သတိပေးချက် သုံးချက်

ဘုရားသခင်အား ယုံကြည်သူတစ်ဦးအနေဖြင့် အခြားအရာအားလုံးထက် ဘုရားသခင်အား သစ္စာစောင့်သိကာ အရာအားလုံးတွင် ကိုယ်တော်၏ အလိုတော်ကိုလိုက်နာ သင့်ပေသည်။ သို့ရာတွင် ဤသြဝါဒကို လူတိုင်းနားလည်သော်ငြားလည်း လူသားနှင့်ပတ်သက်လာလျှင် လူသား၏အမျိုးမျိုးသော ဖိစီးနှိပ်စက်မှုများဖြစ်သည့် မသိနားမလည်မှု၊ ရယ်ဖွယ်ကောင်းမှု၊ ပျက်စီးမှုတို့ကြောင့် အပေါ်လွင်ဆုံးနှင့် အခြေခံအကျဆုံး ဤသမ္မာတရားများကို လူသားထံတွင် ပြည့်စုံစွာ မြင်ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သင်တို့၏ ဆုံးခန်းအပေါ် ဆုံးဖြတ်ချက် မချမီ သင်တို့အတွက် အရေးအကြီးဆုံးဖြစ်မည့်အရာ အနည်းငယ်ကို ငါပြောမည်။ ငါရှေ့ဆက်မပြောမီ သင်တို့ ဦးစွာနားလည်ထားရမည်မှာ- ငါပြောသည့် နှုတ်ကပတ်တော်များသည် လူသားအားလုံးကို တိုက်ရိုက်ရည်ရွယ်သော သမ္မာတရားများဖြစ်ပြီး လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအမျိုးအစား တစ်မျိုးတည်းအတွက်သာ ရည်ရွယ်ပြောခြင်းမဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၏ ရှုထောင့်မှနေ၍သာမက ရိုးသားမှုနှင့် မမှိတ်မသုန်အာရုံစိုက်သော သဘောထားတစ်ရပ်ကို ထိန်းသိမ်းလျက် ငါ၏နှုတ်ကပတ်တော်များကို လက်ခံရန်အာရုံပြု သင့်ပေသည်။ ငါပြောသည့်နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားကို တစ်လုံးတစ်ပါဒမှ လျစ်လျူရှုခြင်း မပြုရသည့်အပြင် ငါ၏နှုတ်ကပတ်တော်အားလုံးကို မထီမဲ့မြင် မပြုရ။ သင်တို့ဘဝများ၌ သင်တို့ပြုသောအရာများစွာသည် သမ္မာတရားနှင့်ဆီလျော်မှုမရှိသည်ကို ငါတွေ့သောကြောင့် ငါသည် သင်တို့အား စဉ်းလဲမှုနှင့် အကျည်းတန်မှုတို့၏ကျေးကျွန်အဖြစ်မှ လွန်မြောက်ပြီး သမ္မာတရား၏ အစေခံသူများ ဖြစ်လာစေရန် အထူးတလည် မေတ္တာရပ်ခံနေခြင်းဖြစ်သည်။ သမ္မာတရားကို နင်းချေခြင်း၊ ဘုရားသခင်၏ အိမ်တော်၏ မည်သည့်ထောင့်ကိုမျှ မဖျက်ဆီးလေနှင့်။ ဤအချက်သည် သင်တို့အား ငါ၏သတိပေးချက် ဖြစ်သည်။ ယခု လက်ရှိအကြောင်းအရာအား ငါစတင်ပြောမည်-

ပထမဦးစွာ သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။ ဆိုလိုသည်မှာ သင်တို့သည် ဘုရားသခင်၏ အိမ်တော်ထဲ၌ ပါဝင်နေသည်ကို သင်တို့ အသိအမှတ်ပြုသဖြင့် သင်တို့သည် ဘုရားသခင်ထံသို့ စိတ်နှလုံးတည်ငြိမ်အေးချမ်းခြင်းကို ယူဆောင် လာသင့်ပြီး အရာရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်သည်။ တစ်နည်းအားဖြင့် သင်သည် လုပ်ဆောင်မှုများ၌ ကိုယ်ကျင့်တရားကောင်းကာ၊ ၎င်းတို့အတွင်းရှိ သမ္မာတရားနှင့် လိုက်လျောညီထွေ နေသင့်သည်။ အကယ်၍ ဤသည်မှာ သင်၏လုပ်ဆောင်နိုင်စွမ်းထက်ကျော်လွန်ပါက သင်သည် ဘုရားသခင်၏ မုန်းခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကာ လူတိုင်း၏ ပစ်ပယ်ခြင်းကို ခံရလိမ့်မည်။ ထိုကဲ့သို့ အခက်အခဲနှင့် သင်ရင်ဆိုင်တွေ့ပါက သင်သည် ဘုရားသခင်၏ အိမ်တော်ထဲတွင် မပါဝင်နိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏လက်သင့်ခံမှုကို မရရှိခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ဘုရားသခင်က ရိုးသားသူကိုနှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏ နှုတ်ကပတ်တော်ကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် ကိုယ်တော်၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယရှိရန်မလိုပေ။ ထို့ကြောင့် သူ့အပေါ် ပကတိရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်းဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားပေးအပ်ခြင်း၊ မည်သည့်အချိန်တွင်မဆို မည်သည့်အရာကိုမျှ လိမ်လည်မှု မရှိခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ သမ္မာတရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှလူများကို လိမ်လည်ခြင်းနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမှမပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင်ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ ကိုယ်နှုတ်အမူအရာတို့ကို မသန့်ရှင်းစေခြင်းမှ ရှောင်ရှား၍ ဘုရားသခင်ကိုဖြစ်စေ၊ လူသားကို ဖြစ်စေ၊ မလှည့်စားခြင်း ဖြစ်သည်။ ငါပြောသောအရာမှာ အလွန်ရိုးရှင်းသော်ငြားလည်း သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲတွင်သာ ပြစ်တင်ရှုတ်ချမှုကို ခံလိုကြသည်။ မရိုးဖြောင့်သောသူများအတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ် သိပ်မကောင်းပေ။ သင်တို့သည် ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားရခြင်းအတွက် အင်မတန် ကြီးစွာသောအခက်အခဲနှင့် ရင်ဆိုင်ရသည်ကို ငါကောင်းစွာ နားလည်သည်မှာ မှန်ပေ၏။ လူကြီးလူကောင်းတစ်ဦး ဖြစ်ဖို့ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် တိုင်းတာရာတွင် သင်တို့သည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လှပေရာ ငါ့အမှုသည်သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည်ဖြစ်ရာ သင်တို့တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “စမ်းသပ်မှု” တစ်ခု ကြုံတွေ့စေရန် ဒုက္ခဆင်းရဲထဲသို့ ဖြတ်သန်းစေမည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါပြောသော နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည်လာလိမ့်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် အကြွင်းမဲ့ ယုံကြည်အားထားရသော ဘုရားသခင်တစ်ပါး” ဟုသင်တို့၏ နှုတ်မှ ငါမရမက ညှစ်ထုတ်ယူမည် ဖြစ်ပြီး ၎င်းနောက် သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်” ဟု သင်တို့ ညည်းညူလိမ့်မည်။ ဤအဆင့်တွင် သင်တို့စိတ်အနေအထားမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ မိမိကိုယ်ကိုယ် အရေးကြီးသူတစ်ဦးဟု စိတ်လှုပ်ရှား လွန်း၍ ထိန်းမနိုင် သိမ်းမရ ဖြစ်တော့မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “လေးနက်လွန်း၍ နားလည်ရန် ခက်ခဲ” ရန်မှာ သာ၍နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန်မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” အထူးရှိပုံရသော်လည်း ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ဖီဆန်အာခံသွားကာ ထိန်းချုပ်ထားမှုများ ပယ်ပျောက်တော့သည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော်တစ်ဦးဖြစ်ပြီး ဆက်ဆံရေး အထူးကောင်းမွန်ပါက သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည်ဆိုပါက သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံးရမည်ကို အလွန်တရာကို စက်ဆုတ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်သည် လျှို့ဝှက်ချက်များ ရှိလွန်းသဖြင့် မျှဝေရန် တွန့်ဆုတ်နေပြီး အလင်းအတွက်လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ရန် သင်၏ လျှို့ဝှက်ချက်များ— တနည်းအားဖြင့် ဆိုသော် သင့်အခက်အခဲများ— ကို အခြားသူများရှေ့တွင် ဖော်ပြရန် လိုလိုလားလားမရှိပါက၊ သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းကိုရှာဖွေခြင်းသည် သင့်ကိုသဘောကျ ကျေနပ်စေသည်ဆိုပါက သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူ တစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး အမြဲပေးဆပ်ကာ ကြိုးကြိုးစားစားနှင့် တာဝန်ကျေပွန်စွာ အလုပ်လုပ်လျက် အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန်၀မ်းမြောက်ပါက သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက်ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကိုမမျှော်ကိုးဘဲ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် အလုံးစုံ အသုံးတော်ခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ၊ သက်သေခံနိုင်လျှင်၊ မိမိအတွက်မစဉ်းစား သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ် သဘောကျစေရန်အတွက်သာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် ကျွေးမွေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။ သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိမရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် အနစ်နာခံမှု မှတ်တမ်းတစ်ခု ရှိမရှိနှင့် ဘုရားသခင်ထံ၌ သင် အပြည့်အဝ နာခံပြီးခြင်းရှိမရှိ စသည်တို့ကို သင်သိသင့်သည်။ ထိုအချက်များနှင့် သင်ကင်းမဲ့လျှင် သင့်အတွင်း၌ မနာခံမှု၊ လှည့်ဖြားမှု၊ လောဘနှင့် မကျေနပ်မှုများသာ ကျန်ရစ်လိမ့်မည်။ သင်၏နှလုံးသားသည် ရိုးသားမှုနှင့်အလှမ်းကွာဝေးသကဲ့သို့ သင်သည် ဘုရားသခင်ထံမှ ကောင်းသော အသိအမှတ်ပြုမှုကိုလည်း မည်သည့်အခါမျှ မရရှိဘဲ အလင်းထဲတွင် မည်သည့်အခါမျှ မနေခဲ့ရဖူးပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌မည်သို့ဖြစ်မည် ဆိုသည်မှာ သူသည် ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိမရှိအပေါ်နှင့် သူ့ထံ၌ဖြူစင်သော စိတ်နှလုံး ရှိမရှိတို့အပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သော သူတစ်ဦး၊ မလိုတမာစိတ်ရှိသူ၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူ တစ်ဦးဖြစ်နေပါက သင်၏ကံကြမ္မာအတွက် မှတ်တမ်းသည် လူသားတို့အား အပြစ်ပေးရာနေရာ၌သာ ရှိနေမည်မှာ သေချာသည်။ အကယ်၍ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုပြီး မည်သည့်အခါမျှ သမ္မာတရားနှင့် ညီညွတ်စွာ ပြုမူခြင်း၊ သမ္မာတရား တစ်ခုမျှပြောဆိုခြင်း မပြုဖူးပါက သင်သည် ဘုရားသခင်မှ သင့်အား ဆုချရန် စောင့်မျှော်နေဆဲလော။ ဘုရားသခင်က သင့်ကို သူ၏ ရင်နှစ်သည်းချာအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသလော။ ယင်းသည် ရယ်ဖွယ်ကောင်းသော တွေးနည်း မဟုတ်လော။ သင်သည် အရာအားလုံးတွင် ဘုရားသခင်ကို လှည့်စားသည်၊ ထို့ကြောင့် သင်ကဲ့သို့သော အပြစ်ရှိသူတစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာပေးနိုင်မည်နည်း။

တတိယအချက်အနေဖြင့်ပြောလိုသည်မှာ ဘုရားသခင်အား တစ်သက်တာလုံး ယုံကြည်ရင်း နေလာသည့် လူသားအားလုံးသည် တစ်ချိန်မဟုတ် တစ်ချိန်တွင် ဘုရားသခင်အပေါ် အတိုက်အခံပြုပြီး လှည့်ဖြားတတ်ကြသည်။ အချို့သော မကောင်းမှုများအား ပြစ်မှုအဖြစ် သတ်မှတ်ရန်မလိုသော်လည်း အချို့အရာများသည် ခွင့်လွှတ်နိုင်စရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စီမံခန့်ခွဲရေး အမိန့်တော်များကို ဖောက်ဖျက်သော၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စိတ်နေသဘောထားကို စော်ကားရာရောက်သော၊ လုပ်ရပ်များစွာ ရှိသောကြောင့်ဖြစ်သည်။ မိမိ၏ကံကြမ္မာအတွက် စိုးရိမ်သူအများအပြားက ထိုလုပ်ရပ်များမှာ အဘယ်နည်းဟု မေးမြန်းနိုင်ကြသည်။ သင်တို့သည် မာနကြီးပြီး ဘဝင်ခိုက်တတ်သော သဘောသဘာဝရှိပြီး ကျိုးကြောင်းတရားများကို နာခံရန် လိုလိုလားလား မရှိသည်ကို သိသင့်သည်။ ဤအကြောင်းရင်းကြောင့် သင့်ကိုယ်သင် သုံးသပ်ပြီးသည့်နောက် များမကြာမီတွင် ငါပြောပြမည်။ စီမံခန့်ခွဲရေး အမိန့်တော်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်နေသဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်ခမ်းကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ ဘုရားသခင်၏ စိတ်နေသဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ဖုံးထဲသို့ကျဆင်း၍ သန့်ရှင်းသော ဝိညာဉ်တော်နှင့် အလင်းတို့ကို ဆုံးရှုံးရလိမ့်မည်။ သင်တို့သည် သင်တို့၏အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့် မပြောသင့်မလုပ်သင့်သည့်အရာများကို သင်ပြောမိလုပ်မိလျှင် ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့်အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်းမှာလည်း သင်သည် လူသားကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားအား ကြိမ်ဖန်များစွာ စော်ကားမိလျှင် ငရဲသားဖြစ်ရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် ကိုက်ညီရန် ပျက်ကွက်သည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နေပြီး ဖြစ်ကြောင်းကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲရေး အမိန့်တော်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ခဲ့ပြီးသည့်အပြင် နောင်တမရခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအားအပြစ်ပေးသည့်ငရဲသို့ သင်ကျဆင်းသွားရမည်မှာ မလွဲဧကန်ဖြစ်သည်။ ဘုရားသခင်၏ နောက်သို့လိုက်စဉ် လူနည်းစုတစ်စုက ကိုယ်ကျင့်တရား ဖောက်ဖျက်သည့် လုပ်ရပ်အချို့ကို ကျူးလွန်မိကြသည်၊ သို့ရာတွင် ပြုပြင်ဆုံးမခံခြင်းနှင့် လမ်းညွှန်ပြသခြင်း ခံရပြီးသည့်နောက်တွင် ထိုသူတို့သည် ၎င်းတို့၏ စာရိတ္တပျက်စီးမှုကို တဖြည်းဖြည်း သိမြင်လာကြပြီးနောက် လက်တွေ့ဘဝ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာကာ ယနေ့အထိ အောက်သက်ကျေစွာ ဆက်လက်နေထိုင်သွားကြသည်။ ထိုကဲ့သို့သော လူသားများသည် အဆုံး၌ ကျန်ရှိနေမည့် သူများ ဖြစ်ကြသည်။ သို့သော် ငါရှာဖွေနေသည်မှာ ရိုးသားသူများဖြစ်သည်၊ အကယ်၍ သင်သည် ရိုးသားသူ တစ်ယောက်ဖြစ်ပြီး ကိုယ်ကျင့်တရားအတိုင်း လုပ်ဆောင်သူဖြစ်လျှင် သင်သည် ဘုရားသခင်၏ လူယုံတော် တစ်ယောက် ဖြစ်နိုင်သည်။ သင်၏ပြုမူချက်များတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မပြစ်မှားမိဘဲ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကာ ဘုရားသခင်ကို ကြည်ညိုသည့်နှလုံးသား ရှိသူဖြစ်လျှင် သင်၏သက်ဝင်ယုံကြည်မှုသည် စံချိန်မီသည်။ ဘုရားသခင်ကိုမကြည်ညိုဘဲ ကြောက်ရွံ့တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံခန့်ခွဲရေးအမိန့်တော်များကို အလွယ်တကူ ချိုးဖောက်လိမ့်မည်။ လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း ဘုရားသခင်၏ စီမံခန့်ခွဲရေး အမိန့်တော်များကို နားမလည်ကြပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရိပ်အမြွက်မျှ သိနားလည်ခြင်း သာ၍နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ စေတနာများနှင့်အတူ အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်ကြသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့ကိုဖယ်ရှားပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါခွင့်မပြုတော့ဘဲ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ကျခံစေသည်။ ဤသူတို့သည် ဘုရားသခင်၏အိမ်တော်၌ ၎င်းတို့၏ အသိဉာဏ်နည်းသော စေတနာ၏ အရှိန်အဝါဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်နေသဘောထားကို ပြစ်မှားခြင်းဖြင့် အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေးပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်းလုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်၏ စိတ်နေသဘောထားသည် သိုးကလေးကဲ့သို့ မဟုတ်ဘဲ ခြင်္သေ့ကဲ့သို့ဖြစ်သည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရားများစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင်အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကားအသုံးအနှုန်းများ၊ အယူ၀ါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ပေ၊ သို့ရာတွင် ဘုရားသခင် သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေအဖြစ်လည်းကောင်း၊ ဘုရားသခင်ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါးအနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက သင်၏ ပြင်းပြသောအစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာပေးလိမ့်မည်။ ယခုဆိုလျှင် ဘုရားသခင်အား ယုံကြည်ခြင်းသည် ဘာသာရေးယုံကြည်မှုဆိုင်ရာ လေ့လာခြင်းသက်သက်မဟုတ်ကြောင်းကို သင် သိရှိပြီးလောက်ပြီ ဖြစ်သည်။

သင်တို့အား ငါသတိပေးဆုံးမသည့် နှုတ်ကပတ်တော်များသည် တိုတောင်းသော်လည်း ငါဖော်ပြခဲ့သည်အားလုံးမှာ သင်တို့ထံ၌ အကင်းမဲ့ဆုံး အရာများပင်ဖြစ်သည်။ ယခုငါပြောနေသောအရာသည် လူသားတို့အကြား ငါ၏ နောက်ဆုံးအလုပ်အတွက် ဖြစ်ပြီး လူသား၏ ဆုံးခန်းကို ငါဆုံးဖြတ်ပေးရန် ဖြစ်သည်ကို သင်တို့ သိသင့်သည်။ အသုံးမကျသော အမှုကို ဆက်လက်လုပ်ဆောင်ရန် ငါအလိုမရှိသကဲ့သို့၊ ပုပ်သိုးနေသော သစ်ကဲ့သို့ မျှော်လင့်ချက်ကင်းမဲ့သူတို့အား ဆက်လက်လမ်းပြခြင်းတို့ကို ငါ မလုပ်လိုတော့ဘဲ၊ မကောင်းသော အကြံအစည်များကို လျှို့ဝှက်စွာ အငြိုးထားသောသူများကို ဆက်လက်၍ ဦးဆောင်ရန် သာ၍ပင် မလိုလားပေ။ တစ်နေ့တွင် လူသားမျိုးနွယ်အတွက် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါပြုခဲ့သော ထောက်ပံ့မှုများ၏ နောက်ကွယ်မှ အလွန် စိတ်ထက်သန်သော ရည်ရွယ်ချက်တို့ကို သင်တို့နားလည်ကောင်း နားလည်နိုင်လိမ့်မည်။ တစ်နေ့သ၌ သင့်ဘဝဆုံးခန်းအတွက် သင်ဆုံးဖြတ်ချက်ချနိုင်မည့် အခြေခံသဘောတရားတစ်ခုကို သင် နားလည်ကောင်း နားလည်နိုင်လိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။