မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁) အပိုင်း လေး

ယခုတွင် နောက်ဆုံးသောကာလ၌ ဘုရားသခင်က သူ၏အမှုတော်ကို လုပ်ဆောင်သည့်ပုံစံနှင့် ပတ်သက်လာလျှင် လူအချို့သည် ယင်းနှင့်ပတ်သက်၍ ထိုထိုသော စိတ်ကူးများနှင့် အယူအဆများကို ဖန်တီးလင့်ကစား ဤစိတ်ကူးများနှင့် အယူအဆများသည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုကို အဓိကအားဖြင့် ဟန့်တားနိုင်စွမ်း မရှိဘဲ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည် သို့မဟုတ် ဘုရားသခင်ကို ငြင်းပယ်သည်ဟု လူတို့ လက်လွတ်စပယ် ပြောကြမည် မဟုတ်ချေ။ ဤဖြစ်ရပ်မှာ မည်သည့်အရာ ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ရရှိသော ရလဒ်ဖြစ်သည်။ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က သိမ်းပိုက်ခြင်းခံထားရပြီး ခရစ်တော်ကို ၎င်းတို့၏ ဘုရားသခင်အဖြစ် အခြေခံအားဖြင့် လက်ခံနိုင်ကြသည်။ ဤအချက်အရဆိုလျှင် လူတို့သည် မှန်သောလမ်းခရီးအပေါ် အခြေခံအုတ်မြစ်တစ်ခုကို အခြေခံအားဖြင့် တည်ဆောက်ထားပြီးဖြစ်ကာ ယင်းနှင့်ပတ်သက်၍ ၎င်းတို့ အတည်ပြုနိုင်ပြီး စွဲစွဲမြဲမြဲယုံကြည်သွားပြီ ဖြစ်သည်။ ဤရလဒ်ကို ရရှိသောအခါ ဘုရားသခင်နှင့်ပတ်သက်၍ လူတို့၏ အထင်လွဲမှားမှုများက ပြေလည်သွားသလော။ (မပြေလည်သေးပါ။) ၎င်းတို့၏ အထင်လွဲမှားမှုများ မပြေလည်သေးခြင်းက ၎င်းတို့၌ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိအပြင် ခရစ်တော်နှင့်ပတ်သက်၍ များစွာသော စိတ်ကူးများ၊ သတ်မှတ်ချက်များနှင့် အယူအဆများ ရှိနေဆဲဖြစ်ကြောင်း သက်သေပြသည်။ ဤအယူအဆများက သင်၏ ထင်မြင်ချက်များကို လမ်းညွှန်ပေးနိုင်သည်၊ သင့်လိုက်စားမှု၏ ဦးတည်ချက်နှင့် ပန်းတိုင်များကို လမ်းညွှန်ပေးနိုင်သည့်အပြင် ယင်းတို့က သင့်အခြေအနေကိုလည်း မကြာခဏ လွှမ်းမိုးထားနိုင်သည်။ သင်ကြုံတွေ့သော ကိစ္စရပ်များသည် သင့်အယူအဆများနှင့် မပတ်သက်သောအခါ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ကာ သင့်တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်သေးသည်။ တစ်စုံတစ်ခုသည် သင့်အယူအဆများနှင့် ပဋိပက္ခဖြစ်ကာ သင့်အယူအဆများကို ကျော်လွန်ပြီး ကွဲပြားခြားနားမှုများ ပေါ်ပေါက်လာသည့်အခိုက်တွင် ယင်းကို သင် မည်သို့ဖြေရှင်းမည်နည်း။ သင့်အယူအဆများကို ဇက်ကုန်ကြိုးလွှတ်ပေးမည်လော၊ သို့မဟုတ် ယင်းတို့ကို ပြုပြင်မည်လော၊ ချုပ်ထိန်းပြီး ပုန်ကန်မည်လော။ လူအချို့သည် သူတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ အယူအဆများရှိပြီး ၎င်းတို့၏ အယူအဆများကို လက်မလွှတ်သည်သာမက မိမိတို့၏ အယူအဆများကို အခြားသူများအား သွားရောက်ဖြန့်ဝေပြီး ယင်းတို့ကို ဖွင့်ချဖို့ အခွင့်အရေးများကို ရှာဖွေကြသည်။ ဤသို့ဖြင့် အခြားသူများလည်း အယူအဆများ ရှိလာမည်ဖြစ်သည်။ လူအချို့ကလည်း “သင်တို့က ဘုရားသခင် ပြုသမျှသည် အဓိပ္ပာယ်ရှိသည် ဆိုသော်လည်း ဤသီးသန့်ဖြစ်ရပ်တွင် အဓိပ္ပာယ်ရှိသည်ဟု ကျွန်ုပ်မထင်ပါ” ဟု ဆိုလျက် ငြင်းခုံကြသည်။ ဤသို့ပြောဆိုခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) လိုက်လျှောက်ရမည့် လမ်းကြောင်းအမှန်မှာ အဘယ်နည်း။ လူအချို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိသောအခါ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးက ပုံမှန်မဟုတ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှားမှုများ ထားရှိခဲ့မိပြီဖြစ်ကြောင်း၊ ထို့ပြင် ယင်းတို့ကို မဖြေရှင်းလျှင် အလွန်အန္တရာယ်ရှိလာမည် ဖြစ်ကြောင်း၊ မိမိတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို မေးခွန်းထုတ်ကာ ဘုရားသခင်ကို သစ္စာဖောက်မိနိုင်ဖွယ်ပင်ရှိကြောင်း သဘောပေါက်နိုင်သည်။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်ကို ဆုတောင်းပြီး မိမိတို့၏ အယူအဆများကို စွန့်လွှတ်ကြသည်။ ပထမအနေဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ မမှန်ကန်သော ရှုထောင့်အမြင်ကို ငြင်းပယ်ပြီးနောက် ယင်းကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေကြသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် ဘုရားသခင်အား အလွယ်တကူ ကျိုးနွံနာခံလာနိုင်သည်။ လူတစ်ဦးသည် အယူအဆများ ထားရှိသော်လည်း မိမိတို့ မှန်ကန်သည်ဟု ထင်မှတ်နေသေးပါက၊ ထို့ပြင် ၎င်းတို့သည် မိမိတို့၏ အယူအဆများကို နောက်ဆုံးတွင် လုံးလုံးလျားလျား စွန့်လွှတ်နိုင်စွမ်း သို့မဟုတ် ဖြေရှင်းနိုင်စွမ်း မရှိပါက အချိန်ကြာလာသည်နှင့်အမျှ ဤအယူအဆများက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် သြဇာသက်ရောက်မည်ဖြစ်သည်။ ဆိုးရွားသော ကိစ္စများတွင် ၎င်းတို့သည် ဘုရားသခင်ကိုပင် ပုန်ကန်ပြီး ဆန့်ကျင်နိုင်သည့်အပြင် ဤအရာ၏ အကျိုးဆက်ကိုကား မတွေးဝံ့လောက်အောင်ပင်ဖြစ်၏။ အကယ်၍ သမ္မာတရားကို လိုက်စားသောသူ၊ သမ္မာတရားအချို့ကို နားလည်ထားသောသူနှင့် အမှုအရာများနှင့်ပတ်သက်၍ ရံဖန်ရံခါ အယူအဆများထားရှိသောသူ ဖြစ်ပါက ဤသည်မှာ ပြဿနာကြီးကြီးမားမား မဟုတ်သည့်အပြင် ၎င်းတို့၏ အယူအဆများက ၎င်းတို့အပေါ် သြဇာသက်ရောက်မှု ကြီးကြီးမားမား ရှိမည်မဟုတ်ပေ။ ၎င်းတို့၏အထဲ၌ သမ္မာတရား ရှိကာ မိမိတို့၏ ထင်မြင်ချက်များနှင့် အပြုအမူကို ညွှန်ကြားပြီး ၎င်းတို့၏တာဝန်ထမ်းဆောင်ရာ၌ ၎င်းတို့ကို လမ်းညွှန်သောကြောင့် ၎င်းတို့၏ အယူအဆများသည် ၎င်းတို့ ဘုရားသခင်နောက် လိုက်ရာ၌ အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။ တစ်နေ့နေ့တွင် ၎င်းတို့သည် တရားဒေသနာတစ်ပုဒ် သို့မဟုတ် မိတ်သဟာယပြုချက်တစ်ခုခုကို နားထောင်ပြီး နားလည်ကောင်းနားလည်နိုင်မည် ဖြစ်ကာ ၎င်းတို့၏ အယူအဆများက ပြေလည်သွားမည်ဖြစ်သည်။ လူအချို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအမံများနှင့် ပတ်သက်၍ အယူအဆများ ထားရှိပြီးနောက်တွင် မိမိတို့၏ တာဝန်များကို လုပ်ဆောင်လိုစိတ် မရှိတော့သည့်အပြင် ယင်းတို့ကို ထမ်းဆောင်ရာ၌ လုံ့လစိုက်ထုတ်မှု မရှိတော့ပေ။ ၎င်းတို့သည် အပျက်သဘောဆောင်သော အခြေအနေထဲ၌ အမြဲတမ်း ရှိနေပြီး ၎င်းတို့၏ စိတ်နှလုံးများက အတိုက်အခံလုပ်ခြင်း၊ မကျေနပ်ချက်နှင့် မကျေမချမ်းဖြစ်ခြင်းကို သိုထားသည်။ ဤအပြုအမူသည် မှန်ကန်သလော။ ဤသည်မှာ ဖြေရှင်းဖို့လွယ်ကူသော အရာတစ်ခုလော။ ဥပမာ သင်သည် သင့်ကိုယ်သင် တော်လှပြီဟု ထင်သည်ဆိုပါစို့၊ သို့သော် သင်သည် လူအတစ်ယောက်ဖြစ်ပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု ငါဆို၏။ ဤအရာကို ကြားပြီးနောက် သင်သည် စိတ်ဆိုးလာပြီး ယင်းကို အတိုက်အခံလုပ်ကာ သင်သည် စိတ်နှလုံးထဲတွင် “ငါသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု မည်သူကမျှ မပြောရဲခဲ့ပေ။ ဤအရာကို ငါကြားဖူးသည်မှာ ယနေ့ ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းကို ငါလက်မခံနိုင်ပေ။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိခဲ့လျှင် အသင်းတော်ကို ငါဦးဆောင်နိုင်မည်လော။ ဤမျှများပြားသော အလုပ်ကို ငါလုပ်ဆောင်နိုင်မည်လော” ဟု မိမိကိုယ်ကို ပြောလေသည်။ ကွဲလွဲခြားနားချက်တစ်ခု ထွက်ပေါ်လာသလော။ သင် မည်သည့်အရာ ပြုလုပ်သင့်သနည်း။ လူတို့အနေဖြင့် သူတို့အပေါ် ဤအရာဖြစ်ပျက်သောအခါ သူတို့ကိုယ်သူတို့ ဆင်ခြင်သုံးသပ်ဖို့ လွယ်ကူသလော။ မည်သို့သော လူစားမျိုးသည် သူတို့ကိုယ်သူတို့ ဆင်ခြင်သုံးသပ်နိုင်သနည်း။ သမ္မာတရားကို လက်ခံပြီး သမ္မာတရားကို ရှာဖွေသောသူတစ်ဦးကသာ မိမိကိုယ်ကိုမိမိ ဆင်ခြင်သုံးသပ်နိုင်သည်။ အကယ်၍ သင်သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောသူတစ်ဦးဖြစ်လျှင် သင့်အပေါ် ဤအရာဖြစ်ပျက်သောအခါ သင်သည် ပထမဦးစွာ မိမိကိုယ်ကို ငြင်းပယ်သင့်သည်။ မိမိကိုယ်ကို ငြင်းပယ်ခြင်းဟူသည်မှာ လူတစ်ဦးသည် သမ္မာတရားကို မပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုခြင်းကို ဆိုလိုသည်။ သင်၌ ထင်မြင်ယူဆချက်များနှင့် ရှုထောင့်အမြင်များ ရှိလင့်ကစား ယင်းတို့သည် မလွဲမသွေ တိကျမှန်ကန်ခြင်းမျိုး မဟုတ်ပေ။ သို့ဖြစ်၍ ထိုသို့သော အနေအထားများတွင် မိမိကိုယ်ကို ငြင်းပယ်ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် မှန်ကန်သော လုပ်ဆောင်မှု ဖြစ်၏။ ယင်းသည် မိမိကိုယ်ကို တန်ဖိုးလျှော့ချခြင်း မဟုတ်ပေ။ သင်သည် မိမိကိုယ်ကို ငြင်းပယ်ပြီးနောက်တွင် သင်စိတ်နှလုံးထဲ၌ အေးချမ်းသွားမည်၊ များစွာပို၍ လိမ္မာသွားမည်ဖြစ်ပြီး သင်၏သဘောထား မှန်ကန်သွားမည်ဖြစ်သည်။ ဘုရားသခင်က သင်သည် လူအတစ်ယောက် ဖြစ်ကြောင်း၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်း ပြောသည်ကို သင်ကြားရသောအခါ သင်သည် ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် တိတ်ဆိတ်စွာနေပြီး ကျိုးနွံနာခံသော စိတ်ထားဖြင့် သူ၏ နှုတ်ကပတ်တော်များကို လက်ခံသင့်သည်။ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ အသိတရားနှင့် နားလည်မှု မရှိသေးသည့်အပြင် ယင်းတို့ မှန်သည်၊ မှားသည်ကို မသိလင့်ကစား သင်၏ ယုံကြည်မှုထဲတွင် “ဘုရားသခင်သည် သမ္မာတရားဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် မှားသည့်အရာတစ်ခုကို အဘယ်သို့ ပြောနိုင်မည်နည်း” ဟု အသိအမှတ်ပြုသင့်သည်။ ဘုရားသခင် ပြောခဲ့သည့်အရာသည် သင်စဉ်းစားသည့်အရာနှင့် ခြားနားလျှင်ပင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်မှုအပေါ် အခြေခံ၍ လက်ခံရမည်။ ယင်းတို့ကို သင် နားမလည်လျှင်ပင် သမ္မာတရားအဖြစ် လက်ခံရမည်။ ဤသို့ပြုခြင်းသည် မှန်ကန်ကြောင်း အာမခံသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သောအခါ သမ္မာတရားအဖြစ် လက်မခံပါက ယင်းသည် ဆင်ခြင်တုံတရား လွန်စွာ ချို့တဲ့ခြင်းဖြစ်ပြီး ထိုသူတို့သည် ဤကိစ္စရပ်၌ အရှက်ရကြရမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းသည် မည်သည့်အခါမျှ မမှားနိုင်ပေ။ ဤသည်မှာ အယူဝါဒမဟုတ်၊ ဤအရာသည် လက်တွေ့ကျပြီးနောက် ဤစကားများသည် အတွေ့အကြုံမှလာခြင်း ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မှတ်ယူပြီး ယင်းတို့ကို လက်ခံသောအခါ သင်သည် သင့်ကိုယ်သင် စတင်၍ ဆင်ခြင်သုံးသပ်ရပေမည်။ တာဝန်ထမ်းဆောင်ခြင်းအပြင် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းမှနေ၍ သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည်သာမက အလွန့်အလွန်လည်း မိုက်မဲသည့်အပြင် ချို့ယွင်းချက်များနှင့် မလုံလောက်မှု များစွာရှိကြောင်းကို တွေ့ရှိလိမ့်မည်ဖြစ်ကာ သင်၌ ကြီးလေးသော ပြဿနာတစ်ခုရှိကြောင်း တွေ့ရှိလိမ့်မည်ဖြစ်သည်။ ယင်းမှာ သင်သည် ဘုရားသခင် မိန့်ဆိုထားသည့်အရာကို နားလည်ပြီး လက်ခံနိုင်လိမ့်မည်ဟု ဆိုလိုသည် မဟုတ်လော။ သင်သည် ဤနှုတ်ကပတ်တော်များကို ပထမဦးစွာ စည်းမျဉ်းစည်းကမ်းတစ်ခု၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု သို့မဟုတ် အမြင်သဘောထားတစ်ခုအဖြစ် လက်ခံရမည်ဖြစ်ပြီးလျှင် လက်တွေ့ဘဝတွင် သင့်ကိုယ်သင် သူ၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ရန်နှင့် ယင်းတို့ကို နားလည်ပြီး တွေ့ကြုံရန်အတွက် နည်းလမ်းတစ်ခုကို သင်စဉ်းစားရမည်။ ဤသို့ပြုလုပ်ပြီး မကြာမီတွင် သင်သည် သင့်ကိုယ်သင်အပေါ် တိကျမှန်ကန်သော အကဲဖြတ်ချက်ကို ရရှိလာလိမ့်မည်။ ထိုသို့ဖြစ်ပျက်သောအခါ သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှားမှုများ ရှိနေဦးမည်လော။ ဤကိစ္စနှင့်ပတ်သက်၍ သင်နှင့် ဘုရားသခင်ကြားရှိ သဘောကွဲလွဲမှုမရှိလျှင် သင်သည် သင့်အပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်ကို လက်ခံဖို့ ငြင်းနေဦးမည်လော။ (ငြင်းမည်မဟုတ်ပါ။) သင်သည် ယင်းကို လက်ခံနိုင်မည်ဖြစ်ပြီး နောက်ထပ် ပုန်ကန်ခြင်း ရှိတော့မည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး ဤအရာများကို လုံးစေ့ပတ်စေ့ နားလည်သောအခါတွင် သင်သည် ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ တိုးတက်နိုင်လိမ့်မည်။ သမ္မာတရားကို သင်လက်မခံလျှင်မူကား သင်သည် တစ်နေရာရာ၌ အစဉ်အမြဲ ရပ်တန့်နေမည်ဖြစ်ပြီး တိုးတက်မည် မဟုတ်ပေ။ သမ္မာတရားကို လက်ခံဖို့ အရေးကြီးသလော။ (အရေးကြီးပါသည်။) လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ အယူအဆများကို စွန့်လွှတ်ရမည်ဖြစ်ပြီး ဘုရားသခင်မိန့်ဆိုသော အရာများအပေါ် မည်သည့် ရန်လိုစိတ်မျှ သို့မဟုတ် မည်သည့် အတိုက်အခံလုပ်ခြင်းမျှ သိုမထားရပေ။ ဤသည်သာ သမ္မာတရားကိုလက်ခံခြင်းဟူသော သဘောထားပင်ဖြစ်၏။ လူအချို့သည် ၎င်းတို့က ဖြုတ်ချခံရသောကြောင့် အပျက်သဘော‌ဆောင်လာပြီး အားနည်းလာကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မထမ်းဆောင်လိုကြတော့ဘဲ အမြဲတစေ အပျက်သဘောဆောင်လာပြီး အလုပ်ကို အချောင်ခိုနေကြသည်။ အပြင်ပန်းတွင် ယင်းမှာ ၎င်းတို့သည် အဆင့်အတန်းမရှိသည့်အပြင် အဆင့်အတန်းကို အလွန်အမင်း နှစ်သက်မြတ်နိုးကြသောကြောင့် ဖြစ်သကဲ့သို့ ထင်ရသော်လည်း အမှန်တွင် ဤအရာမှာ အကြောင်းရင်း မဟုတ်ပေ။ ၎င်းတို့အပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်ကြောင့်၊ သို့မဟုတ် ၎င်းတို့အပေါ် ညီအစ်ကိုမောင်နှမများ ပြုလုပ်သော အကဲဖြတ်ချက်ကြောင့်၊ ၎င်းတို့ကိုယ်တိုင်၏ အကဲဖြတ်ချက်နှင့် မကိုက်ညီသောကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်မိမိ အကဲဖြတ်ပြီး နားလည်ထားသည့်ပုံထက် ပို၍ညံဖျင်းသောကြောင့်ပင် အားနည်းပြီး အပျက်သဘောဆောင်ခြင်း ဖြစ်၏။ ထို့အတွက်ကြောင့် ၎င်းတို့သည် လက်မခံနိုင်ဘဲ စိတ်ထိခိုက်ကာ နောက်ဆုံးတွင် အပျက်သဘောဆောင်ရန်နှင့် ဆန့်ကျင်ရန်မူရန်၊ ထို့ပြင် မျှော်လင့်ချက်မဲ့ပြီဟု မိမိတို့ကိုယ်ကို သဘောထားလျက် “ကျွန်ုပ်သည် ထိုမျှ မကောင်းဟု ကိုယ်တော်ပြောခဲ့သည် မဟုတ်လော။ သို့ဖြစ်၍ ကိုယ်တော်ကို ကျွန်ုပ်လက်တွေ့ပြရမည်။ မည်သည့်အရာကိုမျှ ကျွန်ုပ် လုပ်တော့မည်မဟုတ်” ဟု စိတ်ကူးကြသည်။ ဤအရာ၏ရလဒ်မှာ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို နှောင့်နှေးစေကြသည်၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားကြသည်၊ ပြီးလျှင် ၎င်းတို့ကိုယ်တိုင်၏ အသက်ဝင်ရောက်မှုသည် တဖြည်းဖြည်းနှင့် လုံးဝ တန့်သွားခြင်းဖြစ်သည်။ ဤသည်မှာ အလွန်ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်၏။

လူအချို့က “ကျွန်ုပ်မကောင်းပါဟု ခရစ်တော်ပြောသည့်အခါ ကျွန်ုပ်လက်မခံနိုင်ပါ။ ကောင်းကင်ဘုံရှိ ဘုရားသခင်က ကျွန်ုပ်နှင့်ပတ်သက်၍ မကောင်းသည့်အရာ တစ်စုံတစ်ခုရှိသည်ဟု ပြောလျှင် ကျွန်ုပ်လက်ခံမည်။ လူ့ဇာတိခံ ဘုရားသခင်၌ ပုံမှန်လူ့သဘာဝရှိ၏။ သူ၏အကဲဖြတ်မှုများက မှားယွင်းနိုင်ပြီး၊ သူလုပ်ဆောင်သည့် အမှုအရာများသည် ၁၀၀ရာခိုင်နှုန်း မမှန်ကန်နိုင်ပါ။ လူတို့အပေါ် သူ၏အကဲဖြတ်မှုနှင့် ရှုတ်ချမှုတွင်၊ သို့မဟုတ် ၎င်းတို့ကို သူကိုင်တွယ်ပြီး ၎င်းတို့အတွက် အစီအစဉ်များကို သူပြုလုပ်ပုံတွင် မှားနိုင်ခြင်း ရှိမရှိဆိုသည့်အရာအပေါ် မေးခွန်းအချို့ ရှိသည်။ ထို့ကြောင့် သူသည် ကျွန်ုပ်ကို မရှုတ်ချနိုင်သကဲ့သို့ ကျွန်ုပ်၏ အဆုံးသတ်ကို မဆုံးဖြတ်နိုင်သည့်အတွက် ကျွန်ုပ်နှင့် ပတ်သက်၍ ခရစ်တော်ဖြစ်သည့် ကမ္ဘာမြေပေါ်က ဘုရားသခင် ပြောသည့်အရာကို ကျွန်ုပ်မကြောက်ပါ” ဟု ပြောကြသည်။ ထိုသို့သောလူများ ရှိကြသလော။ သေချာပေါက်ရှိပေ၏။ ၎င်းတို့ကို ငါပြုပြင်သည့်အခါ ၎င်းတို့က “ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ဖြောင့်မတ်ပါသည်” ဟု ပြောကြသည်။ ၎င်းတို့ကို ငါ ကိုင်တွယ်သည့်အခါ ၎င်းတို့က “တစ်ဦးဦးကို မဟုတ်ဘဲ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်သည်” ဟု ပြောကြသည်။ ၎င်းတို့သည် ငါ့ကို ခါးခါးသီးသီး ငြင်းပယ်ရန် ဤစကားများကို အသုံးပြုကြပေသည်။ ဤစကားများမှာ အဘယ်နည်း။ (ယင်းတို့သည် ဘုရားသခင်ကို ငြင်းပယ်မှုတစ်ခု ဖြစ်သည်။) မှန်ပေ၏။ ယင်းတို့သည် ဘုရားသခင်အား ငြင်းပယ်မှုနှင့် သစ္စာဖောက်ခြင်းဖြစ်၏။ ၎င်းတို့ ဆိုလိုသည်မှာ “ဤသည်မှာ သင့်သဘောအတိုင်းမဟုတ်ဘဲ ကောင်းကင်ဘုံရှင် ဘုရားသခင်၏သဘောအတိုင်း ဖြစ်သည်” ဟူ၍ ဖြစ်၏။ ဘုရားသခင်နှင့် သက်ဆိုင်သည့် ၎င်းတို့၏ အယူအဆများနှင့် ၎င်းတို့၏ သိနားလည်မှုတွင်၊ ဤလူတို့သည် လူ့ဇာတိခံ ခရစ်တော်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်တို့ကြားရှိ ဆက်ဆံရေးက မည်သည့်အရာဖြစ်သည်၊ တစ်နည်းအားဖြင့် လူ့ဇာတိနှင့် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်တို့ကြား မည်သည့် ဆက်နွှယ်မှုရှိသည်ကို မည်သည့်အခါတွင်မျှ နားလည်လိမ့်မည် မဟုတ်ချေ။ ၎င်းတို့၏ အမြင်တွင်၊ ကမ္ဘာမြေပေါ်ရှိ သေးနုပ်သော ဤပုဂ္ဂိုလ်သည် လူတစ်ဦးသာ အမြဲဖြစ်နေလိမ့်မည်ဖြစ်ပြီး ဤပုဂ္ဂိုလ်အနေဖြင့် သမ္မာတရား မည်မျှဖော်ပြသည်ဖြစ်စေ၊ တရားဒေသနာ မည်မျှဟောကြားသည်ဖြစ်စေ သူသည် လူသားတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ လူအချို့ကို သူစုံလင်စေပြီး ၎င်းတို့ထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းပေးလျှင်ပင် သူသည် ကမ္ဘာမြေပေါ်တွင် ရှိနေလိမ့်ဦးမည်၊ သူသည် လူသားတစ်ဦး ဖြစ်နေလိမ့်ဦးမည်ဖြစ်ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သာလွန်နိုင်စွမ်းရှိမည် မဟုတ်ဟု ယူဆကြသည်။ ထိုကြောင့် ဤလူတို့က ဘုရားသခင်၌ ယုံကြည်ခြင်းသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌ ယုံကြည်ခြင်း ဖြစ်ရမည်ဟု ထင်မြင်ယူဆကြသည်။ ၎င်းတို့အဖို့၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၌ ယုံကြည်မှုသည်သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ ဤသို့သောလူတို့သည် မိမိတို့ဆန္ဒရှိသည့်အတိုင်း ယုံကြည်ကြ၏။ ၎င်းတို့ကို ပျော်ရွှင်စေသည့် မည်သည့်နည်းလမ်းကိုမဆို ၎င်းတို့ယုံကြည်ကြပြီး ဘုရားသခင်ကို ၎င်းတို့ဖြစ်စေလိုသည့် အရာတိုင်း ဖြစ်သည်ဟု စိတ်ကူးကြ၏။ လူ့ဇာတိခံ ခရစ်တော်နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးထင်မြင်နောက်လည်း လိုက်ကြသည်။ “ကမ္ဘာမြေပေါ်ရှိ ဤဘုရားသခင်က ကျွန်ုပ်ကို အနည်းငယ် သာ၍ဖော်ရွေခဲ့မည်ဆိုပါက သူသည် ကျွန်ုပ်အဖို့ အမှုအရာများ အဆင်ပြေအောင် သေချာစေခဲ့ပါက သူ့ကို ကျွန်ုပ်ရိုသေမည်ဖြစ်ပြီး ချစ်မည်ဖြစ်သည်။ သူသည် ကျွန်ုပ်အပေါ် မကောင်းပါက၊ ကျွန်ုပ်ကို သူ ကြည့်မရပါက ကျွန်ုပ်အပေါ် မကောင်းသည့် သဘောထားတစ်ခု သူ၌ရှိပြီး ကျွန်ုပ်ကို အမြဲပြုပြင်ပါက သူသည် ကျွန်ုပ်၏ဘုရားသခင် မဟုတ်ပါ။ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ယုံကြည်ဖို့ ကျွန်ုပ်ရွေးချယ်ပါသည်” ဤသဘောထားရှိသည့် လူများသည် အနည်းစု မဟုတ်ပေ။ ငါသည် ထိုသို့သောလူများကို ကြုံနှင့်ပြီးဖြစ်သည့်အတွက် ၎င်းတို့တွင် သင်တို့လည်း ပါဝင်၏။ အားလုံးအဆင်ပြေချိန်တွင် ၎င်းတို့သည် ငါ့ကို တော်တော်ဖော်ရွေကြပြီး ငါ့အား အာရုံစိုက်လျက် အလုပ်အကျွေးပြုသော်လည်း ၎င်းတို့ကို ငါဖြုတ်ချလျှင် ဖြုတ်ချချင်း ၎င်းတို့သည် ငါ့ကို ဆန့်ကျင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်အပေါ် ကောင်းခဲ့သောအခါ၊ ဤသည်မှာ ဘုရားသခင်နှင့် ခရစ်တော်ဖြစ်သည်ဟု ၎င်းတို့ အမှန်တကယ် ယုံကြည်ခဲ့ကြသလော။ မယုံကြည်ကြပေ။ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ ပစ်မှတ်ထား၍ကြည့်နေကြခြင်း ဖြစ်သည်၊ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းသည် ဘုရားသခင်၏ ဂုဏ်ဒြပ်နှင့် ကိုယ်ပိုင်လက္ခဏာတို့အပေါ် မျက်နှာလိုမျက်နှာရလုပ်ခြင်းထက် ဘာမျှမပိုပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ကောင်းကင်ဘုံရှိ မရေရာသည့် ဘုရားသခင်ကိုသာ စစ်မှန်သော ဘုရားသခင်အဖြစ် အချိန်ပြည့် အခိုင်အမာ သတ်မှတ်ယုံကြည်ကြသည်။ ကမ္ဘာမြေပေါ်ရှိ ဤဘုရားသခင်က သမ္မာတရားမည်မျှကို ဖော်ပြသည်ဖြစ်စေ၊ သို့မဟုတ် သူသည် လူသားအဖို့ မည်သို့ပင် တည်ဆောက်စရာဖြစ်ပြီး အကျိုးပြုသည်ဖြစ်စေ သူသည် သူ၏ ပုံမှန်လူ့သဘာဝတွင် အသက်ရှင်နေထိုင်ပြီး ဇာတိပကတိဆိုင်ရာ ခန္ဓာကိုယ်ဖြစ်သည်ဟူသည့်အချက်ကြောင့် သူသည် ကောင်းကင်ဘုံရှိ ဘုရား မဖြစ်နိုင်ဘဲ ကမ္ဘာပေါ်မှ ဤဘုရားသခင်ကို ဤလူတို့က မည်သို့ ခယဝယလုပ်သည်ဖြစ်စေ၊ အစေခံပြီး ရိုသေသည်ဖြစ်စေ ဤလူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်မှာ တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်ကြောင်း ယုံကြည်နေဆဲဖြစ်သည်ဟု ဆိုလိုပေသည်။ ဤအမြင်ကို သင်မည်သို့သဘောရသနည်း။ ထိုသို့သော အမြင်များက လူများစွာ၏ စိတ်နှလုံးများတွင် နက်နက်ရှိုင်းရှိုင်း တည်ရှိသည်၊ ၎င်းတို့၏ မသိစိတ်တွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသည်ဟု ပြောရန် သင့်လျော်ပေသည်။ ခရစ်တော်၏ ထောက်ပံ့မှုနှင့် သိုးထိန်းကဲ့သို့ ထိန်းကျောင်းခြင်းကို လက်ခံနေသည့် တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် ခရစ်တော်ကို စောင့်ကြည့်ခြင်း၊ လေ့လာခြင်းနှင့် မေးခွန်းထုတ်ခြင်းတို့ကိုလည်း ပြုနေကြပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်က ၎င်းတို့လုပ်ဆောင်ထားသည့် အရာအားလုံးအပေါ် တရားစီရင်ခြင်း ချမှတ်ရန် ကြွလာမည့်အချိန်ကိုလည်း မျှော်လင့်စောင့်စားနေကြလေသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်က ၎င်းတို့အပေါ် တရားစီရင်ခြင်း ချမှတ်ပေးရန် ၎င်းတို့အဘယ်ကြောင့် လိုချင်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ နှစ်သက်မှုများ၊ အယူအဆများနှင့် စိတ်ကူးများအတိုင်း ထင်ရာမြင်ရာ နေလိုသောကြောင့် ၎င်းတို့စိတ်ကူးထင်မြင်ထားသည့် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ၎င်းတို့အပေါ် မိမိတို့လိုချင်သည့်အတိုင်း ဆက်ဆံလိမ့်မည်ဟု မျှော်လင့်သည်၊ သို့တစေ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကမူ ထိုသို့လုပ်ဆောင်လိမ့်မည်မဟုတ်။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်က သမ္မာတရားကိုသာ ဖော်ပြပြီး သမ္မာတရားစည်းမျဉ်းများကိုသာ ပြောဆိုသည်။ ထို့အပြင် ၎င်းတို့က “ကောင်းကင်ဘုံရှိ ဘုရားသခင်၏ လူသားအပေါ် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့ဘဲ အကြွင်းမဲ့ဖြစ်သည့် အကန့်အသတ်မရှိသော ချစ်ခြင်းမေတ္တာဖြစ်သည်၊ မှားယွင်းသော တစ်စုံတစ်ရာကို သင်ပြောဆိုသည်၊ သို့မဟုတ် လုပ်ဆောင်သည်ကို ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်က သိသွားသည်နှင့် တစ်ပြိုင်နက်၊ ကိုယ်တော်သည် သင့်ကို ကိုယ်တော်၏တရားဒေသနာများတွင် အပျက်သဘောဆောင်သော ဥပမာတစ်ခုကဲ့သို့ အသုံးပြုပြီး သင့်ကို စတင်၍ စိတ်ဖြာလေ့လာဆွေးနွေးလေသည်။ ထို့ကြောင့် လူတို့သည် ပို၍ သတိထားကြရမည်၊ မိမိတို့ကိုယ်ကို ပို၍ ကွယ်ဝှက်ထားရမည်ဖြစ်ပြီး တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ကိုယ်တော့်ကို သိခွင့်ပေး၍မဖြစ်” ဟု တွေးကြသည်။ ငါ့ကိုပြောလော့၊ သင်တို့ ငါ့အား မပြောဘဲထားသည့် အရာများကို ငါစိတ်ဖြာလေ့လာ၍ မရနိုင်သလော။ ငါသည် သင်ပြုလုပ်သော အရာများကို စိစစ်စရာ မလိုပေ။ သင်၏ စိတ်သဘောထားများနှင့် သင်၏ အခြေအနေများကိုသာ ငါ စိစစ်မည်။ ငါသည် သင်လုပ်ဆောင်သော ဤအရာများကို သာဓကများအဖြစ် ယူစရာမလိုပေ။ ငါသည် အလားတူပင် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားအပေါ်တွင် မိတ်သဟာယပြုပြီး တရားဒေသနာများကို ဟောကြားနိုင်သေးသည့်အပြင် သမ္မာတရားကို နားလည်ရန်အတွက် လူတို့အား အထောက်အကူပြုနိုင်သေးသည်။ မယုံကြည်သူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့က ဤဇာတိပကတိ၊ ဤဘုရားသခင်သည် ဝိညာဉ်ရေးရာနယ်ပယ် သို့မဟုတ် သမ္မာတရားနှင့်ဆိုင်သော မည်သည့်အရာကိုမျှ သိဖို့မဆိုနှင့်၊ သူ၏မျက်လုံးများက မမြင်တွေ့သော အရာများကို မသိနိုင်ဟု ထင်မှတ်ကြသည်။ ၎င်းတို့က သူသည် လူတို့အနေဖြင့် မိမိတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားဖြင့် စိုးမိုးခြယ်လှယ်ခြင်း ခံနေရသောအခါ ၎င်းတို့ ပြုလုပ်နိုင်စွမ်းရှိသော အရာများကိုပင် မမြင်နိုင်၊ သူသည် လူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို လုံးဝ နားလည်ကောင်း နားလည်နိုင်မည်မဟုတ်ဟု ထင်မှတ်ကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် အကြောင်းပြချက်ဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ကို လေ့လာအကဲခတ်သော၊ မေးခွန်းထုတ်သော၊ ထို့ပြင် မယုံကြည်နိုင်သော သဘောထားဖြင့် အမြဲတစေ ဆက်ဆံနေကြပြီး ခရစ်တော်ကို အကဲဖြတ်ရန်အတွက် လူကိုအကဲဖြတ်သည့် စံချိန်စံညွှန်းကိုသာမက ၎င်းတို့နားလည်သော အသိပညာနှင့် ၎င်းတို့ စိတ်ကူးယဉ်သော အရာများကိုလည်း အသုံးပြုကြသည်။ ဥပမာအနေဖြင့် လူအချို့သည် အခြားသူများနှင့် စကားပြောရာတွင် ၎င်းတို့စိတ်နှလုံးထဲ၌ စဉ်းစားသောအရာ သို့မဟုတ် ၎င်းတို့၌ မည်သို့သော စိတ်သဘောထားမျိုး ရှိသည်ကို အခြားသူများက မသိဟု ထင်မှတ်ပြီး ငါ့ကိုလည်း ဤပုံစံအတိုင်း စကားပြောလျက် ငါက ဘာမျှမသိဟု ထင်မှတ်ကာ သာမန်လူတစ်ဦးကို ဆက်ဆံသကဲ့သို့ ဤပုံစံအတိုင်း ငါ့ကို ဆက်ဆံကြသည်။ ဤသည်မှာ ၎င်းတို့က ဘုရားသခင်ကို မသိခြင်းမဟုတ်လော။ ၎င်းတို့က အခြားသူတို့ကို လိမ်ညာပြီး အခြားသူတို့က အရေးမစိုက်သည့်အတွက် ငါ့ကိုလည်း ထိုသို့ လိမ်ညာလျက် တစ်ခစ်ခစ်ရယ်မောပြီး ငါ့ကို တန်းတူရည်တူအဖြစ် သဘောထားသည့်အပြင် ငါ့ကို ၎င်းတို့၏ သူငယ်ချင်းကဲ့သို့ အမြဲတမ်း ဆက်ဆံလိုကြသည်။ ၎င်းတို့က ၎င်းတို့သည် ငါနှင့် ရင်းနှီးသောကြောင့် ထိုအတိုင်း ပြုမူနိုင်သည်ဟု ထင်မှတ်ကြပြီး ငါဘာမျှသိမည်မဟုတ်ဟု တွေးကြသည်။ ဤသည်မှာ လူ၏ အယူအဆပင် မဟုတ်လော။ ဤသည်မှာ လူ၏ အယူအဆ၊ လူ၏ မသိနားမလည်မှုဖြစ်ပြီး ဤမသိနားမလည်မှုထဲတွင် စာတန်ဆန်သော ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထားက ပုန်းလျှိုးနေသည်။ လူတို့အား အယူအဆများ ထားရှိစေသည်မှာ ကောက်ကျစ်ဆိုးယုတ်သော ဤစိတ်သဘောထားပင် ဖြစ်၏။ ငါသည် လူတစ်ဦးနှင့် အတူနေပြီး ၎င်း၏သဘာဝကို ဖော်ထုတ်ရန် သို့မဟုတ် ထိုးထွင်းသိမြင်ရန်အတွက် ၎င်း၏ အတွေးအမြင်များကို မိနစ်တိုင်း ကုန်လွန်စေလျက် အကဲခတ်နေသည့်အပြင် ၎င်း၏ နောက်ခံအခြေအနေကို လုံးလုံးလျားလျား သဘောပေါက်နားလည်ဖို့ လိုသလော၊ ငါ့ကိုပြောလော့။ (မလိုပါ။) မလိုပေ။ သို့သော် သင်တို့သည် ဤအရာကို ရရှိနိုင်မည်မဟုတ်။ သင်တို့သည် လူတို့နှင့် ဆက်နွှယ်နေပြီး နေ့စဉ် သူတို့နှင့် နေထိုင်ကြစေကာမူ သူတို့၏ သဘာဝအနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြသေးပေ။ သင်တို့အပေါ် မည်သည့်အရာ ဖြစ်ပျက်ပါစေ အမှုအရာများ၏ အပေါ်ယံကိုသာ ထိုးထွင်းသိမြင်နိုင်ကြပြီး ယင်းတို့၏ အနှစ်သာရကို မမြင်နိုင်ကြပေ။ အကယ်၍ ဘုရားသခင်သည် လူတစ်ဦးကို လုံးလုံးလျားလျား ထုတ်ဖော်ခဲ့လျှင်ပင် သင်တို့သည် သူ့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်သာ ရှိနိုင်သည်။ ဆိုလိုသည်မှာ သင်တို့သည် သူနှင့်အတူ နှစ်အတန်ကြာ ပတ်သက်ဆက်နွှယ်ခဲ့လျှင်ပင် သူ့ကို ထိုးထွင်းသိမြင်နိုင်မည် မဟုတ်ပေ။ ငါသည် လူတစ်ဦးနှင့် တစ်ရက်နှစ်ရက်မျှ ထိတွေ့ဆက်ဆံကာ သူက အမှုအရာအချို့ကို ပြုလုပ်ကာ အကြောင်းအရာအချို့ကို ပြောဆိုပြီး အမြင်ရှုထောင့်အချို့ကို ထုတ်ပြောပြီးနောက်တွင် သူသည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း အခြေခံအားဖြင့် ငါသိနိုင်၏။ သို့ရာတွင် မည်သည့်အရာမျှ မပြုလုပ်ဖူးသော၊ ငါနှင့် ပေါင်းသင်းဆက်ဆံမှု မရှိဖူးသော သို့မဟုတ် ငါနှင့် မည်သည့်အရာမျှ မကိုင်တွယ်ဖူးသော လူအချို့ရှိသည့်တိုင် ၎င်းတို့နှင့်ပတ်သက်၍ ယုံမှားသံသယရှိကာ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံတွေ့ပြီး ရှုထောင့်အမြင်တစ်ခုခုကို ထုတ်ပြောသည့်အခိုက်တွင် ၎င်းတို့၏ သဘာဝအနှစ်သာရက ချက်ချင်းဆိုသလို ဖော်ထုတ်ခံရတော့သည်။ လူများစွာက “၎င်းတို့၏ သဘာဝအနှစ်သာရ ဖော်ထုတ်ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ကိုယ်တော် ထိုးထွင်းသိမြင်နိုင်သလော။ ကိုယ်တော်သည် ဤထိုးထွင်းအမြင်ကို မည်သည့်အရာပေါ် အခြေခံသနည်း။ ၎င်းတို့ကို အဘယ့်ကြောင့်များ ကျွန်ုပ်တို့ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသနည်း” ဟု ဆိုကြသည်။ သင်သည် သမ္မာတရားကို နားမလည်ပါက လူတို့အား တိကျမှန်ကန်စွာ အကဲဖြတ်နိုင်မည် မဟုတ်သည့်အပြင် ထိုသို့ပြုနိုင်ရန် လိုအပ်သော စံချိန်စံညွှန်းကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ သင်၌ ထိုစံချိန်စံညွှန်းများ မရှိပါက လူတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ သို့ရာတွင် ငါ၌ ထိုစံချိန်စံညွှန်းများ ရှိ၏။ အချက်တစ်ခုအနေဖြင့် ငါသည် သမ္မာတရားကို နားလည်သည်။ ထို့ကြောင့် လူတစ်ဦးကို တိကျမှန်ကန်စွာ အကဲဖြတ်ခြင်းနှင့်ပတ်သက်လျှင် ငါသည် ပို၍ အမြော်အမြင်ရှိပြီး ပို၍ မြန်ဆန်ကာ နောက်တစ်ချက်အနေဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်လုပ်ဆောင်လျက်ရှိ၏။ လူအချို့က “လူတို့သည် ဤကမ္ဘာပေါ်တွင် အချိန်ကြာမြင့်စွာ အသက်ရှင်ခဲ့ပြီးသောအခါ အမှုအရာများနှင့် လူတို့ကို ထိုးထွင်းသိမြင်နိုင်သည်” ဟု ထင်ကြသည်။ ယင်းမှာ စစ်မှန်သော ထိုးထွင်းအမြင် မဟုတ်ပေ။ ၎င်းတို့ ထိုးထွင်းသိမြင်သည်မှာ အဘယ်နည်း။ ဤလူ့အသိုင်းအဝိုင်းတွင် ရှိနေသော ပရိယာယ်အမျိုးအစားဖြစ်သော နိုင်ငံ‌ရေးရာ ပရိယာယ်များ၊ စီးပွားရေးရာ ပရိယာယ်များ၊ ငွေ‌ရေးကြေးရေး ပရိယာယ်များ၊ သို့မဟုတ် လိင်စာပေရုပ်ရှင်နှင့် ပတ်သက်သည့် ပရိယာယ်များပင် ဖြစ်သည်။ ဤအရာများကို အတွေ့အကြုံရှိပြီး ယင်းတို့အကြောင်း ပို၍ကြားဖူးသော လူတို့က ရှောင်ကြဉ်နိုင်သည်။ ဤအရာများကို အနည်းငယ်သာ ခံရပြီး တွေ့ကြုံဖူးသော လူတို့သည် မကြာခဏ လှည့်စားခံရသည်။ သို့သော် ပို၍ အလိမ်ခံရသည်နှင့် ၎င်းတို့သည် အတွေ့အကြုံရှိပြီး ယင်းတို့ကို ထိုးထွင်းသိမြင်နိုင်သည်။ ဤသည်မှာ ၎င်းတို့က အမှုအရာများကို ထိုးထွင်းသိမြင်သည့်ပုံစံ ဖြစ်၏။ သို့ရာတွင် လူ၏ ဖောက်ပြန်ပျက်စီးခြင်း၊ သဘာဝနှင့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသော လူ၏အနှစ်သာရနှင့် ပတ်သက်လျှင် လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ပါက ဤအရာများအား ထိုးထွင်းသိမြင်ရန်အတွက် ဉာဏ်ပညာကို မည်သည့်အခါမျှ ရရှိမည် မဟုတ်သည့်အပြင် အကြောင်းအရာတစ်ခု၏ နောက်ကွယ်၌ လူအမျိုးမျိုးတို့ ထုတ်ဖော်သော စိတ်သဘောထားများ၊ သို့မဟုတ် ပြဿနာ၏ အရင်းအမြစ်ကို မည်သည့်အခါမျှ ထိုးထွင်းသိမြင်နိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤအရာများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိလျှင် ထိုအကြောင်းအရာ သို့မဟုတ် ဆက်စပ်သော လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအား မည်သို့ကိုင်တွယ်ရမည်ကို သင် သိမြင်နိုင်မည် မဟုတ်ပေ။ သင်သည် ယင်းကို ကိုင်တွယ်ရမည့်နည်းလမ်း ရှိမည်မဟုတ်သည့်အပြင် ယင်းကို ကိုင်တွယ်ရန်အတွက် ဉာဏ်ပညာ ရှိမည်မဟုတ်ပေ။ ထို့အတွက်ကြောင့် သင်သည် ထိုကိစ္စမျိုးကို ကြုံတွေ့ရသောအခါ အလွန် ပျာယာခတ်ကာ စိတ်ဂနာမငြိမ်ဖြစ်ပြီး ယင်းကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်သည်ဟု မြင်ခြင်းဖြစ်သည်။ သမ္မာတရားကို ရှင်းလင်းစွာ နားလည်ပါက လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်မည် ဖြစ်သည်။ ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား မြင်တွေ့ခြင်းအားဖြင့် သင်သည် ယင်းတို့၏ အနှစ်သာရကို သိနားလည်လာမည်ဖြစ်ပြီး ယင်းတို့မှာ မည်သည့်အရာမျိုးဖြစ်ကြောင်း၊ ၎င်းတို့သည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း သိနားလည်မည်ဖြစ်သည်။ သင်သည် ယင်းတို့ကို မည်သို့သတိထားရှောင်ကြဉ်ရမည်၊ မည်သို့ပိုင်းခြားသိမြင်ရမည်ကို သိမည်ဖြစ်ပြီး ဤကိစ္စကို မည်သို့ နိုင်နိုင်နင်းနင်း လုပ်ကိုင်ရမည်ကို သိမည်ဖြစ်သည်။ ဤသည်မှာ ဉာဏ်ပညာ၏ အရင်းအမြစ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ခရစ်တော်သည် လူကို ထိုးထွင်းသိမြင်ပြီး ထောက်ပံ့ပေးနိုင်ခြင်း ဖြစ်သည်။ ဤအရာအားလုံး၏ အရင်းအမြစ်မှာ အဘယ်နည်း။ အယူဝါဒဆိုင်ရာ အသုံးအနှုန်းဖြင့် ဆိုရလျှင် ယင်းတို့အားလုံးမှာ ဘုရားသခင်၏ ဝိညာဉ်တော်မှ လာခြင်းဖြစ်သည်။ ပို၍လက်တွေ့ကျသော အသုံးအနှုန်းဖြင့် ဆိုရလျှင်မူ ယင်းမှာ ခရစ်တော်သည် ဘုရားသခင်မှလာသော သမ္မာတရားကို ပိုင်ဆိုင်သောကြောင့် ဖြစ်၏။ ဤသည်မှာ ထိုသို့ပင်ဖြစ်၏။ တစ်နေ့နေ့တွင် သင်တို့သည် သမ္မာတရား လက်တွေ့ကျမှု ကို သင်တို့၏အသက်အဖြစ် ပိုင်ဆိုင်လာသောအခါ သင်တို့သည် ဉာဏ်ပညာရှိပြီး လူတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း ရှိမည်ဖြစ်သည်။

လူ့အယူအဆများနှင့်ပတ်သက်သည့် အခြားသွင်ပြင်လက္ခဏာ ရှိသေးသည်။ ယင်းမှာ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ လူတို့ထားရှိသော အယူအဆများပင် ဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် လူတို့၏ အယူအဆများသည် မည်သို့ထွက်ပေါ်လာသနည်း။ အချို့သည် ယုံကြည်ခြင်းအပေါ် လူတို့၏ ယခင်သဘောပေါက်နားလည်မှုမှလာပြီး အချို့မှာ ဘုရားသခင်၏ အမှုအပေါ် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးထင်မြင်မှုများမှ လာပေသည်။ ဥပမာအားဖြင့် လူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုအား မိုးကောင်းကင်တွင် ပလ္လင်ဖြူကြီးတစ်ခုရှိကာ ဘုရားသခင်က ပလ္လင်ပေါ်တွင် မြောက်မြားလှစွာသော လူများကို တရားစီရင်နေသည်ဟု စိတ်ကူးလေ့ရှိကြသည်။ ယနေ့တွင် ထိုသို့သော စိတ်ကူးထင်မြင်မှုများက လက်တွေ့မကျသည်ကို သင်တို့အားလုံး သိကြသည်။ ထိုသို့သော အရာများသည် မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေ လူတို့၌ ဘုရားသခင်၏အမှု၊ စီမံခန့်ခွဲမှုနှင့် လူသားအပေါ် ဆက်ဆံခြင်းတို့နှင့်ပတ်သက်၍ စိတ်ကူးထင်မြင်မှုများစွာ ရှိကြပြီး ဤစိတ်ကူးထင်မြင်မှုအများစုသည် လူသားနှစ်ခြိုက်မှုများမှ လာပေသည်။ ဤအရာကို ငါအဘယ်ကြောင့် ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဆင်းရဲဒုက္ခ မခံစားချင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား အဆုံးထိတိုင် အလွယ်ကလေးဖြင့် အမြဲတမ်း လိုက်လျှောက်ချင်ကြသည်၊ ကုံလုံသော ကျေးဇူးတော်ကို မွေ့လျော်ချင်ကြသည်၊ သူ၏ကောင်းချီးမင်္ဂလာများကို အမွေဆက်ခံချင်ကြပြီးနောက် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ချင်ကြလေသည်။ အံ့ဩဖွယ်ကောင်းသော စိတ်ကူးပါတကား။ ဘုရားသခင်၏အမှုနှင့် ပတ်သက်၍ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၌ ရှိသည့် တွေ့နေကျအဖြစ်ဆုံးနှင့် တရားအလွန်ဆုံးသော စိတ်ကူးမှာ ဝေါယာဉ်တစ်ခုပေါ်မှနေ၍ ကောင်းကင်နိုင်ငံတော်ထဲသို့ ရွှင်မြူးပေါ့ပါးစွာ ဝင်သွားခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏အမှုကို လူတို့ကြုံရသောအခါ အချိန်အများစုတွင် ၎င်းတို့သည် ယင်းကို နားလည်နိုင်စွမ်း မရှိကြချေ။ ယင်း၌ ပါရှိသည့် သမ္မာတရား၊ သို့မဟုတ် ဤအမှုကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်က မည်သည့်အရာဖြစ်သည်နှင့် လူသားအပေါ် ဘုရားသခင်က အဘယ်ကြောင့် ထိုသို့ပြုမူသည်တို့ကို ၎င်းတို့မသိကြချေ။ ဥပမာအားဖြင့် ငါသည် “ကျယ်ပြောသော” နှင့် “အလွန်ကြီးမားသော” ဟူသည့် စကားများကို အသုံးပြုရင်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ယခင်က ငါဖော်ပြပြီးဖြစ်သော်လည်း ဤစကားနှစ်လုံးအားဖြင့် မည်သည့်အရာကို ငါဆိုလိုကြောင်း သင်တို့လုံးဝ နားမလည်နိုင်သေးဖွယ် ရှိသည်ဟု ငါထင်၏။ ဤစကားနှစ်လုံးကို အသုံးပြုရာတွင် ငါ၏ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ သင်တို့သည် ယင်းတို့ကို သွား၍ သုံးသပ်ဆင်ခြင်ကြဖို့အလို့ငှာ အယောက်တိုင်း၏ အာရုံစိုက်မှုကို ရရှိဖို့ဖြစ်သည်။ အပေါ်ယံအားဖြင့် ဤစကားလုံးများက အနှစ်သာရမဲ့ပုံရ၏။ ယင်းတို့၌ အဓိပ္ပာယ်တစ်ခုခု အမှန်ရှိသော်လည်း ယင်းတို့ကို လူတို့မည်မျှတွေးတောသည်ဖြစ်စေ၊ ၎င်းတို့စိတ်ကူးရနိုင်သမျှအားလုံးမှာ “ကျယ်ပြောသည်။ ယင်းမှာ ကောင်းကင်တမျှ အကန့်အသတ်မဲ့သည်ဟု ဆိုလိုသည်၊ ဘုရားသခင်၏ စိတ်နှလုံးက အကန့်အသတ်မဲ့သည်၊ လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မရှိဟု ဆိုနေခြင်းဖြစ်သည်” ဟူ၍ ဖြစ်၏။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ လူ၏စိတ်က စိတ်ကူးနိုင်သည့် အချစ်မျိုး မဟုတ်ပေ။ လူတို့သည် ဤချစ်ခြင်းမေတ္တာကို စိတ်ကူးနိုင်စွမ်းမရှိကြပေ၊ ၎င်းတို့သည် ဤစကားလုံးကို အနက်ပြန်ဖို့ သင်ယူလေ့လာခြင်းနှင့် အသိပညာတို့ကို အသုံးပြုရမည်မဟုတ်ဘဲ ယင်းကို နားလည်ရန်နှင့် တွေ့ကြုံခံစားရန် အခြားသော နည်းစနစ်ကို အသုံးပြုရမည်ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ လူတို့ပြောဆိုသည့် ချစ်ခြင်းမေတ္တာနှင့် ကွဲပြားကြောင်း၊ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမှာ အခြားမည်သည့်ချစ်ခြင်းမေတ္တာမျိုးနှင့်မျှမတူ၊ လူသားမျိုးနွယ်အားလုံးက နားလည်ထားသည့် ချစ်ခြင်းမေတ္တာနှင့် မတူကြောင်းကို သင်သိလာပေသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ဤချစ်ခြင်းမေတ္တာသည် မည်သည့်အရာ အတိအကျ ဖြစ်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင် မည်သို့ နားလည်သင့်သနည်း။ ပထမဦးစွာ သင်သည် ယင်းကို လူ၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများဖြင့် မချဉ်းကပ်ရ။ ဥပမာအားဖြင့် မိခင်၏မေတ္တာကို ကြည့်လော့။ သူ၏သားသမီးများအပေါ် မိခင်တစ်ဦး၏ မေတ္တာမှာ အကြွင်းမဲ့ဖြစ်သည်၊ ယင်းသည် အလွန်အမင်း အကာအကွယ်ပေးပြီး နွေးထွေး၏။ ယခု သင်ခံစားရသော လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းသည် မိခင်တစ်ဦး၏ ချစ်ခြင်းကဲ့သို့ တူညီသော ခံစားမှုအဆင့်နှင့် အဓိပ္ပာယ်အဆင့် ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် ဤသည်မှာ ပြဿနာတစ်ခုဖြစ်၏။ ယင်းမှာ မှားယွင်းပေသည်။ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မိဘ၏ မေတ္တာ၊ လင်ယောက်ျားတစ်ဦး၏ မေတ္တာ၊ ဇနီးတစ်ဦး၊ သို့မဟုတ် သားသမီးများ၏ မေတ္တာ၊ သင့်မိသားစုနှင့် ဆွေမျိုးသားချင်းတို့၏ မေတ္တာ၊ မိတ်ဆွေများ၏ ပူပန်မှုတို့မှ ခွဲခြားသိမြင်ရမည်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အသစ်တစ်ဖန် သိလာရမည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ လူ့ဇာတိဆိုင်ရာ ခံစားချက်များ မရှိသကဲ့သို့ သွေးသားတော်စပ်မှုများ၏ အကျိုးသက်ရောက်ခြင်းကို မခံရပေ။ ယင်းသည် ချစ်ခြင်းမေတ္တာသက်သက် ဖြစ်၏။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မည်သို့နားလည်သင့်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အဘယ်ကြောင့် ငါတို့ဆွေးနွေးလာရခြင်း ဖြစ်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့က အသိအမှတ်ပြုရန်၊ လက်ခံရန်နှင့် တွေ့ကြုံရန်အပြင် နောက်ဆုံးတွင် ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်ကို နားလည်ပြီး ဤသည်မှာ သမ္မာတရား ဖြစ်ကြောင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အနှစ်မဲ့သော စကားများ မဟုတ်သကဲ့သို့ ဘုရားသခင်၏ အပိုင်းမှ အပြုအမူပုံစံအချို့ မဟုတ်ဘဲ၊ သမ္မာတရားဖြစ်သည်ကို အသိအမှတ်ပြုကြဖို့ အလို့ငှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ အမှုတွင် သရုပ်ထင်၏။ ယင်းကို သမ္မာတရားအဖြစ် သင်လက်ခံသည့်အခါ ထိုအရာမှ သင်သည် ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော ဤလက္ခဏာသွင်ပြင်ကို သတိပြုမိနိုင်မည်ဖြစ်သည်။ သင်သည် ယင်းကို အပြုအမူပုံစံအချို့အဖြစ် သဘောထားပါက ယင်းကို သတိပြုခြင်းငှာ သင်အခက်အခဲရှိလိမ့်မည်။ “အပြုအမူ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဥပမာအားဖြင့် မိခင်များကို ကြည့်လော့။ ၎င်းတို့၏ သားသမီးများကို လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ရန် ၎င်းတို့သည် ၎င်းတို့၏ ငယ်ရွယ်နုပျိုမှုနှင့် ၎င်းတို့၏ ကြီးမားသော အဖိုးအခတို့ကို စတေးကြပြီး သူတို့လိုချင်သည့်အရာ မည်သည့်အရာကိုမဆို ပေးကြသည်။ သူမ၏ ကလေးသည် အမှန်လုပ်ခဲ့သည်ဖြစ်စေ၊ အမှားလုပ်ခဲ့သည်ဖြစ်စေ၊ မည်သည့်လမ်းကြောင်းကို လျှောက်ကြသည်ဖြစ်စေ ပဓာနမထားဘဲ မိခင်တစ်ဦးသည် သူမ၏ကလေးငယ်အား မှန်သောလမ်းကြောင်းကို မည်သို့လိုက်ရမည်ကို မည်သည့်အခါတွင်မျှ သွန်သင်ခြင်း၊ ကူညီခြင်း၊ သို့မဟုတ် လမ်းပြခြင်းတို့ မရှိဘဲ နောက်ဆုံးတွင် ကလေးငယ်က အမှား၊ အမှန် မခွဲခြားနိုင်သည့် အတိုင်းအတာထိ သူ့ကို အစဉ်မပြတ်သာ စောင့်ရှောက်ရင်း၊ ချစ်ရင်းနှင့် ကွယ်ကာရင်းဖြင့် ကိုယ်ကျိုးမငဲ့ဘဲ ပေးဆပ်ကာ သူမကလေးငယ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလေသည်။ ဤသည်မှာ မိခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ သို့မဟုတ် လူ၏ဇာတိသွေးသား၊ ခံစားမှုများနှင့် သွေးသားတော်စပ်မှုများမှ ပေါက်ဖွားလာသည့် ချစ်ခြင်းမေတ္တာတစ်မျိုးမျိုး ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ သင့်ကို ဘုရားသခင် ချစ်လျှင် သူသည် ဤအရာကို သင့်အား မကြာခဏ ရိုက်နှက်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့အားဖြင့် ဖော်ပြသည်။ သင်၏ နေ့ရက်များသည် ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းတို့အလယ် စိတ်မသက်မသာဖြင့် ကုန်လွန်ကောင်း ကုန်လွန်ရနိုင်သော်လည်း သင့်အနေဖြင့် ဤအရာကို တွေ့ကြုံပြီးသည်နှင့်တစ်ပြိုင်နက် သင်သည် များစွာ သင်ယူပြီးဖြစ်ကြောင်း၊ အခြားလူတို့နှင့် အပြန်အလှန် ဆက်ဆံဖို့ ဖြစ်လာသည့်အခါ သင်၌ ပိုင်းခြားသိမြင်မှုရှိကာ အမြော်အမြင်ရှိပြီး သမ္မာတရားအချို့ကိုလည်း သင်နားလည်လာပြီး ဖြစ်သည်ကို သင်သိရှိလိမ့်မည်။ အကယ်၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သင်စိတ်ကူးသကဲ့သို့ မိခင်တစ်ဦး၊ သို့မဟုတ် ဖခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာကဲ့သို့ ဖြစ်ခဲ့ပါက သူသည် သူ၏စောင့်ရှောက်ပြုစုခြင်းတွင် အလွန်စေ့စပ်သေချာမှုရှိခဲ့ပြီး အစဉ် အလိုလိုက်ခဲ့ပါက ဤအရာများကို သင်ရရှိနိုင်မည်လော။ ရရှိနိုင်မည်မဟုတ်။ သို့ဖြစ်၍ လူတို့သဘောပေါက်နိုင်သော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏အမှုထဲ၌ ၎င်းတို့ တွေ့ကြုံနိုင်သည့် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ကွဲပြားခြားနားသည်။ လူတို့သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သဘောထားပြုမူပြီး စစ်မှန်သော ချစ်ခြင်းမေတ္တာမှာ မည်သည့်အရာဖြစ်သည်ကို သိရှိရန်အလို့ငှာ သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေလျှင် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးသည် ဘာမျှမရှိသည့် အရာထဲမှ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက မည်သည့်အရာဖြစ်ကြောင်း၊ လူ၏အထဲ၌ သူ့အမှုတော်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ကြောင်း၊ ထို့ပြင် သူ၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များက မည်သည့်နေရာ၌ ရှိကြောင်း သိနားလည်ခြင်းကို အဘယ်သို့ ပြုလုပ်ဖန်တီးနိုင်မည်နည်း။ လူတို့သည် ဤအရာများကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ အမှုနှင့် ပတ်သက်၍ လူတို့၌ အရှိနိုင်ဆုံးသော အယူလွဲမှားမှုဖြစ်ပြီး ယင်းသည် လူတို့အနေဖြင့် နားလည်ရန် အခက်ဆုံးဟု တွေ့ရှိရသည့် ဘုရားသခင်၏ အနှစ်သာရနှင့် ပတ်သက်သော သွင်ပြင်လက္ခဏာဖြစ်၏။ လူတို့သည် ယင်းကို နားလည်နိုင်ဖို့အတွက် ယင်းကို လေးလေးနက်နက်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရမည်ဖြစ်ပြီး ယင်း၌ လက်တွေ့ကျကျ ပါဝင်ရမည်ဖြစ်ကာ တွေ့ကြုံခံစားရမည် ဖြစ်သည်။ သာမန်အားဖြင့် လူတို့က “ချစ်ခြင်းမေတ္တာ” ဟု ပြောသောအခါ ၎င်းတို့နှစ်သက်သည့်အရာကို တစ်စုံတစ်ယောက်အား ပေးခြင်းကို ဆိုလိုပြီး ထိုသူက အချိုတစ်ခုခုကို လိုချင်သောအခါ အခါးတစ်ခုခုကို မပေးခြင်း သို့မဟုတ် တစ်ခါတစ်ရံ အခါးတစ်ခုခုကို ပေးသောအခါ ယင်းက ရောဂါတစ်ခုကို ကုသရန်အတွက် ဖြစ်ခြင်းကို ဆိုလိုသည်။ အချုပ်အားဖြင့် ယင်း၌ လူ၏ အတ္တ၊ ခံစားချက်များနှင့် ဇာတိသဘောတို့ ပါဝင်သည်။ ယင်း၌ ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းများ ပါဝင်သည်။ သို့သော် ဘုရားသခင်သည် သင့်အထဲ၌ မည်သည့်အရာကို ပြုလုပ်သည် ဖြစ်စေ၊ သူသည် သင့်ကို မည်သို့ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည် ဖြစ်စေ၊ ရိုက်နှက်ပြီး ဆုံးမပဲ့ပြင်သည် ဖြစ်စေ၊ သင့်ကို မည်သို့ပြုပြင်သည်ဖြစ်စေ သင်က သူ့ကို အထင်လွဲမှားပြီး သင့်စိတ်ထဲ၌ သူနှင့်ပတ်သက်၍ ညည်းညူလျှင်ပင် ဘုရားသခင်သည် မဆုတ်မနစ် သည်းခံခြင်းဖြင့် သင့်အထဲတွင် ဆက်၍ အမှုပြုမည်ဖြစ်သည်။ ဤသို့ပြုလုပ်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင့်အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တစ်နေ့ နားလည်နိုင်ဖို့အလို့ငှာ သူသည် သင့်ကို အသိတရားရစေရန် ဤနည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်က ဤအဆုံးသတ်ကို သိမြင်သောအခါ မည်သည့်အရာကို သူရရှိလိုက်သနည်း။ အမှန်တွင် မည်သည့်အရာကိုမျှ သူ မရရှိလိုက်ပေ။ သို့ဆိုလျှင် ဤအရာကို အဘယ့်ကြောင့် ငါပြောသနည်း။ သင်၏ အရာခပ်သိမ်းသည် ဘုရားသခင်ထံမှ လာသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အရာကိုမျှ ရရှိရန် မလိုအပ်ပေ။ သူလိုအပ်သည့်အရာမှာ သူ၏အမှုကို ပြုစဉ်တွင် လူတို့အနေဖြင့် သူတောင်းဆိုသည့်အရာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ လိုက်လျှောက်ပြီး ဝင်ရောက်ရန်၊ နောက်ဆုံးတွင် သမ္မာတရား လက်တွေ့ကျမှုအတိုင်း အသက်ရှင်နိုင်ရန်၊ လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နိုင်ရန်နှင့် နောက်ထပ် စာတန်၏ အထင်အမြင်မှားစေခြင်း၊ လိမ်လည်ခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်း မခံရရန်၊ စာတန်ကို သူတို့ ပုန်ကန်နိုင်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်ရန်ဖြစ်ကာ ထို့နောက်တွင် ဘုရားသခင်သည် ကောင်းစွာ ကျေနပ်အားရပြီး သူ၏ ကြီးမားသောအမှုက ပြီးမြောက်သည်ကိုသာ ဖြစ်လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ရရှိသနည်း။ ဘုရားသခင်က သင့်ကို ရရှိပြီး သင်သည် ဘုရားသခင်ကို ချီးမွမ်းနိုင်ခြင်း ဖြစ်သည်။ သို့သော် သင်၏ ချီးမွမ်းခြင်းက ဘုရားသခင်အတွက် မည်သည့်အရာ ဖြစ်သနည်း။ သူ့ကို သင် မချီးမွမ်းခဲ့လျှင် ဘုရားသည် ဘုရားမဟုတ်တော့မည်လော။ သူ့ကို သင် မချီးမွမ်းခဲ့လျှင် ဘုရားသည် အနန္တတန်ခိုး မရှိတော့မည်လော။ ဘုရားသခင်ကို သင် မချီးမွမ်းခြင်းက သူ၏ အနှစ်သာရ သို့မဟုတ် သူ၏ အဆင့်အတန်းကို ပြောင်းလဲစေမည်လော။ (မဟုတ်ပါ။) မဟုတ်ပေ။ ဤအရာကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် အမှုတော်ဟုသာ ဆိုနိုင်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအား ကြီးမားကျယ်ပြန့်သည်ဟု သင်တို့၏ နားလည်မှုအဖို့ ဤအဓိပ္ပာယ် ရှိသလော။ (မရှိပါ။) သင်တို့၏ နားလည်ခြင်းက ထိုအဆင့်အထိ မရောက်သေးပေ။ တစ်စုံတစ်ဦးက ဘုရားသခင်၏ စိတ်နှလုံးတော်ကို ကြေကွဲစေပြီး အခြားသူများက သူ့ကို ဘုရားသခင်က ကယ်တင်ဖို့ မဖြစ်နိုင်ဟု ယူဆသောအခါ၌ပင် သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်လျက် မိမိပြုမူကျင့်ကြံပုံတို့၏ အမှားများကို သဘောပေါက်ပြီး နောင်တရသည့်အပြင် မိမိပြုလုပ်နေသော မကောင်းမှုကို ဘေးဖယ်ကာ သူ၏ ကယ်တင်ခြင်းကို လက်ခံသောအခါ ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်က သူ့ကို မည်သို့ပင်ဖြစ်စေ လက်ခံသည်။ လူတို့သည် မှန်ကန်သော လမ်းကြောင်းကို လျှောက်နေသရွေ့ ဘုရားသခင်သည် လူတို့၏ ပြစ်မှားခြင်းကို ထည့်တွက်စဉ်းစားမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ ဤနေရာတွင် လူ၏ မည်သည့်အယူအဆကို ကုစားရမည်နည်း။ ယင်းမှာ ဘုရားသခင် ချစ်သည့်ပုံနှင့် ပတ်သက်သော အယူအဆဖြစ်သည်။ လူတို့သည် ၎င်းတို့၏ အယူအဆနှင့် စိတ်ကူးအမျိုးမျိုးကို ချန်ရစ်ထားသင့်သည်။ ၎င်းတို့သည် သူတို့၏ အယူအဆများကို လက်လွှတ်နိုင်ရန်အလို့ငှာ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး သမ္မာတရားကို နားလည်ရမည် ဖြစ်သည်။ မိမိ၏ အယူအဆများကို ချန်ရစ်ထားဖို့ လွယ်ကူသော်လည်း မိမိ၏ အယူအဆများကို လုံးလုံးလျားလျား ပြောင်းလဲခြင်းက မလွယ်ကူပေ။ အကယ်၍ သင်သည် အနာဂတ်တွင် ထိုသို့သော အကြောင်းကိစ္စမျိုးကို ကြုံတွေ့ပြီး သင်၏အယူအဆများ ရှိလာပြန်ပါက ယင်းက မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ဤအယူအဆမှာ သင့်အထဲတွင် နက်ရှိုင်းစွာ စွဲမြဲနေကြောင်း သက်သေထူမည် ဖြစ်သည်။ သင်သည် အချို့ကိစ္စများတွင် သမ္မာတရားကို မိတ်သဟာယပြုခြင်းအားဖြင့် အယူအဆများကို လက်လွှတ်နိုင်လျှင်ပင် အခြားကိစ္စအချို့တွင် ယင်းတို့ကို လက်လွှတ်နိုင်မည် မဟုတ်ပေ။ ကိစ္စတစ်ခုတွင် အယူအဆတစ်ခုကို လက်လွှတ်ရန် လွယ်ကောင်းလွယ်မည် ဖြစ်သော်လည်း လူတို့အား ၎င်းတို့၏ အယူအဆများကို လုံးဝ ဖြေရှင်းအောင်လုပ်ရန် မလွယ်ကူပေ။ လူတစ်ဦးသည် မိမိ၏ အယူအဆများနှင့်ဆိုင်သည့် ပြဿနာကို လုံးဝမဖြေရှင်းနိုင်မီ သမ္မာတရားများစွာကို နားလည်ရမည်။ ဤအရာက လူတို့ကြုံတွေ့သော ကိစ္စများတွင် သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လက်တွေ့တွေ့ကြုံရန်နှင့် အသိအမှတ်ပြုရန် သူတို့ကို တောင်းဆိုပြီးလျှင် ယင်းက လူတို့ ဘုရားသခင်ကို သိနိုင်ဖို့အလို့ငှာ ဘုရားသခင်အနေဖြင့် လုပ်ဆောင်ချက်များစွာကို ပြုလုပ်ရန် လိုအပ်လေသည်။ လူတို့က ဘုရားသခင်ကို သိသောအခါမှသာ ဘုရားသခင်နှင့် ပတ်သက်သော သူတို့၏ အယူအဆများနှင့် စိတ်ကူးများ ထားရှိခြင်း ပြဿနာကို လုံးလုံးလျားလျား ဖယ်ရှားနိုင်မည် ဖြစ်သည်။

ယခုတွင် သင်တို့ စိစစ်ဖို့လိုသည့် အရာတို့မှာ ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော အယူအဆများနှင့် ဤအယူအဆများမှာ မည်သည့်အရာများဖြစ်သည် ဟူသည်တို့ဖြစ်ပြီး ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီမံမှုများအပြင် ဘုရားသခင်အမှုပြုသည့် နည်းလမ်းတို့နှင့် ပတ်သက်၍ သင်၏ အမျိုးမျိုးသော စိတ်ကူးများ၊ အတိုက်အခံလုပ်ခြင်းများနှင့် တောင်းဆိုချက်များကို အဓိကအားဖြင့် အကျဉ်းချုပ်ရန် ဖြစ်သည်။ ဤအရာများက ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအား ကျိုးနွံနာခံခြင်းမှ သင့်ကို ဟန့်တားနိုင်ကာ သင့်အပေါ် ဘုရားသခင် ပြုလုပ်ထားသမျှအား သင့်အနေဖြင့် အထင်လွဲမှားပြီး အတိုက်အခံလုပ်စေနိုင်သည်။ ထိုသို့သော အယူအဆများမှာ အလွန်စိုးရိမ်ရပြီး စိတ်ဖြာလေ့လာထိုက်သည်။ သာဓကအားဖြင့် လူအချို့သည် လူတို့အား တရားစီရင်ပြီး ပြစ်တင်ရှုတ်ချသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး အယူအဆများထားရှိကာ “ဘုရားသခင်က ကျွန်ုပ်လိုလူတို့ကို မချစ်ကြောင်း ပြောသည်ဖြစ်၍ သူ ကျွန်ုပ်ကို ကယ်တင်လိမ့်မည် မဟုတ်” ဟု ဆိုသည်။ ဤသည်မှာ အယူအဆ မဟုတ်လော။ ဤအယူအဆ၏ အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင်၌ မည်သည့် ယိုယွင်းမှုရှိသည်ဖြစ်စေ၊ သင်သည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ဖြစ်စေ ဘုရားသခင်သည် သူ့အား ပုန်ကန်သောလူတို့ကို မနှစ်သက်ကြောင်း သင်သိသည်ဖြစ်၍ သင် အဘယ့်ကြောင့် နောင်တမရသနည်း။ အကယ်၍ သင်သည် သမ္မာတရားကို လက်ခံပါက သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားပြီး ဘုရားသခင်ကို လုံးလုံးလျားလျား ကျိုးနွံနာခံလျှင် သင့်ကို ဘုရားသခင် နှစ်သက်မည်မဟုတ်လော။ ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည် မဟုတ်ဟုဆိုကာ သင်သည် အဘယ့်ကြောင့် သူ့အပေါ်ဆုံးဖြတ်သတ်မှတ်သနည်း။ သင်၌ရှိသည့် အပျက်သဘောဆောင်သော ဤအတွေးများက သင့်အား ဘုရားသခင်နောက်လိုက်ခြင်းနှင့် သူ၏အမှုတော်ကို တွေ့ကြုံခြင်းမှ ဟန့်တားလိမ့်မည်။ ယင်းတို့က သင့်အား ရပ်တန့်မြဲ ရပ်တန့်နေစေပြီး သင့်အား စိတ်ပျက်အားလျော့လျက် လေလွင့်နေစေကာ သင့်အား ဘုရားသခင်ကိုပင် ငြင်းပယ်စေလိမ့်မည်။ အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့သည် အသင်းတော်အချို့ထဲတွင် ပေါ်ထွက်လာပြီး အနှောင့်အယှက်များကို ဖန်တီးကာ ထိုသို့ပြုခြင်းဖြင့် လူအချို့ကို အထင်အမြင်မှားစေကြသည်။ ဤသည်မှာ ‌ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလော၊ သို့မဟုတ် ယင်းမှာ ဘုရားသခင်က လူတို့ကို ကစားပြီး ထိုသူတို့ကို ထုတ်ဖော်နေခြင်းလော။ ဤသည်ကို သင် နားမလည်နိုင်သည် မဟုတ်လော။ ဘုရားသခင်သည် သူကယ်တင်လိုသော သူတို့ကို စုံလင်အောင်ပြုရန်နှင့် ကယ်တင်ရန်အတွက် ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးကို သူ၏အမှုတော်လုပ်ငန်းအဖို့ အသုံးပြုပြီး သမ္မာတရားကို အမှန်တကယ် ရှာဖွေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့ နောက်ဆုံး ရရှိသောအရာမှာ သမ္မာတရားဖြစ်၏။ သို့ရာတွင် သမ္မာတရားကို မရှာဖွေသောသူအချို့သည် ညည်းတွားကာ “ဘုရားသခင် ဤပုံစံဖြင့် အမှုပြုသည်မှာ မမှန်ကန်ပေ။ ယင်းက ကျွန်ုပ်အား များစွာ ဒုက္ခရောက်စေသည်။ ကျွန်ုပ်သည် အန္တိခရစ်များနှင့် ပေါင်းမိလုနီးပါး ဖြစ်သည်။ အကယ်၍ ဤအရာကို ဘုရားသခင်က အမှန်ပင် ကြိုတင်စီမံလျှင် သူသည် လူတို့ကို အန္တိခရစ်များနှင့် ပေါင်းမိရန် မည်သို့များ အခွင့်ပေးနိုင်သနည်း” ဟု ဆိုကြသည်။ ဤတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ သင် အန္တိခရစ်များနောက်သို့ မလိုက်ခြင်းက သင်၌ ဘုရားသခင်၏ ကွယ်ကာမှုရှိကြောင်း သက်သေပြသည်။ အကယ်၍ သင်သည် အန္တိခရစ်များနှင့် ပေါင်းမိပါက ယင်းသည် ဘုရားသခင်အား သစ္စာဖောက်ခြင်းဖြစ်ပြီး ဘုရားသခင်က သင့်ကို အလိုမရှိတော့ပေ။ သို့ဆိုလျှင် ဤအန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့က အသင်းတော်ထဲ၌ အနှောင့်အယှက်များ ဖြစ်ပွားစေသည်မှာ ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ အပြင်ပန်းအားဖြင့် ယင်းကို ဆိုးသောအရာအဖြစ် ထင်ရသော်လည်း ဤအန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့ ထုတ်ဖော်ခံရသောအခါ သင်သည် ပိုင်းခြားသိမြင်မှု၌ တိုးတက်လာကာ ထိုသူတို့သည် ဖယ်ရှားခြင်းခံရပြီး သင်သည် ဝိညာဉ်ရင့်သန်မှု၌ တိုးတက်လာသည်။ အနာဂတ်တွင် ထိုကဲ့သို့သော လူတို့ကို ကြုံတွေ့ရသောအခါ ထိုသူတို့သည် ၎င်းတို့၏ သရုပ်မှန်ကို မပြသမီကပင် သင်သည် ၎င်းတို့နှင့်ပတ်သက်၍ ပိုင်းခြားသိမြင်မှု ရှိမည်ဖြစ်ပြီး ၎င်းတို့ကို ငြင်းပယ်လိမ့်မည်။ ဤအရာက သင့်အား သင်ခန်းစာများကို သင်ယူရန်နှင့် အကျိုးရရှိစေရန် အခွင့်ပေးလိမ့်မည်။ သင်သည် အန္တိခရစ်များအား မည်ကဲ့သို့ ပိုင်းခြားသိမြင်ရမည်ကို သိမည်ဖြစ်ပြီး စာတန်၏ အထင်အမြင်မှားစေခြင်းကို ခံရတော့မည် မဟုတ်ပေ။ သို့ဖြစ်၍ ငါ့ကိုပြောလော့၊ လူတို့အား နှောင့်ယှက်ပြီး အထင်အမြင်မှားစေသည့် အန္တိခရစ်များရှိခြင်းသည် ကောင်းသောအရာတစ်ခု မဟုတ်သလော။ လူတို့သည် ဤအဆင့်အထိ တွေ့ကြုံရပြီးသောအခါမှသာ ဘုရားသခင်သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း မလုပ်ဆောင်ခဲ့ကြောင်း၊ ဘုရားသခင်သည် အနှောင့်အယှက်များကို သဲသဲမဲမဲ ဖန်တီးရန် အဆင်းနီသော နဂါးကြီးကို ခွင့်ပြုပြီး ဘုရားသခင် ရွေးကောက်ထားသော လူတို့ကို အထင်အမြင်မှားစေရန် အန္တိခရစ်များကို ခွင့်ပြုကာ၊ ဤသို့ဖြင့် သူသည် သူရွေးကောက်ထားသော လူတို့ကို စုံလင်စေဖို့အလို့ငှာ စာတန်အား သူ၏ အမှုတော်လုပ်ငန်း၌ အသုံးပြုနိုင်ကြောင်း လူတို့ တွေ့မြင်နိုင်သည်။ ထိုအခါမှသာ လူတို့အနေဖြင့် ဘုရားသခင်၏ အပင်ပန်းခံသော ရည်ရွယ်ချက်များကို နားလည်လေသည်။ လူအချို့က “ကျွန်ုပ်သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို နှစ်ကြိမ်ခံခဲ့ရပြီး ထိုသူတို့ကို ကျွန်ုပ် ပိုင်းခြားသိမြင်မှု မရှိနိုင်သေးချေ။ အကယ်၍ ပို၍ပင် စဉ်းလဲသော အန္တိခရစ်တစ်ဦး ပေါ်လာပါက ကျွန်ုပ်သည် ထပ်၍သာ အထင်အမြင်မှားစေခြင်းကိုခံရမည်” ဟု ဆိုကြသည်။ သို့ဆိုလျှင် သင်သည် ယင်းကို တွေ့ကြုံပြီး သင်ခန်းစာ သင်ယူနိုင်ရန်အတွက် ယင်းကို ထပ်၍ ဖြစ်ပျက်စေလော့။ ဘုရားသခင်သည် သူ့အနေဖြင့် လူသားမျိုးနွယ်ကို စာတန်၏စွမ်းအားမှ ကယ်တင်နိုင်ရန်အလို့ငှာ အမှုအရာများကို ဤအတိုင်း ပြုရမည်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင် အမှုပြုသည့်နည်းလမ်းကို ဖော်ပြရန် စကားရပ်နှစ်ခုကို အသုံးပြုနိုင်ကာ ယင်းတို့မှာ ဘုရားသခင် အမှုပြုသည့် နည်းလမ်းအမျိုးမျိုးသည် သာမန်ထက်ထူးကဲခြင်းနှင့် သာမန်လူတို့၏ စိတ်ကူးထက် ကျော်လွန်ခြင်းတို့ ဖြစ်သည်။ “သာမန်ထက်ထူးကဲခြင်း” နှင့် “စိတ်ကူးထက် ကျော်လွန်ခြင်း” ဟူသည့် စကားရပ်နှစ်ခုကို အသုံးပြုလျက် ဘုရားသခင်၏ အမှုတော်ကို ငါ အဘယ့်ကြောင့် အနက်ဖွင့်ရသနည်း။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဤအရာများကို နားမလည်နိုင်သည့်အပြင် သမ္မာတရား၊ ဘုရားသခင် အမှုပြုသည့်နည်းလမ်း၊ သို့မဟုတ် စာတန်အား သူ၏တိုက်ခိုက်မှု၌ ဘုရားသခင်၏ ဉာဏ်ပညာတို့ကို နားမလည်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးသည် ဤအရာများနှင့်ပတ်သက်၍ သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ။ သို့ဆိုလျှင် လူတို့သည် ထင်မြင်ချက်များနှင့် အယူအဆများကို အဘယ်သို့ ထားရှိနိုင်သေးသနည်း။ ယင်းမှာ ၎င်းတို့သည် အသိပညာ အနည်းငယ်ကိုသာ သင်ယူပြီး သြဝါဒအချို့ကို နားလည်ကာ မိမိတို့၏ကိုယ်ပိုင်နှစ်သက်မှုများ ရှိကြပြီး၊ သို့ဖြစ်၍ ၎င်းတို့သည် ထိုထိုသော အယူအဆများနှင့် စိတ်ကူးများကို ထားရှိကြသောကြောင့်ဖြစ်သည်။ သို့ရာတွင် ဝိညာဉ်ရေးရာနယ်ပယ်နှင့်တကွ ဘုရားသခင်ပြုသော အမှုတော်နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ဤအရာများကို လုံးဝ နားမလည်ကြပေ။ နောက်ဆုံးသောကာလတွင် ဖန်ဆင်းရှင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို တိုက်ရိုက်ရင်ဆိုင်ပြီး သူ၏ နှုတ်ကပတ်တော်များကို မိန့်မြွက်သည်။ ဤသည်မှာ ကမ္ဘာမြေဖန်ဆင်းခြင်းကတည်းက ပထမဆုံးအကြိမ် ဖြစ်ပျက်ဖူးခြင်းဖြစ်၏။ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ရင်ဆိုင်ပြီး ဤပုံစံဖြင့် လုပ်ဆောင်ချက်များကို လူပုံအလယ်၌ ဆောင်ရွက်ခြင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လူသိရှင်ကြား ကြေညာပြီးနောက် ယင်းကို လူသားမျိုးနွယ်ကြားတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်၏။ ဤသည်မှာ ပထမဆုံးကြိမ် ဤအရာ ဖြစ်ပျက်ဖူးခြင်း ဖြစ်၏။ လူတို့သည် ဘုရားသခင်၏ အတွေးအခေါ်၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင် အလုပ်လုပ်ပုံဟူသည့် ဤလောကအား နားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အစိမ်းသက်သက် ဖြစ်ကြသောကြောင့် လူတို့အနေဖြင့် ဤအရာများနှင့် ပတ်သက်၍ အယူအဆများ ထားရှိသည်မှာ ပုံမှန်ဖြစ်သော်လည်း ဤအရာက ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ လူတို့၏ အယူအဆများက မည်သို့ပင် ပုံမှန်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို ဆန့်ကျင်နေဆဲ ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သဘောချင်းမတူညီဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကွဲလွဲဆန့်ကျင်ကြသည်။ အကယ်၍ ဤအယူဆများကို အချိန်မီပုံစံဖြင့် မဖြေရှင်းလျှင် ယင်းတို့သည် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံနေသော လူတို့နှင့် သူတို့ကိုယ်တိုင်၏ အသက်ဝင်ရောက်မှုအတွက် ကြီးမားသော ပိတ်ဆို့မှုဖြစ်မည်ဖြစ်၏။ ထို့အတွက်ကြောင့် လူသားအယူအဆများနှင့် ပတ်သက်လာလျှင် ယင်းတို့သည် လူတို့၏ စိတ်ကူးများ၊ ထင်မြင်ချက်များနှင့် မည်မျှ ကိုက်ညီသည်ဖြစ်စေ သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မကိုက်ညီသရွေ့ ၎င်းတို့အားလုံးသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဘုရားသခင်အား အတိုက်အခံဖြစ်နေကာ ဘုရားသခင်နှင့် သဟဇာတမကျပေ။ ၎င်းတို့၏ အယူအဆများက လူတို့၏ စိတ်ကူးများနှင့် အဘယ်သို့ ကိုက်ညီနိုင်သည်ဖြစ်စေ၊ လူတို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်ရန် အမြဲကြိုးစားသင့်သည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများကို လုံးလုံးလျားလျား ကျိုးကြောင်းမမြင်ဘဲ လက်မခံသင့်ပေ။ လူသားမျိုးနွယ်သည် မည်သည့်အရာကို လက်ခံသင့်သနည်း။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ဘုရားသခင်ထံလာသည့် အပြုသဘောဆောင်သော အရာများအားလုံးကို လက်ခံသင့်သည်။ စာတန်နှင့် သက်ဆိုင်သည့် အရာများကိုမူ ဤအရာများက မည်သို့ကောင်းမွန်သည်ဖြစ်စေ၊ ဤအရာများသည် သူတို့၏ကိုယ်ပိုင် စိတ်ကူးများနှင့် မည်သို့ကိုက်ညီသည်ဟု လူတို့တွေးထင်သည်ဖြစ်စေ ၎င်းတို့သည် ယင်းတို့ကို လက်ခံရမည့်အစား ငြင်းပယ်ရမည်။ ဤနည်းအားဖြင့်သာ လူတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိနိုင်ပြီး ဖန်ဆင်းရှင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

လူတို့၏ အယူအဆများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့်၊ သမ္မာတရားကို အသုံးပြုခြင်းအားဖြင့်သာလျှင် ဖြေရှင်းနိုင်သည်။ ယင်းတို့ကို အယူဝါဒအကြောင်း ဟောပြောခြင်းအားဖြင့်၊ အားပေးတိုက်တွန်းမှု ပေးခြင်းအားဖြင့် ဖယ်ရှား၍မရပေ။ ယင်းမှာ သိပ်မလွယ်ကူချေ။ လူတို့သည် ဖြောင့်မတ်သော ကိစ္စများအတွက် ဆက်ကပ်မှု မရှိ‌သော်လည်း ဖယ်ရှားဖို့ခက်ခဲသည်ဟု ၎င်းတို့တွေ့ရှိသည့် အမျိုးမျိုးသော အယူအဆများ သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော၊ လွဲချော်နေသော အရာများကိုမူ တွယ်ဖက်ထားတတ်သည်။ ဤအရာ၏ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်သည်။ လူတို့၏ အယူအဆများက ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ အကယ်၍ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိပါက ဤအယူအဆများမှာ ဖြေရှင်းဖို့ လွယ်ကူသည်။ အားလုံးကိုခြုံငုံကြည့်လျှင် အယူအဆများမှာ တွေးခေါ်ပုံတစ်မျိုးသာ ဖြစ်သည်။ သို့သော် မာနထောင်လွှားခြင်း၊ မာကျောခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်မှုပင် ဟူသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် အယူအဆများသည် လူတို့အား ဘုရားသခင်နှင့် အတိုက်အခံလုပ်ပြီး ဘုရားသခင်အပေါ် အဓိပ္ပာယ်ကောက်လွဲကာ ဝေဖန်၍ပင်သုံးသပ်စေသည့် စနက်တံတစ်ခု ဖြစ်လာသည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများကို ထားရှိသောအခါ မည်သူသည် သူ့ကို ကျိုးနွံနာခံပြီး ချီးမွမ်းနိုင်ဦးမည်နည်း။ မည်သူမျှ မရှိချေ။ အယူအဆများ ထားရှိလျှင် လူတို့သည် ဘုရားသခင်အပေါ် အတိုက်အခံလုပ်ကြသည်။ သူနှင့်ပတ်သက်၍ မကျေမနပ်ပြောကြသည်။ သူ့ကို ဝေဖန်သုံးသပ်ကြသည်။ ပြီးလျှင် သူ့ကို ရှုတ်ချပြစ်တင်ခြင်းပင် ပြုကြသည်။ ဤသည်မှာ အယူအဆများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ ပေါ်ထွက်လာကြောင်း ပြသရန်လုံလောက်ကာ အယူအဆများ ပေါ်ထွက်လာခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ခြင်းဖြစ်၍ ထုတ်ဖော်လိုက်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားလုံးသည် ဘုရားသခင်အား ပုန်ကန်ပြီး ဆန့်ကျင်ကြသည်။ လူအချို့က “ကျွန်ုပ်တွင် အယူအဆများ ရှိသော်လည်း ဘုရားသခင်ကို မဆန့်ကျင်” ဟု ပြောကြသည်။ ဤသည်မှာ လှည့်စားတတ်သော စကားဖြစ်၏။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြောလျှင်ပင် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အတိုက်အခံလုပ်နေသေးကာ ၎င်းတို့၏ အပြုအမူက အတိုက်အခံလုပ်တတ်သည်။ ထိုကဲ့သို့သော လူတို့သည် ဤသို့ဖြစ်သောအခါ၌ သမ္မာတရားကို ကျိုးနွံနာခံနိုင်သေးသလော။ ယင်းမှာ မဖြစ်နိုင်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံရလျက် ၎င်းတို့သည် ၎င်းတို့၏ အယူအဆများကို ဖက်တွယ်ကြ၏။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဤအရာကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။ ထို့ကြောင့် အယူအဆများကို ဖြေရှင်းသည်နှင့်အမျှ၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများလည်း ဖြေရှင်းခံရလေသည်။ အကယ်၍ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြေရှင်းခံရပါက ၎င်းတို့၏ မရင့်ကျက်သည့်၊ ကလေးဆန်သည့် အတွေးများစွာအပြင် အယူအဆများ ဖြစ်လာပြီးသားဖြစ်သည့် အရာများပင်လျှင် ၎င်းတို့အတွက် ပြဿနာတစ်ခု မဟုတ်ပေ။ ယင်းတို့သည် အတွေးများသာဖြစ်ပြီး သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအား၊ သို့မဟုတ် ဘုရားသခင်ကို သင်၏ကျိုးနွံနာခံခြင်းအား မထိခိုက်ပေ။ အယူအဆများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဆက်စပ်နေကြ၏။ တစ်ခါတစ်ရံတွင် အယူအဆတစ်ခုသည် သင်၏စိတ်နှလုံးထဲတွင် ရှိသော်လည်း သင်၏ လုပ်ရပ်များကို ယင်းက မညွှန်ကြားပေ။ ယင်းက သင်၏ လက်ငင်းအကျိုးစီးပွားများကို မထိပါးသည့်အချိန်တွင် သင်သည် ယင်းကို မသိကျိုးကျွန်ပြု၏။ သို့သော် ယင်းကို မသိကျိုးကျွန်ပြုခြင်းသည် သင်၏ အယူအဆအတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု မဆိုလိုသကဲ့သို့ သင်၏အယူအဆနှင့် ကွဲလွဲသည့် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင်သည် သဘောထားတစ်ခုခု၊ သင်၏ စိတ်သဘောထားက စိုးမိုးထားသည့် သဘောထားတစ်ခုဖြင့် ယင်းကို ဖက်တွယ်ထားလေသည်။ ဤစိတ်သဘောထားမှာ မာကျောမှု ဖြစ်နိုင်သည်၊ မာနထောင်လွှားမှု ဖြစ်နိုင်သကဲ့သို့ ရက်စက်ကြမ်းကြုတ်မှု ဖြစ်နိုင်သည်။ သင်က “ကျွန်ုပ်၏ ရှုထောင့်အမြင်သည် ကြိမ်ဖန်များစွာ ပညာရပ်ဆိုင်ရာ အတည်ပြုခံရပြီးဖြစ်သည်။ လူတို့သည် ထို အမြင်ကို နှစ်ထောင်ပေါင်းများစွာကြာအောင် စွဲကိုင်လာကြပြီးဖြစ်သည်၊ ထို့ကြောင့် အဘယ်ကြောင့် ကျွန်ုပ်မစွဲကိုင်နိုင်ရသနည်း။ လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် ကိုယ်တော်မိန့်မြွက်သော အရာများသည် မမှန်ကန်သောကြောင့် ယင်းတို့သည် သမ္မာတရားဖြစ်ပြီး ယင်းတို့သည် အခြားအရာအားလုံး၏အထက်တွင် ရှိသည်ဟု အဘယ်ကြောင့် ကိုယ်တော်ပြောနိုင်သေးသနည်း။ ကျွန်ုပ်၏ ရှုထောင့်အမြင်သည် လူသားမျိုးနွယ် အားလုံးထဲတွင် အမြင့်မားဆုံး ဖြစ်သည်” ဟု ဆိုရလောက်အောင် သင့်ကို ဘုရားသခင်ထံ လေလုံးထွားစေလေသည်။ အယူအဆတစ်ခုက သင့်ကို ဤကဲ့သို့ပြုမူခြင်းသို့၊ ထိုသို့သော သင်္ကြန်အမြောက်ဖောက်ခြင်းသို့ ဆိုက်ရောက်စေနိုင်သည်။ မည်သည့်အရာက ဤအရာကို ဖြစ်ပေါ်စေသနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။) ယင်းသည် မှန်၏။ ယင်းကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်ပေါ်စေခြင်းဖြစ်သည်။ အယူအဆများနှင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား တိုက်ရိုက်ဆက်နွှယ်မှု တစ်ခုရှိပြီး ၎င်းတို့၏ အယူအဆများကို ဖြေရှင်းရမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် လူတို့၏ အယူအဆများကို ဖြေရှင်းပြီးသည်နှင့် တစ်ပြိုင်နက်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ကျိုးနွံနာခံဖို့ ၎င်းတို့အတွက် လွယ်ကူလာ၏၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို သာ၍ချောမွေ့စွာ ကောင်းကောင်း ထမ်းဆောင်ကြသည်၊ ၎င်းတို့သည် ကွေ့ပတ်သွားသော လမ်းကြောင်းများအတိုင်း မလိုက်ကြ၊ အဖျက်အမှောင့်မလုပ်ကြ၊ သို့မဟုတ် မနှောင့်ယှက်ကြသကဲ့သို့ ဘုရားသခင်အပေါ် အရှက်ရစေသည့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြချေ။ အကယ်၍ လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို မဖြေရှင်းပါက နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသည့် အရာများ လုပ်ဆောင်ဖို့ ၎င်းတို့အတွက် လွယ်ကူလာ၏။ သာ၍ဆိုးရွားသော ကိစ္စများတွင် လူတို့၏ အယူအဆများသည် ၎င်းတို့အထဲတွင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အတိုက်အခံလုပ်နိုင်၏၊ အယူအဆများနှင့်ပတ်သက်၍ ဆိုရလျှင် ယင်းတို့သည် သမ္မာတရားနှင့် မကိုက်ညီသည့် မှားယွင်းသော အမြင်များဖြစ်သည်မှာ သေချာ၏၊ ယင်းတို့သည် သမ္မာတရားနှင့် လုံးလုံးလျားလျား ဆန့်ကျင်ပြီး လူတို့အထဲ၌ ဘုရားသခင်အား အတိုက်အခံလုပ်သည့် စိတ်ခံစားမှုမျိုးစုံကို ပေါ်ထွက်လာစေနိုင်သည်။ ဤအတိုက်အခံလုပ်ခြင်းက သင့်အား ခရစ်တော်ကို မေးခွန်းထုတ်စေနိုင်ပြီး သူ့ကို လက်မခံနိုင် သို့မဟုတ် ကျိုးနွံနာခံနိုင်ခြင်း မရှိ ဖြစ်လာစေကာ တစ်ချိန်တည်းတွင်ပင် သင်၏သမ္မာတရားကို လက်ခံခြင်းနှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းကို ထိခိုက်စေပေသည်။ သာ၍ပင် ဆိုးရွားသ‌ည့် ကိစ္စရပ်များတွင်၊ ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် လူတို့၏ အယူအဆအမျိုးမျိုးသည် ၎င်းတို့အား ဘုရားသခင်၏အမှု၊ ဘုရားသခင်အမှုပြုသည့် နည်းလမ်းများနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ငြင်းပယ်စေ၏။ ထိုသို့ဖြစ်လျှင် ၎င်းတို့၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် ဘာဆိုဘာမျှ မရှိပေ။ လူတို့၌ ဘုရားသခင်၏ မည်သည့်သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ အယူအဆများ ရှိသည်ဖြစ်စေ ဤအယူအဆများနောက်ကွယ်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ခိုအောင်းနေ၏၊ ယင်းအယူအဆများက လူတို့အား ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသုံးပြုလျက် ဘုရားသခင်၏အမှု၊ ဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကို ချဉ်းကပ်ရန် မူမမှန်သော အကြောင်းပြချက်တစ်ခုကို သာ၍ပင် ပေးရင်း၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သာ၍ ဆိုးလာစေ၏၊ ဤအရာက ၎င်းတို့အား ဘုရားသခင်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ခုခံဖို့ အားပေးတိုက်တွန်းသည် မဟုတ်လော။ ဤသည်မှာ လူသားအတွက် အယူအဆများ၏ အကျိုးဆက် ဖြစ်သည်။

ငါတို့သည် ယခင်က လူသား၏ အယူအဆများအကြောင်းကို မကြာခဏ ပြောခဲ့ကြသော်လည်း ငါတို့သည် လူတို့အနေဖြင့် မည်သည့် သွင်ပြင်လက္ခဏာများနှင့် အကြောင်းအရာများတွင် အယူအဆများကို ထားရှိကြောင်းနှင့် ၎င်းတို့ထားရှိသော အယူအဆမျိုးများကို စနစ်တကျနှင့် အသေးစိတ် မိတ်သဟာယ မပြုဖူးခဲ့ကြချေ။ ယနေ့ ဤပုံစံအတိုင်း တစ်ချက်ချင်း မိတ်သဟာယဖွဲ့ခြင်းနှင့် စိတ်ဖြာလေ့လာခြင်းဖြင့် သင်တို့သည် မိမိတို့၌ မည်သည့်အယူအဆမျိုးများ ရှိကြောင်းကို သိရန်အတွက် သင်တို့လိုက်လျှောက်ရမည့် ရှင်းလင်းသော လမ်းစဉ်တစ်ခုကို ငါပေးခဲ့ပြီဖြစ်ကာ ထိုသို့ဖြင့် ထိုအယူအဆများကို တစ်ခုချင်း ဖြေရှင်းရမည့် လမ်းကြောင်းကို သင်တို့ရရှိနိုင်မည်ဖြစ်သည်။ အကယ်၍ လူတို့သည် ဤအယူအဆများကို တစ်ခုချင်း ဖြေရှင်းနိုင်ပါက သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးသည် ၎င်းတို့အတွက် ပို၍ပို၍ ရှင်းလင်းလာမည် ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့ကိုယ်တိုင်၏ ရှေ့မှ လမ်းကြောင်းသည်လည်း ပို၍ပို၍ ရှင်းလင်းလာမည် ဖြစ်ကာ ဘုရားသခင်၌ ယုံကြည်ခြင်းအားဖြင့် ၎င်းတို့လျှောက်သည့် လမ်းကြောင်းသည် ၎င်းတို့ ဝေးဝေးလျှောက်လေ ပို၍ပင် ခိုင်မာပြီး တောက်ပ‌လေဖြစ်လာမည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။