မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁) အပိုင်း သုံး
လူ့ဇာတိခံယူခြင်းနှင့်ပတ်သက်၍ လူတို့၏ အယူအဆများအကြောင်း ငါတို့ ယခု မိတ်သဟာယပြုမည်။ လူတို့၌ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍လည်း အယူအဆများစွာ ရှိသည်။ လူတို့သည် လူ့ဇာတိခံယူသည့် ဘုရားသခင်ကို မမြင်တွေ့ဖူးစဉ်တွင် ၎င်းတို့၌ စိတ်ကူးစိတ်သန်း မြောက်မြားစွာ ရှိသည်မဟုတ်လော။ ဥပမာ လူ့ဇာတိခံယူခြင်းက အရာရာကို ရှင်းလင်းစွာ နားလည်သိမြင်သင့်သည်ဟု ထင်ကြသည်။ အတိုချုပ်ဆိုရလျှင် ဘုရားသခင်၏ လူ့ဇာတိခံယူသည့် ဇာတိပကတိသည် တစ်မူထူးခြားစွာ ပြည့်စုံရမည်၊ သူသည် ၎င်းတို့ကဲ့သို့လူမျိုးများထက် ကောင်းလွန်းနေပြီး ချဉ်းကပ်ရန်ခက်ခဲသည်ဟု ထင်ကြသည်။ လူတို့သည် ဘုရားသခင်ကို မတွေ့ဖူးမီက လူတို့၌ရှိသော ဤစိတ်ကူးစိတ်သန်းများမှာ အယူအဆများပင် ဖြစ်ပြီး ယင်းတို့သည် လူတို့၌ရှိသည့် ထိုထိုသော အကဲဖြတ်ချက်များ၊ သို့မဟုတ် အသိပညာ၊ ဘာသာရေး ယုံကြည်ချက်များနှင့် ရိုးရာယဉ်ကျေးမှုပညာများအရ ပေါ်ထွက်လာသည်။ ၎င်းတို့သည် ဘုရားသခင်ကို တွေ့မြင်ပြီးသည်နှင့် တစ်ပြိုင်နက် လူတို့သည် “သို့ဖြစ်၍ ဤသည်မှာ ခရစ်တော် မည်သည့်အရာနှင့် တူညီကြောင်းပင်ဖြစ်၏။ ဤသည်မှာ သူ စကားပြောသည့်ပုံနှင့် ဤသည်မှာ သူ၏ ပင်ကိုစရိုက်က မည်ကဲ့သို့ဖြစ်သည် ဟူသည့်အရာဖြစ်သည်။ သူသည် ကျွန်ုပ်ထင်ခဲ့သည့် အရာနှင့် မည်သို့ကွဲပြားနိုင်မည်နည်း။ ကျွန်ုပ်၏ ဘုရားသည် ဤပုံစံမဖြစ်သင့်ပေ” ဟု ဆိုလျက် အယူအဆသစ်များ ထားရှိကြသည်။ အမှန်တွင် ဘုရားသခင်သည် မည်ကဲ့သို့ဖြစ်ရမည် ဟူသည်ကို လူတို့ လုံးဝမသိသည့်အပြင် ရှင်းပြ၍မရပေ။ လူတို့က ဤအယူအဆများကို အဆက်မပြတ် ထားရှိနေစဉ်တွင် ၎င်းတို့သည် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ သိုထားသည်မှာ မှားသည်၊ ဘုရားသခင်ပြုသော အရာများက မှန်သော်လည်း ယင်းတို့ကို ၎င်းတို့ နားမလည်နိုင်ဆဲဖြစ်သည်ဟု ယုံကြည်လျက် မိမိတို့ကိုယ်ကို အဆက်မပြတ်လည်း ငြင်းပယ်နေကာ ပြုပြင်နေကြသည်။ ၎င်းတို့၏ အယူအဆများက ထပ်တလဲလဲ ပွင့်အံထွက်လာပြီး “ဘုရားသခင် ပြုသောအရာက မှန်သည်။ မည်သည့်အယူအဆကိုမျှ ကျွန်ုပ် မသိုထားသင့်” ဟု စဉ်းစားမိသည်နှင့်အမျှ ၎င်းတို့၏ စိတ်နှလုံးထဲ၌ စစ်ပွဲတစ်ပွဲကို ဆင်နွှဲနေသည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ အယူအဆများကို လုံးလုံးလျားလျား ဘေးဖယ်၍ မထားနိုင်သည့်အပြင် အခိုင်အမာလက်မခံသေးသဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ငြိမ်သက်ခြင်းမရှိပေ။ ၎င်းတို့က “သူသည် လူသားတစ်ဦးလော၊ သို့မဟုတ် ဘုရားဖြစ်သလော။ အကယ်၍ သူသည် ဘုရားဖြစ်လျှင် ဘုရားပုံလည်းမပေါက်။ အကယ်၍ သူသည် လူသားတစ်ဦးဖြစ်လျှင် သူ့အနေဖြင့် သမ္မာတရားမြောက်မြားစွာကို ဖော်ပြရန် ဖြစ်နိုင်မည်မဟုတ်” ဟု စဉ်းစားကြသည်။ ဤတွင် ၎င်းတို့ ပိတ်မိနေတော့သည်။ ၎င်းတို့သည် မိတ်သဟာယဖွဲ့ဖို့ အခြားလူတစ်ဦးကို ရှာတွေ့လိုသော်လည်း ရယ်သွမ်းသွေးခံရမည်ကို သို့မဟုတ် အခြားသူများက ၎င်းတို့ကို ရူးသည်၊ ယုံကြည်ခြင်းကင်းမဲ့သည်၊ သို့မဟုတ် ၎င်းတို့၏ နားလည်မှုက လွဲချော်သည်ဟု အပြောခံရမည်ကို ကြောက်လျက် ယင်းကို ပြောပြဖို့ အခက်တွေ့သဖြင့် ၎င်းတို့လုပ်နိုင်သမျှက မိမိတို့ မည်သို့ခံစားရသည်ကို မျိုသိပ်ရန်သာ ဖြစ်တော့သည်။ မည်သို့ဆိုစေ လူတစ်ဦးက ဘုရားသခင်ကို မြင်ဖူးသည်ဖြစ်စေ မမြင်ဖူးသည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှားမှုများ ထားရှိသရွေ့ ၎င်းတို့၏ နားလည်မှုတွင် ပြဿနာရှိလေသည်။ လူတို့သည် စိတ်နှလုံးထဲနှင့် စကားအားဖြင့် အခိုင်အမာ ယုံကြည်နိုင်ရန် အလို့ငှာ ဘုရားသခင်သည် ဤကိစ္စများနှင့်ပတ်သက်၍ မြောက်မြားစွာသော သမ္မာတရားများကို ရှင်းလင်းစွာနှင့် ပြတ်သားစွာ ဖော်ပြပြီး မိတ်သဟာယဖွဲ့လေသည်။ လူတို့သည် ထိုအခြေအနေမျိုး၌ အယူအဆများနှင့် အထင်လွဲမှားမှုများကို ထားရှိနိုင်စွမ်း ရှိသေးကာ ဤသည်မှာ လွယ်ကူသော ပြဿနာမျိုး နောက်ထပ် မဟုတ်တော့ချေ။ လူအချို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောကြောင့် အယူအဆများ ရှိကြသည်။ လူအချို့က မိမိတို့၏ လွဲချော်သော နားလည်မှုကြောင့် အယူအဆများရှိကြသည်။ ထို့ပြင် လူအချို့သည် သမ္မာတရားကို မချစ်သည့်အပြင် သမ္မာတရားကို လုံးဝ နားမလည်သောကြောင့် အယူအဆများ ထားရှိကြသည်။ မည်သို့ပင်ဖြစ်စေ လူတို့၏ ယုံကြည်ချက်များနှင့် ထင်မြင်ချက်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ အနှစ်သာရတို့နှင့် သဘောချင်းမကိုက်ညီသည့်အပြင် ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်ကို သိခြင်းနှင့် ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံခြင်းမှ ဟန့်တားနေသရွေ့ သို့မဟုတ်ပါက ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ယုံမှားသံသယထားသည့်၊ အထင်လွဲမှားသည့်၊ ငြင်းပယ်ပြီး ခုခံသည့် ထင်မြင်ချက်များနှင့် ရှုထောင့်များ ရှိစေသရွေ့ ဤအရာများအားလုံးမှာ အယူအဆများသာ ဖြစ်ပြီး ယင်းတို့အားလုံးမှာ သမ္မာတရားကို ဆန့်ကျင်လေသည်။
ထို့နောက် သင်တို့ကို မိတ်သဟာယပြုပေးရန်အတွက် ခိုင်လုံသော ဥပမာအချို့ကို အသုံးပြုမည်။ ငါ၏ ဘဝဇာတ်ကြောင်းများကို ကြားဖူးပြီးသော သင်တို့များစွာ ရှိကောင်းရှိမည်။ သင်သည် ဘုရားသခင်ကို ဦးစွာ စတင်ယုံကြည်ခဲ့သောအခါ သို့မဟုတ် သင့်ကိုယ်သင် အခြေအနေတစ်ခုခုထဲ၌ တွေ့ရှိခဲ့ရသောအခါ လူတစ်ဦးဦးက သင့်အား သင့်စိတ်နှလုံးကို စိတ်ခံစားမှုဖြင့် ပြည့်ဝစေသည့် သို့မဟုတ် သင့်အား မျက်ရည်ကျစေသည့် ဇာတ်လမ်းအချို့ကို ပြောကောင်းပြောပြပြီး ဖြစ်မည်။ ဥပမာအနေဖြင့် နှစ်တစ်နှစ်၏ နှစ်သစ်ကူးတွင် ခရစ်တော်သည် သွားရမည့်အိမ်မရှိ၊ လေအေးနှင့် ဆီးနှင်းတို့ကို အံတုလျက် လမ်းမများထက်၌ တစ်ပါးတည်း လျှောက်သွားနေစဉ် အခြားလူတိုင်းက နှစ်သစ်ကူးဆင်နွှဲဖို့ အိမ်ပြန်ကြသည်ဟု လူတစ်ဦးက ပြောပြသည်။ ဤဇာတ်လမ်းကို ကြားရပြီးနောက် လူအချို့သည် အလွန်အမင်း စိတ်လှုပ်ရှားလာပြီး “ဘုရားသခင်အနေဖြင့် ကမ္ဘာပေါ်သို့ လာရောက်နေထိုင်ရသည်မှာ အမှန်တကယ် ခက်ခဲပေသည်။ လူသားမျိုးနွယ်သည် လွန်စွာ ဖောက်ပြန်ပျက်စီးပြီး ၎င်းတို့အားလုံးက ဘုရားသခင်ကို ပစ်ပယ်ကြကာ ထို့အတွက်ကြောင့် ဘုရားသခင်သည် ဤကဲ့သို့ ဒုက္ခရောက်ခြင်းဖြစ်သည်။ ဘုရားသခင်က “မြေခွေးသည် မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ” ဟု မိန့်မြွက်ခဲ့သည်မှာ မှန်ကန်ပုံရသည်။ ဤနှုတ်ကပတ်တော်များက အမှန်တကယ် ဖြစ်လာခဲ့ပြီ။ ဘုရားသခင်သည် အလွန် ကြီးမြတ်ပါတကား” ဟု ဆိုကြသည်။ ၎င်းတို့က ဘုရားသခင်၏ ကြီးမြတ်ခြင်းသည် ဤဇာတ်လမ်းမှ ပေါ်ထွက်လာသည်ဟု ယုံကြည်ကြပြီး ဤသည်မှာ ဤဇာတ်လမ်းမှာ ၎င်းတို့ရေးဆွဲရရှိသည့် ကောက်ချက်ဖြစ်သည်။ ဤဇာတ်လမ်းကို နားထောင်ပြီးနောက် မျက်ရည်ကျသည်အထိ သင် စိတ်ထိခိုက်နေစဉ် ဤကဲ့သို့သော ဇာတ်လမ်းများကို လူတို့ အဘယ့်ကြောင့် နားထောင်လိုသည်ကို သင်တို့ အံ့သြဖူးသလော။ ၎င်းတို့သည် အဘယ့်ကြောင့် ထိုသို့သော ဇာတ်လမ်းများဖြင့် စိတ်လှုပ်ရှားကြသနည်း။ လူတို့၌ ဘုရားသခင်၏ လူ့ဇာတိနှင့်ပတ်သက်၍ အယူအဆတစ်မျိုး ရှိသည်၊ ၎င်းတို့၌ သူ၏ လူ့ဇာတိနှင့်ပတ်သက်၍ သတ်မှတ်ချက်တစ်မျိုး ရှိသည့်အပြင် သူ၏ လူ့ဇာတိအား အကဲဖြတ်ဖို့အတွက် စံနှုန်းတစ်မျိုး ရှိကြသည်။ ဤအယူအဆမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်သည် လူ့ဇာတိခံယူထားသည့် ခန္ဓာကိုယ်ဖြင့် လာပါက သူသည် ဒုက္ခခံရမည် ဟူ၍ဖြစ်သည်။ ဘုရားသခင်က “မြေခွေးသည် မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ” ဟု ဆိုခဲ့သည်။ အကယ်၍ ဤနှုတ်ကပတ်တော်များက အမှန်တကယ် ဖြစ်မလာခဲ့လျှင် လူသား၏ ဘဝအခြေအနေများက ဤကဲ့သို့ မဖြစ်ခဲ့သည့်အပြင် သူက ဤပုံစံအတိုင်း ဒုက္ခမခံခဲ့ဘဲ၊ ထိုအစား ပျော်ရွှင်မှုကို ခံစားခဲ့လျှင် လူတို့က သူ့ကို လေးစားမည်မဟုတ်၊ စိတ်ဓာတ်တက်ကြွမည် မဟုတ်သည့်အပြင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်လိုမည် မဟုတ်၊ နည်းနည်းလေးမျှ ဒုက္ခခံလိုစိတ် ရှိမည် မဟုတ်ပေ။ လူတို့က ဘုရားသခင်သည် ဒုက္ခခံရမည်ဖြစ်ပြီး ဒုက္ခခံခြင်းဖြင့်သာလျှင် သူသည် လူသားမျိုးနွယ်အတွက် စံနမူနာနှင့် စံပြအဖြစ် အစေခံနိုင်မည်ဟု ထင်ကြသည်။ ဘုရားသခင်သည် ကမ္ဘာမြေထဲသို့ ရောက်လာသောအခါ သူသည် ကမ္ဘာလောက၏ ကြီးစွာသော စည်းစိမ်ချမ်းသာနှင့် ရာထူးအဆင့်အတန်းဟူသည့် ထိုအရာများကို ပျော်မွေ့၍မဖြစ်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ကမ္ဘာလောကထဲသို့ အထူးသဖြင့် ဆင်းရဲဒုက္ခခံရန် လာခဲ့ခြင်းဖြစ်ပြီး သူသည် ဒုက္ခခံပြီးနောက်မှသာ လူသားမျိုးနွယ်ကို အာစေးမိသွားစေနိုင်မည်၊ သူ၏ ဒုက္ခခံခြင်းအားဖြင့် စိတ်လှုပ်ရှားပြီး သူ၏နောက်သို့ မလိုက်မီ သူ့ကို လေးစားစေနိုင်မည်ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ ဤအယူအဆမျိုး သိုထားကာ ယင်းအတွက်ကြောင့် ၎င်းတို့က ဤကဲ့သို့သော ဇာတ်လမ်းများကို ခံစားနားလည်နိုင်ပြီး ယင်းတို့ကို လက်ခံဖို့ လွယ်ကူသည်ဟု သိရှိကြခြင်းဖြစ်သည်။ သို့ဆိုလျှင် သင်တို့သည် ဤဇာတ်လမ်း မှန်သည်၊ သို့မဟုတ် မမှန်သည်ကို သိလိုကြသလော။ ယင်းကို မှန်သည်ဟု သင်တို့ မျှော်လင့်သလော သို့မဟုတ် မမှန်ပါဟု မျှော်လင့်သလော။ ဤအရာကို ဖြေဖို့ခက်သည်ဟု မြင်သလော။ အကယ်၍ ယင်းသည် မှန်ကန်လျှင် လူတို့က ယင်းကို ၎င်းတို့၏ကိုယ်ပိုင် အယူအဆများနှင့် များစွာ သဘောချင်းထပ်တူကျသည်ဟု သိရှိကြမည် ဖြစ်သည်။ ယင်းသည် မမှန်ကန်ပါက သင်တို့၏ အနက်ရှိုင်းဆုံးသော စိတ်နှလုံးထဲမှ စံပြသူရဲကောင်းကို ဖျက်ဆီးမည်လော။ ဤအရာက သင်တို့အပေါ်၌ သက်ရောက်မှုရှိမည်လော။ ယင်းသည် သင်တို့အား ရိုက်ချိုးသကဲ့သို့ ဖြစ်မည်လော။ အမှန်တွင် ဤအရာ မှန်သည်၊ သို့မဟုတ် မမှန်သည်မှာ အရေးမကြီးပေ။ မည်သည့်အရာက အရေးကြီးသနည်း။ လူတို့၏ အယူအဆများအား စိစစ်ခြင်း ဖြစ်သည်။ လူ့ဇာတိခံယူထားသည့် ဘုရားသခင်၊ သူ၏အသက်တာ၊ သူ၏ နေထိုင်ရာဝန်းကျင်၊ သူ၏ ဘဝအရည်အသွေးနှင့်အတူ သူ၏ အစားအစာ၊ အဝတ်အစား၊ နေအိမ်နှင့် စီးစရာယာဉ်တို့ကို အကဲဖြတ်ဖို့အတွက် လူတိုင်း၌ အယူအဆနှင့် စံနှုန်းရှိကာ ၎င်းတို့၌ ရှိသည့် ဤအယူအဆမှာ ယခုတွင် ဘုရားရောက်လာသည့်အခါတွင် ဒုက္ခခံရမည်ဟူ၍ ဖြစ်လေသည်။ ထို့အပြင် လူတို့၏ စိတ်နှလုံးထဲတွင် ခရစ်တော်သည် ဧကန်မုချ သြဇာတိက္ကမရှိပြီး ချီးမွမ်းကိုးကွယ်ခြင်း၊ လေးစားကြည်ညိုခြင်း၊ ချစ်ခင်မြတ်နိုးခြင်းနှင့် ထိုက်တန်ရမည် ဖြစ်သည်။ သူသည် အလွန်တရာ လျင်မြန်စွာ စာဖတ်နိုင်ရမည်ဖြစ်ပြီး သူမြင်တွေ့သည့် မည်သည့်အရာကိုမဆို လုံးဝ ပြန်မမေ့ရပေ။ သူ၌ သာမန်လူတို့ မမီနိုင်သည့် တစ်မူထူးခြားသည့် စွမ်းရည်အချို့ရှိပြီး နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကိုပင် ပြုလုပ်နိုင်ရမည်ဖြစ်ကာ ယင်းမှာ လူတို့က သူ၏နောက်သို့လိုက်ကြခြင်းနှင့်လည်းကောင်း၊ “အနန္တတန်ခိုးရှင် ဘုရားသခင်” ဟူသည့် ဂုဏ်ပုဒ်နှင့်လည်းကောင်း ထိုက်တန်စေသည်။ အကယ်၍ လူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများက တကယ့်ဘဝတွင် ပြည့်စုံခဲ့ပါက ၎င်းတို့သည် ၎င်းတို့၏ယုံကြည်ခြင်း၌ အလွန် လှုပ်ရှားတက်ကြွပြီး ယုံကြည်စိတ်ချမှုရှိကြမည် ဖြစ်သည်။ အကယ်၍ ခရစ်တော်သည် အုပ်ချုပ်နေသော အာဏာပိုင်များ၏ လိုက်ဖမ်းခြင်းကို ခံနေရသေးကြောင်း တွေ့ရှိရခြင်းကဲ့သို့သော အမှန်တကယ် ဖြစ်ပျက်သည့် အမှုအရာများသည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် သဘောကွဲလွဲလျှင် လူတို့က “ဘုရားသခင်သည် လိုက်ဖမ်းခြင်းခံရသည့် ဒုက္ခကို ခံစားနေရသည်မှာ ကျွန်ုပ်စိတ်ကူးခဲ့သည့် သူရဲကောင်းနှင့် ကယ်တင်ရှင် မဟုတ်တော့” ဟု စဉ်းစားကြသည်။ ထို့နောက် ၎င်းတို့က ဘုရားသခင်သည် ယုံကြည်ခြင်းနှင့် မထိုက်တန်ဟု တွေးထင်ကြသည်။ ဤအရာကို ၎င်းတို့၏ အယူအဆများက ဖြစ်ပွားစေသည် မဟုတ်လော။ ဤအယူအဆများက မည်ကဲ့သို့ ဖြစ်လာသနည်း။ ကဏ္ဍတစ်ခုမှာ ယင်းတို့သည် လူတို့၏ စိတ်ကူးစိတ်သန်းများမှ ထွက်ပေါ်လာကာ အခြားကဏ္ဍမှာ လူတို့ကို ကျော်ကြားပြီး မြင့်မြတ်သော လူတို့၏ ပုံရိပ်များက လွှမ်းမိုးထားခြင်း ဖြစ်ကာ ယင်းက ၎င်းတို့ကို ဘုရားသခင်အပေါ် မမှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ထားရှိစေသည်။ လူတို့က ကျော်ကြားပြီး မြင့်မြတ်သော လူတို့၏အသက်တာများမှာ ရိုးစင်းသည်၊ ထိုသူတို့အတွက် သွားပွတ်တံတစ်ချောင်းက နှစ်ပေါင်း ၂၀ မှ ၃၀ ထိ ခံနိုင်ကာ အဝတ်တစ်ထည်တည်းကို ပြန်ပြင်ပြီး တစ်သက်ပတ်လုံးပင် ဝတ်ဆင်နိုင်သည်ဟု ထင်မှတ်ကြသည်။ ကျော်ကြားပြီး မြင့်မြတ်သော လူအချို့က မည်သည့်အရာကိုမဆို အလေအလွင့်မဖြစ်စေဘဲ စားကာ စားသောက်ပြီးသောအခါ မိမိတို့၏ ပန်းကန်ကို ပြောင်အောင်လျက်သည့်အပြင် ကျသွားသော မည်သည့်စားနုပ်စားပေါက်ကိုမဆို ကောက်ယူစားသုံးကြသောကြောင့် လူတို့က ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤကြီးမြတ်သော လူတို့အပေါ် သာမန်ထက်ထူးကဲသော ထင်မြင်ချက် ထားရှိသည့်အပြင် လူ့ဇာတိခံယူထားသည့် ဘုရားသခင်ကို အကဲဖြတ်ဖို့အတွက် ထိုသို့သော ထင်မြင်ချက်မျိုးများကို အသုံးပြုကြသည်။ အကယ်၍ လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် ၎င်းတို့၏ ထင်မြင်ချက်များနှင့် မကိုက်ညီလျှင် ၎င်းတို့က အယူအဆများ ထားရှိသော်လည်း လူ့ဇာတိခံယူထားသည့် ဘုရားသခင်က ၎င်းတို့၏ ထင်မြင်ချက်များနှင့် အတိအကျ ကိုက်ညီပါက အယူအဆများ မထားရှိကြပေ။ လူတို့အနေဖြင့် ခရစ်တော်အား ဤအရာများနှင့် နှိုင်းယှဉ်သည်မှာ သမ္မာတရားနှင့် ကိုက်ညီသလော။ ကျော်ကြားပြီး မြင့်မြတ်သော လူတို့ ပြုလုပ်သည့် အရာများက သမ္မာတရားနှင့် ကိုက်ညီသလော။ သူတို့၏ သဘာဝအနှစ်သာရများက သန့်ရှင်းသူများ၏ သဘာဝအနှစ်သာရများ ဟုတ်သလော။ အမှန်တွင် ကျော်ကြားပြီး မြင့်မြတ်သော ဤလူတို့အားလုံးသည် နတ်ဆိုးများနှင့် မကောင်းဆိုးဝါး ဘုရင်များဖြစ်ကာ ထိုသူတို့မည်သူကမျှ ပုံမှန်လူ့သဘာဝ၏ အနှစ်သာရ မရှိချေ။ ထိုသူတို့၏ သဘာဝ အနှစ်သာရများနှင့် လုပ်ဆောင်ချက်များအရ သူတို့ကို အကဲဖြတ်ဖို့အတွက် လူ့အယူအဆများကို အသုံးပြုသောအခါ သူတို့၌ အရည်အချင်းအချို့ ရှိဟန်တူနိုင်သော်လည်း အနှစ်သာရအားဖြင့် သူတို့အားလုံးသည် နတ်ဆိုးများနှင့် စာတန်များသာ ဖြစ်ကြ၏။ လူ့ဇာတိခံယူထားသည့် ဘုရားသခင်နှင့် နှိုင်းယှဉ်ရန်အတွက် နတ်ဆိုးများနှင့် စာတန်များ၏ ပုံရိပ်ကို အသုံးပြုခြင်းဖြင့် ဤသည်မှာ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်းပင် မဟုတ်လော။ စာတန်များနှင့် နတ်ဆိုးများသည် မိမိတို့ကိုယ်ကို ဖုံးကွယ်ထားရာ၌ အမြဲတမ်း အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။ ၎င်းတို့ပြောသမျှနှင့် အပြင်ပန်း၌ လုပ်သမျှမှာ လူတို့၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် ကိုက်ညီပြီး ၎င်းတို့က သာယာနာပျော်ဖွယ် အရာများကိုသာ အမြဲ ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကြံစည်သည့်အရာနှင့် နောက်ကွယ်၌ ၎င်းတို့လုပ်သည့်အရာ အားလုံးတို့မှာ နတ်ဆိုးဆန်သော ရှက်ဖွယ်ရာများဖြစ်ကာ ယင်းတို့ကို မည်သူမျှ မထုတ်ဖော်လျှင် ယင်းတို့ကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိနိုင်ပေ။ စာတန်များနှင့် နတ်ဆိုးဘုရင်များပြောသမျှမှာ ကြောင်သူတော်ဆန်ခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့သာ ဖြစ်ပြီး သမ္မာတရားကို နားလည်သောသူ အချို့က ဤအရာကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။ လူအချို့သည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်အား နတ်ဆိုးများဖြစ်သည့် ကြီးမြတ်သောလူတို့၏ ပုံရိပ်နှင့် အမြဲတမ်း နှိုင်းယှဉ်နေကြကာ နှိုင်းယှဉ်စရာ မရှိသောအခါ စိတ်မသက်မသာ ရှိကြသည်၊ အယူအဆများ ထားရှိကြပြီးလျှင် ယင်းတို့ကို မည်သည့်အခါမျှ လက်မလွှတ်ကြတော့ပေ။ ဤကဲ့သို့သော လူများစွာ ရှိသည်မဟုတ်လော။ ၎င်းတို့များစွာ ရှိသည်မှာ အသေအချာပင်။ လူအချို့သည် ယခုတင် ငါပြန်ပြောပြသည့် ဇာတ်လမ်းက မှန်သည်၊ သို့မဟုတ် မမှန်သည်ကို ပူပန်နေကြဆဲဖြစ်သည်။ ဤအကြောင်းကို ငါ ပထမဆုံး ကြားသိရသောအခါ ပါဝင်သော ကာယကံရှင် ငါကိုယ်တိုင်အပါအဝင် ငါ့အား မည်သည့်အရာ ဖြစ်ပျက်ခဲ့မည်ဖြစ်ကြောင်း မသိသည်ကို တွေးရခက်ခဲ့သည်။ ယင်းမှာ ဟာသကြီးတစ်ပုဒ်နှင့် အလိမ်အညာကြီးတစ်ခု ဖြစ်၏။ မမှန်ကန်ချေ။ ထိုအခြေအနေထဲတွင် အမှုသစ်၏ ဤအဆင့်ကို လက်ခံခဲ့ပြီးသော ညီအစ်ကိုမောင်နှမများစွာ မရှိခဲ့လင့်ကစား ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များကို ပထမဆုံး စတင်မိန့်မြွက်ခဲ့စဉ်က ယင်းကို လက်ခံသည့် လူအချို့ ရှိနေဆဲ ဖြစ်သည်။ ထို့ထက်ပို၍ သူတို့အားလုံးသည် အမှုတော်၏ ဤအဆင့်ကို လက်ခံလာသည့် ယေရှုကို ယုံကြည်သောသူများ ဖြစ်ကြ၏။ သူတို့အားလုံးသည် ချစ်ခြင်းမေတ္တာ ပြလိုစိတ်ရှိကြပြီး ခရစ်တော်၏ မျက်နှာကိုထောက်ရှု၍ မည်သည့်အခါမျှ လုံးဝ တံခါးပိတ်ထားနိုင်ခဲ့မည် မဟုတ်ပေ။ သူတို့ မည်သည့်အခါမျှ ထိုသို့ပြုလုပ်နိုင်ခဲ့မည် မဟုတ်သည်မှာ သေချာ၏။ နှစ်သစ်ကူးတွင် လူအချို့က ငါ့အား သူတို့၏အိမ်သို့ ဖိတ်ခေါ်ခဲ့ကြသည်။ ထို့အပြင် ထိုညီအစ်ကိုမောင်နှမ များစွာနှင့်အတူ မည်သူ့အိမ်သို့ ငါသွားပြီး ဧည့်ဝတ်ပြုမခံရဘဲ နေနိုင်ခဲ့ရမည်နည်း။ ထိုသို့ ဆိုခြင်းအားဖြင့် ယင်းမှာ ညီအစ်ကိုမောင်နှမများက ပုန်ကန်တတ်ကြပြီး မည်သူကမျှ ငါ့အား မည်သည့်နေရာ၌မျှ ဧည့်ဝတ်မပြုကြမည်ကဲ့သို့ ထင်ရသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများကို အမှုဆင်ရန်နှင့် ၎င်းတို့အကြောင်း အခြေအမြစ်မရှိသော ကောလာဟလများကို လုပ်ကြံဖန်တီးရန် ကြံစည်အားထုတ်မှုတစ်ခု ဖြစ်ချေ၏။ ယင်းတို့အားလုံးမှာ လုံးဝ အခြေအမြစ်မရှိသည့်အပြင် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များရှိသည့် လူအချို့တို့မှ လုပ်ကြံပြောဆိုထားသည်မှာ ရှင်းလင်းနေသည့်တိုင် သင်တို့က ယင်းကို တကယ်ပင် ယုံကြည်ခဲ့ကြသေးသည်။ ဤအရာကို သင်တို့ အဘယ်သို့ ယုံကြည်နိုင်သေးသနည်း။ ယင်းမှာ လူတို့၌ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ ထိုထိုသော အယူအဆများရှိသောကြောင့် ဖြစ်ပြီး ၎င်းတို့၌ မိမိတို့၏ ခံစားချက်များ၊ လိုအင်ဆန္ဒများနှင့် စိတ်ဓာတ်ရေးရာ ပင်ကိုသဘောအရ ဤသတ်မှတ်ချက်များ ရှိကြသည့်အတွက် ထိုသို့သော ဇာတ်လမ်းများကို နားထောင်လိုကြသည်။ လူအချို့က ဤဇာတ်လမ်းများကို လုပ်ကြံပြောဆိုဖို့ ဤအခွင့်အရေးကို အသုံးချပြီး ယင်းတို့ကို ပျံ့နှံ့စေရန်နှင့် ဖြန့်ဖြူးရန်၊ ယင်းတို့ကို စိတ်ဝင်စားဖွယ် ကွန့်ညွန့်ပြီးနောက် လျှောက်ဖန်တီးရန်နှင့် အမှုအရာများကို လုပ်ကြံရန်အတွက် တတ်နိုင်သမျှ ပြုကြသည်။ နောက်ဆုံးတွင် ပို၍ပို၍များသော လူတို့က ၎င်းတို့၏ လုပ်ကြံပြောဆိုချက်များကို ကြားသိပြီး ဤအရာများကို အမှန်ဟု ထင်မှတ်လာခဲ့ကြသည်။ အကယ်၍ ဤကိစ္စကို ငါ မရှင်းခဲ့ပါက သင်တို့သည် ဘဝတစ်လျှောက်လုံး အမှားနှင့် အမှန်ကို မည်သည့်အခါမျှ ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။ သင်တို့ ယခု နားလည်သလော။ ဤအရာမှာ တကယ်ပင် မည်သည့်အခါမျှ ဖြစ်ပျက်ခြင်းမရှိခဲ့ပေ။
ယခု အချို့သောအရာများကို သင်တို့အား ငါပြောပြမည်။ ဤသို့ဖြင့် သင်တို့သည် လူ့ဇာတိခံယူခြင်းနှင့် ခရစ်တော်အကြောင်း မည်သည့်အယူအဆများရှိကြောင်း ဤအရာများမှ သင်တို့နားလည်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ အမှုသစ်နှင့်ဆိုင်သော ဤအဆင့် အစပြုခဲ့သည်မှာ မကြာသေးသည့်အချိန်က အသင်းတော်သည် ဓမ္မသီချင်းအချို့ရေးဖို့ လိုအပ်ပြီး ငါသည်လည်း တစ်ပုဒ်ရေးခဲ့သည်။ ထိုအချိန်တုန်းက လူ့ဇာတိခံယူသော ဘုရားသခင်ကို သက်သေခံနှင့်ကြပြီဖြစ်၏။ ငါ၏ဓမ္မသီချင်းကို ၎င်းတို့ ဖတ်ရှုခဲ့ပြီးနောက် လူအချို့က အလွန်ကောင်းသည်ဟု တွေးကြသော်လည်း အလွန် အူကြောင်ကြောင်နိုင်သော အရာတစ်ခုကိုပြောသည့် လူတစ်ဦး ရှိခဲ့သည်။ “ကိုယ်တော်သည် ဤဓမ္မသီချင်းကို မည်သို့များ အလွန်လျင်မြန်စွာ ရေးထားခဲ့သနည်း။ ကိုယ်တော်သည် မြောက်မြားစွာသော စာသားများကို မည်သို့များ စိတ်ကူးရသွားခဲ့သနည်း” ဟူ၍ ဖြစ်သည်။ ဤသည်ကို ကြားရသဖြင့် ငါသည် အလွန်ဦးနှောက်ခြောက်သွားပြီး “လူတစ်ဦး သီချင်းတစ်ပုဒ်ရေးဖို့ စကားလုံးများ လိုအပ်သလော။ လူတစ်ဦး အသိပညာ ကြွယ်ဝရမည်လော။ သို့ဆိုလျှင် ငါဖော်ပြထားသည့် စာသားအားလုံးကို သူက မည်သို့ထင်သနည်း” ဟု စဉ်းစားခဲ့သည်။ သူ၌ အယူအဆတစ်ခု၊ ထင်မြင်ချက်တစ်ခု ရှိခဲ့ပြီး လူ့ဇာတိခံယူသူက ဖော်ပြနေသော ဤစာသားများမှာ စကားလုံးများနှင့် စာပေများသက်သက်ဟု ယုံကြည်နေခြင်း ဖြစ်သည်။ ဤစာသားများက သမ္မာတရားဖြစ်သည်ကို သူသည် မစဉ်းစားသကဲ့သို့ နားလည်ခြင်းလည်း မရှိပေ။ လူ့ဇာတိခံယူသူက ပြုသမျှကို လွန်စွာ မရှင်းမလင်းဖြစ်သည်ဟု ရှုမြင်ခဲ့သည်။ သူသည် သမ္မာတရားကို နားမလည်သောကြောင့် ယင်းတို့ကို ရှင်းပြဖို့အတွက် ဘာသာတရားမရှိသူများ၏ စကားလုံးများကို အသုံးပြုခဲ့ပြီး လူတို့သည် ၎င်းကို ကြားရသောအခါ ကသိကအောက် ဖြစ်ပြီး စက်ဆုပ်ရွံရှာကြသည်။ ဤသူက ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိခဲ့သည့်အပြင် ယခု၌ပင်လျှင် ဤသို့သောလူများ ရှိလေသည်။ သို့ဆိုလျှင် ဤကိစ္စက မည်သည့်အယူအဆမျိုးတို့နှင့် ဆက်စပ်သနည်း။ ဤသူသည် လူ့ဇာတိခံယူခြင်းကို မငြင်းပယ်သကဲ့သို့ ခရစ်တော်ကိုလည်း မငြင်းပယ်ချေ။ သူသည် ဖြစ်ပျက်ခဲ့သည့်အရာကို အကဲဖြတ်ဖို့အတွက် အယူအဆတစ်ခုကို အသုံးပြုခဲ့သည်။ သူက ခရစ်တော်သည် အသိပညာ ကြွယ်ဝရမည်၊ ပညာတတ်ရမည်ဖြစ်သည့်အပြင် အခြားလူများကြား၌ ရှိသောအခါ သူသည် ထိုသူတို့ကို လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးနိုင်ရမည်ဟု ယုံကြည်ထားခြင်းဖြစ်သည်။ ခရစ်တော်က လွန်စွာ ပညာမတတ်ခဲ့လျှင်ပင် သူ၏ အစွမ်းအစ၊ ပါရမီများနှင့် စွမ်းရည်များက အခြားသူများထက် သာလွန်ရမည်။ ဆိုလိုသည်မှာ သူသည် အချို့သောအရာများတွင် အခြားလူတို့ထက် သာလွန်ရမည် သို့မဟုတ် ဘုရားသခင်နှင့် ခရစ်တော်ဖြစ်ထိုက်ဖို့အလို့ငှာ အချို့သော နည်းလမ်းများတွင် အခြားလူတို့နှင့် ကွဲပြားခြားနားရမည်။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ဖို့ အရည်အချင်းပြည့်မီပါက ခရစ်တော်ဖြစ်နိုင်သည်ဟု သူက ယုံကြည်လေသည်။ ကိုယ်တော်သည် ခရစ်တော်၏ အနှစ်သာရကို ပိုင်ဆိုင်မှသာလျှင် ခရစ်တော် ဖြစ်နိုင်သည်ဟု သူက မယုံကြည်သောကြောင့် ထိုသို့သောအရာမျိုးကို ပြောခဲ့ခြင်းဖြစ်၏။ လူတို့၏ ဘုရားသခင်အား ယုံကြည်မှုနှင့် သူတို့၏ အသက်ဝင်ရောက်မှုအတွက် ဤအယူအဆမျိုးက မည်သည့်အတားအဆီးများကို ဖြစ်ပေါ်စေသနည်း။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိစစ်ပိုင်းခြားရန်နှင့် ဘုရားသခင်၏ လူ့ဇာတိကို စိစစ်ပိုင်းခြားပြီး လေ့လာရန်အတွက် သူတို့၏ ဦးနှောက်ကို အသုံးပြုကြမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် သူ့ကို အမြဲတမ်း လေ့လာနေကြကာ “ဤသူပြောသည့် အရာသည် ကျိုးကြောင်းဆီလျော်သလော။ ယင်းသည် ပုံမှန်တွေးခေါ်မှုနှင့် ကိုက်ညီသလော။ ယင်းသည် သဒ္ဒါစည်းကမ်းများနှင့် ညီညွတ်သလော။ ဤအရာကို သူသည် မည်သည့်နေရာမှ လေ့လာခဲ့သနည်း” ဟု စဉ်းစားနေကြသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို မရှာဖွေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သမ္မာတရားကို လက်ခံသည့်ရှုထောင့်မှ နားလည်သဘောပေါက်ခြင်း မရှိကြသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံကြပေ။ ထိုအစား သူတို့သည် စိစစ်ပိုင်းခြားရန်၊ လေ့လာရန်နှင့် စုံစမ်းမေးမြန်းရန်အတွက် သူတို့၏ ဦးနှောက်နှင့် အသိပညာကို အသုံးပြုကြသည်။ ဤသူအား အကဲဖြတ်ရန် သို့မဟုတ် ဤသူအား ချဉ်းကပ်ရန်အတွက် လူတို့သည် မည်သည့်ရှုထောင့်မျိုး သို့မဟုတ် အယူအဆမျိုးကို အသုံးပြုသည်ဖြစ်စေ နောက်ဆုံးရလဒ်က အဘယ်နည်း။ (သူတို့သည် သမ္မာတရားကို မရရှိနိုင်ကြပေ။) သူတို့သည် သမ္မာတရားကို သေချာပေါက် မရရှိနိုင်ကြပေ။ သင်နားမလည်သေးသည့် အခြားကဏ္ဍတစ်ခုရှိပြီး ယင်းမှာ လူတို့က သူသည် လူ့ဇာတိခံယူသူ ဟုတ်မဟုတ် တပ်အပ်မသိနိုင်ကြချေ။ ဤသည်မှာ အရေးကြီးသည် မဟုတ်လော။ (အရေးကြီးပါသည်။) သူသည် အမှန်ပင် ဘုရားသခင် ဖြစ်ကြောင်း၊ သူ၏ စကားများသည် သမ္မာတရားနှင့် အသက် ဖြစ်ကြောင်း၊ ဘုရားသခင်ထံမှ လာကြောင်းတို့ကို သူဟောကြားသည့် တရားဒေသနာများနှင့် သူဖွင့်ဟသည့် ထိုသို့သော နက်နဲရာများကို နားထောင်ခြင်းဖြင့် ယင်းတို့သည် လူများစွာတို့က တပ်အပ်သိကြသည်။ သို့ရာတွင် လူတို့သည် ဘုရားသခင်ကို သူတို့၏ အယူအဆများဖြင့် အမြဲတမ်း လေ့လာနေကြပြီး သူ၏ စကားများကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ လက်မခံကြလျှင် နောက်ဆုံးရလဒ်က အဘယ်နည်း။ သူတို့က ဤသူ၏ ပင်ကိုလက္ခဏာ၊ သူ၏ အနှစ်သာရနှင့် အမှုတော်ကို အမြဲတမ်း သင်္ကာမကင်းဖြစ်ကြမည်။ ဆိုလိုသည်မှာ သူတို့က ဤသူသည် လူသားလော၊ ဘုရားသခင်လောဟူသည်ကို အတည်ပြုနိုင်ကြမည် မဟုတ်ဘဲ သူပြောသည့်အရာများကို လူသားများက မပြောနိုင်ကြသောကြောင့် ဤသူသည် ဘုရားစေလွှတ်သော တမန်တော်တစ်ပါး ဖြစ်နိုင်သည်၊ သို့မဟုတ် ပရောဖက်တစ်ပါး ဖြစ်နိုင်သည်ဟု ထင်မှတ်ကြသည်။ ဤသူသည် ဘုရားသခင်ဖြစ်ကြောင်း လူအချို့က အသိအမှတ်မပြုကြပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏အထဲတွင် ကန့်သတ်ချက်များနှင့် ချည်နှောင်မှုများစွာအပြင် ဤလူ့ဇာတိနှင့် မကိုက်ညီသည့် အယူအဆများစွာ ရှိနေ၍ဖြစ်သည်။ ယင်းတို့က မကိုက်ညီသည့်တိုင် ဤလူတို့သည် သမ္မာတရားကို မရှာဖွေဘဲ မိမိတို့၏ အယူအဆများကို ဆက်လက်၍ ဖက်တွယ်ထားပြီး အကျပ်ရိုက်လျက် အဆုံးသတ်သွားကြသည်။ ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးအား မိမိ၏ ယုံကြည်ခြင်း၌ ကြိုးပမ်းအားထုတ်မှုပြုရန် သင်ပြောပြသောအခါ ၎င်းသည် မိမိလက်မလွှတ်နိုင်သော အယူအဆများစွာကို ထားရှိပြီး ၎င်းကို ကျောခိုင်းရန် သင်ပြောသောအခါ ၎င်းသည် ကောင်းချီးမခံစားရမည်ကို စိုးရိမ်ကြောက်ရွံ့လာကြသည်။ ဤကဲ့သို့သော လူတို့ရှိသလော။ သင်တို့သည် ဤကဲ့သို့ဖြစ်သလော။ ဤသူသည် အမှန်စင်စစ် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ကြောင်း သင်တို့အများစုက အတည်ပြုကြလျှင်ပင် အမှန်မှာမူ ယင်းကို ၈၀-၉၀ ရာခိုင်နှုန်းမျှသာ အတည်ပြုခြင်းဖြစ်ပြီး သံသယနှင့် သင်္ကာမကင်းခြင်း ၁၀-၂၀ ရာခိုင်နှုန်း ရှိသေးသည်။ သင်တို့သည် ယင်းကို အခြေခံအားဖြင့် အတည်ပြုထားကြစဉ် ကျန်ရှိသော သံသယနှင့် သင်္ကာမကင်းခြင်းတို့က ထိုမျှ အရေးတကြီးကိစ္စများ မဟုတ်ဟု ဆိုနိုင်သည်။ ဤအယူအဆများ၏ ဖြေရှင်းချက်က လက်တစ်ကမ်းတွင် ရှိသော်လည်း ဤအယူအဆများနှင့် မသင်္ကာမှုများကို အချိန်မီ မဖြေရှင်းပါက အလွန်ဒုက္ခပေးနိုင်လေသည်။ သင်တို့၏ အယူအဆများရှိနေသရွေ့ သင်တို့ကို ကျေနပ်စေရန်အလို့ငှာ ဤအရာကို ဘုရားသခင် ပြုလုပ်ကြောင်းနှင့် ဤသည်မှာ ဘုရားသခင်က လူတို့ကို ဆက်ဆံရမည့်ပုံစံဖြစ်ကြောင်း သင်တို့ မှတ်ယူစေရန်အလို့ငှာ သင်တို့ကို ငါ မည်သို့ ဆက်ဆံရမည်နည်း။ ငါသည် စကားကို ညင်သာစွာ ပြောပြီးနောက် အရေးကိစ္စတိုင်းတွင် သင်တို့အတွက် ပူပန်နေပြီး သင်တို့အား ဂရုစိုက်ရမည်လော။ အကယ်၍ တစ်နေ့နေ့တွင် သင်တို့ထဲမှ အချို့က အဓိပ္ပာယ်မဲ့သော အရာတစ်ခုကို ပြုလုပ်ထားကြောင်း ငါတွေ့ရှိရမည်ဖြစ်ပြီး သင်တို့အား ကောင်းကောင်း ဆူပူကြိမ်းမောင်းကာ သင်တို့အား ကြမ်းတမ်းစွာ ဖော်ထုတ်ပြီး တရားစီရင်သည့်အပြင် သင်တို့၏ မိမိကိုယ်ကိုမိမိ တန်ဖိုးထားမှုကို ထိခိုက်သည်ဆိုပါက ငါသည် ဘုရားသခင်နှင့်မတူဟု သင်တို့ ခံစားမည်လော။ သင်တို့က ဘုရားသခင်ကို နူးညံ့သိမ်မွေ့မှုအရှိဆုံး၊ အချစ်တတ်ဆုံးဟူ၍လည်းကောင်း၊ ဘုရားသခင်သည် မေတ္တာကျေးဇူးတော်နှင့် ပြည့်ဝသည်ဟူ၍လည်းကောင်း သင်တို့ ယုံကြည်သည်ဆိုလျှင် သင်တို့၏ အယူအဆများနှင့် စိတ်ကူးများထဲမှ ဘုရားသခင်ဖြစ်ရန်အလို့ငှာ ငါသည် မည်သည့်အရာ ပြုလုပ်နိုင်မည်နည်း။ အကယ်၍ သင်တို့သည် ယခုအခါတွင် ဘုရားသခင်အား ထိုသို့သော တောင်းဆိုမှုများ ပြုနေသေးလျှင် သင်တို့သည် ဆင်ခြင်တုံတရားတစ်စက်မျှ မရှိသည့်အပြင် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ် မသိကြချေ။
လူ့ဇာတိခံယူခြင်းနှင့်စပ်လျဉ်း၍ အယူအဆများနှင့်ပတ်သက်သည့် အခြားအရာတစ်ခုကို သင်တို့အား ငါပြောမည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က တရုတ်ပြည်၌ရှိစဉ် ငါသည် အသက် ၂၀ ပင် မပြည့်သေးဘဲ ထိုခေတ်တွင် လူတို့သည် အတွေ့အကြုံ သိပ်မရှိသည့်အပြင် ၎င်းတို့၏ အပြောအဆိုနှင့် အမူအရာများ၌ မရင့်ကျက်ကြပေ။ ၎င်းတို့သည် လူငယ်များကဲ့သို့ စကားပြောပြီး ပြုမူကြကာ ဤသည်မှာ ပုံမှန်ဖြစ်၏။ အကယ်၍ ၎င်းတို့က လူကြီးများကဲ့သို့ စကားပြောပြီး ပြုမူကြလျှင်မူ ယင်းသည် ပုံမှန်မဟုတ်တော့ပေ။ အသက်အုပ်စုတစ်ခုခု၌ ရှိသော လူတို့အနေဖြင့် ထိုအသက်အုပ်စု၌ရှိသော လူတို့နှင့်တူပါက ပုံမှန်ဖြစ်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး လူအတွက် ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုပုံစံတစ်ခုကို စီမံပေးခဲ့သည်။ လူ့ဇာတိ၌ရှိသော ဘုရားသခင်ကိုယ်တော်တိုင် ခြွင်းချက်မရှိသည်မှာ အမှန်ပင်ဖြစ်ပြီး သူသည်လည်း ဤပုံစံအတိုင်း ဘဝကို နေထိုင်ပြီး တွေ့ကြုံရသည်။ ဤပုံစံသည် ဘုရားသခင်မှလာပြီး ယင်းကို ဘုရားသခင် ချိုးဖောက်မည် မဟုတ်ချေ။ သို့ဖြစ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည် အသက် ၂၀ သို့ မရောက်ရှိမီတွင် သူ၏အပြုအမူအချို့သည် လူငယ်တစ်ဦး၏ အပြုအမူများကဲ့သို့ ဖြစ်ခဲ့သည်မှာ အသေအချာပင်။ ဥပမာ တစ်ချိန်တွင် အိမ်ပြောင်းရွှေ့ခဲ့စဉ်က ညီအစ်ကိုမောင်နှမအချို့သည် ပြောင်းရွှေ့သွားပြီးနောက် ဘောပင်နှင့် မှတ်စုစာအုပ်အချို့ကို ချန်ထားခဲ့ကြသည်။ ယင်းတို့ ပျောက်ဆုံးသွားခြင်းက နှမြောစရာ ဖြစ်မည်ဟု ငါတွေးမိပြီး ညီအစ်ကိုမောင်နှမများသည်လည်း မှတ်စုရေးရန် လိုအပ်ခဲ့သောကြောင့် ယင်းတို့ကို ထုပ်ပိုးကာ ညီအစ်မအချို့ကို ဝေပေးခဲ့သည်။ ထိုအခါ လူတစ်ဦးက အယူအဆတစ်ခု ရှိပြီး “ဤဟာများကို လိုချင်သူတိုင်း ကိုယ်တိုင် လာယူနိုင်သည်။ သင်သည် ကလေးကဲ့သို့ ပြုမူပြီး ဤအရာတို့ကို ဝေပေးနေသည်” ဟု ဆိုသည်။ ဤသည်မှာ သူပြောသည့်အရာ ဖြစ်သည်။ ဤသည်မှာ အရေးကြီးသော ကိစ္စတစ်ခုလော၊ သို့မဟုတ် အသေးအဖွဲ ကိစ္စတစ်ခုလော။ အကယ်၍ လူတစ်ဦးသည် သာမန်လူတစ်ဦး ကလေးကဲ့သို့ ပြုမူနေသည်ကို ဝေဖန်ရမည်ဆိုလျှင် ယင်းမှာ ပုံမှန်လုပ်ဆောင်မှုတစ်ခု ဖြစ်မည်၊ စကားတစ်ခု ဖြစ်မည်၊ ပြီးလျှင် ယင်းကို မည်သူမျှ အာရုံစိုက်မည် မဟုတ်သကဲ့သို့ အလေးအနက်လည်း ထားမည်မဟုတ်ပေ။ ဤစကားသည် အယူအဆတစ်ခုဖြစ်သည်၊ သို့မဟုတ် ရှုထောင့်တစ်ခု ဖြစ်သည်ဟုလည်း မည်သူမျှ တွေးမည်မဟုတ်ဘဲ ပြောသည့်အတိုင်းသာ ခံယူကြမည် ဖြစ်သည်။ သို့ရာတွင် ငါ့အား ဤသို့ပြောဆိုရာ၌ သူ၏ ပြောဆိုပုံမှာ အဘယ်နည်း။ ယင်း၏ သဘာဝမှာ အဘယ်နည်း။ သူ၏ အယူအဆများနှင့် စိတ်ကူးများတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် အသက် ၂၀ မပြည့်သေးသော်လည်း သူသည် လူကြီးတစ်ဦးကဲ့သို့ပင် ပြုမူရမည်၊ သူ၏မျက်လုံးများက နေ့စဉ် ရှေ့တူရူကိုသာကြည့်ပြီး တည်ကြည်စွာ ထိုင်နေကာ မည်သည့်အခါမျှ ဟာသများ၊ အာလာပသလ္လာပများ မပြောဘဲ အထူးသဖြင့် ထိန်းထိန်းသိမ်းသိမ်းနှင့် တည်ငြိမ်သည့် ပညာရှိသော၊ အတွေ့အကြုံရှိသော လူကြီးတစ်ဦးအသွင် ဆောင်ရမည် ဟူ၍ဖြစ်သည်။ ငါ ပြုမူလိုက်သည့်အခိုက်တွင် သို့မဟုတ် လူကြီးတစ်ဦး ပြုလုပ်ရမည့် အရာတစ်ခုကို ဆန့်ကျင်လျက် ငါ့အနေဖြင့် ဘောပင်များနှင့် မှတ်စုစာအုပ်များကို ညီအစ်မအချို့အား ဝေပေးခြင်းကဲ့သို့သော အရာတစ်ခုကို ပြုလုပ်လိုက်သည့်အခိုက်တွင် လူတစ်ဦးက ငါ၏အပြုအမူများကို သူ၏စိတ်ထဲရှိ ခရစ်တော်ကဲ့သို့ မဟုတ်ဘဲ၊ ဘုရားသခင်ကဲ့သို့ မဟုတ်ဘဲ ကလေးတစ်ယောက်၏ အပြုအမူများကဲ့သို့ ဖြစ်နေသည့်အတွက် ပြစ်တင်ရှုတ်ချမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူ့ဇာတိခံယူသော ဘုရားသခင်သည် မည်သည့်နည်းနှင့်မျှ ကလေးတစ်ယောက်ကဲ့သို့ ပြုမူရမည် မဟုတ်သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်အား သတ်မှတ်နေခဲ့သည်မှာ သူတို့ပင် မဟုတ်လော။ ဤသတ်မှတ်ချက်မျိုးက ပြစ်တင်ရှုတ်ချခြင်းနှင့် ဝေဖန်ခြင်းတစ်မျိုးလော၊ သို့မဟုတ် တန်ဖိုးထားနားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းတစ်မျိုး ဖြစ်သလော။ (ယင်းသည် ပြစ်တင်ရှုတ်ချခြင်းနှင့် ဝေဖန်ခြင်းဖြစ်ပါသည်။) ယင်းသည် အဘယ့်ကြောင့် ပြစ်တင်ရှုတ်ချခြင်းတစ်မျိုး ဖြစ်သနည်း။ လူ့ဇာတိခံယူသော ဘုရားသခင်ကို ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သည်ဟု ဆိုခြင်းဖြင့် သူသည် ဘုရားသခင်ဖြစ်ကြောင်း ငြင်းပယ်နေသည်ဟူသည်မှာ ဖြစ်နိုင်သလော။ သူ ဤအရာကိုပြောရာ၌ မည်သည့်အရာ မှားယွင်းသနည်း။ သူ ဤအယူအဆထားရှိရာ၌ အဓိကပြဿနာမှာ အဘယ်နည်း။ (သူသည် လူ့ဇာတိခံယူခြင်း၏ ပုံမှန်လူ့သဘာဝကို ငြင်းပယ်နေပြီး ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို ငြင်းပယ်နေခြင်း ဖြစ်သည်။ လူ့ဇာတိခံယူခြင်းသည် ဖန်ဆင်းခံ လူသားမျိုးနွယ်ကဲ့သို့ပင် ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုရှိကြောင်း ယခုပင် ဘုရားသခင်ပြောသကဲ့သို့ ဖြစ်သည်။ သို့ရာတွင် ထိုသူသည် ဘုရားသခင်ကို အထူးသဖြင့် သဘာဝကျော်လွန်ပြီး ဖြစ်တည်နေသည်ဟု ယူဆခဲ့သဖြင့် သူသည် လူ့ဇာတိခံယူခြင်းကို နားမလည်ခဲ့ချေ။ ဤအရာ၏သဘာဝသည် ဘုရားသခင်အား ငြင်းပယ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဖြစ်ကာ ယင်းသည် ပြစ်မှားစော်ကားခြင်းပင် ဖြစ်ပါသည်။) မှန်၏၊ သူ၏ ငြင်းပယ်ခြင်းက ပြဿနာ၏ အနှစ်သာရဖြစ်သည်။ သူက လူ့ဇာတိခံ ဘုရားသခင်ကို အဘယ့်ကြောင့် ဤနည်းအားဖြင့် ငြင်းပယ်ခဲ့သနည်း။ ယင်းမှာ သူသည် စိတ်နှလုံးထဲ၌ လူ့ဇာတိခံယူသော ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆတစ်ခု ထားရှိပြီး “ကိုယ်တော်သည် ဘုရားသခင် ဖြစ်သောကြောင့် ကိုယ်တော်၏ ပုံမှန်လူ့သဘာဝကို ပုံမှန်အသက်ကြီးရင့်ခြင်းအတိုင်း ထုတ်ဖော်၍မရပေ။ ကိုယ်တော်သည် အသက် ၂၀ မပြည့်သေးသော်လည်း အသက် ၅၀ အရွယ်ရှိသူတစ်ဦးကဲ့သို့ ရင့်ကျက်ပြီး အတွေ့အကြုံရှိရမည်။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်သောကြောင့် ပုံမှန်လူ့သဘာဝ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ချိုးဖောက်ခြင်းဖြင့် အသက်ရှင်သင့်သည်။ ကိုယ်တော်သည် သဘာဝလွန် ဖြစ်ရမည်၊ အခြားလူတိုင်းထက် ကွဲပြားရမည်ဖြစ်ပြီး သို့မှသာ ကိုယ်တော်သည် ခရစ်တော်နှင့် ကျွန်ုပ်တို့၏ စိတ်ထဲ၌ရှိသော ဘုရားသခင်ဖြစ်နိုင်မည်” ဟု စဉ်းစားသောကြောင့် ဖြစ်၏။ ဤသည်မှာ သူ၌ရှိခဲ့သည့် အယူအဆဖြစ်သည်။ သို့ဆိုလျှင် ဤအယူအဆ၏ အကျိုးဆက်မှာ အဘယ်နည်း။ အကယ်၍ ဤအရာ မဖြစ်ပျက်ခဲ့လျှင် သူ၏အယူအဆမှာ ပေါ်လွင်မည်လော။ မည်သူမျှ မသိနိုင်ချေ။ သူသည် ဤကိစ္စအားဖြင့် ထုတ်ဖော်ခံရခြင်းသာ ဖြစ်၏။ အကယ်၍ သူ၌ ဤကိစ္စနှင့်ပတ်သက်၍ အယူအဆရှိခဲ့နှင့်ပြီးသော်လည်း လူတို့အနေဖြင့် ဘုရားသခင် ပြုခဲ့ပြီးသောအရာကို လုံးစေ့ပတ်စေ့ နားမလည်နိုင်ဟု ထင်မှတ်ခဲ့ပြီး မဆင်မခြင် စကားမပြောခဲ့ပါက သူသည် ရှာဖွေဖို့အတွက် အခွင့်အရေး ရှိခဲ့မည်ဖြစ်ကာ ဤသည်မှာ ခွင့်လွှတ်နိုင်စရာ ဖြစ်ခဲ့မည်ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အပြင် ၎င်းတို့ လုံးစေ့ပတ်စေ့ နားမလည်နိုင်သည့်အရာများစွာ ရှိသည်။ သို့ရာတွင် လူတို့သည် ဤအရာများကို လုံးစေ့ပတ်စေ့ နားမလည်သော်ငြားလည်း အခြားသူများက မဆင်မခြင် စကားပြောရမည့်အစား စောင့်ဆိုင်းပြီး သမ္မာတရားကို ရှာဖွေကြနေစဉ် လူအချို့က ဝေဖန်ပြီး ပြစ်တင်ရှုတ်ချကြသည်။ ဤတွင် သဘာဝအားဖြင့် ကွဲပြားမှုရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် ဤသူ၏ လုံးစေ့ပတ်စေ့ နားမလည်နိုင်ခြင်း၏ သဘာဝမှာ အဘယ်နည်း။ ထိုသူသည် ချက်ချင်းပင် ပြစ်တင်ရှုတ်ချခြင်း ပြုခဲ့ပြီး ဤသည်မှာ စိုးရိမ်ရသော ပြဿနာတစ်ခု ဖြစ်၏။ လူတို့သည် အယူအဆများ ထားရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အထဲတွင် လူ့ဇာတိခံယူသော ဘုရားသခင်နှင့်ပတ်သက်၍ သံသယနှင့် ပြစ်တင်ရှုတ်ချခြင်းအပြင် ငြင်းပယ်ခြင်းပင် ထွက်ပေါ်လာပြီး ဤသည်မှာ အလွန်အမင်း စိုးရိမ်ရသည်။
လူ့ဇာတိခံယူခြင်းနှင့်ပတ်သက်သည့် အယူအဆများနှင့်ဆိုင်၍ ဥပမာသုံးခုကို ယခုတင် ငါပေးခဲ့ပြီ။ ဤဥပမာသုံးခုက ထိုထိုသော ပြဿနာများကို ထင်ရှားစေပြီး သင်သည် ယင်းတို့အထဲ၌ မည်သည့်သမ္မာတရားရှိကြောင်း တွေ့ရှိရန် ရှာဖွေသင့်သည်။ ပထမဆုံး အယူအဆမှာ အဘယ်နည်း။ (လူတို့က ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် စံပြဖြစ်ဖို့အလို့ငှာ ဒုက္ခခံသင့်သည်ဟု ယုံကြည်လျက် မြင့်မြတ်သော လူတို့အပေါ် ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အသုံးပြုကာ လူ့ဇာတိခံယူထားသော ဘုရားသခင်ကို ဆုံးဖြတ်သတ်မှတ်ကြခြင်းဖြစ်သည်။) ဤသည်မှာ လူတို့၌ရှိသော အယူအဆတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အယူအဆမှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် ပို၍ ဒုက္ခခံသင့်ပြီး လူသားမျိုးနွယ်အတွက် နမူနာတစ်ခု၊ စံပြတစ်ခုကို ပြသသင့်သည်ဟူ၍ ဖြစ်သည်။ ဒုတိယ အယူအဆမှာ အဘယ်နည်း။ (လူတို့က ခရစ်တော်သည် သာမန်လူတို့ထက် အသိပညာကြွယ်ဝပြီး ပညာတတ်ဖြစ်သင့်ကာ ထိုမှသာ သူသည် ခရစ်တော်ဖြစ်သည်ဟု ယုံကြည်ကြခြင်းဖြစ်သည်။) ယခုတွင် လူများစွာတို့က ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတော်တို့သည် သူ၏ အသိပညာနှင့် ပါရမီများမှဖြစ်စေ၊ သူ ကျွမ်းကျင်ပိုင်နိုင်ပြီး နားလည်ထားသည့် ထိုထိုသော အရာများမှဖြစ်စေ လာသည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ အယူအဆ ဖြစ်၏။ သို့ဆိုလျှင် တတိယ အယူအဆမှာ အဘယ်နည်း။ (လူတို့က ခရစ်တော်သည် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် ထုတ်ဖော်ချက်တစ်ခုမျှ မရှိသင့်ဟု ယုံကြည်ကြသည်။) ပို၍အတိအကျဆိုရလျှင် လူ့ဇာတိခံယူထားသော ဘုရားသခင်သည် သဘာဝကို ကျော်လွန်ရမည် ဖြစ်ပြီး မည်သူမဆိုထက် ထူးခြားကာ သဘာဝလွန်စွမ်းအားများ ရှိရမည် ဟူ၍ဖြစ်သည်။ အကယ်၍ ခရစ်တော်သည် အရာရာတွင် သာမန်နှင့် ပုံမှန်ဖြစ်နေပါက ဘုရားသခင်၌ လူတို့၏ ယုံကြည်မှုက အားနည်းမည်ဖြစ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်ကို သံသယဝင်ပြီး သူ့ကိုပင် ငြင်းပယ်လိမ့်မည်။ သဘာဝကျော်လွန်သော ဘုရားသခင်ကို မည်သူမဆို ချစ်လေသည်။ ငါ့အနေဖြင့် ဤပုံဥပမာများကို ပြောပြခြင်းက သမ္မာတရားအပေါ် သင်တို့၏ နားလည်မှုအား အကျိုးပြုသလော။ (အကျိုးပြုပါသည်။) ယင်းက အထောက်အကူပေးလောက်သည်။ အကယ်၍ ငါသည် သင်တို့အား မည်သည့်အချက်အလက်ဆိုင်ရာ အခြေခံမှုမျှ မရှိဘဲ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို မိတ်သဟာယပြုခဲ့လျှင် သင်တို့သည် ယင်းကို စိတ်ကူးသက်သက်ဟု ထင်မှတ်ကောင်း ထင်မှတ်မည်ဖြစ်ပြီး ယင်းက အမှန်တကယ် မည်သည့်အရာကို ရည်ညွှန်းကြောင်း သင်တို့ သိကြမည်မဟုတ်ပေ။ သို့ရာတွင် သင်တို့အား ငါပြောပြထားသည့်အရာမှာ အချို့က ခိုင်လုံသော ဥပမာများဖြစ်ပြီး ယင်းတို့ကို ကြားသောအခါ သင်တို့သည် လက်တွေ့ကျပြီး နားလည်ဖို့ လွယ်ကူသည်ဟု တွေးပြီး ဤပုံဥပမာများအားဖြင့် သမ္မာတရားအချို့ကို နားလည်နိုင်သည်။ သို့သော် အခြားအရာများကို ကြုံတွေ့ရသောအခါ ယင်းတို့ကို အကဲဖြတ်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန်အတွက် သမ္မာတရားအား မည်သို့အသုံးပြုရမည်ကို သင်တို့ လေ့လာနိုင်သလော။ သမ္မာတရားကို သင်တို့ လက်တွေ့အသုံးချနိုင်လျှင် သင်တို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပြီး ဤပုံဥပမာများထဲမှ သမ္မာတရားကို နားလည်ကြောင်း ယင်းက ပြသမည်ဖြစ်သည်။ သို့မဟုတ်ပါက သင်တို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်အပြင် ဤပုံဥပမာများထဲမှ သမ္မာတရားကို နားမလည်သေးပေ။ အကယ်၍ ဤပုံဥပမာများ၏ အခြေအနေများ၌ သမ္မာတရားကို သင်သည် ရှာတွေ့နိုင်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ မည်သည့်အရာဖြစ်သည်၊ သင်သည် နားလည်သင့်သည့်၊ စိစစ်သင့်ပြီး ဝင်ရောက်သင့်သည့် အရာနှင့် မည်သည့်သမ္မာတရားများအား ရှာဖွေပြီး ရရှိသင့်ကြောင်းကို သိနိုင်ပါက ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပေသည်။ အကယ်၍ ဤပုံဥပမာများကို ငါပြောပြ၍ ပြီးသောအခါ သင်သည် ဤအရာများ၌ လွန်စွာ စိတ်ဝင်စားလာပြီး ယင်းတို့ကို မှတ်မိသော်လည်း သမ္မာတရားကို ဘေးဖယ်ထားပါက သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိပေ။ အကယ်၍ သင်တို့သည် ဤပုံဥပမာများ၏ သမ္မာတရားကို အမှန်တကယ် နားလည်နိုင်ပါက ယင်းတို့ကို ငါ ပြောပြခဲ့ပြီးဖြစ်သည်မှာ အချည်းနှီး ဖြစ်မည်မဟုတ်ချေ။ ယင်းက သင်တို့အား သမ္မာတရားကို နားလည်ရန် အထောက်အကူပေးသရွေ့ ငါသည် လက်တွေ့ကျသော ပုံဥပမာအချို့ကို ပေးမည်ဖြစ်သည်။ ပြဿနာ မည်သည့်အရာဖြစ်စေ ယင်းကို ငါ စိတ်ဖြာလေ့လာဆွေးနွေးပြမည်။ ယင်းက သင်တို့အား နားလည်မှုရှိရန်၊ သမ္မာတရားကို နားလည်နိုင်ပြီး အမှုအရာများကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် အထောက်အကူပေးသရွေ့ ပုံဥပမာများ မည်မျှပြောရသည်ဖြစ်စေ ငါဝန်မလေးပေ။ အမှန်တွင် ဤအရာများကို ငါ မပြောလိုသည့်အပြင် အမှားအမှန်နှင့်ဆိုင်သည့် ပုံဥပမာများကို ငါ အမှန်တကယ် မပြောလိုပေ။ သို့သော် ဤအရာများက သင်တို့အား သမ္မာတရားထဲသို့ ဝင်ရောက်ရန် အထောက်အကူပြုပါက ငါပြောပြမည်။ ယင်းက သင်တို့အား သမ္မာတရား နားလည်ရန် အထောက်အကူပြုသရွေ့ ငါသည် အနည်းငယ် ထပ်၍ ပြောပြရန် ဝန်မလေးပေ။ သို့ရာတွင် ငါ ဆက်ကာဆက်ကာ စကားပြောနေသည်ကို သင်တို့ မနှစ်သက်ပါက ငါသည် စကားလျှော့ပြောရန်မှလွဲ၍ ရွေးစရာရှိမည် မဟုတ်ပေ။
သင်တို့အား ငါပြောပြထားသည့် ဤပုံဥပမာများထဲမှ မည်သည့် အယူအဆများကို ဖြေရှင်းရမည်နည်း။ ဦးစွာ သင်တို့နားလည်ရမည်မှာ လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်လျှင် ဘုရားသခင်သည် ဤလူ့ဇာတိ၏ လူ့သဘာဝကို အခြေခံအားဖြင့် မည်သို့ အဓိပ္ပာယ်ဖွင့်သနည်း။ သူသည် သာမန်နှင့် ပုံမှန်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် နေထိုင်နိုင်ကာ ပုံမှန်လူသားတို့၏ လှုပ်ရှားသွားလာမှုအားလုံးတွင် ပါဝင်နိုင်သည့်အပြင် သူသည် ကွဲပြားခြားနားသော အမျိုးအစားထဲမှ မဟုတ်ပေ။ လူတို့ကို သူ ကူညီနိုင်သည်၊ လမ်းပြနိုင်သည်၊ ထို့ပြင် ဦးဆောင်နိုင်သည်။ သူ၏ ပုံမှန်လူ့သဘာဝဖြစ်စေ၊ သူ၏ ဘုရားသဘောသဘာဝဖြစ်စေ၊ သူ၏ ပင်ကိုစရိုက်ဖြစ်စေ၊ မည်သည့်သွင်ပြင်လက္ခဏာဖြစ်ပါစေ သူသည် သူတာဝန်ယူသည့် အလုပ်နှင့် သူထမ်းဆောင်သည့် အမှုတော်လုပ်ငန်းကို သေချာပေါက် ကိုင်တွယ်နိုင်ရမည်။ ဤသည်မှာ ခရစ်တော်နှင့် လူ့ဇာတိခံယူသူအား ဘုရားသခင် အကဲဖြတ်သည့် စံချိန်စံညွှန်းဖြစ်သည်။ ယင်းမှာ သူ၏အမှုတော်အတွက် စံချိန်စံညွှန်းနှင့် သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် စံချိန်စံညွှန်းပင် ဖြစ်၏။ သခင်ယေရှုသည် သူ၏အမှုတော်ကို ထမ်းဆောင်ခဲ့သောအခါ ယခု လူ့ဇာတိခံယူသူနှင့် နှိုင်းယှဉ်ရလျှင် သူ၏ လူ့သဘာဝသည် သဘာဝကို ကျော်လွန်သော သွင်ပြင်လက္ခဏာအချို့ကို ပိုင်ဆိုင်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများကို ပြုလုပ်နိုင်ခဲ့သည်။ သူသည် သင်္ဘောသဖန်းပင်ကို ကျိန်ဆဲနိုင်သည်၊ ပင်လယ်ကို ဆုံးမနိုင်သည်၊ လှိုင်းတံပိုးနှင့် လေကို ငြိမ်သက်စေနိုင်သည်၊ မကျန်းမာသူကို ကျန်းမာစေပြီး နတ်ဆိုးများကို မောင်းထုတ်နိုင်သည့်အပြင် လူငါးထောင်ကို မုန့်ငါးလုံး၊ ငါးနှစ်ကောင်နှင့် ကျွေးမွေးနိုင်သည် အစရှိသည်တို့ဖြစ်၏။ သို့ရာတွင် ဤအရာသာမက သူ၏ ပုံမှန်လူ့သဘာဝနှင့် အခြေခံလိုအပ်ချက်များက လွန်စွာ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည့်ပုံပေါ်သည်။ သူသည် အသက် ၃၃ နှစ်ခွဲတွင် မွေးဖွားခဲ့ပြီးနောက် ကားစင်တင်သတ်ခြင်း ခံခဲ့ရသည်မဟုတ်။ အသက် ၃၃ နှစ်ခွဲ အသက်ရှင်ခဲ့ကာ နောက်ဆုံး ကားစင်တင်သတ်ခြင်း ခံရခြင်းဖြင့် လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုကို ပြီးစီးသည်အထိ နေ့တိုင်း၊ နှစ်တိုင်း၊ တစ်မိနစ်၊ တစ်စက္ကန့်တိုင်းကို ရှင်သန်ခဲ့ရသည်။ ဤကမ္ဘာပေါ်တွင် အသက် ၃၃ နှစ်ခွဲ နေထိုင်ခဲ့ပြီးမှသာ လူ့ဇာတိခံယူသူသည် ဤအလုပ်ကို ပြီးစီးခဲ့သည်။ ဤသည်မှာ လက်တွေ့ကျသည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လက်တွေ့ကျပေသည်။ ယခု ဘုရားသခင် ထမ်းဆောင်နေသော အမှုအဆင့်အနေဖြင့် သင်တို့အား သူမိန့်ဆိုသည့်အရာတိုင်းနှင့် သူမိတ်သဟာယပြုသည့် သမ္မာတရားတိုင်းက သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု၊ အသက်တာ၌ သင်တို့၏ ကြီးထွားမှုအတိုင်းအတာနှင့် ဘုရားသခင် စီစဉ်ဖွဲ့စည်းသည့် ပတ်ဝန်းကျင်တစ်ခုလုံးအပေါ် အခြေခံသောကြောင့် မည်သည့် သမ္မာတရားများသည် သင်တို့အား မိတ်သဟာယပြုဖို့ အသင့်တော်ဆုံးဖြစ်မည်နှင့် မည်သည့်သမ္မာတရားများကို သင်တို့အား နားလည်စေလိုသည်ကို ငါ ချင့်ချိန်စဉ်းစားသည်။ အပြင်ပန်းအားဖြင့် အမှန်တွင် ဘုရားသခင်၏ ဝိညာဉ်တော်က လှုပ်ရှားနေသည့် တစ်ပြိုင်နက်တည်းတွင် ဤလူ့ဇာတိက ဤအရာများကို ဆင်ခြင်တွေးတောနေသည့်ပုံ ပေါက်လေသည်။ ဤသူက ပူးပေါင်းဆောင်ရွက်နေစဉ်တွင် ဘုရားသခင်၏ ဝိညာဉ်တော်က ယင်းတို့အားလုံးကို လမ်းညွှန်နေခြင်းဖြစ်သည်။ ယင်းကို ဤပုံစံအတိုင်း သင်ကြည့်ပါက ဤလူ့ဇာတိ၏ သို့မဟုတ် ဤကိုယ်ပိုင်လက္ခဏာ၏ အနှစ်သာရကို သင် သံသယဝင်မည် မဟုတ်ပေ။ ဤအရာများကို သင်သည် မည်သည့်အခါမျှ သင်္ကာမကင်း ဖြစ်မည်မဟုတ်ပေ။ သင်တို့အား ငါပြုသည့်အရာများနှင့် သင်တို့အပေါ် ငါထားသည့် သတ်မှတ်ချက်များက ဘုရားဝိညာဉ်တော်၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးနှင့် မည်သည့်အခါမျှ ဆန့်ကျင်ကွဲလွဲနိုင်မည် မဟုတ်ပေ။ ယင်းတို့သည် အတူတကွ တိုးတက်ပြန့်ပွားသည်၊ တူညီသောလားရာ၌ ရွေ့လျားသည်၊ ပြီးလျှင် တစ်ခုနှင့်တစ်ခု အထောက်အမပြုသည်။ အကယ်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤလူ့ဇာတိကို ယူတင်ဝတ်ဆင်ခဲ့ခြင်း မရှိပါက သူသည် သင်တို့အား မျက်နှာချင်းဆိုင် စကားပြောနိုင်မည်မဟုတ်၊ သင်တို့သည် သူမိန့်ဆိုသည့်အရာကို ကြားနိုင်မည်မဟုတ်သည့်အပြင် သင်တို့အား သူသတ်မှတ်ထားသည့်အရာကို သင်တို့ နားလည်နိုင်မည် မဟုတ်ပေ။ သို့ရာတွင် ဤလူ့ဇာတိသာရှိပြီး ဘုရားသခင်၏ဝိညာဉ်တော် သူ့အထဲ၌ မရှိခဲ့ပါက ဤလူ့ဇာတိသည် အလုပ်တစ်စုံတစ်ရာကို ထမ်းဆောင်နိုင်မည်လော။ သေချာပေါက် သူထမ်းဆောင်နိုင်မည် မဟုတ်ချေ။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက ဤအလုပ်ကို မည်သည့်လူသားကမျှ တာဝန်ယူနိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ဤသာမန်လူ့ဇာတိသည် နေ့စဉ်၊ လစဉ်၊ နှစ်စဉ် အသက်ရှင်နေရပြီး ဤပုံစံအတိုင်း တစ်ခဏပြီးတစ်ခဏ အသက်ရှင်လျက် သူ၏ လူ့သဘာဝမှာ တိုး၍သာ ရင့်ကျက်လာကာ သူ၏ အတွေ့အကြုံက ပို၍သာ တိုးပွားလာနေစဉ် တစ်ချိန်တည်းတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်က သတ်မှတ်ထားသော အလုပ်ကို တာဝန်ယူနိုင်ဖို့အတွက် အစဉ်မပြတ် ကြိုးပမ်းနေရသည်။ အမှုတော်၏ ဤအဆင့်ကို ထမ်းဆောင်ရာ၌ ငါသည် အသက် ၂၀ ပင် မပြည့်သေးမီ အသင်းတော်ထဲတွင် အမှုတော် စတင်ဆောင်ရွက်ပြီး ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံလာခဲ့သည်။ ငါသည် စတင်၍ စုဝေးပွဲများ တက်သည်၊ မိတ်သဟာယပြုပေးသည်၊ အသင်းတော်များကြား၌ လျှောက်သွားပြီးလျှင် လူပေါင်းစုံနှင့် ထိတွေ့ဆက်ဆံခဲ့သည်။ ထိုအချိန်မှ ယခုအချိန်ထိ ငါ၏ ဘာသာဗေဒ စွမ်းရည်၊ လူတို့နှင့် အမှုအရာအား ရှုမြင်သည့် ငါ၏အစွမ်းအစတို့သည် အစဉ်မပြတ် ကြီးထွားလာနေသည်။ ငါ၏အစွမ်းအစများထဲက ဤတိုးတက်မှုသည် သင်တို့၏ အခြေအနေများနှင့် မည်သို့ခြားနားသနည်း။ သင်တို့သည် ငါပြောဆိုသည့် စကားများနှင့် ငါမိတ်သဟာယပြုသည့် သမ္မာတရားများအားဖြင့် တွေ့ကြုံရမည်ဖြစ်ပြီး တွေ့ကြုံသည်နှင့်အမျှ ငါပြောဆိုသည့် စကားများသည် ဘုရားသခင်ထံမှဖြစ်ကြောင်း၊ ယင်းတို့သည် သမ္မာတရားဖြစ်သည်၊ မှန်ကန်သည်၊ ထို့ပြင် ယင်းတို့သည် သင်တို့အား စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရယူပြီး ကယ်တင်ခြင်းကို ရရှိရန် ထောက်ကူပေးနိုင်သည့် နှုတ်ကပတ်တော်များဖြစ်ကြောင်း တဖြည်းဖြည်းချင်း သေချာလာမည်ဖြစ်သည်။ ငါ့အနေဖြင့် သင်တို့ တိုးတက်လာနေစဉ် ငါသည်လည်း ပို၍နက်ရှိုင်းစွာပင် ကြီးပွားတိုးတက်နေသည်။ သင်တို့အပေါ် ငါ၏နားလည်မှု ဆက်လက်ကြီးထွားနေစဉ် ငါသည်လည်း ငါမိန့်ဆိုလိုသည့် အရာများကို သင်တို့၏ လိုအပ်ချက်များကို တစ်ဆင့်ချင်း ထောက်ပံ့ပေးနိုင်ရန် အဆက်မပြတ် ဖန်တီးပေးနေသည်။ လူအချို့က “ကိုယ်တော်သည် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးရန်၊ ကျွန်ုပ်တို့၏ ဝိညာဉ်ရင့်သန်မှု တဖြည်းဖြည်း တိုးတက်လာအောင် လုပ်ပေးရန်၊ ကျွန်ုပ်တို့အား ပြောင်းလဲဖို့နှင့် ကယ်တင်ခြင်းလမ်းကြောင်းအပေါ် ပို၍ပို၍ ကြီးပွားတိုးတက်လာဖို့အပြင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေး ပို၍နီးကပ်စွာ တိုးတက်လာဖို့ ထောက်ကူပေးရန် အလိုရှိသည်။ သို့ဖြစ်၍ ထိုအရာကို ကိုယ်တော်သည် မည်ကဲ့သို့ ပြုလုပ်မည်နည်း” ဟု ဆိုကြသည်။ ဤအရာအတွက် သင် စိုးရိမ်ဖို့မလိုပေ။ သင်တို့အား ဖြည့်ဆည်းပေးရန် ငါ့အား နှုတ်ကပတ်တော်အချို့ကို ဘုရားသခင်အနေဖြင့် အလျင်အမြန် ပေးဖို့အလို့ငှာ ငါသည် မည်သည့်အရာကိုမျှ မတောင်းဆိုသကဲ့သို့ အစာရှောင်ရန် သို့မဟုတ် ဆုတောင်းရန် မလိုအပ်၊ သို့တည်းမဟုတ် မိုးရွာရန်အတွက် ဆုတောင်းခြင်းကဲ့သို့သော မည်သည့်အရာကိုမျှ မတောင်းဆိုပေ။ ငါသည် ယင်းသို့ပြုစရာ မလိုပေ။ အဘယ့်ကြောင့်ဆိုသော် ဤလူ့ဇာတိသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပြီး သူသည် ဤအမှုတော်ကို ထမ်းဆောင်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူသည် လူတို့အတွက် ဖြည့်ဆည်းပေးရန် သမ္မာတရားကို ဖော်ပြခြင်းဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ အသွေးအသားနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားမှ ခြားနားချက်ဖြစ်၏။ သို့ဖြစ်၍ ငါသည် သင်တို့လိုအပ်သည့် အရာအား မပျက်မကွက် နားလည်ရန်မလိုပေ။ သို့တစေ သင်တို့အား ငါဖြည့်ဆည်းပေးလိုသည့် အရာနှင့် သင်တို့အား မိတ်သဟာယ ပြုလိုသည့် အရာသည် သင်တို့လိုအပ်သည့်အရာ အတိအကျပင် ဖြစ်၏။ ငါ၏ စကားများနှင့် အလုပ်များအတိုင်း သင်တို့ ရှေ့သို့ ဆက်ဖို့သာလိုကာ သင်တို့၏ အခြေအနေသည် စတင်တိုးတက်မည် ဖြစ်သည့်အပြင် သင်တို့၏ အသက်တာသည်လည်း ယင်းတို့အတူ ပို၍ပို၍ ကြီးပွားတိုးတက်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် သင်တို့အား ငါ ရေလောင်းပေးနေစဉ် ဘုရားသခင်၏ ဝိညာဉ်တော်က သူ၏အလုပ်ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထမ်းဆောင်မည်ဖြစ်သည်။ အမှန်အားဖြင့် ယင်းသည် သူ၏ လူ့သဘာဝနှင့် ပူးပေါင်းဆောင်ရွက်သည့် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ပြီး သူ၏ လူ့သဘာဝသည် သူ၏ ဘုရားသဘောသဘာဝနှင့် ပူးပေါင်းဆောင်ရွက်သည်။ ယင်းတို့အားလုံးက တစ်ပြိုင်နက်တည်း အလုပ်လုပ်ကြသည်။ ငါသည် ဤနေရာတွင် သင်တို့အား ရေလောင်းပေးနေပြီး ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့ကြား၌ အမှုပြုနေသည်၊ အသိဉာဏ်ပွင့်လင်းစေသည့်အပြင် အလင်းပေးနေပြီးနောက် သင်တို့အနေဖြင့် သမ္မာတရားအမျိုးမျိုးထဲသို့ ဝင်ရောက်နိုင်ရန်အလို့ငှာ သင်တို့အတွက် အနေအထားများကို စီစဉ်ဖွဲ့စည်းပေးပြီး အခြေအနေများကို ဖန်တီးပေးနေခြင်း ဖြစ်သည်။ သူ၏ လူ့သဘာဝနှင့် ဘုရားသဘောသဘာဝတို့က ဤပုံစံအတိုင်း အတူတကွ အလုပ်လုပ်ကြသည်။ သို့ဆိုလျှင် လူ့ဇာတိနှင့် ဝိညာဉ်တော်ကြားမှ ဤပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်သည့် လူသားတစ်ဦးဦး ရှိသလော။ လုံးဝ မရှိချေ။ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးကို သိရှိရန်နှင့် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအားဖြင့် ဤလူ့ဇာတိကိုဆက်ဆံရန် မကြိုးစားပါက ဤလူ့ဇာတိ၏ အနှစ်သာရမှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ဤလူ့ဇာတိတွင် မည်သည့်အရာပါဝင်ကြောင်းနှင့် သူသည် အမှုတော်ကို အတိအကျ မည်သို့ထမ်းဆောင်ကြောင်းကို အမြဲပင် အတိအကျ နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤအရာများကို နားမလည်နိုင်ပါက သူသည် လူသားတစ်ဦးလော၊ ဘုရားသခင်လောဟူသည်ကို သင်သည် မည်သည့်အခါမျှ သေချာလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သင်သည် ဤအဆင့်ကို ရှင်းလင်းစွာ မြင်နိုင်လျှင် သို့မဟုတ် သင်၏အတွေ့အကြုံ၌ ဤအဆင့်ကိုရောက်ပြီး ဤအဆင့်ကို သဘောပေါက်လျှင် ဘုရားသခင်၏ လူ့ဇာတိဖြစ်သော ခရစ်တော်သည် ကမ္ဘာပေါ်တွင် အမှုပြုနေကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်တစ်ခုတည်းကို ပူးပေါင်းဆောင်ရွက်ကာ ထမ်းဆောင်နေကြောင်း သင်သိမည်ဖြစ်ကာ ဤသည်မှာ လူသားမျိုးနွယ် အားလုံးကြားတွင် မည်သူမျှ မရရှိနိုင်သည့် အရာတစ်ခုဖြစ်လေသည်။ ထို့အပြင် ဝိညာဉ်တော်သည် အလုပ်လုပ်နေစဉ် လူ့ဇာတိသည် ဝိညာဉ်တော်နှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ယင်းတို့သည် လိုက်လျောညီထွေရှိသည်၊ တစ်သမတ်တည်း ဖြစ်ကြသည့်အပြင် တစ်ခုနှင့်တစ်ခု မည်သည့်အခါမျှ ကွဲလွဲဆန့်ကျင်ခြင်း မရှိကြပေ။ လူအချို့က “တစ်ခါတစ်ရံ ကျွန်ုပ်သည် စမ်းသပ်မှုများကို ကြုံတွေ့သောအခါ သန့်ရှင်းသော ဝိညာဉ်တော်က သင်ခန်းစာများ ယူရန် ကျွန်ုပ်အား အသိဉာဏ်ပွင့်လင်းစေသည်။ သို့ရာတွင် ကိုယ်တော်သည် အခြားသမ္မာတရားများကို ဖော်ပြသည်။ ယင်းက မည်သို့များ ဖြစ်သနည်း” ဟု ဆိုကြသည်။ ဤတွင် ဝိရောဓိ သို့မဟုတ် ကွဲလွဲဆန့်ကျင်မှုဟူ၍ တကယ်မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကွဲပြားသော အတိုင်းအတာဖြင့် လူတိုင်းကို သူတို့၏ အတွေ့အကြုံထဲသို့ ဦးဆောင်လမ်းပြနေစဉ် ခရစ်တော်သည် သမ္မာတရားကို တဖြည်းဖြည်းနှင့် သင့်လျော်သော အစီအစဉ်အတိုင်း ဖော်ပြသည်။ အခြေအနေအားလုံးနှင့် သင့်တော်သော ချဉ်းကပ်နည်းဟူ၍ မရှိပေ။ ခရစ်တော်သည် ဘုရားသခင် ရွေးကောက်ထားသော လူတို့အတွက် အမှန်တကယ် တည်ရှိသည့် အဓိကကိစ္စများကို အခြေခံ၍ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းဖြင့် တရားဒေသနာ ဟောကြားကာ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုသည်လည်း တစ်ဦးချင်းစီ၏ အခြေအနေများအပေါ် မူတည်သည်။ ဤတွင် ဝိရောဓိ သို့မဟုတ် ကွဲလွဲဆန့်ကျင်မှုဟူ၍ မရှိပေ။ ဘုရားသခင်ပြုသော အမှုအားလုံးသည် သူဖော်ပြသည့် သမ္မာတရားထဲတွင်၊ တစ်နည်းအားဖြင့် ဘုရားသခင်မှ မိန့်ဆိုသည့်အတိုင်း သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ထဲတွင် ရှိနေသော်လည်း လူတို့တွင် မတူညီသော အချိန်များနှင့် မတူညီသော အဆင့်များတွင် မတူညီသော ဝိညာဉ်ရင့်ကျက်မှုများ ရှိကြသည်။ သူ၏ အမှုသည် ဤအတိုင်းအတာကို မကျော်လွန်။ ယင်းမှာ သမ္မာတရားပင်လျှင် ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား အသိဉာဏ်ပွင့်လင်းစေသည့် သမ္မာတရားများနှင့် သင့်အား နားလည်ခွင့်ပေးသည့် အလင်းတို့မှာ မည်သည့်အရာတွင် အခြေခံသနည်း။ ယင်းတို့သည် ယခု ခရစ်တော်ဖော်ပြသည့် ဤသမ္မာတရားများ၊ တစ်နည်းအားဖြင့် သင့်အား ယခု သူနားလည်ခွင့်ပြုသည့် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့အပေါ် အခြေခံလေသည်။ လူအချို့က “ကိုယ်တော်ကို ဤလူ့ဇာတိ၌ ကျွန်ုပ်တို့ အလိုမရှိပါ။ ကျွန်ုပ်တို့အား အသိဉာဏ်ပွင့်လင်းစေရန်နှင့် လမ်းညွှန်ပြရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်ရှိသည်မှာ လုံလောက်သည်။ ကျွန်ုပ်တို့သည် မည်သို့ဖြစ်စေ ကိုယ်တော်မပါဘဲ အသစ်သော ဉာဏ်ပွင့်ခြင်းနှင့် အလင်းတို့ကို ရရှိနိုင်သည်၊ မည်သို့ဖြစ်စေ အသစ်သောခေတ်ကာလကို ဝင်ရောက်နိုင်သည်၊ ထို့ပြင် မည်သို့ဖြစ်စေ ကယ်တင်ခြင်းကို ရရှိနိုင်သည်” ဟု ဆိုကြသည်။ ဤသို့ဆိုသည်မှာ ယုတ္တိတန်သောအရာ ဟုတ်သလော။ (မဟုတ်ပါ။) ဘာသာရေးသမားများသည် သခင်ယေရှုကို အနှစ်နှစ်ထောင်မျှ ယုံကြည်ခဲ့ပြီဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အနှစ်နှစ်ထောင်မျှ လမ်းညွှန်ပြခဲ့ပြီဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို ရရှိခဲ့ပြီနည်း။ ရွေးနုတ်ခြင်းနှင့်ဆိုင်သော ဧဝံဂေလိတရားသာလျှင် ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော်ကိုသာ ခံစားခဲ့ပြီဖြစ်လင့်ကစား နောက်ဆုံးသောကာလတွင် ဘုရားသခင် ဖော်ပြသည့် ဤသမ္မာတရားများကို မရရှိနိုင်ကြပေ။ သို့ဖြစ်၍ လူ့ဇာတိခံယူသော ဘုရားသခင်၏ အသွေးအသားသည် နောက်ဆုံးသောကာလတွင် သမ္မာတရားမြောက်မြားစွာကို ဖော်ပြလျက် ဤနေရာ၌ မရှိခဲ့လျှင် သင်တို့သည် မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့သည် ထိုဘာသာရေးသမားများနှင့်ပင် တူညီပြီး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ကြီးမားသော အသိဉာဏ်ပွင့်ခြင်းနှင့် များစွာသော ကျေးဇူးတော်ကို ရရှိမည်ဖြစ်ကာ၊ သို့မဟုတ်လျှင် ဘုရားသခင်သည် သင့်ကို ရွေးချယ်ပြီး သင့်ကို အသုံးပြုမည်ဖြစ်သည့်အပြင် သင်သည် ပရောဖက်တစ်ဦး သို့မဟုတ် တမန်တော်တစ်ဦး ဖြစ်နိုင်ပေသည်။ သို့သော် သင်သည် နောက်ဆုံးသောကာလ ဘုရားသခင်၏ လူ့ဇာတိခံယူသူ ဖော်ပြသည့် ဤသမ္မာတရားများကို လက်မခံပါက သင်သည် စုံလင်အောင် ပြုခြင်းခံရရန်၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန်၊ သို့မဟုတ် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်မည် မဟုတ်ချေ။
ယခုတွင် သင်တို့သည် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်ကြသော်လည်း လူ့ဇာတိခံယူခြင်း၏ အနှစ်သာရနှင့် ပတ်သက်၍ ထိုထိုသော အယူအဆများ ရှိနေကြဆဲ ဖြစ်ပြီး လူ့ဇာတိခံယူခြင်းသည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်ကြောင်း မည်သည့်အခါမျှ မသေချာကြပေ။ သင်တို့အား ယခု စတင်ဆွေးနွေးရမည်ဖြစ်ပြီး အပြင်လောကရှိ အမှုအရာအချို့ကို ငါလည်း နားမလည်ကြောင်း သင်တို့ သိရှိခဲ့သည်ဆိုလျှင် အယူအဆများ ထားရှိကြမည်လော။ လူအချို့သည် ယင်းကို လက်သင့်ခံနိုင်မည်မဟုတ်ဘဲ “ကိုယ်တော်သည်လည်း ယင်းကို နားမလည်ပေ။ ဤအရာ ဖြစ်ပျက်ရမည် မဟုတ်ပေ။ ကိုယ်တော်သည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်သောကြောင့် အရာခပ်သိမ်းကို နားလည်သင့်သည်။ ကိုယ်တော်မသိသော အရာနှင့် မတတ်နိုင်သောအရာ ဘာမျှမရှိသင့်ပေ။ ကိုယ်တော်သည် တစ်ချိန်တည်းတွင် နေရာတကာ၌ မရှိနိုင်လင့်ကစား ကိုယ်တော်သည် အရာခပ်သိမ်းကို သိနေဆဲဖြစ်သင့်သည်” ဟု စဉ်းစားမည်ဖြစ်သည်။ ဤသည်မှာ လူတို့၌ရှိသော အယူအဆ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာလည်း အယူအဆတစ်ခု ဖြစ်၏။ လူ့ဇာတိခံယူသူ၏ ပုံမှန်လူ့သဘာဝ နောက်ကွယ်မှ အမြင်သဘောထားမှာ အဘယ်နည်း။ လူ့ဇာတိခံယူသူ စဉ်းစားသည့်ပုံတွင် ပုံမှန်လူ့တွေးခေါ်မှုရှိသည်၊ ယင်းက သဘာဝလွန်မဟုတ်၊ မရေမရာ မဟုတ်သည့်အပြင် အနှစ်သာရမမဲ့ပေ ဟူ၍ဖြစ်သည်။ သူသည် ထိုသို့သော အရာများနှင့်ပတ်သက်၍ သက်ဆိုင်သော ကျွမ်းကျင်မှုရှိသည့် လူတစ်ဦးထက် မလွဲမသွေ ပို၍ သိခြင်းမျိုး မဖြစ်နိုင်သော်လည်း လေ့လာခြင်းအားဖြင့် ပုံမှန်လူ့သဘာဝ၏ စဉ်းစားဉာဏ်နှင့် လက်လှမ်းမီနိုင်သည့် အရာကို ရရှိနိုင်ပြီး ဤသည်မှာ ပုံမှန်ဖြစ်သည်။ ထိုမျှမက သူသည် သဘာဝလွန်မဟုတ်ဘဲ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုနှင့် စဉ်းစားဉာဏ်အတိုင်း စကားပြောပြီး ပြုမူသည်။ ဥပမာအနေဖြင့် ပုံမှန်လူ့သဘာဝ၏ စဉ်းစားဉာဏ်သည် တစ်ဆင့်ချင်း ရှေ့ဆက်ပြီး ဤသည်မှာ လူ့ဇာတိခံယူသူ စဉ်းစားသည့်ပုံလည်း ဖြစ်၏။ သူ၏ ပုံမှန်လူ့သဘာဝမှာ အဘယ့်ကြောင့် ဤကဲ့သို့ဖြစ်သနည်း။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သလော။ (ဆီလျော်ပါသည်။) ဤသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ သာမန်လူတစ်ဦးသည် လှေကားတက်သောအခါ တစ်ကြိမ်တွင် လှေကားထစ်မည်မျှ တက်သနည်း။ (တစ်ထစ်တက်ပါသည်။) ခြေတစ်လှမ်းတွင် လှေကားတစ်ထစ်တက်သည်။ ဤသည်မှာ ပုံမှန်လှေကားတက်နည်း ဖြစ်၏။ ငါသည် ခြေတစ်လှမ်းတည်းဖြင့် လှေကားထစ်များစွာ ကျော်ပြီး အိမ်ထဲသို့ ချက်ချင်းဝင်ရမည်ဆိုလျှင် သင်တို့ ဤသို့လုပ်နိုင်မည်လော။ (မလုပ်နိုင်ပါ။) သင်တို့ လုပ်နိုင်မည် မဟုတ်ပေ။ သို့ဆိုလျှင် သင်တို့ကို ဤသို့လုပ်ရန် ငါအတင်းအကျပ်ဆိုလျှင် သင်တို့ လုပ်မည်လော။ ဤအရာကို ပြုလုပ်နိုင်မည်လော။ (မလုပ်နိုင်ပါ။) သင်တို့ ပြုလုပ်နိုင်မည် မဟုတ်ပေ။ ယင်းသည် အလုပ်အနေဖြင့် ရည်မှန်းထားသည့် သူတို့၏ လိုအပ်ချက်များအပေါ် အခြေခံသည်။ ငါသည် ဤပုံစံအတိုင်း သမ္မာတရားအပေါ် မိတ်သဟာယပြုကာ အကြောင်းအရာတစ်ခုနှင့် အဓိကပြဿနာကို ယူပြီးနောက် တတ်နိုင်သမျှ တိတိကျကျနှင့် ပြည့်ပြည့်စုံစုံ ပြောဆိုသည်၊ ပုံဥပမာများ ပြောသည်၊ ဥပမာများ ပေးသည်၊ အမှုအရာများကို ထပ်ကာတလဲလဲ ပြောသည်။ ဤပုံစံအတိုင်း စကားပြောလင့်ကစား နားမလည်သည့်အပြင် ဆိုလိုရင်းကို မမိသည့်သူ များစွာရှိသည်။ ထို့ကြောင့် အကယ်၍ ငါသည် ထိုမျှအသေးစိတ်ဖြင့် စကားမပြောသည့်အပြင် အရာရာကို အလေးနက်ဆုံးနှင့် ယေဘုယျအကျဆုံးနည်းဖြင့် မရှင်းပြခဲ့ပါက သင်တို့သည် မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ဘဲ သို့မဟုတ် နားလည်နိုင်မည် မဟုတ်ဘဲ ဤအလုပ်သည် အနှစ်သာရမဲ့ပြီး လက်တွေ့မကျ ဖြစ်နေမည်။ သင်တို့သည် ခြေတစ်လှမ်းတွင် လှေကားတစ်ထစ်ချင်းတက်ခြင်းဖြင့် ခရီးပေါက်နိုင်သောကြောင့် ငါသည်လည်း သင်တို့ကို ခြေတစ်လှမ်းတိုင်းတွင် လှေကားတစ်ထစ်ချင်း တက်ခြင်းဖြင့် ခေါ်ဆောင်မည်ဖြစ်ပြီး ဤနည်းအားဖြင့် သင်တို့သည် ငါ့ကို အမီလိုက်နိုင်မည်ဖြစ်သည်။ အကယ်၍ ငါသည် ခြေတစ်လှမ်းဖြင့် လှေကားလေးထစ်တက်ပါက ရလဒ်မှာ မည်သည့်အရာဖြစ်မည်နည်း။ သင်တို့သည် ငါ့ကို မည်သည့်အခါမျှ မီအောင်လိုက်နိုင်မည် မဟုတ်ပေ။ ငါ၏ စဉ်းစားဉာဏ်သည် ရှေ့ပြေးပြီး လျင်မြန်သိသာစွာ ရှေ့တိုးနိုင်ကာ ယင်းကို သင်တို့ လုံးဝ မမီနိုင်ခဲ့လျှင် လူ့ဇာတိခံယူခြင်းက အဓိပ္ပာယ်မဲ့သွားမည် ဖြစ်သည်။ သို့ဖြစ်၍ ဤခန္ဓာသည် မည်မျှ သာမန်ဖြစ်ပြီး လက်တွေ့ကျသည်ဖြစ်စေ၊ သူ၌ ဘုရားဝိညာဉ်တော်၏ တတ်နိုင်စွမ်းများ ရှိပုံပင် မပေါက်နိုင်သည်ဖြစ်စေ ဤအရာအားလုံးမှာ လူသားမျိုးနွယ်၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခု ဘုရားသခင်၏ ထောက်ပံ့ပေးခြင်း ခံနေရသော လူတို့သည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံထားရသော၊ သမ္မာတရားကို နားမလည်သော၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိသော လူတို့ဖြစ်သောကြောင့် လူ့ဇာတိခံယူရာ၌ သူသည် ပုံမှန်လူ့သဘာဝ၏ အခြေခံအကျဆုံး စဉ်းစားဉာဏ်ကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ဤအခြေခံအကျဆုံး စဉ်းစားဉာဏ်မှာ အဘယ်နည်း။ ယင်းမှာ သူစကားပြောသောအခါ အလယ်အလတ်တန်းစား အစွမ်းအစနှင့် အနည်းငယ်ပင် အစွမ်းအစချို့တဲ့သည့် လူတို့က သူ့ကို နားလည်နိုင်သည်။ သူတို့၏ စဉ်းစားဉာဏ်သည် သာမန်ဖြစ်သရွေ့ လူတို့က သူမိန့်ဆိုသည့်အရာနှင့် ပြောပြသည့်အရာကို နားလည်နိုင်ပြီး သူဟောပြောသည့် သမ္မာတရားများကို နားလည်နိုင်သဖြင့် သမ္မာတရားကို လက်ခံနိုင်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်ပြုလုပ်သော အမှု၏ အဆင့်တိုင်းနှင် သူမိန့်မြွက်သော နှုတ်ကပတ်တော်အားလုံးသည် အကျိုးသက်ရောက်မှုများကို ရရှိပြီး ရလဒ်များကို တွေ့မြင်နိုင်လေသည်။ ဤသည်မှာ လက်တွေ့ကျသလော။ (လက်တွေ့ကျပါသည်။) သို့ဆိုလျှင် လူတို့သည် အယူအဆများကို ဖက်တွယ်ထားပြီး လက်မလွှတ်ဘဲ “အတိတ်တွင် အချို့သော ဧကရာဇ်များသည် အံ့မခန်းသော မှတ်ဉာဏ်များကို ဆုကျေးဇူးရရှိပြီး စာကြောင်းဆယ်ကြောင်းကို မျက်စိတစ်ချက်ဝေ့ရုံဖြင့် ဖတ်ရှုနိုင်ခဲ့ကြသည်။ ဘုရားသခင်သည် ထိုသို့ ဖြစ်သင့်သည် မဟုတ်လော။ အကယ်၍ ကိုယ်တော်သည် ဤဆုကျေးဇူးများကို မပိုင်ဆိုင်လျှင် ကိုယ်တော်သည် သာမန်ဆန်လွန်းသဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော့်နောက်သို့ လိုက်နိုင်မည်မဟုတ်ပါ။ ကိုယ်တော်သည် တန်ခိုးသြဇာကြီးသူတစ်ဦး၏ အသွင်ကိုဆောင်လျှင် အလွန်ကောင်းမည်” ဟု ဆိုပါက မည်သည့်အရာကို သင်တွေ့ရှိနိုင်သနည်း။ လူတို့သည် ကုစား၍မရအောင် မသိနားမလည်သည်အထိ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံထားရ၏။ သာမန် လူ့စဉ်းစားဉာဏ်နှင့် အစွမ်းအစအချို့ ရှိခြင်းအပြင် ဘုရားသခင်အနေဖြင့် ၎င်းတို့ကို ရွေးချယ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်ခြင်း၊ လူတို့အနေဖြင့် ဘုရားသခင်နောက်လိုက်လိုသော စိတ်ဆန္ဒအနည်းငယ်၊ အသိတရားနှင့် အသိစိတ် အနည်းငယ်ရှိခြင်းမှလွဲ၍ ၎င်းတို့ မည်သည့်အရာကိုမျှ နားမလည်ကြပေ။ ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ရုံမျှမက ပုံမှန်လူ့သဘာဝဟူသည် မည်သည့်အရာ ဖြစ်ကြောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ မည်သည့်အရာဖြစ်ကြောင်း၊ အယူအဆများနှင့် စိတ်ကူးများ မည်သို့ထွက်ပေါ်လာကြောင်း၊ ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ဘုရားသခင်ကို လူတို့ မည်သို့ဆက်ဆံရမည်ဖြစ်ကြောင်း သို့မဟုတ် အနည်းဆုံးအနေဖြင့် မည်သည့်အသိတရားနှင့် အသိစိတ်ကို ၎င်းတို့ပိုင်ဆိုင်သင့်ကြောင်း စသည်တို့ကိုလည်း နားမလည်ကြပေ။ နားလည်ရလွယ်ကူသော မည်သည့်ဘာသာစကားကို ဘုရားသခင် အသုံးပြုသည်ဖြစ်စေ လူတို့သည် သိပ်နားမလည်ဘဲ အပေါ်ယံနားလည်ခြင်းသာ ရှိကြသည်။ မည်သည့်အရာကိုမျှ နားမလည်သည့်၊ ဘုရားသခင်ကို ဆန့်ကျင်သည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရင်ဆိုင်ရသောအခါ ထိုသို့သော လူတို့ကို ဘုရားသခင်၏ရှေ့သို့ ဦးဆောင်လမ်းပြနိုင်ရန်အတွက် လူ့ဇာတိခံယူသော ဘုရားသခင်သည် မည်သို့သော အနှစ်သာရမျိုး၊ မည်သို့သော လူ့သဘာဝမျိုးနှင့် မည်သို့သော ပုံမှန်လူ့စဉ်းစားဉာဏ်မျိုးကို ပိုင်ဆိုင်သင့်သနည်း၊ ငါ့ကိုပြောလော့။ ဘုရားသခင်သည် မည်သည့်အရာကို ပြုလုပ်သင့်သနည်း၊ ငါ့ကိုပြောလော့။ လူအချို့က “ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်သည် မဟုတ်လော။ လူတို့ကို သိမ်းပိုက်ရရှိဖို့အတွက် နိမိတ်လက္ခဏာ မြောက်မြားစွာကို အဘယ့်ကြောင့် မပြရသနည်း” ဟု ဆိုကြသည်။ ဤသည်မှာ လူအများစု၏ စိတ်နှလုံးထဲ၌ ဆုပ်ကိုင်ထားသော အယူအဆတစ်ခုဖြစ်၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို ပြခြင်းအားဖြင့်လည်းကောင်း၊ သဘာဝလွန်နည်းလမ်းများဖြင့်လည်းကောင်း ထုတ်ဖော်နိုင်ခြင်းနှင့် ဖြေရှင်းနိုင်ခြင်း ရှိသလောဟူသည်ကို ၎င်းတို့ မေးခွန်းမထုတ်ကြပေ။ သဘာဝလွန်နည်းလမ်းများဖြင့် သမ္မာတရားကို လူတို့အထဲသို့ ဖြစ်ပေါ်စေနိုင်သလော။ ဤအရာက စာတန်ကို လက်ခံယုံကြည်စေနိုင်သလော။ (မဖြစ်နိုင်ပါ။) ယခု “မဖြစ်နိုင်” ဟု သင်တို့၏ ပြောဆိုချက်မှာ အယူဝါဒတစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တစ်နေ့တစ်ချိန်အထိ တွေ့ကြုံလာပြီးနောက်တွင် လူတို့သည် အဘယ်မျှပင် ထုံထိုင်းပြီး ဉာဏ်တုံးကြောင်း၊ အဘယ်မျှပင် ပုန်ကန်တတ်ကြောင်း၊ အဘယ်မျှပင် စိတ်နှလုံးခိုင်မာကြောင်း၊ အဘယ်မျှပင် ကောက်ကျစ်ဆိုးယုတ်ကြောင်းနှင့် ၎င်းတို့သည် အဘယ်မျှပင် သမ္မာတရားကို မနှစ်သက်ကြောင်းကို သင်တို့ သိမြင်လာမည်ဖြစ်သည်။ တစ်နေ့တစ်ချိန်အထိ တွေ့ကြုံလာပြီးနောက်တွင် သင်တို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိ၊ ပုံမှန်လူ့သဘာဝရှိသော ဤဇာတိပကတိသည် လူသားမျိုးနွယ်အားလုံး လိုအပ်နေသောအရာဖြစ်ကြောင်း နားလည်လာမည်။ သို့ဖြစ်၍ သင်၌ စိတ်ကူးနှင့် အယူအဆမျိုးစုံ ရှိနေသေးလျှင် သင့်အတွက် ဤသည်မှာ တာဝန်မဲ့သော သဘောထားရှိခြင်းဖြစ်ပြီး ဘုရားသခင်အတွက် ယင်းသည် ပြစ်မှားစော်ကားခြင်းဖြစ်၏။ ယင်းမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အပင်ပန်းခံသော ရည်ရွယ်ချက်အား ငြင်းပယ်ခြင်းနှင့် မေးခွန်းထုတ်ခြင်းဖြစ်၏။ သင်သည် “ငါတို့၌ အသိပညာ၊ ပညာရေးနှင့် ဦးနှောက်ရှိသည်။ ငါတို့သည် နောက်ဆုံးသောကာလ၌ မွေးဖွားလာပြီး ငါတို့ထဲမှ အချို့သည် ကမ္ဘာပေါ်ရှိ ပို၍မြင့်မားသော ပညာရေးကို သင်ယူထားပြီး ထိုထိုသော မိသားစုနောက်ခံများ ရှိကြသည်။ ငါတို့သည် ခေတ်မီ၊ ပညာတတ်သော လူများဖြစ်ကြပြီး ငါတို့သည် လူတိုင်းက အထင်သေးသည့် ထိုမျှအလွန့်အလွန် ပုံမှန်ဖြစ်ပြီး သာမန်ဆန်သော ခရစ်တော်ကို ပစ်ပယ်ဖို့ အကြောင်းပြချက်ရှိ၏။ ကိုယ်တော်နှင့်ပတ်သက်သော အယူအဆများ ထားရှိဖို့ အကြောင်းပြချက်ရှိ၏” ဟု စဉ်းစားလျှင် ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ဤသည်မှာ ပုန်ကန်ခြင်းဖြစ်ပြီး အကောင်းနှင့်အဆိုး၏ ကွဲပြားမှုကို မသိခြင်းပင်။ လူတို့သည် ၎င်းတို့၏ အယူအဆများ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ဖြေရှင်းနိုင်သော်လည်း ယင်းတို့ကို ဖြေရှင်းပြီးနောက်တွင် လူတို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း သို့မဟုတ် ခရစ်တော်၏ ပုံမှန်လူ့သဘာဝအပိုင်းကို လက်ခံရန် ဇွတ်ငြင်းနေသေးလျှင် ဤအရာက ၎င်းတို့အား ဒုက္ခရောက်စေပြီး ၎င်းတို့အား ကယ်တင်ခြင်းရရှိခြင်းမှ ဟန့်တားမည်ဖြစ်သည်။ တစ်နေ့တစ်ချိန်အထိ တွေ့ကြုံလာပြီးသောအခါ သင်သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၊ သူ၏ ပုံမှန်လူ့သဘာဝ၊ သူ၏အရာအားလုံးနှင့် သူထုတ်ဖော်သမျှတို့က သာမန်ပိုဖြစ်လေလေ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းက ပို၍ကြီးမားလေလေ ဖြစ်ပြီး ယင်းတို့က သာမန်ပိုဖြစ်လေလေ ယင်းတို့သည် ကျွန်ုပ်တို့ လိုအပ်သည့်အရာ ပို၍ဖြစ်လေလေ ဖြစ်၏။ အကယ်၍ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းက သဘာဝလွန်ဖြစ်ပါက ကမ္ဘာပေါ်၌နေထိုင်သောသူ တစ်ဦးတစ်ယောက်မျှ ကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏နှိမ့်ချမှုနှင့် ကွယ်ဝှက်မှုတို့ကြောင့်၊ အမြင်အားဖြင့် မထူးခြားသည့် ဤဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကြောင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်း အခွင့်ရှိခြင်း ဖြစ်လေသည်။ လူများ၌ ပုန်ကန်ခြင်းအပြင် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရတို့ ရှိသောကြောင့် ဘုရားသခင်အပေါ် အယူအဆများ၊ အထင်လွဲမှုများနှင့် အတိုက်အခံ မျိုးစုံတို့ ဖြစ်ပေါ်လာလေသည်။ ဤအယူအဆများ၏ အကျိုးဆက်အနေဖြင့် လူများသည် ဤခရစ်တော်ကို ဝင့်ဝါမောက်မာစွာ၊ သို့မဟုတ် မိမိတို့ကိုယ်ကို ယုံကြည်စိတ်ချစွာ ငြင်းပယ်ပြီး သူ၏ပုံမှန်လူ့သဘာဝကို ငြင်းပယ်ကြခြင်းပင် ဖြစ်လေသည်။ ဤသည်မှာ ကြီးစွာသော အမှားတစ်ခုဖြစ်၏။ သင်သည် ကယ်တင်ခြင်းကို ရရှိလိုပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရရှိလိုပါက သင်သည် ခရစ်တော်၏ ပုံမှန်လူ့သဘာဝနှင့် ပတ်သက်သည့် သင်၏ အမျိုးမျိုးသော အယူအဆမျိုးများနှင့် စိတ်ကူးများအပြင် မှားယွင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဦးစွာ ဘေးဖယ်ရမည်၊ ခရစ်တော်နှင့်ပတ်သက်သည့် သင်၏ အမျိုးမျိုးသော ထိုးထွင်းအမြင်များနှင့် ထင်မြင်ယူဆချက်များကို ဘေးဖယ်ရမည်ဖြစ်ပြီး သူ့ထံမှ လာသည့်အရာအားလုံးကို လက်ခံဖို့ နည်းလမ်းကို သင်တွေးရမည်။ သို့မှသာလျှင် သူပြောသည့် နှုတ်ကပတ်တော်များနှင့် သူဖော်ပြသည့် သမ္မာတရားသည် သင်၏စိတ်နှလုံးထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာမည်ဖြစ်ပြီး သင်၏အသက် ဖြစ်လာပေမည်။ သင်သည် သူ၏နောက်သို့ လိုက်လိုပါက သူနှင့်ပတ်သက်သည့် အရာအားလုံးကို လက်ခံသင့်သည်။ သူ၏ ဝိညာဉ်တော်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များ သို့မဟုတ် သူ၏လူ့ဇာတိဖြစ်စေ ယင်းတို့အားလုံးကို လက်ခံသင့်သည်။ သင်သည် သူ့ကို အမှန်တကယ် လက်ခံထားလျှင် သင်သည် သူ့အား ဆန့်ကျင်လျက် ရပ်တည်ခြင်း၊ သင်၏အယူအဆများကို ဖက်တွယ်ထားကာ သူ့အား အမြဲတစေ သံသယရှိပြီး သူ့အပေါ် အတိုက်အခံလုပ်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့ ရှိရန်ပင်မဆိုထားဘိ သင့်အယူအဆများအပေါ် အမှီပြုလျက် သူ့အား အမြဲတစေ အထင်လွဲမှားခြင်းနှင့် သူ့အား ပုန်ကန်ခြင်းတို့ မရှိသင့်ပေ။ ဤသို့သော သဘောထားမျိုးက သင့်ကိုသာ နစ်နာစေမည်ဖြစ်ပြီး ယင်းသည် သင့်အတွက် လုံးဝအကျိုးမရှိချေ။ ငါပြောသည့်အရာကို သင်တို့ လက်ခံနိုင်သလော။ (လက်ခံနိုင်ပါသည်။) ကောင်းပေ၏။ သို့ဖြစ်၍ ယခု သင်၏အယူအဆများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို အလျင်အမြန် ရှာဖွေလော့။ ဤပြဿနာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်ပြီး ယင်းတို့ကို မဖြေရှင်းလျှင် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် သေဆုံးရမည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။