ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၅

14.04.2021

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ချိန်ဟု ငါဆုံးဖြတ်ပြီး ဤသည်မှာ လူသားအပေါ် ငါစတင်လုပ်ကိုင်သည့် အဆင့် မဟုတ်။ ငါ၏မှတ်တမ်းစာအုပ်ထဲတွင် လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များအပြင် ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းများ၊ အရင်းခံ လက္ခဏာများနှင့် သူတို့၏နောက်ဆုံး လုပ်ဆောင်ချက်ကို တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် မည်သို့သောလူသားမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့ သည် ငါ ချမှတ်ပေးသည်အတိုင်း မိမိတို့ကဲ့သို့သော သူများနှင့် နေရမည်။ ငါသည် လူတစ်ဦးစီ၏ ခရီး လမ်းဆုံးကို အသက်၊ အဆင့်မြင့်မှု၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအဖြစ် သူတစ်ပါးမှ ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာ တို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်။ ၎င်းတို့တွင် သမ္မာတရား ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏အလိုကို မလိုက်သောသူ တို့အားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်သိရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ် ပေးခံရသူ အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းအတွက်နှင့် ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များအတွက် အပြစ်ပေးခံရခြင်းဖြစ်၏။ ငါ၏အစီအစဉ် စတင်ချိန်မှစ၍ ငါသည် အပြောင်းအလဲ တစ်ခုမျှမလုပ်ခဲ့ပါ။ လူသားနှင့်ပတ်သက်လျှင် ငါ၏ နှုတ်ကပတ်တော်ကို ငါဦးတည်ချက်ထားသူဦးရေ နည်းပါးလာပုံရသကဲ့သို့ ငါအမှန်တကယ် သဘောကျ လက်ခံသူ ဦးရေသည်လည်း နည်းပါးလာပုံရနေ၍သာ ဖြစ်သည်။ သို့ရာတွင် ငါ၏အစီအစဉ်သည် မည်သည့်အခါမျှ မပြောင်းလဲခဲ့ဟု ငါဆိုသည်။ အကယ်ဆိုရလျှင် လူတစ်ဦးစီသည် ငါ့ကို မျက်နှာလို မျက်နှာရလုပ်ရာမှ ငါ့အပေါ် အေးတိအေးစက်ဖြစ်၍ သို့မဟုတ် ငါ့ကိုစွန့်ပစ်ရန် ဖြစ်နိုင်သည်အထိ လူသား၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း မေတ္တာသာလျှင် အမြဲပြောင်းလဲ၊ အမြဲလျော့နည်း လာနေခြင်း ဖြစ်သည်။ ငါသည် ရွံရှာ၍ စက်ဆုပ်စိတ်ပေါ်ကာ၊ အဆုံးတွင် အပြစ်ဒဏ်ပေးသည်အထိ မဖြစ်မချင်း သင်တို့အပေါ် ငါ၏ သဘောထားမှာ ပူခြင်း၊ အေးခြင်းမရှိ။ သို့ရာတွင် သင်တို့ကို အပြစ်ပေးသော နေ့တွင် ငါသည် သင်တို့ကို တွေ့ဦးမည် ဖြစ်သော်လည်း သင်တို့သည် ငါ့ကို မြင်နိုင်တော့မည် မဟုတ်ချေ။ သင်တို့အကြား ငါနေရသည့်ဘဝမှာ ငြီးငွေ့ဖွယ်ကောင်း၍ ပျင်းစရာကောင်းလာပြီ ဖြစ်သဖြင့် သင်တို့၏ ဖျက်လို ဖျက်ဆီး စကားများကို ရှောင်ရှားရန်နှင့် မခံမရပ်နိုင်လောက်အောင် ယုတ်ညံ့သည့် အပြုအမူမှ ရှင်းရာသို့သွားရန်နှင့် သင်သည် ငါ့ကို ဆက်၍လှည့်စားနိုင်ခြင်း မရှိတော့ဘဲ ဝတ်ကျေတမ်းကျေ ဆက်ဆံ၍မရတော့ရန် ငါသည် အခြားနေစရာ ပတ်ဝန်းကျင်များကို ရွေးခဲ့သည်မှာ ပြောစရာပင် မလိုပါ။ အမှန်တရားနှင့် မကိုက်ညီသည့်အရာများ လုပ်ဆောင်ခြင်းကို ရှောင်ရှားရန် သင်တို့ထံမှ ငါထွက်ခွာမသွားမီ သင်တို့ကို ငါတိုက်တွန်းရပါဦးမည်။ အကယ်စင်စစ် လူခပ်သိမ်းအား ပျော်ရွှင်စေမည့်အရာ၊ လူခပ်သိမ်းအတွက် အကျိုးရှိမည့် အရာနှင့် သင်၏ခရီးလမ်းဆုံးအတွက် အကျိုးရှိမည့်အရာကို သင်လုပ်သင့် သည်။ သို့မဟုတ်ပါက ဘေးဒုက္ခအလယ်တွင် ခံစားရမည့်သူမှာ အခြားမည်သူမျှ မဟုတ်ဘဲ သင်သာလျှင်ဖြစ်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

ဘုရားသခင်သည် လူ၏အဆုံးခန်းကို ၎င်းတို့၌ သမ္မာတရား ရှိမရှိအပေါ် အခြေခံ၌ ဆုံးဖြတ်တော်မူ၏

လူတစ်ဦးစီတိုင်းအတွက် အဆုံးခန်းကို ဘုရားဆုံးဖြတ်ချိန် ဖြစ်သည် လူတို့ကို စတင်အမှုပြုသည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားနှင့် လုပ်ရပ်တိုင်းကို သူ၏စာအုပ်ထဲ၌ ဘုရားသခင်သည် တစ်ခုပြီးတစ်ခု ရေးမှတ်ထားပါသည်။ ဘုရားသခင်သည် လူတိုင်း၏ ပန်းတိုင်ကို အသက်၊ ရာထူး သို့မဟုတ် ဒုက္ခခံရခြင်းများ၊ သူတို့ သနားဖွယ်ကောင်းသည်အပေါ် အခြေခံ၍ မဆုံးဖြတ်ဘဲ သမ္မာတရား ရှိမရှိအပေါ်သာ ဆုံးဖြတ်သည်

သူ့နောက်လိုက်ရာတွင် ထိုသူတို့၏ လမ်းကြောင်း၊ ပင်ကိုအရည်အချင်းများနှင့် နောက်ဆုံးလုပ်ဆောင်ချက်တို့ကို သူ မှတ်သားသည်။ ဤသို့ဖြင့် ဘယ်သူမှ ဘုရားလက်မှ မလွတ်မြောက်နိုင် အရာအားလုံး သူ သတ်မှတ်သည့်အုပ်စုနှင့်အတူ ရှိနေရမည် ဘုရားသခင်သည် လူတိုင်း၏ ပန်းတိုင်ကို အသက်၊ ရာထူး သို့မဟုတ် ဒုက္ခခံရခြင်းများ၊ သူတို့ သနားဖွယ်ကောင်းသည်အပေါ် အခြေခံ၍ မဆုံးဖြတ်ဘဲ သမ္မာတရား ရှိမရှိအပေါ်သာ ဆုံးဖြတ်သည်

ဘုရားအလိုတော်ကို မလိုက်သောသူများ အပြစ်ပေးခြင်းခံရမည်။ ဤသည်မှာ ဘယ်သူမှ မပြောင်းလဲနိုင်သော အချက်ဖြစ်၏ ထို့ကြောင့်အပြစ်ပေးခြင်းခံရသူအားလုံး ဘုရား၏ ဖြောင့်မတ်ခြင်းကြောင့်၊ သူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များကြောင့်ပါ ဘုရားသခင်သည် လူတိုင်း၏ ပန်းတိုင်ကို အသက်၊ ရာထူး သို့မဟုတ် ဒုက္ခခံရခြင်းများ၊ သူတို့ သနားဖွယ်ကောင်းသည်အပေါ် အခြေခံ၍ မဆုံးဖြတ်ဘဲ သမ္မာတရား ရှိမရှိအပေါ်သာ ဆုံးဖြတ်သည် အို အို သမ္မာတရား အို အို

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်"

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။