ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း (အပိုင်း နှစ်)
လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏ သြဇာ လွှမ်းမိုးမှုမှ မိမိခွန်အားဖြင့် လွတ်မြောက်အောင် ဆောင်ရွက်နိုင်သောသူ တစ်ဦးမျှမရှိ။ အားလုံးသည် အဓိပ္ပါယ် အနည်းငယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှပင် မရှိဘဲ အကျင့်ပျက်မှုနှင့် လစ်ဟာမှုတို့အထဲ ဆိုးညစ်သော ကမ္ဘာတစ်ခုတွင် နေထိုင်နေကြသည်။ အသွေးအသားအတွက်၊ တပ်မက်ခြင်းတဏှာအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သော ဘဝတွင် ရှင်သန်နေကြသည်။ သူတို့၏ တည်ရှိမှုသည် တန်ဖိုးအနည်းငယ် မျှပင် မရှိ။ လူသည် သူ့ကို စာတန်၏ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်မည့် အမှန် တရားကို ရှာဖွေနိုင်ခြင်းမရှိ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း စာတန်၏ သြဇာလွှမ်းမိုးထိန်းချုပ်မှုမှ သူ့ကိုယ်သူ မည်သို့ လွတ်မြောက်အောင် လုပ်ဆောင်ရမည်ကို သူနားမလည်။ ခေတ်အဆက်ဆက်တစ်လျှောက် လူအနည်းငယ်သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အနည်းငယ်သာ ယင်းကို ထည့်သွင်းစဉ်းစားလေသည်။ ဤအတိုင်း၊ လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ပိတ်မိနေခြင်းမှ မိမိကိုယ်ကို မည်သို့ ရုန်းထွက်ရမည်ကို မသိပေ။ ယနေ့ သင်တို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်တို့သည် ဆိုးညစ်ပြီး မနာခံကြောင်းကို ခံစားသိရှိရန် မဆိုထားနှင့် သင်တို့၏ မနာခံတတ်သော အပြုအမူများကိုပင် နောင်တမရပါ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်၏ စိတ်နှလုံးထဲတွင် အေးချမ်းခြင်းနှင့် လွန်ကဲသောငြိမ်သက်ခြင်းကို ခံစားနေသေးသည်။ သင်၏ ငြိမ်သက်ခြင်းက သင်အကျင့်ပျက်ခြင်းကြောင့် မဟုတ်လော။ ထိုစိတ်နှလုံး အေးချမ်းခြင်းသည် သင်၏ မနာခံခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် နေထိုင်ပြီး စာတန်၏ မှောင်မိုက်သော သြဇာလွှမ်းမိုးမှုထဲတွင် နေထိုင်သည်။ မြေတစ်ပြင်လုံး ဝိညာဉ်များသည် လူသားများနှင့် အတူနေထိုင်ပြီး လူ့ဇာတိပကတိအပေါ်တွင် ကျူးကျော်စွက်ဖက်နေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော ပရဒိသုဘုံတွင် နေထိုင်နေခြင်း မဟုတ်ပါ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲ၊ မြေအောက်ကမ္ဘာ တစ်ခု ဖြစ်ပေသည်။ လူသည် သန့်ရှင်းခြင်းသို့ မရောက်ပါက သူသည် ဆိုးညစ်နေမည်၊ သူ့ကို ဘုရားသခင် ကာကွယ်စောင့်ရှောက်ခြင်း မရှိပါက၊ သူသည် စာတန်၏ အကျဉ်းသား ဖြစ်မြဲဖြစ်နေမည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်သော သြဇာ လွှမ်းမိုးမှု အချုပ်ချယ်ခံအဖြစ်မှ လွတ်မြောက်ရန်အတွက် နည်းလမ်းရှိမည် မဟုတ်ပါ။ သင်ထုတ်ဖော်ပြသသော ယိုယွင်းပျက်စီးသည့် စိတ်သဘောထားနှင့် သင်ရှင်သန်သော မနာခံခြင်းအပြုအမူတို့သည် စာတန်၏ အုပ်စိုးမှု အောက်တွင် သင်ဆက်လက် နေထိုင်နေကြောင်း လုံလောက်သည့် သက်သေပင်ဖြစ်သည်။ သင့်စိတ်နှလုံးနှင့် အတွေးအကြံတို့ကို သန့်ရှင်းစေခြင်း မရှိသေးသည့်အပြင် သင်၏ စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မရှိသေးပါက သင့်အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုဖြင့် ထိန်းချုပ်ခံနေရဆဲ ဖြစ်ပြီး သင့်စိတ်နှလုံးကို စာတန်မှ ထိန်းချုပ်နေသည်၊ သင့်အတွေးအကြံများကို စာတန်မှ ကြိုးကိုင်ခြယ်လှယ်နေသည်၊ သင့်ဖြစ်တည်မှု အလုံးစုံသည် စာတန်၏ လက်ထဲတွင် ထိန်းချုပ်ခံနေရသည်။ သင်သည် ပေတရု၏ စံနှုန်းများနှင့် မည်မျှ ဝေးကွာနေသည်ကို ယခု သင်သိပါပြီလား။ သင်သည် အရည်အချင်း ရှိပါသလော။ ယနေ့တွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အကြောင်း သင်မည်မျှသိသနည်း။ ပေတရုသိလာခဲ့သော အရာများထဲမှ သင်မည်မျှလောက် သိပါသလဲ။ အကယ်၍ ယနေ့ သင်မသိနိုင်ပါက နောင်တွင် ဤအကြောင်း အရာကို သိလာနိုင်ပါမည်လော။ သင်ကဲ့သို့ ပျင်းရိပြီး သတ္တိကြောင်သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တကယ်ပင်မသိနိုင်ပါ။ သင်သည် ဇာတိပကတိ၏ အေးချမ်းခြင်းနှင့် ဇာတိ ပကတိ၏ အပျော်အပါးများနောက်သို့ လိုက်ပါက သင်သည် သန့်ရှင်းခြင်းသို့ ရောက်ရန် လမ်းမမြင်ပါ။ သင့်ရှင်သန်မှုမှာ စာတန်နှင့် ဇာတိပကတိတွင် တည်သည့်အတွက် အဆုံးတွင် သင်သည် စာတန်ထံသို့ ပြန်သွား လိမ့်မည်။ ယနေ့လက်ရှိအခြေအနေမှာ လူအများတို့သည် အသက်ကို မရှာဖွေကြ။ ဆိုလိုသည်မှာ သန့်ရှင်းခြင်း သို့ ရောက်ခြင်းအကြောင်း သို့မဟုတ် ပိုမိုလေးနက်သော ဘဝအတွေ့အကြုံထဲသို့ ဝင်ရောက်ခြင်း အကြောင်း သူတို့ ဂရုမစိုက်ကြ။ သို့ဆိုလျှင် သူတို့ကို ပြည့်စုံအောင် မည်သို့လုပ်နိုင်ပါမည်နည်း။ အသက်ကို မရှာဖွေသော သူများတွင် ပြည့်စုံစေရန် အခွင့်အရေးမရှိ၊ ဘုရားသခင်အကြောင်းကို မရှာဖွေသူများနှင့် သူတို့၏ စိတ်သဘောထား၌ ပြောင်းလဲရန် မရှာဖွေသူများသည် စာတန်၏ မှောင်မိုက်သော သြဇာလွမ်းမိုးမှုမှ လွတ်မြောက်နိုင်စွမ်းမရှိ။ ဘုရားသခင်အကြောင်း သူတို့သိခြင်းနှင့် သူတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ ပြုလုပ်ရန် သူတို့၏ ကြိုးစားအားထုတ်မှုနှင့် ပတ်သက်၍၊ သူတို့ အလေးအနက်မထားပါ။ သူတို့သည် ဘာသာရေးကို သက်ဝင်ယုံကြည်ကြရုံ၊ သူတို့၏ ဝတ်ပြုရာတွင် အခမ်းအနားများသို့ လိုက်တက်ကြရုံသာ ပြုသောသူများကဲ့သို့ ပင်ဖြစ်သည်။ ယင်းသည် အချိန်ဖြုန်းခြင်း မဟုတ်လော။ ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်း တွင် လူသည် အသက်၏ အခြင်းအရာကို အလေးအနက်မထားလျှင်၊ သမ္မာတရားထဲသို့ ဝင်ရောက်ရန် မကြိုးစား လျှင်၊ သူ၏ စိတ်သဘောထား၌ ပြုပြင်ပြောင်းလဲရန် မကြိုးစားလျှင် ဘုရားသခင်၏ အမှုအကြောင်း လုံးဝ မသိနိုင်ဘဲ သူ့ကို ပြည့်စုံအောင် မလုပ်နိုင်ပါ။ သင့်ကို ပြည့်စုံအောင် လုပ်စေလိုလျှင် သင်သည် ဘုရားသခင့် အမှု၏ ရည်ရွယ်ချက်ကို သင်နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ ရည်ရွယ်ချက်နှင့် လူတို့ကို အဘယ်ကြောင့် ထိုသို့လုပ်ဆောင်သည်ကို သင်နားလည်ရမည်။ သင်လက်ခံနိုင်ပါသလော။ ထိုသို့သော ပြစ်တင်ဆုံးမနေသည့် အတောအတွင်း ပေတရုကဲ့သို့သော တူညီသည့် အတွေ့အကြုံနှင့် အသိပညာတို့ ရနိုင်ပါမည်လော။ အကယ်၍ သင်သည် ဘုရားသခင်အကြောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် အလုပ်အကြောင်းကို လေ့လာပြီး သင့်စိတ်သဘောထား၌ ပြောင်းလဲဖို့ ကြိုးစားလျှင် သင်သည် ပြည့်စုံခြင်းသို့ရောက်ရန် အခွင့်အလမ်း ရှိသည်။
ပြည့်စုံခြင်းသို့ ရောက်မည့်သူများအတွက် သိမ်းပိုက် ခံရသော ဤအလုပ်အဆင့်သည် မရှိမဖြစ်ပင် ဖြစ်သည်။ သူသည် သိမ်းပိုက်ခံရပြီးမှသာ ပြည့်စုံစေခြင်း အလုပ်အကြောင်းကို တွေ့ကြုံနိုင်မည်။ သိမ်းပိုက်ခံရရန်အတွက်သာ လုပ်ဆောင်ခြင်းမှာ တန်ဖိုးမကြီးမားလှပါ၊ သင့်အား ဘုရားသခင် အသုံးပြုရန်အတွက် တိကျကိုက်ညီလိမ့်မည်လည်း မဟုတ်ပါ။ ဧဝံဂေလိတရား ပျံ့နှံ့သောအချိန်တွင် သင်ပါဝင် လုပ်ဆောင်နိုင်ရန် လမ်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် သင်သည် အသက်ကို မရှာဖွေ၊ သင်ကိုယ်တိုင် အပြောင်းအလဲဖြစ်ခြင်း၊ အသစ်ပြုပြင်ခြင်းကို မရှာဖွေသည့်အပြင် စစ်မှန်သော အသက်တာအတွေ့အကြုံ သင်၌ မရှိသည့်အတွက် ကြောင့်ပင်ဖြစ်သည်။ တစ်ချိန်က သင်သည် ဤလုပ်ငန်းအဆင့်ဆင့်တွင် အစေခံသူအဖြစ်နှင့် အဖြည့်ခံအဖြစ် လုပ်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် ပေတရုကဲ့သို့ ဖြစ်အောင် မလုပ်ဆောင်ခဲ့လျှင်၊ သင်၏ ကြိုးပမ်းအားထုတ်မှုသည် ပေတရုအား ပြီးပြည့်စုံလင်စေသည့် လမ်းကြောင်းနှင့်အညီ မဟုတ်လျှင်၊ အလို အလျောက်ပင် သင့်စိတ်သဘောထား ပြောင်းလဲမှုကို သင်တွေ့ကြုံရမည်မဟုတ်ပါ။ အကယ်၍ သင်သည် ပြည့်စုံခြင်းသို့ ရောက်ရန် ရှာမှီးသူတစ်ဦး ဖြစ်ပါက ယခုလိုသင် ပြောဆိုကာ သက်သေခံလိမ့်မည်။ “ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်ဆင့်တွင် ဘုရားသခင်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုများကို ကျွန်ုပ်လက်ခံခဲ့ပြီးပါပြီ။ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း ဘုရားသခင်သည် လူသားအား ပြည့်စုံခြင်းသို့ရောက်အောင် မည်သို့ပြုလုပ်ပေးကြောင်းကို ကျွန်ုပ် သိလာရပါသည်၊ ဘုရားသခင်လုပ်ဆောင်သော အလုပ်ကို ကျွန်ုပ်ရရှိခဲ့သည်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း အကြောင်းကို ကျွန်ုပ်သိခဲ့ရပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့ပါသည်။ ဘုရားသခင် ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ကြွရောက်လာခဲ့ပြီး ကျွန်ုပ်ထံသို့ ကောင်းချီး မင်္ဂလာများနှင့် ကျေးဇူးတော်များ သယ်ဆောင်ခဲ့ပေးပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း သည် ကျွန်ုပ်အား အကာအကွယ်ပေးခဲ့ပြီး စင်ကြယ်စေခဲ့ပါသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပါက၊ ဘုရားသခင်၏ ကြမ်းတမ်းသောစကားများ ကျွန်ုပ်အပေါ်သို့မရောက်လာခဲ့ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိလာနိုင်ခဲ့မည် မဟုတ်ပါ သို့တည်းမဟုတ် ကျွန်ုပ်သည် ကယ်တင်ခြင်းကို ခံရမည်မဟုတ်။ ယနေ့ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် ကျွန်ုပ်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သော အရာများ အားလုံး၌သာ ပျော်မွေ့ရမည်မဟုတ်ဘဲ ပို၍ပင် အရေးကြီးသည်မှာ လူသတ္တဝါအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် တရားစီရင်ခြင်းတို့ ၌လည်း မွေ့လျော်ရန်ပင်ဖြစ်ကြောင်း ကျွန်ုပ်သဘောပေါက်မိပါသည်၊ အကြောင်းမှာ ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ဖွယ်ရာ အဖိုးထိုက်တန်လှသောကြောင့် ဖြစ်ပါသည်။ စာတန်၏ဖျက်ဆီးခြင်းခံရသော ဖန်ဆင်းခြင်းခံသတ္တဝါတစ်ဦးအနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အပြင် ကြီးစွာသောမေတ္တာလည်း ပါပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို အပြည့်အဝရရှိရန် မတတ်စွမ်းနိုင်သော်လည်း ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်းရှိသောကြောင့် ဤနေရာတွင် ကောင်းချီး မင်္ဂလာများကို ကျွန်ုပ်ခံစားရပါသည်။” ယင်းသည် ပြည့်စုံစေခြင်းသို့ ရောက်သူများ လျှောက်လှမ်းခဲ့သော လမ်းဖြစ်ပြီး သူတို့ပြောသော အသိပညာ ဖြစ်ပါသည်။ ထိုသို့သောသူများမှာ ပေတရုနှင့်တူပြီး ပေတရုတွေ့ကြုံခဲ့ရသလို သူတို့လည်း တွေ့ကြုံခဲ့ရသည်။ ထိုသို့သောသူများမှာ အသက်ကို ရရှိပြီးသူများနှင့် အမှန်တရားကို ပိုင်ဆိုင်ထားသူများလည်း ဖြစ်သည်။ လူသည် နောက်ဆုံးအချိန်ထိ တွေ့ကြုံ သွားပါက ဘုရားသခင်၏ တရားစီရင်ခြင်းကာလတွင် သူသည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ မလွဲဧကန် လုံးလုံး လျားလျား ရုန်းထွက် လွတ်မြောက်နိုင်မည်ဖြစ်ပြီး ဘုရားသခင် ရယူခြင်းကို ခံရမည်။
သူတို့သည် သိမ်းပိုက်ခံရပြီးသည့်နောက် လူတို့တွင် မည်သည့် ထူးထူးကဲကဲ သက်သေခံချက်မျှ မရှိပါပေ။ သူတို့သည် စာတန်အား အရှက်ရစေရုံသာဖြစ်ပြီး ဘုရားသခင်၏ စကားများအတိုင်း လက်တွေ့နေထိုင်ခြင်း မရှိ။ သင်သည် ဒုတိယအကြိမ် ကယ်တင်ခြင်းကို မရသေးပါ၊ သင်သည် အပြစ်ဖြေရာယဇ်ကို ရရုံသာဖြစ်ပြီး သင်သည် ပြည့်စုံစေခြင်းသို့ မရောက်သေး- မဟာဆုံးရှုံးမှုပါပေ။ သင်တို့သည် ဝင်ရောက်ရမည့်အရာနှင့် နေထိုင်ရမည့်အရာတို့ကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး ယင်းသို့ သင်တို့ ဝင်ရောက်ရမည်။ အဆုံးတွင် သင်သည် ပြည့်စုံစေခြင်းသို့ မရောက်ပါက သင်သည် စစ်မှန်သောလူသား ဖြစ်မည်မဟုတ်ဘဲ နောင်တတရား များဖြင့် ပြည့်နှက်နေပေလိမ့်မည်။ အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့် ဧဝတို့သည် သန့်ရှင်းသူများ ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ ဧဒင်ဥယျာဉ်အတွင်း၌ သူတို့နေထိုင်ခဲ့စဉ်တွင် သူတို့သည် သန့်ရှင်းသူများ ဖြစ်ခဲ့ပြီး ညစ်ညမ်းမှုများ ကင်းစင်ခဲ့သည်။ သူတို့သည် ယေဟောဝါကိုလည်း သစ္စာရှိခဲ့ကြပြီး ယေဟောဝါအား သစ္စာ ဖောက်ရန် လုံးလုံးမသိခဲ့ကြပေ။ ယင်းမှာ သူတို့သည် စာတန်၏ သြဇာလွှမ်းမိုးမှု အနှောင့်အယှက် မရှိ၊ စာတန်၏ အဆိပ် မရှိခဲ့ဘဲ လူသားမျိုးနွယ် အားလုံးတွင် အသန့်ရှင်းဆုံးသူများ ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် ဧဒင်ဥယျာဉ်ထဲတွင် မည်သည့် ညစ်ညမ်းမှုမျှမရှိ၊ ဇာတိပကတိ စရိုက်လက္ခဏာမရှိဘဲ ယေဟောဝါအား ရိုသေ လေးမြတ်ခြင်းဖြင့် နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် စာတန်၏ သွေးဆောင်မှုကို ခံရသည့်အခါ သူတို့သည် မြွေဆိပ်မိခဲ့ရပြီး ယေဟောဝါအား သစ္စာဖောက်လိုခဲ့ကြသည့်ပြင် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် နေထိုင်ခဲ့ကြသည်။ အစအဦး၌ သူတို့သည် သန့်ရှင်းပြီး ယေဟောဝါအား ရိုသေလေးမြတ်ခဲ့သည်၊ လူသားတို့ သည် ဤအတိုင်းသာ ဖြစ်ရမည်။ နောက်ပိုင်း၌ စာတန်၏ သွေးဆောင်မှုကို ခံရပြီးနောက် သူတို့သည် ကောင်း မကောင်းကို သိကျွမ်းရာအပင်မှ အသီးကို စားခဲ့ကြပြီး စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် နေခဲ့ကြသည်။ သူတို့သည် တဖြည်းဖြည်း စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး မူလလူသားသဏ္ဌာန် ပျောက်ဆုံးခဲ့လေသည်။ အစအဦး၌ လူတွင် ယေဟောဝါ၏ ဇီဝအသက် ရှိခဲ့ပြီး သူတို့တွင် မနာခံခြင်း တစိုးတစိမျှ မရှိခဲ့၊ သူ၏ စိတ်နှလုံးထဲတွင် မကောင်းမှု အလျှင်းမရှိခဲ့။ ထိုအချိန်တွင် လူသည် စစ်မှန်သောလူ ဖြစ်ခဲ့၏။ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက် လူသည် သားရဲ ဖြစ်လာခဲ့သည်- သူ့အတွေးတို့သည် ကောင်းခြင်း သို့မဟုတ် သန့်ရှင်းခြင်း မရှိဘဲ မကောင်းမှု အညစ်အကြေးတို့ဖြင့် ပြည့်နှက်နေသည်။ ယင်းသည် စာတန် မဟုတ်လော။ သင်သည် ဘုရားသခင်၏ အမှုတော်များစွာကို တွေ့ကြုံခဲ့ပြီးသော်လည်း ပြောင်းလဲခြင်းမရှိ၊ သန့်ရှင်းခြင်း မရှိသေး။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ဆက်လက်နေထိုင်နေသေးပြီး ဘုရားသခင်ထံသို့ မအပ်နှံသေး။ ယင်းသည် သိမ်းပိုက်ခြင်းကို ခံရပြီးသော်လည်း ပြည့်စုံစေခြင်း မရောက်သေးသည့် တစ်စုံတစ်ဦး ဖြစ်သည်။ ယင်းကဲ့သို့သောသူကို အဘယ်ကြောင့် ပြည့်စုံစေခြင်းသို့ မရောက်သေးဟု ဆိုရသနည်း။ အကြောင်းမှာ ဤလူသည် အသက်တာ သို့မဟုတ် ဘုရားသခင်၏ အမှုအကြောင်းကို မလေ့လာဘဲ လောကီ အပျော်အပါးများနှင့် တဒင်္ဂနှစ်သိမ့်မှုတို့ကိုသာ အငမ်းမရ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ အကျိုးရလဒ်အနေဖြင့် သူတို့၏အသက်စိတ်သဘောထားမှာ ပြောင်းလဲခြင်းအလျှင်းမရှိဘဲ ဘုရားသခင် ဖန်ဆင်းထားခဲ့သည့် အတိုင်း လူ၏ မူရင်းအသွင်သဏ္ဌာန်ကို ပြန်လည်မရရှိပေ။ ထိုသို့သောလူများသည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ပြီး ဝိညာဉ်မရှိသော အသေကောင်များသာ ဖြစ်ပေသည်။ ဝိညာဉ်ရေးရာအကြောင်းကို လေ့လာလိုက်စားခြင်း မရှိသူများ၊ မြင့်မြတ်သန့်ရှင်းမှုကို ရှာမှီးခြင်း မရှိသူများအပြင် သမ္မာတရားနှင့်အညီ နေထိုင်ရန် ကြိုးစားအားထုတ်ခြင်း မရှိသူများ၊ အပျက်သဘောဖြင့် သိမ်းပိုက်ခြင်းကိုသာ ခံရရန် ရောင့်ရဲနေသူ များနှင့်၊ သမ္မာတရားနှင့်အညီ မနေထိုင်နိုင်၊ မဖော်ပြနိုင်ကာ သန့်ရှင်းသူတစ်ဦး ဖြစ်မလာနိုင်သူများ- ထိုသူတို့သည် ကယ်တင်ခြင်း မခံရသေးသောသူများ ဖြစ်လေသည်။ အကြောင်းမှာ သမ္မာတရားမရှိဘဲ လူသည် ဘုရားသခင်၏ စမ်းသပ်မှုကာလအတွင်း ကြံ့ကြံ့မခံနိုင်ပေ။ ဘုရားသခင်၏ စမ်းသပ်မှုကာလအတွင်း ကြံ့ကြံ့ခိုင်နိုင်သောသူများသာ ကယ်တင်ခြင်း ခံရပြီးသော သူများဖြစ်သည်။ ငါလိုချင်သည်မှာ ပေတရုကဲ့သို့ ပြည့်စုံစေခြင်းကို လိုက်ရှာသူများဖြစ်၏။ ယနေ့ သမ္မာတရားကို အလိုဆန္ဒရှိပြီး လိုက်ရှာသူများအား ထိုအမှန်တရားကို ပေးသည်။ ဘုရားသခင် ကယ်တင်ခြင်းကို အလိုရှိသောသူများအား ဤကယ်တင်ခြင်းကို ပေးအပ်သည်။ ကယ်တင်ခြင်းကို သင်တို့ရရှိသည်ဟုသာ ဆိုလိုသည်မဟုတ်၊ ယင်းကြောင့် သင့်အား ဘုရားသခင် ပိုင်ဆိုင်သွားသည်ဟုလည်း ဆိုလိုသည်။ ဘရားသခင် သင့်အား ပိုင်ဆိုင်နိုင်ရန်အလို့ငှာ သင်သည် ဘုရားသခင် အား ပိုင်ဆိုင်ရသည်။ ယနေ့ သင်တို့အား ဤစကားများကို ငါပြော၏။ သင်တို့လည်းကြား၏။ သင်တို့သည် ဤစကားများကို ကျင့်ကြံသင့်သည်။ အဆုံးတွင် ဤစကားများကို ကျင့်ကြံသည့်အချိန်သည် ဤစကားများ အားဖြင့် သင်တို့အား ငါရယူချိန်ဖြစ်မည်။ တစ်ချိန်တည်းတွင် သင်တို့သည် ဤစကားများကို ရရှိမည်၊ ဆိုလိုသည်မှာ ဤအမြင့်ဆုံးသော ကယ်တင်ခြင်းကို သင်ရရှိမည်။ သင်တို့သည် သန့်ရှင်းခြင်းသို့ ရောက်သည်နှင့် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာပေမည်။ အကယ်၍ သင်သည် သမ္မာတရားအတိုင်း အသက်ရှင် နေထိုင်နိုင်စွမ်း မရှိပါက သို့မဟုတ် ပြည့်စုံခြင်းသို့ ရောက်ရှိပြီးသော သူတစ်ဦးလို နေထိုင်နိုင်ခြင်း မရှိပါက သင်သည် လူသားတစ်ဦးမဟုတ်ဟု ဆိုနိုင်ပေသည်။ သင်သည် လမ်းလျှောက်နေသော အလောင်းကောင်တစ်ဦး၊ သားရဲတစ်ကောင်ပင် ဖြစ်ပေသည်။ အကြောင်းမှာ သင်သည် သမ္မာတရားမရှိ၊ ယေဟောဝါ၏ ဇီဝအသက် မရှိဟု ဆိုရမည်ဖြစ်ပြီး ယင်းကြောင့် သင်သည် ဝိညာဉ်မရှိသော လူသေတစ်ဦးပင် ဖြစ်လေသည်။ သိမ်းပိုက်ခံရပြီး နောက် သက်သေခံရန် ဖြစ်နိုင်သော်လည်း သင်ရသည်မှာ ကယ်တင်ခြင်း အနည်းငယ်သာဖြစ်ပြီး ဝိညာဉ်နှင့် အသက်ရှင်သောကိုယ် သင်ဖြစ်မလာသေးပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်တွေ့ကြုံခဲ့ရပြီး ဖြစ်သော်လည်း ရလဒ်အနေဖြင့် သင့်စိတ်သဘောထားမှာ အသစ်ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း မရှိ၊ သင်သည် ယခင်ကအတိုင်း ရှိနေသေးသည်၊ သင့်ကို စာတန်က ပိုင်ဆိုင်နေသေးပြီး သင်သည် သန့်ရှင်းခြင်းသို့ ရောက်သူ မဟုတ်ပါ။ ပြည့်စုံစေခြင်းသို့ ရောက်ပြီးသူများသာ အဖိုးတန်ပြီး ထိုသို့သောသူများသည်သာ စစ်မှန်သော အသက်တာကို ရကြသည်။ တစ်နေ့တွင် တစ်စုံတစ်ဦးက သင့်ကို ပြောလိမ့်မည်။ “သင်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့ရပြီး ထိုအမှုတော်မှာ မည်သို့မည်ပုံဖြစ်ကြောင်းကို သင်အနည်းငယ် ပြောသည်။ ဒါဝိဒ်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့ရပြီး ယေဟောဝါ၏ ဆောင်ရွက်ချက်များကို ရှုမြင်ခဲ့ရသည်၊ မောရှေသည်လည်း ယေဟောဝါ၏ ဆောင်ရွက်ချက်များကို ရှုမြင်ခဲ့ရသည်၊ ထိုသူနှစ်ယောက်တို့ သည် ယေဟောဝါ၏ ဆောင်ရွက်ချက်များကို ရှင်းပြပြောဆိုနိုင်ခဲ့ကြပြီး ယေဟောဝါ၏ အံ့သြဖွယ်များကိုလည်း ပြောပြနိုင်ခဲ့ကြသည်။ သင်တို့သည် လူ့ဇာတိအဖြစ်ကို ခံယူသော ဘုရားသခင်၏ အမှုတော်တို့ကို ရှုမြင်ခဲ့ကြ ပြီးပြီ၊ ဘုရားသခင်၏ ဉာဏ်ပညာအကြောင်းကို သင်ပြောနိုင်ပြီလော။ ဘုရားသခင့် အမှုတော်၏ အံသြဖွယ်များ အကြောင်း သင်ပြောပြနိုင်သလော။ ဘုရားသခင်က သင်တို့အား အဘယ်အရာကို တောင်းဆိုပြီး ယင်းတို့ကို သင်တို့ မည်သို့ တွေ့ကြုံခဲ့ရပါသလဲ။ နောက်ဆုံးသောကာလ ဘုရားသခင့်အမှုတော်ကို သင်တို့ကြုံတွေ့ခဲ့ပြီးပြီ၊ သင်တို့၏ အကြီးမားဆုံး ရူပါရုံက အဘယ်အရာနည်း။ ထိုအကြောင်းကို သင်တို့ပြောပြနိုင်သလော။ ဘုရားသခင် ၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့ပြောပြနိုင်သလော။” ထိုသို့သော မေးခွန်းများကို သင်ရင်ဆိုင် ရပါက သင်မည်သို့ ပြန်ဖြေမည်နည်း။ သင်သည် “ဘုရားသခင်သည် အလွန် ဖြောင့်မတ်၏။ ကျွန်ုပ်တို့အား ပြစ်တင်ဆုံးမပြီး တရားစီရင်သည်၊ ထို့အပြင် ကျွန်ုပ်တို့အား မညှာမတာ ထုတ်ဖော်ပြသ၏။ ဘုရားသခင်၏ စိတ်သဘောထားက လူတို့၏ ပြစ်မှုများကို အမှန်တကယ် လက်မခံပါ။ ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ပြီးနောက် ကျွန်ုပ်တို့၏ ဆိုးဝါးယုတ်မာမှုကို ကျွန်ုပ်သိလာခဲ့ရပြီး ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ် အမှန်တကယ်ရှုမြင်ခဲ့ပါပြီ” ဟု ပြန်ပြောနိုင်လျှင် အခြားသူ တစ်ဦးက သင့်အား “ဘုရားသခင်အကြောင်း တခြားဘာသိပါသေးသလဲ။ လူတစ်ဦးသည် အသက်လမ်းသို့ မည်သို့ ဝင်ရောက်ပါသလဲ။ သင့်မှာ ကိုယ်ပိုင်ရည်မှန်းချက်များ ရှိပါသလား” ဟု ဆက်လက် မေးမြန်းပါက “စာတန်၏ ဖျက်ဆီးခံရပြီးနောက် ဘုရားသခင် ဖန်ဆင်းထားသောလူများသည် သားရဲများ ဖြစ်လာခဲ့ပြီး မြည်း သတ္တဝါများနှင့် မထူးခြားတော့ပါ။ ယနေ့ ကျွန်ုပ်သည် ဘုရားသခင်၏ လက်တော်ထဲတွင် အသက်ရှင်နေထိုင် နေသည့်အတွက် ဖန်ဆင်းရှင်၏ အလိုတော်ကို ဖြည့်ဆည်းရမည်ဖြစ်ပြီး ဘုရားသခင် သွန်သင်သမျှကို လိုက်နာ ရပါမည်။ ကျွန်ုပ်တွင် အခြားရွေးချယ်စရာ မရှိပါ” ဟု သင်ဖြေလိမ့်မည်။ ထိုသို့ ယေဘုယျဆန်သည့် စကားများကိုသာ သင်ပြောနေပါက ထိုသူသည် သင်ပြောနေသည့် အရာကို နားလည်လိမ့်မည် မဟုတ်ပါ။ ဘုရားသခင်၏ အမှုတော်အကြောင်း သင်သိသည့်အရာများကို သူတို့မေးသည့်အခါ သူတို့သည် သင်၏ ကိုယ်တွေ့များကို ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိသည့်အရာများကို သူတို့ မေးမြန်းခြင်းဖြစ်ပြီး သင်တွေ့ကြုံပြီးနောက် သင့်ကိုယ်တွေ့ အခြင်းအရာများကို ရည်ညွှန်းနေခြင်းဖြစ်ပြီး သမ္မာတရားအကြောင်းကို ပြောပြရန် သင့်အား မေးမြန်းခြင်းဖြစ်သည်။ ထိုအကြောင်း အရာများကို သင်ပြောနိုင်ခြင်း မရှိပါက ယနေ့အမှုတော်အကြောင်းကို သင်မသိကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပေ၏။ မရေရာသော စကားများ၊ သို့မဟုတ် လူတိုင်းသိသော အရာများကိုသာ သင်အမြဲပြောဆိုနေသည်၊ သင့်တွင် ကိုယ်တွေ့အကြောင်းအရာ တိတိကျကျ မရှိရုံသာမက သင့်အသိတွင် အနှစ်သာရမရှိ၊ သင့်တွင် မှန်ကန်သော သက်သေခံချက်များမရှိ၊ သို့အတွက်ကြောင့် တခြားသူများက သင့်အား လက်ခံယုံကြည်မည် မဟုတ်။ ဘုရားသခင်၏ မတုန်မလှုပ်နောက်လိုက် မဖြစ်ပါစေနှင့်၊ ထူးဆန်းသည့် အရာများနောက် မလိုက်နှင့်။ အအေးမဟုတ်၊ အပူမဟုတ် နေခြင်းအားဖြင့် သင့်ကိုယ်သင် ဆုံးရှုံးပြီး သင့်အသက်တာ နှောင့်နှေးပေလိမ့်မည်။ ထိုသို့ မတုန်မလှုပ်ဖြစ်ခြင်းနှင့် တက်ကြွမှုမရှိခြင်းတို့ကို သင့်ထံမှ ဖယ်ရှားပစ်ရမည်။ အပြုသဘောဆောင်သော အရာများ၌ ကျွမ်းကျင်လာအောင်ပြုပြီး သင့်အားနည်းချက်များကို ကျော်လွှားရမည်။ သို့နှင့် သင်သည် သမ္မာတရားကို ပိုင်ဆိုင်ပြီး သမ္မာတရားနှင့်အညီ နေထိုင်နိုင်ပေမည်။ သင့်အားနည်းချက်များအကြောင်း စိုးရိမ်စရာမရှိပါ။ သင့်ချို့ယွင်းချက်များသည်လည်း သင့်အတွက် အကြီးမားဆုံးပြဿနာ မဟုတ်ပါ။ သင်၏ အကြီးမားဆုံး ပြဿနာနှင့် အကြီးကျယ်ဆုံး ချို့ယွင်းချက်မှာ သင်၏ မပူမအေး ဖြစ်နေခြင်းနှင့် သမ္မာတရားကို ရှာဖွေလိုစိတ် မရှိခြင်းပေတည်း။ သင်တို့၌ရှိသမျှ၏ အကြီးဆုံးပြဿနာမှာ အရှိအတိုင်း ပျော်မွေ့နေသော သတ္တိကြောင်သည့် စိတ်နေစိတ်ထားနှင့် မတုန်မလှုပ် စောင့်စားနေခြင်းပင် ဖြစ်သည်။ ဤသည်မှာ သင်တို့ သမ္မာတရားနောက်သို့ လိုက်ရာတွင် သင်တို့အတွက် အကြီးမားဆုံး အဟန့်အတားနှင့် အကြီးမားဆုံး ရန်သူပင် ဖြစ်သည်။ ငါပြောသောစကားများက အလွန်နက်နဲသိမ်မွေ့သောကြောင့်သာ သင်နာခံခြင်း ဖြစ်ပါက သင်သည် အသိပညာကို အမှန်တကယ် ပိုင်ဆိုင်ခြင်း မရှိသလို သမ္မာတရားကို တန်ဖိုးထားခြင်းလည်း မရှိ။ သင်၏ နာခံခြင်းမျိုးကို သက်သေခံချက်အဖြစ် မသတ်မှတ်ပါ။ ထိုသို့သော နာခံမှုကို ငါအတည်မပြု။ တစ်စုံ တစ်ယောက်က သင့်အား “ဘုရားသခင်က အဘယ်နေရာမှ လာခဲ့နည်းဆိုသည်အား အတိအကျ ပြောပြပါ။ သင်၏ ဤဘုရားသခင်၏ အနှစ်သာရဆိုသည်မှာ အဘယ်နည်း” ဟု မေးနိုင်သည်။ သင်က “ဘုရားသခင်၏ အနှစ်သာရမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သည်” ဟု ပြန်ဖြေလိမ့်မည်။ “ဘုရားသခင်က လူသားတွေကို ကရုဏာမထားဘူးလား၊ မချစ်ဘူးလား။ ဤသည်ကို သင်သိပါသလား။” “ယင်းမှာ အခြားသူများ၏ ဘုရားသခင်ဖြစ်သည်။ ဘာသာတရားကို လိုက်စားသောသူများ ယုံကြည်သည့် ဘုရားသခင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘုရားသခင် မဟုတ်ပါ” ဟု သင်ပြောလိမ့်မည်။ သင့်လိုလူများသည် ဧဝံဂေလိတရားကို ဖြန့်ဝေ သောအခါ မှန်သောလမ်းကို လိုရာဆွဲ၍ မမှန်မကန် ပြောဆိုကြပေသည်။ သို့ဆိုလျှင် သင်အသုံးကျသည်မှာ ဘာရှိမည်နည်း။ မှန်သောလမ်းကို သင့်ထံမှ အခြားသူများ အဘယ်သို့ ရနိုင်မည်နည်း။ သင့်တွင် သမ္မာတရားမရှိ၊ သမ္မာတရားအကြောင်း သင်ဘာမျှ မပြောနိုင်သည့်အပြင် သမ္မာတရားအတိုင်း သင်မနေထိုင်နိုင်။ ဘုရားသခင် ရှေ့တွင် သင်နေရန် မည်သည့်အရည်အချင်းများ သင့်မှာ ရှိပါသနည်း။ ဧဝံဂေလိတရားကို အခြားသူများထံ သင်ဖြန့်ဝေသောအခါ သမ္မာတရားအကြောင်း သင်ပြောသောအခါ၊ ဘုရားသခင်အကြောင်း သင်သက်သေခံ သောအခါ၊ သူတို့ကို သင်မစည်းရုံးနိုင်ပါက သင့်စကားကို သူတို့ ငြင်းဆိုလိမ့်မည်။ သင်သည် အသုံးမဝင်သူ တစ်ဦး မဟုတ်လော။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ များစွာသင်တွေ့ကြုံပြီး ဖြစ်သော်လည်း သမ္မာတရားအကြောင်း သင်ပြောသောအခါ အဓိပ္ပါယ်မရှိပေ။ သင်သည် မည်သည့်နေရာတွင်မျှ အသုံးမကျသူ တစ်ဦး မဟုတ်လော။ သင်အသုံးကျတာ ဘာရှိမည်နည်း။ သင်တို့တွင် ဘုရားသခင်၏ အမှုကို များစွာ ကြုံတွေ့ပြီး ဖြစ်သော်လည်း ဘုရားသခင်အကြောင်း အနည်းငယ်မျှပင် မသိသလော။ သူတို့က ဘုရားသခင် အကြောင်း သင်အမှန်တကယ် သိသည့်အရာများကို မေးသောအခါ သင်သည် စကားစရှာမရ၊ သို့မဟုတ် မသက်ဆိုင်သည့်အရာများ ပြန်ပြောလေ၏- ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်တော်မူကြောင်း၊ သင်ရရှိ ထားသော ကြီးမားသည့် ကောင်းချီးမင်္ဂလာများသည် ဘုရားသခင်၏ချီးမြှောက်ခြင်း အမှန်စင်စစ်ဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ကိုယ်တွေ့ရှုမြင်နိုင်သည်ထက် ပိုကြီးမားသော အခွင့်ထူး မရှိကြောင်း ပြောလေသည်။ ဤသို့ ပြောဆိုရာတွင် မည်သည့်တန်ဖိုးများ ရှိလေသနည်း။ ယင်းတို့သည် အသုံးမဝင်၊ အနှစ်သာရမဲ့သော စကားများ ဖြစ်၏။ ဘုရားသခင်၏အလုပ်ကို များစွာတွေ့ကြုံခြင်းအားဖြင့် ဘုရားသခင်၏ ချီးမြှောက်ခြင်းသည် သမ္မာတရားဖြစ်ကြောင်းသာ သင်သိပါသလော။ သင်သည် ဘုရားသခင်၏အမှုကို သိရမည်ဖြစ်ကာ သို့မှသာ ဘုရားသခင် အတွက် စစ်မှန်သော သက်သေခံချက်ကို သင်တို့ ကြားပြောနိုင်မည်။ သမ္မာတရားကို မရရှိသေးသောသူသည် ဘုရားသခင်အတွက် မည်သို့ သက်သေခံနိုင်မည်နည်း။
အလုပ်များစွာနှင့် စကားပေါင်းများစွာသည် သင့်အပေါ်သို့ မသက်ရောက်လျှင် ဘုရားသခင်၏ အလုပ်ကို ဖြန့်ဝေရန် အချိန်ကျသောအခါ သင့်တာဝန်ကို သင်ကျေနိုင်မည်မဟုတ်ဘဲ သင်အရှက်ရပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်အကြောင်း သင်သိသမျှသည် အပေါ်ယံမျှသာဖြစ်ပြီး ဘုရားသခင်ထံ အကြွေးများစွာ တင်နေပြီဖြစ်ကြောင်း သင်ခံစားရလိမ့်မည်။ ဘုရားသခင် အလုပ်လုပ်နေစဉ် ယနေ့ ဘုရားသခင်အကြောင်း သင်မရှာမှီးလျှင် နောက်ပိုင်းတွင် အလွန်နောက်ကျသွားပေလိမ့်မည်။ အဆုံးတွင် သင်၌ပြောစရာ ဘာမျှမရှိ- သင့်တွင် ဘာမျှမရှိ၊ ဗလာနတ္ထိသာ ကျန်ပေလိမ့်မည်။ သို့ဆိုလျှင် ဘုရားသခင် အကြောင်းပြောပြရန် သင်ဘာကိုအသုံးပြုမည်နည်း။ ဘုရားသခင်ကို ကြည့်ရှုရန် သင့်ထံတွင် နာကြည်းမှု ရှိနေပါသလား။ ယခုပင်လျှင် သင်ရှာမှီးရန် အပြင်းအထန် ကြိုးစားသင့်သည်။ သို့ဖြင့် အဆုံးတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့အတွက် မည်မျှလောက် အကျိုးကျေးဇူးရှိသည်ကို ပေတရုကဲ့သို့ သင်သိလာလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမပါဘဲ လူသည် ကယ်တင်ခြင်းကို မရနိုင်ဘဲ ဆိုးညစ်သောမြေထဲ၊ နွံထဲသို့ နစ်သည်ထက်သာ နစ်နိုင်ပေသည်။ လူတို့အား စာတန်က ဖျက်ဆီးခဲ့ပြီး အချင်းချင်းဆန့်ကျင်ကြံစည်လျက်၊ အချင်းချင်းအပေါ် ဗိုလ်ကျခြယ်လှယ်ကာ၊ ဘုရားသခင် အား မကြောက်ရွံ့တော့ဘဲ သူတို့၏ မနာခံမှုသည် ပိုမိုကြီးထွားလာသည်။ သူတို့၏ စိတ်ကူးအကြံများမှာ အလွန်များပြားပြီး အားလုံးမှာ စာတန်နှင့် သက်ဆိုင်လေသည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရား စီရင်ခြင်း မရှိပါက လူ၏ ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်နိုင်ခြင်း မရှိဘဲ သူသည် ကယ်တင်ခြင်းကို ရနိုင်မည်မဟုတ်။ လူ့ဇာတိအဖြစ်ကို ခံယူထားသော ဘုရားသခင်၏ လူ့ဇာတိအလုပ်အားဖြင့် ဖော်ပြသည်မှာ အတိအကျဆိုရလျှင် ဝိညာဉ်တော်က ဖော်ပြသည့်အရာ ဖြစ်ပြီး ဘုရားသခင် လုပ်သည့်အလုပ်မှာ ဝိညာဉ်တော် အားဖြင့် လုပ်သောအလုပ်အတိုင်းသာ ဖြစ်လေသည်။ ယနေ့တွင်၊ ဤအလုပ်အကြောင်း သင်ဘာမျှ မသိပါက သင်သည် အလွန်မိုက်မဲလှပြီး ဆုံးရှုံးမှုများလှသည်။ အကယ်၍ သင်သည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို မရသေးပါက သင့်ယုံကြည်မှုသည် ဘာသာရေး ယုံကြည်မှုဖြစ်ပြီး သင်သည် ဘာသာရေး ခရစ်ယာန်တစ်ဦး ဖြစ်ပေသည်။ အကြောင်းမှာ သင်သည် မသုံးတော့သော အယူဝါဒကို စွဲကိုင်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို သင်ဆုံးရှုံးခဲ့သည်။ ဘုရားသခင်၏ မေတ္တာနောက်သို့ လိုက်သော အခြားသူများ သည် သမ္မာတရားနှင့် အသက်ကို ရနိုင်ပြီး စင်စစ်အားဖြင့် သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်၏ အတည်ပြုမှုကို ရရန် မစွမ်းသာပေ။ ယင်းအစား၊ သင်သည် ဖျက်ဆီးတတ်ပြီး မုန်းစရာကောင်းသော အပြုအမူများကို လုပ်သည့် ယုတ်မာသူတစ်ဦး ဖြစ်လာပြီး သင်သည် စာတန် လှောင်ပြောင်စရာတစ်ဦး၊ စာတန်၏ အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် လူ၏ ယုံကြည်ခြင်းကို ခံရဖို့မဟုတ်၊ လူ၏ ချစ်ခြင်းကို ခံရန်၊ လူ၏ နောက်သို့လိုက်ခြင်းနှင့် ဆည်းကပ်ကိုးကွယ်ခြင်းတို့ကို ခံရန်ဖြစ်လေသည်။ သင် ယနေ့ မရှာမှီးပါက “ဘုရားသခင်နောက်သို့ ကျွန်ုပ် ကောင်းစွာလိုက်ခဲ့လျှင်၊ ဘုရားသခင် ကျေနပ်အောင် ကောင်းစွာ ပြုခဲ့လျှင်၊ ကျွန်ုပ်၏ အသက်စိတ်သဘောထားထဲရှိ ပြောင်းလဲမှုများနောက်သို့ ကျွန်ုပ်လိုက်လျှောက်ခဲ့လျှင် ကောင်းခဲ့ပေမည်။ ထိုအချိန်မှာ ဘုရားသခင်ထံ မဆက်ကပ်နိုင်ခဲ့ခြင်းနှင့် ဘုရားသခင်၏ စကားအဓိပ္ပါယ်ကို မရှာမှီးခဲ့ခြင်းတို့ကို ကျွန်ုပ် နောင်တရမိ လေတော့သည်။ ထိုစဉ်က ဘုရားသခင်သည် များစွာ ပြောခဲ့သည်။ ကျွန်ုပ်ဘယ်လိုများ မရှာမှီးခဲ့မိပါလိမ့်။ ကျွန်ုပ်သည် အလွန်မိုက်မဲလှပေစွ” ဟု သင်ပြောမည့် နေ့ရက်သည် ရောက်လာလိမ့်မည်။ သင်သည် သင့်ကိုယ်သင် အတိုင်းအတာတစ်ခုအထိ မုန်းတီးမိလိမ့်မည်။ ယနေ့တွင် သင်သည် ငါပြောသော စကားများကို သင်မယုံကြည်၊ ငါ့စကားများကို သင်ဂရုမပြု၊ ဤအလုပ်ကို ဖြန့်ဝေရန် နေ့ရက်သို့ရောက်သောအခါ သင်သည် အလုံးစုံမြင်ရမည်။ သင်နောင်တရမည်ဖြစ်ပြီး ထိုအချိန်တွင် သင်သည် အံ့အားသင့်လျက် ကြက်သေသေနေပေလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိ၏၊ သို့သော် ယင်းတို့၌ ပျော်မွေ့ရ ကောင်းမှန်း သင်မသိ။ သမ္မာတရားရှိ၏၊ သို့သော် သင်မရှာမှီး။ သင့်ကိုယ်သင် အထင်သေးခြင်း မဖြစ်သလော။ ယနေ့တွင်၊ ဘုရားသခင်၏ အလုပ် နောက်တစ်ဆင့် မစတင်သေးသော်လည်း သင့်အား တောင်းဆိုသော အရာများနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုသောအရာများနှင့် ပတ်သက်ပြီး ထူးထူးခြားခြား မရှိပါ။ အလုပ်များစွာရှိ၏၊ အမှန်တရား များစွာရှိ၏။ ယင်းတို့သည် သင်၏သိခြင်းကို ခံရရန် မထိုက်တန်သလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို လှုပ်နှိုးနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးရန် မစွမ်းဆောင်နိုင် သလော။ သင်သည် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ငြိမ်းချမ်းစွာ၊ ဝမ်းမြောက်စွာ၊ လောကီရေးရာ အနည်းငယ် သက်တောင့်သက်သာရှိစွာ နေထိုင်ရန် တင်းတိမ်ရောင့်ရဲနေပါသလော။ သင်သည် လူအားလုံးတွင် အနိမ့်ဆုံး ဖြစ်မနေပေဘူးလား။ ကယ်တင်ခြင်းကို မြင်ပြီးသော်လည်း ကယ်တင်ခြင်းရရန် မလိုက်လျှောက် သူထက် ပို၍ ရူးမိုက်သောသူမရှိ၊ သူတို့သည် မိမိကိုယ်ကို ဇာတိပကတိ၌ အလွန်ပျော်ပါးပြီး စာတန်နှင့် ပျော်မွေ့နေသူများဖြစ်သည်။ သင်၏ ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့် စိန်ခေါ်မှုများ သို့မဟုတ် ကြီးစွာ ဘေးဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ စိုးစဥ်းကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ တန်ဖိုးမရှိသော အရာများနောက်သို့ သင်အမြဲလိုက်ပြီး၊ ဘဝကို တန်ဖိုးရှိအောင် သင်မလုပ်။ အဲ့ဒီအစား သင့်အတွေးမြောက်မြားစွာကို သမ္မာတရားရှေ့မှောက်၌ ချထားသည်။ သင်သည် အလွန်တန်ဖိုးမဲ့လေသည်။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ ရှင်သန်နေသည်- သင်သည် ဝက်များ ခွေးများနှင့် ဘာများကွာခြားသနည်း။ သမ္မာတရားနောက်သို့ မလိုက်ဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ မဟုတ်လော။ ဤအသေကောင်များသည် ဝိညာဉ်မရှိဘဲ လမ်းလျှောက်နေသည့် အလောင်းကောင်များအားလုံး မဟုတ်ပေလော။ သင်တို့အထဲတွင် စကားပေါင်း မည်မျှ ပြောပြီးပြီနည်း။ သင်တို့ကြားတွင် အလုပ်အနည်းငယ်လောက်သာ ပြီးမြောက်ထားခြင်း ရှိသလော။ သင်တို့ကြား ငါမည်မျှလောက် ထောက်ပံ့ပေးခဲ့ပြီနည်း။ သို့တိုင် သင်ဘာကြောင့် မရသေးပါသနည်း။ သင်ဘာစောဒက တက်မည်နည်း။ သင်သည် ဇာတိပကတိ၌ အလွန်အမင်း ပျော်မွေ့နေသောကြောင့်သာ သင်ဘာမျှမရခြင်း မဟုတ်လော။ သင်၏ အတွေးများမှာ အလွန်ပင် တရားလွန်နေသောကြောင့် မဟုတ်သလော။ သင် အလွန်မိုက်မဲသောကြောင့် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို ရယူရန် သင်မစွမ်းဆောင်နိုင်ပါက သင့်ကို ဘုရားသခင် မကယ်တင်ခြင်းကို သင်အပြစ်တင်နိုင်မည်လော။ သင်ရှာမှီးသည်မှာ ဘုရားသခင်ကို သင်ယုံကြည်ပြီးနောက် ငြိမ်းချမ်းခြင်း ရနိုင်ရန်ဖြစ်သည်- သင့်သားသမီးများ နေထိုင်မကောင်း မဖြစ်စေရန်၊ သင့်ခင်ပွန်း အလုပ်ကောင်းကောင်း ရရန်၊ သင့်သား ဇနီးကောင်းတစ်ဦးကိုရရန်၊ သင့်သမီး ရည်မွန်သော ခင်ပွန်းတစ်ဦးကိုရရန်၊ သင့်မြင်းများ၊ နွားများ မြေကိုကောင်းစွာထွန်ယက်ရန်၊ သင့်ကောက်ပဲသီးနှံများအတွက် တစ်နှစ်ပတ်လုံး ရာသီဥတုကောင်းမွန်ရန်၊ သင်ရှာဖွေသည်မှာ ယင်းတို့ဖြစ်သည်။ သင်လိုက်လျှောက်သည်မှာ သက်တောင့်သက်သာ နေထိုင်ရန်သာ ဖြစ်သည်။ သင့်မိသားစုထံသို့ မတော်တဆမှုများ မကျရောက်ရန်၊ သင့်အနား လေပြေဖြတ်သွားရန်၊ သင့်မျက်နှာကို မြေမှုန်မထိစေရန်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေမနစ်မြုပ်စေရန်၊ မည်သည့် သဘာဝဘေးအန္တရာယ်မှ သင့်အပေါ်သို့ မကျရောက်စေရန်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် နေထိုင်ရန်၊ ဇိမ်ရှိသောအသိုက်အမြုံထဲတွင် နေထိုင်ရန်တို့အတွက်သာ သင်ရှာမှီးနေသည်။ ဇာတိပကတိနောက်သို့ အမြဲလိုက်နေသည့် သင်ကဲ့သို့သော သတ္တိကြောင်သူတစ်ဦး- သင့်မှာ စိတ်နှလုံးရှိ ပါသလော၊ သင့်မှာ ဝိညာဉ်ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အတုံ့အပြန် ဘာကိုမျှ မတောင်းဆိုဘဲ စစ်မှန်သောလမ်းကို သင်အား ပေးခဲ့သော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဘုရားသခင်အား ယုံကြည်သော ထိုသူတွေထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ်သို့ စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဝက်များ ခွေးများနှင့် ဘာမျှမထူးဘူး မဟုတ်လော။ ဝက်များသည် လူ့အသက်ကို မလိုက်လျှောက်၊ သန့်ရှင်းခြင်းသို့ရောက်ရန် မလိုက်လျှောက်၊ အသက်ဆိုသည်ကို သူတို့နားမလည်။ နေ့စဉ် ဝသည်ထိစားပြီး အိပ်ရုံသာ ပြုကြသည်။ ငါသည် သင့်အား လမ်းမှန်ကို ပေးပြီးဖြစ်သော်လည်း သင်၌ဤလမ်းမှန်မရှိသေး၊ သင့်တွင် ဗလာနတ္တိပင်ဖြစ်ပေသည်။ ဝက်တစ်ကောင်၏ဘဝ၊ ဤဘဝတွင် ဆက်လက်နေထိုင်ရန် သင်လိုလားပါသလော။ ထိုသို့သောသူများ၏ အသက်ရှင်မှုတွင် မည်သည့် ထူးခြားမှု ရှိပါသနည်း။ သင့်ဘဝသည် အထင်သေးဖွယ်၊ ရှက်ဖွယ်ဖြစ်ပြီး သင်သည် ညစ်ညမ်းပြီး သိက္ခာကင်းမဲ့စွာ အသက်ရှင်နေသည်။ သင်သည် မည်သည့် ရည်မှန်းချက်နောက်သို့မှ မလိုက်ဘဲ သင့်ဘဝသည် အားလုံးထဲတွင် ရှက်စရာအကောင်းဆုံး ဖြစ်နေသည် မဟုတ်လော။ ဘုရားသခင်ကို ကြည့်ရှုရန် သင့်ထံတွင် နာကြည်းမှု ရှိနေပါသလော။ ဤနည်းအတိုင်း သင်ဆက်တွေ့ကြုံနေပါက သင်ဘာရမည်နည်း။ မှန်ကန်သောလမ်းကို သင့်အား ပေးပြီးသော်လည်း နောက်ဆုံးတွင် သင်ရ၊ မရ ဆိုသည်မှာ သင်၏ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်မှုပေါ် မူတည်ပေသည်။ လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ပြီး လူသည် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်နေသမျှကာလပတ်လုံး ဘုရားသခင်သည် အဖြောင့်မတ်ဆုံးဖြစ်သည့်အတွက် လူတို့အပေါ်တွင် သမာ သမတ်ကျမည်မှာ သေချာသည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်ပါက ဘုရားသခင်က သူ့အား ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူတိုင်းအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူအား ငါတောင်းဆိုသော သင့်လျော်သည့် သတ်မှတ်ချက်များ ရှိပြီး မည်သူမဆို လူတိုင်း ငါတောင်းဆိုသောအရာကို ပြီးမြောက်ရမည်၊ သင့်အရည်အချင်းများ မည်မျှကျယ်ပြန့်သည် သို့မဟုတ် မည်သို့ အားနည်းသည်ကို ငါဂရုမစိုက်၊ သမ္မာတရားကို သင် ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိ မရှိနှင့် ငါ့လမ်းတွင် သင်လျှောက်၏၊ မလျှောက်၏ ကိုသာ ငါဂရုစိုက်သည်။ သင့်တွင် သမ္မာတရားမရှိဘဲ ငါ့နာမည်ကို အရှက်ရစေပြီး ငါ့နည်းလမ်းအတိုင်း မလုပ်ဆောင်၊ ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်နာသည်ဆိုရုံမျှသာ လုပ်ဆောင်ပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို လဲကျစေပြီး သင်ပြုသော မကောင်းမှုအတွက် သင့်ကို ပြစ်ဒဏ်ပေးမည်။ သို့ဆိုလျှင် သင်ဘာပြော မည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်မည်လော။ ယနေ့တွင်၊ ငါပြောခဲ့သော စကားများ အတိုင်း သင်လိုက်နာပါက သင်သည် ငါအတည်ပြုသော လူမျိုး ဖြစ်လိမ့်မည်။ ဘုရားသခင်နောက်သို့ လိုက်စဉ် သင်သည် ဒုက္ခဆင်းရဲ အမြဲခံစားရသည်၊ သူ့နောက်သို့ အေးအတူပူအမျှ လိုက်ခဲ့ပြီးပြီ၊ သူနှင့် ဆိုးတူကောင်းဖက် အတူဝေမျှခဲ့ပြီဟု သင်ဆိုသည်၊ သို့သော် သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများအတိုင်း မနေထိုင်ခဲ့ပါ၊ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်နောက် အပြေးအလွှား လိုက်ဖို့သာ ဆန္ဒရှိပြီး အသက်တာကို လေးလေးနက်နက် ရှင်သန်ရန်ကိုမူ ဘယ်သောအခါမျှ သင်မစဉ်းစားခဲ့။ အရာရာတွင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု သင်ယုံကြည်ကြောင်း သင်ဆိုသည်- သူ့အတွက် သင်ဒုက္ခဆင်းရဲ ခံခဲ့ရသည်၊ သူ့အတွက် သင်လှုပ်ရှား ရုန်းကန် သည်၊ သင့်ကိုယ်သင် သူ့ထံ၌ ပေးအပ်ဆက်ကပ်ထားသည်၊ မည်သည့်အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း သင်ကြိုးစား လုပ်ဆောင်သည်။ သူ သင့်ကို အမှတ်ရမှာ သေချာပါသည်။ ဘုရားသခင်သည် ဖြောင့်မတ်သည် ဆိုသည်မှာ အမှန်ဖြစ်၏။ သို့သော် ဖြောင့်မတ်မှုတွင် မည်သည့် မစင်ကြယ်ခြင်းမျှ စွန်းထင်းမနေပါ- ယင်းတွင် လူသားတို့၏ အလိုဆန္ဒ မပါ၊ ဇာတိပကတိ သို့မဟုတ် လူသားတို့၏ ကိစ္စအဝဝတို့ဖြင့် အမည်းစက်ထင်ခြင်း မရှိပါ။ သူ့အား ပုန်ကန်သူ၊ ဆန့်ကျင်သူနှင့် သူ၏လမ်းကို မလိုက်လျှောက်သောသူ အားလုံးတို့သည် အပြစ်ဒဏ် ပေးခြင်းကို ခံရကြမည်၊ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရ၊ မည်သူ့ကိုမျှ ချမ်းသာမပေး။ အချို့လူများက “ယနေ့ ကိုယ်တော့်အတွက် ကျွန်ုပ်လှုပ်ရှားရုန်းကန်ပါ၏။ အဆုံးသို့ရောက်သောအခါ ကျွန်ုပ်အား ကောင်းချီးအနည်းငယ် ပေးနိုင်ပါမည်လား” ဟု ဆိုသည်။ သို့ဆိုလျှင် သင့်ကို ငါမေးမည် “သင်သည် ငါ့စကားများကို လိုက်နာပြီး ပါပြီလော။” သင်ပြောသော ဖြောင့်မတ်မှုသည် ကိစ္စရပ်ပေါ် မှီတည်နေသည်။ ငါသည် ဖြောင့်မတ်ပြီး လူသား အားလုံးအပေါ် သမာသမတ်ကျကာ အဆုံးတိုင်အောင် ငါ့နောက်လိုက်သူမှန်သမျှသည် ကယ်တင်ခြင်းကို ခံရပြီး ငါ့ကောင်းချီးများကို သေချာပေါက်ရမည်ဟုသာ သင်ထင်နေသည်။ ငါ့စကားများတွင် သိုဝှက်အဓိပ္ပါယ်ရှိသည် “နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူ အားလုံးသည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိမည်”- နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူ တို့သည် ငါ လုံးလုံးလျားလျား ရယူမည့်သူများ ဖြစ်ပေသည်။ သူတို့ကို ငါသိမ်းပိုက်ပြီးနောက် သူတို့သည် သမ္မာတရားကို ရှာဖွေပြီး ပြီးပြည့်စုံခြင်းသို့ ရောက်ကြသူများ ဖြစ်သည်။ မည်သည့် အခြေအနေများကို သင်ရရှိပြီးပါပြီလဲ။ နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်ခြင်းသာ သင်ရရှိပြီ၊ အခြား ဘာရှိသေးသနည်း။ ငါ့စကားများကို လိုက်နာပြီးပြီလော။ သင်သည် ငါ့တောင်းဆိုချက် ငါးချက်ထဲမှ တစ်ချက်ကို လုပ်ဆောင်ပြီး ဖြစ်သော်လည်း ကျန်ရှိသော လေးချက်ကို ပြီးမြောက်ရန် ရည်ရွယ်ချက် မရှိပေ။ သင်သည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလမ်းကို တွေ့ရှိပြီးဖြစ်ပြီး သင့်ကိုယ်သင် ကံကောင်းပြီဟု ထင်ကာ ယင်းလမ်းကို လိုက်လျှောက်ခဲ့သည်။ သင်ကဲ့သို့သော လူများအတွက် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တစ်ခုခု ဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော ဒဏ်ခတ်ခံရခြင်းတစ်ခု ဖြစ်ပြီး မကောင်းမှုပြုလုပ်သူ အားလုံးအတွက် ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ငါ့လမ်း၌ မလျှောက်လှမ်းသောသူ အားလုံးသည် နောက်ဆုံးအချိန်အထိ လိုက်လျှင်ပင် ပြစ်ဒဏ်ပေးခြင်းကို သေချာပေါက် ခံရပေမည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပင် ဖြစ်၏။ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားအား ပြစ်ဒဏ်ပေးခြင်းဖြင့် ဖော်ပြသည့်အခါ လူသားသည် အံ့အားသင့်လျက် ကြက်သေသေနေပေလိမ့်မည်။ ဘုရားသခင်နောက်သို့လိုက်စဉ် ဘုရားသခင်၏လမ်း၌ မလျှောက်ခဲ့သည့်အတွက် နောင်တရပေမည်။ ထိုအချိန်ရောက်လျှင် ဘုရားသခင်နောက် လိုက်နေစဉ် သူအနည်းငယ်သာ ဒုက္ခခံစားခဲ့သည် သို့သော် ဘုရားသခင်၏ လမ်း၌ မလျှောက်လှမ်းခဲ့။ မည်သည့်ဆင်ခြေများ ရှိသနည်း။ ပြစ်တင်ဆုံးမ ခံရခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပါ။ သို့တိုင် သူ့စိတ်ထဲတွင် “မည်သို့ပင်ဆိုစေ နောက်ဆုံးအချိန်ထိ လိုက်ခဲ့ပြီးပြီ။ ကိုယ်တော် ကျွန်ုပ်ကို ဆုံးမလျှင်ပင် ပြင်းပြင်ထန်ထန် ဆုံးမလိမ့်မည် မဟုတ်ပါ။ ဤသို့ဆုံးမပြီးလျှင် ကိုယ်တော် ကျွန်ုပ်ကို အလိုရှိနေပေဦးမည်။ ကိုယ်တော်သည် ဖြောင့်မတ်ကြောင်း ကျွန်ုပ်သိပါ၏။ ကျွန်ုပ်အား ထိုနည်းဖြင့် အမြဲ ဆက်ဆံလိမ့်မည် မဟုတ်ပါ။ အဆုံးမှာတော့ ကျွန်ုပ်သည် ရှင်းထုတ်ခြင်း ခံရသူများနှင့် မတူပါ။ ရှင်းထုတ်ခြင်း ခံရသူများသည် ပြင်းထန်သော ပြစ်တင်ဆုံးမခြင်းမျိုးကို ခံရမည်ဖြစ်သော်လည်း ကျွန်ုပ်အား ပြစ်တင်ဆုံးမခြင်းမှာတော့ ပေါ့ပါးလိမ့်မည်” ဟု တွေးနေပေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် သင်ပြောသလိုမဟုတ်။ မိမိတို့အပြစ်ကို ဝန်ခံတတ် သည့်သူများကို သက်ညှာစွာ ဆက်ဆံသည့် ကိစ္စမဟုတ်။ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းမြင့်မြတ်ခြင်းဖြစ်ပြီး လူတို့၏ ပြစ်မှုများကို အမှန်တကယ် လက်မခံသော စိတ်သဘောထားဖြစ်သည့်အပြင် ညစ်ညမ်းသော အရာများနှင့် မပြောင်းလဲသောအရာများ အားလုံးသည် ဘုရားသခင် စက်ဆုပ်ရွံရှာသော အရာ ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပညတ်ချက်မဟုတ်၊ သို့သော် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်သည်- ယင်းသည် နိုင်ငံအတွင်းရှိ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်ပြီး ယင်းစီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ ပြောင်းလဲမှုမရှိသော မည်သူမဆိုအတွက် ဖြောင့်မတ်သော ပြစ်ဒဏ် ဖြစ်ပြီး ကယ်တင်ခြင်းအတွက် နယ်နိမိတ် မရှိပါ။ လူကို အမျိုးအစားအလိုက် ခွဲခြားသည့်အခါ ကောင်းသော သူများသည် ဆုကိုရမည်ဖြစ်ပြီး မကောင်းသောသူများသည် ပြစ်ဒဏ်ပေးခြင်းကို ခံရမည်။ လူ၏ရည်မှန်းချက်ကို ရှင်းလင်းအောင် လုပ်သည့်အချိန်သည် ကယ်တင်ခြင်းအလုပ် အဆုံးသတ်မည့် အချိန်ဖြစ်ပြီး လူကို ကယ်တင်ခြင်းသည် နောက်ထပ် မဖြစ်တော့ပေ။ ဒဏ်ခတ်ခံရခြင်းသည် မကောင်းမှုကို ကျူးလွန်သူတိုင်း အပေါ်သို့ ကျရောက်လိမ့်မည်။ အချို့တို့က “ဘုရားသခင်သည် ကိုယ်တော့်အနားမှာ မကြာခဏရှိသောသူတိုင်းကို အမှတ်ရလိမ့်မည်။ ကျွန်ုပ်သည် ထိုညီအစ်ကို မောင်နှမများထဲမှ တစ်ဦးဖြစ်ပြီး ကျွန်ုပ်တို့ထဲမှ မည်သူ့ကိုမျှ ဘုရားသခင်သည် မေ့နိုင်လိမ့်မည်မဟုတ်။ ကျွန်ုပ်တို့ကို ဘုရားသခင် ပြည့်စုံစေမည်မှာ သေချာပါသည်။ ကျွန်ုပ်တို့အောက်တွင် ရှိသောလူများကို ကိုယ်တော် သတိရမည်မဟုတ်၊ သူတို့အထဲတွင် ပြည့်စုံခြင်းသို့ ရောက်မည့်သူများမှာ ဘုရားသခင်အား မကြာခဏတွေ့သော ကျွန်ုပ်တို့လောက် မသေချာပါ။ ကျွန်ုပ်တို့တွင် မည်သူ့ကိုမျှ ဘုရားသခင် မေ့မည်မဟုတ်၊ ကျွန်ုပ်တို့အားလုံးကို ဘုရားသခင် အတည်ပြုပြီး ဖြစ်ပြီး ဘုရားသခင်က ပြည့်စုံစေမည်မှာ သေချာလှပါသည်” ဟု ဆိုလိမ့်မည်။ သင်တို့အားလုံးတွင် ထိုကဲ့သို့သော အတွေးအမြင်များ ရှိသည်။ ၎င်းသည် ဖြောင့်မတ်ခြင်း ဟုတ်ပါသလော။ သမ္မာတရားကို သင် လက်တွေ့ ကျင့်သုံး ပါသလား၊ သို့မဟုတ် မကျင့်သုံးဘူးလား။ ထိုကဲ့သို့သော ကောလာဟလများကို သင်အမှန်တကယ် ဖြန့်ဝေနေသည်- သင့်မှာ အရှက်မရှိ။
ယနေ့တွင် အချို့ သောသူတို့သည် ဘုရားသခင် အသုံးပြုခြင်းကို ခံရရန် ကြိုးစားကြသည်၊ သို့သော် သိမ်းပိုက်ခံရပြီးနောက် သူတို့အား တိုက်ရိုက် အသုံးမပြုနိုင်ပါ။ ယနေ့ပြောစကားများအတိုင်း ဘုရားသခင်သည် လူတို့ကို အသုံးပြုသည့်အခါ သင်သည် ယင်းတို့ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း မရှိသေးပါက၊ သင်သည် ပြည့်စုံစေခြင်းကို မခံရသေးပါ။ တစ်နည်းအားဖြင့် လူကို ပြည့်စုံစေသည့် ကာလပြီးဆုံးချိန် ရောက်ရှိ လာသောအခါ လူကိုသုတ်သင်ဖယ်ရှားမည်လား သို့မဟုတ် ဘုရားသခင်အသုံးပြုမည်လား ဆိုသည်ကို အဆုံး အဖြတ် ပေးသွားလိမ့်မည်။ သိမ်းပိုက်ခြင်း ခံရပြီးသောသူများသည် မတုန်မလှုပ်နေခြင်းနှင့် ဆန့်ကျင်ခြင်းဆိုင်ရာ ဥပမာများထက် ဘာမျှမပိုပေ။ သူတို့သည် နမူနာများနှင့် စံပြလူများ ဖြစ်သည် သို့သော် သူတို့သည် ဆန့်ကျင် ကွဲပြားမှု တစ်ခုထက် ဘာမျှ မပိုပေ။ လူသည် အသက်ကို ရရှိမှသာ သူ၏ စိတ်သဘောထားသည် ပြောင်းလာပြီး အတွင်း၊ အပြင် ပြောင်းလဲမှုကို ရရှိပြီး သူသည် ပြီးပြည့်စုံစေခြင်းသို့ လုံးလုံးလျားလျား ရောက်ရှိလိမ့်မည်။ ယနေ့တွင်၊ မည်သည့်အရာကို သင်အလိုရှိသနည်း၊ သိမ်းပိုက်ခံရခြင်းလား၊ ပြည့်စုံစေခြင်းလား။ မည်သည့် အရာကို ရရှိရန် သင်အလိုရှိပါသနည်း။ ပြည့်စုံစေခြင်းသို့ရောက်ရန် သတ်မှတ်ချက်မည်မျှကို သင်ဖြည့်ဆည်း ပြီးပြီနည်း။ မည်သည့်အချက် ကျန်သေးသနည်း။ သင့်ကိုယ်သင် မည်သို့ အသင့်ဖြစ်အောင် လုပ်သင့်သနည်း၊ သင်၏ ချို့တဲ့ခြင်းများကို သင်မည်သို့ ဖြည့်မည်နည်း။ ပြည့်စုံစေခြင်းသို့ရောက်ရန် လမ်းကြောင်းသို့ သင်မည်သို့ ဝင်ရောက်သင့်သနည်း။ သင်မည်သို့ လုံးလုံးလျားလျား အပ်နှံသင့်သနည်း။ သင်သည် ပြည့်စုံခြင်းသို့ရောက်ရန် တောင်းဆိုသည်၊ သို့ဆိုလျှင် သင်သည် သန့်ရှင်းမြင့်မြတ်ခြင်းနောက်သို့ လိုက်ပါသလော။ ဘုရားသခင် သင့်အား ကာကွယ်စောင့်ရှောက်နိုင်ရန် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်ရှာမှီးပါသလော။ သင်သည် သန့်ရှင်းခြင်းသို့ရောက်ရန် လိုက်လျှောက်ခဲ့သည်၊ သို့ဆိုလျှင် သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရန် လိုလားပါသလော။ သင်သည် ဘုရားသခင်အား သိကျွမ်းရန် တောင်းဆိုသည် သို့သော် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိပါသလော။ ယနေ့တွင်၊ သင့်အပေါ်၌ ဘုရားသခင်လုပ်သော အလုပ်အများစုမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်၏။ ဤအလုပ်အကြောင်း သင်ဘာသိသနည်း။ သင့်အပေါ်၌ မည်သည့်အရာ လုပ်ဆောင်ပြီးပြီနည်း။ သင်တွေ့ကြုံခဲ့ရသော ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် သင့်အား သန့်ရှင်းစေပါသလော။ ယင်းသည် သင့်ကို ပြောင်းလဲစေခဲ့ ပါသလော။ ယင်းသည် သင့်အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိသလော။ ယနေ့ အလုပ်များစွာကြောင့် သင်သည် မောပန်း နွမ်းနယ်နေပါသလော- ကျိန်ခြင်းများ၊ တရားစီရင်ခြင်းများနှင့် ဖော်ထုတ်ပြသမှုများ- သို့မဟုတ် ယင်းတို့သည် သင့်အတွက် အကျိုးထူးဖြစ်စေသည်ဟု ခံစားရပါသလော။ သင်သည် ဘုရားသခင်ကို ချစ်သည် သို့သော် မည်သည့်အတွက်ကြောင့် ချစ်ပါသနည်း။ ဘုရားသခင်အား သင်ချစ်သည်မှာ ကျေးဇူးတော် အနည်းငယ် သင်လက်ခံရသောကြောင့်လော၊ သို့မဟုတ် ဘုရားသခင်အား သင်ချစ်သည်မှာ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိခြင်းကြောင့်လော။ သို့မဟုတ် ဘုရားသခင်၏ ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်ပြီးနောက် ဘုရားသခင်အား ချစ်ပါသလော။ မည်သည့် တိကျသောအရာက သင့်အား ဘုရားသခင်ကို ချစ်စေပါသနည်း။ ပေတရုသည် ပြည့်စုံစေခြင်းသို့ရောက်ရန် မည်သည့် သတ်မှတ်ချက်များကို ဖြည့်ဆည်းခဲ့ပါသနည်း။ သူ့အား ပြည့်စုံစေပြီးနောက် ဖော်ပြသည့် အရေးပါသောလမ်းမှာ အဘယ်နည်း။ ပေတရုက သခင်ယေရှုအား ချစ်သည်မှာ သူသည် သခင်ယေရှုအား တမ်းတသောကြောင့်လော၊ သို့မဟုတ် သခင်ယေရှုအား သူ မမြင်နိုင်သောကြောင့်လော၊ သို့မဟုတ် သူ့အား အပြစ်တင်သောကြောင့်လော။ သို့မဟုတ် သခင်ယေရှုအား သူချစ်သည်မှာ အတိဒုက္ခခံစားရခြင်းကို သူလက်ခံခြင်း၊ သူ၏ ညစ်ညမ်းမှုနှင့် မနာခံတတ်မှု တို့ကို သိလာပြီး သခင်၏ သန့်ရှင်းမြင့်မြတ်မှုကို သိလာသောကြောင့် ဖြစ်ပါသလော။ ဘုရားသခင်ကို သူ၏ချစ်ခြင်းက ပိုမိုဖြူစင်လာသည်မှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့်လော သို့မဟုတ် အခြားအရာ တစ်ခုခုကြောင့်လော။ အဘယ်အရာနည်း။ သင်သည် ဘုရားသခင်ကိုချစ်သည်မှာ ဘုရားသခင်၏ ဂုဏ်ကျေးဇူးကြောင့် ဖြစ်ပြီး ယနေ့ သင့်အား ကောင်းချီးမင်္ဂလာ အနည်းငယ် ပေးသောကြောင့် ဖြစ်သည်။ ယင်းသည် မေတ္တာစစ် ဖြစ်ပါသလော။ ဘုရားသခင်အား မည်သို့ ချစ်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်လက်ခံသင့်သလော၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်ပြီးနောက် လုံးလုံးလျားလျား လက်ခံယုံကြည်ပြီး ဘုရားသခင်အကြောင်းကို သိလျက် မည်သို့ချစ်နိုင်သနည်း။ ပေတရုကဲ့သို့ ဘုရားသခင်အား လုံလုံလောက်လောက် မချစ်နိုင်ဟု သင်ဆိုနိုင်ပါသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ပြီးသည့်နောက် သိမ်းပိုက်ခံရရန် သို့မဟုတ် ပြစ်တင်ဆုံးမခြင်းနှင့် တရား စီရင်ခြင်း ပြီးသည့်နောက် သန့်ရှင်းစေရန်၊ အကာအကွယ်ရရန်နှင့် စောင့်ရှောက်ခံရရန်တို့အတွက် သင်လုပ် ဆောင်သော အရာများ ဟုတ်ပါသလော။ ဤအရာများထဲမှ မည်သည်ကို သင်လုပ်ဆောင်သနည်း။ သင်၏ အသက်တာသည် လေးနက်သောအသက်တာ ဖြစ်ပါသလော၊ သို့မဟုတ် အဓိပ္ပါယ်ကင်းမဲ့ကာ တန်ဖိုးမရှိသည့် ဘဝလော။ သင်သည် ဇာတိပကတိကို လိုချင်သလော၊ သို့မဟုတ် သမ္မာတရားကို လိုချင်သလော။ တရား စီရင်ခြင်းကို သင်ဆန္ဒရှိပါသလော သို့မဟုတ် သက်တောင့်သက်သာ နေချင်ပါသလော။ ဘုရားသခင်၏အလုပ်ကို များစွာတွေ့ကြုံခဲ့ပြီး၊ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ရှုမြင်ခဲ့ပြီးခြင်းဖြင့် သင်မည်သို့ လိုက်လျှောက်မည်နည်း။ ဤလမ်းကြောင်းတွင် သင်မည်သို့ လျှောက်လှမ်းမည်နည်း။ ဘုရားသခင် အပေါ် သင်၏ ချစ်ခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်အပေါ်၌ တစ်စုံတစ်ရာသော သက်ရောက်မှု ရှိခဲ့သလော။ ဘုရားသခင်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိခြင်း၊ မသိခြင်းသည် သင်အသက်ရှင်နေထိုင်မှုနှင့် ဘုရားသခင် အား သင်ချစ်သည့် အတိုင်းအတာအပေါ် မှီတည်နေသည်။ သင့်နှုတ်ခမ်းများက ဘုရားသခင်အား သင်ချစ်သည် ဟုဆိုသည်။ သို့သော် သင်သည် ယခင်အတိုင်း၊ ပျက်စီးနေသည့် စိတ်သဘောထားဖြင့် ရှင်သန်နေထိုင်နေသည်။ ဘုရားသခင်ကို သင်ကြောက်ရွံ့ခြင်းမရှိ၊ အသိတရားလုံးဝမရှိ။ ယင်းကဲ့သို့သောသူများက ဘုရားသခင်ကို ချစ်ပါသလော။ ယင်းကဲ့သို့သော သူများသည် ဘုရားသခင်ကို သစ္စာစောင့်သိပါ၏လော။ သူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူများ ဟုတ်သလော။ သင်က ဘုရားသခင်ကို ချစ်ပါသည်၊ ယုံကြည်ပါသည်ဟု ပြောသည်၊ သို့သော် သင်သည် သင်၏ သဘောထား ခံယူချက်များကို မစွန့်လွှတ်။ သင့်အလုပ်၊ ဝင်ရောက်မှု၊ သင်ပြောသောစကားများနှင့် သင့်အသက်တာထဲတွင် ဘုရားသခင်အား သင်ချစ်ခြင်းသည် ပေါ်လွင်ထင်ရှားမှု မရှိဘဲ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းလည်း မရှိ။ ထိုသူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးသူလား။ ယင်းကဲ့သို့သောသူသည် ပေတရု ဖြစ်နိုင်ပါမည်လော။ ပေတရုကဲ့သို့သော သူများသည် အသိပညာသာရှိပြီး ထိုသို့ အသက်ရှင်နေထိုင်ခြင်း မရှိသလော။ ယနေ့တွင်၊ စစ်မှန်သောအသက်တာဖြင့် အသက်ရှင်နေထိုင်ရန် မည်သည့် သတ်မှတ်ချက်များ လိုအပ်ပါသနည်း။ ပေတရု၏ ဆုတောင်းသံများသည် သူ့နှုတ်မှထွက်လာသော စကားများနှင့် မထူးခြားပါသလော။ ယင်းတို့သည် သူ့နှလုံးသား အတွင်းထဲမှ ထွက်လာသော စကားများ မဟုတ်ပါသလော။ ပေတရုက ဆုတောင်းရုံသာ ဆုတောင်းပြီး သမ္မာ တရားကို လက်တွေ့ကျင့်သုံးခြင်း မရှိပါသလော။ သင်လုပ်ဆောင်သည်မှာ မည်သူ့အတွက်ပါနည်း။ ဘုရားသခင် ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကာလတွင် သင့်ကိုယ်သင် မည်သို့ ကာကွယ်စောင့်ရှောက် မည်နည်း၊ မည်သို့ သန့်ရှင်းစေမည်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူအတွက် အကျိုးမရှိပါသလော။ တရားစီရင်မှု မှန်သမျှသည် ပြစ်ဒဏ်ပေးခြင်း ဖြစ်ပါသလော။ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့သာ၊ ပစ္စည်းဥစ္စာ ကောင်းချီးမင်္ဂလာများနှင့် တဒင်္ဂ သက်တောင့်သက်သာ ရှိမှုတို့သာ လူ့အသက်တာအတွက် အကျိုးရှိခြင်း ဖြစ်နိုင်ပါသလော။ လူသည် သာယာပြီး သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် နေထိုင်ကာ တရားစီရင်ခြင်း ကင်းမဲ့သည့် အသက်တာတွင် သန့်ရှင်းခြင်းသို့ ရောက်နိုင်ပါ မည်လော။ လူသည် ပြောင်းလဲလိုပြီး သန့်ရှင်းခြင်းသို့ ရောက်ရန် အလိုရှိပါက စုံလင်စေခြင်းကို မည်သို့ လက်ခံသင့်ပါသနည်း။ ယနေ့ မည်သည့် လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။