ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၃

ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်သည့်အခါ သူသည် တစ်စုံတစ်ရာ တည်ဆောက်ခြင်း သို့မဟုတ် လှုပ်ရှားမှုများထဲတွင် ပါဝင်ရန် လာခြင်းမဟုတ်ဘဲ သူ၏အမှုတော်ကို ကျေပွန်အောင်လုပ်ဆောင်ရန် လာခြင်းဖြစ်သည်။ သူလူ့ဇာတိခံယူသည့်အကြိမ်တိုင်း အမှု၏အဆင့်တစ်ခု ပြီးမြောက်စေရန်နှင့် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ရန်သာဖြစ်သည်။ ယခုအခါ နိုင်ငံတော်ခေတ် ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံတော်အတွက် လေ့ကျင့်ပေးခြင်းသည်လည်း ထို့အတူပင် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ လူ၏အလုပ် မဟုတ်ပေ၊ ယင်းသည် လူသားကို အတိုင်းအတာ တစ်စုံတစ်ခုအထိ ပြုပြင်ရန်လည်း မဟုတ်ပေ၊ ယင်းသည် ဘုရားသခင်၏ အမှုအစိတ်အပိုင်းတစ်ခုကို စုံလင်စေရန်သာဖြစ်သည်။ သူလုပ်ဆောင်သောအရာမှာ လူ၏အလုပ် မဟုတ်ပေ၊ ယင်းသည် ကမ္ဘာမြေကြီးမှ မထွက်ခွာမီ လူကို ပြုပြင်ရာ၌ တိကျသောရလဒ်တစ်ခုကို ရရှိရန်အတွက် မဟုတ်ပေ၊ သူ၏အမှုတော်ကို ကျေပွန်အောင်လုပ်ဆောင်ရန်နှင့် သူပြုရမည့်အမှုကို အဆုံးသတ်ရန်သာဖြစ်၍ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုအတွက် သင့်လျော်သောအစီအစဉ်များကို ချမှတ်ရန်ဖြစ်ကာ၊ ထိုနည်းအားဖြင့် ဘုန်းထင်ရှားလာစေရန်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူတို့၏အမှုနှင့် မတူညီပေ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ သူ၏အမှုကို လုပ်ဆောင်ရန်ကြွလာသည့်အခါ၊ သူ၏အမှုတော် ကျေပွန်စေရန်အတွက်သာ သူအလေးထား၏။ သူ၏အမှုတော်နှင့်မသက်ဆိုင်သည့် အခြားသောကိစ္စအားလုံးတို့၌ သူသည် ပါဝင်ပတ်သက်ခြင်း မရှိသလောက်ပင်ဖြစ်ကာ၊ မသိကျိုးကျွန် ပြုသည်အထိဖြစ်၏။ သူသည် သူပြုသင့်သောအမှုကို လုပ်ဆောင်ရုံမျှသာဖြစ်ပြီး၊ လူတို့ပြုသင့်သောအမှုနှင့်ပတ်သက်၍ သူသည် ပူပန်မှုမရှိဆုံးဖြစ်၏။ သူပြုသောအမှုသည် သူရှိနေသော ခေတ်ကာလ၊ သူကျေပွန်အောင်လုပ်ဆောင်သင့်သော အမှုတော်နှင့်သာ လုံးလုံးသက်ဆိုင်ပြီး၊ အခြားသောကိစ္စမှန်သမျှမှာ သူ၏အာဏာစက်ပြင်ပ၌ ရှိသကဲ့သို့ဖြစ်သည်။ သူသည် လူသားတစ်ဦးအဖြစ် အသက်ရှင်ရာ၌ ပို၍အခြေခံကျသော အသိဖြင့် မိမိကိုယ်ကို ဖြည့်ဆည်းခြင်းမရှိသကဲ့သို့၊ နောက်ထပ်လူမှုရေးရာကျွမ်းကျင်မှုများကို သင်ယူခြင်းသော်လည်းကောင်း၊ လူတို့နားလည်သော အခြားအရာတစ်စုံတစ်ခုဖြင့် မိမိကိုယ်ကို ပြည့်စုံစေခြင်းသော်လည်းကောင်း သူမပြုချေ။ လူသားတို့ ပိုင်ဆိုင်သင့်သောအရာမှန်သမျှကို စိတ်ဝင်စားခြင်း လုံးဝမရှိဘဲ၊ သူသည် သူ၏တာဝန်ဖြစ်သောအမှုကို ပြုရုံမျှသာဖြစ်သည်။ ထို့ကြောင် လူ့ဇာတိခံယူသောဘုရားသခင်သည် အကြောင်းခြင်းရာအများအပြား၌ မပြည့်စုံလွန်းသည့်အတွက် သူသည် လူတို့၌ရှိသင့်သော အရာများစွာကိုပင် အလေးဂရုမပြုသည်သာမက ယင်းသို့သောအရာများအပေါ် နားလည်မှုဟူသည်လည်း မရှိဟု လူတို့က မြင်ကြလေသည်။ တစ်ကိုယ်ရေအပြုအမူနှင့် အခြားသူများနှင့် တုံ့လှယ်မှုအပေါ် ထိန်းချုပ်သော စည်းမျဉ်းများအပြင်၊ ဘဝနှင့်သက်ဆိုင်သည့် ဘုံအသိကဲ့သို့သော အကြောင်းအရာများသည် သူနှင့်သက်ဆိုင်မှုမရှိဟု ထင်ရ၏။ သို့သော်လည်း သင်သည် လူ့ဇာတိခံယူသောဘုရားသခင်ထံမှ ပုံမှန်မဟုတ်ခြင်း၏ အရိပ်အမြွက်အနည်းငယ်ကိုမျှ သတိပြုမိနိုင်မည်မဟုတ်ပေ။ တစ်နည်းဆိုသော် သူ၏လူ့သဘာဝသည် သာမန်လူသားတစ်ဦးဖြစ်သော သူ၏အသက်တာနှင့် သာမန်တွေးခေါ်ဆင်ခြင်မှုရှိသော သူ၏ဦးနှောက်ကို ထိန်းသိမ်းခြင်းသာဖြစ်ပြီး၊ သူ့အား အမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်းပေးလေသည်။ သို့သော်လည်း သူသည် လူတို့ (ဖန်ဆင်းခံသတ္တဝါများ) သာ ပိုင်ဆိုင်သင့်သော အရာများဖြစ်သည့် အခြားသောအရာအားလုံးဖြင့် ဖြည့်ဆည်းထားခြင်းကား မရှိပေ။ ဘုရားသခင်သည် သူ၏အမှုတော်ကို ကျေပွန်အောင်လုပ်ဆောင်ရန်သာ လူ့ဇာတိခံယူခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်ကာလတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏၊ လူတစ်ဦးတစ်ယောက် သို့မဟုတ် နေရာတစ်ခုမျှကိုသာ မဟုတ်ဘဲ၊ စကြဝဠာတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏။ ဤသည်မှာ သူ၏အမှုတော် ရည်မှန်းချက်ဖြစ်ပြီး၊ သူအမှုပြုသော အခြေခံသဘောတရားဖြစ်သည်။ ဤအရာကို မည်သူမျှ ပြောင်းလဲ၍မရသည့်အပြင်၊ လူသားသည် ယင်းအရာ၌ ပါဝင်ပတ်သက်လာရန်အကြောင်းလည်း မရှိပေ။ ဘုရားသခင် လူ့ဇာတိခံယူသည့်အကြိမ်တိုင်းတွင် ထိုခေတ်ကာလ၏အမှုကို သူနှင့်အတူ ဆောင်ယူလာ၏၊ ထို့ပြင် လူသားသည် သူ့အား ပို၍နားလည်ကာ ထိုးထွင်းသိမြင်နိုင်စေရန်အလို့ငှာ လူတို့နှင့်အတူ အနှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် သို့မဟုတ် အနှစ်ခုနစ်ဆယ်၊ ရှစ်ဆယ်မျှပင် နေထိုင်မည်ဟူသော ရည်ရွယ်ချက် သူ့မှာမရှိပေ။ ထိုအရာသည် မလိုအပ်ချေ။ ထိုသို့ပြုခြင်းဖြင့် ဘုရားသခင်၏ ပင်ကိုစိတ်နေသဘောထားအပေါ် လူသား၏အသိကို မည်သို့မျှ နက်ရှိုင်းစေလိမ့်မည် မဟုတ်၊ ယင်းအစား လူသား၏အယူအဆများကိုသာ တိုးလာစေမည်ဖြစ်ပြီး၊ လူသား၏အယူအဆများနှင့် အတွေးများကို ခိုင်မြဲလာစေရန်သာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် သင်တို့အားလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုမှာ အဘယ်အရာဖြစ်သည်ကို အတိအကျနားလည်အပ်ပေသည်။ “ငါလာခဲ့သည်မှာ သာမန်လူသားတစ်ဦး၏ အသက်တာကို တွေ့ကြုံရန်အတွက်မဟုတ်” ဟူ၍ သင်တို့အား ငါပြောခဲ့ပြီးသော နှုတ်ကပတ်တော်များကို၊ သင်တို့အနေဖြင့် နားမလည်ထား၍ မရပေ။ “ဘုရားသခင်သည် ကမ္ဘာလောကသို့ ကြွလာခြင်းမှာ သာမန်လူသားတစ်ဦး၏အသက်တာဖြင့် နေထိုင်ရန်မဟုတ်” ဟူသော နှုတ်ကပတ်တော်တို့ကို သင်တို့မေ့လျော့ကြပြီလော။ လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ရည်ရွယ်ချက်ကို သင်တို့နားမလည်ကြသည့်အပြင်၊ “ဘုရားသခင်သည် ဖန်ဆင်းခံလူသားတစ်ဦး၏ဘဝကို တွေ့ကြုံခံစားရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ်သို့ အဘယ်ကြောင့် ကြွလာခဲ့မည်နည်း” ဟူသော အဓိပ္ပာယ်ကိုလည်း သင်တို့မသိကြပေ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းမှာ သူ၏အမှုကို အပြီးသတ်ရန်အတွက်သာဖြစ်သဖြင့်၊ ကမ္ဘာမြေကြီးပေါ်မှ သူ၏အမှုသည် သက်တမ်းတိုခြင်းဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်အနေဖြင့် သူ၏လူ့ဇာတိခန္ဓာကိုယ်အား အသင်းတော်ကို ဦးဆောင်မည့် ကြီးမြတ်သောလူတစ်ဦးအဖြစ် ပြုစုပျိုးထောင်ပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းမဟုတ်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာသောအခါ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူခြင်းဖြစ်သည်၊ သို့သော်လည်း လူတို့သည် သူ၏အမှုကို မသိကြဘဲ၊ အကြောင်းအရာများကို သူနှင့် အတင်းအကျပ် ပတ်သက်စပ်ဆိုင်စေကြ၏။ သို့သော် ဘုရားသခင်သည် “လူ့ဇာတိခံယူသော နှုတ်ကပတ်တော်” ဖြစ်၍၊ ဘုရားသခင်၏အခန်းကဏ္ဍကို ယာယီအားဖြင့် တာဝန်ယူရန်အလို့ငှာ ဘုရားသခင်ဝိညာဉ်တော်၏ ပျိုးထောင်ခြင်းခံထားရသော လူ့ဇာတိခန္ဓာကိုယ်တစ်ခု မဟုတ်ကြောင်းကို သင်တို့အားလုံး သဘောပေါက်သင့်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် ပျိုးထောင်ခြင်း၏ ရလဒ်မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော နှုတ်ကပတ်တော်သာဖြစ်ပြီး၊ ယနေ့ သင်တို့အားလုံးအလယ်၌ သူ၏အမှုကို သူတရားဝင်လုပ်ဆောင်နေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် စစ်မှန်သော သမ္မာတရားတစ်ခုဖြစ်ကြောင်းကို သင်တို့အားလုံးသိကြပြီး၊ အသိအမှတ်ပြုကြသော်လည်း၊ သင်တို့သည် သင်တို့၏ကျင့်သုံးနိုင်စွမ်းကို ကျော်လွန်သော နားလည်မှုတစ်ခုဖြစ်သယောင် ဟန်ဆောင်ကြ၏။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုမှသည် လူ့ဇာတိခံယူခြင်း၏ အရေးပါမှုနှင့် အနှစ်သာရအထိ ဤအရာများကို သင်တို့သည် အနည်းငယ်မျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိကြဘဲ၊ မှတ်မိသရွေ့ နှုတ်ကပတ်တော်တို့ကို ရွှန်းရွှန်းဝေအောင် ရွတ်ဆိုပြရင်းဖြင့် အခြားသူများအတိုင်းသာ လိုက်ကြ၏။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်စိတ်ကူးသည်နှင့်အညီဖြစ်မည်ဟု သင်ထင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၅

သမ္မာကျမ်းစာသည် ဣသရေလ၌ ဘုရားသခင် ပြုသည့် အမှု၏ သမိုင်းမှတ်တမ်းဖြစ်ပြီး ရှေးခေတ် ပရောဖက်များ၏ အနာဂတ္တိဟောကြားချက် များစွာအပြင် ထိုအချိန်က...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၆

ဖာရိရှဲတို့ ယေရှုကိုဆန့်ကျင်ရခြင်းအကြောင်းရင်းကို သင်တို့သိလိုပါသလား။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုပါသလား။ ၎င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၁

ယိုယွင်းပျက်စီးပြီး ညစ်ညူးနေသည့် ဤလူသားများကြားတွင် လုပ်ဆောင်စရာရှိသည့် အရာများကို လုပ်ဆောင်ရန်အလို့ငှာနှင့် သူ၏လူနည်းစုတစ်စုကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၉

ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ သဘောထားအမျိုးမျိုး ဘုရားသခင်အပေါ် လူတို့ပြုမူပုံသည် ၎င်းတို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးကာ ၎င်းတို့အပေါ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။