ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၅

21.10.2020

ဘုရားသခင်နောက်လိုက်သောသူတို့၏ ရှင်ခြင်းနှင့်သေခြင်းသံသရာ

နောက်၊ ဘုရားသခင်နောက်လိုက်သောသူတို့၏ ရှင်ခြင်းနှင့်သေခြင်းသံသရာအကြောင်း ပြောကြစို့။ ဤအရာသည် သင်တို့နှင့်သက်ဆိုင်သည့်အတွက် အာရုံစိုက်လော့။ ပထမအနေဖြင့်၊ ဘုရားသခင်နောက်လိုက်သောသူများကို မည်သည့်အမျိုးအစားများ ခွဲခြားနိုင်သည်ကို စဉ်းစားလော့။ (ဘုရားသခင်မှ ရွေးချယ်သူများနှင့် အစေခံသူများ။) ဘုရားသခင်မှ ရွေးချယ်သူများနှင့် အစေခံသူများဟူ၍ နှစ်ခုရှိ၏။ ပထမ ငါတို့ ဘုရားသခင်ရွေးချယ်သူများအကြောင်းကို ပြောမည်။ ၎င်းတို့ အနည်းငယ်သာရှိသည်။ “ဘုရားသခင်၏ရွေးချယ်သောသူများ” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းပြီးနောက် လူသားဖြစ်ပေါ်သည့်အခါ ဘုရားသခင်သည် သူ့နောက်လိုက်သူတစ်စုကို ရွေးချယ်ခဲ့ကာ ၎င်းတို့ကို “ဘုရားသခင်၏ရွေးချယ်သောသူများ” ဟု ရိုးရှင်းစွာ ခေါ်ကြ၏။ ဤသူများကို ဘုရားသခင်ရွေးချယ်ခြင်းတွင် အထူးအတိုင်းအတာနှင့် အရေးပါမှုရှိ၏။ ထိုအတိုင်းအတာမှာ ဘုရားသခင်သည် အရေးပါသောအမှုကိုပြုတိုင်း ၎င်းတို့လာရမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အား ထူးခြားစေသည့် အရာများအနက် ပထမဆုံးအရာဖြစ်၏။ ၎င်းတို့၏ အရေးပါမှုမှာ အဘယ်နည်း။ ဘုရားသခင်မှ ၎င်းတို့အား ရွေးချယ်ခြင်းသည် ၎င်းတို့တွင် ကြီးမားသောအရေးပါမှုရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဤသူတို့အား ပြည့်စုံစေပြီး စုံလင်စေလိုသည့် ဆန္ဒရှိကာ သူ၏စီမံအုပ်ချုပ်သော အမှုပြီးဆုံးသွားသည့်အခါ သူသည် ဤလူတို့ကို ရယူလိမ့်မည်ဟု ဆိုလိုသည်။ ဤအရေးပါမှုမှာ ကြီးမားသည်မဟုတ်လော။ ထို့ကြောင့် ဤရွေးချယ်ခံရသူများသည် ဘုရားသခင်အတွက် ကြီးမားစွာအရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်မှ ရယူရန် ရည်ရွယ်သူများဖြစ်ကြ၍ ဖြစ်သည်။ အစေခံသူများအတွက်မူ၊ ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းမှ ခွဲထွက်၍၊ ၎င်းတို့၏ဇာစ်မြစ်များအကြောင်း ဦးစွာပြောကြစို့။ “အစေခံသူ” ၏ တိုက်ရိုက်အဓိပ္ပာယ်မှာ အစေခံသောသူဖြစ်၏။ အစေခံသောသူများသည် ယာယီဖြစ်၏။ ၎င်းတို့သည် ထိုသို့ ရေရှည် သို့မဟုတ် ထာဝရ မပြုလုပ်ဘဲ ယာယီ ခန့်အပ် သို့မဟုတ် စုဆောင်းခံရသူများဖြစ်၏။ ၎င်းတို့အများစုမှာ မယုံကြည်သူများ အကြားမှ ရွေးချယ်ထားသူများ ဖြစ်ကြ၏။ ၎င်းတို့ ကမ္ဘာမြေကြီးသို့ လာသည့်အချိန်သည် ဘုရားသခင်၏ အမှုတွင် အစေခံသူများ အခန်းကဏ္ဍကို ၎င်းတို့ တာဝန်ယူရန် အမိန့်ချမှတ်သော အချိန်ဖြစ်၏။ ၎င်းတို့သည် အရင်ဘဝက တိရစ္ဆာန်တစ်ကောင် ဖြစ်ခဲ့နိုင်သော်လည်း ၎င်းတို့သည် မယုံကြည်သူများအထဲမှ တစ်ဦးလည်း ဖြစ်နိုင်၏။ ယင်းမှာ အစေခံသူများ၏ ဇာစ်မြစ်များဖြစ်ကြ၏။

ဘုရားသခင်၏ ရွေးချယ်ခံရသူများထံ ပြန်သွားကြစို့။ ဘုရားသခင်၏ ရွေးချယ်ခံရသူများသည် ၎င်းတို့သေဆုံးသည့်အခါ မယုံကြည်သူများ၊ ယုံကြည်ခြင်းရှိသော လူ အမျိုးမျိုးတို့နှင့် လုံးဝကွဲပြားသောနေရာသို့သွားကြ၏။ ထိုနေရာတွင် ၎င်းတို့သည် ကောင်းကင်တမန်များနှင့် ဘုရားသခင်၏တမန်များ လိုက်ပါလျက် ဘုရားသခင် ကိုယ်တော်တိုင် စီမံအုပ်ချုပ်သည့် နေရာဖြစ်၏။ ဤနေရာတွင် ဘုရားသခင်ရွေးချယ်ခံရသောသူတို့သည် ၎င်းတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် ဘုရားသခင်ကို မမြင်နိုင်ကြသော်လည်း ဝိညာဉ်လောက၏ အခြားမည်သည့်နေရာနှင့်မျှ မတူပေ။ ၎င်းသည် ဤအစိတ်အပိုင်းမှလူတို့ သေဆုံးပြီးနောက် သွားသည့်နေရာဖြစ်၏။ ၎င်းတို့သေဆုံးသည့်အခါ ၎င်းတို့သည်လည်း ဘုရားသခင်၏တမန်များ၏ မညှာမတာ စုံစမ်းစစ်ဆေးခြင်းကို ခံရ၏။ မည်သည့်အရာကို စုံစမ်းစစ်ဆေးသနည်း။ ဘုရားသခင်၏တမန်များသည် ဤသူတို့ ဘုရားသခင်ကိုယုံကြည်ခြင်း၌ ၎င်းတို့၏ဘဝတစ်လျှောက်လုံး လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းများ၊ ၎င်းအချိန်အတွင်း ထိုသူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ဖူးခြင်း ရှိမရှိ၊ ကျိန်ဆဲခဲ့ဖူးခြင်း ရှိမရှိနှင့် ကြီးလေးသည့်အပြစ်များ သို့မဟုတ် မကောင်းမှုများ ကျူးလွန်ခဲ့ခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးကြ၏။ ဤစုံစမ်းစစ်ဆေးမှုတွင် ထိုသူသည် ထွက်ခွာမည် သို့မဟုတ် နေမည်ဟူသည့်မေးခွန်းကို ဖြေရှင်း၏။ “ထွက်ခွာသည်” ဟူသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ “နေသည်” ဟူသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ “ထွက်ခွာသည်” ဟူသည်မှာ ၎င်းတို့၏အပြုအမူအပေါ် အခြေခံ၍ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများ၏အဆင့်အကြား ဆက်လက်တည်ရှိခြင်း ရှိမရှိကို ရည်ညွှန်း၏။ “နေသည်” ဟူသည်မှာ ၎င်းတို့သည် နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ ပြည့်စုံစေခြင်း ခံရသူများအကြား ဆက်လက်တည်ရှိနိုင်ခြင်း ရှိမရှိကို ရည်ညွှန်း၏။ နေသူများအတွက် ဘုရားသခင်သည် အထူးအစီအမံများ ရှိသည်။ သူ၏အမှုကာလတစ်ခုစီတိုင်းအတွင်း ဘုရားသခင်သည် ထိုသို့သောလူတို့ကို တမန်တော်များ အဖြစ်ဆောင်ရွက်ရန် သို့မဟုတ် အသင်းတော်များကို ပြန်လည်နိုးထစေသည့်အမှု ပြုလုပ်ရန် သို့မဟုတ် ၎င်းတို့ကို စောင့်ရှောက်ရန် စေလွှတ်လိမ့်မည်။ သို့သော် ထိုကဲ့သို့သောအမှုကို ဆောင်ရွက်နိုင်စွမ်းရှိသူများ၏ ပြန်ဝင်စားသည့် အကြိမ်ရေနှုန်းမှာ ကြိမ်ဖန်တလဲ ပြန်လည်မွေးဖွားသော မယုံကြည်သူများလောက် မများပေ။ ယင်းအစား ထိုသူတို့သည် ဘုရားသခင်၏ အမှု၏ လိုအပ်ချက်များနှင့် အဆင့်များတို့နှင့်အညီ ကမ္ဘာမြေကြီးပေါ်သို့ ပြန်ပို့ခံရကာ၊ မကြာခဏ ဝင်စားသူများ မဟုတ်ကြပေ။ ထို့ကြောင့် ၎င်းတို့မည်သည့်အချိန်တွင် ပြန်ဝင်စားသည်နှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ရှိသလော။ ၎င်းတို့သည် နှစ်အနည်းငယ်ကြာတိုင်း တစ်ကြိမ် လာကြသလော။ ထိုသူတို့သည် ဤကဲ့သို့သော အကြိမ်ရေနှုန်းဖြင့် လာကြသလော။ မလာကြပါ။ ဤအရာကို ဘုရားသခင်၏အမှု၊ သူ့အမှု၏အဆင့်များနှင့် သူ၏လိုအပ်ချက်များအပေါ်တွင် အခြေခံထားပြီး စည်းမျဉ်းစည်းကမ်းများ မရှိပေ။ တစ်ခုတည်းသောစည်းမျဉ်းမှာ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်း သူ့အမှု၏နောက်ဆုံးအဆင့်ကို လုပ်ဆောင်သည့်အခါ၊ ဤရွေးချယ်ထားသောသူများ အားလုံး လာကြလိမ့်မည်။ သူတို့အားလုံး လာကြသည့်အခါ ဤသည်မှာ ထိုသူတို့ နောက်ဆုံးအကြိမ် ပြန်ဝင်စားခြင်း ဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ ဘုရားသခင်၏အမှု၏ နောက်ဆုံးအဆင့်အတွင်း အထမြောက်ရမည့်ရလဒ်အပေါ် အခြေခံထားခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အမှု၏နောက်ဆုံးသောအဆင့်တွင် ဘုရားသခင်သည် ဤရွေးချယ်ထားသောလူတို့ကို လုံးဝပြည့်စုံ စေလိမ့်မည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤနောက်ဆုံးသောအဆင့်တွင် ဤသူတို့သည် ပြည့်စုံစေခြင်းခံရ၍ စုံလင် စေခြင်း ခံရပါက ထိုသူတို့သည် ယခင်ကကဲ့သို့ ပြန်ဝင်စားကြလိမ့်မည် မဟုတ်ပေ။ လူသားဖြစ်ခြင်းလုပ်ငန်းစဉ်သည် လုံးဝပြီးဆုံး သွားမည်ဖြစ်သကဲ့သို့ ပြန်ဝင်စားသည့် လုပ်ငန်းစဉ်သည်လည်း လုံးဝပြီးဆုံးသွားပေမည်။ ဤသည်မှာ နေမည့်လူများနှင့် သက်ဆိုင်၏။ ထို့ကြောင့် မနေနိုင်သောသူများသည် မည်သည့်နေရာသို့ သွားကြသနည်း။ မနေနိုင်သောသူများ သွားစရာ သင့်တော်သောနေရာတစ်ခု ရှိ၏။ ပထမအနေဖြင့်၊ ၎င်းတို့၏ မကောင်းမှုပြုခြင်း၊ ၎င်းတို့ပြုလုပ်ခဲ့သည့်အမှားများနှင့် ၎င်းတို့ကျူးလွန်ခဲ့သည့်အပြစ်များ၏ ရလဒ်အနေဖြင့် ၎င်းတို့သည်လည်း အပြစ်ပေးခံရ၏။ ၎င်းတို့အပြစ်ပေးခံရပြီးနောက်၊ ဘုရားသခင်သည် ၎င်းတို့ကို မယုံကြည်သူများအကြားသို့ ပို့လိုက်၏။ အခြေအနေများနှင့် ဆီလျော်စွာ သူသည် ၎င်းတို့အား မယုံကြည်သူများ သို့မဟုတ် ယုံကြည်ခြင်းရှိသောလူအမျိုးမျိုးအကြား ရှိရန် စီမံမည်။ ဤသည်မှာ ၎င်းတို့အတွက် ဖြစ်နိုင်ခြေရှိသော အခြေအနေနှစ်ခုရှိသည်၊ တစ်ခုမှာ အပြစ်ဒဏ်ပေးခံရပြီးနောက် ၎င်းတို့ပြန်ဝင်စားသောအခါ ဘာသာတစ်ချို့မှ လူတို့အကြား နေရန်နှင့် အခြားတစ်ခုမှာ မယုံကြည်သူတစ်ဦးဖြစ်သွားရန် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူတစ်ဦး ဖြစ်သွားပါက အခွင့်အလမ်းအားလုံး ဆုံးရှုံးသွားလိမ့်မည်။ သို့သော် ၎င်းတို့သည် ယုံကြည်ခြင်းရှိသော လူတစ်ဦး၊ ဥပမာ ခရစ်ယာန်တစ်ဦး ဖြစ်သွားပါက၊ ၎င်းတို့တွင် ဘုရားသခင်၏ ရွေးချယ်ခံရသူများ၏ အဆင့်များအကြားသို့ ပြန်သွားရန် အခွင့်အလမ်း ရှိသေး၏။ ဤအရာ၌ လွန်စွာရှုပ်ထွေးသော ဆက်နွယ်မှုများရှိ၏။ အတိုချုပ်အားဖြင့် ဘုရားသခင်၏ရွေးချယ်ခံရသူများသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသော တစ်စုံတစ်ရာပြုလုပ်သည့်အခါ ၎င်းတို့သည် အခြားသူများအားလုံးကဲ့သို့ပင် အပြစ်ပေးခံရလိမ့်မည်။ ဥပမာ ယခင်က ငါတို့ဆွေးနွေးခဲ့ကြသည့် ပေါလုကို ကြည့်လော့။ ပေါလုသည် အပြစ်ပေးခံရသူများ၏ ဥပမာတစ်ရပ်ဖြစ်သည်။ ငါပြောနေသည့်အကြောင်းအရာကို သင်တို့ သဘောပေါက်သလော။ ဘုရားသခင်၏ ရွေးချယ်ခံရသူများ၏ နယ်ပယ်မှာ တရားသေ သတ်မှတ်ထားသည်လော။ (၎င်း၏အများစုမှာ တရားသေသတ်မှတ်ထားသည်။) ၎င်း၏အများစုမှာ တရားသေသတ်မှတ်ထားသော်လည်း သေးငယ်သောအစိတ်အပိုင်းမှာ တရားသေသတ်မှတ်ထားခြင်း မရှိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာ၌ ငါသည် အထင်ရှားဆုံးအကြောင်းရင်းဖြစ်သည့် မကောင်းမှု ကျူးလွန်ခြင်းကို ရည်ညွှန်းခဲ့ပြီးဖြစ်သည်။ ထိုသူတို့သည် မကောင်းမှုကျူးလွန်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို မလိုချင်ပေ။ ထို့အပြင် ဘုရားသခင်သည် ၎င်းတို့ကို မလိုချင်သည့်အခါ သူသည် ၎င်းတို့အား လူမျိုးအမျိုးမျိုးနှင့် လူအမျိုးအစား အမျိုးမျိုးတို့အကြား ပစ်လိုက်သဖြင့် ၎င်းတို့တွင် မျှော်လင့်ချက် မရှိဘဲ ၎င်းတို့ ပြန်သွားရန် ခက်ခဲစေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ရွေးချယ်ခံရသောလူတို့၏ ရှင်ခြင်းနှင့် သေခြင်းသံသရာနှင့် ဆက်စပ်နေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။