ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁

အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များအားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှုအောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သောအရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေသည်မှာ ငါမဟုတ်ကြောင်းကိုလည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစားနိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါတို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။ ထို့ကြောင့် ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အစောပိုင်းအမှု၌ ငါသည် ပညတ်တော်အမှုကို ဆောင်ရွက်ခဲ့ကာ၊ ယင်းသည် ယေဟောဝါက လူတို့ကို လမ်းပြခဲ့သော အမှုဖြစ်ခဲ့၏။ ဒုတိယအဆင့်သည်ကား ကျေးဇူးတော်ခေတ်၏ အမှုကို ယုဒပြည်၏ ကျေးရွာတို့တွင် စတင်ခဲ့၏။ ယေရှုသည် ကျေးဇူးတော်ခေတ်၏ အမှုအားလုံးကို ကိုယ်စားပြုလေသည်၊ သူသည် လူ့ဇာတိကို ခံယူကာ၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်ကိုလည်း စတင်ခဲ့၏။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍ ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ကားတိုင်တွင် စီရင်ခံခဲ့ရ၏၊ ထို့ကြောင့် သူ့အား “အမြင့်ဆုံးသော စီရင်အုပ်စိုးသူ”၊ “အပြစ်ဖြေရာယဇ်” နှင့် “ရွေးနုတ်သူ” ဟူ၍ ခေါ်ဆိုကြလေသည်။ အကျိုးဆက်အနေဖြင့် ယေရှု၏အမှုနှင့် ယေဟောဝါ၏အမှုသည် အခြေခံသဘောအားဖြင့် တူညီသော်ငြားလည်း၊ ယင်းတို့သည် အကြောင်းအရာပိုင်း၌ ကွဲပြားခဲ့ကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်မှ ဘုရားသခင်၏အမှုအတွက် မူလစမှတ်ဖြစ်သော အခြေစိုက်ရာကို စတင်တည်ထောင်ခြင်းနှင့် ပညတ်တော်တို့ကို ထုတ်ပြန်ခြင်းဖြင့် ပညတ်တော်ခေတ်ကို စတင်ခဲ့၏။ ဤသည်တို့မှာ သူဆောင်ရွက်ခဲ့သော အမှုအစိတ်အပိုင်းနှစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုလေသည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုပြုခဲ့သောအမှုမှာမူ ပညတ်တော်တို့ကို ထုတ်ပြန်ရန် မဟုတ်ဘဲ ယင်းတို့ကို ဖြည့်စွမ်းရန်ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျေးဇူးတော်ခေတ်ကို အစပြုပေးလျက်၊ အနှစ်နှစ်ထောင် ကြာရှည်ခဲ့သော ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ရောက်လာခဲ့သည့် ရှေ့ဆောင်သူဖြစ်သော်ငြားလည်း၊ သူ့အမှု၏ အဓိကအပိုင်းမှာ ရွေးနုတ်ခြင်းတွင် တည်နေခဲ့သည်။ ထို့ကြောင့် သူ၏အမှု၌လည်း အဓိကအပိုင်းနှစ်ခု ရှိခဲ့၏၊ ယင်းတို့မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းနှင့် သူ၏ကားစင်တင်ခံခြင်းအားဖြင့် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းတို့ဖြစ်ကာ၊ ယင်းနောက်တွင် သူထွက်ခွာသွားခဲ့သည်။ ယင်းအချိန်၌ ပညတ်တော်ခေတ်သည် အဆုံးသတ်ခဲ့၍၊ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ဝင်ရောက်ခဲ့လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

ဘုရားစီမံခန့် ခွဲသော အမှုတော်ရဲ့ ရည်ရွယ်ချက်

I

ဟူး...ဘုရား၌ အနှစ် ခြောက်ထောင်သော စီမံမှု အစီအစဉ် ရှိ အဆင့် သုံးဆင့် ခွဲပြီး တစ်ဆင့်ကို တစ်ခေတ်လို့ ခေါ် သည် ပညာတော်ခေတ် ထို့နောက် ကျေးဇူးတော်ခေတ် နောက်ဆုံးတော့ နိုင်ငံတော် ရဲ့ ခေတ်ပါ အမှုတော်သည် ခေတ်တစ်ခုစီတွင် ကွဲပြားသော်လည်း လူသားတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီ အတိအကျပြောရမလား စာတန်ကို တိုက်ခိုက်စဉ် မှာ သူသုံးတဲ့ လှည့်ကွက်တွေနဲ့ ကိုက်ညီတာ အမှုတော်ရဲ့ရည်ရွယ်ချက်က စာတန်ကို အနိုင်တိုက်ဖို့၊ အနန္တတန်ခိုးဉာဏ် ပညာနဲ့ ပြည့်တဲ့ ဘုရား၏ ဖြစ်ခြင်းနှင့် စာတန်ရဲ့လှည့်ကွက် အကုန်ဖော်ထုတ်ပြီး ဒီလိုနဲ့ စာတန်ရဲ့ အုပ်စိုးမှု့ မှ ကယ်တင်မယ် ဒီလိုနဲ့ စာတန်ရဲ့ အုပ်စိုးမှု့ မှ ကယ်တင်မယ်

II

ဘုရားရဲ့ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ ကိုဖော်ထုတ်ပြီး စာတန်ရဲ့ အကျည်းတန် ယုတ်မာခြင်းကို ဖော် ထုတ် ဖို့ ဖန်ဆင်းခံ သတ္တဝါတွေ အဆိုးအကောင်း ခွဲခြားတတ်အောင် သင်ဖို့ အရာအားလုံး အချုပ်အခြာ က ဘုရားကိုယ်တိုင် ဖြစ်ကြောင်းကိုသိစေ လူတွေရဲ့ ရန်သူဟာ စာတန်မာန်နတ်ဖြစ် တစ်ခုသော မကောင်းဆိုးဝါး ယုတ်မာတာ မြင်သာထင်ရှားစေ လူတို့ကို အကောင်းနှင့် အဆိုး အမှန်နှင့် အမှား သန့်ရှင်းခြင်း ညစ်ညမ်းခြင်း ကြီးမြတ်ခြင်း ယုတ်ညံ့မှု ကိုသိစေ အမှုတော်ရဲ့ရည်ရွယ်ချက် က စာတန်ကို အနိုင်တိုက်ဖို့၊ အနန္တတန်ခိုးဉာဏ် ပညာနဲ့ ပြည့်တဲ့ ဘုရား၏ ဖြစ်ခြင်းနှင့် စာတန်ရဲ့လှည့်ကွက် အကုန်ဖော်ထုတ်ပြီး ဒီလိုနဲ့ စာတန်ရဲ့ အုပ်စိုးမှု့ မှ ကယ်တင်မယ် ဒီလိုနဲ့ စာတန်ရဲ့ အုပ်စိုးမှု့ မှ ကယ်တင်မယ် မသိနားမလည် လူသားကို ဘုရားတွက် သက်သေခံစေ လူသားတို့ကို ပျက်စီးစေခဲ့တာ ဘုရားမဟုတ် ဘူး ဖန်ဆင်းရှင်သခင် ဘုရားကိုယ်တိုင်သာ လူကိုကယ်တင်ပြီး ဝမ်းမြောက် ဖွယ်ရာများ ပေးနိုင်တယ် ဘုရားက အားလုံးသောအရာကို အုပ်စိုးသူ လူသားတို့ အားလုံးနားလည် လာကြမည် စာတန်ဟာ ဘုရားရဲ့ ဖန်ဆင်းခံ တစ်ယောက်သာဘုရားအား သစ္စာဖောက်တာ အကုန်သိရစေမှာ

III

ဘုရား ၏ အနှစ် (၆၀၀၀) သော အစီအစဉ်ဟာ သုံးဆင့်ခွဲထားတယ် ထိုအတိုင်းပဲ အားလုံးက ဖြစ်လာစေရန် သူဖန်ဆင်းခဲ့လေသမျှ သူ့အတွက် သက်သေ ဖြစ်စေဖို့ သူ၏အလိုတော် နှင့် ဘုရားကို သမ္မာတရားအဖြစ် မြင်စေရန် အမှုတော်ရဲ့ရည်ရွယ်ချက် က စာတန်ကို အနိုင်တိုက်ဖို့၊ အနန္တတန်ခိုးဉာဏ် ပညာနဲ့ ပြည့်တဲ့ ဘုရား၏ ဖြစ်ခြင်းနှင့် စာတန်ရဲ့လှည့်ကွက် အကုန်ဖော်ထုတ်ပြီး ဒီလိုနဲ့ စာတန်ရဲ့ အုပ်စိုးမှု့ မှ ကယ်တင်မယ် ဒီလိုနဲ့ စာတန်ရဲ့ အုပ်စိုးမှု့ မှ ကယ်တင်မယ်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၂

စကြဝဠာတစ်လျှောက်လုံးမှ လူများသည် ငါ၏နေ့ရက်ရောက်လာခြင်းအပေါ် ပွဲလမ်းသဘင် ကျင်းပကြပြီး၊ ကောင်းကင်တမန်များသည် လူထုအလယ်တွင် လျှောက်သွားကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၂

ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သင်၏ သန္နိဋ္ဌာန်ကို ကိုင်လှုပ်နိုင်သည့်အရာများ၊ သင်၏ စိတ်နှလုံး၌ နေရာယူနိုင်သည့်အရာများ၊ သို့မဟုတ် သင်၏တာဝန်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၉

မိမိ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်ရန် ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အချို့ လူများမှ ၎င်းတို့သည် ဤအတိုင်းသာ လိုက်လျှောက်ပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၈

ငါသည် သင်တို့ကို များစွာသော သတိပေးချက်များ ပေးပြီးဖြစ်သကဲ့သို့၊ သင်တို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်လျက် များစွာသော သမ္မာတရားများကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။