ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၉

19.04.2021

လူ့ဇာတိခံ ဘုရားသခင်က လူ့ဇာတိအဖြစ်သို့ ကြွလာပြီးဖြစ်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖောက်ပြန်ပျက်စီးနေသော လူသား၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ယင်းသည် လူ၏ လိုအပ်ချက်များကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ လိုအပ်ချက်ကြောင့် မဟုတ်ပေ၊ ပြီးလျှင် ဘုရားသခင်၏ စွန့်လွှတ်မှုများနှင့် ဆင်းရဲဒုက္ခအားလုံးသည် လူသားမျိုးနွယ်အတွက် ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တိုင်၏ အကျိုးအမြတ်အတွက် မဟုတ်ပေ။ ဘုရားသခင်အတွက် အကောင်းနှင့် အဆိုးများ၊ သို့မဟုတ် ဆုလာဘ်များ မရှိပေ။ သူသည် အနာဂတ် အကျိုးအမြတ်အချို့ကို ရိတ်သိမ်းလိမ့်မည် မဟုတ်ဘဲ၊ မူလက သူ့ကို အကြွေးတင်ထားခဲ့သည့် အရာတို့ကို ရိတ်သိမ်းလိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူ လုပ်ဆောင်ပြီး စွန့်လွှတ်သည့်အရာ အားလုံးသည် ကြီးစွာသော ဆုလာဘ်များကို သူ ရရှိရန်အလို့ငှာ မဟုတ်ဘဲ၊ လူသားမျိုးနွယ်အတွက် သက်သက် ဖြစ်သည်။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတွင် မစဉ်းစားနိုင်သော အခက်အခဲများစွာ ပါဝင်သော်လည်း၊ နောက်ဆုံးတွင် ယင်းက စွမ်းဆောင်ရရှိသည့် အကျိုးတရားများသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အကျိုးတရားများထက် သာလွန် များပြားသည်။ လူ့ဇာတိ၏ အမှုသည် များစွာသော အခက်အခဲများ ဖြစ်ပေါ်စေပြီး၊ လူ့ဇာတိသည် ဝိညာဉ်တော်ကဲ့သို့ အလားတူ သြဇာအာဏာကို ပိုင်ဆိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်ကဲ့သို့ ကြီးမြတ်သည့် တူညီသော ပင်ကိုလက္ခဏာ မပိုင်ဆိုင်နိုင်၊ ဝိညာဉ်တော်ကဲ့သို့ တူညီသော သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်နိုင်ပေ။ သို့သော်လည်း ထူးခြားမှု မရှိသော ဤဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ အနှစ်သာရသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အနှစ်သာရ ထက်သာ၍ များစွာသာလွန်ပြီး၊ ဤလူ့ဇာတိ ကိုယ်တိုင်သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ လိုအပ်ချက်များအဖို့ အဖြေ ဖြစ်လေသည်။ ကယ်တင်ခြင်းခံရမည့် သူများအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် လူ့ဇာတိကို အသုံးပြုနိုင်သည့် တန်ဖိုးထက် များစွာ နိမ့်ကျသည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာများ အားလုံးအနှံ့ ခြုံငုံနိုင်သော်လည်း၊ လူ့ဇာတိ၏ အမှုသည် သူနှင့် ထိတွေ့သော လူတိုင်းနှင့် သာ၍ ထိရောက်စွာ နှီးနွှယ်လေသည်။ ထို့အပြင် လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ပုံသဏ္ဌာန်ဖြင့် ဘုရားသခင်၏ လူ့ဇာတိကို လူသားက ပို၍နားလည်နိုင်ပြီး ပို၍ယုံကြည်နိုင်ကာ၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို သာ၍နက်သည်ထက် နက်လာနိုင်စေပြီး၊ ဘုရားသခင်၏ တကယ့် လုပ်ဆောင်ချက်များ နှင့်ဆိုင်သော သာ၍နက်နဲသည့် ထင်မြင်ချက်များကို လူသားအပေါ် ချန်ထားနိုင်ပေသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ပိတ်ဖုံးနေပြီး၊ သေမျိုးတို့အတွက် နားလည်ရန် ခက်ခဲကာ၊ တွေ့မြင်နိုင်ရန် သာ၍ပင်ခက်ခဲလေသည်၊ ထို့ကြောင့် ၎င်းတို့သည် အနှစ်မဲ့သော စိတ်ကူးစိတ်သန်းများ အပေါ်တွင်သာ မှီခိုနိုင်ကြလေသည်။ သို့ရာတွင် လူ့ဇာတိ၏ အမှုသည် ပုံမှန်ဖြစ်ပြီး၊ လက်တွေ့အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော ဉာဏ်ပညာကို ပိုင်ဆိုင်သကဲ့သို့၊ လူသား၏ ရုပ်ခန္ဓာမျက်လုံးဖြင့် ရှုမြင်၍ရသည့် အမှန်တရားတစ်ခု ဖြစ်သည်။ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနိုင်ကာ သူ၏ ပေါများလှသော စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်ပေ။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ တိကျမှန်ကန်မှုနှင့် စစ်မှန်သောတန်ဖိုး ဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့ မမြင်နိုင်သကဲ့သို့ လူတို့ တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာအားဖြင့် ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် ဝိညာဉ်တော်၏ လမ်းပြခြင်းတို့ကိုသာ လုပ်ဆောင်နိုင်သည်၊ သို့ရာတွင် ဉာဏ်ရှိသော လူသားအတွက် ဤအရာတို့သည် မည်သည့် ရှင်းလင်းသော အဓိပ္ပာယ်ကိုမျှ မပေးချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးပြီး၊ နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက် တစ်ခုကို မပေးနိုင်ပေ။ သို့သော် လူ့ဇာတိ၌ ဘုရားသခင်၏အမှုမှာမူ အလွန် ကွာခြား၏။ ယင်းသည် နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းပြမှု ပါဝင်သည်၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ရည်မှန်းချက်ပန်းတိုင်များ ရှိသည်။ သို့ဖြစ်၍ လူသည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် ၎င်း၏ စိတ်ကူးစိတ်သန်းများကို အသုံးပြုစရာ မလိုပေ။ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် အမှု၏ ရှင်းလင်းပြတ်သားမှု ဖြစ်ပြီး ဝိညာဉ်တော်၏ အမှုမှ ယင်း၏ ကြီးမားသော ကွာခြားမှု ဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခု အတွက်သာ သင့်လျော်ပြီး၊ လူ့ဇာတိ၏အမှုကို အစားမထိုးနိုင်ပေ။ လူ့ဇာတိ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို အလွန်တရာ ပို၍ တိကျပြီး လိုအပ်သော ရည်မှန်းချက်ပန်းတိုင်များနှင့် များစွာ ပို၍ စစ်မှန်၊ တန်ဖိုးရှိသော အသိပညာကို ပေးလေသည်။ ဖောက်ပြန်ပျက်စီးသော လူသားအဖို့ အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုသည် လိုက်စားရန် တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်၍ရကာ ထိတွေ့၍ရသော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းပြမှုတို့သည်သာ လူသား၏အကြိုက်များနှင့် ကိုက်ပြီး၊ စစ်မှန်သော အမှုသည်သာ လူကို သူ၏ ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ စွမ်းဆောင် ရရှိနိုင်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်သာလျှင် လူသားကို ၎င်း၏ ယခင်က ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲ အနှစ်သာရ ဖြစ်သော်လည်း၊ ဤသို့သောအမှုကို သူ၏လူ့ဇာတိဖြင့်သာ လုပ်ဆောင်နိုင်ပေသည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်း အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်မည် မဟုတ်ပေ- ဤသည်မှာ ရှင်းလင်းသော အမှန်တရား ဖြစ်သည်။ လူအများစုသည် ဤလူ့ဇာတိကြောင့် ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး ဖြစ်သော်လည်း၊ ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ၊ သူ၏အလိုကို ဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်လိမ့်မည် ဖြစ်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်မြင်သက်သေများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီးဖြစ်သည့် သက်သေများ၊ သူနှင့်သဟဇာတ ဖြစ်ပြီး သူနှင့်ခွဲ၍မရသော သက်သေများ ဖြစ်လာကြလိမ့်မည်။ သူသည် လူသားအဖို့ လူ့ဇာတိ၌ သူ့အမှု၏ အရေးကြီးခြင်းကို လူသားအား သိရှိစေမည် ဖြစ်ပြီး၊ လူသားသည် လူ၏တည်ရှိမှု အဓိပ္ပာယ်အဖို့ ဤလူ့ဇာတိ၏ အရေးပါမှုကို သိရှိလိမ့်မည်၊ လူ့အသက်တာ ကြီးထွားမှုအဖို့ ဘုရားသခင်၏ စစ်မှန်သောတန်ဖိုးကို သိရှိလိမ့်မည် ဖြစ်ပြီး၊ ထို့အပြင် ဤလူ့ဇာတိသည် လူသားက ခွဲခွာ၍မရသည့် အသက်စမ်းရေ ဖြစ်လာလိမ့်မည်ကို သိရှိပေမည်။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနေအထားတို့နှင့်ကိုက်ညီခြင်းမှ အလှမ်းဝေးပြီး၊ လူသားအဖို့ ဘုရားသခင်၏ တကယ့် အဆင့်အတန်းနှင့် သဟဇာတဖြစ်ပုံ မရသော်လည်း၊ ဘုရားသခင်၏ စစ်မှန်သော ပုံသဏ္ဌာန် သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို မပိုင်ဆိုင်သော ဤလူ့ဇာတိသည် ဘုရားသခင်၏ဝိညာဉ်တော်က တိုက်ရိုက် မလုပ်ဆောင်နိုင်သော အမှုကို လုပ်ဆောင်နိုင်လေသည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ စစ်မှန်သောအရေးပါမှုနှင့် တန်ဖိုးဖြစ်ပြီး၊ လူသားအနေဖြင့် နားမလည်နိုင်သကဲ့သို့၊ အသိအမှတ်မပြုနိုင်သည်မှာ ဤအရေးပါမှုနှင့် တန်ဖိုးတို့ဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကြည်ညိုကြပြီး၊ ဘုရားသခင်၏ လူ့ဇာတိကို အထင်သေးကြသော်လည်း၊ ၎င်းတို့ မည်သို့ပင် ရှုမြင်သည်ဖြစ်စေ သို့မဟုတ် တွေးထင်စေကာမူ၊ လူ့ဇာတိ၏ စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးသည် ဝိညာဉ်တော်၏ စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးထက် များစွာသာလွန်ပါသည်။ မှန်ပေ၏၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်နှင့်သာ သက်ဆိုင်ပေသည်။ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသောသူ အားလုံးအတွက်၊ ဝိညာဉ်တော်၏ အမှုသည် တို့ထိမှု သို့မဟုတ် လှုံ့ဆော်မှု၊ ပြီးလျှင် ရှင်းပြ၍မရနိုင်သကဲ့သို့ မတွေးတတ်သော အံ့သြဖွယ်ခံစားချက်တစ်ခုနှင့် ကြီးမြတ်သော၊ ထူးကဲသာလွန်သကဲ့သို့ နှစ်လိုဖွယ်ကောင်းသော်လည်း အားလုံးအဖို့ ရယူရန်မဖြစ်နိုင်သကဲ့သို့ မရရှိနိုင်သောအရာလည်း ဖြစ်သည့် ခံစားချက်တစ်ခုကိုသာ ပေးနိုင်သည်။ လူသားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့ကြားတွင် ကြီးမားသည့် အကွာအဝေးတစ်ခု ရှိသည့်အလား၊ အဝေးမှသာ အချင်းချင်း ကြည့်ရှုနိုင်ကြပြီး၊ လူသားနှင့် ဘုရားသခင်တို့သည် မမြင်ရသော အပိုင်းအခြားတစ်ခုဖြင့် ခွဲခြားခံထားရသည့်နှယ် ၎င်းတို့သည် မည်သည့်အခါမျှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင် ဤသည်မှာ ဝိညာဉ်တော်က လူသားကိုပေးထားသော အတွေးမှားတစ်ခု ဖြစ်သည်၊ ယင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတစ်စားတည်း မဟုတ်သကဲ့သို့၊ ဝိညာဉ်တော်နှင့် လူသားတို့သည် လောကတစ်ခုတည်းတွင် မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်မည် မဟုတ်သောကြောင့် ဖြစ်ပြီး၊ ဝိညာဉ်တော်သည် လူနှင့်ဆိုင်သောအရာ မည်သည့်အရာမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်သည် လူသားက အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက် မလုပ်ဆောင်နိုင်သည့်အတွက်၊ လူသားသည် ဝိညာဉ်တော်၏ လိုအပ်ချက် မရှိပေ။ လူ့ဇာတိ၏အမှုသည် လိုက်စားရမည့် စစ်မှန်သော ရည်မှန်းချက်များ၊ ရှင်းလင်းသော နှုတ်ကပတ်တော်များနှင့် သူသည် စစ်မှန်ကာ ပုံမှန်ဖြစ်သည်ဟူသော ခံစားမှုတစ်ခု၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသော ခံစားမှုတို့ကို လူသားကို ပေးသည်။ လူသားသည် သူ့ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း၊ လူအများစုအတွက် သူသည် နားလည်သဘောပေါက်ဖို့ လွယ်ကူသည်။ လူသားသည် သူ၏ မျက်နှာကို ရှုမြင်နိုင်ပြီး၊ သူ၏အသံကိုကြားနိုင်ကာ သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤလူ့ဇာတိသည် လူသားကဲ့သို့ တူညီသော ကမ္ဘာလောကထဲတွင် ရှိသည့်အတွက်၊ ဤလူ့ဇာတိသည် လူသားအဖို့ ချဉ်းကပ်၍ရနိုင်သည်၊ မဝေးကွာဘဲ သို့မဟုတ် နားမလည်နိုင်စရာ မဟုတ်ဘဲ၊ မြင်၍ရနိုင်သကဲ့သို့ ထိတွေ့၍ရနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။