ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၇

လူသား၏ ဇာတိပကတိကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သကဲ့သို့၊ ယင်းသည် အဆုံးစွန် အလွန်အမင်း မျက်စိကန်းစေပြီးဖြစ်ကာ အကြီးအကျယ် ထိခိုက်နစ်နာစေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ၌ ကိုယ်တိုင်ကိုယ်ကျ အမှုပြုရသည့် အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်း၏ ရည်မှန်းချက်သည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်ဖြစ်ပြီး၊ စာတန်သည်လည်း ဘုရားသခင်၏ အမှုကို နှောင့်ယှက်ဖို့ လူသား၏ ဇာတိခန္ဓာကို အသုံးပြုသောကြောင့် ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားကို သိမ်းပိုက်ခြင်း အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း၏ ရည်မှန်းချက်လည်း ဖြစ်ပေသည်။ ဤနည်းဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် မုချ လိုအပ်ပေသည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီး၊ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာကာ၊ ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့်၊ စာတန်နှင့် တိုက်ပွဲဝင်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် ကမ္ဘာမြေပေါ်တွင် ဖြစ်ပွားကာ ဘုရားသခင်သည် စာတန်နှင့် တိုက်ပွဲဝင်ရန် လူသား ဖြစ်လာရမည်ဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျခြင်း အမှု ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ၌ အမှုပြုနေချိန်တွင်၊ သူသည် လူ့ဇာတိ၌ စာတန်နှင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ လူ့ဇာတိ၌ သူ အမှုပြုချိန်တွင်၊ သူသည် ဝိညာဉ်လောက၌ သူ၏အမှုကို လုပ်ဆောင်နေပြီး၊ ဝိညာဉ်လောကရှိ သူ၏အမှုတစ်ခုလုံးကို ကမ္ဘာမြေပေါ်တွင် အမှန်ဖြစ်စေသည်။ သိမ်းပိုက်ခြင်းခံရသောသူသည် လူသား၊ သူ့ကိုမနာခံသော လူသားဖြစ်ပြီး၊ အနိုင်ယူခြင်းခံရသူသည် သူနှင့် ရန်ဘက်ဖြစ်သော စာတန်၏ပြယုဂ် (ဟုတ်ပေ၏၊ ဤသည်မှာလည်း လူသားဖြစ်၏) ဖြစ်ကာ၊ နောက်ဆုံးတွင် ကယ်တင်ခံရသည့်သူမှာလည်း လူသားဖြစ်ပေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် စာတန်နှင့် တကယ့်တိုက်ပွဲကို တိုက်နိုင်ဖို့၊ သူ့ကို မနာခံသကဲ့သို့ သူကဲ့သို့ အပြင်ပန်းအကာကို ပိုင်ဆိုင်ထားသော လူသားအား သိမ်းပိုက်ဖို့နှင့် သူ့ကဲ့သို့ အပြင်ပန်းအကာရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံရပြီးဖြစ်သည့် လူသားကို ကယ်တင်နိုင်ရန်အလို့ငှာ၊ ဖန်ဆင်းခြင်း၏ အပြင်ပန်းအကာရှိသည့် လူသားတစ်ဦး ဖြစ်လာရန် ဘုရားသခင်အတွက် သာ၍ပင် လိုအပ်လေသည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်၊ သူ၏ သိမ်းပိုက်ခြင်းခံရမည့်အရာမှာ လူသားဖြစ်ပြီး၊ သူ၏ကယ်တင်ခြင်းကို ခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းဖြင့် သူ၏အမှုသည် များစွာသာ၍ လွယ်ကူလာသည်။ သူသည် စာတန်ကို အနိုင်ယူနိုင်ပြီး၊ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်၊ ထို့အပြင် လူသားမျိုးနွယ်ကို ကယ်တင်လည်း ကယ်တင်နိုင်သည်။ ဤလူ့ဇာတိသည် ပုံမှန်ဖြစ်ပြီး စစ်မှန်သော်လည်း၊ သူသည် အများနှင့်တူသော လူ့ဇာတိမဟုတ်ပေ။ သူသည် လူသားသာ ဖြစ်သည့် လူ့ဇာတိ မဟုတ်ဘဲ၊ လူသားနှင့် ဘုရား နှစ်ခုလုံးဖြစ်သည့် လူ့ဇာတိဖြစ်သည်။ ဤသည်မှာ သူနှင့် လူသားကြားက ကွာခြားချက်ဖြစ်ပြီး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဆိုင်သည့် အမှတ်အသား ဖြစ်သည်။ ဤသို့သော လူ့ဇာတိသာ သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို လုပ်ဆောင်နိုင်ပြီး၊ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော်ကို ဖြည့်ဆည်းနိုင်ကာ၊ လူသားအလယ် သူ၏အမှုကို အပြည့်အဝ ပြီးစီးစေနိုင်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက၊ လူသားအလယ် သူ၏အမှုသည် အမြဲ အနှစ်မဲ့ပြီး အပြစ်အနာအဆာရှိမည် ဖြစ်သည်။ ဘုရားသခင်သည် စာတန်၏ဝိညာဉ်နှင့် တိုက်ပွဲဆင်နွှဲနိုင်ပြီး အောင်နိုင်မှုလျက် ပေါ်ထွက်နိုင်သော်လည်း၊ ဖောက်ပြန်ပျက်စီးသော လူသား၏ ဇာတိဟောင်းကို မည်သည့်အခါမျှ ဖြေရှင်း၍ မရနိုင်ပေ၊ ပြီးလျှင် ဘုရားသခင်ကို မနာခံသကဲ့သို့ သူ့ကို ဆန့်ကျင်သောသူများသည် ဘယ်သောအခါမျှ သူ၏ အုပ်စိုးခြင်းခံရသည့်သူများ အမှန်တကယ် ဖြစ်မလာနိုင်ပေ၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ မသိမ်းပိုက်နိုင်သကဲ့သို့ လူသားမျိုးနွယ်တစ်ရပ်လုံးကို မည်သည့်အခါမျှ မရယူနိုင်ပေ။ အကယ်၍ ကမ္ဘာမြေပေါ်ရှိ သူ၏အမှုကို ဖြေရှင်း၍မရနိုင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် မည်သည့်အခါမျှ အဆုံးသတ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံအားလုံးနှင့်အတူ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်ပါက၊ ထိုသို့သော စီမံခန့်ခွဲခြင်း အမှုအဖို့ ရလဒ်တစ်ခု မည်သည့်အခါတွင်မျှ ရှိမည်မဟုတ်သကဲ့သို့၊ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းအသရေသည် ပျောက်ကွယ်သွားပေလိမ့်မည်။ သူ၏လူ့ဇာတိသည် သြဇာအာဏာ မရှိသော်လည်း၊ သူလုပ်ဆောင်သောအမှုသည် ယင်း၏ အကျိုးတရားများ ရရှိပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ရှောင်လွှဲမရနိုင်သော သူ့အမှု၏ ဦးတည်ရာ ဖြစ်သည်။ သူ၏ လူ့ဇာတိက သြဇာအာဏာ ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို သူလုပ်ဆောင်နိုင်စွမ်း ရှိသရွေ့၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ဤလူ့ဇာတိသည် မည်မျှ ပုံမှန်ဖြစ်ပြီး သာမန်ဖြစ်ပါစေ၊ ဤလူ့ဇာတိသည် ဘုရားသခင် ဖြစ်ပြီး လူသားတစ်ဦးသာ မဟုတ်သည့်အတွက်၊ သူသည် သူ လုပ်ဆောင်သင့်သောအမှုကို လုပ်ဆောင်နိုင်လေသည်။ ဤလူ့ဇာတိက လူမလုပ်နိုင်သည့် အမှုကို လုပ်ဆောင်နိုင်သည့်အကြောင်းရင်းမှာ သူ၏အတွင်းပိုင်း အနှစ်သာရသည် မည်သည့်လူသားနှင့်မျှ မတူသောကြောင့် ဖြစ်ပြီး၊ လူသားကို သူကယ်တင်နိုင်သည့် အကြောင်းရင်းမှာ သူ၏ ပင်ကိုလက္ခဏာသည် မည်သည့် လူသားမဆို၏ ပင်ကိုလက္ခဏာနှင့် မတူကွဲပြားသောကြောင့် ဖြစ်သည်။ သူသည် လူသားဖြစ်ပြီး၊ ထို့ထက်ပို၍ သူသည် ဘုရားသခင် ဖြစ်သောကြောင့်၊ ပြီးလျှင် သူသည် မည်သည့် ဇာတိပကတိရှိသည့် မည်သည့်သာမန်လူကမျှ မလုပ်ဆောင်နိုင်သည့် အမှုကို သူ လုပ်ဆောင်နိုင်သောကြောင့်၊ ပြီးလျှင် ကမ္ဘာမြေပေါ်တွင် သူနှင့်အတူ အသက်ရှင်သည့်‌ ဖောက်ပြန်ပျက်စီးသော လူသားကို သူ ကယ်တင်နိုင်သောကြောင့်၊ ဤလူ့ဇာတိသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးလေသည်။ သူသည် လူသားနှင့် တထေရာတည်း ဖြစ်သော်လည်း၊ ဘုရားသခင်၏ဝိညာဉ်တော် မလုပ်ဆောင်နိုင်သော အမှုကို သူလုပ်ဆောင်နိုင်သည့်အတွက်၊ ဘုရားသခင်ကိုယ်တော်တိုင်ကို ဘုရားသခင်၏ ဝိညာဉ်တော်ထက် ပို၍သက်သေခံနိုင်သကဲ့သို့၊ ဘုရားသခင်၏ဝိညာဉ်တော်ထက် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနိုင်သည့်အတွက်၊ လူ့ဇာတိခံ ဘုရားသခင်သည် တန်ဖိုးရှိသည့် မည်သည့် လူသားထက်မဆို လူသားမျိုးနွယ်အဖို့ သာ၍အရေးကြီးသည်။ အကျိုးဆက်အနေဖြင့် ဤလူ့ဇာတိသည် ပုံမှန်ဖြစ်ပြီး သာမန် ဖြစ်သော်လည်း၊ လူသားမျိုးနွယ်အဖို့ သူ၏ပံ့ပိုးမှုနှင့် လူသားမျိုးနွယ်၏ တည်ရှိခြင်းအဖို့ သူ၏အရေးပါမှုသည် သူ့ကို အလွန် တန်ဖိုးရှိစေပြီး၊ ဤလူ့ဇာတိ၏ စစ်မှန်သောတန်ဖိုးနှင့် အရေးပါမှုကို မည်သည့် လူသားကမျှ တိုင်းတာ၍မရနိုင်ပေ။ ဤလူ့ဇာတိသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးနိုင်သော်လည်း၊ သူသည် လူသားကို သိမ်းပိုက်ရန်နှင့် စာတန်ကို ချေမှုန်းရန်၊ ပြီးလျှင် သူ့အုပ်စိုးမှုကို စာတန်အား အပြည့်အဝ ကျိုးနွံနာခံစေရန် သူ၏အမှုကို အသုံးပြုနိုင်လေသည်။ ဘုရားသခင်က စာတန်ကို အနိုင်ယူကာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်မှာ လူ့ဇာတိခံယူသောကြောင့် ဖြစ်သည်။ သူသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးဘဲ၊ ယင်းအစား စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ အမှုပြုရန် လူ့ဇာတိခံယူလေသည်။ ဤနည်းဖြင့် သူသည် ဖန်ဆင်းခံများအလယ်တွင် မိမိကိုယ်ကိုယ် သာ၍ကောင်းစွာ သက်သေခံနိုင်ပြီး ဖောက်ပြန်ပျက်စီးနေသော လူသားကို သာ၍ ကယ်တင်နိုင်လေသည်။ လူ့ဇာတိခံ ဘုရားသခင်၏ စာတန်ကို အနိုင်ယူခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်က စာတန်ကို တိုက်ရိုက် ဖျက်ဆီးသည်ထက် သာ၍ ကြီးမားသော သက်သေကိုခံပြီး၊ သာ၍ ဆွဲဆောင်မှုရှိသည်။ လူ့ဇာတိ၌ ဘုရားသခင်သည် လူသားအား ဖန်ဆင်းရှင်ကို သိရှိစေဖို့ သာ၍ကောင်းစွာ ကူညီနိုင်သကဲ့သို့၊ သူ၏ဖန်ဆင်းခံများအလယ်တွင် မိမိကိုယ်ကိုယ်အဖို့ သာ၍ကောင်းစွာ သက်သေခံနိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၂

ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၈

ဣဇာက်သည် အာဗြဟံမှ မွေးဖွားလာသကဲ့သို့ ယောဟန်သည်လည်း ကတိတော်အားဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူသည် ယေရှုအတွက် လမ်းခင်းပေးခဲ့ပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၆

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အချိန်တွင် ဤအရာများကို ဟန်ချက်ညီစေရန်၊ တောင်များနှင့် အင်းအိုင်များအတွက် အသက်ရှင်သန်မှု...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၈

ပေတရုသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေခြင်း ခံခဲ့ရသည်။ သူက “ငါသည် အချိန်တိုင်းတွင် ဘုရားသခင်၏ စိတ်ဆန္ဒကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။