ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၈

ဘုရားသခင် လူ့ဇာတိခံယူခဲ့သည်မှာ သူ့အမှု၏ ရည်မှန်းချက်သည် စာတန်၏ဝိညာဉ်၊ သို့မဟုတ် အကောင်အထည် မရှိသော အရာတစ်ခုတစ်လေမျှ မဟုတ်ဘဲ၊ ဇာတိခန္ဓာ ရှိပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသော လူသား ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အသွေးအသားနှင့် လူသားကို သူ့အမှု၏ ရည်မှန်းချက် ဖြစ်စေလေသည်မှာ လူသား၏ ဇာတိခန္ဓာသည် ဖောက်ပြန်ပျက်စီးပြီး ဖြစ်သောကြောင့် အတိအကျ ဖြစ်သည်။ ထို့အပြင် လူသားသည် ဖောက်ပြန်ပျက်စီးခြင်းခံရသည့်အရာ ဖြစ်သောကြောင့်၊ ဘုရားသခင်သည် လူသားကို သူ၏ ကယ်တင်ခြင်းအမှု၏ အဆင့် အားလုံးတစ်လျှောက်တွင် သူ့အမှု၏ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်စေပြီးဖြစ်သည်။ လူသားသည် သေမျိုးဖြစ်သည်၊ အသွေးနှင့်အသား ရှိပြီး၊ ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုက သာ၍ ကောင်းမွန်သော အကျိုးတရားများ ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏အမှုကို လုပ်ဆောင်ရန် လူကဲ့သို့ တူညီသော ပင်ကိုအရည်အသွေးများ ပိုင်ဆိုင်သည့် လူ့ဇာတိတစ်ခုကို ခံယူရပေမည်။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိခံယူရမည့် အကြောင်းမှာ လူသားသည် ဇာတိခန္ဓာ ရှိပြီး၊ အပြစ်ကို အောင်မြင်နိုင်စွမ်း မရှိ သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်စွမ်း မရှိသောကြောင့် အတိအကျ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာသည် လူသား၏အနှစ်သာရ၊ ပင်ကိုလက္ခဏာတို့နှင့် ကြီးမားစွာ မတူကွဲပြားသော်လည်း၊ သူ၏အသွင်သဏ္ဌာန်သည် လူနှင့် တထေရာတည်းတူလေသည်။ သူသည် သာမန်လူတစ်ဦး၏ အဆင်းသဏ္ဌာန် ရှိကာ၊ သာမန်လူတစ်ဦး၏ ဘဝကို နေထိုင်ကာ သူ့ကို မြင်သောသူများသည် သာမန်လူတစ်ဦးနှင့် ကွဲပြားမှုကို ပိုင်းခြားမသိမြင်နိုင်ပေ။ ဤပုံမှန်အဆင်းသဏ္ဌာန်နှင့် ပုံမှန်လူ့သဘာဝတို့သည် ပုံမှန်လူ့သဘာဝ၌ သူ၏ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပေသည်။ သူ၏ဇာတိခန္ဓာသည် ပုံမှန်လူ့သဘာဝ၌ သူ၏အမှုကို သူ့အား လုပ်ဆောင်ခွင့်ပေးပြီး၊ လူသားအလယ် သူ၏ အမှုကို လုပ်ဆောင်ရန် ကူညီပေးကာ၊ ထို့အပြင် သူ၏ ပုံမှန်လူ့သဘာဝက လူသားအလယ် ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် သူ့ကို ကူညီလေသည်။ သူ၏ပုံမှန်လူ့သဘာဝသည် လူသားအလယ် များစွာသော အုတ်အော်သောင်းတင်းဖြစ်ခြင်းကို ဖြစ်စေပြီးဖြစ်သော်လည်း၊ ထိုသို့သော အုတ်အော်သောင်းတင်း ဖြစ်ခြင်းသည် သူ့အမှု၏ ပုံမှန်အကျိုးတရားများအပေါ် ထိခိုက်ခြင်း မရှိလေပြီ။ တိုတိုပြောရလျှင်၊ သူ၏ ပုံမှန်လူ့ဇာတိ၏ အမှုသည် လူသားအဖို့ အထွတ်အထိပ် အကျိုးရှိလေသည်။ လူအများစုသည် သူ၏ပုံမှန်လူ့သဘာဝကို လက်မခံကြသော်လည်း၊ သူ၏အမှုသည် ရလဒ်များ ရရှိနိုင်ဆဲဖြစ်ပြီး၊ ဤရလဒ်များကို သူ၏ ပုံမှန်လူ့သဘာဝကြောင့် ရရှိခြင်း ဖြစ်သည်။ ဤအရာနှင့်သက်ဆိုင်၍ ယုံမှားဖွယ်ရာမရှိပေ။ လူ့ဇာတိထဲက သူ၏အမှုမှ၊ ဘုရားသခင်၏ ပုံမှန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့အလယ် တည်ရှိသော အယူအဆများထက် လူသားသည် ဆယ်ဆ၊ သို့မဟုတ် များစွာပိုသော အရာတို့ကို ရရှိပြီး၊ ထိုသို့သော အယူအဆများ အားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့် အမှု၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်။ ပြီးလျှင် သူ့အမှုက ရရှိပြီးဖြစ်သော အကျိုးတရား၊ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် လူသားရှိသည့် အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အယူအဆများထက် သာလွန်များပြားသည်။ သူ၏ဇာတိခန္ဓာသည် မည်သည့် အသွေးအသားရှိသည့်‌ လူသားနှင့်မျှ မတူညီသည့်အတွက်၊ လူ့ဇာတိ၌ သူပြုသော အမှုကို စိတ်ကူးရန်၊ သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ။ အပြင်ဘက် အကာသည် ဆင်တူသော်လည်း၊ အနှစ်သာရသည် မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူအလယ် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများစွာ ပေါက်ဖွားစေသည်၊ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာပင် ရရှိရန်လည်း ခွင့်ပြုနိုင်ပြီး၊ တူညီသော အပြင်ပန်းအကာ ပိုင်ဆိုင်ထားသည့် မည်သည့်လူကိုမဆိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် လူသားမျှ မဟုတ်ဘဲ၊ လူသား၏ အပြင်ပန်း အကာရှိသော ဘုရားသခင် ဖြစ်ပြီး၊ မည်သူမျှ သူ့ကို လုံးဝ ဉာဏ်မမီနိုင် သို့မဟုတ် နားမလည်နိုင်သောကြောင့် ဖြစ်သည်။ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍ မရနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူသားအဖို့ မမြင်ရသည့် ဝိညာဉ်တော်တစ်ပါးသာ ဖြစ်ပါက လူသားအတွက် ဘုရားသခင်ကို ယုံကြည်ရန် အလွန် လွယ်ကူသည်။ လူတို့သည် မိမိတို့၏စိတ်ကူးစိတ်သန်းများကို ဇက်ကုန်လွှတ်နိုင်သည်၊ မိမိတို့ကိုယ်ကိုယ် စိတ်ကျေနပ်စေရန်နှင့် မိမိတို့ကိုယ်ကိုယ် ပျော်ရွှင်စေရန် ၎င်းတို့နှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းဖြင့်၊ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင်ဘုရားသခင်က အကြိုက်နှစ်သက်ဆုံးအရာနှင့် ၎င်းတို့ကို လုပ်ဆောင်ရန် ဆန္ဒအရှိဆုံးသော မည်သည့်အရာကိုမဆို မည်သည့် သိက္ခာစောင့်စည်းမှုမျှ မရှိဘဲ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ ထို့အပြင် ဘုရားသခင်အပေါ် ၎င်းတို့ထက် မည်သူမျှ သစ္စာမစောင့်သိသကဲ့သို့ ဆက်ကပ်အပ်နှံခြင်းမရှိ၊ ပြီးလျှင် အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း မရှိကြဟု လူတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်မှုသည် မရေမရာဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့ရှာဖွေသောအရာအားလုံးသည် အပြောင်းအလဲ အနည်းငယ်ဖြင့် များစွာတူညီကြပေသည်။ ယင်းမှာ ၎င်းတို့၏ စိတ်ကူးများထဲရှိ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြသော်လည်း၊ ယင်းတို့၏ အနှစ်သာရမှာ အမှန်တကယ် အတူတူမျှသာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၆

ယနေ့တွင် ဘာသာရေး အယူအဆများမရှိဘဲ မိမိတို့၏ ကိုယ်ဟောင်းကို စွန့်လွှတ်ရန် အသင့်ရှိသူများ၊ ရိုးသားပွင့်လင်းစွာဖြင့် ဘုရားသခင်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၆

ဖာရိရှဲတို့ ယေရှုကိုဆန့်ကျင်ရခြင်းအကြောင်းရင်းကို သင်တို့သိလိုပါသလား။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုပါသလား။ ၎င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၄

ငါ့ကို ချီးမွမ်းရာ၌ ကောင်းကင်တမန်များသည် တေးဂီတကို တီးမှုတ်လေသောအခါ ဤသီချင်းသံသည် လူသားအတွက် ငါ၏ စာနာခြင်းကို မလှုံ့ဆော်ဘဲ မနေနိုင်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၇

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။