ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏

လူအတော်များများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုသည်နှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန် မည်သည်တို့ကို လုပ်ရမည့် အကြောင်းကိုမူ လူအနည်းငယ်သည်သာ သိနားလည်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ လူများသည် “ဘုရားသခင်” နှင့် “ဘုရားသခင်၏ အမှု” ဟူသော စကားစုများနှင့် ရင်းနှီးသော်လည်း ဘုရားသခင်ကို မသိသောကြောင့် ဖြစ်ပါသည်။ ဘုရားသခင်၏ အမှုကို သူတို့သိရန်မှာ သာ၍ပင် ဝေးပါသေးသည်။ ဘုရားသခင်ကို မသိသောသူများအားလုံးတွင် ရှုပ်ထွေးသော ယုံကြည်မှုတစ်ခု ရှိသည်မှာ မထူးဆန်းပါ။ လူများသည် ဘုရားသခင်ကို အလေးအနက် မယုံကြည်ကြခြင်း အကြောင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအမှုသည် သူတို့နှင့် အလွန်ပင်စိမ်းနေပြီး အလွန်ထူးဆန်းဖွယ်ရာ ဖြစ်နေသောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် သူတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိတော့။ တစ်နည်းအားဖြင့်ဆိုသော် လူများသည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို မသိပါက ၎င်းတို့သည် ဘုရားသခင်အတွက် အသုံးမဝင်ဘဲ ဘုရားသခင်၏ အလိုကို ပြည့်အောင်ဖြည့်ခြင်းမှာ ပို၍ပင် မဖြစ်နိုင်ချေ။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိကြောင်းကို ယုံကြည်ခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရိုးရှင်းဆုံး အယူအဆပင် ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါး ရှိကြောင်း ယုံကြည်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းနှင့် မတူပါ၊ ဆိုရလျှင် ယင်းမှာ ခိုင်မာသော ဘာသာရေး အငွေ့အသက်ပါသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အရာအားလုံးအပေါ် ဘုရားသခင်၏ အာဏာ တည်ကြောင်းကို ယုံကြည်သည့်အပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို တွေ့ကြုံခံစားခြင်း ဖြစ်သည်။ သင်၏ ဖောက်ပြန်သော စိတ်သဘောထားမှ ကင်းလွတ်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုကို ပြည့်စေနိုင်မည့်အပြင် ဘုရားသခင်ကိုလည်း သိလာမည်ဖြစ်သည်။ ဤခရီးလမ်းအတိုင်း သွားမှသာ ဘုရားသခင်ကို ယုံကြည်သည်ဟု သင်ဆိုနိုင်ပါမည်။ သို့သော် လူအများက ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါး ကိစ္စသာဖြစ်သည်ဟု မြင်တတ်ကြသည်။ ထိုသို့သော လူများ၏ ယုံကြည်မှုမှာ အဓိပ္ပာယ်ကင်းမဲ့ပြီး ဘုရားသခင်ထံမှ အတည်ပြုခြင်းကို မည်သည့်အခါမျှ ရမည် မဟုတ်ပါ။ အကြောင်းမှာ သူတို့သည် လမ်းမှားတွင် လျှောက်နေသောကြောင့် ဖြစ်ပါသည်။ အနှစ်သာရ ကင်းမဲ့သည့် အယူဝါဒများတွင် ဘုရားသခင်ကို စကားလုံးများဖြင့်သာ ယုံကြည်နေသူများ ယနေ့တိုင် ရှိနေပါ သည်။ သူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် အနှစ်သာရ မရှိကြောင်းနှင့် သူတို့သည် ဘုရားသခင်၏ အတည်ပြုခြင်းကို မရရှိနိုင်ကြောင်းတို့ကို သူတို့ ဂရုမပြုကြဘဲ ဘုရားသခင်ထံမှ ငြိမ်သက်ခြင်းနှင့် လုံလောက်သော ဆုကျေးဇူးကို ဆုတောင်းနေဆဲ ဖြစ်သည်။ ငါတို့သည် ရပ်တန့်ပြီး မိမိကိုယ်မိမိ မေးသင့်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် လွယ်ကူသောအရာ ဖြစ်နိုင်ပါသလား။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ ဆုကျေးဇူးကို လက်ခံရရှိခြင်းထက် ဘာမျှမပိုဘူးလား။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ ဘုရားသခင်ကို ယုံကြည်သော်လည်း ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ်ဖြည့်ဆည်း နိုင်ပါသလား။

ဘုရားသခင်နှင့် လူတို့ကို တန်းတူ ပြော၍မရပါ။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အမှုသည် အလွန်နက်နဲပြီး လူတို့နားမလည်နိုင်ပါ။ ဘုရားသခင်သည် လူ့လောကတွင် သူ၏အမှုကို ကိုယ်တိုင် မဆောင်ရွက်သလို သူ၏ နှုတ်ကပတ်တော်တို့ကိုလည်း မပြောကြားပါက လူတို့သည် ဘုရားသခင်၏ အလိုကို ဘယ်သောအခါမျှ နားလည်နိုင်လိမ့်မည်မဟုတ်ပါ၊ ထို့ကြောင့်ဘုရားသခင်ကို ဘဝတစ်လျှောက်လုံး ဆက်ကပ်အပ်နှံခဲ့သည့် သူတို့သည်ပင်လျှင် ဘုရားသခင်၏ အတည်ပြုခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ လူသားတို့၏ ဆောင်ရွက်ချက်သည် မည်မျှပင် ကောင်းမွန်စေကာမူ ဘုရားသခင်၏အမှု မပါဝင်ပါက အရာမရောက်ပါ။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်များသည် လူတို့၏ စိတ်ကူးအကြံများထက် အမြဲ မြင့်မားနေမည် ဖြစ်ပြီး ဘုရားသခင်၏ ဉာဏ်ပညာကို လူတို့ နားလည်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို “ရှင်းလင်းစွာ သိသည်” ဆိုသူများမှာ အရည်အချင်းမရှိ၊ သူတို့အားလုံးသည် စိတ်ကြီးဝင်၍ ပညာမဲ့သူများ ဖြစ်သည်ဟု ငါဆိုသည်။ လူသားတို့သည် ဘုရားသခင်၏ အမှုကို ကောက်ချက်မချသင့်ပါ၊ သည့်အပြင် လူသားတို့သည် ဘုရားသခင်၏ အမှုကို ကောက်ချက်ချနိုင်စွမ်းမရှိပါ။ ဘုရားသခင်၏အမြင်တွင် လူသားတို့သည် ပုရွက်ဆိတ်ထက်ပင် သေးငယ်ပေသေးသည်။ သို့ဖြစ်လျှင် လူသားတို့သည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ “ဘုရားသခင်က ဒီလိုမလုပ်ဘူး သို့မဟုတ် ဟိုလို မလုပ်ဘူး” သို့မဟုတ် “ဘုရားသခင်က ဒီလိုပဲ သို့မဟုတ် ဟိုလိုပဲ” ဟု စဉ်ဆက်မပြတ် ပြောဆိုနေကြသူများ ရှိသည်။ သူတို့အားလုံး စိတ်ကြီးဝင်နေခြင်း မဟုတ်ပါလော။ အသွေးအသားဖြင့် တည်ဆောက်ထားသော လူများ အားလုံးကို စာတန်ဖျက်ဆီးထားကြောင်းကို ငါတို့အားလုံး သိသင့်သည်။ ဘုရားသခင်ကို ဆန့်ကျင်ရန်မှာ သူတို့၏သဘာဝဖြစ်ပြီး သူတို့သည် ဘုရားသခင်နှင့် တန်းတူရည်တူ မဟုတ်ရုံမက ဘုရားသခင်၏ အမှုအား သူတို့က လမ်းညွှန်အကြံပြုခြင်းမှာ ပို၍ပင် မဖြစ်နိုင်ပါ။ လူသားတို့ကို ဘုရားသခင်က မည်သို့ ဦးဆောင်လမ်းပြသည် ဆိုသည်မှာ ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ဖြစ်ပါသည်။ လူသားဆိုသည်မှာ ဖုန်မှုန့်သာ ဖြစ်သည့်အတွက် လူသားတို့သည် ထိုကဲ့သို့သောအမြင်ကို ကိုင်စွဲမထားသင့်ဘဲ ကျိုးနွံနာခံသင့်ပါသည်။ ဘုရားသခင်ကို ရှာဖွေရန် ငါတို့ ကြိုးစားသောကြောင့် ဘုရားသခင်၏ ဆင်ခြင် သုံးသပ်မှုအတွက် ဘုရားသခင်၏ အမှုအပေါ် ငါတို့၏ အယူအဆများကို ထည့်သွင်းခြင်း မပြုသင့်ပါ။ အနည်းဆုံး ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ရည်ရွယ်ကြိုးစားသည့် ငါတို့၏ ဖောက်ပြန်သော စိတ်သဘောထားကို ငါတို့ အသုံးမပြုသင့်ပါ။ ယင်းက ငါတို့ကို အန္တိခရစ်များ မဖြစ်စေဘူးလား။ ထိုသို့သောသူများက ဘုရားသခင်ကို ယုံကြည်ပါသည်ဟု အဘယ်ကဲ့သို့များ ပြောနိုင်ပါလိမ့်။ ဘုရားသခင်တစ်ပါး ရှိသည်ဟု ငါတို့ ယုံကြည်ပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းလျက် ဘုရားသခင်ကို တွေ့မြင်လိုသည့်အတွက် ငါတို့သည် သမ္မာတရားလမ်းကို ရှာဖွေသင့်ပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်မည့် နည်းလမ်းတစ်ခုကို ရှာဖွေသင့်သည်။ ငါတို့သည် ဘုရားသခင်ကို ခေါင်းမာစွာဖြင့် မဆန့်ကျင်သင့်ပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မည်သည့် ကောင်းခြင်းများ ရရှိသနည်း။

ယနေ့ ဘုရားသခင်ထံတွင် အမှုသစ်ရှိပါသည်။ ဤစကားများကို သင်လက်ခံချင်မှ လက်ခံပေလိမ့်မည်၊ သင့်အတွက် ထူးဆန်းသည်ဟု ခံစားရနိုင်သည်၊ သို့သော် သင်၏ သဘာဝကို ထုတ်ဖော်ပြသခြင်း မပြုရန် ငါအကြံပြုသည်။ အကြောင်းမှာ ဘုရားသခင် ရှေ့တွင် ဖြောင့်မတ်မှုကို အမှန်တကယ် ဆာငတ်သော သူများသာလျှင် သမ္မာတရားကို ရရှိနိုင်မည်ဖြစ်သည်။ အမှန်တကယ် ရိုသေကိုင်းရှိုင်းသူများသာ ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြပို့ဆောင်ခြင်းကို ရရှိနိုင်ပါသည်။ အငြင်းအခုံများမှ တစ်ဆင့် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် မည်သည့်အရာမျှ ရရှိလာမည်မဟုတ်ပါ။ တည်ငြိမ်စွာ ရှာဖွေမှ သာလျှင် ရလဒ်များကို တွေ့ရှိပါလိမ့်မည်။ “ယနေ့ ဘုရားသခင်ထံတွင် အမှုသစ်ရှိသည်” ဟု ငါပြောသောအခါ ဘုရားသခင် လူသားအဖြစ်သို့ ပြန်လည် ကြွရောက်ခြင်းကို ငါရည်ညွှန်းသည်။ ဤစကားများကို သင်အလေးမထားခြင်း၊ စက်ဆုပ်ရွံရှာခြင်း၊ သို့မဟုတ် အလွန်စိတ်ဝင်စားခြင်းတို့ ဖြစ်ကောင်းဖြစ်မည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင် ကြွရောက်ခြင်းကို အမှန်တကယ် တောင့်တသူတို့အားလုံး ဤအချက်ကို ရင်ဆိုင်နိုင်ပြီး သေသေချာချာ စဉ်းစားရန် ငါမျှော်လင့်သည်။ ချက်ချင်းအမြန် ဆုံးဖြတ်ချက်မချလိုက်ဖို့ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ဤသည်မှာ ပညာရှိသူတို့ လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ပါသည်။

ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန် လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာက သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ ကြည့်ပြီး ဘုရားသခင်၏ အနှစ်သာရကို မကြည့်ပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။ အပြင်ပန်းပုံသဏ္ဌာန်သည် အနှစ်သာရကို မတိုင်းတာနိုင်ပါ၊ ထို့ပြင် ဘုရားသခင်၏ အမှုသည် လူတို့၏ အယူအဆနှင့် ဘယ်သောအခါမျှ သဘောချင်း ကိုက်ညီမည် မဟုတ်ပါ။ ယေရှု၏ အပြင်ပန်း ပုံသဏ္ဌာန်သည် လူတို့၏ အယူအဆများနှင့် ကွဲပြားခဲ့သည် မဟုတ်ပါလား။ ယေရှု၏ သွင်ပြင်နှင့် အဝတ်အစားသည် သူသည် အမှန်တကယ် မည်သူမည်ဝါ ဖြစ်ကြောင်းကို သဲလွန်စပေးနိုင်ခြင်း မရှိခဲ့ဘူး မဟုတ်လား။ အစောပိုင်းက ဖာရိရှဲများက ယေရှုကို ဆန့်ကျင်ခြင်း အကြောင်းရင်းမှာ သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ပြီး သူပြောသော စကားများကိုမူ နှလုံးမသွင်းခဲ့ကြခြင်းကြောင့် မဟုတ်ပါလား။ ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကို ရှာဖွေကြသော ညီအစ်ကို မောင်နှမများသည် သမိုင်းထဲက အဖြစ်ဆိုးလို ထပ်မံမဖြစ်ကြစေရန် ငါမျှော်လင့်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ အဖြစ် ဘုရားသခင်ကို ကားတိုင်တွင် ရိုက်ထားသူများ ထပ်မံ မဖြစ်ပါစေနှင့်။ သင်တို့သည် ဘုရားသခင် ပြန်လည်ကြွလာခြင်းကို မည်သို့ ကြိုဆိုရန် သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံအပ်နှံထားသည့် သူတစ်ဦး မည်သို့ဖြစ်ရန် ကြည်လင်သောစိတ်ထား ရှိသင့်ပါသည်။ ဤသည်မှာ သခင်ယေရှုသည် မိုးတိမ်များနှင့်အတူ ပြန်လည်ကြွမြန်းလာမည်ကို စောင့်ကြိုနေသည့် လူတိုင်း၏ တာဝန်ဖြစ်ပါသည်။ ငါတို့၏ ဝိညာဉ် မျက်စိကို ပွတ်သပ်ကြည့်သင့်ပြီး စိတ်ကူးယဉ် စကားလုံးများ၏ သားကောင်ဘဝသို့ မကျရောက်သင့်ပါ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ လုပ်ဆောင်မှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ စစ်မှန်သည့်ဘက်ကို ကြည့်သင့်သည်။ စိတ်ကူးယဉ်မှုများတွင် သင်တို့ကိုယ်သင်တို့ ပျောက်ဆုံး ဝေးလွင့်မသွားပါစေနှင့်၊ သူ့ကို ဘယ်သော အခါကမျှ မသိခဲ့ဖူး သို့မဟုတ် မမြင်ဖူးရုံမက သူ၏ အလိုကို မည်သို့ဆောင်ရွက်ရမည်ကို မသိသော သင်တို့အား ဆောင်ယူရန် သခင်ယေရှုသည် သင်တို့အကြားသို့ မိုးတိမ်ပေါ်မှ ရုတ်တရက် ကြွရောက် ဆင်းသက်လာမည့်နေ့ကို အမြဲတမ်း စောင့်စားမနေပါနှင့်။ လက်တွေ့ကျသော ကိစ္စများအကြောင်း တွေးတော ကြည့်ရသည်မှာ ပိုကောင်းသည်။

သုတေသနလုပ်ရန် ရည်ရွယ်ချက်၊ သို့မဟုတ် လက်ခံရန် ရည်ရွယ်ချက်ဖြင့် ဤစာအုပ်ကို သင်ဖွင့်ခဲ့ခြင်း ဖြစ်နိုင်သည်။ မည်သို့သော သဘောနှင့်ဖြစ်စေ စာအုပ်ကို အလွယ်တကူ ဘေးမချထားဘဲ အဆုံးအထိ သင်ဖတ်လိမ့်မည်ဟု ငါမျှော်လင့်ပါသည်။ ဤစာများကို ဖတ်ပြီးနောက် သင့်သဘောထား ပြောင်းလဲကောင်း ပြောင်းလဲလာလိမ့်မည်၊ သို့သော် ယင်းမှာ သင်၏ကြံရွယ်မှုနှင့် သင်၏ နားလည်ခြင်း အတိုင်းအတာအပေါ် မူတည်သည်။ သို့သော် သင်သိသင့်သည့် အချက်တစ်ချက် ရှိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသားတို့၏ စကားကဲ့သို့ ပြောရန် မဖြစ်နိုင်ပါ။ လူသားတို့၏ စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် ပြောရန် ပိုဝေးပါသည်။ ဘုရားသခင် အသုံးပြုသောသူသည် ဘုရားသခင် လူ့ဇာတိအဖြစ် ခံယူထားသူ မဟုတ်ပါ။ လူ့ဇာတိအဖြစ်ကို ခံယူထားသော ဘုရားသခင်သည်လည်း ဘုရားသခင် အသုံးပြုသောသူ မဟုတ်ပါ။ ဤတွင် အနှစ်အသာရအားဖြင့် ကွဲပြားမှုတစ်ခု ရှိပါသည်။ ဤစာများကို ဖတ်ပြီးနောက် ယင်းတို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဟု သင်လက်မခံဘဲ ဉာဏ်အလင်းရရှိသူတစ်ဦး၏ စကားများဟုသာ သင်လက်ခံကောင်း လက်ခံနိုင်မည်။ ထိုသို့ဖြစ်လျှင် သင်သည် မသိမှုဖြင့် အလင်းကွယ်နေသူဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်များနှင့် ဉာဏ်အလင်းရရှိသူတစ်ဦး၏ စကားတို့မှာ အဘယ်ကဲ့သို့ တူနိုင်ပါမည်နည်း။ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို စတင် ဖော်ဆောင်ကာ လူသားထု တစ်ရပ်လုံးကို လမ်းညွှန်ခြင်း၊ နက်နဲသောအရာများကို ဖော်ထုတ်ခြင်းနှင့် ခေတ်သစ်တစ်ခုတွင် လူသားများကို ရှေ့ဆောင်လမ်းပြ ပြုခြင်းတို့ကို လုပ်ဆောင်ပါသည်။ သို့သော် လူသားအနေဖြင့် ဉာဏ်အလင်းရရှိခြင်းသည် ရိုးရှင်းသော အလေ့အကျင့် သို့မဟုတ် ဗဟုသုတပြည့်စုံခြင်းသာ ဖြစ်ပါသည်။ ယင်းက လူသားထု တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုဆီသို့ လမ်းညွှန်နိုင်ခြင်းမရှိပါ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်နှင့် ပတ်သက်သော နက်နဲသောအရာကို ဖော်ထုတ်နိုင်ခြင်းမရှိပါ။ နောက်ဆုံးမှာတော့ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားသည် လူသားဖြစ်သည်။ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူတွင် လူသားအနှစ်သာရရှိသည်။ ဘုရားသခင် ပြောစကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်အလင်းရရှိခြင်းအဖြစ်သာ ရှုမြင်ပြီး တမန်တော်များနှင့် ပရောဖက်များ၏ စကားကို ဘုရားသခင်မှ ကိုယ်တိုင်ပြောသော စကားများအဖြစ် မှတ်ယူပါက၊ လူသည် မှားယွင်းပြီ။ မည်သို့ပင်ဖြစ်စေ သင်သည် အမှန်မှ အမှားသို့၊ သို့မဟုတ် အမြင့်မှ အနိမ့်သို့၊ သို့မဟုတ် လေးနက်မှုမှ ပေါ့တန်မှုသို့ ပြောင်းမသွား သင့်ပါ၊ မည်သို့ပင်ဖြစ်စေ အမှန်ဖြစ်သည်ဟု သင်သိထားသော အရာကို တမင်သက်သက် ငြင်းဆိုခြင်း ဘယ်သောအခါမျှ မပြုလုပ်သင့်ပါ။ ဘုရားသခင်တစ်ပါးရှိသည်ဟု ယုံကြည်သူတိုင်းသည် ဤပြဿနာကို မှန်ကန်သောရှုထောင့်မှ စဉ်းစားသင့်ပြီး ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ဘုရားသခင်၏ အမှုသစ်နှင့် နှုတ်ကပတ်တော်များကို လက်ခံသင့်သည်။ သို့မဟုတ်ပါက ဘုရားသခင် ပယ်ရှင်းခြင်းကို ခံရပေမည်။

ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင် ယေရှုသည် မိမိ၏အလုပ်ကို လုပ်ဆောင်ရန် လူသားများ ကြားထဲသို့ လူသားအဖြစ် ကြွလာခဲ့သည်။ သူ၏ အလုပ်ကို သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ပါ၊ သို့သော် ယေဟောဝါ၏ အလုပ်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထိုနည်းတူ ယေရှု၏အမှု ပြီးမြောက် ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏ အလုပ်ကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှု တစ်ခုလုံးသည် ရှေ့သို့ ဆက်လက်လုပ်ဆောင်မြဲ ဖြစ်သော ကြောင့်တည်း။ ခေတ်ဟောင်း ကုန်ဆုံးပြီးနောက် ခေတ်သစ်တစ်ခု အစားထိုး ဝင်ရောက်လာလိမ့်မည်။ အမှုဟောင်း စုံလင်သည်နှင့် အမှုသစ်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုကို ဆက်လက် လုပ်ဆောင် ပါလိမ့်မည်။ ဤသည်မှာ ယေရှု၏ အမှုပြည့်စုံခြင်းနောက် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ကြွလာခြင်း ဖြစ်သည်။ ဟုတ်ပါသည်၊ လူ့ဇာတိအဖြစ် ကြွလာခြင်းသည် သီးခြားဖြစ်လာခြင်း မဟုတ်ဘဲ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု တတိယအဆင့် ဖြစ်ပါသည်။ ဘုရားသခင့်အမှု၏ အဆင့်သစ်တိုင်းသည် အသစ်သော အစပြုခြင်းနှင့် ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းလာသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု လုပ်ဆောင်ရာနေရာနှင့် သူ၏ နာမတော်တို့သည်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပါသည်။ လူသားတို့အဖို့ ခေတ်သစ်ထဲတွင် ဘုရားသခင်၏ အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ် မရှိပါ။ သို့သော် လူသားတို့အနေဖြင့် သူ့ကို မည်သို့ပင် ဆန့်ကျင်စေကာမူ ဘုရားသခင်သည် မိမိ၏ အလုပ်ကို လုပ်မြဲဖြစ်ပြီး လူသားမျိုးနွယ် တစ်ခုလုံးကို ရှေ့သို့ အမြဲဦးဆောင်နေသည်။ ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိအဖြစ်ကို ခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိအဖြစ် ကြွလာချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေခဲ့သည်။ ဘုရားသခင်၏ လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံယူရမည် ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့ အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။

အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက်နေထိုင်ပါက ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန်ပင် မဆိုထားနှင့်၊ သူတို့သည် သူတို့၏ ဖောက်ပြန်သော စိတ်သဘောထားမှ ဘယ်သောအခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်ပါ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြား အမြဲနေထိုင်သော်လည်း ဘုရားသခင်ကို သိရန်နှင့် အလိုကို ပြည့်စုံစေမည့် အသက်လမ်းကို မရရှိပါက သူတို့သည် သူ့ကို ယုံကြည်သော်လည်း သူ့ကို အမှန်တကယ် ပိုင်ဆိုင်ခွင့်ကို ဘယ်သောအခါမျှ ရကြမည်မဟုတ်ပါ။ မည်မျှ သနားစရာကောင်းသော ယုံကြည်မှုမျိုးတည်း။ ဤစာအုပ်ကို သင်ဖတ်ပြီးသည့်အခါ၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် လူ့ဇာတိအဖြစ် ကြွပြီး လုပ်ဆောင်သော အမှုအဆင့်တိုင်းကို သင်တွေ့ကြုံပြီးချိန်တွင် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရသော မျှော်လင့်ချက်များသည် နောက်ဆုံးတွင် တကယ် ဖြစ်ပေါ်လာကြောင်း သင်ခံစားရပေမည်။ ယခုမှသာ ဘုရားသခင်ကို မျက်နှာချင်းဆိုင် မြင်တွေ့ရပြီ၊ ယခုမှသာ ဘုရားသခင်၏ မျက်နှာတော်ကို ဖူးတွေ့ရပြီ၊ ဘုရားသခင်၏ အသံကို ကိုယ်တိုင်ကြားရပြီ၊ ဘုရားသခင့် အမှု၏ ဉာဏ်ပညာကို တွေ့ကြုံခံစားရပြီ၊ ဘုရားသခင်သည် မည်မျှစစ်မှန်ပြီး အနန္တဘုန်းတန်ခိုးနှင့် ပြည့်စုံကြောင်းကို အမှန်သိရပြီဟု သင်ခံစားရလိမ့်မည်။ ယခင်ခေတ်ကလူများ မမြင်ခဲ့ဖူး သို့မဟုတ် မပိုင်ဆိုင်ခဲ့ဖူးသည့် အရာများစွာကို သင်ပိုင်ဆိုင်ရပြီဟု သင်ခံစားသိလိမ့်မည်။ ဤအချိန်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်မှုအကြောင်းတို့ကို ရှင်းရှင်းလင်းလင်း သိလိမ့်မည်။ ဟုတ်ပါသည်၊ အတိတ်၏ မြင်ကွင်းများကို သင်တွယ်ဖက်ထားပြီး ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ခံယူသည့်အချက်ကို သင်ပစ်ပယ်လျှင် သို့မဟုတ် ငြင်းပယ်လျှင်၊ သင်သည် လက်ဗလာဖြင့် ဘာမျှမရရှိဘဲ နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ် ရှိပေမည်။ သမ္မာတရားကို နာခံပြီး ဘုရားသခင်၏ အမှုကို နာခံသောသူသည် ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမအောက်တွင် အကျုံးဝင်လိမ့်မည်။ သူတို့သည် ဘုရားသခင်၏ ကိုယ်တိုင်လမ်းညွှန်မှုကို လက်ခံရလိမ့်မည်၊ ပိုသာပြီး ပိုမြင့်သော သမ္မာတရားကို ရပြီး စစ်မှန်သော လူသားဘဝကို ရလိမ့်မည်။ သူတို့သည် ယခင်ခေတ်ကလူများ မမြင်ဖူးသည့် ရူပါရုံကိုလည်း ရှုမြင်ကြရမည်၊ “ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကို မြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက် ခုနစ်လုံးကို၎င်း၊ ထိုမီးခွက် ခုနစ်လုံး အလယ်၌ လူသားတော်နှင့်တူသော သူတစ်ဦးကို၎င်း မြင်၏။ ထိုသူသည် ခြေသို့တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော် သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော် သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။” (ဗျာဒိတ်ကျမ်း ၁:၁၂-၁၆) ဤရူပါရုံမှာ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းသည် ယခုအချိန်တွင် လူ့ဇာတိအဖြစ်ကို သူခံယူသည့်အခါ ဘုရားသခင်၏ အမှုကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ ပြစ်ဒဏ်ပေးခြင်းနှင့် စီရင်ခြင်း လုပ်ငန်းစဉ်များတွင်၊ လူသားတော်သည် သူ၏ ပင်ကိုစိတ်သဘောထားကို မိန့်ကြားသော စကားများဖြင့် ဖော်ပြပါသည်။ ယောဟန် တွေ့မြင်ခဲ့သော လူသားတော်မျက်နှာ၏ သစ္စာရှိသော မျက်နှာပင် ဖြစ်သည့် မိမိ၏ မျက်နှာအမှန်ကို မိမိ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူအားလုံး မြင်တွေ့စေပါသည်။ (ဤအရာအားလုံးကို နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ အမှုကို လက်မခံသော သူများ မြင်လိမ့်မည်မဟုတ်သည်မှာ သေချာလှပါသည်။) ဘုရားသခင်၏ မျက်နှာအစစ်ကို လူသားတို့၏ စကားလုံးများဖြင့် အပြည့်အဝ ရှင်းလင်းပြောဆို နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ မျက်နှာအစစ်ကို လူသားတို့ကို ပြသရန်အတွက် မိမိ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသားတော်၏ ပင်ကိုစိတ်သဘောထားကို ကြုံတွေ့ခဲ့ဖူးသောသူများ အားလုံးသည် လူသားတော်၏ မျက်နှာအစစ်ကို ဖူးမြင်ခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် အလွန် ကြီးမြတ်ပြီး လူသားတို့၏ စကားလုံးများဖြင့် အပြည့်အဝ ရှင်းလင်းပြောဆိုနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ အမှုအဆင့်ဆင့်ကို တွေ့ကြုံပြီးသည်နှင့် မီးတိုင်များအကြားရှိ လူသားတော်ဟု ပြောသည့်အခါတွင် ယောဟန် စကားများ၏ ဆိုလိုရင်း အစစ်အမှန်ကို သူသိပေလိမ့်မည်၊ “ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော် သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော် ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။” ထိုအချိန်တွင် စကားများစွာ မိန့်ခဲ့သော ဤသာမန်လူသားသည် လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာသော ဘုရားသခင် အမှန်ပင် ဖြစ်ကြောင်းကို သံသယကင်းစွာ သင်သိလိမ့်မည်။ ထို့ပြင် သင်မည်မျှ ကောင်းချီးခံရကြောင်း ခံစားရလိမ့်မည်ဖြစ်ပြီး ကံအကောင်းဆုံးသော သူဖြစ်သည်ဟု သင့်ကိုယ်သင် ခံစားရလိမ့်မည်။ ဤကောင်းချီးကို သင်လက်မခံလိုဘဲ ရှိလိမ့်မည်လော။

ဤစာအုပ်၏ ပထမပိုင်းသည် အသင်းတော်များထံသို့ ပြောကြားသော ဝိညာဉ်တော် စကားများ ဖြစ်ပါသည်။ ဤစကားတော်များသည် ကျေးဇူးတော်ခေတ်အဆုံးမှသည် နိုင်ငံတော်ခေတ်အစဆီသို့ အကူးအပြောင်းကို ကိုယ်စားပြုပြီး လူသားမှ အသင်းတော်များသို့ မိန့်ကြားသော ဝိညာဉ်တော်၏ အများပြည်သူသို့ သက်သေခံချက် ဖြစ်ပါသည်။ ယင်းတို့သည် ဗျာဒိတ်ကျမ်းပါ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ” ဟူသည့် စကားများကို ပြည့်စုံစေခြင်းလည်း ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင် စတင်လုပ်ဆောင်သည့် အမှုဖြစ်သည်။ ဤစာအုပ်၏ ဒုတိယပိုင်းမှာ လူသားတော်က မိမိကိုယ်ကို တရားဝင် ထုတ်ဖော်ပြီးနောက် ကိုယ်တော်တိုင် မိန့်တော်မူခဲ့သည့် စကားတော်များ ဖြစ်ပါသည်။ ယင်းတွင် အသံ အမျိုးမျိုးနှင့် ပရောဖက်ပြု စကားများကဲ့သို့သော စကားများ၊ နက်နဲသော အရာများ၏ ဖွင့်ပြချက်နှင့် အသက်လမ်းအကြောင်းတို့ ပြည့်စုံစွာ ပါဝင်ပါသည်။ နိုင်ငံတော်၏ အနာဂတ်အတွက် ဟောကိန်းများ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်မှ နက်နဲသောအရာများ၏ ဖွင့်ပြချက်များ၊ လူသားသဘာဝ၏ စိတ်ဖြာ လေ့လာ ဆွေးနွေးချက်များ၊ တွန်းအားပေးချက်များနှင့် သတိပေးချက်များ၊ ပြင်းထန်သော တရားစီရင်ချက်များ၊ လှိုက်လှဲသော နှစ်သိမ့်ရာစကားများ၊ အသက်အကြောင်း၊ အဝင်လမ်းအကြောင်း ဟောပြောချက်များ စသည် တို့ ပါဝင်ပါသည်။ အတိုချုပ်အားဖြင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ စိတ်သဘောထားတို့ကို သူ၏ အမှုနှင့် စကားများတွင် အားလုံးဖော်ပြထားပါသည်။ ဟုတ်ပါသည်၊ ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိ ခံယူသောအခါ၊ သူ၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးပြီး လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။ ခေတ်သစ်ဆီသို့ သင်ဝင်ရောက်လိုပါသလား။ ဖောက်ပြန်သော စိတ်သဘောထားမှ သင့်ကိုယ်သင် ရုန်းထွက် လိုပါသလား။ ပိုမို မြင့်မားသော သမ္မာတရားကို သင်ရလိုပါသလား။ လူသားတော်၏ မျက်နှာအစစ်ကို သင်မြင်တွေ့လိုပါသလား။ တန်ဖိုးရှိသောဘဝတွင် သင်ရှင်သန်လိုပါသလား။ သင့်အား ဘုရားသခင်၏ ပြည့်စုံအောင် လုပ်ခြင်းကို သင်လိုချင်ပါသလား။ ထိုသို့ဆိုလျှင် ယေရှုပြန်လာခြင်းကို သင်မည်သို့ ကြိုဆိုမည်နည်း။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားမှာ “အနေနှင့်” ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။