ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂

ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အမှုကို ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ အဆင့်သုံးဆင့် ပိုင်းခြားထား၏။ အမှု၏ ဤအဆင့်သုံးဆင့်တို့အားလုံးသည် လူသား၏ကယ်တင်ခြင်းအတွက်ဖြစ်၏။ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖျက်ဆီးခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်၏။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်မှ စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အတွက်လည်း ဖြစ်၏။ ထို့ကြောင့် ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ စာတန်နှင့်တိုက်ပွဲကိုလည်း အဆင့်သုံးဆင့် ခွဲခြားထား၍ ဘုရားသခင်၏အမှု၏ ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက်ဆောင်ရွက်၏။ စာတန်နှင့်တိုက်ပွဲသည် အကယ်စင်စစ်အားဖြင့် လူသား၏ကယ်တင်ခြင်းအတွက်ဖြစ်ကာ၊ လူသား၏ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာပြီးဆုံးနိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲကိုလည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထား၍၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖျက်ဆီးမှု အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲ၏။ လူသား၏ စိတ်ကူးတွင် စစ်တပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဝင်သကဲ့သို့ ဤတိုက်ပွဲတွင် ဘုရားသခင်က စာတန်ကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်မည်ဟု ယုံကြည်ကောင်းယုံကြည်လိမ့်မည်။ ဤသည်မှာ လူသား၏အသိဉာဏ်မှ စိတ်ကူးနိုင်စွမ်း ရှိသမျှသာဖြစ်ကာ အလွန့်အလွန် မရေရာ၍ လက်တွေ့မကျသော အတွေးအခေါ်တစ်ရပ် ဖြစ်၏။ သို့ရာတွင် ဤသည်မှာ လူသားယုံကြည်သည့်အရာဖြစ်၏။ ထို့အပြင် လူသား၏ ကယ်တင်ခြင်းနည်းလမ်းသည် စာတန်နှင့် တိုက်ပွဲဝင်ခြင်းမှတစ်ဆင့်ဟု ဤနေရာတွင် ငါပြောသဖြင့် ဤသို့တိုက်ပွဲဝင်သည်ဟု လူသားက စိတ်ကူးယဉ်ခြင်း ဖြစ်သည်။ လူသား၏ကယ်တင်ခြင်းအမှုတွင်၊ အဆင့်သုံးဆင့်ကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်၏။ ဆိုလိုသည်မှာ စာတန်လုံးဝရှုံးနိမ့်ခြင်း မဖြစ်မီ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲခြားထား၏။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ရပ်လုံး၏ အတွင်းကျသည့်အမှန်တရားမှာ လူသားအပေါ် ကျေးဇူးတော်ချပေးခြင်းနှင့် လူသား၏ အပြစ်ဖြေရာယဇ်ဖြစ်ခြင်း၊ လူသား၏အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်းတို့မှတစ်ဆင့် ၎င်း၏သက်ရောက်မှုများကို ရရှိခြင်းဖြစ်၏။ အမှန်စင်စစ်ဆိုရလျှင် စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်သည်မဟုတ်ဘဲ လူသားသည် ဘုရားသခင်အတွက် သက်သေခံနိုင်ရန် လူသားကို ကယ်တင်ခြင်း၊ လူသား၏ဘဝအပေါ် အမှုဆောင်ခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းဖြစ်၏။ ဤနည်းဖြင့်စာတန်ကို ရှုံးနိမ့်စေ၏။ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းဖြင့် စာတန်ကို ရှုံးနိမ့်စေ၏။ စာတန်ကိုရှုံးနိမ့်စေပြီးသည့်အခါ၊ ဆိုလိုသည်မှာ လူသားသည် ကယ်တင်ခြင်းလုံးဝရရှိပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလျက်၊ ဤနည်းအားဖြင့် လူသားသည် လုံးဝကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်တိုက်ပွဲဖြစ်၍၊ စာတန်နှင့်စစ်ပွဲသည် လူသား၏ကယ်တင်ခြင်းတွင် အဓိကအားဖြင့် ထင်ဟပ်နေ၏။ လူသားကိုသိမ်းပိုက်ရမည့် နောက်ဆုံးသောကာလအဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့်ဖြစ်၏။ ထို့အပြင် စာတန်၏ပိုင်နက်မှ လူသား၏လုံးဝကယ်တင်ခြင်းအမှုလည်းဖြစ်၏။ လူသား၏သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်သည် စာတန်၏ရုပ်လုံးဖော်မှုဖြစ်သည့် စာတန်၏ ဖျက်ဆီးခြင်းခံရသူ လူသားကို ၎င်း၏ သိမ်းပိုက်မှုနောက်ပိုင်း ဖန်ဆင်းရှင်ထံပြန်ပို့ခြင်းဖြစ်၏။ ဤနည်းဖြင့် သူသည် စာတန်ကိုစွန့်လွှတ်၍ ဘုရားသခင်ထံ လုံးဝပြန်သွားမည်ဖြစ်၏။ ဤနည်းဖြင့် လူသားသည် လုံးဝကယ်တင်ခြင်းခံရခဲ့ပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် စာတန်ကိုဆန့်ကျင်သည့်တိုက်ပွဲတွင် သိမ်းပိုက်ခြင်းအမှုသည် နောက်ဆုံးအမှုဖြစ်၍၊ စာတန်ရှုံးနိမ့်ရေးအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှုတွင် နောက်ဆုံးအဆင့်လည်းဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏ အပြည့်အဝ ကယ်တင်ခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။ စာတန်ကို လုံးဝရှုံးနိမ့်စေရန်မှာလည်း မဖြစ်နိုင်ပေ။ ထို့အပြင် လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ သို့မဟုတ် စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးသက်ရောက်မှုအနေဖြင့်၊ စာတန်နှင့် တိုက်ပွဲမပြီးဆုံးမီ လူသားအားကယ်တင်သည့်အမှုကို ပြီးဆုံးစေနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်၍ ဖြစ်သည်။ အစောဆုံးလူသားမျိုးနွယ်မှာ ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖျက်ဆီးခြင်းကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်းခံရကာ စာတန်၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမှုတွင် စာတန်သည် ရှုံးနိမ့်စေရမည့်အရာဖြစ်သွားခဲ့၏။ စာတန်က လူသားကို သိမ်းယူလိုက်သည့်အတွက်နှင့် လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း၏ အဓိကအရာဖြစ်သည့်အတွက် အကယ်၍ လူသားသည် ကယ်တင်ခြင်းခံရမည်ဆိုပါက သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ လူသား၏ နဂိုမူလစိတ်ကို ပြန်လည်ရရှိစေရန် သူ၏စိတ်သဘောထားအဟောင်းကို ပြောင်းလဲခြင်းများအားဖြင့် စာတန်ကို ရှုံးနိမ့်စေ၍၊ ဤနည်းအားဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသောလူသားကို စာတန်၏လက်ထဲမှ ပြန်လည်လုယူနိုင်လိမ့်မည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် အချုပ်အနှောင်တို့မှ ကင်းလွတ်ပါက စာတန်သည် အရှက်ရမည်ဖြစ်၍ လူသားကို အဆုံးတွင် ပြန်လည်ရယူမည်ဖြစ်ကာ စာတန်ရှုံးနိမ့်လိမ့်မည်ဖြစ်သည်။ ထို့အပြင် လူသားသည် စာတန်၏ မှောင်မိုက်သောလွှမ်းမိုးမှုမှ လွတ်မြောက်ခဲ့ပြီဖြစ်၍ လူသားသည် ဤတိုက်ပွဲတစ်ရပ်လုံးမှ သိမ်းပိုက်ရရှိထားသည့်အရာ ဖြစ်သွားကာ၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့် အပြစ်ပေးခံရမည့်အရာ ဖြစ်သွားလိမ့်မည်။ ၎င်းနောက်တွင် လူသား၏ကယ်တင်ခြင်းအမှုတစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၉

ယနေ့ကာလ၏ လမ်းကြောင်းသည် လျှောက်ဖို့ မလွယ်လှပေ။ ယင်းအရာအား ရှာတွေ့ရန် ခဲယဉ်းပြီး ခေတ်ကာလတစ်လျှောက်တွင် အလွန်ပင် ရှားပါးသည်ဟု ပြော၍ရပါသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၅

လူအမျိုးအစားမျိုးစုံ၏ အတွေ့အကြုံများသည် ၎င်းတို့အတွင်းရှိ အရာများကို ကိုယ်စားပြုသည်။ ဝိညာဉ်ရေးရာ အတွေ့အကြုံ တစ်ခုတစ်လေမျှ မရှိသည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၇

သင်တို့၏ ဇာတိပကတိ၊ သင်တို့၏ လွန်ကဲသော အလိုဆန္ဒများ၊ သင်တို့၏ လောဘနှင့် သင်တို့၏ တဏှာရာဂတို့သည် သင်တို့အထဲ၌ အလွန်နက်ရှိုင်းစွာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၄

လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်ဘာသိသင့်သနည်း။ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဝိညာဉ်တော်၊ ပုဂ္ဂိုလ်တော်နှင့် နှုတ်ကပတ်တော်တို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။