ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၇

05.03.2021

ဝိညာဉ်လောကနှင့်ပတ်သက်၍ ဝိညာဉ်လောကရှိ သတ္တဝါအမျိုးမျိုးသည် အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်လျှင်၊ ၎င်းတို့၏အလုပ်ကို မှန်ကန်စွာ မလုပ်လျှင်၊ ဘုရားသခင်တွင်လည်း ၎င်းတို့ကို ကိုင်တွယ်ရန် အလားတူ လိုက်လျောညီထွေသော ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ပြန်တမ်းများနှင့် အမိန့်များရှိ၏။ ဤသည်မှာ အကြွင်းမဲ့ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ အနှစ် ထောင်ပေါင်းများစွာသော စီမံခန့်ခွဲသည့်အမှုကာလအတွင်း အမှားပြုလုပ်ခဲ့သည့် အချို့သော ဘိလစ်စာရေးများ မျိုးဖြုတ်ခံရကာ၊ အချို့မှာ ယနေ့ ထိန်းသိမ်းခံရနေဆဲဖြစ်၍ အပြစ်ပေးခံရနေဆဲဖြစ်၏။ ဤသည်မှာ ဝိညာဉ်လောကရှိ သတ္တဝါတိုင်း ရင်ဆိုင်ရမည့်အရာဖြစ်၏။ ၎င်းတို့သည် အမှားအယွင်း တစ်စုံတစ်ရာပြုလုပ်လျှင်ဖြစ်စေ၊ မကောင်းမှု တစ်စုံတစ်ရာ ကျူးလွန်သည်ဖြစ်စေ အပြစ်ပေးခံရ၏။ ဤသည်မှာ ဘုရားသခင်သည် သူ၏ရွေးချယ်ခြင်းခံရသူများနှင့် အစေခံသူများအပေါ် ချဉ်းကပ်နည်းနှင့် အတူတူပင်ဖြစ်၏။ ထို့ကြောင့် ဝိညာဉ်လောကတွင်ဖြစ်စေ၊ ရုပ်ဝတ္ထုလောကတွင်ဖြစ်စေ၊ ဘုရားသခင်ပြုမူဆောင်ရွက်သည့် အခြေခံသဘောတရားများသည် မပြောင်းလဲပေ။ သင်သည် ဘုရားသခင်၏ ဆောင်ရွက်ချက်များကို မြင်နိုင်သည်ဖြစ်စေ၊ မြင်နိုင်ခြင်း မရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့၏အခြေခံသဘောတရားများမှာ ပြောင်းလဲခြင်းမရှိပေ။ တစ်လျှောက်လုံးတွင် ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် သူ၏ချဉ်းကပ်မှုနှင့် အရာခပ်သိမ်းကို သူ၏ကိုင်တွယ်မှုတွင် တူညီသော အခြေခံသဘောတရားများ ရှိသည်။ ဤသည်မှာ ပြောင်းလဲ၍မရပေ။ ဘုရားသခင်သည် မယုံကြည်သူများအကြား၌ သင့်တော်စွာနေသောသူများအပေါ် ကြင်နာ၍ ဘာသာတစ်ရပ်စီတိုင်းရှိ လိမ္မာ၍ မကောင်းမှုမပြုသူများအတွက် အခွင့်အရေးများ ချန်ထားပေးကာ ဘုရားသခင်မှ စီမံခန့်ခွဲသည့် အရာခပ်သိမ်းရှိ ၎င်းတို့၏အခန်းကဏ္ဍတွင် ပါဝင်ခွင့်ပေး၍ ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်ခွင့်ပြုသည်။ အလားတူစွာပင် ဘုရားသခင်နောက်လိုက်သူများအကြား၊ သူရွေးချယ်ထားသောလူတို့အကြား၊ ဘုရားသခင်သည် သူ၏အခြေခံသဘောတရားများနှင့်အညီ မည်သူ့ကိုမျှ ခွဲခြားဆက်ဆံခြင်း မရှိပေ။ သူသည် စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်သူတိုင်းအပေါ် ကြင်နာ၍ စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်သူတိုင်းကို ချစ်၏။ မယုံကြည်သူများ၊ ယုံကြည်ခြင်းရှိသော လူအမျိုးမျိုးနှင့် ဘုရားသခင်၏ရွေးချယ်ခံရသူများစသည်ဖြင့် ထိုသူအမျိုးမျိုးတို့အတွက်သာ ဘုရားသခင်ချပေးသည့်အရာ ကွဲပြား၏။ မယုံကြည်သူများကို ကြည့်ကြစို့။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ဘုရားသခင်သည် ၎င်းတို့အား ခြံမွေးတိရစ္ဆာန်များကဲ့သို့ မြင်သော်လည်း အရာခပ်သိမ်းအကြားတွင် ၎င်းတို့တစ်ဦးစီတိုင်းသည် စားစရာအစာရှိ၏၊ ကိုယ်ပိုင်နေရာရှိကာ ပုံမှန် ရှင်ခြင်းနှင့်သေခြင်း သံသရာရှိ၏။ မကောင်းမှုပြုသူတို့သည် အပြစ်ပေးခြင်းခံရကာ ကောင်းမှုပြုသူများသည် ကောင်းချီးခံစားရ၍ ဘုရားသခင်၏ အကြင်နာကို လက်ခံရရှိကြ၏။ ၎င်းမှာ ဤသို့ပင်မဟုတ်လော။ ယုံကြည်ခြင်းရှိသောလူ များအတွက် ပြန်လည်မွေးဖွားခြင်း တစ်ကြိမ်ပြီးနောက် တစ်ကြိမ်ဖြစ်တိုင်း ၎င်းတို့သည် ဘာသာရေး ကျင့်ဝတ်သီလများကို အတိအကျ လိုက်နာနိုင်ပါက၊ ၎င်းပြန်လည်မွေးဖွားခြင်းများအားလုံး၏နောက်ပိုင်းတွင် ဘုရားသခင်သည် အဆုံး၌ ၎င်းတို့အတွက် သူ၏ကြေညာချက် ပြုလုပ်လိမ့်မည်။ အလားတူစွာပင် ယနေ့ သင်သည် ဘုရားသခင်၏ ရွေးကောက်ခံရသူတစ်ဦးဖြစ်စေ၊ အစေခံသူတစ်ဦးဖြစ်စေ၊ သင်တို့ကိုလည်း အတန်းထဲသို့ ခေါ်သွင်းလိမ့်မည်ဖြစ်ပြီး သူချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ စီမံအုပ်ချုပ်မှုအမိန့်များနှင့်အညီ သင်တို့၏အဆုံးသတ်ကို ဆုံးဖြတ်လိမ့်မည်။ ဘာသာအမျိုးမျိုးနှင့်သက်ဆိုင်သော ယုံကြည်ခြင်းရှိသော လူအမျိုးအစားအမျိုးမျိုးဖြစ်သည့်၊ ဤလူအမျိုးအစား အမျိုးမျိုးအကြား ဘုရားသခင်သည် နေထိုင်စရာနေရာ ပေးခဲ့ပြီးပြီလော။ ယုဒဘာသာသည် မည်သည့်အရပ်တွင်ရှိသနည်း။ ဘုရားသခင်သည် ထိုသူတို့၏ယုံကြည်ခြင်းတွင် ဝင်ရောက်နှောင့်ယှက်ပြီလော။ မနှောင့်ယှက်ခဲ့ပြီ မဟုတ်လော။ ထို့အပြင် ခရစ်ယာန်ဘာသာ မှာ အဘယ်နည်း။ ၎င်းကိုလည်း သူမနှောင့်ယှက်ခဲ့ပေ။ သူသည် ၎င်းတို့အား ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာခွင့်ပြုကာ၊ ၎င်းတို့အား စကားလည်းမပြော၊ ဉာဏ်အလင်းလည်းမပေးသည့်အပြင်၊ ၎င်းတို့အား မည်သည့်အရာမှ ဖော်ပြခြင်း မရှိပေ။ “သင်မှ မှန်သည်ဟုထင်ပါက၊ ထိုနည်းအတိုင်း ယုံကြည်လော့။” ဗရင်ဂျီတို့သည် မာရိကိုယုံကြည်ကြ၍၊ မာရိအားဖြင့် ဤသတင်းသည် သခင်ယေရှုထံသို့ ရောက်သွားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ယုံကြည်မှုပုံစံ ဖြစ်သည်။ ဘုရားသခင်သည် ထိုသူတို့၏ယုံကြည်ခြင်းကို ပြုပြင်ခဲ့ဖူးသလော။ ဘုရားသခင်သည် ၎င်းတို့အား စိတ်ကြိုက်လုပ်ကိုင်ခွင့်ပေး၏။ ၎င်းတို့အား လုံးဝဂရုမပြုဘဲ နေထိုင်စရာနေရာတစ်ခုပေး၏။ မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအပေါ်လည်း သူသည် ဤသို့ပင်လော။ ထိုသူတို့အတွက်လည်း သူသည် ကန့်သတ်ချက်များ သတ်မှတ်ခဲ့ကာ၊ ၎င်းတို့၏သက်ဆိုင်ရာယုံကြည်ခြင်းများတွင် ဝင်ရောက်နှောင့်ယှက်ခြင်း မရှိဘဲ ၎င်းတို့၏ကိုယ်ပိုင်နေထိုင်ရာနေရာများ ရှိခွင့်ပြု၏။ အရာခပ်သိမ်းကို ကောင်းမွန်စွာ စနစ်တကျစီမံထား၏။ ထို့ကြောင့် ဤအရာအားလုံးတွင် သင်တို့မည်သည့်အရာတွေ့သနည်း။ ဘုရားသခင်သည် သြဇာအာဏာပိုင်ဆိုင်သော်လည်း သူသည် သူ၏သြဇာအာဏာကို အလွဲသုံးစားမပြုသည်ကို တွေ့၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို စုံလင်စွာ စနစ်တကျစီမံထား၏။ ဘုရားသခင်သည် နည်းစနစ်ကျနကာ ဤသည်တွင် သူ၏ဉာဏ်အမြော်အမြင်နှင့် အနန္တတန်ခိုး ပါရှိ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။