ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၅
ငါ၏အလုပ်အတွက် သင်တို့အတတ်နိုင်ဆုံးကို ပေးဆပ်သင့်သည်။ ငါ့အတွက် အကျိုးရှိသည့် အရာကို သင်တို့ လုပ်ဆောင်သင့်သည်။ သင်တို့ ငါ့ထံမှ မရသည့်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာ သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ ကြည့်ပြီး ဘုရားသခင်၏ အနှစ်သာရကို မကြည့်ပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။ အပြင်ပန်းပုံသဏ္ဌာန်သည် အနှစ်သာရကို မတိုင်းတာနိုင်ပါ၊ ထို့ပြင် ဘုရားသခင်၏ အမှုသည် လူတို့၏ အယူအဆနှင့် ဘယ်သောအခါမျှ သဘောချင်း ကိုက်ညီမည် မဟုတ်ပါ။ ယေရှု၏ အပြင်ပန်း ပုံသဏ္ဌာန်သည် လူတို့၏ အယူအဆများနှင့် ကွဲပြားခဲ့သည် မဟုတ်ပါလား။ ယေရှု၏ သွင်ပြင်နှင့် အဝတ်အစားသည် သူသည် အမှန်တကယ် မည်သူမည်ဝါ ဖြစ်ကြောင်းကို သဲလွန်စပေးနိုင်ခြင်း မရှိခဲ့ဘူး မဟုတ်လား။ အစောပိုင်းက ဖာရိရှဲများက ယေရှုကို ဆန့်ကျင်ခြင်း အကြောင်းရင်းမှာ သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ပြီး သူပြောသော စကားများကိုမူ နှလုံးမသွင်းခဲ့ကြခြင်းကြောင့် မဟုတ်ပါလား။ ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကို ရှာဖွေကြသော ညီအစ်ကို မောင်နှမများသည် သမိုင်းထဲက အဖြစ်ဆိုးလို ထပ်မံမဖြစ်ကြစေရန် ငါမျှော်လင့်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ အဖြစ် ဘုရားသခင်ကို ကားတိုင်တွင် ရိုက်ထားသူများ ထပ်မံ မဖြစ်ပါစေနှင့်။ သင်တို့သည် ဘုရားသခင် ပြန်လည်ကြွလာခြင်းကို မည်သို့ ကြိုဆိုရန် သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံအပ်နှံထားသည့် သူတစ်ဦး မည်သို့ဖြစ်ရန် ကြည်လင်သောစိတ်ထား ရှိသင့်ပါသည်။ ဤသည်မှာ သခင်ယေရှုသည် မိုးတိမ်များနှင့်အတူ ပြန်လည်ကြွမြန်းလာမည်ကို စောင့်ကြိုနေသည့် လူတိုင်း၏ တာဝန်ဖြစ်ပါသည်။ ငါတို့၏ ဝိညာဉ် မျက်စိကို ပွတ်သပ်ကြည့်သင့်ပြီး စိတ်ကူးယဉ် စကားလုံးများ၏ သားကောင်ဘဝသို့ မကျရောက်သင့်ပါ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ လုပ်ဆောင်မှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ စစ်မှန်သည့်ဘက်ကို ကြည့်သင့်သည်။ စိတ်ကူးယဉ်မှုများတွင် သင်တို့ကိုယ်သင်တို့ ပျောက်ဆုံး ဝေးလွင့်မသွားပါစေနှင့်၊ သူ့ကို ဘယ်သော အခါကမျှ မသိခဲ့ဖူး သို့မဟုတ် မမြင်ဖူးရုံမက သူ၏ အလိုကို မည်သို့ဆောင်ရွက်ရမည်ကို မသိသော သင်တို့အား ဆောင်ယူရန် သခင်ယေရှုသည် သင်တို့အကြားသို့ မိုးတိမ်ပေါ်မှ ရုတ်တရက် ကြွရောက် ဆင်းသက်လာမည့်နေ့ကို အမြဲတမ်း စောင့်စားမနေပါနှင့်။ လက်တွေ့ကျသော ကိစ္စများအကြောင်း တွေးတော ကြည့်ရသည်မှာ ပိုကောင်းသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
နောက်ဆုံးသောကာလ ခရစ်တော်ရဲ့အမှုတော်နဲ့ ပုံသဏ္ဍာန်ကို မည်သို့ သိရမလဲ
၁
ဘုရားရဲ့လူ့ဇာတိခံယူခြင်းဟာ
ဘုရားရဲ့သဘောသဘာဝနဲ့ဖွင့်ပြချက်ကို ကိုယ်စားပြုဖော်ပြ
သူ လူ့အဖြစ်ခံယူချိန် သူ မည်သူဆိုတာ ဖွင့်ပြရန်၊
လူဆီသို့ သမ္မာတရားဆောင်ယူရန်၊
အသက်ပေး၍လမ်းပြရန်
သူ့ကို ပေးအပ်သော အမှုတော်ကို ဆောင်ရွက်
ဘုရားရဲ့သဘောသဘာဝ မပါသော လူမှန်သမျှ
လူ့ဇာတိခံဘုရား ဧကန်မဟုတ်
၂
လူ့ဇာတိခံဘုရားဖြစ်ကြောင်းနှင့်စစ်မှန်သည့်လမ်းဖြစ်ကြောင်းကို
သူ့စိတ်သဘောထား၊ သူ့စကားများ၊ အမှုတော်များနှင့် ဆန်းစစ်
သူ့ရုပ်သွင်ထက် သူ့သဘောသဘာဝပေါ်ကို အာရုံစိုက်ရန်
ဘုရားရဲ့အပြင်ရုပ်သွင်ပေါ် အာရုံစိုက်တာ ပညာမဲ့တယ်၊ နုံအတယ်
အတွင်းစိတ်ကို အပြင်ပန်းသဏ္ဍာန်က မဆုံးဖြတ်
ဘုရားအမှုတော်ဟာလူသားတို့စိတ်ကူးအကြံအစည်နှင့် မကိုက်ညီ
၃
ယေရှုအသွင်သဏ္ဍာန် လူတို့မျှော်လင့်ထားတာနှင့်
ကွဲပြားတယ် မဟုတ်လား
ရုပ်အသွင်နဲ့ဝတ်စားပုံသည် ဘုရားပင်ကိုလက္ခဏာကို
ဖုံးကွယ်ထားတယ်မလား
ဤအကြောင်းကြောင့် ဖာရိရှဲများ သူ့ကို ဆန့်ကျင်ခဲ့တယ် မဟုတ်လား
အပြင်ပန်းကို အာရုံစိုက်ပြီး မိန့်ဆိုသောအရာကို ဂရုမပြုမိခဲ့ကြ
၄
သူ့ပုံသဏ္ဍာန်တော်ကိုရှာသော ညီအစ်ကို မောင်နှမများ
သမိုင်း တစ်ကျော့ ပြန်မလှည်ဖို့ ဘုရား မျှော်လင့်
ဖာရိရှဲတို့နောက် မလိုက်၊
နောက်တစ်ကြိမ် ဘုရားကို ကားတိုင်မတင်ပါနဲ့
ခရစ်တော်ရဲ့ပြန်လာခြင်းကို မည်သို့ ကြိုဆို မည်ကို သေချာစဉ်းစား
သမ္မာတရားကို ဘယ်လိုလက်ခံရမည်ကို ရှင်းလင်းစွာသိပါ
ဒါဟာ ခရစ်တော်ရဲ့ပြန်လာခြင်းကို စောင့်မျှော်နေသူတိုင်းရဲ့တာဝန်ပါ
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ငါ၏အလုပ်အတွက် သင်တို့အတတ်နိုင်ဆုံးကို ပေးဆပ်သင့်သည်။ ငါ့အတွက် အကျိုးရှိသည့် အရာကို သင်တို့ လုပ်ဆောင်သင့်သည်။ သင်တို့ ငါ့ထံမှ မရသည့်...
ဘုရားသခင်သည် မျက်မှောက်နေ့ရက်သို့ သူဦးဆောင်ခဲ့ရသည့် လူသားတို့ကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် နေရာချထားခဲ့သည်။ ထို့နောက်တွင်...
သန့်ရှင်းသောဝိညာဉ်တော်၏ အထူးလမ်းပြပို့ဆောင်ခြင်းကို ခံရသောသူများမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်ကိုယ်တည်း သီးခြား ရှင်သန်မရပ်တည်နိုင်ပေ။...
နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။...