ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၇

03.04.2021

လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ ရိုးသားစစ်မှန်သော စိတ်ခံစားမှုများ

ဘုရားသခင်ကို သိနားလည်ရန်မှာ လွယ်ကူသောအရာမဟုတ်ဟု လူတို့က မကြာခဏ ပြောတတ်ကြသည်။ သို့သော်လည်း၊ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို လူမြင်တွေ့နိုင်ရန် မကြာခဏ ခွင့်ပြုသောကြောင့် ဘုရားသခင်ကို သိနားလည်ခြင်းသည် ခက်ခဲသောကိစ္စ လုံးဝမဟုတ်ဟု ငါဆိုသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ဆွေးနွေးခြင်းကို ဘယ်သောအခါမျှ မရပ်စဲခဲ့ဖူးပေ၊ သူသည် သူ့ကိုယ်သူ လူသားထံမှ ဘယ်သောအခါမျှ မဖုံးကွယ်ဖူးသကဲ့သို့ သူ့ကိုယ်သူလည်း မကွယ်ဝှက်ဖူးပေ။ သူ၏ အတွေးများ၊ သူ၏ စိတ်ကူးများ၊ သူ၏ နှုတ်ကပတ်တော်များနှင့် သူ၏ လုပ်ဆောင်ချက်များ အားလုံးကို လူသားမျိုးနွယ် တစ်ရပ်လုံးအား ထုတ်ဖော်သည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို သိနားလည်ရန် ဆန္ဒရှိသရွေ့၊ သူသည် နည်းစနစ်များနှင့် နည်းလမ်းများမျိုးစုံဖြင့် ဘုရားသခင်ကို နားလည်သိမြင်လာနိုင်သည်။ ဘုရားသခင်သည် သူ့ကို တမင်ရှောင်သည်၊ ဘုရားသခင်သည် လူ့လောကမှ သူ့ကိုယ်သူ တမင်ဖုံးကွယ်ထားသည်၊ သူ့ကို လူသားနားလည်သိမြင်ရန် ခွင့်ပြုဖို့ ဘုရားသခင်တွင် ရည်ရွယ်ချက်မရှိဟု လူသားသည် ကြောင်းကျိုးမမြင် ထင်ရသည့်အကြောင်းမှာ- သူသည် ဘုရားသခင် မည်သူဖြစ်သည်ကို မသိသောကြောင့်သာမက ဘုရားသခင်ကို နားလည်ရန် ဆန္ဒလည်း မရှိသောကြောင့် ဖြစ်သည်၊ ထို့ထက်ပို၍ သူသည် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များ သို့မဟုတ် လုပ်ဆောင်ချက်များတို့ကို စိတ်မဝင်စားသောကြောင့်ပင် ဖြစ်သည်။...မှန်မှန်ကန်ကန် ပြောရလျှင် လူတစ်ယောက်က ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ရန် သူ၏ အားနေသောအချိန်ကိုသာ အသုံးပြုကာ၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသား၏ အသံတော်ကို အနည်းငယ်သာ အာရုံစိုက်မှု ပြုမည်ဆိုပါက- ဘုရားသခင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များမှာ ထင်ရှားပြီး ပွင့်လင်းမြင်သာကြောင်း သူတို့ သဘောပေါက်မိရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ အလားတူစွာ၊ ဖန်ဆင်းရှင်သည် လူသားအကြားတွင် အမြဲတမ်းရှိသည်၊ သူသည် လူသားနှင့် ဖန်ဆင်းရာ တစ်ခုလုံးအား အမြဲ စကားစမြည် ပြောနေသည်၊ ထို့ပြင် သူသည် နေ့စဉ် အမှုသစ်များ ပြုလုပ်နေသည်ကို သဘောပေါက်မိရန် အနည်းငယ်သာ အားထုတ်ကြိုးပမ်းရလိမ့်မည်။ သူ၏ အနှစ်သာရနှင့် စိတ်သဘောထားတို့ကို လူသားနှင့် အပြန်အလှန် ဆွေးနွေးခြင်းတွင် ဖော်ပြထားသည်၊ သူ၏ အတွေးများနှင့် စိတ်ကူးများကို သူ၏ လုပ်ဆောင်ချက်များတွင် ပြည့်စုံစွာ ထုတ်ဖော်ထားသည်၊ သူသည် လူသားမျိုးနွယ်နှင့်အတူ အမြဲတမ်းပါရှိပြီး စောင့်ကြည့်နေသည်။ ငါသည် ကောင်းကင်တွင် တည်ရှိပြီး၊ ငါသည် ငါ၏ ဖန်ဆင်းရာထဲတွင် တည်ရှိသည်ဟု သူသည် လူသားမျိုးနွယ်နှင့် ဖန်ဆင်းရာ အားလုံးတို့ကို သူ၏ အသံတိတ်စကားလုံးများဖြင့် ညင်ညင်သာသာ စကားပြောသည်။ ငါသည် အိပ်ဖန်စောင့်ပေးနေသည်၊ ငါသည် စောင့်ဆိုင်းနေသည်၊ ငါသည် သင်၏ အပါးတွင် ရှိနေသည်...သူ၏ လက်များမှာ နွေးထွေးပြီး သန်မာသည်၊ သူ၏ ခြေသံတို့မှာ ပေါ့ပါးသည်၊ သူ၏အသံမှာ နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့သည်၊ သူ၏ အသွင်သဏ္ဌာန်မှာ လူသားမျိုးနွယ် အားလုံးကို လက်ခံပွေ့ဖက်ရင်း ဖြတ်သွားလှည့်ပတ်သည်၊ သူ၏ မျက်နှာထားမှာ လှပပြီး နူးညံ့သိမ်မွေ့သည်။ သူသည် ဘယ်သောအခါမှ ထွက်ခွာမသွားသကဲ့သို့ သူသည် ပျောက်ကွယ်လည်း မသွားဖူးပါ။ သူသည် နေ့ရောညပါ လူသားမျိုးနွယ်ဘေးမှထွက်ခွာသွားခြင်း မရှိဘဲ ၎င်းတို့၏ သစ္စာရှိသော အဖော်ပင် ဖြစ်သည်။ လူ့လောကအတွက် သူ၏ အစဉ်ချစ်ခင် သစ္စာရှိသော စောင့်ရှောက်ပြုစုခြင်းနှင့် အထူး ချစ်ခင်ကြင်နာခြင်းကိုလည်းကောင်း၊ လူသားအတွက် သူ၏ စစ်မှန်သော အလေးထားမှုနှင့် ချစ်ခြင်းမေတ္တာကိုလည်းကောင်း သူနိနေဝေမြို့ကို ကယ်တင်သောအခါ၌ နည်းနည်းချင်း ပြသခဲ့သည်။ အထူးသဖြင့် ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြား အပြန်အလှန်အချီအချ စကားပြောခြင်းက သူကိုယ်တိုင် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ သနားခြင်းကရုဏာကို ပိုမို၍ ဖော်ထုတ်ပြခဲ့သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရိုးသားစစ်မှန်သော စိတ်ခံစားမှုများကို ဤစကားလုံးများအားဖြင့် နက်နက်ရှိုင်းရှိုင်း သဘောပေါက်နားလည်ခြင်း သင်ရရှိနိုင်သည်...

အောက်ဖော်ပြပါ ကျမ်းပိုဒ်ကို ယောန၀တ္ထုအခန်းကြီး ၄ အခန်းငယ် ၁၀ မှ ၁၁ တွင် မှတ်တမ်းတင်ထားသည်။ “ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” ဤသည်တို့မှာ ယေဟောဝါဘုရားသခင်၏ တကယ့်နှုတ်ကပတ်တော်များဖြစ်ပြီး၊ သူနှင့် ယောနတို့ကြား စကားစမြည်ပြောခြင်း ဖြစ်သည်။ ဤအပြန်အလှန် စကားပြောခြင်းမှာ တိုတောင်းလင့်ကစား လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ စောင့်ရှောက်ပြုစုခြင်းနှင့် လူသားအား လက်လျှော့ရန် သူ၏ ဝန်လေးမှုတို့နှင့် ပြည့်နေသည်။ သူ၏ ဖန်ဆင်းရာအတွက် သူ၏နှလုံးသားထဲတွင် ဘုရားသခင် စွဲကိုင်ထားသည့် စစ်မှန်သော သဘောထားနှင့် စိတ်ခံစားမှုများကို ဤနှုတ်ကပတ်တော်များက ဖော်ပြကာ၊ အလားတူ နှုတ်ကပတ်တော်မျိုး လူသားကြားဖူးရန် ကြုံခဲလှသည့် ဤသို့ ရှင်းလင်းပြတ်သားသော စကားလုံးများဖြင့် ဘုရားသခင်သည် လူသားတစ်ရပ်လုံးအတွက် သူ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ထုတ်ပြန်သည်။ ဤအပြန်အလှန် စကားပြောခြင်းက နိနေဝေမြို့သားများအပေါ် ဘုရားသခင် စွဲကိုင်ခဲ့သည့် သဘောထားတစ်ခုကို ကိုယ်စားပြုသည်၊ သို့ရာတွင် ဤသည်မှာ မည်ကဲ့သို့သော သဘောထားမျိုးနည်း။ ယင်းသည် နိနေဝေမြို့သားများ နောင်တမရခင်နှင့် နောင်တရပြီးနောက် သူတို့အပေါ် ဘုရားသခင်စွဲကိုင်ခဲ့သည့် သဘောထားပင်ဖြစ်သည်။ ဘုရားသခင်သည် လူ့လောကကို တူညီသောနည်းဟန်ဖြင့် ဆက်ဆံပြုမူသည်။ လူတစ်ဦးသည် ဤနှုတ်ကပတ်တော်များထဲတွင် သူ၏ အတွေးများကိုလည်းကောင်း၊ သူ၏ စိတ်နေသဘောထားကိုလည်းကောင်း ရှာတွေ့နိုင်သည်။

ဤနှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အဘယ်သို့သော အတွေးများကို ထုတ်ဖော်ထားသနည်း။ ဂရုတစိုက်ဖတ်ရှုခြင်းက ဘုရားသခင်သည် “နှမြော” ဟူသည့် စကားလုံးကို သုံးထားကြောင်း ချက်ချင်းထုတ်ဖော်သည်၊ ဤစကားလုံး သုံးနှုန်းထားခြင်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စစ်မှန်သော သဘောထားကို ထင်ရှားစေသည်။

တိုက်ရိုက် အဓိပ္ပာယ် အဆင့်အရ၊ လူတို့သည် “နှမြော” ဟူသည့် စကားလုံးကို နည်းလမ်းအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်နိုင်သည်၊ ပထမအနေဖြင့် ချစ်၍ ကာကွယ်သည်၊ တစ်စုံတစ်ခုအပေါ် ကြင်နာမှုခံစားသည်၊ ဒုတိယအနေဖြင့် လွန်စွာချစ်သည်၊ နောက်ဆုံးအဓိပ္ပာယ်မှာ ယင်းကို နာကျင်စေရန် ဆန္ဒမရှိရုံသာမက ထိုသို့ပြုရန်ပင် မခံမရပ်နိုင်ပေ ဟူ၍ဖြစ်သည်။ အတိုချုပ်အားဖြင့် ယင်းက နူးညံ့သိမ်မွေ့သော ချစ်ခင်ကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ခုအား လက်လျှော့ရန် ဆန္ဒမရှိခြင်းကို ညွှန်းဆိုသည်၊ ယင်းက လူသားအပေါ် ဘုရားသခင်၏ ကရုဏာနှင့် သည်းခံခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည် လူတွေကြားထဲတွင် အများပြောနေကျ စကားလုံးတစ်လုံးကို သုံးနှုန်းခဲ့သော်လည်း၊ ဤစကားလုံး သုံးနှုန်းခြင်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင့်နှလုံးသား၏ အသံတော်နှင့် သူ၏ သဘာထားကို ဖော်ထုတ်ပြသည်။

နိနေဝေမြို့သည် သောဒုံ၌ ရှိသောသူများကဲ့သို့ ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်၍ ရုန့်ရင်းကြမ်းကြုတ်သော လူများနှင့် ပြည့်နေခဲ့လင့်ကစား၊ သူတို့၏ နောင်တရခြင်းက ဘုရားသခင်၏ နှလုံးသားကို ပြောင်းလဲစေခဲ့ပြီး သူတို့ကို မဖျက်ဆီးရန် ဆုံးဖြတ်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားချက်များအပေါ် သူတို့၏ တုံ့ပြန်ချက်က သောဒုံမြို့သားများနှင့် သိသိသာသာ ကွာခြားသော သဘောထားတစ်ခုကို ထင်ထင်ရှားရှား ပြသောကြောင့်လည်းကောင်း၊ ထို့နောက် ဘုရားသခင့်ထံ သူတို့၏ ရိုးသားသော ကျိုးနွံနာခံခြင်းနှင့် သူတို့၏ အပြစ်များအတွက် ရိုးသားသော နောင်တရခြင်းအပြင်၊ အဖက်ဖက်၌ သူတို့၏ စစ်မှန်၍ လှိုက်လှဲသော အပြုအမူများကြောင့်လည်းကောင်း၊ ဘုရားသခင်သည် သူ၏ လှိုက်လှဲသော သနားခြင်းကရုဏာကို နောက်တစ်ကြိမ် ထင်ထင်ရှားရှားပြခဲ့ပြီး ယင်းကို သူတို့အပေါ် နှင်းအပ်ခဲ့သည်။ ဘုရားသခင်၏ ဆုလာဘ်နှင့် လူ့လောကအတွက် သူ၏ သနားခြင်းကရုဏာကို အဘယ်သူမျှ တုပရန်မဖြစ်နိုင်၊ ဘုရားသခင်၏ ကရုဏာ သို့မဟုတ် သည်းခံခြင်းကိုဖြစ်စေ၊ လူ့လောက အပေါ်သူ၏ ရိုးသားစစ်မှန်သော စိတ်ခံစားမှုများကို ဖြစ်စေ အဘယ်ပုဂ္ဂိုလ်ကမျှ ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။ ကြီးမြတ်သော အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးအဖြစ် သင်ယူဆသောသူ၊ သို့မဟုတ် မြင့်မြတ်သော အဆင့်တစ်ခုမှ ကြီးမြတ်သော အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးအဖြစ် စကားပြောသော အာဂလူတစ်ဦးပင်ဖြစ်စေ သို့မဟုတ် အမြင့်ဆုံးအဆင့်အပေါ်မှ လူသားမျိုးနွယ် သို့မဟုတ် ဖန်ဆင်းရာအပေါ် ဤကဲ့သို့သော ထုတ်ပြန်ချက်မျိုး ပြုလုပ်သောသူ ရှိပါ၏လော။ လူသားမျိုးနွယ်တွင် မည်သူသည် လူ့လောက၏ အသက်ရှင်မှု အနေအထားများကို သူတို့ လက်ဖဝါးလို သိနိုင်သနည်း။ လူ့လောက၏ ဖြစ်တည်ခြင်းအတွက် ဝန်ထုပ်နှင့်တာဝန်ကို မည်သူ ထမ်းဆောင်နိုင်သနည်း။ မြို့တစ်မြို့ဖျက်ဆီးခြင်းကို ကြေညာရန် မည်သူ အရည်အချင်းမီသနည်း။ ထို့ပြင် မြို့တစ်မြို့ကို ခွင့်လွှတ်ရန် မည်သူ အရည်အချင်းမီသနည်း။ သူတို့ကိုယ်တိုင်ဖန်ဆင်းရာကို သူတို့ ချစ်ခင်မြတ်နိုးသည်ဟု မည်သူဆိုနိုင်သနည်း။ ဖန်ဆင်းရှင်သာလျှင် ဆိုနိုင်၏။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် သနားခြင်း ကရုဏာထားသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်ကို သိမ်မွေ့ခြင်းနှင့် ချစ်ခင်ကြင်နာခြင်း ပြသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အတွက် စစ်မှန်၍ မချိုးနှိမ်နိုင်သော ချစ်ခင်ကြင်နာခြင်း စွဲကိုင်ထားသည်။ ထိုနည်းတူစွာ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် ကရုဏာနှင်းအပ်နိုင်ကာ သူ၏ ဖန်ဆင်းရာအားလုံးကို ချစ်ခင်မြတ်နိုးနိုင်သည်။ သူ၏ နှလုံးသားသည် လူသား၏ လုပ်ရပ်များ တစ်ခုစီတိုင်းတွင် ခုန်ပေါက်၍ နာကျင်သည်၊ လူသား၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးမှုအပေါ် သူသည် စိတ်ဆိုး၊ သောကရောက်ပြီး ဝမ်းနည်းကြေကွဲသည်၊ လူသား၏ နောင်တနှင့်ယုံကြည်မှုအတွက် သူသည် ကျေနပ်ပျော်ရွှင်ခွင့်လွှတ်ပြီး ဂုဏ်ယူဝင့်ကြွားသည်၊ သူ၏ အတွေးများနှင့် စိတ်ကူးများ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်အတွက် ဖြစ်၍ လူသားကို ဗဟိုပြုနေသည်၊ သူ၏ ဖြစ်ခြင်းနှင့် အရာအားလုံးကို လူသားမျိုးနွယ်အတွက်သာလျှင် ဖော်ပြထားသည်၊ သူ၏ စိတ်ခံစားမှုများ တစ်ခုလုံးသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုနှင့်အတူ ရောယှက်နေသည်။ လူသားမျိုးနွယ်အဖို့အလို့ငှာ၊ သူသည်သွားလာပြီး အပူတပြင်းလုပ်ဆောင်သည်၊ သူသည် သူ့အသက်၏ အပိုင်းအစတိုင်းကို တိတ်တိတ်ဆိတ်ဆိတ် ထုတ်လွှတ်ပေးသည်၊ သူသည် သူ့အသက်၏ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ဆက်ကပ်ထားသည်...သူသည် သူကိုယ်တိုင်၏အသက်ကို နှမျှောရကောင်းမှန်း လုံးဝမသိခဲ့ပေ၊ သည့်ထက် သူသည် သူကိုယ်တိုင်ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်ကို အမြဲနှမျှောပြီး ချစ်ခင်မြတ်နိုးခဲ့သည်...သူသည် ဤလူ့လောကအတွက် သူရှိသမျှအားလုံးကို ပေးအပ်သည်...သူသည် သူ၏ ကရုဏာနှင့် သည်းခံခြင်းကို အကြွင်းမဲ့နှင့် ဆုလာဘ်အတွက် မျှော်လင့်ချက်မပါဘဲ ချပေးသည်။ လူသားမျိုးနွယ်က သူ၏ အသက်ထောက်ပံ့ခြင်းကို ရရှိပြီး၊ သူ့မျက်စိရှေ့တွင် ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက်သာ သူဤသို့ ပြုလုပ်သည်၊ လူသားမျိုးနွယ်သည် တစ်နေ့ သူ၏ရှေ့မှောက်တွင် ကျိုးနွံနာခံကာ၊ သူသာလျှင် လူသား၏ ဖြစ်တည်မှုကို အာဟာရဖြစ်စေပြီး ဖန်ဆင်းရာအားလုံး၏ အသက်ကို ဖြည့်စွမ်းပေးသောသူဖြစ်ကြောင်း သိရန်အလို့ငှာ သူဤသို့ပြုလုပ်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။