လူနှင့် ဘုရားသခင်ကြားက ဆက်ဆံရေးကို ပြုပြင်ဖို့ အရေးကြီး၏ (အပိုင်း တစ်)
ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ထူထောင်ရာတွင် အရေးအကြီးဆုံးသောအရာမှာ သူ၏ နှုတ်ကပတ်တော်များကို မည်သို့ သဘောထားရမည်ဟူသည့် ကိစ္စတစ်ခု ဖြစ်သည်။ ဘုရားသခင် မည်သည့်ပုံစံဖြင့် စကားပြောသည်ဖြစ်စေ၊ မည်သည့်အကြောင်းအရာနှင့် ပတ်သက်၍ သို့မဟုတ် မည်သည့်အတိုင်းအတာထိ ဘုရားသခင် စကားပြောသည်ဖြစ်စေ၊ အမှန်တရားမှာ သူ ပြောသမျှသည် လူသားအလိုအပ်ဆုံးသော အရာ၊ နားလည်သင့်သည့်အရာနှင့် ၎င်းတို့ ဖြည့်ဆည်းခံရသင့်သည့်အရာ ဖြစ်သည်။ ထို့အပြင် ဘုရားသခင် ပြောဆိုသည့် စကားများသည် လူ၏ ပင်ကိုစွမ်းရည်နှင့် သက်ဆိုင်သော လူသား ဉာဏ်နှင့် လူသားအတွေးက အလှမ်းမီသည့်အတွင်းတွင် လုံးလုံးလျားလျား ရှိ၏။ ယင်းတို့သည် လူသားအတွက် နားလည်နိုင်စရာနှင့် သဘောပေါက်နိုင်စရာ ဖြစ်လေသည်။ ဘုရားသခင် မည်သည့်အရာကို ပြောဆို၊ လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းမှာ လူတစ်ဦး၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခြင်းဖြစ်စေ၊ အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများ သို့မဟုတ် ပတ်ဝန်းကျင်များနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စီစဉ်မှုဖြစ်စေ၊ လူ၏ ပင်ကိုစွမ်းရည် အတိုင်းအတာ သို့မဟုတ် ၎င်းတို့အတွေး၏ နယ်ပယ်ကို မကျော်လွန်ပေ။ ထိုအစား တိကျ၊ စစ်မှန်ပြီး လက်တွေ့ကျသည်။ လူတစ်ဦးသည် ထိုအရာကို နားမလည်နိုင်ပါက ၎င်းတို့နှင့် ပတ်သက်၍ ပြဿနာ ရှိပေသည်။ ၎င်းတို့အနေဖြင့် အလွန့်အလွန် ညံ့ဖျင်းသော အစွမ်းအစရှိသည့်သဘော ဖြစ်၏။ မည်သို့ဆိုစေ ဘုရားသခင်၏ စကားပြောပုံနှင့် သဘောထား၊ သူ၏စကားအတွက် လှုံ့ဆော်မှုနှင့် လူကို သူ ထောက်ပံ့သည့် နှုတ်ကပတ်တော်များအားလုံးသည် ဘုရားသခင်ကို ယုံကြည်သူများ နားလည်ရမည့် အရာများသာဖြစ်ပြီး အားလုံးက လူသားအဖို့ နားလည်နိုင်ဖွယ်ဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို စကားပြောနေပြီး သူ ပြောသည့်အရာမှာ လူသား ဘာသာစကားဖြစ်ကာ သူ၏ ဤစကားများကို ဖော်ပြရာတွင် မတူကွဲပြားသည့် အတွေးများနှင့် ရှုထောင့်အမြင်များ၊ မတူညီသည့် စာတတ်မြောက်ကျွမ်းကျင်မှု အဆင့်များ၊ မတူကွဲပြားသည့် ပညာရေးနှင့် မိသားစုနောက်ခံရှိသော လူများအားလုံးက သဘောပေါက်၊ နားလည်နိုင်ရန်အလို့ငှာ သူသည် တတ်နိုင်သမျှ လူသားများ သုံးနိုင်ပြီး နားလည်ရန်လွယ်သော အရပ်သုံး ဘာသာစကားနှင့် ဝေါဟာရအစုံဖြင့် ဖော်ပြကာ ပံ့ပိုးပေးသောကြောင့် ဖြစ်သည်။ ဘုရားသခင် ပြောဆိုသည့် ဤစကားများအားလုံးတွင် သင် နားလည်သင့်သည့် တစ်စုံတစ်ရာရှိ၏။ သူ၏ စကားများတွင် နက်နဲလွန်းသောအရာ သို့မဟုတ် စိတ်ကူးသက်သက် ဖြစ်လွန်းသောအရာ မည်သည့်အရာမျှ မရှိ၊ လူက အနက်ကို နားမလည်နိုင်သည့် မည်သည့်စကားမျှ မရှိပေ။ တစ်စုံတစ်ဦးသည် အစွမ်းအစတစ်ခုခု ပိုင်ဆိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့အပေါ် အာရုံစိုက်သရွေ့ ၎င်းတို့သည် သမ္မာတရားအပေါ် သိနားလည်မှုတစ်ခု စွမ်းဆောင်ရရှိနိုင်ပြီး သူ၏ ရည်ရွယ်ချက်များကို သဘောပေါက်နိုင်ပေသည်။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် သူ့ထံမှလာသော်လည်း ဖော်ပြရန် သူ အသုံးပြုသည့် ဘာသာစကားပုံစံများ၊ ယင်းတို့၏ သီးခြား စကားအသုံးအနှုန်းအထိ အားလုံးက လူသားဆန်၏။ ယင်းတို့သည် လူ့ဘာသာစကား၏ အကန့်အသတ် အတိုင်းအတာကို မစွန့်ခွာပေ။ ဘုရားသခင်သည် သူ၏ စကားများကို ပြောဆိုရန် မည်သည့်ပုံစံကို အသုံးပြုသည်ဖြစ်စေ၊ စကားပြောရန် မည်သည့် နည်းစနစ် သို့မဟုတ် လေသံကို သူ အသုံးပြုသည်ဖြစ်စေ၊ သူ၏ စကားအသုံးအနှုန်းသည် အနောက်တိုင်းမှဖြစ်စေ၊ အရှေ့တိုင်းမှဖြစ်စေ၊ ရှေးခေတ် လူ့ဘာသာစကားဖြင့် သူ ပြောဆိုသည်ဖြစ်စေ၊ ခေတ်သစ်လူ့ဘာသာစကားဖြင့် ပြောဆိုသည်ဖြစ်စေ၊ သူ၏ စကားတွင် လူသားမျိုးနွယ် နားမလည်နိုင်သည့် သို့မဟုတ် လူသားမဆန်သည့် ဘာသာစကားတစ်ခုတလေ ရှိသလော။ (မရှိပါ။) ယနေ့ထက်ထိ မည်သည့်အရာကိုမျှ မည်သူကမျှ မတွေ့သေးချေ။ “ယင်းမှာ မမှန်ပါ။ ‘ဖြောင့်မတ်ခြင်း’ နှင့် ‘ဘုန်းအာနုဘော်’ ကဲ့သို့သော စကားနှစ်ခွန်းကို ကျွန်ုပ် ရှာတွေ့သည်”ဟု ဆိုသောသူ အချို့ရှိ၏။ “ဖြောင့်မတ်ခြင်း”နှင့် “ဘုန်းအာနုဘော်” တို့သည် ဘုရားအနှစ်သာရ၏ သွင်ပြင်လက္ခဏာနှင့် ပတ်သက်သည့် ဖော်ပြချက်နှစ်ခု သို့မဟုတ် ပြောဆိုချက်နှစ်ခု ဖြစ်သော်လည်း ဤစကားများသည်လည်း လူသားများကြားတွင် ခေတ်စားနေသည် မဟုတ်လော။ (ခေတ်စားပါသည်။) ဤစကားနှစ်ခွန်းအပေါ် သင်၏ သိနားလည်မှု မည်မျှတာသွားသည်ဖြစ်စေ၊ အနည်းဆုံး ယင်းတို့၏ အခြေခံအကျဆုံး၊ မူရင်းအဖြစ်ဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အဘိဓာန်တွင် သင် ရှာတွေ့နိုင်ပြီး ထိုမူရင်းအဖြစ်ဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ဘုရားသခင်၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ထိုသို့သော ပေါင်းစပ်မှုဖြင့် စကားလုံးများသည် လူသားတို့အဖို့ သာ၍ ခိုင်လုံလာပြီး စိတ်ကူးယဉ်သက်သက် မဟုတ်တော့ပေ။ ယင်းကို အချက်အလက်များနှင့်ဆိုင်သည့် ရှည်လျားသည့် ရှင်းလင်းဖော်ပြချက်များ၊ ဘုရားနှုတ်ကပတ်တော်များရှိ ဤစကားလုံးများနှင့်ဆိုင်သည့် ရှင်းလင်းချက်မှတ်စုများ၊ ရှင်းပြချက်များနှင့် ချိတ်ဆက်လော့။ ပြီးလျှင် ယင်းတို့သည် လူအားလုံးအတွက် တိုး၍ ခိုင်လုံသည်၊ သာ၍ ပုံရိပ်ထင်ရှားသည်၊ သာ၍ စစ်မှန်သည်၊ လူတို့ သိသင့်သည့် ဘုရားသခင်၏ အနှစ်သာရ၊ အရာအားလုံး၊ ဖြစ်ခြင်းတို့နှင့် သာ၍ နီးသည်ထက် နီးလာပေသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားကဲ့သို့သော အရာများနှင့် ပတ်သက်သည့် ဝေါဟာရနှင့် ဖော်ပြချက်တို့သည် သင်တို့အဖို့ စိတ်ကူးသက်သက် ဖြစ်ပုံမရ၊ နက်နဲသည့်ပုံမရပေ။ သို့ဆိုလျှင် ငါ့ကို ပြောလော့။ လူ၏ ပုံမှန် လက်တွေ့လုပ်ဆောင်မှု၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် သမ္မာတရား စည်းမျဉ်းများပါဝင်သော ဤသမ္မာတရားများတွင် စိတ်ကူးသက်သက် ဖြစ်သည့်အရာ တစ်ခုတလေ ရှိသလော။ (မရှိပေ။) တစ်ဖန် စိတ်ကူးသက်သက်ဖြစ်သည့်အရာ တစ်ခုမျှ မရှိပေ။
ငါသည် စတင်၍ ငါ၏ နှုတ်ကပတ်တော်များကို ဖော်ပြပြီး တရားဒေသနာများ ဟောကြားကတည်းက သမ္မာတရားကို သင်တို့ သာ၍ ကောင်းစွာ နားလည်နိုင်ရန်အလို့ငှာ သမ္မာတရားနှင့် ပတ်သက်၍ တရားဟောရန်နှင့် မိတ်သဟာယပြုကာ ထိုသမ္မာတရား စည်းမျဉ်းများကို ဆွေးနွေးရန် လူသား ဘာသာစကား၊ လူသားများက နားလည်နိုင်သည့်၊ ထိတွေ့ဆက်ဆံနိုင်ပြီး သဘောပေါက်နားလည်နိုင်သည့် ဘာသာစကားကို အသုံးပြုရန် အဆုံးစွန် အားထုတ်မှု ငါ ပြုလုပ်ပြီး ဖြစ်သည်။ ဤသည်မှာ သာ၍ လူသားဆန်သည့် လုပ်နည်းကိုင်နည်းတစ်ခု မဟုတ်လော။ သင်တို့အတွက် ဤအရာ၏ အကျိုးကျေးဇူးမှာ အဘယ်နည်း။ သာ၍များသည့် သမ္မာတရားကို သင်တို့အား သာ၍ ကောင်းစွာ နားလည်စေသည်။ ဤသို့စကားပြောရာတွင် ငါ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်တို့အား သာ၍ ကြွယ်ဝဆန်းစုံသော၊ သာ၍ ထွေပြားသော ဘာသာစကားကို ကြားသိစေရန် ထောက်ကူပြီးနောက် သမ္မာတရားကို သိနားလည်ရန် လူတို့အတွက် သာ၍ လွယ်ကူစေဖို့ ထွေပြားသော ဘာသာစကားကို အသုံးပြုနိုင်စေရန်နှင့် ထိုအရာမှာ ငြီးငွေ့ဖွယ်ဖြစ်သည်ဟု ၎င်းတို့ မခံစားရစေရန် အလို့ငှာ ဖြစ်သည်။ သမ္မာကျမ်းစာ၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းတို့၏ ဘာသာစကားမျိုးစုံသည် ဓလေ့သုံးစကား ပြောဖြစ်ရုံမျှသာ ဖြစ်သည်မှာ လူတို့သည် တစ်ချက်ကြည့်ကာ အချို့သော စကားလုံးများက သမ္မာကျမ်းစာနှင့်အညီဖြစ်ကြောင်း၊ သမ္မာကျမ်းစာမှလာကြောင်း ပြောနိုင်ကြပေသည်။ ဤစကားလုံးများတွင် အမှတ်အသား သို့မဟုတ် ပုံဆောင်ချက် တစ်စုံတစ်ရာ ရှိ၏။ ငါလုပ်ဆောင်သည့်အရာမှာ ဤဘာသာစကားသည် ကျမ်းစာဆိုင်ရာ ဓလေ့သုံးစကားထက် ကျော်လွန်သည်ဟု မြင်နိုင်ကြရန်အလို့ငှာ ယနေ့ခေတ် ဘာသာစကား၏ ပုံစံများနှင့် သုံးနှုန်းပုံတို့တွင် အမွှမ်းတင်သည့် အင်္ဂါရပ်များမရှိစေရန် ကြိုးပမ်းခြင်း ဖြစ်သည်။ ဘုရားစကား၏ ပါဝင်သည့် အကြောင်းအရာနှင့် လေသံတို့မှနေ၍ ယင်း၏ ရင်းမြစ်နှင့် ကျမ်းစာတွင် ဘုရားသခင် ပြောဆိုသည့် စကားများသည် တစ်ခုတည်းဖြစ်ပုံရသည်ကို လူတို့ မြင်နိုင်သော်လည်း ယင်းသည် ကျမ်းစာကို ကျော်လွန်ကြောင်း၊ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတို့ကို ကျော်လွန်ကာ ထောင်စုနှစ်များတစ်လျှောက် ဝိညာဉ်ရေးရာပြည့်ဝသည့် လူများအားလုံး အသုံးပြုသော ဝိညာဉ်ရေးရာ ဝေါဟာရထက်ပင် သာ၍ မြင့်မားသွားကြောင်းကို ယင်း၏ အသုံးအနှုန်းတွင် ၎င်းတို့ မြင်နိုင်ပေသည်။ ထို့ကြောင့် ယခု ဘုရားသခင် ပြောဆိုသည့်အရာများထဲတွင် မည်သည့် ဝေါဟာရများ ရှိသနည်း။ ယင်းတို့ထဲမှ အချို့မှာ လူတို့ မကြာခဏ အသုံးပြုသည့် အပြုသဘောဆောင်သော လက်သင့်ခံဖွယ် ဘာသာစကား ဖြစ်သော်လည်း သူ၏ အခြားသော စကားလုံးအချို့နှင့် ဘာသာစကားတို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ကာ ဖော်ပြရန် သာ၍ သင့်တော်ပေသည်။ စာပေ၊ တေးဂီတ၊ အက၊ ဘာသာပြန်ခြင်း စသည်တို့နှင့် ဆက်စပ်သည့် အချို့သော အထူးပြုထားသည့် အရာများလည်းရှိ၏။ ဤသည်မှာ ၎င်းတို့၏ တာဝန် သို့မဟုတ် ၎င်းတို့၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ် မည်သည့်အရာဖြစ်ပါစေ ငါ ပြောဆိုသည့် သမ္မာတရားများသည် တကယ့်ဘဝနှင့် ၎င်းတို့ ထမ်းဆောင်သည့် တာဝန်တို့နှင့် အတွင်းကျကျ ဆက်နွှယ်ကြောင်း၊ ပြီးလျှင် ယင်း၏ သွင်ပြင်လက္ခဏာတစ်ခုတလေရှိ သမ္မာတရားနှင့် လူတို့၏ တကယ့်ဘဝများ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သည့် တာဝန်များကြားတွင် မဆက်စပ်သည့်အရာ တစ်ခုမျှ မရှိကြောင်းတို့ကို မည်သူ့ကိုမဆို ခံစားခွင့်ပေးရန် ရည်ရွယ်ပေသည်။ သို့ဆိုလျှင် ဤသမ္မာတရားများသည် သင်တို့အဖို့ ကြီးမားသည့် အထောက်အကူ ဖြစ်သလော။ (ဖြစ်ပါသည်။) ထိုသို့သော အရာများအကြောင်းကို ငါ အရေးမစိုက်သကဲ့သို့ ဘာသာပြန်ခြင်း၊ ရုပ်ရှင်၊ အနုပညာ၊ စာရေးသားခြင်း၊ ဂီတတို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်သော အရာတစ်ခုခုကို တိကျပြတ်သားစွာ ရှောင်ရှားပြီး ထိုသို့သော စကားလုံးများကို မည်သည့်အခါတွင်မျှ မသုံးသကဲ့သို့ တမင်တကာ ရှောင်ရှားပါက ငါ၏ အလုပ်ကို ငါ ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ ထိုသို့ဖြစ်ပါက ထိုအလုပ်၏ တစ်စိတ်တစ်ပိုင်းကို လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်ဦးမည် ဖြစ်သော်လည်း သင်တို့နှင့် ဆက်သွယ်ပြောဆိုရန်မှာ အပတ်တကုတ် ကြိုးစားအားထုတ်ရပေမည်။ ထို့ကြောင့် ထိုသို့သော ဘာသာစကားကို လေ့လာကာ ကျွမ်းကျင်ပိုင်နိုင်ရန် ဒုက္ခများကို ငါ ခံယူ၏။ တစ်ချက်မှာ ဤအရာက သင်၏ အတတ်ပညာဆိုင်ရာ အလုပ်၏ သဘောတရားနှင့် စည်းမျဉ်းများနှင့် ပတ်သက်၍ သင့်ကို ကူညီနိုင်သည်။ နောက်တစ်ချက်မှာ ဤနယ်ပယ်များတွင် သင်၏ တာဝန်ကို သင် ထမ်းဆောင်သည့်အခါ ယင်းက သင်၏ တာဝန်များ ပါဝင်သည့် အတတ်ပညာဆိုင်ရာအလုပ်သည် သမ္မာတရားနှင့် အဆက်ပြတ်ခြင်း မရှိသည်ကို သင့်အား ခံစားရစေသည်။ သင်၏ အထူးပြုမှု မည်သည့်အရာဖြစ်စေ၊ သင် အားသန်သည့်အရာ မည်သည့်အရာဖြစ်စေ၊ သင် လေ့လာသည့် အတတ်ပညာ မည်သည့်အရာဖြစ်စေ ဤစကားများကို သင် ဖတ်ရှုကာ နားလည်နိုင်ပြီး ယင်းတို့က သင်၏ တာဝန်ကို လုပ်ဆောင်နေစဉ်တွင် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းနှင့်ဆိုင်သော ရည်မှန်းချက်ကို ရရှိရန် သင့်အား ထောက်ကူပေးသည်။ ဤသည်မှာ ကောင်းသည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းသည့်အရာတစ်ခု ဖြစ်၏။ သို့ဆိုလျှင် ထိုသို့သော ကောင်းမွန်သည့် ရလဒ်ကို မည်သို့ ရရှိနိုင်သနည်း။ ဤသည်မှာ ဘုရားသခင်သည် သူ၏ လူ့သဘာဝ၌ အချို့သောအရာများကို ပိုင်ဆိုင်ရန် လိုအပ်ပေသည်။ သို့ဆိုလျှင် ထိုအရာများမှာ မည်သည့်အရာများ ဖြစ်သနည်း။ ငါ့အနေဖြင့် ထိုသို့သောအရာကို ကြိုးစားရန်နှင့် ထိုအရာများကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာရန် မလိုအပ်သော်လည်း လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန် လူ့သဘာဝသည် အမျိုးမျိုးသော အထူးပြုချက်များအကြောင်းကို အနည်းငယ် နားလည်ရပေမည်။ ဤသည်မှာ ငါသည် သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုပြီး ဘုရားသခင်အဖို့ သက်သေခံသည်နှင့်အမျှ နယ်ပယ်အားလုံးမှ အသိပညာကို အသုံးပြုနိုင်ရန်အလို့ငှာသာ ဖြစ်သည်။ ဤအရာက မည်သည့်နယ်ပယ်မှ လူတို့ကိုမဆို ဘုရားအိမ်တော်၏ သက်သေခံချက်များအပြင် ယင်း၏ အမျိုးမျိုးသော ရုပ်ရှင်ရိုက်ကူးထားသည့် လက်ရာများကို နားလည်ကာ အသိအမှတ်ပြုခွင့်ပေး၏။ ယင်းမှာ ဧဝံဂေလိတရား ဖြန့်ဝေခြင်း အလုပ်အတွက် အင်မတန် အကျိုးပြုလေသည်။ သမ္မာတရားအကြောင်း မိတ်သဟာယပြုရန် ဘုရားအိမ်တော်၏ ဘာသာစကားကိုသာ ငါ သုံးပြီး လူမှုအဖွဲ့အစည်း၏ အမျိုးမျိုးသော၊ အထူးပြု နယ်ပယ်များ၏ ဘာသာစကားနှင့် အသိပညာတစ်ခုမျှ အသုံးမပြုပါက ရလဒ်များက အလွန် ညံ့ဖျင်းပေမည်။ ထို့ကြောင့် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် မည်သည့်အရာကို ငါ စွမ်းဆောင်ရရှိရမည်နည်း။ အတတ်ပညာဆိုင်ရာ အသိပညာ ဘွဲ့ဒီဂရီအချို့ ရှိရမည်၊ ယင်းမှာ တစ်ခါတစ်ရံ တေးသီချင်းများ ငါ နားထောင်ရသည့် အကြောင်းရင်း၊ သတင်းများ ကြည့်ရှုသည့် အကြောင်းရင်း၊ မဂ္ဂဇင်းများ ဖတ်ကာ အခါအားလျော်စွာ သတင်းစာများ ဖတ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ရံဖန်ရံခါဆိုသလို ဘာသာတရားမရှိသူများ၏ အရေးကိစ္စအချို့ကိုလည်း ငါ အလေးဂရုပြု၏။ ဘာသာတရားမရှိသူများ၏ အရေးကိစ္စများတွင် မတူကွဲပြားသော အရာများစွာပါဝင်ပြီး ၎င်းတို့၏ ဘာသာစကားအချို့သည် ဘုရားအိမ်တော်တွင် မရှိချေ။ သို့ရာတွင် ထိုဘာသာစကားကို တရားဒေသနာများ၏ ဘာသာစကားအဖြစ် အသုံးပြုပါက၊ ရံဖန်ရံခါတွင် ယင်းသည် အလွန် ထိရောက်ကာ သင့်ကို ကူညီလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်မှုလမ်းကြောင်းက ကျယ်ပြန့်သည်၊ ငြီးငွေ့ဖွယ် သို့မဟုတ် စိတ်မဝင်စားဖွယ်ရာ မဟုတ်ဟု သင့်ကို ခံစားစေလိမ့်မည်။ ဤသည်မှာ သင့်အဖို့ ကြီးမားသည့် အကူအညီဖြစ်လိမ့်မည် ဖြစ်ပြီး ယင်းမှ အသုံးဝင်သည့်အရာ အချို့ကို သင် သင်ယူသင့်၏။ သင်တို့အများစုသည် မိမိတို့၏ သင်ယူမှုတွင် အောင်မြင်လိမ့်မည် မဟုတ်သော်လည်း လုံလောက်သည့် အစွမ်းအစရှိသူတို့သည် အသုံးဝင်သည့်အရာအချို့ကို သင်ယူနိုင်လိမ့်မည်။ ယင်းက ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ထမ်းဆောင်မှုအား အကျိုးပြုလိမ့်မည်ဖြစ်သည်။ ငါ မည်သည့်အရာမျှ လုပ်ဆောင်ရန် မရှိသည့်အခါ သတင်းကြည့်ရှုခြင်းနှင့် တေးဂီတနားထောင်ခြင်းအားဖြင့် အမှုအရာ အနည်းငယ်ကို သာမန်ကာလျှံကာ သင်ယူသည်။ ယင်းမှာ အထူး အားထုတ်မှု မလိုအပ်ပေ။ ငါ၏ အားလပ်သည့် အချိန်ကို အမှုအရာများ သင်ယူခြင်း၊ ကြည့်ရှုခြင်း၊ နားထောင်ခြင်းဖြင့်သာ ကုန်ဆုံးပြီး မရည်ရွယ်ဘဲနှင့် ထိုအရာများထဲမှ အနည်းငယ်ကို ငါ ကျွမ်းကျင်ပိုင်နိုင်လေသည်။ ဤအရာများအပေါ် ငါ၏ ကျွမ်းကျင်ပိုင်နိုင်မှုသည် အလုပ်အပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်လော။ တစ်စက်မျှ မသက်ရောက်ပေ။ အမှန်တွင် ထိုသို့ ငါ လုပ်ဆောင်ရန် လိုအပ်၏။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဧဝံဂေလိ ဖြန့်ဝေခြင်းတို့အတွက် အကျိုးပြုလေသည်။ ဤကိစ္စများကို သင်တို့ထံ ငါ မိတ်သဟာယပြုရာတွင် ငါ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင် ပြောဆိုသည့် ဤစကားများသည် သင်တို့အဖို့ နားလည်ရန် လွယ်သင့်ကြောင်း၊ ယင်းတို့အားလုံးသည် သဘောပေါက်နားလည်နိုင်စရာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသင့်ကြောင်း ဖြစ်ပေသည်။ အနည်းဆုံးအနေဖြင့် ထိုအရာများသည် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် တစ်စုံတစ်ရာ ဖြစ်ပေသည်။ ဤအရာများက လူ့သဘာဝ ပိုင်ဆိုင်သင့်သည့် အရာများဖြစ်သည်ဟု ငါ ပြောသည့်အခါ၊ ဘုရားသခင်က သူ၏ အမှုတော်ကို လုပ်ဆောင်ကာ သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြသည့်အခါ ယင်းတို့ကို သူ၏ လူ့သဘာဝမှတစ်ဆင့် စီမံနှင့်ပြီးသားဖြစ်သည်ဟု ငါ ဆိုလိုပေသည်။ “စီမံသည်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဥပမာအားဖြင့် ယင်းမှာ တလင်းနယ်ခံရပြီး ဂျုံမှုန့် ဖြစ်အောင် အမှုန့်ကြိတ်ပြီးနောက် ပေါင်မုန့်၊ ကိတ်မုန့်များနှင့် ခေါက်ဆွဲများအဖြစ် ဖန်တီးခံရသည့် ဂျုံစပါးကဲ့သို့ ဖြစ်သည်။ စီမံခံရပြီးနောက်တွင် ဤအရာများကို သင်တို့ထံ ပေးထားခြင်းဖြစ်ကာ နောက်ဆုံးတွင် သင်တို့ သုံးဆောင်သည့်အရာမှာ အပြီးသတ်ထုတ်ကုန်တစ်ခု၊ ပြင်ဆင်ထားသည့် အစားအစာတစ်ခု ဖြစ်သည်။ ဤတွင် သင်တို့၏ ကဏ္ဍသည် အဘယ်နည်း။ ယနေ့ ဘုရားသခင် ပြောဆိုသည့် စကားများကို အလုံးစုံ မြန်နိုင်သမျှမြန်မြန် စားသောက်ရန် ဖြစ်သည်။ ယင်းတို့ကို သာ၍ စားသောက်လော့၊ သာ၍ လက်ခံကာ တွေ့ကြုံလော့၊ နည်းနည်းချင်း အစာခြေကာ စုတ်ယူလော့။ ယင်းတို့ကို သင်တို့၏ အသက်၊ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုအဖြစ်သို့ ပြောင်းလဲပြီး ဘုရားနှုတ်ကပတ်တော်များ သင်၏ နေ့စဉ်အသက်တာနှင့် သင် ထမ်းဆောင်သည့် တာဝန်တို့ကို စိုးမိုးခွင့်ပေးလော့။ ဘုရားသခင် ပြောဆိုသည့် စကားများအားလုံးသည် လူသားမျိုးနွယ်၏ ဘာသာစကားဖြင့်ဖြစ်ကာ အရန်သင့်နားလည်ရသော်လည်း ယင်းတို့အတွင်းရှိ သမ္မာတရားကို မည်သည့်နည်းနှင့်မျှ နားလည်ရန် သို့မဟုတ် ဝင်ရောက်ရန် မလွယ်ကူပေ။ ဘာသာစကားသည် နားလည်ရန် လွယ်ကူသော်လည်း သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းသည် အဆင့်များစွာရှိသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာ ပြောဆိုပြီး လူကို မျက်မှောက်ခေတ်ထိတိုင် ဆောင်ကြဉ်းပြီးဖြစ်ကာ သူပြောဆိုသည့် စကားတိုင်းသည် သင်တို့၌ နည်းနည်းချင်း ပြည့်စုံနေသကဲ့သို့ သူ ဖော်ပြသည့် သမ္မာတရားအပြင် သမ္မာတရားထဲသို့ လူတို့ ဝင်ရောက်ကာ ကယ်တင်ခြင်း လမ်းကြောင်းပေါ် စတင်သည်နှင့်အမျှ ၎င်းတို့ကို လမ်းပြသည့် လုပ်ထုံးလုပ်နည်းမှာလည်း သင်တို့၌ အတော်လေး ရှင်းလင်းစွာနှင့် သိသာစွာ အမှန်တကယ် ဖြစ်လာပြီး နည်းနည်းချင်း ပြည့်စုံနေပေသည်။ ထိုသို့သော ရလဒ်များသည် သင့်ထံတွင် နည်းနည်းချင်း ပေါ်လွင်လာသည်။ ဤအရာတွင် စိတ်ကူးသက်သက် ဖြစ်သည့်အရာ မည်သည့်အရာမျှမရှိပေ။ ယခုအခါတွင် ဘုရားနှုတ်ကပတ်တော်များကို သူ၏ လူ့သဘာဝမှတစ်ဆင့် မည်သို့ စီမံထားသည်ဆိုသည်ကို အလေးဂရုမပြုဘဲနေကြပါစို့။ ထိုလုပ်ငန်းစဉ်ကို စစ်ဆေးရန် မလိုအပ်ပေ။ ထိုအရာ၌ လူ၏ လေ့လာမှုက မထိုးထွင်းနိုင်သည့် နက်နဲမှုတစ်ခု ရှိ၏။ သမ္မာတရား သင် လက်ခံရဖို့ကိုသာ အရေးစိုက်လော့။ ဤသည်မှာ အမြော်အမြင်အရှိဆုံး ရွေးချယ်မှုနှင့် အမှန်ကန်ဆုံး သဘောထား ဖြစ်၏။ အမှုအရာများကို အမြဲ စစ်ဆေးလိုစိတ်ရှိခြင်းတွင် အကျိုးရှိသည့်အရာ လုံးဝ မရှိပေ။ အချိန်နှင့် အားထုတ်မှု ဖြုန်းတီးခြင်း ဖြစ်၏။ သမ္မာတရားမှာ သိပ္ပံပညာအားဖြင့် ရှာဖွေတွေ့ရှိရန်မပြောနှင့်၊ လေ့လာမှုမှတစ်ဆင့် ရရှိသည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားသခင်က တိုက်ရိုက် ဖော်ပြခြင်းဖြစ်ပြီး အတွေ့အကြုံမှတစ်ဆင့်သာ နားလည်ကာ သိရှိနိုင်ပေသည်။ အကြင်သူသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့်သာ သမ္မာတရားကို ရရှိနိုင်သည်။ အကြင်သူသည် အမှုအရာများကို လေ့လာရန် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုကိုသာ အသုံးပြုသော်လည်း လက်တွေ့မလုပ်ဆောင်သကဲ့သို့ အတွေ့အကြုံမရှိပါက သမ္မာတရားကို မရရှိနိုင်ပေ။ အမှုအရာများကို မစစ်ဆေးခြင်းမှတစ်ပါး မည်သည့်အရာသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အပြုသဘောဆောင်သော သဘောထားတစ်ခု ဖြစ်နိုင်မည်နည်း။ လက်ခံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပေးအယူမလုပ်သည့် ကျိုးနွံနာခံမှုတို့ ဖြစ်သည်။ အမှန်ပင် တစ်ဦးတလေသည် လေ့လာမှုအတွက် အရည်အချင်းအပြည့်မီဆုံးဖြစ်မည်ဆိုပါက ယင်းမှာ ငါပင် ဖြစ်၏၊ သို့တိုင် ငါသည် ထိုသို့ မလုပ်ဆောင်ပေ။ “ဤစကားများသည် မည်သည့်နေရာမှ လာသနည်း။ ငါ့ကို အဘယ်သူ ပြောသနည်း။ ယင်းတို့ကို ငါ မည်သို့ သိရသနည်း။ ယင်းတို့ကို မည်သည့်အချိန်တွင် ငါ သိလာခဲ့သနည်း။ အခြားသူများက ယင်းတို့ကို သိသလော။ ထိုစကားများကို ငါ ပြောသည့်အချိန်တွင် ယင်းတို့က ရလဒ်များ ရလိမ့်မည်လော။ ထိုစကားများမှ မည်သည့်အရာ ဖြစ်လာလိမ့်မည်နည်း။ ငါသည် များစွာသော လူတို့ကို ဦးဆောင်သည်။ လိုချင်သည့် ရလဒ်များကို နောက်ဆုံးတွင် ငါ စွမ်းဆောင်ရရှိခြင်းမရှိပါက၊ ကယ်တင်ခြင်း လမ်းကြောင်းဆီသို့ ၎င်းတို့ကို ငါ ဦးဆောင်ခြင်း မရှိပါက မည်သည့်အရာကို ငါ လုပ်မည်နည်း”ဟု လုံးဝ ငါ မပြောပေ။ ငါ့ကို ပြောလော့။ ဤအရာများသည် စစ်ဆေးသင့်သည့် အရာများဖြစ်သလော။ (မဟုတ်ပါ။) ဤအရာများကို ငါ လုံးဝ မစစ်ဆေးပေ။ ငါ ပြောဆိုရန် ဆန္ဒရှိသည့်အရာတိုင်း သင်တို့ကို ငါ ပြောလိုသည့် မည်သည့်အရာမဆို ငါ တိုက်ရိုက် ပြောဆို၏။ ယင်းကို လေ့လာခြင်းနှင့်ဆိုင်သည့် စိတ်လုပ်ငန်းစဉ်ကို ငါ ဖြတ်သန်းရန် မလိုအပ်ပေ။ ငါ ဆင်ခြင်စဉ်းစားရန် လိုအပ်သမျှမှာ ထိုအရာကို တစ်နည်းနည်းဖြင့် ငါ ပြောဆိုပါက သင်တို့ နားလည်နိုင်ခြင်း ရှိမရှိ၊ သာ၍ ခိုင်လုံစွာ ငါ ပြောဆိုရန် လိုအပ်ခြင်း ရှိမရှိ၊ သာ၍ တိကျသည့် သတင်းအချက်အလက်နှင့် သာ၍ တိကျသည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု သင်တို့ ရရှိမည့်အရာများဖြစ်သော ဥပမာများနှင့် ဇာတ်ကြောင်းများကို ငါ သာ၍ ထောက်ပံ့ပေးရန် လိုအပ်ခြင်းရှိမရှိ၊ ငါ ပြောသည့်အရာကို သင်တို့ နားလည်ပြီးခြင်း ရှိမရှိ၊ ငါ၏ အသုံးအနှုန်း၊ ငါ့စကား၏ ပုံစံနှင့် လေသံ သို့မဟုတ် ငါ၏ သဒ္ဒါ သို့မဟုတ် စကားရပ်အလှည့်အပြောင်းများရှိ တစ်စုံတစ်ရာသည် သင်တို့အား နားလည်မှုလွဲစေခြင်း၊ သို့မဟုတ် အကြံအိုက်စေခြင်း ရှိမရှိ၊ စိတ်ကူးသက်သက်၊ နက်နဲသောအရာ သို့မဟုတ် အနှစ်မဲ့သောအရာအဖြစ် သင်တို့ ခံစားမိသည့် တစ်စုံတစ်ရာ ငါ၏ စကားတွင် ရှိမရှိဆိုသည်တို့ ဖြစ်သည်။ ဤအရာများကိုသာ ငါ စောင့်ကြည့်လေ့လာကာ ဆင်ခြင်စဉ်းစားရန် လိုအပ်သည်။ ကျန်သည့်အရာများကို ငါ မစစ်ဆေးပေ။ အမှုအရာများကို မစစ်ဆေးခြင်းက ငါ့အတွက် ပုံမှန်ဖြစ်သော်လည်း သင်တို့အတွက် ပုံမှန် ဖြစ်သလော။ သင်တို့အတွက် အမှုအရာများကို စစ်ဆေးခြင်းသည် အတော်လေး ပုံမှန်ဖြစ်၏။ မစစ်ဆေးခြင်းက မူမမှန်ခြင်း ဖြစ်ပေမည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူ့သဘာဝ၏ ဗီဇလှုံ့ဆော်မှုနှင့် သဘာဝတို့မှ လာခြင်းဖြစ်၏။ သင်တို့အားလုံးသည် အမှုအရာများကို စစ်ဆေးကြမည်မှာ သေချာသည်။ သို့တိုင် ဤပြဿနာကို ဖြေရှင်းနိုင်သည့် အရာတစ်ခု ရှိ၏။ လူသည် ဘုရားသခင်နှင့် တဖြည်းဖြည်း ဆက်ဆံလာသည်နှင့်အမျှ လူနှင့် ဘုရားသခင်ကြားက ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်ပြီး လူသည် မိမိတို့၏ ရာထူးအဆင့်အတန်းကို သင့်တင့်လျောက်ပတ်စွာ ပြုပြင်ကာ မိမိတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အား သင့်တော်သည့်နေရာ ပေး၏။ သာ၍ ကောင်းမွန်စွာ တိုးတက်သည်နှင့်အမျှ ယခင်ထက် သာ၍ ကောင်းသော ဦးတည်ချက်ဖြင့် လူ၏ သိမြင်မှု၊ အသိပညာ၊ သေချာမှုနှင့် ဘုရားသခင် လုပ်ဆောင်သည့်အရာကို လက်ခံခြင်းတို့သည် အတိုင်းအတာအားဖြင့် နက်သည်ထက် နက်လိမ့်မည်ဖြစ်ပြီး ထိုသို့ဖြစ်သည်နှင့်အမျှ လူ၏ သေချာမှု၊ သိမြင်မှု၊ အသိပညာနှင့် လူ့ဇာတိခံယူခြင်းအား အသိအမှတ်ပြုခြင်းတို့သည်လည်း တိုး၍ နက်ရှိုင်းသွားလိမ့်မည်။ ဤအရာများ နက်သည်ထက် နက်လာသည်နှင့်အမျှ သင်တို့သည် ယခင်ထက် သာ၍ နည်းပါးသည့်နည်းလမ်းများဖြင့် ဘုရားသခင်ကို လေ့လာကာ သံသယထားမှု လျော့နည်းသွားလိမ့်မည်။
လူသည် အဘယ်ကြောင့် ဘုရားသခင်ကို လေ့လာသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွင်းတွင် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ အလွန်များသောကြောင့်၊ မရေရာသော အကြောင်းရင်းများ အလွန်များသောကြောင့်၊ သံသယများ အလွန်များသောကြောင့်၊ ၎င်းတို့ နားမလည်သည့် အရာများ အလွန်များသောကြောင့်၊ နားလည်၍မရနိုင်ဟု ၎င်းတို့ တွေ့ရှိသည့်အရာများ အလွန်များသောကြောင့်၊ နက်နဲမှုများ အလွန်များသောကြောင့် စသည်တို့ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအရာများကို လေ့လာမှုမှတစ်ဆင့် အဖြေရှာရန် ဆန္ဒရှိကြသည်။ ပြင်ပ ဖြစ်ရပ်ကို အသုံးပြုသည့်၊ သင်၏ အထူးပြု အသိပညာ သို့မဟုတ် စိတ်အကဲဖြတ်ခြင်းကို အသုံးပြုထားသည့် သင် ဆောင်ရွက်သည့် မည်သည့် လေ့လာမှုမဆိုသည် သိနားလည်မှုဆီသို့ ဆိုက်ရောက်စေလိမ့်မည် မဟုတ်။ သင်သည် အားထုတ်မှုများစွာ ဖြုန်းတီးမိမည်ဖြစ်ကာ ဘုရားသခင်နှင့် သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်ကို သင် နားလည်လိမ့်ဦးမည် မဟုတ်။ သို့ရာတွင် သမ္မာတရားကို လိုက်စားသောသူတို့အတွက် ရလဒ်များ တွေ့ရှိရန်၊ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သိကျွမ်းမှု ရရှိပြီး ကြောက်ရွံ့ကာ ကျိုးနွံနာခံသည့် စိတ်နှလုံး ဖြစ်ပေါ်ရန် နှစ်အနည်းငယ်မျှသာ ကြာသည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များက လက်တွေ့ကျပြီး အဖြစ်မှန်ဖြစ်သည်ကို မယုံကြည်ကြပေ။ ထို့ကြောင့် ဘုရားသခင်၊ ဘုရားနှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံယူခြင်းကိုပင် လေ့လာရန် ၎င်းတို့ အမြဲ ဆန္ဒရှိကြ၏။ အသက်နှင့် ဝိညာဉ် ကိစ္စရပ်များကို လေ့လာမှုဖြင့် ဖော်ထုတ်မရပေ။ ဤသမ္မာတရားများကို သင် တွေ့ကြုံပြီး သမ္မာတရား လိုက်စားခြင်းနှင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတို့အပေါ် သင်၏ စိတ်ရှိသမျှ၊ အဖိုးအခရှိသမျှနှင့် အလေးထားသမျှတို့ကို ထားရှိသည့် နေ့တစ်နေ့ ရောက်လာသည့်အခါ ကယ်တင်ခြင်း လမ်းကြောင်းပေါ် သင် စတင်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ လူ့ဇာတိခံ ဘုရားသခင်ကို လေ့လာတော့မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သူသည် လူသား သိုမဟုတ် ဘုရား ဟုတ်မဟုတ်ဆိုသည့်ကိစ္စကို ထိုအခါ အဖြေပေးထားပြီး ဖြစ်လိမ့်မည်။ သူ၏ လူ့သဘာဝက မည်မျှ ပုံမှန်ဖြစ်သည်ဖြစ်စေ၊ သူသည် သာမန်လူတို့နှင့် မည်မျှ ဆင်တူသည်ဖြစ်စေ၊ ယင်းမှာ အရေးကြီးတော့မည် မဟုတ်။ အရေးအကြီးဆုံးသောအရာမှာ သင်သည် နောက်ဆုံးတွင် သူ၏ ဘုရား အနှစ်သာရကို ရှာဖွေတွေ့ရှိပြီး ဖြစ်လိမ့်မည်ဖြစ်ကာ သူ ဖော်ပြသည့် သမ္မာတရားများကို နောက်ဆုံးတွင် အသိအမှတ်ပြုလိမ့်မည်။ ထိုအချိန်တွင် ဤလူသည် ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိဖြစ်သည်ဆိုသည့် အချက်ကို သင်၏ စိတ်နှလုံး အတွင်းနက်နက်တွင် သင် လက်ခံပြီး ဖြစ်လိမ့်မည်။ အဖြစ်မှန်အနည်းငယ်၊ လုပ်ငန်းစဉ်အနည်းငယ်၊ အတွေ့အကြုံ အနည်းငယ်ကြောင့်၊ ခလုတ်တိုက်လဲခြင်းနှင့် ကျရှုံးခြင်းမှ သင် သင်ယူပြီးသည့် သင်ခန်းစာအနည်းငယ်ကြောင့်၊ သင်၏ စိတ်ထဲတွင် သမ္မာတရား အနည်းငယ်ကို သင် နားလည်နိုင်လိမ့်မည်ဖြစ်ပြီး သင် မှားခဲ့ကြောင်း ဝန်ခံနိုင်လိမ့်မည်။ ဤလူကို သင် သံသယထားတော့မည် မဟုတ်၊ သို့မဟုတ် လေ့လာတော့မည် မဟုတ်ဘဲ သူသည် လက်တွေ့ကျသည့် ဘုရားသခင်ဖြစ်ကြောင်း၊ ဤသည်မှာ ငြင်းမရနိုင်သည့် အချက်တစ်ခုဖြစ်ကြောင်း ခံစားရလိမ့်မည်။ ထိုအခါ သူသည် ကျိန်းသေပေါက် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်း သင် အလိုအလျောက် လက်ခံပြီး ဖြစ်လိမ့်မည်။ သူ၏ လူ့သဘာဝက မည်မျှ ပုံမှန်ဖြစ်ပါစေ သူသည် သာမန်လူတစ်ဦးကဲ့သို့ စကားပြောကာ ပြုမူပြီး အနည်းငယ်မျှ ထူးခြားခြင်း သို့မဟုတ် ခမ်းနားကြီးကျယ်ခြင်း မရှိသော်လည်း သူ့ကို သင် သံသယရှိလိမ့်မည် မဟုတ်သကဲ့သို့ သူ့အတွက် အထင်သေးခြင်း ရှိလိမ့်မည် မဟုတ်ပေ။ အတိတ်ကာလတွင် လူ့ဇာတိခံ ဘုရားသခင်က သင်၏ အယူအဆများနှင့် ကိုက်ညီသည်ဟု သင် ခံစားခဲ့ရမည် မဟုတ်သကဲ့သို့ သူ့ကို သင် လေ့လာပြီးဖြစ်ကာ အထင်သေး၍ လှောင်ပြောင်နေခဲ့ပြီးဖြစ်မည်၊ စိတ်နှလုံးတွင် အာခံမိပြီးဖြစ်မည်။ သို့ရာတွင် ယနေ့၌ အမှုအရာများ မတူတော့ပေ။ ယနေ့တွင် သူ၏ နှုတ်ကပတ်တော်များကို အလွန်အသေးစိတ်ကျကျ သင် အရသာခံကာ နားထောင်သည်နှင့်အမျှ မတူညီသည့် ရှုထောင့်အမြင်တစ်ခုမှ သူ ဖော်ပြသမျှအားလုံးကို သင် လက်ခံသည်။ ပြီးလျှင် ယင်းသည် မည်သည့် ရှုထောင့်အမြင် ဖြစ်သနည်း။ “ကျွန်ုပ်သည် အဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ခရစ်တော်သည် အရပ်မရှည်ကောင်း မရှည်နိုင်၊ သူ၏ အသံသည် မကျယ်ကောင်း မကျယ်နိုင်သကဲ့သို့ ထူးခြားသည့်အရာတစ်ခုတလေနှင့် မတူကောင်း မတူနိုင်သော်လည်း သူ၏ ပင်ကိုလက္ခဏာသည် ကျွန်ုပ်နှင့် မတူပါ။ သူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ယောက် မဟုတ်ပါ။ သူသည် ကျွန်ုပ်တို့ထဲမှ တစ်ယောက် မဟုတ်ပါ။ ကျွန်ုပ်တို့သည် သူနှင့် အဆင့်အတန်းမတူ၊ တန်းတူ မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ သင်၏ ယခင် ရှုထောင့်အမြင်မှ ဤနေရာတွင် ကွဲပြားမှုတစ်ခုရှိ၏။ ထိုကွဲပြားမှုသည် မည်သို့ ဖြစ်လာသနည်း။ သင်၏ စိတ်ထဲတွင် သင်၏ ကနဦး လက်မခံခြင်းနှင့် အတင်းလုပ်သော လေ့လာမှုမှသည် သူ၏ စကားများကို အသက်အဖြစ်၊ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအဖြစ် လက်ခံခြင်းဆီသို့ သူ့ထံ၌ သမ္မာတရားရှိကြောင်း၊ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ အရိပ်နှင့် သူ့စိတ်သဘောထား ထုတ်ဖော်ချက်တစ်ခု ရှိပုံပေါ်ကြောင်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် အမှုတို့သည် သူ၏ပုဂ္ဂိုလ်တွင် ရှိကြောင်း ခံစားခြင်းဆီသို့ အကူးအပြောင်းတစ်ခု သင် ပြုလုပ်ပေသည်။ ယင်းမှာ သူ့ကို သင် လုံးဝ အသိအမှတ်ပြုကာ လက်ခံပြီး ဖြစ်လိမ့်မည့်အချိန် ဖြစ်သည်။ သူ့အပေါ် သင် ရှိသည့် မည်သည့် တုံ့ပြန်ချက်မဆို၊ သူ့အပေါ် သင်ထားရှိသည့် မည်သည့် သဘောထားမဆိုသည် အဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အလိုအလျောက်ဖြစ်ကာ မှန်ကန်သည့် တုံ့ပြန်ချက်ဖြစ်လာသည့်အခါ ယင်းသည် ဤလူ့ဇာတိဖြင့် လူသားကို ဘုရားအဖြစ် သဘောထားလာနိုင်ကာ သင်၏ မိခင်နှင့် ဖခင်ထံ အဘယ်ကြောင့် သင် မွေးဖွားလာသည် သို့မဟုတ် ၎င်းတို့နှင့် သင် အဘယ်ကြောင့်တူသည်ဆိုသည်ကို သင် လေ့လာမည် မဟုတ်ကဲ့သို့ပင် သူ့ကို လေ့လာရန် သင် အစေခိုင်းခံရလျှင်ပင် နောက်ထပ် လေ့လာတော့မည် မဟုတ်သည့် အချိန် ဖြစ်သည်။ သင်သည် ဤအဆင့်ထိ ရောက်လာပြီးသည့်အခါ ထိုသို့သော အရာများကို လေ့လာခြင်းအား သင် အလိုအလျောက် ရပ်တန့်၏။ ယင်းတို့သည် သင်၏ နေ့စဉ်ဘဝ နယ်ပယ်နှင့် ဆက်နွှယ်သည့် အကြောင်းအရာများ မဟုတ်သကဲ့သို့ အငြင်းပွားဖွယ်ရာများလည်း မဟုတ်တော့ချေ။ ဤအရာများအပေါ် သင်၏ သဘောထားသည် ယင်း၏ ကနဦး၊ ပုံစံသွင်းခံရသည့်အတိုင်း တုံ့ပြန်လုပ်ဆောင်ချက်မှသည် လေ့လာမှုကို အလိုအလျောက် ငြင်းပယ်မှုဆီသို့ ရောက်သွားပြီးဖြစ်ကာ ဤအကြောင်းကြောင့် သင်၏ ဗီဇပြောင်းလဲမှုဖြင့် လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့် လူကမျှ အစားထိုးမရဘဲ အဆင့်အတန်းနှင့် အတိုင်းအတာတွင် ယခင်ထက် သာ၍ မြင့်မားလိမ့်မည် ဖြစ်ကာ ဘုရားသခင်၏ အဆင့်အတန်းနှင့်အတူ သင်၏ စိတ်နှလုံးတွင်ရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်လာလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ထိုအခါ လုံးဝ ပုံမှန် ဖြစ်သွားလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ သင်သည် ဝိညာဉ်ရေးရာနယ်ပယ်ကို မမြင်နိုင်သည့်အပြင် မည်သူကမျှလည်း လုံးဝကို မမြင်နိုင်သောကြောင့် ဝိညာဉ်ရေးရာနယ်ပယ်၏ ဘုရားသခင်သည် အတော်အတန် စိတ်ကူးသက်သက် ဖြစ်လေသည်။ သူ မည်သည့်နေရာတွင် ရှိသည်၊ သူ မည်သည့်အရာနှင့် တူသည်၊ လူသားအပေါ် သူ၏ သဘောထားက မည်သည့်အရာဖြစ်သည်၊ လူနှင့်စကားပြောသည့်အခါ မည်သည့်အမူအရာ သူ ဖြစ်ပေါ်သည်ဟူသည်တို့ကို လူတို့က ဤအရာတစ်ခုမျှ မသိကြချေ။ ယနေ့တွင် သင့်ရှေ့တွင် ရပ်နေသူသည် ဘုရားသခင်ဟု ခေါ်ဝေါ်သည့် ပုံသဏ္ဌာန်နှင့် အသွင်သဏ္ဌာန်ရှိသော လူတစ်ဦးဖြစ်သည်။ အစပထမတွင် သင်၏ အတိုက်အခံလုပ်ခြင်း၊ သံသယ၊ ယူဆချက်များ၊ အထင်လွဲမှုများနှင့် အထင်သေးမှုဖြင့်ပင် သူ့ကို သင် နားမလည်ပေ။ ထို့နောက်တွင် သင်သည် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံကာ ယင်းတို့ကို အသက်နှင့် သမ္မာတရားအဖြစ်၊ သင်၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် သင် လျှောက်လှမ်းသည့် လမ်းကြောင်း၏ ရည်မှန်းချက်နှင့် ဦးတည်ချက်တို့အဖြစ် ဆက်လက်၍ လက်ခံပြီး ထိုနေရာမှနေ၍ သူသည် သင် မမြင်နိုင်သည့် သင့်စိတ်နှလုံးထဲရှိ ဘုရားသခင်၏ ကိုယ်ထင်ပြသည့် ပုံသဏ္ဌာန်တစ်ခု ဖြစ်သည့်အလား ဤရိုးရိုးလူတစ်ဦးကို သင် လက်ခံလေသည်။ ဤအရာကို သင် ခံစားလာရသည့်အချိန်တွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် အနှစ်မဲ့သည့်အရာတစ်ခု ဖြစ်လိမ့်မည်လော။ (မဟုတ်ပါ။) ဖြစ်လိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင်ကို မသဲကွဲသည့်၊ မြင်၍မရသော ပုံသဏ္ဌာန်တစ်ခုအဖြစ် သဘောထားပြီး သူက ဇာတိခန္ဓာတစ်ခု၊ မည်သူကမျှ နှစ်ခါမကြည့်မည့် လူများထဲမှ လူတစ်ဦးဖြစ်လာပြီးသည့်အဆင့်ထိ သူ့ကို သင် စစ်မှန်စေသည့်အခါ သင်သည် သူနှင့်အတူ အဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်တို့၏ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဆဲဖြစ်လျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ဖြစ်နိုင်သလောက် ပုံမှန်ဖြစ်သွားလိမ့်မည်။ ထိုအခါ သူ့ကို သင် မည်သည့်အရာ လုပ်ဆောင်သည်ဖြစ်စေ အခြေခံအားဖြင့် အဖန်ဆင်းခံတစ်ဦးက အလိုအလျောက် ရှိသင့်သည့် တုံ့ပြန်ချက်တစ်ခု ဖြစ်လိမ့်မည်။ သံသယဝင်ရန် သင့်ကို စေခိုင်းလျှင်ပင် သူ့ကို သင် သံသယမဝင်နိုင်သကဲ့သို့ သူ့ကို မလေ့လာနိုင်ပေ။ သင်က “ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့ စကားပြောသနည်း။ သူ၏ အမူအရာသည် အဘယ်ကြောင့် ထိုသို့ ဖြစ်သနည်း။ သူသည် အဘယ်ကြောင့် ထိုကဲ့သို့ ပြုံးပြီး ပြုမူသနည်း”ဟု ဆိုလျက် သူ့ကို လေ့လာရန် ကြိုးစားမည် မဟုတ်ပေ။ ဤအရာများသည် သင့်အတွက် ထိုထက်ပို၍ ပုံမှန်မဖြစ်နိုင်တော့ချေ။ သင်က “ဘုရားသခင်သည် ထိုသို့ဖြစ်ပြီး ထိုသို့ ဖြစ်သင့်သည်။ ဟုတ်သည်။ သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သူနှင့် ကျွန်ုပ်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်ကာ ပြောင်းလဲလိမ့်မည် မဟုတ်ပါ”ဟု မိမိကိုယ်ကို ပြောလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။