လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း (အပိုင်း နှစ်)

လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် စစ်မှန်သည့်အသက်တာကို ရရှိသည့်အခါ၊ စာတန်၏အင်အားစု တစ်ရပ်လုံးကို ချည်နှောင်ထားမည်ဖြစ်၍ လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် လွယ်ကူစွာနေလိမ့်မည်ဖြစ်သည်။ လူသားဆက်ဆံရေးများ၊ လူမှုဆက်ဆံရေးများ၊ ရှုပ်ထွေးသည့် မိသားစုဆိုင်ရာဆက်ဆံရေးများ စသည့် အရာများသည် ယနေ့ကဲ့သို့ ရှုပ်ထွေးလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် အလွန်ပင် အနှောင့်အယှက်ဖြစ်၍ နာကျင်လှပေ၏။ ဤနေရာရှိ လူသား၏ဘဝသည် အလွန်ပင် စိတ်ညစ်စရာကောင်း၏။ လူသားသည် သိမ်းပိုက်ခံရပြီးသည့်အခါ သူ၏စိတ်နှလုံးသည် ပြောင်းလဲလိမ့်မည်ဖြစ်သည်၊ ၎င်းတွင် ဘုရားသခင်အပေါ် ကြည်ညိုလေးစား၍ ဘုရားသခင်ကို ချစ်သည့် နှလုံးသား ရှိလိမ့်မည်။ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာရှိရန် ရှာဖွေသူ စကြဝဠာအတွင်းရှိသူအားလုံးသည် သိမ်းပိုက်ခြင်းခံရပြီးသည့်အခါ၊ ဆိုလိုသည်မှာ စာတန်ရှုံးနိမ့်ပြီးသည့်အခါနှင့် အမှောင်ထု၏ အင်အားစုတစ်ရပ်လုံးဖြစ်သည့် စာတန်ကို ချည်နှောင်ပြီးသည့်အခါ၊ ကမ္ဘာမြေကြီးပေါ်ရှိ လူသား၏ဘဝသည် ဒုက္ခမရှိဘဲ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လွတ်လပ်စွာ နေနိုင်လိမ့်မည် ဖြစ်သည်။ လူသား၏ဘဝသည် ဇာတိပကတိ ဆက်ဆံရေးများမရှိဘဲ ဇာတိပကတိ၏ အရှုပ်အထွေးများ မရှိသည့်အခါ၊ လွန်စွာ ပို၍လွယ်ကူလိမ့်မည် ဖြစ်သည်။ လူသား၏ ဇာတိပကတိဆက်ဆံရေးများသည် ရှုပ်ထွေးလွန်းကာ၊ လူသားအနေဖြင့် ထိုကဲ့သို့သောအရာများရှိခြင်းသည် သူသည် စာတန်၏လွှမ်းမိုးမှုမှ သူ့ကိုယ်သူ လွတ်မြောက်အောင်ပြုလုပ်ရန် လိုသေးကြောင်း အထောက်အထားဖြစ်၏။ သင်၏ညီအစ်ကို မောင်နှမများနှင့် အလားတူ ဆက်ဆံရေးရှိခဲ့လျှင်၊ သင်၏ပုံမှန်မိသားစုနှင့် အလားတူဆက်ဆံရေးရှိခဲ့လျှင်၊ သင့်တွင်ပူပန်စရာများ မရှိဘဲ မည်သူ တစ်ဦးတစ်ယောက်အတွက်မျှ စိုးရိမ်စရာလည်း မလိုပေ။ ဤထက်သာ၍ကောင်းသည့်အရာ မရှိပေ။ ထို့အပြင် ဤနည်းအားဖြင့် လူသားသည် ၎င်း၏ဒုက္ခတစ်ဝက်မှ သက်သာရာရလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်တွင် သာမန်လူသားတစ်ဦးအဖြစ်နေထိုင်လျက်၊ လူသားသည် ကောင်းကင်တမန်တစ်ပါးနှင့် အလားတူမည်ဖြစ်သည်။ ဇာတိပကတိပင် ဖြစ်နေသေးလင့်ကစား၊ သူသည် ကောင်းကင်တမန်နှင့် များစွာတူလိမ့်မည်ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးကတိ ဖြစ်၏။ လူသားအပေါ်ချပေးသည့် နောက်ဆုံးကတိဖြစ်၏။ ယနေ့ လူသားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့် ကြုံရ၏။ ဤကဲ့သို့သောအရာများကို လူသား တွေ့ကြုံရခြင်းသည် အဓိပ္ပာယ်ကင်းမဲ့သည်ဟု သင်ထင်ပါသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို အကြောင်းမဲ့ ပြုလုပ်နိုင်မည်လော။ ယခင်က လူသားကို ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ၎င်းကို အနက်ဆုံးတွင်းထဲတွင် ထားခြင်းဖြစ်၏ဟု ဆိုခဲ့၏။ ဆိုလိုသည်မှာ ၎င်း၏ကံကြမ္မာနှင့် အလားအလာများကို ယူပစ်လိုက်ခြင်းဖြစ်၏။ ဤသည်မှာ လူသားကို သန့်စင်စေခြင်းဟူသည့် အရာတစ်ခုအတွက်ဖြစ်၏။ ဘုရားသခင်သည် လူသားကို စွန့်လွှတ်ပြီးနောက် လူသားကို တွင်းနက်ကြီးထဲတွင် တမင်ထားသည်မဟုတ်။ ထိုသို့မဟုတ်ဘဲ အဆုံးတွင် လူသား၏အတွင်းရှိ အရာများကိုသန့်စင်နိုင်ရန်၊ ၎င်းသည် ဘုရားသခင်အပေါ် စစ်မှန်စွာသိရန်နှင့် သန့်ရှင်းသူတစ်ဦးကဲ့သို့ ဖြစ်ရန် လူသား၏အတွင်းရှိ ပုန်ကန်လိုသည့်စိတ်ကို ကိုင်တွယ်ရန်ထားခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ပါက၊ အရာခပ်သိမ်း ဖြစ်မြောက်မည် ဖြစ်သည်။ အကယ်စင်စစ်၊ လူသား၏အတွင်းရှိ ကိုင်တွယ်ရန်လိုသည့် အရာများကို ကိုင်တွယ်သည့်အခါနှင့် လူသားသည် အံ့သြဖွယ်သောသက်သေခံချက် ပြုလုပ်သည့်အခါ၊ စာတန်သည်လည်း ရှုံးနိမ့်မည်ဖြစ်လျက်၊ လူသား၏အတွင်းတွင် မူလကရှိနေသောအရာ အချို့သည် အပြည့်အဝသန့်စင်မည် မဟုတ်သော်လည်း၊ စာတန်ရှုံးနိမ့်သည့်အခါတွင် သူသည် ဒုက္ခပေးတော့မည် မဟုတ်ဘဲ၊ ၎င်းအချိန်တွင် လူသားသည် လုံးဝသန့်စင်နေမည်ဖြစ်သည်။ လူသားသည် ဤကဲ့သို့သောဘဝကို တစ်ခါမျှ တွေ့ကြုံခဲ့ဖူးခြင်း မရှိသော်လည်း၊ စာတန်ရှုံးနိမ့်သွားသည့်အခါ အရာခပ်သိမ်း ကျေအေးသွားမည်ဖြစ်၍ လူသားအတွင်းရှိ အချည်းနှီးသောအရာအားလုံး ဖြေရှင်းပြီးသွားမည် ဖြစ်သည်။ အဓိကပြဿနာ ဖြေရှင်းပြီးသွားသည့်အခါတွင် အခြားဒုက္ခအားလုံး အဆုံးသတ်လိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်မှ လူ့ဇာတိခံယူသည့် ကာလတွင်၊ သူသည် လူသားအကြား သူ၏အမှုကို ကိုယ်တိုင်ဆောင်ရွက်သည့် အခါ၊ သူဆောင်ရွက်သည့်အမှု အားလုံးသည် စာတန်ရှုံးနိမ့်စေရန်ဖြစ်၍၊ လူသားကိုသိမ်းပိုက်ခြင်းနှင့် သင်တို့ကို ပြည့်စုံစေခြင်းအားဖြင့် သူသည် စာတန်ကို ရှုံးနိမ့်စေလိမ့်မည်။ သင်တို့သည် ထူးကဲစွာ သက်သေခံသည့် အခါသည်လည်း စာတန်၏ရှုံးနိမ့်ခြင်း၏ အမှတ်အသား ဖြစ်လိမ့်မည်။ စာတန်ရှုံးနိမ့်စေရန် လူသားသည် ရှေးဦးစွာသိမ်းပိုက်ခံရ၍ နောက်ဆုံးတွင် လုံးဝစုံလင်စေခြင်းခံရ၏။ သို့ရာတွင် အနှစ်သာရအားဖြင့် စာတန်ရှုံးနိမ့်ခြင်းနှင့်အတူ ဤသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ဤအနှစ်သာရမဲ့သော ဒုက္ခပင်လယ်ထဲမှ တစ်ပြိုင်နက် ကယ်တင်ခြင်းဖြစ်၏။ ဤအမှုသည် စကြဝဠာတစ်ခုလုံးတွင် ဆောင်ရွက်သည်ဖြစ်စေ၊ တရုတ်နိုင်ငံတွင် ဆောင်ရွက်သည်ဖြစ်စေ၊ ဤသည်အားလုံးမှာ လူသားအနေဖြင့် နားနေရာအရပ်ကို ဝင်ရောက်နိုင်ရေးအတွက် စာတန်ကိုရှုံးနိမ့်စေ၍ လူသားတစ်ရပ်လုံးအတွက် ကယ်တင်ခြင်းယူဆောင်လာရန် ဖြစ်၏။ လူ့ဇာတိခံယူသော ဘုရားသခင်၏ သာမန်ဇာတိပကတိသည် အတိအကျအားဖြင့် စာတန်ကို ရှုံးနိမ့်စေရန်အတွက်သာဖြစ်၏။ ကောင်းကင်ဘုံအောက်ရှိ ဘုရားသခင်ကိုချစ်သောသူ အားလုံးထံ ကယ်တင်ခြင်းကိုယူဆောင်လာရန် ဇာတိပကတိဖြစ်သော ဘုရားသခင်၏အမှုကို အသုံးပြုခြင်းဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ရန်အပြင် စာတန်ကို ရှုံးနိမ့်စေရန်ဖြစ်၏။ ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု၏ အဓိကအချက်အချာကို လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်းယူဆောင်လာရန်အတွက် စာတန်ကို ရှုံးနိမ့်စေခြင်းမှ ခွဲခြား၍မရပေ။ ဤအမှု၏ အစိတ်အပိုင်း များစွာတွင် သင်တို့သက်သေခံရန်အတွက်ဟု အဘယ်ကြောင့် အမြဲပြောသနည်း။ ထို့အပြင် ဤသက်သေခံချက်မှာ မည်သူ့အတွက် ရည်ရွယ်ထားသနည်း။ စာတန်အတွက် ရည်ရွယ်ထားသည် မဟုတ်လော။ ဤသက်သေခံချက်သည် ဘုရားသခင်အတွက်ဖြစ်၍ ဘုရားသခင်၏အမှုသည် ၎င်းလိုလားသည့် သက်ရောက်မှုကို ရရှိပြီးဖြစ်ကြောင်း သက်သေခံရန် ပြုလုပ်ထားခြင်းဖြစ်၏။ သက်သေခံခြင်းသည် စာတန်ကို ရှုံးနိမ့်စေခြင်းအမှုနှင့် ဆက်စပ်နေ၏။ စာတန်နှင့် တိုက်ပွဲတစ်ရပ်မရှိခဲ့လျှင်၊ လူသားသည် သက်သေခံရန် မလိုပေ။ စာတန်ကိုရှုံးနိမ့်စေရမည် ဖြစ်သဖြင့် လူသားကို ကယ်တင်သည့်တစ်ချိန်တည်းတွင် သူ့အတွက် လူသားသည် စာတန်၏ရှေ့မှောက် သက်သေခံရန် ဘုရားသခင်က သတ်မှတ်ထားခြင်းဖြစ်၍၊ သူသည် လူသားကိုကယ်တင်ရန်နှင့် စာတန်နှင့် တိုက်ပွဲ ပြုလုပ်ရန် ဤသည်ကို အသုံးပြု၏။ ရလဒ်အနေဖြင့် လူသားသည် ကယ်တင်ရန်အရာရော စာတန်ရှုံးနိမ့်ရေးအတွက် ကိရိယာပါဖြစ်နေ၏။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ စာတန်သည် ဖျက်ဆီးရန်အရာ၊ ရန်သူသာလျှင် ဖြစ်၏။ သင်သည် မည်သည့်အရာမျှ မပြုလုပ်ရသေးဟု ထင်နိုင်သော်လည်း သင်၏စိတ်သဘောထား၏ပြောင်းလဲမှုများကြောင့် သက်သေခံပြီးဖြစ်၍ ဤသက်သေခံချက်သည် စာတန်ကို ရည်ရွယ်ထား၍ လူသားအတွက် မဟုတ်ပေ။ လူသားသည် ထိုကဲ့သို့သော သက်သေခံချက်ကို ခံစားရန် မထိုက်ပေ။ ဘုရားသခင်မှ ဆောင်ရွက်သည့်အမှုကို သူမည်သို့ နားလည်နိုင်မည်နည်း။ ဘုရားသခင်တိုက်ခိုက်နေသည့်အရာမှာ စာတန်ဖြစ်၏။ ထိုအတောအတွင်း လူသားသည် ကယ်တင်ရန် အရာသာလျှင်ဖြစ်၏။ လူသားသည် ပျက်စီးသော စာတန်၏ စိတ်နေသဘောထားရှိ၍ ဤအမှုကို နားလည်နိုင်စွမ်း မရှိပေ။ ဤသည်မှာ စာတန်၏ ပျက်စီးခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ လူသား၏ပင်ကိုယ်အတွင်း ရှိနေခြင်း မဟုတ်သော်လည်း စာတန်က စီမံညွှန်ကြားထားခြင်းဖြစ်၏။ ယနေ့ ဘုရားသခင်၏ အဓိကအမှုမှာ စာတန် ရှုံးနိမ့်စေရန်ဖြစ်၏။ ဆိုလိုသည်မှာ စာတန်၏ရှေ့မှောက်တွင် လူသားက ဘုရားသခင်အတွက် နောက်ဆုံးသက်သေခံရေးအတွက် လူသားကို လုံးဝသိမ်းပိုက်ရန်ဖြစ်၏။ ဤနည်းအားဖြင့် အရာခပ်သိမ်း ဖြစ်မြောက်လိမ့်မည် ဖြစ်သည်။ အခြေအနေအများအပြား၌ သင့်ပကတိမျက်လုံးတွင် မည်သည့်အရာမျှ မလုပ်ရသေးပုံရသော်လည်း အကယ်စင်စစ်မူ အမှုပြီးဆုံးခဲ့ပြီဖြစ်၏။ လူသားအတွက် ပြီးဆုံးသွားသော အမှုအားလုံးမှာ မြင်သာရန် လိုအပ်သော်လည်း၊ သင့်အတွက် မြင်သာရန်မလုပ်ဘဲ ငါသည် ငါ၏အမှုကို ဆောင်ရွက်ပြီးပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စာတန်သည် နာခံလိုက်ပြီဖြစ်၏။ ဆိုလိုသည်မှာ ၎င်းသည် လုံးဝရှုံးနိမ့်ခဲ့ပြီဖြစ်၍၊ ဘုရားသခင်၏ဉာဏ်အမြော်အမြင်၊ တန်ခိုးနှင့် အာဏာ အားလုံးတို့ စာတန်ကို နှိမ်နင်းခဲ့ပြီးဖြစ်၏။ ဤသည်မှာ အတိအကျ သက်သေခံရမည့်အချက်ဖြစ်၏။ ထို့အပြင် လူသားတွင် ရှင်းလင်းစွာ ထုတ်ဖော်ထားခြင်း မရှိသော်လည်း၊ သင့်ပကတိမျက်လုံးနှင့် မမြင်သာသော်လည်း စာတန်သည် ရှုံးနိမ့်ပြီးဖြစ်၏။ ဤအမှုတစ်ရပ်လုံးမှာ စာတန်အတွက်ရည်ရွယ်ထားခြင်းဖြစ်၍ စာတန်နှင့်တိုက်ပွဲကြောင့် အကောင်အထည်ဖော်ရခြင်းဖြစ်၏။ ထို့ကြောင့် လူသားအနေဖြင့် အောင်မြင်ခဲ့ပြီးဟု မမြင်သည့်အရာများစွာ ရှိသော်လည်း ဘုရားသခင်၏မျက်လုံးထဲတွင် ကာလကြာမြင့်စွာကပင် ၎င်းတို့အောင်မြင်ခဲ့ပြီးဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏အမှု၏ အတွင်းကျသောသမ္မာတရားများထဲမှ တစ်ခုဖြစ်၏။

စာတန်ရှုံးနိမ့်ပြီးသည်နှင့်၊ ဆိုလိုသည်မှာ လူသားကို အပြည့်အဝ သိမ်းပိုက်ပြီးသည်နှင့်၊ လူသားသည် ဤအမှုအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ဆိုခြင်းကို နားလည်ကာ၊ ဤကယ်တင်ခြင်းအတွက်နည်းလမ်းမှာ စာတန်၏လက်ထဲမှ ပြန်လည်ရရှိရန်ဟူသည်ကို နားလည်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အမှုကို ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ အဆင့်သုံးဆင့် ပိုင်းခြားထား၏။ အမှု၏ ဤအဆင့်သုံးဆင့်တို့အားလုံးသည် လူသား၏ကယ်တင်ခြင်းအတွက်ဖြစ်၏။ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖျက်ဆီးခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်၏။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်မှ စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အတွက်လည်း ဖြစ်၏။ ထို့ကြောင့် ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ စာတန်နှင့်တိုက်ပွဲကိုလည်း အဆင့်သုံးဆင့် ခွဲခြားထား၍ ဘုရားသခင်၏အမှု၏ ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက်ဆောင်ရွက်၏။ စာတန်နှင့်တိုက်ပွဲသည် အကယ်စင်စစ်အားဖြင့် လူသား၏ကယ်တင်ခြင်းအတွက်ဖြစ်ကာ၊ လူသား၏ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာပြီးဆုံးနိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲကိုလည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထား၍၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖျက်ဆီးမှု အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲ၏။ လူသား၏ စိတ်ကူးတွင် စစ်တပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဝင်သကဲ့သို့ ဤတိုက်ပွဲတွင် ဘုရားသခင်က စာတန်ကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်မည်ဟု ယုံကြည်ကောင်းယုံကြည်လိမ့်မည်။ ဤသည်မှာ လူသား၏အသိဉာဏ်မှ စိတ်ကူးနိုင်စွမ်း ရှိသမျှသာဖြစ်ကာ အလွန့်အလွန် မရေရာ၍ လက်တွေ့မကျသော အတွေးအခေါ်တစ်ရပ် ဖြစ်၏။ သို့ရာတွင် ဤသည်မှာ လူသားယုံကြည်သည့်အရာဖြစ်၏။ ထို့အပြင် လူသား၏ ကယ်တင်ခြင်းနည်းလမ်းသည် စာတန်နှင့် တိုက်ပွဲဝင်ခြင်းမှတစ်ဆင့်ဟု ဤနေရာတွင် ငါပြောသဖြင့် ဤသို့တိုက်ပွဲဝင်သည်ဟု လူသားက စိတ်ကူးယဉ်ခြင်း ဖြစ်သည်။ လူသား၏ကယ်တင်ခြင်းအမှုတွင်၊ အဆင့်သုံးဆင့်ကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်၏။ ဆိုလိုသည်မှာ စာတန်လုံးဝရှုံးနိမ့်ခြင်း မဖြစ်မီ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲခြားထား၏။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ရပ်လုံး၏ အတွင်းကျသည့်အမှန်တရားမှာ လူသားအပေါ် ကျေးဇူးတော်ချပေးခြင်းနှင့် လူသား၏ အပြစ်ဖြေရာယဇ်ဖြစ်ခြင်း၊ လူသား၏အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်းတို့မှတစ်ဆင့် ၎င်း၏သက်ရောက်မှုများကို ရရှိခြင်းဖြစ်၏။ အမှန်စင်စစ်ဆိုရလျှင် စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်သည်မဟုတ်ဘဲ လူသားသည် ဘုရားသခင်အတွက် သက်သေခံနိုင်ရန် လူသားကို ကယ်တင်ခြင်း၊ လူသား၏ဘဝအပေါ် အမှုဆောင်ခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းဖြစ်၏။ ဤနည်းဖြင့်စာတန်ကို ရှုံးနိမ့်စေ၏။ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းဖြင့် စာတန်ကို ရှုံးနိမ့်စေ၏။ စာတန်ကိုရှုံးနိမ့်စေပြီးသည့်အခါ၊ ဆိုလိုသည်မှာ လူသားသည် ကယ်တင်ခြင်းလုံးဝရရှိပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလျက်၊ ဤနည်းအားဖြင့် လူသားသည် လုံးဝကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်တိုက်ပွဲဖြစ်၍၊ စာတန်နှင့်စစ်ပွဲသည် လူသား၏ကယ်တင်ခြင်းတွင် အဓိကအားဖြင့် ထင်ဟပ်နေ၏။ လူသားကိုသိမ်းပိုက်ရမည့် နောက်ဆုံးသောကာလအဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့်ဖြစ်၏။ ထို့အပြင် စာတန်၏ပိုင်နက်မှ လူသား၏လုံးဝကယ်တင်ခြင်းအမှုလည်းဖြစ်၏။ လူသား၏သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်သည် စာတန်၏ရုပ်လုံးဖော်မှုဖြစ်သည့် စာတန်၏ ဖျက်ဆီးခြင်းခံရသူ လူသားကို ၎င်း၏ သိမ်းပိုက်မှုနောက်ပိုင်း ဖန်ဆင်းရှင်ထံပြန်ပို့ခြင်းဖြစ်၏။ ဤနည်းဖြင့် သူသည် စာတန်ကိုစွန့်လွှတ်၍ ဘုရားသခင်ထံ လုံးဝပြန်သွားမည်ဖြစ်၏။ ဤနည်းဖြင့် လူသားသည် လုံးဝကယ်တင်ခြင်းခံရခဲ့ပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် စာတန်ကိုဆန့်ကျင်သည့်တိုက်ပွဲတွင် သိမ်းပိုက်ခြင်းအမှုသည် နောက်ဆုံးအမှုဖြစ်၍၊ စာတန်ရှုံးနိမ့်ရေးအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှုတွင် နောက်ဆုံးအဆင့်လည်းဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏ အပြည့်အဝ ကယ်တင်ခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။ စာတန်ကို လုံးဝရှုံးနိမ့်စေရန်မှာလည်း မဖြစ်နိုင်ပေ။ ထို့အပြင် လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ သို့မဟုတ် စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးသက်ရောက်မှုအနေဖြင့်၊ စာတန်နှင့် တိုက်ပွဲမပြီးဆုံးမီ လူသားအားကယ်တင်သည့်အမှုကို ပြီးဆုံးစေနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်၍ ဖြစ်သည်။ အစောဆုံးလူသားမျိုးနွယ်မှာ ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖျက်ဆီးခြင်းကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်းခံရကာ စာတန်၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမှုတွင် စာတန်သည် ရှုံးနိမ့်စေရမည့်အရာဖြစ်သွားခဲ့၏။ စာတန်က လူသားကို သိမ်းယူလိုက်သည့်အတွက်နှင့် လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း၏ အဓိကအရာဖြစ်သည့်အတွက် အကယ်၍ လူသားသည် ကယ်တင်ခြင်းခံရမည်ဆိုပါက သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ လူသား၏ နဂိုမူလစိတ်ကို ပြန်လည်ရရှိစေရန် သူ၏စိတ်သဘောထားအဟောင်းကို ပြောင်းလဲခြင်းများအားဖြင့် စာတန်ကို ရှုံးနိမ့်စေ၍၊ ဤနည်းအားဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသောလူသားကို စာတန်၏လက်ထဲမှ ပြန်လည်လုယူနိုင်လိမ့်မည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် အချုပ်အနှောင်တို့မှ ကင်းလွတ်ပါက စာတန်သည် အရှက်ရမည်ဖြစ်၍ လူသားကို အဆုံးတွင် ပြန်လည်ရယူမည်ဖြစ်ကာ စာတန်ရှုံးနိမ့်လိမ့်မည်ဖြစ်သည်။ ထို့အပြင် လူသားသည် စာတန်၏ မှောင်မိုက်သောလွှမ်းမိုးမှုမှ လွတ်မြောက်ခဲ့ပြီဖြစ်၍ လူသားသည် ဤတိုက်ပွဲတစ်ရပ်လုံးမှ သိမ်းပိုက်ရရှိထားသည့်အရာ ဖြစ်သွားကာ၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့် အပြစ်ပေးခံရမည့်အရာ ဖြစ်သွားလိမ့်မည်။ ၎င်းနောက်တွင် လူသား၏ကယ်တင်ခြင်းအမှုတစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။

ဘုရားသခင်သည် သက်ရှိသတ္တဝါများအပေါ်တွင် လုံးဝရန်ငြိုးမထားပါ။ စာတန်ကိုသာ ရှုံးနိမ့်စေလို၏။ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ သူ၏အမှုအားလုံးသည် စာတန်အပေါ် ရည်ရွယ်ထားခြင်းဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် အကောင်အထည်ဖော်ခြင်းဖြစ်၍၊ အားလုံးမှာ စာတန် ရှုံးနိမ့်စေရန်အတွက်ဖြစ်ကာ၊ ၎င်းတွင် အဆုံးတိုင်အောင် စာတန်နှင့်တိုက်ပွဲဝင်ခြင်းဟူသည့် ရည်ရွယ်ချက် တစ်ခုသာရှိ၏။ ထို့အပြင် ဘုရားသခင်သည် စာတန်အပေါ်အောင်နိုင်ခြင်း မရှိသရွေ့ မည်သည့်အခါမျှ နားမည်မဟုတ်ပေ။ စာတန်ကိုရှုံးနိမ့်စေပြီးသည်နှင့် နားမည်ဖြစ်သည်။ ဘုရားသခင်ဆောင်ရွက်သည့်အမှု အားလုံးသည် စာတန်ကို ရည်ရွယ်ထားသည့်အတွက်နှင့် စာတန်၏ဖျက်ဆီးခြင်းခံရသူများ အားလုံးသည် စာတန်၏ပိုင်နက်၏ ချုပ်ကိုင်မှုအောက်တွင်ရှိလျက် စာတန်၏ပိုင်နက်အောက်တွင် နေသည့်အတွက်၊ စာတန်နှင့်ဆန့်ကျင်တိုက်ပွဲဝင်ခြင်းနှင့် ၎င်းကို ချိုးဖျက်ခြင်း မပြုဘဲနှင့်၊ စာတန်သည် ထိုသူတို့အပေါ် ၎င်း၏ချုပ်ကိုင်မှုကို လျှော့ပေးမည်မဟုတ်ပေ။ ထို့အပြင် ၎င်းတို့ကို ရယူနိုင်မည်လည်း မဟုတ်ပေ။ ၎င်းတို့ကို ရယူနိုင်ခြင်းမရှိပါက စာတန်သည် ရှုံးနိမ့်ခြင်းမရှိသေးကြောင်းနှင့် ၎င်းကိုနှိမ်နင်းခဲ့ခြင်း မရှိသေးကြောင်း သက်သေပြခြင်းဖြစ်မည်။ ထို့ကြောင့် ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲခြင်းအစီအစဉ်၌ ပထမအဆင့်အတွင်း သူသည် ပညတ်တရားအမှုကို ဆောင်ရွက်ခဲ့၏။ ဒုတိယအဆင့်တွင် သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို ဆောင်ရွက်၏။ ကားတိုင်တွင် အသေခံခြင်းအမှုဟု ဆိုလိုသည်။ ထို့နောက် တတိယအဆင့်တွင် သူသည် လူသားမျိုးနွယ်အား သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ခဲ့၏။ ဤအမှုအားလုံးသည် စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည့်အတိုင်းအတာအပေါ် ရည်ရွယ်ထားခြင်းဖြစ်၏။ အားလုံးမှာ စာတန်ကို ရှုံးနိမ့်စေခြင်းအတွက် ဖြစ်၍ စာတန်ကို ရှုံးနိမ့်စေခြင်းအတွက် မဟုတ်သည့်အဆင့် တစ်ဆင့်မျှ ဤအဆင့်များတွင် မရှိပေ။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲခြင်းအမှု၏ အနှစ်သာရသည် အဆင်းနီသော နဂါးကြီးကို ဆန့်ကျင်သည့်တိုက်ပွဲဖြစ်၍ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုသည်လည်း စာတန်ကို ရှုံးနိမ့်စေခြင်းအမှုဖြစ်၍ စာတန်နှင့် တိုက်ပွဲဝင်ခြင်းအမှုဖြစ်၏။ ဘုရားသခင်သည် အနှစ် ၆၀ဝ၀ ကြာ တိုက်ပွဲဝင်ခဲ့သည်။ ထို့ကြောင့် အဆုံးတွင် လူသားတို့ကို နိုင်ငံတော်သစ်တို့ ခေါ်ဆောင်လာရေးအတွက် အနှစ် ၆၀ဝ၀ ကြာ အမှုဆောင်ခဲ့ပြီဖြစ်၏။ စာတန်ရှုံးနိမ့်သည့်အခါ လူသားသည် လုံးဝလွတ်မြောက်မည် ဖြစ်၏။ ဤသည်မှာ ယနေ့ဘုရားသခင်၏အမှု ဦးတည်ချက်ပင် မဟုတ်သလော။ လူသားအပေါ် မည်သည့်စည်းကမ်းများ၏ သတ်မှတ်ခံရခြင်းမျှ မရှိ၊ ချုပ်နှောင်ထားခြင်းများ သို့မဟုတ် ကန့်သတ်ချက်များဖြင့် ကန့်သတ်ခံရခြင်း မရှိစေရန် လူသားကို လုံးဝလွတ်မြောက်ရေးနှင့် လွတ်လပ်ရေးသည် ယနေ့အမှု၏ ဦးတည်ရာ အတိအကျပင် ဖြစ်၏။ ဤအမှုအားလုံးကို သင်တို့၏ဝိညာဉ်အသက်တာနှင့် သင်တို့၏လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်၏။ သင်တို့ဖြစ်မြောက်နိုင်သည့်အတိုင်း သင်တို့ကို ပေးထားသည်ဟု ဆိုလိုခြင်းဖြစ်၏။ “ဘဲတစ်ကောင်ကို အိပ်တန်းသို့ မောင်းနှင်” သည့် ကိစ္စတစ်ရပ်၊ သင်တတ်စွမ်းသည်ထက် ကျော်လွန်သည့် အရာများကို သင့်အား အဓမ္မ ပြုလုပ်စေသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ဤအမှုအားလုံးသည် သင်၏အမှန်စင်စစ် လိုအပ်ချက်များနှင့်အညီ အကောင်အထည်ဖော်ခြင်း ဖြစ်၏။ အမှု၏ အဆင့်တစ်ဆင့်စီသည် လူသား၏ အမှန်စင်စစ်လိုအပ်ချက်နှင့် လူသားအပေါ်သတ်မှတ်ချက်များနှင့် အညီဖြစ်၍ စာတန်ကို ရှုံးနိမ့်စေရန်ဖြစ်၏။ အကယ်စင်စစ်မူ၊ အစအဦး၌ ဖန်ဆင်းရှင်နှင့် သူဖန်ဆင်းသည့် သတ္တဝါတို့အကြား အတားအဆီးများ မရှိပေ။ ၎င်းတို့အားလုံးမှာ စာတန်က ပြုလုပ်ခြင်းဖြစ်၏။ စာတန်၏နှောင့်ယှက်မှုနှင့် ၎င်း၏ပျက်စီးမှုကြောင့် လူသားသည် မည်သည့်အရာကိုမျှ မြင်နိုင်စွမ်း၊ ထိနိုင်စွမ်းတို့ မရှိခြင်း ဖြစ်လာသည်။ လူသားသည် ဒုက္ခခံရသူ၊ လှည့်ဖြားခံရသူ ဖြစ်၏။ စာတန်ရှုံးနိမ့်သည်နှင့် သက်ရှိသတ္တဝါများသည် ဖန်ဆင်းရှင်ကို မြင်လိမ့်မည်ဖြစ်၍ ဖန်ဆင်းရှင်သည် သက်ရှိသတ္တဝါများကို ကြည့်လျက် ၎င်းတို့ကို သူကိုယ်တိုင် လမ်းပြနိုင်လိမ့်မည်။ ဤသည်သာလျှင် လူသားအနေဖြင့် ကမ္ဘာမြေကြီးပေါ်တွင် ရှိသင့်သည့် အသက်တာဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏အမှုသည် အဓိကအားဖြင့် စာတန်ရှုံးနိမ့်စေရန်ဖြစ်၍ စာတန်ရှုံးနိမ့်သည်နှင့် အရာခပ်သိမ်း ဖြေရှင်းပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူသားအကြား ကြွလာသည်မှာ အလွန်ထူးခြားကြောင်း ယနေ့ သင်တွေ့ခဲ့ပြီး ဖြစ်သည်။ နေ့စဉ် သင်တို့ကို အပြစ်ရှာ၍ အချိန်ကုန်ဆုံးစေရန်၊ ဘာဘာညာညာ ပြောရန်၊ သို့မဟုတ် သူမည်သည်နှင့် တူသည်၊ သူစကားပြောပုံ၊ နေထိုင်ပုံ စသည်တို့ကို သင်တို့အား တွေ့မြင်ခွင့်ပေးရန်အတွက် သူလာခဲ့သည် မဟုတ်။ ဘုရားသခင်သည် ဇာတိပကတိခံယူသည်မှာ သင်တို့အား သူ့ကိုကြည့်ခွင့်ပေးရုံ၊ သို့မဟုတ် သင်တို့၏ မျက်လုံးများကို ဖွင့်ပေးရုံ၊ သို့မဟုတ် သူပြောခဲ့သည့် နက်နဲသောအရာများနှင့် သူဖွင့်ခဲ့သည့် တံဆိပ်ခုနစ်ချက်ကို သင်တို့အား ကြည့်ခွင့်ပြုရုံအတွက် မဟုတ်။ အတိအကျအားဖြင့်ဆိုလျှင် စာတန်ရှုံးနိမ့်စေရေးအတွက် သူသည် ဇာတိပကတိခံယူခဲ့ခြင်းဖြစ်၏။ လူသားတို့အကြား ဇာတိပကတိအသွင်ဖြင့် သူကိုယ်တိုင်လာခဲ့သည်မှာ လူသားတို့ကို ကယ်တင်ရန်၊ စာတန်နှင့် တိုက်ပွဲဝင်ရန်ဖြစ်၍၊ ဤသည်မှာ သူ၏လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ဖြစ်၏။ စာတန်ရှုံးနိမ့်ရေးအတွက်သာ မဟုတ်ခဲ့ပါက သူသည် ဤအမှုကို ကိုယ်တိုင်ဆောင်ရွက်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားတို့အကြား သူ၏အမှုကိုဆောင်ရွက်ရန်၊ လူသားကို သူကိုယ်တိုင် သူ့ကိုယ်သူ ဖော်ပြရန်နှင့် လူသားအား သူ့ကိုကြည့်ခွင့်ပြုရန် ကမ္ဘာမြေကြီးကို လာခြင်းဖြစ်၏။ ဤသည်မှာ သေးငယ်သည့် ကိစ္စတစ်ရပ်လော။ ဤသည်မှာ အမှန်စင်စစ် လွန်စွာထူးခြား၏။ လူသားမှ စိတ်ကူးယဉ်သကဲ့သို့ ဘုရားသခင်သည် သူ့အပေါ် လူသားက ကြည့်ရန် လာခဲ့သည်မဟုတ်။ ဘုရားသခင်သည် စစ်မှန်၍ မရေမရာ၊ အနှစ်သာရကင်းမဲ့သူ မဟုတ်ကြောင်း နားလည်စေရန်နှင့် ဘုရားသခင်သည် မြင့်မားသည်သာမက စိတ်နှလုံးနှိမ့်ချခြင်းလည်းရှိကြောင်း နားလည်စေရန် ကြွရောက်လာခဲ့ခြင်း မဟုတ်ပေ။ ဤသည်မှာ ဤမျှလွယ်ကူနိုင်မည်လော။ အတိအကျအားဖြင့် စာတန်သည် လူသား၏ဇာတိပကတိအား ဖျက်ဆီးခဲ့ကာ၊ လူသားသည် ဘုရားသခင်က ကယ်တင်ရန်ရည်ရွယ်သူ ဖြစ်သဖြင့်၊ ဘုရားသခင်က ဇာတိပကတိခံယူ၍ စာတန်နှင့် တိုက်ပွဲဝင်ကာ လူသားကို ကိုယ်တိုင်လမ်းပြရမည် ဖြစ်သည်။ ဤသည်သာလျှင် သူ၏အမှုအတွက် အကျိုးရှိ၏။ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိ နှစ်ရပ်သည် စာတန်ကို ရှုံးနိမ့်စေရန် တည်ရှိခဲ့၍ လူသားကို ပိုမိုကောင်းမွန်စွာ ကယ်တင်နိုင်ရေးအတွက်လည်း တည်ရှိခဲ့၏။ ဤသည်မှာ စာတန်နှင့်တိုက်ပွဲဝင်သူမှာ- ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်စေ- ဘုရားသခင်သာ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ အတိုအားဖြင့်ဆိုလျှင်၊ စာတန်နှင့် တိုက်ပွဲဝင်နေသူသည် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူသားမဆိုထားနှင့် ကောင်းကင်တမန်များပင် မဟုတ်နိုင်ပေ။ ကောင်းကင်တမန်များသည် ဤအမှုကိုပြုရန် တန်ခိုးမရှိပေ။ ထို့အပြင် လူသားသည် သာ၍ပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် လူသားတို့၏အသက်တာအပေါ် အမှုဆောင်လိုပါက၊ လူသားအပေါ် ဆောင်ရွက်ရန် သူကိုယ်တိုင် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာလိုပါက၊ သူကိုယ်တိုင် ဇာတိပကတိ ခံယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူကိုယ်တိုင် ဇာတိပကတိ ယူတင်ဝတ်ဆောင်၍ သူ၏ကိုယ်ပိုင်ဝိသေသ လက္ခဏာနှင့် သူဆောင်ရွက်ရမည့် အမှုအားဖြင့်၊ လူသားအကြားကြွလာ၍ သူကိုယ်တိုင် လူသားကို ကယ်တင်ရမည် ဖြစ်၏။ သို့မဟုတ်ပါက ဤအမှုကို ဆောင်ရွက်သူမှာ ဘုရားသခင်၏ဝိညာဉ် သို့မဟုတ် လူသားဖြစ်ပါက၊ ဤတိုက်ပွဲသည် ထိရောက်မှုရှိရန် အစဉ်ပျက်ကွက်မည်ဖြစ်၍ မည်သည့်အခါမျှ ပြီးဆုံးမည် မဟုတ်ပေ။ လူသားတို့အကြား စာတန်ကို ဆန့်ကျင်တိုက်ပွဲဝင်ရန် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူမှသာလျှင် လူသားသည် ကယ်တင်ခြင်းရရှိရန် အခွင့်အလမ်း ရှိမည်ဖြစ်သည်။ ထို့အပြင်၊ ထိုအခါမှသာလျှင် စာတန်သည် အရှက်ရ၍ ခေါင်းပုံဖြတ်ရန် အခွင့်အလမ်းများ သို့မဟုတ် အကောင်အထည်ဖော်ရန် အစီအစဉ်များ မရှိဘဲ ကျန်ရစ်လိမ့်မည်။ ဘုရားသခင်၏ ဝိညာဉ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ ဆောင်ရွက်သည့်အမှုကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် ဇာတိပကတိဆန်သူ မည်သည့်လူသားမျှ ဘုရားသခင်၏ ကိုယ်စား ဆောင်ရွက်နိုင်စွမ်း သာ၍ပင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူဆောင်ရွက်သည့်အမှုသည် လူသား၏ အသက်တာအတွက်ဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲရန်ဖြစ်သောကြောင့် ဖြစ်၏။ လူသားသည်သာ ဤတိုက်ပွဲတွင် ပါဝင်ရမည်ဆိုပါက သူသည် အလွန်ဝမ်းနည်းဖွယ်ကောင်းစွာ ကစဉ့်ကလျား ထွက်ပြေးမည်သာဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။ လူသားကို လက်ဝါးကပ်တိုင်မှ ကယ်တင်နိုင်စွမ်း သို့မဟုတ် ပုန်ကန်စိတ်ရှိသည့် လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့ရာတွင် အခြေခံသဘောတရားအရ သာမန်အမှုအနည်းငယ်သာ သို့မဟုတ် စာတန်ရှုံးနိမ့်ခြင်းနှင့် မသက်ဆိုင်သည့် အမှုကိုသာ လုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့် စိတ်အနှောင့်အယှက်ခံမည်နည်း။ စာတန်ရှုံးနိမ့်စေရန်မဆိုနှင့် လူသားကို မရရှိနိုင်သည့်အမှုမှာ မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။ ထို့ကြောင့် စာတန်နှင့်တိုက်ပွဲမှာ ဘုရားသခင်ကိုယ်တိုင်သာလျှင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ကာ လူသားက လုပ်ဆောင်ရန် စွမ်းဆောင်ရည် လုံးဝမရှိပေ။ လူသား၏တာဝန်မှာ နာခံရန်နှင့် လိုက်နာရန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခေတ်ကာလအသစ်တစ်ရပ် ဖွင့်လှစ်သည့်အမှုကို မပြုနိုင်သကဲ့သို့ စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုကိုလည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။ စာတန်ကိုရှုံးနိမ့်စေသော ဘုရားသခင်ကိုယ်တိုင်၏ ဦးဆောင်မှုဖြင့်သာ လူသားသည် ဖန်ဆင်းရှင်ကျေနပ်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤတစ်ခုတည်းကိုသာ လူသားသည် ပြုလုပ်နိုင်၏။ ထို့ကြောင့် တိုက်ပွဲအသစ်တစ်ခု စတင်တိုင်း၊ ဆိုလိုသည်မှာ ခေတ်သစ်တစ်ခု၏ အမှုစတင်တိုင်း၊ ဤအမှုကို ဘုရားသခင်ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် သူသည် ခေတ်တစ်ခေတ်လုံးကို ဦးဆောင်လမ်းပြကာ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် လမ်းကြောင်းသစ်တစ်ရပ်ကို ဖွင့်ပေးခြင်းဖြစ်၏။ ခေတ်သစ်တစ်ခုစီ၏အရုဏ်သည် စာတန်နှင့်တိုက်ပွဲအသစ် စတင်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် လူသားသည် ပို၍သစ်လွင်လှပသော လောကနှင့် ဘုရားသခင်ကိုယ်တိုင်က လမ်းပြဦးဆောင်သည့် ခေတ်သစ်သို့ ဝင်ရောက်ခြင်းဖြစ်၏။ လူသားသည် အရာခပ်သိမ်း၏ အရှင်သခင် ဖြစ်သော်လည်း ရရှိခဲ့ပြီးသူများသည် စာတန်နှင့်တိုက်ပွဲအားလုံး၏ အသီးများဖြစ်လာကြလိမ့်မည်။ စာတန်သည် အရာခပ်သိမ်းကို ဖျက်ဆီးသူဖြစ်၏။ ၎င်းသည် တိုက်ပွဲအားလုံးအဆုံးတွင် ဆုံးရှုံးသူဖြစ်၍ ဤတိုက်ပွဲများနောက်တွင် အပြစ်ပေးခံရမည့်သူလည်း ဖြစ်၏။ ဘုရားသခင်၊ လူသားနှင့် စာတန်တို့အကြားတွင် စာတန်သည်သာ မုန်းတီးရွံရှာခြင်းနှင့် ငြင်းပယ်ခံရမည့်သူဖြစ်၏။ စာတန်ကရရှိလိုက်သော်လည်း ဘုရားသခင်က ပြန်လည်ရယူလိုက်ခြင်း မရှိသူများသည် ထိုအတောအတွင်း စာတန်၏ကိုယ်စား အပြစ်ပေးခံရမည့်သူများ ဖြစ်သွား၏။ ဤသုံးဦးတွင် အရာခပ်သိမ်းသည် ဘုရားသခင်ကိုသာလျှင် ဝတ်ပြုသင့်သည်။ စာတန်၏ဖျက်ဆီးခြင်း ခံရသော်လည်း ဘုရားသခင်က ပြန်လည်ရယူလိုက်၍ ဘုရားသခင်၏လမ်းခရီးနောက်လိုက်လျှောက်သူများသည် ထိုအတောအတွင်း ဘုရားသခင်၏ကတိကိုရရှိ၍ ဘုရားသခင်အတွက် ဆိုးယုတ်သူများကို တရားစီရင်မည့်သူများ ဖြစ်သွားကြ၏။ ဘုရားသခင်အောင်နိုင်မည်မှာ သေချာ၍ စာတန်သည် ရှုံးနိမ့်လိမ့်မည်မှာ သေချာ၏။ သို့ရာတွင် လူသားတို့အကြားတွင် အောင်မြင်မည့်သူများနှင့် ရှုံးနိမ့်မည့်သူများ ရှိ၏။ အောင်မြင်မည့်သူများသည် အောင်နိုင်သူနှင့် သက်ဆိုင်၍ ရှုံးနိမ့်မည့်သူများမှာ ရှုံးနိမ့်သူနှင့် သက်ဆိုင်လိမ့်မည်။ ဤသည်မှာ အမျိုးအစားကိုလိုက်၍ တစ်ခုစီကို အတန်းစားခွဲခြားခြင်းဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏အမှုအားလုံး၏ နောက်ဆုံးရလဒ်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံး၏ ရည်ရွယ်ချက်လည်းဖြစ်၍ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင် စီမံခန့်ခွဲမှုအစီအစဉ်၏ အဓိကအမှု၏အချက်အချာမှာ လူသားအား ကယ်တင်ခြင်းအပေါ်တွင် အလေးထား၍ ဤအချက်အချာအတွက်၊ ဤအလုပ်အတွက်နှင့် စာတန် ရှုံးနိမ့်ရေးအတွက် ဘုရားသခင်သည် အဓိကအားဖြင့် ဇာတိပကတိ ခံယူခြင်းဖြစ်၏။ ဘုရားသခင်မှ ပထမအကြိမ် ဇာတိပကတိခံယူချိန်သည်လည်း စာတန်ရှုံးနိမ့်စေရန်ဖြစ်၏၊ ပထမတိုက်ပွဲအမှုပြီးပြည့်စုံစေရန်၊ သူကိုယ်တိုင် ဇာတိပကတိခံယူ၍ ကိုယ်တိုင် လက်ဝါးကပ်တိုင်တွင် အရိုက်ခံရ၏။ ဤသည်မှာ လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းအမှုဖြစ်၏။ အလားတူပင်၊ အမှု၏ဤအဆင့်သည်လည်း လူသားတို့အကြား သူ၏အမှုကို ဆောင်ရွက်ရန်၊ သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ပြောဆိုရန်နှင့် လူသားအား သူ့ကိုကြည့်ခွင့်ပြုရန် ဇာတိပကတိခံယူသော ဘုရားသခင်ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်၏။ ထိုအမှုများဆောင်ရွက်နေစဉ်တစ်လျှောက် သူသည် အခြားအမှုများကိုလည်း ဆောင်ရွက်ကြောင်းကို ရှောင်လွှဲ၍မရသည်မှာ မှန်ပေသော်လည်း သူ၏အမှုကို သူကိုယ်တိုင်ဆောင်ရွက်ခြင်း၏ အဓိကအကြောင်းရင်းမှာ စာတန်ရှုံးနိမ့်စေရေး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို သိမ်းပိုက်ရေးနှင့် ထိုသူများကို ရရှိရေးအတွက်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူတော်မူခြင်းသည် အမှန်တကယ်ပင် ထူးခြားပေသည်။ သူ၏ရည်ရွယ်ချက်မှာ ဘုရားသခင်သည် စိတ်နှလုံးနှိမ့်ချ၍ ဖုံးကွယ်ပုန်းလျှိုးနေကြောင်းနှင့် ဘုရားသခင်သည် စစ်မှန်ကြောင်းပြရန်သာဖြစ်ကာ၊ ဤအမှုကိုဆောင်ရွက်ရန် အတွက်သာဖြစ်ပါက၊ ဇာတိပကတိခံယူရန် လိုအပ်ခဲ့မည်မဟုတ်ပေ။ ဘုရားသခင်သည် ဇာတိပကတိခံယူခြင်း မပြုသော်မှ သူသည် သူ၏စိတ်နှလုံးနှိမ့်ချခြင်းနှင့် ဖုံးကွယ်ပုန်းလျှိုးနေခြင်း၊ သူ၏ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို လူသားအား တိုက်ရိုက် ဖော်ထုတ်ပြသနိုင်၏။ သို့ရာတွင် ထိုကဲ့သို့သောအရာများသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ ၎င်းတို့သည် လူသားကို ကယ်တင်နိုင်စွမ်း သို့မဟုတ် ပြည့်စုံစေနိုင်စွမ်းမရှိပေ။ စာတန်ကို ရှုံးနိမ့်စေနိုင်စွမ်း သာ၍ပင် မရှိပေ။ စာတန်ရှုံးနိမ့်စေရေးတွင် ဝိညာဉ်တော်က ဝိညာဉ်တစ်ပါးနှင့် တိုက်ပွဲဝင်ခြင်းသာပါဝင်ပါက ထိုကဲ့သို့အမှုတွင် လက်တွေ့ကျသည့်တန်ဖိုး သာ၍ပင်မရှိပေ။ ဤသည်မှာ လူသားကိုရရှိနိုင်စွမ်းမရှိဘဲ လူသား၏ကံကြမ္မာနှင့် အလားအလာများကို ဖျက်ဆီးလိမ့်မည်။ ထို့ကြောင့် ယနေ့ ဘုရားသခင်၏အမှုတွင် လေးနက်သည့်အဓိပ္ပာယ်ရှိ၏။ ဤသည်မှာ လူသားသည် သူ့အားတွေ့နိုင်စေရန်သာမဟုတ်၊ သို့မဟုတ် လူသား၏မျက်လုံးများပွင့်သွားရေး သို့မဟုတ် သူ့ကို အနည်းငယ် တွန်းပေးခြင်းနှင့် အားပေးခြင်းတို့ ပြုလုပ်ပေးရန်သာမဟုတ်ပေ။ ထိုကဲ့သို့သောအမှုသည် အဓိပ္ပာယ်မရှိပေ။ ဤကဲ့သို့ အသိဉာဏ်မျိုးအကြောင်းသာ သင်ပြောနိုင်ပါက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ စစ်မှန်သော အဓိပ္ပာယ်အကြောင်း သင်မသိကြောင်းကို သက်သေပြ၏။

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အမှုတစ်ရပ်လုံးကို ဘုရားသခင်ကိုယ်တိုင်မှ ဆောင်ရွက်ခြင်းဖြစ်၏။ ပထမအဆင့်ဖြစ်သည့် ကမ္ဘာမြေကြီးကိုဖန်ဆင်းခြင်းပြီးနောက် ပညတ်တော်ခတ်၏ အမှုကို ဘုရားသခင်ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဥပဒေသကို ပြဋ္ဌာန်းရန် ဘုရားသခင်က မောရှေကို အသုံးပြုခဲ့သည်။ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သည့် ဒုတိယအဆင့်ကိုလည်း လူ့ဇာတိခံယူသည့် ဘုရားသခင်မှ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခဲ့သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်မှလွဲ၍ ထိုအမှုပြုရန် မည်သူမျှ အဆင့်မီမည် မဟုတ်ပေ။ တတိယအဆင့်ကိုမူ ပြောရန်မလိုပေ၊ ဘုရားသခင်၏ အမှုခပ်သိမ်း ပြီးဆုံးရေးအတွက် ဘုရားသခင်ကိုယ်တိုင်ပြုလုပ်ရန် သာ၍ပင် လိုအပ်၏။ ဘုရားသခင်ကိုယ်တိုင်မှ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့် စုံလင်စေခြင်းအမှု အားလုံးကို ကိုယ်တိုင်အကောင်အထည်ဖော်ခြင်းဖြစ်၏။ သူကိုယ်တိုင် ဤအမှုကို မပြုလုပ်ပါက သူ၏ကိုယ်ပိုင်ဝိသေသလက္ခဏာကို လူသားမှ ကိုယ်စားပြုနိုင်မည် မဟုတ်ပေ။ သို့မဟုတ် သူ၏အမှုကို လူသားမှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ စာတန်ရှုံးနိမ့်စေရေးအတွက်၊ လူသားမျိုးနွယ်ကို ရရှိရေးအတွက်နှင့် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်ဘဝတစ်ခု ပေးရေးအတွက် သူကိုယ်တိုင် လူသားကို လမ်းပြဦးဆောင်၍ လူသားတို့အကြား ကိုယ်တိုင်အမှုဆောင်ရွက်၏။ သူ၏ စီမံခန့်ခွဲရေးအစီအစဉ် တစ်ရပ်လုံးအတွက်နှင့် သူ၏အမှု အားလုံးအတွက် သူသည် ဤအမှုကို ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်၏။ ဘုရားသခင်သည် သူမြင်တွေ့ရန်နှင့် သူပျော်ရွှင်စေရန် ကြွလာခဲ့သည်ဟုသာ လူသားကယုံကြည်လျှင်၊ ထိုကဲ့သို့သော ယုံကြည်မှုများတွင် တန်ဖိုးမရှိ၊ အဓိပ္ပာယ်မရှိပေ။ လူသား၏အသိဉာဏ်သည် အပေါ်ယံသာဖြစ်လွန်း၏။ သူကိုယ်တိုင် အကောင်အထည်ဖော်ခြင်းအားဖြင့်သာ ဘုရားသခင်သည် ဤအမှုကို သေချာစွာ အပြည့်အဝ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လူသားသည် ဘုရားသခင်ကိုယ်စား ဤသည်ကို လုပ်နိုင်စွမ်း မရှိပေ။ သူသည် ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာ မရှိသကဲ့သို့၊ သူ၏အနှစ်သာရလည်း မရှိပေ။ သူ၏အမှုကို လုပ်ကိုင်နိုင်စွမ်းလည်း မရှိပေ။ ထို့အပြင် လူသားတွင် လုပ်ကိုင်ခဲ့လျှင်သော်မှ မည်သည့်သက်ရောက်မှုမျှ ရှိမည် မဟုတ်ပေ။ ဘုရားသခင်သည် ပထမဆုံးအကြိမ် ဇာတိပကတိခံယူခဲ့သော အခါသည် ရွေးနုတ်ခြင်းအတွက်ဖြစ်၏။ လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ရန်၊ လူသားကို သန့်စင်ခြင်းနှင့် သူ၏အပြစ်များအတွက် အပြစ်လွှတ်ခြင်း ခံနိုင်စွမ်းရှိစေရေး ဆောင်ရွက်ရန် ဖြစ်၏။ သိမ်းပိုက်ခြင်းအမှုသည်လည်း လူသားများအကြား ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်၏။ အကယ်၍ ဤအဆင့်အတွင်း ဘုရားသခင်သည် ပရောဖက်ပြုချက်ကို ပြောကြားရန်သာဖြစ်ပါက သူ့နေရာယူရန် ပရောဖက်တစ်ဦး သို့မဟုတ် ပါရမီရှင်တစ်ဦး ရှာတွေ့နိုင်ပါသည်။ ပရောဖက်ပြုချက်ကိုသာ ပြောကြားပါက၊ ဘုရားသခင်ကိုယ်စား လူသားက အစားဝင်ပေးနိုင်၏။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုယ်တိုင်၏အမှုကို ကိုယ်တိုင်လုပ်ဆောင်ရမည်ဖြစ်၍ လူသား၏ဘဝအပေါ် အမှုဆောင်ရမည်ဆိုပါက၊ ဤအမှုကို လုပ်ကိုင်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင် ကိုယ်တိုင်မှ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ရမည် ဖြစ်၏၊ ဤအမှုကို လုပ်ကိုင်ရန် ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိ ခံယူရမည်ဖြစ်၏။ နှုတ်ကပတ်တော်ခေတ်တွင် ပရောဖက်ပြုချက်ကိုသာ ပြောကြားခဲ့သည်ဆိုပါက၊ ဟေရှာယ သို့မဟုတ် ပရောဖက် ဧလိယတို့ကို ဤအမှုလုပ်ကိုင်ရန် ရှာတွေ့နိုင်ခဲ့မည်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်မှ ဤအမှုကို ကိုယ်တိုင်လုပ်ကိုင်ရန် မလိုတော့ပေ။ ဤအဆင့်တွင် လုပ်ကိုင်သည့်အမှုသည် ပရောဖက်ပြုချက်ကို ပြောရုံမကသည့်အတွက်နှင့်၊ လူသားကို သိမ်းပိုက်ရန်နှင့် စာတန်အားရှုံးနိမ့်စေရန် နှုတ်ကပတ်တော်၏အမှုကို အသုံးပြုသည်မှာ သာ၍ အရေးကြီးသဖြင့်၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ဘဲ ဘုရားသခင်ကိုယ်တိုင်က လုပ်ဆောင်ရမည်ဖြစ်၏။ ပညတ်တော်ခေတ်တွင် ယေဟောဝါသည် ဘုရားသခင်၏အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခဲ့၏။ ၎င်းနောက် သူသည် နှုတ်ကပတ်တော်အချို့ကို ပြောဆို၍ ပရောဖက်များအားဖြင့် အမှုအချို့ကို လုပ်ဆောင်ခဲ့၏။ ဤသည်မှာ လူသားသည် ယေဟောဝါ၏အမှုအတွက် အစားဝင်ပေးနိုင်၍ဖြစ်ကာ ပရောဖက်တို့သည် ဖြစ်မည့်အရာများကို ကြိုတင်ပြောနိုင်၍ သူ၏ကိုယ်စား အိပ်မက်အချို့ကို အနက်အဓိပ္ပာယ် ပြန်ဆိုနိုင်၍ဖြစ်၏။ အစအဦး၌ လုပ်ဆောင်ခဲ့သည့် အမှုသည် လူသား၏စိတ်သဘောထားကို တိုက်ရိုက်ပြောင်းလဲရန် အမှုမဟုတ်ပေ။ ထို့အပြင် လူသား၏အပြစ်နှင့်လည်း သက်ဆိုင်ခြင်း မရှိပေ။ ထို့အပြင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ လိုအပ်ခဲ့၏။ ထို့ကြောင့် ယေဟောဝါသည် ဇာတိပကတိခံယူခြင်းမရှိဘဲ လူသားကို သူ့ကိုယ်သူ ထုတ်ဖော်ခြင်းလည်း မရှိပေ။ ထိုသို့ပြုမည့်အစား သူသည် မောရှေနှင့် အခြားသူများကို တိုက်ရိုက်စကားပြော၏။ သူ့ကိုယ်စား ပြောဆိုခြင်း၊ လုပ်ကိုင်ခြင်းများပြုစေ၍ လူသားမျိုးနွယ်အကြား တိုက်ရိုက်အမှုဆောင်စေ၏။ ဘုရားသခင်အမှု၏ ပထမအဆင့်သည် လူသားကို ဦးဆောင်လမ်းပြမှု ဖြစ်၏။ ၎င်းမှာ စာတန်နှင့် တိုက်ပွဲအစဖြစ်သော်လည်း ဤတိုက်ပွဲမှာ တရားဝင် မစတင်ရသေးပါ။ စာတန်နှင့်တရားဝင်စစ်ပွဲမှာ ဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်းဖြင့် စတင်ခဲ့ကာ ယနေ့အထိ ဆက်လက်ဖြစ်ပေါ်ခဲ့၏။ ဤစစ်ပွဲပထမဖြစ်သည့်အချိန်မှာ လူ့ဇာတိခံယူသောဘုရားသခင် လက်ဝါးကပ်တိုင်တွင် အရိုက်ခံရသည့်အခါ ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းသည် စာတန်ကို ရှုံးနိမ့်စေခဲ့ပြီး ဤစစ်ပွဲတွင် ပထမ အောင်မြင်သော အဆင့်ဖြစ်၏။ လူ့ဇာတိခံယူသောဘုရားသခင်က လူသား၏ဘဝအပေါ် တိုက်ရိုက်လုပ်ဆောင်သည့်အခါ ဤသည်မှာ လူသားကို ပြန်လည်ရယူသည့်အမှု၏ တရားဝင် အစဖြစ်၍ ဤသည်မှာ လူသား၏စိတ်သဘောထားအဟောင်းကို ပြောင်းလဲသည့်အမှုဖြစ်သောကြောင့် ဤသည်မှာ စာတန်နှင့်တိုက်ပွဲဝင်သည့်အမှု ဖြစ်၏။ အစအဦး၌ ယေဟောဝါက ဆောင်ရွက်ခဲ့သော အမှုအဆင့်သည် ကမ္ဘာမြေကြီးပေါ်တွင် လူသား၏ဘဝအပေါ် ဦးဆောင်လမ်းပြမှုသာ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏အမှု အစဖြစ်၍ တိုက်ပွဲတစ်ရပ်ရပ် သို့မဟုတ် အဓိကအမှု တစ်ရပ်ရပ်အဖြစ် ပြောင်းလဲခြင်း မရှိသေးသော်လည်း လာမည့်တိုက်ပွဲအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့၏။ နောက်ပိုင်းတွင်၊ ကျေးဇူးတော်ခေတ်အတွင်း အမှု၏ဒုတိယအဆင့်သည် လူသား၏စိတ်သဘောထား အဟောင်းကို ပြောင်းလဲခြင်းနှင့် ပတ်သက်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင် လူသား၏ဘဝအပေါ် လုပ်ကိုင်၏။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ခဲ့ရ၏၊ ၎င်းသည် ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိခံယူရန် လိုအပ်ခဲ့ကာ၊ သူဇာတိပကတိမခံယူပါက၊ အမှု၏ဤအဆင့်တွင် အခြားမည်သူမျှ သူ့ကို အစားထိုးနိုင်ခဲ့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စာတန်နှင့် တိုက်ရိုက်ဆန့်ကျင်တိုက်ပွဲဝင်သည့် အမှုကို ကိုယ်စားပြုခဲ့ခြင်းအတွက်ဖြစ်၏။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ကိုယ်စား လူသားက ဆောင်ရွက်ခဲ့ပါက၊ စာတန်ရှေ့မှောက် လူသားမတ်တပ်ရပ်သည့်အခါ စာတန်သည် အညံ့ခံ အရှုံးပေးခဲ့မည် မဟုတ်ဘဲ ၎င်းကို ရှုံးနိမ့်စေရန်လည်း ဖြစ်နိုင်ခဲ့မည် မဟုတ်ပါ။ ၎င်းကို ရှုံးနိမ့်စေခဲ့ရသူမှာ လူ့ဇာတိခံယူရန်ကြွလာသော ဘုရားသခင် ဖြစ်ခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသဘောသဘာဝပင် ဖြစ်ဆဲဖြစ်၍၊ သူယူတင်ဝတ်ဆင်ထားသော ဇာတိခန္ဓာသည် လူသားအသက်တာကို ပိုင်ဆိုင်ကာ ဤသည်မှာ ဖန်ဆင်းရှင်၏ ပုံပန်းသဏ္ဌာန်ဖြစ်ဆဲဖြစ်သောကြောင့်တည်း။ မည်သည့်အရာပင်ဖြစ်စေ၊ သူ၏ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် စာတန် လုံးဝနာခံစေရေးအတွက် သူသည် ဇာတိပကတိကို ယူတင်ဝတ်ဆောင်၍ အမှုကို ဆောင်ရွက်၏။ နောက်ဆုံးသောကာလအမှု၏ အဆင့်အတွင်း၊ လူသားသည် ဤအမှုကို ဆောင်ရွက်၍ နှုတ်ကပတ်တော်တို့ကို တိုက်ရိုက်ပြောဆိုရမည်ဆိုပါက သူသည် ၎င်းတို့ကို ပြောဆိုနိုင်မည်မဟုတ်ပေ။ ထို့အပြင် ပရောဖက်ပြုချက်ကို ပြောဆိုခဲ့သည်ရှိသော်၊ ၎င်းသည် လူသားကို သိမ်းပိုက်ရန် စွမ်းဆောင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ဇာတိပကတိ ခံယူခြင်းဖြင့်၊ ဘုရားသခင်သည် စာတန်ကို ရှုံးနိမ့်စေရန် ကြွလာ၍ ၎င်းကို လုံးဝအညံ့ခံစေ၏။ သူသည်စာတန်ကို လုံးဝရှုံးနိမ့်စေ၏၊ လူသားကို အပြည့်အဝသိမ်းပိုက်ကာ၊ လူသားကို အလျဉ်းရယူပြီးနောက် အမှု၏ဤအဆင့် ပြီးဆုံး၍ အောင်မြင်မှု ရရှိ၏။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းတွင်၊ လူသားသည် ဘုရားသခင်အစား မဝင်ပေးနိုင်ပေ။ အထူးသဖြင့်၊ ခေတ်ကို ဦးဆောင်လမ်းပြခြင်း အမှုနှင့် အမှုသစ်စတင်ခြင်းတို့သည် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေရန် သာ၍ပင်လိုအပ်၏။ လူသားကို ဗျာဒိတ်တော်ပေးခြင်းနှင့် ဟောကိန်းပေးခြင်းများကို လူသားက ပြုလုပ်နိုင်၏။ သို့ရာတွင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည့်အမှု၊ ဘုရားသခင်ကိုယ်တိုင်နှင့် စာတန်အကြားတိုက်ပွဲအမှု ဖြစ်ပါက ဤအမှုကို လူသားက မဆောင်ရွက်နိုင်ပေ။ အမှု၏ပထမအဆင့်ကာလတွင်၊ စာတန်နှင့်တိုက်ပွဲမရှိခဲ့သည့်အခါ ယေဟောဝါသည် ဣသရေလအမျိုးတို့ကို ပရောဖက်များပြောခဲ့သည့် ပရောဖက်ပြုချက်ကို သုံး၍ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြခဲ့၏။ ၎င်းနောက်တွင်၊ အမှု၏ဒုတိယအဆင့်မှာ စာတန်နှင့် တိုက်ပွဲဖြစ်၍ ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိခံယူကာ၊ ဤအမှုကိုဆောင်ရွက်ရန် ဇာတိပကတိအတွင်းသို့ လာ၏။ စာတန်၏တိုက်ပွဲနှင့် ပတ်သက်သည့်အရာတိုင်းသည် ဘုရားသခင်၏လူ့ဇာတိခံယူခြင်းနှင့်လည်း ပတ်သက်၏။ ဤတိုက်ပွဲကို လူသားတိုက်၍မရဟု ဆိုလိုခြင်းဖြစ်၏။ လူသားသည် တိုက်ပွဲဝင်ရမည်ဆိုပါက၊ သူသည် စာတန်ရှုံးနိမ့်စေရန် တတ်စွမ်းနိုင်မည် မဟုတ်ပေ။ ၎င်း၏အုပ်စိုးမှုအောက်တွင်ရှိနေသေးစဉ် ၎င်းကို ဆန့်ကျင်တိုက်ခိုက်ရန် အင်အား မည်သို့ရှိနိုင်မည်နည်း။ လူသားသည် အလယ်တွင်ရှိနေ၏၊ သင်သည် စာတန်ဘက်သို့တိမ်းပါက သင်သည် စာတန်နှင့်သက်ဆိုင်၏၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို ကျေနပ်စေပါက သင်သည် ဘုရားသခင်နှင့် သက်ဆိုင်၏။ ဤတိုက်ပွဲတွင် လူသားသည် ဘုရားသခင်အစား ဝင်ပေးရမည်ဆိုပါက၊ သူသည် လုပ်ဆောင်နိုင်ပါမည်လော။ သူသည်အစားဝင်ပေးခဲ့ပါက၊ ကာလကြာမြင့်စွာကပင် သူပျက်စီးခဲ့မည် မဟုတ်သလော။ ကာလကြာမြင့်စွာကပင် ငရဲပြည်သို့ ဝင်ရောက်ခဲ့မည် မဟုတ်သလော။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏အမှု၌ သူ့အစားမဝင်ပေးနိုင်ပေ။ လူသားသည် ဘုရားသခင်၏အနှစ်သာရ မရှိ၊ ထို့အပြင် သင်သည် စာတန်နှင့် တိုက်ပွဲဝင်ခဲ့ပါက သူ့ကိုရှုံးနိမ့်စေနိုင်စွမ်း သင့်တွင်ရှိမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်၏။ လူသားသည် အချို့သောအမှုကိုသာ လုပ်ဆောင်နိုင်၏။ အချို့သောသူများကို ဖျောင်းဖျနိုင်၏၊ သို့ရာတွင် ဘုရားသခင်ကိုယ်တိုင်၏အမှုတွင် သူသည် ဘုရားသခင်အစားမဝင်ပေးနိုင်ပေ။ လူသားသည် စာတန်နှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။ သင်မစမီကပင် စာတန်သည် သင့်ကိုဖမ်းဆီးခဲ့မည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်သာလျှင် စာတန်နှင့် တိုက်ပွဲဝင်နိုင်မည်ဖြစ်၍ ဤသည်ကိုအခြေခံ၍ လူသားသည် ဘုရားသခင်နောက် လိုက်လျှောက်၍ သူ့ကို နာခံနိုင်၏။ ဤနည်းဖြင့်သာ လူသားသည် ဘုရားသခင်၏ ရယူခြင်းကို ခံနိုင်မည်ဖြစ်၍ စာတန်၏အချုပ်အနှောင်များမှ လွတ်မြောက်နိုင်မည်ဖြစ်၏။ လူသားက သူ၏ကိုယ်ပိုင် ဉာဏ်အမြော်အမြင်နှင့် စွမ်းရည်တို့ဖြင့် ရယူအောင်မြင်နိုင်သည်တို့မှာ နည်းပါးလွန်းပါသည်။ သူသည် လူသားကို ပြည့်စုံစေခြင်း၊ ဦးဆောင်လမ်းပြခြင်းတို့အပြင် စာတန်ကို ရှုံးနိမ့်စေခြင်းတို့ ပြုလုပ်နိုင်စွမ်း မရှိပေ။ လူသား၏ အသိဉာဏ်နှင့် ဉာဏ်အမြော်အမြင်တို့သည် စာတန်၏ကြံစည်မှုများကို မဖျက်ဆီးနိုင်ပေ။ ထို့ကြောင့် လူသားသည် ၎င်းနှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။

စုံလင်စေခြင်း ခံလိုသောသူအားလုံးတွင် စုံလင်စေခြင်းခံခွင့်ရှိသဖြင့် လူတိုင်း အေးအေးလူလူနေရမည်၊ နောင်တွင် သင်တို့အားလုံး ခရီးပန်းတိုင်သို့ဝင်ရောက်လိမ့်မည်။ သို့ရာတွင် သင်သည် စုံလင်စေခြင်းခံရန် လိုလားမှု မရှိသည့်အပြင် အံ့သြဖွယ်ရာနယ်ပယ်သို့ဝင်ရောက်ရန် လိုလားမှု မရှိပါက၊ သင်ကိုယ်တိုင်၏ ပြဿနာသာ ဖြစ်၏။ စုံလင်စေခြင်းခံရန် လိုလား၍ ဘုရားသခင်အပေါ် သစ္စာရှိသူအားလုံး၊ နာခံသူအားလုံးနှင့် ၎င်းတို့၏အလုပ်ကို သစ္စာရှိစွာ ဆောင်ရွက်သူအားလုံး၊ ထိုကဲ့သို့သောသူအားလုံးတို့သည် စုံလင်စေခြင်းခံရနိုင်၏။ ယနေ့ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာထမ်းဆောင်ခြင်း မရှိသူအားလုံး၊ ဘုရားသခင်အပေါ် သစ္စာမရှိသူအားလုံး၊ ဘုရားသခင်ထံ အညံ့ခံခြင်းမရှိသူအားလုံး၊ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို လက်ခံရရှိပြီးသော်လည်း လက်တွေ့ကျင့်သုံးခြင်း မရှိသူများ၊ ထိုကဲ့သို့သောသူ အားလုံးသည် စုံလင်စေခြင်းခံရနိုင်ခြင်း မရှိပေ။ ဘုရားသခင်အပေါ် သစ္စာရှိ၍ နာခံရန်လိုလားသူအားလုံးသည် အသိဉာဏ် အနည်းငယ် နည်းပါးနေသော်မှ စုံလင်စေခြင်း ခံနိုင်၏။ ဆည်းပူးရန်လိုလားသူအားလုံးသည် စုံလင်စေခြင်းခံနိုင်၏။ ဤအတွက် စိုးရိမ်စရာမလိုပေ။ ဤလမ်းကြောင်းကို သင်လိုက်လျှောက်ရန် လိုလားနေသမျှ၊ သင်သည် စုံလင်စေခြင်း ခံနိုင်၏။ ငါသည် သင်တို့အကြား မည်သူ့ကိုမျှ စွန့်ပယ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းပြုရန် မလိုလားသော်လည်း လူသားသည် အောင်မြင်ရန်မကြိုးစားပါက၊ သင်သည် သင့်ကိုယ်သင် ဖျက်ဆီးနေခြင်းသာဖြစ်၏။ သင့်ကို ဖယ်ရှားသည်မှာ ငါမဟုတ်၊ သင်ကိုယ်တိုင်ပင်ဖြစ်၏။ သင်ကိုယ်တိုင် အောင်မြင်အောင် မကြိုးစားပါက၊ သင်သည် ပျင်းရိပါက၊ သို့မဟုတ် သင်၏တာဝန်ကို မထမ်းဆောင်ပါက၊ သို့မဟုတ် သစ္စာမရှိပါက၊ သို့မဟုတ် သမ္မာတရားကို မဆည်းပူးသည့်အပြင် သင်သဘောကျသည့်အတိုင်း အမြဲပြုလုပ်ပါက၊ အဆင်အခြင်မဲ့စွာ သင်ပြုမူပြီး ကိုယ်ကိုယ်တိုင်၏ ဂုဏ်သတင်းနှင့် အလားအလာအတွက် တိုက်ခိုက်၍ ဆန့်ကျင်ဘက်လိင်နှင့် သင်၏ဆက်ဆံခြင်းများတွင် မသမာပါက၊ သင်သည် မိမိကိုယ်တိုင်၏ အပြစ်ဝန်များကို ထမ်းပိုးရမည်ဖြစ်ပြီး မည်သူ၏သနားကြင်နာမှုနှင့်မျှ သင်မထိုက်တန်ပေ။ ငါ၏ရည်ရွယ်ချက်မှာ၊ အမှု၏ဤအဆင့်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက်၊ သင်တို့အားလုံးကို စုံလင်စေရန် ဖြစ်၍၊ အနည်းဆုံးအနေဖြင့် သိမ်းပိုက်ခံရရန်ဖြစ်၏။ ဘုရားသခင်၏အလိုမှာ လူတိုင်းကို စုံလင်စေရန်၊ အဆုံးတွင် သူမှရယူရန်၊ သူမှလုံးဝသန့်စင်စေရန်နှင့် သူချစ်သောသူဖြစ်လာရန် ဖြစ်၏။ သင်တို့သည် ခေတ်နောက်ကျန်နေသည်ဟု ငါပြောသည်ဖြစ်စေ၊ အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည်ဖြစ်စေ၊ အရေးမကြီးပေ၊ ဤသည်တို့အားလုံးမှာ အမှန်ဖြစ်၏။ ငါဤသို့ပြောသည်မှာ ငါသင့်ကို စွန့်ပစ်ရန်ရည်ရွယ်သည်၊ သင်တို့အပေါ် ငါမျှော်လင့်ချက် မရှိတော့ပြီဟူသည်ကို သက်သေပြသည် မဟုတ်ပေ။ ငါသည် သင်တို့ကို ကယ်တင်လိုခြင်း မရှိဟူသည်ကို သာ၍ပင် သက်သေပြသည် မဟုတ်ပေ။ ယနေ့ ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှု ဆောင်ရွက်ရန် လာရောက်ခဲ့ပြီ။ ငါဆောင်ရွက်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူတိုင်းတွင် စုံလင်စေခြင်းခံရန်အခွင့်ရှိ၏၊ သင်သည် လိုလားမှုရှိပါက၊ သင်သည် ဆည်းပူးပါက၊ အဆုံးတွင် သင်သည် အကျိုးသက်ရောက်မှုများကို ရရှိနိုင်လိမ့်မည်ဖြစ်၍ သင်တို့တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အသိဉာဏ်ကင်းမဲ့၍ စာတတ်မြောက်ခြင်း မရှိသူဖြစ်ပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏စာတတ်မြောက်ခြင်း မရှိမှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်သူဖြစ်ပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏စာတတ်မြောက်မှုအဆင့်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်းရှိပါက သင့်အပေါ် ငါ၏လိုအပ်ချက်များသည် ဤသည်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း မရှိ၊ ထို့အပြင်၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်အချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းမှာ သင်လုပ်ဆောင်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာရှိခြင်း၊ အဆုံးတိုင်အောင်နာခံခြင်းနှင့် ဘုရားသခင်၏ထွတ်မြတ်သော ချစ်ခြင်းမေတ္တာကို ရရန်ဆောင်ရွက်ခြင်း၊ ဤသည်မှာ သင်ရရှိရမည့်အရာဖြစ်၍ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော အလေ့အကျင့်များ မရှိပေ။ အဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး ၎င်းတို့ကို ရရှိနိုင်ပါက သူသည် စုံလင်စေခြင်းခံရလိမ့်မည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် စစ်မှန်စွာ လိုက်လျှောက်ရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်၍ ၎င်းအပေါ် မတုန်မလှုပ် မနေရ။ လူတိုင်းတွင် စုံလင်စေခြင်းခံရန်အခွင့်ရှိ၍ စုံလင်စေခြင်းခံရနိုင်စွမ်းရှိကာ၊ ဤသည်မှာ အရေးကြီးကြောင်းကို ငါပြောခဲ့ပြီးဖြစ်၏။ သို့ရာတွင် သင်၏လိုက်လျှောက်မှုတွင် သင်သည် သာ၍ကောင်းမွန်ရန် မကြိုးစားပါက၊ သင်သည် ဤစံသုံးရပ်ကို မရရှိပါက၊ အဆုံးတွင် သင့်ကို ဖယ်ရှားရမည်ဖြစ်သည်။ ငါသည် လူတိုင်းကို အလျင်မီစေလိုသည်။ လူတိုင်းကို အမှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှု ရှိစေလိုကာ၊ အဆုံးတိုင်အောင် နာခံနိုင်စေလိုသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တစ်ဦးစီ ထမ်းဆောင်ရမည့်တာဝန် ဖြစ်သောကြောင့်ဖြစ်၏။ သင်တို့အားလုံး သင်တို့၏တာဝန်ကို ထမ်းဆောင်ပြီးသည့်အခါတွင် သင်တို့သည် စုံလင်စေခြင်းခံခဲ့ရပြီး ဖြစ်လိမ့်မည်။ သင်တို့တွင် ထူးကဲလှသော သက်သေခံချက်လည်း ရှိလိမ့်မည်။ သက်သေခံချက်ရှိသူ အားလုံးသည် စာတန်အပေါ်အောင်နိုင်ခဲ့သူများနှင့် ဘုရားသခင်၏ကတိကို ရရှိခဲ့သူများဖြစ်၍ ၎င်းတို့သည် အံ့သြဖွယ်ရာ ခရီးပန်းတိုင်တွင်နေထိုင်ရန် ကျန်ရှိမည့်သူများ ဖြစ်ကြ၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။