ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၇

သူ၏ အနှစ်ခြောက်ထောင် အမှုကို လက်ရှိအချိန်အထိ ဆောင်ရွက်ပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သူ၏ ဆောင်ရွက်ချက် များစွာကို ထုတ်ဖော်ပြနှင့်ပြီးဖြစ်သည်၊ ယင်း၏ အဓိက ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူဖို့နှင့် လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ ဖြစ်လေပြီးဖြစ်သည်။ သူသည် ကောင်းကင်ဘုံရှိ အရာရာတိုင်း၊ မြေကြီးပေါ်ရှိ အရာရာတိုင်း၊ ပင်လယ်များထဲက အရာရာတိုင်းနှင့် မြေကြီးပေါ်ရှိ ဘုရားသခင်၏ ဖန်ဆင်းခြင်းထဲက နောက်ဆုံး အရာဝတ္ထုတိုင်းအား သူ၏ အနန္တတန်ခိုးကို တွေ့မြင်ခွင့်ပေးဖို့နှင့် သူ၏ ဆောင်ရွက်ချက်များအားလုံးကို မျက်မြင်တွေ့ခွင့်ပေးဖို့ ဤအခွင့်အရေးကို အသုံးပြုလေသည်။ သူသည် သူ၏ လုပ်ဆောင်ချက်များအားလုံးကို လူသားများထံ ထုတ်ဖော်ပြဖို့နှင့် သူ့ကို ချီးမွမ်းနိုင်ကြစေကာ စာတန်ကို အနိုင်ယူရာတွင် သူ၏ ဉာဏ်ပညာကို ချီးမြှောက်နိုင်ကြစေဖို့ သူ၏ စာတန်ကို အနိုင်ယူခြင်းက ပေးသည့် အခွင့်အရေးကို သူ မလွှတ်တမ်း အသုံးချနေသည်။ ကမ္ဘာမြေပေါ်၊ ကောင်းကင်ဘုံနှင့် ပင်လယ်များအတွင်းရှိ အရာအားလုံးသည် ဘုရားသခင်ထံ ဘုန်းအသရေ ဆောင်ကြဉ်းကြသည်၊ သူ၏အနန္တတန်ခိုးကို ချီးမွမ်းကြပြီး၊ သူ၏လုပ်ဆောင်ချက်တစ်ခုစီတိုင်းကို ချီးမွမ်းကာ သူ၏သန့်ရှင်းသည့် အမည်နာမကို ဟစ်ကြွေးကြလေသည်။ ဤအရာသည် စာတန်ကို သူ၏ အနိုင်ယူခြင်း သက်သေဖြစ်သည်။ ယင်းမှာ စာတန်ကို သူ၏ ချေမှုန်းခြင်း သက်သေဖြစ်သည်။ ပိုပြီးအရေးကြီးသည်မှာ၊ ယင်းသည် လူသားမျိုးနွယ်နှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း သက်သေ ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းတစ်ရပ်လုံးသည် သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်း၏၊ သူ၏ရန်သူကို အနိုင်ယူခြင်းနှင့် အောင်နိုင်လျက် ပြန်လာခြင်းအတွက် သူ့ကို ချီးမွမ်းကြပြီး၊ ကြီးမြတ်သည့် အောင်နိုင်သော ရှင်ဘုရင်အဖြစ် သူ့ကို ချီးကျူးထောမနာပြုကြလေသည်။ သူ၏ ရည်ရွယ်ချက်သည် စာတန်ကို ချေမှုန်းရုံမျှ မဟုတ်၊ ယင်းမှာ အနှစ်ခြောက်ထောင်ကြာ သူ၏ အမှု ဆက်လက် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ စာတန်၏ ရှုံးနိမ့်မှုကို အသုံးပြုသည်။ သူသည် သူ၏ဆောင်ရွက်မှုများ အားလုံးနှင့် သူ၏ဘုန်းအသရေ အားလုံးတို့ကို ထုတ်ဖော်ပြဖို့ စာတန်၏ ရှုံးနိမ့်မှုကို အသုံးပြုသည်။ သူသည် ဘုန်းအသရေကို ရရှိလိမ့်မည်ဖြစ်ပြီး၊ ကောင်းကင်တမန် အသင်္ချေအားလုံးသည် သူ၏ဘုန်းအသရေအားလုံးကို မြင်ကြရလိမ့်မည် ဖြစ်သည်။ ကောင်းကင်ဘုံရှိ စေတမန်များ၊ ကမ္ဘာမြေပေါ်ရှိ လူသားများနှင့် ကမ္ဘာပေါ်ရှိ ဖန်ဆင်းခြင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ ဘုန်းအသရေကို မြင်ကြရလိမ့်မည်။ ဤသည်မှာ သူလုပ်ဆောင်သည့် အမှုဖြစ်သည်။ ကောင်းကင်ဘုံနှင့် မြေကြီးပေါ်ရှိ သူ၏ ဖန်ဆင်းခြင်းအားလုံးသည် သူ၏ဘုန်းအသရေကို မျက်မြင်တွေ့လိမ့်မည် ဖြစ်ပြီး၊ စာတန်ကို အပြတ်အသတ် အနိုင်ယူပြီးသည့်နောက်တွင် သူသည် အောင်နိုင်လျက် ပြန်လာလိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို သူ့အား ချီးမွမ်းခွင့်ပေးမည် ဖြစ်ကာ၊ ထိုသို့ဖြင့် သူ၏ အမှုတွင် နှစ်ဆသော အောင်မြင်မှုကို စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ အဆုံးတွင် လူသားမျိုးနွယ် အားလုံးသည် သူ၏ သိမ်းပိုက်ခြင်းခံရကြလိမ့်မည် ဖြစ်ပြီး၊ ခုခံသည့်သူ သို့မဟုတ် ပုန်ကန်သူ မည်သူမဆိုကို သူဖယ်ရှားပစ်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် စာတန်နှင့် သက်ဆိုင်သည့် သူအားလုံးကို သူဖယ်ရှားပစ်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၂

“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၀

လူသား၏ အခြေအနေနှင့် ဘုရားသခင်အပေါ် လူသား၏ သဘောထားတို့နှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူနှင့် သက်ဆိုင်သည့် အသိပညာနှင့် သူ့အပေါ် နာခံခြင်း၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၃

တစ်ဦးတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲခြင်းသည် အပြုအမူတွင် ပြောင်းလဲခြင်းမဟုတ်သကဲ့သို့၊ ဟန်ဆောင်ထားသည့် အပြင်ပန်း ပြောင်းလဲမှုတစ်ခု သို့မဟုတ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၇၂

သင်သည် အမေရိကန်လူမျိုး ဖြစ်သည်ဖြစ်စေ၊ ဗြိတိသျှလူမျိုး ဖြစ်သည်ဖြစ်စေ သို့မဟုတ် အခြားမည်သည့်လူမျိုးပင် ဖြစ်နေပါစေ သင်၏ကိုယ်ပိုင်လူမျိုး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။