မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော

ယနေ့လမ်းကြောင်းကို သင်တို့လျှောက်လှမ်းကြသည်နှင့်အမျှ အသင့်တော်ဆုံးသော လိုက်စားမှုမျိုးမှာ အဘယ်နည်း။ သင်၏လိုက်စားမှု၌ သင့်ကိုယ်သင် မည်သို့သောလူစားမျိုးအဖြစ် မြင်သင့်သနည်း။ စမ်းသပ်မှုများ ဖြစ်စေ၊ အခက်အခဲများဖြစ်စေ၊ သို့မဟုတ် ရက်စက်သော ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ဖြစ်စေ သင့်အပေါ် ယနေ့ကျရောက်သည့် အရာအားလုံးအပေါ် ချဉ်းကပ်ပုံချဉ်းကပ်နည်းကို သင်သိသင့်၏။ ထိုအရာအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ ကိစ္စရပ်တိုင်း၌ ၎င်းတို့ကို သေချာသုံးသပ်သင့်၏။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ ထိုအရာကို ငါပြောရခြင်းမှာ ယနေ့ သင့်အပေါ် ကျရောက်သည့်အရာများသည် စင်စစ်အားဖြင့် ထပ်တလဲလဲ ဖြစ်ပေါ်သည့် တိုတောင်းသော စမ်းသပ်မှုများ ဖြစ်သောကြောင့် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ၊ သင်၏အမြင်တွင် ယင်းတို့သည် စိတ်ဝိညာဉ်အတွက် အထူးတလည် ခက်ခဲပင်ပန်းသော အရာများမဟုတ်သောကြောင့် သင်သည် အမှုအရာတို့ကို ၎င်းတို့၏သဘာဝဖြစ်စဉ်အတိုင်း ရွေ့လျားဖြစ်ပေါ်စေပြီး တိုးတက်မှုကို လိုက်စားရာတွင် အဖိုးတန်သော အရာတစ်ခုအဖြစ် ၎င်းတို့ကို မမှတ်ယူပေ။ သင်သည် အရေးမထားလွန်းလှပါတကား။ မည်မျှအထိနည်းဆိုလျှင် အဖိုးတန်သော ဤအရာကို သင်၏မျက်လုံး ရှေ့တွင် လွင့်ပါးနေသည့် တိမ်တစ်ခုကဲ့သို့ သင်တွေးထင်နေသည်အထိပင် ဖြစ်တော့သည်။ အကြိမ်ကြိမ် တသွင်သွင်သွန်ချသည့် ဤပြင်းထန်သော ထိုးနှက်ချက်များ- တိုတောင်းပြီး သင့်အဖို့ အားပျော့ပုံရသည့် ထိုးနှက်ချက်များကို သင်သည် တန်ဖိုးမထားဘဲ၊ စိမ်းစိမ်းကားကား ကြည့်ကာ ၎င်းတို့ကို နှလုံးမသွင်းဘဲလျက်၊ တိုက်တိုက်ဆိုင်ဆိုင် ခံရသော ထိုးနှက်ချက်တစ်ခုအဖြစ်သာ သင်သဘောထားလေသည်။ သင်သည် အလွန်ပင် မာနထောင်လွှားပါတကား။ ထပ်ဖန်တလဲလဲ ရောက်လာတတ်သော မုန်တိုင်းများနှင့်ဆင်တူသည့် ဤကြမ်းကြုတ် ရက်စက်သော တိုက်ခိုက်မှုများကို သင်သည် ပေါ့ပေါ့တန်တန်သာ လျစ်လျူရှုထားလေသည်။ တစ်ခါတစ်ရံ သင်၏ လုံးဝဥဿုံ စိတ်မဝင်စားသည့် မျက်နှာထားကို ထုတ်ဖော်ပြလျက် အေးစက်စက် ပြုံးပြသည်အထိပင် သင်ပြုသည်- အကြောင်းမှာ ထိုသို့သော “ကံအကြောင်းမလှသည့် ဖြစ်ရပ်များ” ကို သင့်အနေဖြင့် အဘယ်ကြောင့် ဆက်၍ခံစားနေရသည်ကို တွေးဆဆင်ခြင်ဖူးခြင်း မရှိသောကြောင့် ဖြစ်သည်။ ငါသည် လူသားအပေါ် အလွန်အကျွံ မတရားရာကျနေခြင်းများ ဖြစ်နိုင်သလော။ ငါသည် သင့်ကို တကူးတက အပြစ်ရှာနေသလော။ သင်၏ စိတ်နေစိတ်ထားနှင့်ပတ်သက်သည့် ပြဿနာများသည် ငါဖော်ပြသမျှလောက် ပြင်းထန်ချင်မှ ပြင်းထန်မည်ဖြစ်သော်လည်း၊ သင်၏ အပြင်ပန်း တည်ငြိမ်အေးဆေးမှုမှတစ်ဆင့် သင်သည် သင့်အတွင်းကမ္ဘာ၏ စုံလင်သော ပုံရိပ်တစ်ခုကို အချိန်ကြာမြင့်စွာကတည်းက ခြယ်မှုန်းပြီး ဖြစ်လေသည်။ သင်၏စိတ်နှလုံးအတွင်းရှိ နက်ရှိုင်းသောနေရာများတွင် ဖုံးကွယ်နေသည့် တစ်ခုတည်းသောအရာမှာ ရုန့်ရင်းသော ပုတ်ခတ်ပြစ်တင်ခြင်းနှင့် အခြားသူများအတွက် မြင်သာရုံမျှဖြစ်သော ဝမ်းနည်းမှုအရိပ်အယောင်ရေးရေးတို့သာဖြစ်သည်ကို သင့်အား ငါပြောပြနေစရာ မလိုပေ။ သင့်အနေဖြင့် ထိုသို့သော စမ်းသပ်မှုများကို ခံစားလာခဲ့ရသည်မှာ အလွန်မတရားဟု ခံစားရသောကြောင့် သင်ကျိန်ဆဲလေသည်။ ထို့အပြင် ထိုစမ်းသပ်မှုများက လောက၏ အဖော်မဲ့သည့်ဆင်းရဲဒုက္ခကို သင့်အား ခံစားစေသောကြောင့် သင်သည် ညှိုးမှိုင်ခြင်းနှင့် ပြည့်လေ၏။ ဤဆက်ကာဆက်ကာဖြစ်သော ထိုးနှက်မှုများနှင့် ဆုံးမပဲ့ပြင်သည့် လုပ်ရပ်တို့ကို အကောင်းတကာ့ အကောင်းဆုံးသော အကွယ်အကာအဖြစ် မြင်ရန်ဝေးစွ၊ ၎င်းတို့ကို ကောင်းကင်ဘုံ၏ အဓိပ္ပာယ်မဲ့သော ပြဿနာရှာခြင်းအဖြစ်၊ သို့မဟုတ် သင့်အပေါ်သို့ရောက်သည့် သင့်တင့်သော ဒဏ်ခတ်ခံရခြင်းအဖြစ် သင်ရှုမြင်၏။ သင်သည် အလွန်ပင် ပညာမဲ့လိုက်လေတကား။ သင်သည် အချိန်အခါကောင်းများကို အမှောင်ထဲတွင် ရက်ရက်စက်စက် ပိတ်လှောင်ထား၏။ အံ့ဖွယ်စမ်းသပ်မှုများနှင့် ဆုံးမပဲ့ပြင်ခြင်း လုပ်ရပ်တို့ကို သင်၏ရန်သူများထံမှ တိုက်ခိုက်မှုများအဖြစ် အထပ်ထပ်အကြိမ်ကြိမ် သင်ရှုမြင်သည်။ သင်သည် သင်၏ ပတ်ဝန်းကျင်နှင့် မည်ကဲ့သို့အလိုက်သင့်နေရမည်ကို မသိသကဲ့သို့၊ ထိုသို့နေရန် သာ၍ပင် မလိုလားပေ၊ အကြောင်းမှာ ထပ်တလဲလဲဖြစ်သော ဤပြစ်တင်ဆုံးမမှု၊ သင့်အဖို့ ရက်စက်သည့် ဤပြစ်တင်ဆုံးမမှုမှ သင့်အနေဖြင့် မည်သည့်အရာကိုမျှ မရရှိလိုသည့်အတွက် ဖြစ်သည်။ သင်သည် ရှာဖွေရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် စူးစမ်းစစ်ဆေးရန် ကြိုးပမ်းခြင်းတို့ မပြုဘဲ သင်၏ကံကြမ္မာကိုသာ ကြိတ်မှိတ်လက်ခံထားကာ၊ ကံစေညွှန်ရာသို့ သွားသည်။ သင့်အဖို့ ရက်စက်ကြမ်းကြုတ်သော ပြစ်တင်ဆုံးမခြင်း လုပ်ရပ်များဟု ထင်ရနိုင်သည့် အရာသည် သင်၏စိတ်နှလုံးကို မပြောင်းလဲစေသကဲ့သို့၊ သင်၏စိတ်နှလုံးကို သိမ်းလည်း မသိမ်းပိုက်ထားပေ။ ယင်းအစား၊ ထိုလုပ်ရပ်တို့က သင့်နှလုံးသားကို ထိုးသွင်းကြသည်။ ဤဘဝ၌ သင်သည် ဤ “ရက်စက်သော ပြစ်တင်ဆုံးမခြင်း” ကို သင်၏ရန်သူအဖြစ်သာ မြင်၏၊ ထို့ကြောင့် ဘာကိုမျှ သင်မရရှိထားပေ။ သင်သည် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု အလွန်မှတ်ယူသည်တကား။ သင်သည် အလွန်စက်ဆုပ်ဖွယ် ဖြစ်သောကြောင့် ထိုသို့သော စမ်းသပ်မှုများကို ခံရသည်ဟု သင်ယုံကြည်ခဲလှ၏။ ယင်းအစား၊ သင်သည် မိမိကိုယ်ကို အလွန်ကံခေသည်ဟု မှတ်ယူပြီး၊ ငါသည် သင့်ကို အမြဲအပြစ်ရှာနေသည်ဟု သင်ပြော၏။ ယခုတွင် အမှုအရာတို့သည် ဤအခြေအနေထိ ဆိုက်ရောက်လာပြီးဖြစ်ရငြား၊ ငါပြောဆို လုပ်ဆောင်သည့်အရာကို သင်သည် အမှန်တကယ်မည်မျှသိသနည်း။ သင်သည် ကောင်းကင်ထက် အနည်းငယ်မျှသာ နိမ့်ကျသော်လည်း ကမ္ဘာမြေထက် အဆုံးမရှိ မြင့်မားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် အခြားမည်သူမဆိုထက် တော်နေရန်ဝေးစွ၊ ငါ၏လုပ်ရပ်များကို အသေးစိတ်အကျဆုံးကအစ ရိပ်စားနိုင်ပုံရနေဘိသည့်အလား မိမိကိုယ်ကိုယ် အလွန်အထင်ကြီးကာ သိမ်ငယ်စိတ် လုံးဝမရှိဖူးသည့်အတွက် သင်သည် ကမ္ဘာမြေပေါ်မှ ဆင်ခြင်တုံတရား ရှိသည့် မည်သူမဆိုထက် သာ၍မိုက်မဲနေပုံမှာ ချစ်စဖွယ်ပင် ကောင်းနေသေးတော့သည်ဟု ဆိုနိုင်ပေသည်။ အမှန်တွင်၊ သင်သည် ငါလုပ်ဆောင်ရန် ကြံရွယ်ထားသောအရာကို မသိသကဲ့သို့၊ ယခု ငါလုပ်ဆောင်နေသည့်အရာကို သာ၍ပင် သတိမမူမိသည့်အတွက် အခြေခံအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် လူ့ဘဝအပေါ် သိမြင်နားလည်ခြင်း ရေးရေးမျှပင် မရှိသော်လည်း၊ မြေကို ထွန်ယက်စိုက်ပျိုးစဉ် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများအပေါ် လုံးဝမှီခိုအားထားသော လယ်သမားဖြစ်သည့် မြေပေါ်၌ ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည့် လယ်သမားအိုတစ်ဦးနှင့်ပင် သင်သည် တန်းတူမဟုတ်ဟု ငါဆို၏။ သင်သည် မိမိ၏အသက်တာအဖို့ နှစ်ခါမတွေး၊ ကျော်ကြားမှုနှင့်ပတ်သက်၍ သင့်အနေဖြင့် ဘာမျှ မသိသကဲ့သို့၊ သင်၌ မိမိကိုယ်ကိုယ် သိသောအသိ သာ၍မရှိချေ။ သင်သည် အလွန် “မြင့်မြတ်” ပါသည်တကား။ ဂိုက်ထုတ်လွန်းသော လူပေါ်ကြော့များ နှင့် နုနုလှလှ လုံမပျိုလေးများဖြစ်သည့် သင်တို့အတွက် ဧကန်အမှန်ပင် ငါစိုးရိမ်၏- သာ၍ကြီးမားသော မိုးသက်မုန်တိုင်းများ၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို သင်အဘယ်သို့ခံရပ်နိုင်မည်နည်း။ ဤလူပေါ်ကြော့များသည် မိမိတို့ရင်ဆိုင်နေရသည့် အကျပ်အတည်းကို လုံးဝစိတ်မဝင်စားကြချေ။ ယင်းမှာ သူတို့အဖို့ အသေးအဖွဲကိစ္စဖြစ်ပုံရ၏၊ ထို့ကြောင့် ၎င်းတို့သည် အနုတ်သဘော ခံစားရခြင်း မရှိကြသကဲ့သို့ မိမိတို့ကိုယ်ကို နိမ့်ကျသည်ဟု မထင်ဘဲ ထိုအကျပ်အတည်းကို မည်သို့မျှ သဘောမထားကြချေ။ ယင်းအစား၊ ၎င်းတို့သည် ယခင်ကအတိုင်း ယပ်တောင်တခတ်ခတ်နှင့် လမ်းမများတွင် ဟိုဟိုသည်သည် လတ်လျားလတ်လျား လျှောက်သွားနေကြလေသည်။ မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသည့် ဤ “အရေးပါသောလူတို့” သည် ထိုသို့သောအရာများကို ၎င်းတို့အား ငါအဘယ်ကြောင့်ပြောသည်ကို မသိကြ။ ၎င်းတို့၏ မျက်နှာများသည် စိတ်အနှောင့်အယှက်ဖြစ်ခြင်းနှင့် ပြည့်နေ၏၊ ၎င်းတို့သည် မိမိတို့ကိုယ်မိမိ သာမန်ကာလျှံကာသာ စစ်ဆေးကြပြီး၊ နောက်ပိုင်းတွင် မိမိတို့၏ မကောင်းသော အကျင့်စရိုက်များကို မပြောင်းလဲဘဲ ဆက်လုပ်ကြလေသည်။ ငါ့ကို စွန့်ခွာသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထောင်ထောင်ထောင်ထောင်နှင့် ပြန်၍ကလိမ်ကျကြရင်း၊ လောကတွင် နောက်ထပ်တစ်ဖန် စည်းလွတ်ဘောင်လွတ် စတင်သောင်းကျန်းကြသည်။ သင့်မျက်နှာထား ပြောင်းလဲသွားပုံမှာ မြန်လိုက်လေခြင်း။ ဤသို့လျှင် သင်သည် ငါ့ကို ဤနည်းဖြင့် လှည့်ဖြားဖို့ နောက်တစ်ဖန် ကြိုးစားနေ၏- သင်သည် ရဲတင်းလှချည်တကား။ ထိုနုနုလှလှ လုံမပျိုလေးများသည် သာ၍ပင် ရယ်ဖွယ်ကောင်းသေး၏။ ငါ၏ အရေးတကြီး မိန့်မြွက်ချက်များကို ကြားရပြီး၊ ၎င်းတို့ကြုံနေကြရသည့် အကျပ်အတည်းကို မြင်ရသောအခါ၊ ၎င်းတို့၏ မျက်နှာပေါ်တွင် မျက်ရည်များ အလိုအလျောက် စီးဆင်းလာကြ၏၊ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ယိမ်းထိုးလူးလွန့်နေ၏၊ ထို့ပြင် ၎င်းတို့သည် အများအာရုံစိုက်ခံရအောင် လုပ်နေသည့်ပုံပေါ်နေ၏- စက်ဆုပ်ဖွယ်ကောင်း လှပါဘိ။ မိမိတို့ကိုယ်တိုင်၏ ဝိညာဉ်အသက်တာကို သဘောပေါက်သွား သည့်အခါ ၎င်းတို့သည် မိမိတို့၏အိပ်ရာများပေါ် ပစ်လှဲပြီး အသက်ရှူမှား လုမတတ် မရပ်မနားငိုကြွေးရင်း၊ ထိုနေရာတွင် လဲလျောင်း နေကြလေသည်။ ထို့အပြင် ၎င်းတို့ကိုယ်တိုင်၏ ကလေးဆန်ခြင်းနှင့် နိမ့်ကျခြင်းတို့ကို ဤနှုတ်ကပတ်တော်များက ၎င်းတို့အား ပြသပြီးနောက်တွင်၊ ၎င်းတို့သည် အပျက်သဘော၏ အလွန်ဖိစီးခြင်းကို ခံရကြသောကြောင့်၊ ၎င်းတို့၏ မျက်လုံးများထဲမှ အလင်းရောင်သည် ငြိမ်းသွားကြပြီး ငါ့ကို မကျေမနပ်လည်း မပြော၊ မုန်းလည်း မမုန်းတီးကြဘဲ ၎င်းတို့သည် တုံဏှိဘာဝေနေနေကြကာ လုံးဝဥဿုံ မလှုပ်နိုင်မရှားနိုင် ဖြစ်လာကြ၏၊ ၎င်းတို့သည် အလားတူပင် သင်ယူရန် ပျက်ကွက်ကြကာ ပညာမဲ့မြဲ မဲ့နေလေသည်။ ငါ့ကို စွန့်ခွာပြီးနောက် ၎င်းတို့သည် မြူးထူးကာ ကမြင်းကြောထကြသည်၊ ၎င်းတို့၏ တအုန်းအုန်း ရယ်မောသံသည် “ငွေခေါင်းလောင်းမင်းသမီး” ၏ ရယ်သံကဲ့သို့ ဖြစ်၏။ ၎င်းတို့သည် ကျိုးပဲ့လွယ်ပြီး မိမိကိုယ်ကိုချစ်ခြင်း ချို့တဲ့လှပေတကား။ လူသားမျိုးနွယ်၏ ချွတ်ယွင်းသော အပယ်ခံတို့- သင်တို့အားလုံး၌ လူ့သဘာဝ ချို့တဲ့လှကြ ပါတကား။ မိမိကိုယ်ကို အဘယ်သို့ချစ်ရမည်၊ မိမိကိုယ်ကို အဘယ်သို့ ကာကွယ်ရမည်ကို သင်တို့မသိကြ၊ သင်တို့သည် အသိစိတ်မရှိကြ၊ မှန်သော လမ်းခရီးကို သင်တို့မရှာဖွေကြ၊ မှန်သော အလင်းကို သင်တို့မချစ်ကြ၊ ထို့အပြင် မိမိတို့ကိုယ်ကို အဘယ်သို့တန်ဖိုးထားရမည်ကို သင်တို့မသိကြ။ သင်တို့ကို အထပ်ထပ်အခါခါ ငါသွန်သင်လာခဲ့သော အဆုံးအမတို့ကိုမူ သင်တို့သည် ပျင်းရိသည့်အချိန်တွင် အပျင်းဖြေသည့် ကစားစရာများ ကဲ့သို့ပင်၊ သဘောထားကြသည်အထိ ကြာမြင့်စွာကတည်းကပင် မိမိတို့၏အတွေးချောင်ထဲသို့ ထိုးထားခဲ့ကြသည်။ သင်တို့သည် ဤအရာအားလုံးကို သင်တို့၏ ကိုယ်ပိုင် “အဆောင်လက်ဖွဲ့” အဖြစ် အမြဲမှတ်ယူကြလေသည်။ စာတန်၏စွပ်စွဲမှုကို ခံရသည့်အခါ သင်ဆုတောင်းသည်။ အပျက်သဘောဆောင်သည့်အခါ သင်အိပ်မောကျသည်။ ပျော်ရွှင်သည့်အခါ သွေးရူးသွေးတန်းနှင့် ဟိုဟိုသည်သည် သင်ပြေးလွှားသည်။ သင့်ကို ငါပြစ်တင်မောင်းမဲသည့်အခါ သင်မျက်နှာချိုသွေးသည်။ ထို့နောက် ငါ့အထံတော်မှ သင် ထွက်ခွာ သွားသည်နှင့်တစ်ပြိုင်နက် သင်သည် ယုတ်မာသော အူမြူးစိတ်နှင့် ရယ်မောလေသည်။ သင့်အနေဖြင့် အခြားသူများအားလုံးထက် မြင့်မားသည်ဟု သင်ခံစားရသည့်တိုင် မာနအထောင်လွှားဆုံးသော သူအဖြစ် မိမိကိုယ်ကို ဘယ်သောအခါမျှ မမြင်ဘဲ၊ စကားဖြင့် ဖော်ပြမရနိုင်အောင် သင်သည် အစဉ်သာ ဘဝင်မြင့်ပြီး မိမိဘာသာ အားရကျေနပ်ကာ မာန်တက်နေလေသည်။ မသင်ယူသောကြောင့် ပညာမဲ့မြဲသာ မဲ့နေကြသည့် ထိုသို့ “ငယ်ရွယ်သော အမျိုးကောင်းသားများ”၊ “ငယ်ရွယ်သော အပျိုမယ်များ”၊ “သခင်ကြီးများ” နှင့် “သခင်မကြီးများ” သည် ငါ၏နှုတ်ကပတ်တော်များကို အဖိုးထိုက်တန်သော ရတနာ တစ်ခုအဖြစ် အဘယ်သို့သဘောထားနိုင်မည်နည်း။ သင့်ကို ငါထပ်မေးမည်- ဤမျှရှည်ကြာသည့် အချိန်ကာလတစ်လျှောက်တွင် သင်သည် ငါ၏နှုတ်ကပတ်တော်များနှင့် ငါ၏အမှုတို့မှ မည်သည့်အရာကို သင်ယူပြီးပြီနည်း။ ထိုအရာမှာ သင်၏လှည့်ဖြားခြင်းအတတ်များ၌ သာ၍ ထူးချွန်လာခြင်းပင်လော။ သို့တည်းမဟုတ် သင်၏ဇာတိပကတိက သာ၍ ရှုပ်ထွေးဆန်းပြားလာခြင်းပင်လော။ သို့မဟုတ် ငါ့အပေါ် သင်၏ သဘောထားက သာ၍ အရိုအသေတန်လာခြင်းပင်လော။ သင့်ကို ငါ တဲ့တိုးပြောမည်- သတ္တိဟူ၍ ကြွက်တစ်ကောင်မျှလောက်သာ ရှိခဲ့ဖူးသော သင့်ကို ငါပြုထားသော ဤအမှုအားလုံးက ပို၍ရဲရင့်လာအောင် လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ငါသည် သက်ညှာလွန်းပြီး သင်၏ဇာတိပကတိကို အကြမ်းဖက်မှုသုံးလျက်၊ ဘယ်သောအခါမျှ အရေးမယူသည့်အတွက် ငါ့အပေါ် သင်၏ ကြောက်ရွံ့ခြင်းသည် တစ်နေ့တခြား လျော့ပါးလာ လေသည်။ ငါသည် ခက်ထန်သော စကားများကို ပြောနေခြင်းသာ ဖြစ်သည်ဟု သင်ထင်ကောင်းထင်မည်- သို့သော် ငါသည် သင့်ကို မကြာခဏ ပြုံးပြသည့်အပြင် သင့်ကို ဗြောင်ဗြောင်တင်းတင်း အပြစ်တင်သည်မှာလည်း မရှိသလောက်ပင် ဖြစ်သည်။ ထို့အပြင် သင်၏အားနည်းချက်ကို ငါသည် အစဉ်ခွင့်လွှတ်လျက်ရှိပြီး၊ ဤအရာကြောင့်သာ မြွေက ကြင်နာစိတ်ရှိသော လယ်သမားကို ဆက်ဆံသကဲ့သို့ သင်သည် ငါ့ကို ဆက်ဆံခြင်းဖြစ်သည်။ လူသားမျိုးနွယ်၏ အကဲခတ်စွမ်းရည်များနှင့်ဆိုင်သည့် ထူးထူးကဲကဲ ကျွမ်းကျင်မှုနှင့် အလိမ္မာဉာဏ်တို့ကို ငါလေးစားလိုက်ပါဘိ။ သင့်ကို အမှန်တရားတစ်ခု ငါပြောပြမည်- ယနေ့တွင် သင်၌ ရိုသေလေးမြတ်တတ်သော စိတ်နှလုံးရှိမရှိမှာ အရေးမကြီးပေ။ ထိုကိစ္စကို ငါသည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိ။ သို့သော် ဤအရာကိုလည်း သင့်အား ငါပြောရမည်- မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသော “ပါရမီရှိသည့်လူ” ဖြစ်သည့် သင်သည် နောက်ဆုံးတွင် မိမိကိုယ်မိမိ ကျေနပ်အားရသည့်၊ သေးနုပ်သည့် သင့်ပါးနပ်မှု၏ ဖြုတ်ချခြင်းကို ခံရလိမ့်မည်- သင်သည် ဆင်းရဲဒုက္ခခံရပြီး ပြစ်တင်ဆုံးမခံရသည့်သူ ဖြစ်လိမ့်မည်။ ငါသည် သင်နှင့် တစ်မျိုးတစ်စားတည်း မဟုတ်သည့်အတွက် ငရဲထဲတွင် သင်ဆက်လက်ဒုက္ခခံစားရစဉ် သင်နှင့်အတူ လိုက်လာ ပေးရအောင်အထိ အလွန်မိုက်မဲလိမ့်မည်မဟုတ်။ သင်သည် ငါ၏ကျိန်ဆဲခြင်းကို ခံထားရသော်ငြား၊ ငါ၏သွန်သင်ခြင်းနှင့် ကယ်တင်ခြင်းကိုလည်း ခံထားရသည့် အဖန်ဆင်းခံတစ်ဦး ဖြစ်သည်ကို မမေ့လျော့နှင့်။ ငါခွဲခွာရန် မလိုလားသည့်အရာတစ်ခုမျှ သင်၌ မရှိပေ။ ငါ၏အမှုကို ငါပြုသည့်အခါတိုင်းတွင် မည်သည့်လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အရာဝတ္ထုများ၏ ကန့်သတ်ချုပ်ချယ်ခြင်းကိုမျှ ငါလုံးဝမခံရပေ။ လူသားမျိုးနွယ်နှင့်ဆက်နွှယ်နေသည့် ငါ၏သဘောထားနှင့် ငါ့အမြင်တို့သည် အစဉ်အမြဲ တစ်သမတ်တည်းသာရှိနေသည်။ သင့်ကိုငါ သိပ်နှစ်သက်လှသည်ကား မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သင်သည် အခြားသတ္တဝါများထက် ပို၍ ထူးခြားနေရန်ဝေးစွ၊ ငါ၏စီမံခန့်ခွဲမှုအဖို့ အဖြည့်ခံတစ်ခုဖြစ်နေသောကြောင့် ဖြစ်သည်။ ဤသည်မှာ သင့်အဖို့ ငါ၏အကြံပြုချက်ဖြစ်၏- သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါထက် ဘာမျှမပိုသည်ကို အမြဲတမ်း အမှတ်ရလော့။ သင်သည် ငါနှင့်အတူ နေထိုင်နိုင်သော်လည်း၊ သင်မည်သူမည်ဝါဖြစ်သည်ကို သင်သိသင့်၏။ သင့်ကိုယ်သင် အလွန်အထင်မကြီးလေနှင့်။ သင့်ကိုငါ ပြစ်တင်မောင်းမဲခြင်း မပြုသော်လည်း၊ သို့မဟုတ် သင့်ကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုဘဲ အပြုံးမျက်နှာဖြင့် ငါကြိုဆို နှုတ်ဆက်သော်လည်း ဤအရာက သင်သည် ငါနှင့် တစ်မျိုးတစ်စားတည်း ဖြစ်သည်ဟု သက်သေပြရန် မလုံလောက်ပေ။ သင်သည် သမ္မာတရားကို လိုက်စားသူများထဲမှ တစ်ဦးဖြစ်ပြီး၊ သမ္မာတရားကိုယ်၌ မဟုတ်သည်ကို သင်သိသင့်သည်။ ငါ၏နှုတ်ကပတ်တော်များနှင့်အညီ ပြောင်းလဲရန် သင်အမြဲအသင့်ဖြစ်နေရမည်။ ဤအရာမှ သင်မလွတ်မြောက်နိုင်။ ကြုံတောင့်ကြုံခဲ ဤအခွင့်အရေးကို သင်ရထားသည့် အဖိုးတန်သော ဤအချိန်ကာလအတွင်းတွင် တစ်စုံတစ်ရာကို ကြိုးစားကာ လေ့လာသင်ယူဖို့ သင့်ကို ငါအကြံပြု၏။ ငါ့ကို မလှည့်စားနှင့်။ မြှောက်လုံးပင့်လုံးသုံး၍ ငါ့ကို သင်ကြိုးစားပြီး လှည့်ဖြားရန် ငါမလိုအပ်။ ငါ့ကို သင်ရှာဖွေသည့်အခါ ထိုရှာဖွေခြင်းသည် ငါ့အတွက်သက်သက် မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက် ဖြစ်ပေသည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။