးမကြီးပေ၊ သို့မဟုတ် ၎င်းတို့သည် ဝါရင့်ယုံကြည်သူများ ဟုတ်မဟုတ်ကလည်း အရေးမကြီးသကဲ့သို့ ၎င်းတို့၌ မြင့်မားသော အစွမ်းအစရှိခြင်း၊ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိခြင်းကလည်း အရေးမကြီးပေ။ ဤအရာများသည် အရေးမကြီးပေ။ သမ္မာတရားရှေ့တွင် လူတိုင်းက တန်းတူဖြစ်သည်။ သင်ကြည့်ရမည့်အရာများမှာ မည်သူက မှန်ကန်စွာ၊ သမ္မာတရားနှင့် ကိုက်ညီစွာ စကားပြောကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သူက စဉ်းစားကြောင်း၊ ဘုရားအိမ်တော်၏အလုပ်၌ မည်သူက အကြီးမားဆုံးသော ဝန်ကို ထမ်းကြောင်း၊ မည်သူက သမ္မာတရားကို ပို၍ရှင်းလင်းစွာ နားလည်ကြောင်း၊ မည်သူက တရားမျှတစိတ်ကို မျှဝေကြောင်းနှင့် မည်သူက အဖိုးအခပေးဆပ်ဖို့ လိုလားကြောင်းတို့ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ထောက်ပံ့ခြင်းခံရသင့်ပြီး ဩဘာပေးခြင်း ခံရသင့်သည်။ သမ္မာတရား လိုက်စားခြင်းမှ လာသည့် ဤတည်ကြည်သောစိတ်သွင်ပြင်အခြေအနေသည် အသင်းတော်၌ လွှမ်းမိုးရမည်။ ဤနည်းဖြင့် သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်က ကောင်းကြီးမင်္ဂလာများနှင့် လမ်းညွှန်ချက်တို့ကို ပေးအပ်လိမ့်မည်။ အသင်းတော် အတွင်း၌ ပျံ့နှံ့နေသည့် သွင်ပြင်အခြေအနေသည် သူတစ်ပါးအကြောင်း အတင်းအဖျင်းပြောခြင်း၊ အချင်းချင်းစိတ်ဆိုးကာ အပြစ်တင်ခြင်း၊ အချင်းချင်း အာဃာတအစွဲအလမ်းထားခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းတို့ ဖြစ်ပါက သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့၌ သေချာပေါက် အလုပ်လုပ်မည် မဟုတ်ပေ။ အချင်းချင်း ခုခံတွန်းလှန်ပြီး တိတ်တဆိတ် ခိုက်ရန်ဖြစ်ပွားခြင်း၊ လှည့်စားခြင်း၊ လိမ်လည်ခြင်းနှင့် အချင်းချင်း မတော်မတရား လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်းတို့သည် ဆိုးယုတ်မှု၏ သွင်ပြင်အခြေအနေ ဖြစ်သည်။ ထိုသို့သော သွင်ပြင်အခြေအနေတစ်ခုက အသင်းတော်ထဲ၌ ပျံ့နှံ့နေပါက သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အလုပ်ကို သေချာပေါက် လုပ်လိမ့်မည် မဟုတ်ချေ။ သမ္မာကျမ်းစာတွင် သခင်ယေရှုက အောက်ပါအတိုင်း ပြောခဲ့သည်။ “မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။” (ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀) ဤသည်မှာ ဘုရားနှုတ်ကပတ်တော်ဖြစ်သည်၊ ဤသည်မှာ သမ္မာတရားဖြစ်သည်။ ဘုရားသခင် မိန့်ကြားပြောသည့်အခါ ထိုအရာ ဖြစ်လေ၏။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များကို မလိုက်လျှောက်ပါက ဘုရားသခင်သည် သင်နှင့် ကင်းအောင်နေလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို သင်မဖတ်ရွတ်ပါက သူ၏ နှုတ်ကပတ်တော်မှတစ်ဆင့် ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ သို့မဟုတ် ပြုပြင်ခြင်းတို့ကို သင် လက်မခံသကဲ့သို့ သင်ကိုယ်၌က ထိုမျှ ဆိုးရွားခြင်းမရှိဟု စဉ်းစားရင်း အခြားသူများရှိ အပြစ်အနာအဆာများနှင့် ပြဿနာများအပေါ် စဉ်ဆက်မပြတ် အာရုံစိုက်လျက် သင့်ကိုယ်သင် အခြားသူတိုင်းထက် ပိုတော်သည်ဟု တွေးထင်ရင်း သင်၏ ညီအစ်ကို မောင်နှမများ၏ အကူအညီကို ငြင်းပယ်ပါက သင်ဒုက္ခရောက်ပြီဖြစ်သည်။ ဦးစွာပထမ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ ကောင်းချီးများကို သင်လွဲချော်သွားလိမ့်မည်။ ဒုတိယအနေဖြင့် သင်၏ ညီအစ်ကို မောင်နှမများသည်လည်း သင့်ကို ကူညီရန် မည်သူမျှ မရှိအောင် သင့်ကို ချန်ရစ်ထားရင်း ၎င်းတို့၏ အထောက်အပံ့မှ အကျိုးခံစားရန် သင့်အတွက် ခက်ခဲစေလျက် သင်နှင့် ကင်းအောင် နေကြလိမ့်မည်။ ဘုရားသခင်၏ အမှုနှင့် ကောင်းချီးများမရှိဘဲ၊ သင်၏ ညီအစ်ကို မောင်နှမများ၏ အကူအညီနှင့် အကျိုးကျေးဇူးမရှိဘဲ အကျပ်အတည်းတစ်ခုတွင် သင် ရောက်ရှိကာ တိုးတက်အောင် မလုပ်ဆောင်နိုင်သည်ကို သင် တွေ့ရှိရလိမ့်မည်။ လူသား ဆုကျေးဇူးနှင့် ကျွမ်းကျင်မှုများအပေါ် လုံးဝဥဿုံ မှီခိုရင်း အသင်းတော်၏ အလုပ်ကို ထိရောက်စွာ သင် လုပ်ဆောင်နိုင်သလော။ ထိုအရာသည် အချည်းနှီးသာဖြစ်လိမ့်မည်၊ အချည်းနှီး အားထုတ်မှုသာ ဖြစ်လိမ့်မည်။ ထိုသို့သော အခြေအနေတစ်ခုသို့ ရောက်လျှင် အန္တရာယ်များသည် မဟုတ်လော။ သင်၏ စိတ်နှလုံးတွင် မချိတင်ကဲဝေဒနာ မည်မျှ သင်တွေ့ကြုံခံစားရလိမ့်မည်နည်း။ မည်သို့ဆိုစေ ဘုရားသခင်၏ ကောင်းချီးများနှင့် သင်၏ ညီအစ်ကို မောင်နှမများ၏ အကူအညီကို ရရှိရန်အလို့ငှာ မှန်ကန်သည့် လမ်းကြောင်း၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို သင် လျှောက်ရမည်။ သင်၏ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်ခြင်းသည် လမ်းဆုံးတစ်ခုသို့ ဆိုက်ရောက်စေပြီး သမ္မာတရားကို မလိုက်စားသူများသည် နောက်ဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ သင်ဖြည်းဖြည်းချင်း တွေ့ကြုံသည့်အခါ ဤအရာကို သင်စတင်သဘောပေါက်လိမ့်မည်။ သင်တို့၏ ကြိုးပမ်းအားထုတ်မှုများတွင် စိတ်နှလုံးနှင့် ဉာဏ် တစ်လုံးတစ်ဝတည်း ဖြစ်လာသည်အထိ သမ္မာတရား စည်းမျဉ်းများကို သင်တို့ ရှာဖွေရမည်ဖြစ်သည်။ ထိုနောက်တွင်မှ ကြိုးမျှင်များ အတူတကွ ရစ်ပတ်နေသကဲ့သို့ပင် သင်တို့သည် အတူတကွ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်ကြပေသည်။ သဟဇာတဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုရှိသည့်အခါ သင်တို့၏ တာဝန်များကို ကောင်းစွာ သင်တို့ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပေသည်။

၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။