သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၂) အပိုင်း တစ်

ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်း မိတ်သဟာယဖွဲ့ခဲ့သည်။ ပြန်လှန်ဆန်းစစ်ကြည့်ခြင်းအားဖြင့် စတင်ကြပါစို့။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ ဤမေးခွန်းအတွက် သင်တို့တွင် အဖြေရှိသလော။ ယခင်အခေါက်က ငါတို့ မိတ်သဟာယဖွဲ့ပြီးနောက်တွင် ဤအရာကို သင်တို့ တွေးဆကြည့်ခဲ့သလော။ အချို့သော အကြောင်းအရာများကို ငါတို့ မိတ်သဟာယဖွဲ့ပြီးနောက်တွင် ထိုအရာများကို တွေးဆကြည့်ဖို့လိုမည်။ ထို့နောက်တွင် သင်တို့၏ တကယ့်အသက်တာများ၌ ထိုအရာများကို လက်တွေ့ကျကျ ကြုံတွေ့ဖြတ်သန်းဖို့ လိုအပ်မည်။ ထိုအခါမှသာ စစ်မှန်သော အသိအမြင်ကို ရရှိနိုင်လိမ့်မည်။ ထိုအခါမှသာ သင်တွေးဆလျက်ရှိသော ထိုအကြောင်းအရာများကို အမှန်တကယ် နားလည်ပြီး သဘောပေါက်နိုင်လိမ့်မည်။ ထိုအခါမှသာ စစ်မှန်သော အတွေ့အကြုံနှင့် အသိအမြင်ကို ပေးနိုင်လိမ့်မည်။ ဤကဲ့သို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဤမေးခွန်းကို သင်တို့ တွေးဆကြည့်ခဲ့သလော။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ သမ္မာတရားကို လိုက်စားရာတွင် မည်သည့်အချက်များ ပါဝင်သနည်း။ ပါဝင်သော အဓိကအရာများမှာ အဘယ်နည်း။ ဤအရာများကို သင်တို့ အနှစ်ချုပ်ပြီးပြီလော။ (ယခင်တစ်ခေါက်က ဘုရားသခင်သည် သမ္မာတရား လိုက်စားခြင်းနှင့် ပတ်သက်ပြီး လူတို့တွင်ရှိသည့် အမျိုးမျိုးသော စိတ်ကူးမှားများ၊ အမြင်မှားများ၊ သဘောထားအမှားများအကြောင်းကို မိတ်သဟာယပြုခြင်းအားဖြင့် စတင်ပါသည်။ ထို့နောက်တွင် ဘုရားသခင်သည် သမ္မာတရား လိုက်စားခြင်းနှင့်သက်ဆိုင်သည့် အဆင့်ငါးဆင့်ကို အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ပါသည်။) ငါတို့၏ ယခင်တစ်ခေါက်က မိတ်သဟာယဖွဲ့ချက်တွင် အခြေခံအားဖြင့် အဓိကအပိုင်း နှစ်ပိုင်းပါသည်။ သမ္မာတရား လိုက်စားခြင်းနှင့်ပတ်သက်ပြီး လူများစွာတွင် ရှိသော အပျက်သဘောဆောင်သည့် အခြေအနေအချို့ သို့မဟုတ် မှားယွင်းသော အမြင်အချို့၊ သမ္မာတရား လိုက်စားခြင်းနှင့်ပတ်သက်ပြီး လူ၏ နားလည်မှုလွဲခြင်းများအပြင် သမ္မာတရား မလိုက်စားခြင်းအတွက် လူတို့ပေးသော ဆင်ခြေများနှင့် ကျိုးကြောင်းပြချက်များသည် ပထမ အဓိကအပိုင်းဖြစ်သည်။ ဒုတိယအပိုင်းမှာ အဆင့်ငါးဆင့်ပါဝင်သည့် သမ္မာတရား လိုက်စားခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ချက် ဖြစ်သည်။ နှစ်ပိုင်းသာရှိသော်လည်း တစ်ပိုင်းစီအတွင်းရှိ အသေးစိတ် အချက်အလက်များစွာကို ငါတို့ ပြောဆိုခဲ့ကြသည်။ သမ္မာတရား လိုက်စားခြင်းနှင့်ပတ်သက်ပြီး လူ၏ လွဲမှားသော အသိအမြင်နှင့် နားလည်သဘောပေါက်မှုအချို့ကို ငါ ဖွင့်ပြခဲ့သည်။ သမ္မာတရားအား လူတို့လိုက်စားရာတွင် ရှိနေသော အခက်အခဲအချို့ကိုလည်း ငါ ဖော်ထုတ်ခဲ့ပြီး သမ္မာတရားကို စိတ်ကုန်သောသူများက သမ္မာတရား မလိုက်စားခြင်းအတွက် ပေးသော ဆင်ခြေအချို့၊ ကျိုးကြောင်းပြချက်အချို့၊ မူမမှန်သော အကြောင်းပြချက်အချို့ကိုလည်း ငါဖော်ထုတ်ခဲ့သည်။ သမ္မာတရား လိုက်စားခြင်းနှင့်ပတ်သက်လျှင် လူတို့ပြသသော အပျက်သဘောဆောင်သည့်၊ တက်ကြွမှုမရှိသည့် သဘောထားများနှင့် သိမြင်မှုများသည် ၎င်းတို့၏ တကယ့်အသက်တာများတွင် ၎င်းတို့ကိုင်စွဲသော လူနေမှုဘဝပုံစံများ၊ လိုက်စားမှုများနှင့် ကိုက်ညီပြီး သမ္မာတရားအပေါ်တွင် ၎င်းတို့ ထားရှိသည့် သဘောထားများနှင့်လည်း ကိုက်ညီသည်။ ယင်းတို့အားလုံးသည် လူတို့၏ သတ်သတ်မှတ်မှတ်ဖြစ်သော အပြုအမူများ၊ သတ်သတ်မှတ်မှတ်ဖြစ်သော ဖွင့်ပြမှုများနှင့် ဆက်စပ်နေသည်။ ထို့နောက် လူ၏ အမျိုးမျိုးသော အပြုအမူများကို အခြေခံကာ သမ္မာတရား လိုက်စားခြင်းလမ်းကြောင်းနှင့် ပတ်သက်ပြီး သတ်သတ်မှတ်မှတ် ဖြစ်သော လက်တွေ့လုပ်ဆောင်ရမည့် နည်းလမ်းနှင့် အဆင့်အနည်းငယ်ကို ငါ ချပေးခဲ့သည်။ ဤအရာအားလုံးကို သင်တို့ ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) အမှန်တကယ် ရှင်းလင်းသလော။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ဘာမျှ မပြောကြသနည်း။ သင်တို့အတွက် သိပ်မရှင်းလင်းသေးသည့် ပုံစံရှိသည်။ ငါတို့ မိတ်သဟာယပြုဖို့ လိုသည့်အရာများ ထပ်ရှိသေးသည်။

ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အကြီးမြတ်ဆုံးသောအရာမှာ သမ္မာတရား လိုက်စားခြင်းဖြစ်သည်။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ သမ္မာတရား လိုက်စားခြင်းကိစ္စနှင့် ပတ်သက်လျှင် လူတို့၏ သရုပ်သကန်များအားလုံးက ၎င်းတို့၏ ပြဿနာများနှင့် အခက်အခဲများစွာကို ဖွင့်ပြသည်။ သမ္မာတရားအား မလိုက်စားခြင်းအတွက် ကျိုးကြောင်းပြချက်မျိုးစုံနှင့် ဆင်ခြေမျိုးစုံကိုလည်း လူတို့က ပိုင်ဆိုင်ကြသေးသည်။ အတားအဆီးများက အလွန်ပင် ကြီးမားလှ၏။ လူတို့၏ အမျိုးမျိုးသော အခက်အခဲများကြောင့် ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းနှင့် ပတ်သက်လျှင် အလွန်အမင်း ဝန်ပိပြီး အနေရခက်သည့် ပုံစံရှိသည်။ ဤသည်မှာ အလွန်ခက်ခဲသည်ဟု ၎င်းတို့ ထင်ကြ၏။ အမှန်တကယ်တွင် သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ ဟူသည့် မေးခွန်းကိုယ်၌ကမူ ဖြေရန် လွယ်ကူသောအရာဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားအား လူတို့မလိုက်စားနိုင်သည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းပြချက်မှာ အဘယ်နည်း။ လူတိုင်းက ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည်၊ ဘုရားသခင်အား ၎င်းတို့ အမှန်တကယ် ယုံကြည်သည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်သည်၊ ဒုက္ခခံလိုစိတ်ရှိပြီး အဖိုးအခပေးဆပ်ရန် အသင့်ရှိသည်ဟု ကြွားဝါကြသည်။ ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ဤအပြုအမူကောင်းများ ရှိနေသော်လည်း သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို ၎င်းတို့မစတင်နိုင်ကြသည်မှာ အဘယ်ကြောင့်များနည်း။ ၎င်းတို့တွင် အလွန်ကောင်းသော လူ့သဘာဝ၊ သမာဓိနှင့် ကြီးမြတ်သော ဂုဏ်ရှိသည်။ ၎င်းတို့၏ လိုက်စားမှုနှင့်ပတ်သက်ပြီး ၎င်းတို့တွင် စိတ်ဆန္ဒများ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိကြသည်။ ၎င်းတို့၏ တစ်ဖက်သတ်အားစိုက်မှု၊ ဆင်းရဲဒုက္ခများကို ခံရန် စိတ်စွမ်းအားနှင့် အဖိုးအခပေးဆပ်သည့် သဘောထားတို့ ရှိကြသည်။ သမ္မာတရားကို လက်ခံရန် တက်ကြွသော၊ အပြုသဘောဆောင်သော၊ တိုးတက်မှုရှိလိုသော သဘောထားရှိကြသည်။ ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ဤအရာများ ရှိနေပါလျက်နှင့် အဘယ်ကြောင့် သမ္မာတရားကို ၎င်းတို့လိုက်စားရန် အရည်အချင်းမပြည့်မီကြသနည်း။ ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းကို အဘယ်ကြောင့် မရရှိနိုင်ကြသနည်း။ ပြဿနာ၏ အရင်းအမြစ်က အဘယ်မှာနည်း။ (လူသည် သဘောသဘာဝအရ သမ္မာတရားကို မချစ်ဘဲ စိတ်ကုန်ပါသည်။) ဤသည်မှာ တိကျသော အဖြေဖြစ်သည်။ အခြေခံအကျဆုံး အကြောင်းပြချက်မှာ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိခြင်း ဖြစ်သည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်နှင့် သက်ဆိုင်သည်။ စာတန်နှင့် သက်ဆိုင်သည့်အရာမှန်သမျှသည် ဘုရားသခင်နှင့် သမ္မာတရားကို ရန်မူသည်။ ထို့ကြောင့် လူတို့အား သမ္မာတရားကို လိုက်စားခိုင်းခြင်းသည် ၎င်းတို့၏ ရှိရင်းစွဲ ဘဝနှင့် သဘောထားများကို စွန့်လွှတ်ရန်၊ ဘဝအပေါ် ၎င်းတို့၏ ရှိရင်းစွဲ လိုက်စားမှုနှင့် အမြင်ပုံစံတို့ကို စွန့်လွှတ်ရန် တောင်းဆိုခြင်းနှင့် ညီမျှသည်။ ဤမှားယွင်းသောအရာများကို စွန့်လွှတ်ခြင်း၊ ၎င်းတို့၏ ဇာတိပကတိ နှစ်သက်မှုများကို စွန့်လွှတ်ခြင်း၊ ဤအစား ၎င်းတို့၏ ဇာတိပကတိက မနှစ်သက်သော၊ ၎င်းတို့တွင် မပိုင်ဆိုင်သော၊ ၎င်းတို့ အထင်သေးပြီး မုန်းတီးကာ ငြင်းပယ်သော ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအား လိုက်စားခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းတို့ကို ၎င်းတို့က ခက်ခဲသည်ဟု မြင်ကြသည်။ သမ္မာတရားကို လိုက်စားရန် သင့်အား တောင်းဆိုခြင်းသည် သင်၏ ရှိရင်းစွဲ ဘဝကို စွန့်လွှတ်ရန် တောင်းဆိုခြင်းနှင့် ညီမျှသည်။ ဤသည်မှာ သင်၏ ဘဝကို စွန့်လွှတ်ခြင်းနှင့် မတူသလော။ (တူပါသည်။) ဤသည်မှာ သင်ကိုယ်တိုင်၏ ဘဝကို သင်စွန့်လွှတ်ခြင်းပင် ဖြစ်သည်။ လူတို့သည် အမှုအရာများအတွက် ၎င်းတို့၏ ဘဝကို လိုလိုလားလား စွန့်လွှတ်ကြသလော။ (မစွန့်လွှတ်ကြပါ။) ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် “ငါစွန့်လွှတ်မည် မဟုတ်” ဟု ပြောသည်။ အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင်၊ အကြိမ်တစ်သောင်းအထိ “ငါစွန့်လွှတ်မည် မဟုတ်” ဟု ပြောကြသည်။ မည်သို့ပင်ဖြစ်စေ လူတို့သည် ၎င်းတို့ပိုင်ဆိုင်သည့် ရှိရင်းစွဲဖြစ်သော၊ ဆိုးယုတ်သော အရာများကို လက်လွှတ်ရန် ခက်ခဲသည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ သင်တို့ နက်နက်နဲနဲ အမှန်တကယ် တွေ့ကြုံခဲ့ပြီးသော အရာဖြစ်သည်။ လူတို့သည် သမ္မာတရားကို လိုက်စားရန်အတွက် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဇာတိပကတိကို စွန့်လွှတ်လိုစိတ် မရှိကြ၊ သို့မဟုတ် သဘာဝအနှစ်သာရသည် စာတန်နှင့် သက်ဆိုင်သော ၎င်းတို့၏ ဘဝကို မစွန့်လွှတ်လိုကြ၊ သို့မဟုတ် ၎င်းတို့၏ ရှိရင်းစွဲဖြစ်သော၊ ဆိုးယုတ်သော ပင်ကိုအရည်အချင်းများကိုဖြစ်စေ၊ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကိုဖြစ်စေ မစွန့်လွှတ်လိုကြပေ။ ထို့ကြောင့် ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြကုန်သော ဆိုးယုတ်သည့် သဘာဝရှိသူများအတွက်မူ သမ္မာတရားအား ချစ်ခြင်းနှင့် လိုက်စားခြင်းသည် ၎င်းတို့၏ စိတ်ဆန္ဒနှင့် ဆန့်ကျင်နေသဖြင့် ထိုသို့ လုပ်ဆောင်ရန် တွန့်ဆုတ်ကြသည်။ ဤအရာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ ဤသည်မှာ လူအတွင်းတွင်ရှိသော ပင်ကိုအရည်အချင်းများက စာတန်နှင့်သက်ဆိုင်ပြီး ယင်းတို့သည် ဘုရားသခင်အပေါ် ပင်ကိုအားဖြင့် ရန်လိုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို ကြားကာ နားလည်ပြီးသောအခါတွင် သမ္မာတရားကို ချစ်သော၊ သမ္မာတရားအတွက် ကြိုးပမ်းပြီး အဖိုးအခပေးဆပ်လိုစိတ် ရှိသော၊ ဤစိတ်ဆန္ဒ၊ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ ရှိသောသူများသာ သမ္မာတရားအား နားလည်သည်နှင့် တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည်သာ သမ္မာတရားနှင့်အညီ အသက်ရှင်နိုင်စွမ်းရှိပြီး သမ္မာတရား၏ လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်နိုင်စွမ်း ရှိကြသည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်ရှိသောသူ များစွာရှိသည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝများ၊ စိတ်သဘောထားများ၏ တားဆီးခြင်းကို ခံရသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုအင်ဆန္ဒတို့ ရှိကောင်းရှိနိုင်သော်လည်း လက်တွေ့လုပ်ဆောင်နိုင်ခြင်းကား မရှိကြပေ။ အမှန်မှာ လက်တွေ့ဘဝတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် လုပ်ရန် အလွန်ခက်ခဲသောအရာဖြစ်သည်။ သင်အနှစ်သက်ဆုံး အဝတ်အစားနှင့် လက်ဝတ်ရတနာများ၊ သို့မဟုတ် သင်နှစ်သက်သောအရာများ၊ သို့မဟုတ် သင်နှစ်သက်သော အလုပ်နှင့် အသက်မွေးမှု၊ သို့မဟုတ် သင်၏ အားသာချက်များနှင့် ဝါသနာများ၊ သို့မဟုတ် ဤသို့သောအရာမှန်သမျှကို သင့်အား လက်လွှတ်ခိုင်းဖို့မှာ ဤမျှ မခက်ပေ။ ဤအရာအားလုံးကို သင် စွန့်လွှတ်နိုင်သည်။ ဤအရာများကို လွှတ်ချရန် လွယ်ကူသည်။ သို့သော် သင်၏ ဇာတိပကတိနှင့် သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို စွန့်လွှတ်စေခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အပေါ် နာခံစေခြင်းတို့ကမူ အလွန်ပင်ပို၍ ခက်ခဲသည်။ တိကျမှုမရှိသော စကားရပ်ကို သုံး၍ ရှင်းပြရလျှင် ယင်းမှာ ဘဲတစ်ကောင်ကို အတင်းအိပ်တန်းတက်ခိုင်းခြင်း၊ သို့မဟုတ် နွားထီးတစ်ကောင်ကို သစ်ပင်တက်ခိုင်းခြင်းကဲ့သို့ ဖြစ်လိမ့်မည်။ ဤအရာများသည် ၎င်းတို့အတွက် ခက်ခဲပင်ပန်းလွန်းသည်။ ကြောင်ကဲ့သို့သော တိရစ္ဆာန်တစ်ကောင်ကို သစ်ပင်တက်ခိုင်းဖို့ လွယ်ကူလိမ့်မည်။ ဤသည်မှာ ၎င်းတို့အတွက် သဘာဝပင် ဖြစ်သည်။ သို့သော် ထိုတိရစ္ဆာန်ကို အသားအစား ကောက်ရိုးကို စားခိုင်းလျှင် အလွန်ပင် မဖြစ်နိုင်ပေ။ လူတစ်ယောက်အား အနည်းငယ် ဒုက္ခခံရန်၊ အနည်းငယ် အဖိုးအခ ပေးဆပ်ရန်၊ ကျန်သည့် သူ့ဘဝတစ်လျှောက်လုံးကို နှိမ့်ချစွာ အသက်ရှင်သွားရန် တောင်းဆိုလျှင် ဤသည်မှာ ထိုသို့လုပ်ဆောင်ရန် စိတ်ဓာတ်အားအင်ရှိသော မည်သူမဆို လုပ်ဆောင်နိုင်သောအရာတစ်ခုဖြစ်သည်။ စင်စစ်အားဖြင့် ဘုရားသခင်အား အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို တောင့်တသောသူတစ်ယောက်အတွက် မည်သည့်ရုပ်ပိုင်းဆိုင်ရာ အခက်အခဲမဆို ပြဿနာကြီးတစ်ခု မဟုတ်ပေ။ ဥပမာအားဖြင့် ဇာတိပတိ သက်သာမှုများတွင် မွေ့လျော်မှုမရှိခြင်း၊ သို့မဟုတ် ၎င်းတို့၏ နေ့စဉ် အိပ်ချိန်ပမာဏကို လျှော့ချခြင်း၊ သို့မဟုတ် ဆယ်နှစ်ဆက်တိုက် ခက်ခဲကြမ်းတမ်းစွာ နေထိုင်ခြင်း၊ သို့မဟုတ် အလွန်ဆိုးသော အစားအစာ၊ အဝတ်အစား၊ နေအိမ်၊ သယ်ယူပို့ဆောင်ရေးတို့ဖြင့် ဖြစ်အောင်နေထိုင်ခြင်း ဤသို့သော ဆင်းရဲဒုက္ခများနှင့် ပေးဆပ်မှုများကို လုပ်ဆောင်ရန် စိတ်ဓာတ်အားအင်ရှိသရွေ့၊ သမ္မာတရားကို လိုက်စားလိုစိတ် ရှိသရွေ့၊ မိမိကိုယ်ကို ချုပ်တည်းနိုင်မှု အနည်းငယ်ရှိသရွေ့ မည်သူမဆို လုပ်ဆောင်နိုင်သည်။ သို့သော် တစ်ယောက်ယောက်အား ဇာတိပကတိနှင့် စာတန်ကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် လုံးဝအညီသာ လုပ်ဆောင်ရန်၊ ဘုရားနှုတ်ကပတ်တော်ကို လုံးဝအခြေခံ၍သာ လုပ်ဆောင်ရန်၊ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး ဤသို့ဖြင့် ဘုရားသခင်အပေါ် အမှန်တကယ် နာခံခြင်းရှိရန် တောင်းဆိုလျှင် မည်သူမဆို ဤအရာကို ခက်ခဲသည်ဟု မြင်လိမ့်မည်။ ဤသည်မှာ လူ၏ အခက်အခဲများ ရှိသည့်နေရာ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားအား လိုက်စားရာတွင် လူတို့အနေဖြင့် စိတ်ပိုင်းဖြတ်ပြီး စမ်းလုပ်ကြည့်၍ရသည့် အရာမျိုး မဟုတ်ပေ၊ သို့မဟုတ် စိတ်ချုပ်တည်းခြင်းကို လေ့ကျင့်ပြီး စည်းကမ်းများကို လိုက်နာကာ ထို့နောက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားကို ပိုင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်ပေ။ သမ္မာတရားအား လိုက်စားခြင်းသည် ဖောက်ပြန်သော လူသားမျိုးနွယ်က လုပ်ဆောင်ရန် အခက်ခဲဆုံး၊ မလွယ်ကူဆုံးသောအရာဖြစ်သည်။ ဤပြဿနာ၏ အရင်းအမြစ်က မည်သည့်နေရာမှ စတင်ဖြစ်ပေါ်လာသနည်း။ (စာတန်၏ စိတ်သဘောထားမှ စတင်ဖြစ်ပေါ်လာပါသည်။) မှန်သည်။ စာတန်၏ စိတ်သဘောထားသည် လူ၏ အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်သည်။ လူတစ်ယောက်၌ ညံ့ဖျင်းသော အစွမ်းအစရှိနိုင်သည်၊ သို့မဟုတ် မကောင်းသော ဒေါသစိတ်နှင့် ပင်ကိုစရိုက်ရှိနိုင်သည်။ ထိုသူ၌ ပြောပြစရာ အားသာချက်၊ ပါရမီ၊ သို့မဟုတ် ဆုကျေးဇူးတစ်ခုမျှ မရှိဘဲ ဖြစ်နေနိုင်သည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ ၎င်းတို့အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်မည် မဟုတ်ပေ။ အဆုံးတွင် ပြဿနာသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ စတင်ဖြစ်ပေါ်လာသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် လူတို့၏ လက်၊ ခြေ၊ ၎င်းတို့၏ စိတ်များ၊ အယူအဆများ၊ အတွေးများ၊ ၎င်းတို့၏ စဉ်းစားပုံနှင့် ၎င်းတို့ဝိညာဉ်၏ အတွင်းပိုင်းတို့ကို မြဲမြံစွာ ထိန်းချုပ်ထားသည်မှာ ၎င်းတို့အတွက် သမ္မာတရားအား လိုက်စားခြင်းလမ်းရှိ ခြေလှမ်းတိုင်းကို လျှောက်ရန် ခက်ခဲသည်အထိပင် ဖြစ်သည်။ လူတစ်ယောက်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဘုရားသခင်အား သုံး၊ လေး၊ ငါးနှစ်ကြာ ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ် ယုံကြည်ပြီး အနည်းငယ်မျှသာ ရရှိခဲ့သော လူအချို့ပင် ရှိသည်။ အချို့မှာ မည်သည့်အရာကိုမျှ မရရှိပေ။ ထို လက်ဗလာဖြစ်သော လူများသည် မည်မျှပင် ချွတ်ခြုံကျပြီး သနားစရာ ကောင်းလိုက်သနည်း။ ၎င်းတို့သည် ဘုရားသခင်အား အနှစ်သုံးဆယ်ကြာ ယုံကြည်ခဲ့သော်လည်း ချွတ်ခြုံကျနေဆဲဖြစ်ပြီး မမြင်မကန်းရှိနေဆဲပင် ဖြစ်ကာ မည်သည့်အရာကိုမျှ ပြစရာမရှိပေ။ ၎င်းတို့သည် အပျက်သဘောဆောင်မှုထဲသို့ ကျရောက်သွားသောအခါ လွတ်မြောက်အောင် မည်သို့လုပ်ရမည်ကို မသိကြပေ။ ဘုရားသခင်နှင့်ပတ်သက်ပြီး နားလည်မှုလွဲသောအခါ ယင်းကို ပပျောက်အောင် မည်သို့လုပ်ရမည်ကို မသိကြပေ။ ၎င်းတို့အပေါ်သို့ အခက်အခဲများ ကျရောက်သောအခါ မည်သို့ရင်ဆိုင်ရမည်ကို မသိကြသကဲ့သို့ ထိုအခက်အခဲမျိုးကို မည်သို့ဖြေရှင်းရမည်ကိုလည်း မသိကြပေ။ မိမိကိုယ်ကို ချုပ်တည်းရန် တစ်ဖက်သတ် စိတ်ဓာတ်ခွန်အားကို အသုံးပြုခြင်းအားဖြင့်၊ သို့မဟုတ် အဆုံးမဲ့ မလျှော့တမ်းလုပ်ဆောင်ရန် မိမိ၏ စိတ်ရှည်မှုကို အမှီပြုခြင်းအားဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်သလော။ လူတို့သည် အခြေအနေများကို ကျော်ဖြတ်ပြီးသည်အထိ တစ်ဆင့်ချင်း ရုန်းသွားကောင်း ရုန်းသွားနိုင်သော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကမူ ကျန်ရှိဆဲဖြစ်သည်။ ထိုအရာများကို မဖြေရှင်းရသေးပေ။ ၎င်းတို့သည် အပျက်သဘောဆောင်မှုကို အကြိမ်မည်မျှ ကြုံတွေ့ပြီးဖြစ်စေ၊ ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်း၊ ဘုရားသခင်အပေါ် အယူအဆများရှိခြင်း၊ ကျရှုံးခြင်း၊ လဲကျခြင်း၊ အားနည်းခြင်းတို့ အကြိမ်မည်မျှ ရှိသည်ဖြစ်စေ ယနေ့အချိန်အခါအထိ ၎င်းတို့သည် အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက် အနည်းငယ်မျှကိုပင် ပေးနိုင်စွမ်း မရှိသေးသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်ပြီး ၎င်းတို့၏ အသိပညာ၊ အတွေ့အကြုံ၊ သို့မဟုတ် ထိတွေ့မှုတို့နှင့်ပတ်သက်၍လည်း တစ်ခုမျှ ပြောစရာမရှိပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဗလာဖြစ်နေပြီး ၎င်းတို့ဝိညာဉ်များ၏ အတွင်းပိုင်းတွင် ဗလာဖြစ်နေသည်။ ၎င်းတို့တွင် သမ္မာတရားနှင့်ပတ်သက်၍ အတွေ့အကြုံကို အခြေခံသော နားလည်မှုမရှိ။ ဘုရားနှုတ်ကပတ်တော်များကိုလည်း အမှန်တကယ် သိမြင်မှုမရှိ။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားတို့အား သိမြင်ဖို့ဆိုလျှင် ပို၍ပင် ဝေးသေးသည်။ ၎င်းတို့သည် ချွတ်ခြုံကျ၊ အမြင်ကန်းကာ သနားစဖွယ် မဖြစ်နေသလော။ (ဖြစ်နေပါသည်။) လူတစ်ယောက်သည် သမ္မာတရားကို မလိုက်စားလျှင် ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ အဓိပ္ပာယ်မရှိပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်သည် မိမိကိုယ်ကို ဤအခြေအနေသို့ ရောက်အောင် အဘယ်ကြောင့် လုပ်ရသနည်း။ အကြောင်းက မည်သည့်နေရာတွင် တည်ရှိသနည်း။ ဤတွင်လည်း ပြဿနာက လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ စတင်ဖြစ်ပေါ်သည်။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းတရားဖြစ်သည်။

သမ္မာတရားအား လူတို့မလိုက်စားခြင်းအတွက် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းတရားက မည်သည့်အရာဖြစ်ကြောင်းကို ရှင်းလင်းအောင် ငါတို့ပြောပြီးပြီ ဖြစ်သည်။ ယခုအခါ ပုဂ္ဂလဓိဋ္ဌာန်ကျသော အကြောင်းတရားကို ငါတို့ အနည်းငယ် ပြောဆိုသွားကြမည်။ ပုဂ္ဂလဓိဋ္ဌာန်ကျသော အကြောင်းတရားမှာ လူတို့သည် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်ဟု ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးမှ၊ သို့မဟုတ် ၎င်းတို့၏ လက်တွေ့ဘဝမှတစ်ဆင့် သိလာနိုင်သော်လည်း ဘုရားနှုတ်ကပတ်တော်များနှင့်၊ သမ္မာတရားနှင့် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ မနှိုင်းယှဉ်ကြည့်ကြခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ မသိသကဲ့သို့ စွန့်ပစ်ခြင်းလည်း မရှိကြခြင်းပင် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်းလည်း လုံးဝ မရှိကြခြင်းပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းလမ်းပေါ်တွင် အလွန်ပင် အားထုတ်ကြိုးပမ်းပြီး အသုံးခံကောင်းခံနိုင်သော်လည်း၊ ထိုလမ်းတွင် အလွန်အလုပ်ကြိုးစားခြင်း၊ များစွာ ဒုက္ခခံခြင်း၊ အဖိုးအခများစွာ ပေးဆပ်ခြင်းတို့ ရှိနိုင်သော်လည်း ဤအရာများအားလုံးက အပြင်ပန်း အပြုအမူများ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဤအရာများက လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းကို စတင်ပြီးဖြစ်သည်ဟု သက်သေမပြပေ။ အများဆုံး ဒုက္ခခံခဲ့သော သူများသည် အစောပိုင်းကာလများတွင် ဘုရားသခင်နောက်သို့ စတင်လိုက်ခဲ့သော၊ အသက်နှစ်ဆယ်ဝန်းကျင်တွင် တာဝန်ထမ်းဆောင်သောသူများ ဖြစ်သည်။ ဤလူများသည် ယခုတွင် အသက် ၅၀ ခန့်ရှိပြီဖြစ်ပြီး အိမ်ထောင်မပြုရသေးပေ။ ၎င်းတို့သည် ၎င်းတို့၏ ပျိုရွယ်ချိန်ကို ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုအတွက် ဆက်ကပ်အပ်နှံခဲ့ပြီး မိသားစုနှင့် အိမ်ထောင်ပြုခြင်းကို စွန့်လွှတ်ခဲ့သည်ဟု ဆိုနိုင်၏။ ဤသည်မှာ ကြီးမားသော ပေးဆပ်မှုဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ပျိုရွယ်ချိန်ကို စွန့်လွှတ်ပြီး ၎င်းတို့၏ ဘဝတစ်ခုလုံးကို ပေးဆပ်ခဲ့သည်။ ဤအရာမှ မည်သည့်အရာကို ရရှိသနည်း။ ၎င်းတို့ပေးဆပ်သည့် အဖိုးအခက ကြီးမား၏။ သို့သော် အဆုံးတွင် ၎င်းတို့ ရရှိသည့်အရာသည် ၎င်းတို့ အသုံးခံပေးခဲ့မှုနှင့် ညီမျှခြင်း၊ သို့မဟုတ် ကိုက်ညီခြင်း မရှိပေ။ ဤတွင် ပြဿနာက မည်သည့်အရာနည်း။ ၎င်းတို့ အဖိုးအခပေးဆပ်သည့် သဘောထား၊ စိတ်ခိုင်မာမှု၊ ၎င်းတို့ အသုံးခံပေးခဲ့သည့် အချိန်ကာလ၊ ပမာဏ၊ အတိုင်းအတာတို့ကို အခြေခံလျှင် သမ္မာတရားကို ၎င်းတို့နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်မည့် ပုံစံရှိသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံချက်နှင့် ကြောက်ရွံ့ခြင်း စိတ်နှလုံးတို့ ရှိလိမ့်မည်၊ ဘုရားသခင်ကို သိမြင်ခြင်း ရှိလိမ့်မည်၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းပြီး ဖြစ်လိမ့်မည်၊ သမ္မာတရားလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်ဟု သင်ထင်ပေမည်။ သို့သော် အမှန်တကယ်တွင် ဤသည်မှာ ကောက်ချက်ချမှုတစ်ခုသာ ဖြစ်သည်။ ဤအရာနှစ်ခုသည် ယုတ္တိကျသော ဆက်နွှယ်မှုတစ်ခုသာရှိသည်။ အမှန်တရားနှင့်၊ သို့မဟုတ် ဤလူများ အသက်ရှင်နေထိုင်သည့်အရာနှင့် မကိုက်ညီပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ဤအရာကို စုံစမ်းစစ်ဆေးခြင်း၊ ဆွေးနွေးခြင်း မပြုလုပ်သင့်သလော။ ဤသည်မှာ လေးနက်စွာ စဉ်းစားကြည့်ထိုက်သည့် ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအမှုတော်၏ ဤအဆင့်ကို နှစ်နှစ်၊ သုံးနှစ်ကြာ လက်ခံပြီးဖြစ်သောသူများထဲတွင် အတွေ့အကြုံနှင့် သက်သေခံချက်ရှိသောလူများ မနည်းလှပေ။ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့ကို မည်သို့ ပြောင်းလဲပေးခဲ့ပြီး ရိုးသားသူများဖြစ်အောင် မည်သို့ပြုလုပ်ပေးခဲ့ကြောင်း ၎င်းတို့ သက်သေခံကြသည်။ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် သမ္မာတရားကို ၎င်းတို့ နားလည်အောင် ဘုရားနှုတ်ကပတ်တော်များက မည်သို့လုပ်ပေးခဲ့ကြောင်း သက်သေခံကြသည်။ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် လှည့်စားတတ်မှု၊ ၎င်းတို့၏ ပုန်ကန်မှု၊ အဆင့်အတန်းအား တောင့်တမှု၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ စသည်ဖြင့်တို့ကို မည်သို့ဖြေရှင်းပေးခဲ့ကြောင်း သက်သေခံကြသည်။ ဤလူတို့သည် ဘုရားသခင်အား နှစ်နှစ်၊ သုံးနှစ်ကြာမျှ ယုံကြည်ပြီးနောက်တွင်ပင် အတွေ့အကြုံနှင့် သက်သေခံချက် ရှိနိုင်စွမ်းရှိကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်၍ အတွေ့အကြုံကို အခြေခံသည့် လေးနက်သော နားလည်မှုရှိကြသည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကိုလည်း ခံစားနိုင်ကြသည်။ ဤသို့ဆိုလျှင် လူအချို့သည် ဘုရားသခင်အား အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာ ယုံကြည်ခဲ့ပြီး အဖိုးအခများစွာ ပေးဆပ်ကာ များစွာ ဒုက္ခခံပြီး ပြေးလွှားလှုပ်ရှားခဲ့ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံး အတွင်းပိုင်းနှင့် ဝိညာဉ်လောကတို့သည် ဗလာဖြစ်နေပြီး ဟာလာဟင်းလင်းဖြစ်နေခြင်းမှာ အဘယ်ကြောင့်နည်း။ ဤသို့သော အခြေအနေမျိုးတွင်ရှိသည့် လူများစွာသည် မကြာခဏ လမ်းပျောက်ကြသည်။ ၎င်းတို့က “ကျွန်ုပ်အင်မတန်လမ်းပျောက်နေပြီ” ဟု အစဉ်ပြောကြသည်။ “ယခုဆိုလျှင် ဘုရားသခင်ကို သင်ယုံကြည်လာသည်မှာ အနှစ်နှစ်ဆယ်၊ သုံးဆယ်ရှိပေပြီ။ အဘယ်သို့ လမ်းပျောက်ဆဲ ဖြစ်နေရသနည်း။ မည်သည့်အရာကိုမျှ သင်မရရှိခဲ့ကြောင်း ရှင်းလင်းစွာ မြင်နိုင်သည်” ဟု ငါပြောသည်။ ယနေ့အထိ လူအချို့က အပျက်သဘောဆောင်ပြီး အားနည်းနေဆဲ ဖြစ်သည်။ ၎င်းတို့က “ဘုရားကို ကျွန်ုပ်ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာ ကြာချေပြီ။ အဘယ်အရာကို ကျွန်ုပ်ရခဲ့ပါသနည်း” ဟု ပြောကြသည်။ မကြာခဏပင် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းသောအခါ၊ သို့မဟုတ် အဆင့်အတန်းနှင့် အကျိုးအမြတ်များ မရှိသောအခါ၊ သို့မဟုတ် ၎င်းတို့၏ မာနကအလိုမပြည့်သောအခါ ဘုရားသခင်ကို အပြစ်တင်ပြီး ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့သည်ကို နောင်တရကြသည်။ အစကတည်းက ဘုရားနှုတ်ကပတ်တော်များအား ယုံကြည်ခဲ့သည်ကို ၎င်းတို့ နောင်တရသည်။ ဘုရားသခင်နောက်သို့ လိုက်ရန်အတွက် ၎င်းတို့၏ အလုပ်၊ အိမ်ထောင်နှင့် မိသားစု၊ ကောလိပ်ကျောင်းတက်ရန် အခွင့်အလမ်းတို့အား ပြတ်ပြတ်သားသား လက်လွှတ်ခဲ့သည်ကို နောင်တရသည်။ အချို့မှာ အသင်းတော်မှ ထွက်ခွာရန်ပင် စဉ်းစားကြသည်။ ၎င်းတို့အနေနှင့် အဘယ်ကြောင့် အစကတည်းက ဒုက္ခရှာကာ ယုံကြည်ခဲ့ရသနည်းဟု ယခုတွင် ၎င်းတို့၏ ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး လွန်စွာ နောင်တရလျက်ရှိကြသည်။ ၎င်းတို့သည် အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာအထိ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်။ သမ္မာတရားများစွာကို ၎င်းတို့ ကြားနာခဲ့ပြီး ဘုရားသခင်၏ အမှုတော်များစွာကို ကြုံတွေ့ခဲ့ကြသည်။ သို့တိုင်အောင် ၎င်းတို့၏ စိတ်နှလုံးအတွင်းပိုင်းသည် ဗလာဖြစ်နေဆဲပင်။ ၎င်းတို့သည် ပရမ်းပတာဖြစ်ခြင်း၊ ရှုပ်ထွေးခြင်း၊ နောင်တရခြင်း၊ တွန့်ဆုတ်ခြင်း၊ ၎င်းတို့၏ အနာဂတ်နှင့်ပတ်သက်ပြီး မရေမရာပင် ဖြစ်သည့် အခြေအနေများထဲသို့ မကြာခဏ ကျရောက်သွားကြသည်။ မည်သည်က ဤအရာကို ဖြစ်စေသနည်း။ ဤသို့သောလူများသည် သနားခြင်းနှင့် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဤလူများကို ငါမြင်သည့်အခါတိုင်းတွင်၊ ၎င်းတို့၏ သတင်းများကို ကြားပြီး ၎င်းတို့၏ လတ်တလော မတော်တရော် ကိစ္စများကို သိရသည့်အခါတိုင်းတွင် ၎င်းတို့နှင့်ပတ်သက်ပြီး စိတ်လေးမိသည်။ ၎င်းတို့နှင့်ပတ်သက်ပြီး ဤသို့ ငါ တွေးမိ၏။ ၎င်းတို့၏ အခြေအနေနှင့် ၎င်းတို့၏ အတွင်းရေးကိစ္စများက ငါ့အတွက် အဘယ်ကြောင့်များ အလွန် ရင်းနှီးနေရသနည်း။ ယခုအချိန်တွင်ပင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၌ ဆက်လက်ရှိနေကြပြီး တာဝန်များထမ်းဆောင်နေကြသည်။ ၎င်းတို့ အမှီပြုနေသည်မှာ မည်သည့်အရာများနည်း။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရသည်ဟူသည့် စိတ်နေစိတ်ထားပင်လော။ အဆုံးတိုင်အောင် ဘုရားနောက်သို့ လိုက်လျှင် မလွဲဧကန် ကယ်တင်ခံရလိမ့်မည်ဟူသော စိတ်နေစိတ်ထားပင်လော။ သို့မဟုတ် ကံနှင့် အခွင့်အရေးကို အခြေခံသော စိတ်ထားပင်လော။ ဤအရာများ လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် အဘယ်အရာနည်း။ ပေါလုပြောခဲ့သကဲ့သို့ပင် ဖြစ်သည်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ဤကျမ်းပိုဒ်ကို စိစစ်ပြီး ရိုးရှင်းစွာ ဆိုရလျှင် ဤစကားများတွင် အပေးအယူ လက္ခဏာသဘော ရှိနေသည်။ ဤစကားများအတွင်းတွင် အပေးအယူလုပ်ဆောင်ရန်အတွက် သဘောထား၊ စိတ်ကူးနှင့် အစီအစဉ်တစ်ခု ရှိနေသည်။ ဤစကားများက လိုအင်ဆန္ဒနှင့် ရည်မှန်းချက်ရှိသည့်နေရာမှ လာသည်။ ဤစကားများတွင် မည်သည့်အချက်များကို သင်မြင်သနည်း။ လူတို့သည် ဘုရားသခင်အပေါ် ယုံကြည်မှုတွင် မည်သည့်အရာကို လိုက်စားသနည်း။ (ဆုသရဖူနှင့် ကောင်းချီးများ ဖြစ်ပါသည်။) ဟုတ်သည်။ ၎င်းတို့သည် ကောင်းချီးများနှင့် ကောင်းသော ခရီးပန်းတိုင်နောက်သို့ လိုက်သည်။ ထိုကောင်းသော ခရီးပန်းတိုင်နှင့် ကောင်းချီးများအတွက် မည်သည့်အရာကို ၎င်းတို့ လဲလှယ်မည်နည်း။ ထိုအရာများအတွက် မည်သည့်အရာနှင့် အလဲအလှယ်ပြုမည်နည်း။ (၎င်းတို့၏ အားသွန်ခွန်စိုက် လုပ်ဆောင်မှုနှင့် ပင်ပန်းစွာ လုပ်ဆောင်မှုများ၊ ၎င်းတို့၏ အနစ်နာခံမှုနှင့် အသုံးခံမှုများ၊ ၎င်းတို့၏ ဒုက္ခခံမှုနှင့် အဖိုးအခပေးဆပ်မှုများတို့ ဖြစ်ပါသည်။) ပေါလု၏ စကားများကို အသုံးပြုရလျှင် ၎င်းတို့သည် တိုက်လှန်ခြင်းကို ပြုပြီးပြီ။ ပြေးရသောလမ်းကို ပြေးပြီးပြီ။ ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာမှန်သမျှကို လုပ်ဆောင်ပြီးပြီ။ ထို့ကြောင့် ၎င်းတို့သည် လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ထားသည့် ကောင်းသော ခရီးပန်းတိုင်နှင့် ကောင်းချီးများကို ရရှိသင့်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သင့်သည့်အရာ၊ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်မှာ ပြောစရာမလိုကြောင်း၊ ဘုရားသခင်က ဤသို့ မလုပ်ဆောင်လျှင် ဘုရားဖြစ်မည် မဟုတ်ကြောင်း ၎င်းတို့ ထင်ကြသည်။ သိသာစွာပင် ဤနေရာ၌ ဘုရားသခင်အပေါ် နာခံခြင်း မရှိပေ။ သမ္မာတရားအား လိုက်စားခြင်းသဘောထား မရှိပေ။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန် သဘောထား၊ သို့မဟုတ် အစီအစဉ် မရှိပေ။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်အား ကတိပေးထားခဲ့သည့် ကောင်းချီးများကို ရရှိရန်အတွက် ၎င်းတို့လုပ်ဆောင်နိုင်သည့်အရာအနည်းငယ်ဖြင့် လဲလှယ်လိုသည့် ဆန္ဒတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် ငါတို့ ယခုပြောဆိုနေသည့် လူများသည် ၎င်းတို့၏ စိတ်အတွင်းတွင် ဟာတာတာဖြစ်နေကြောင်း၊ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် အမှီပြုစရာ ဘာမျှမရှိကြောင်း မကြာခဏ ခံစားကြရသည်။ သို့တိုင်အောင် ၎င်းတို့သည် ၎င်းတို့ အစဉ်သဖြင့် လုပ်ဆောင်နေကျ ပုံစံအတိုင်း ဆက်လက် လုပ်ဆောင်ကြသည်။ အဖိုးအခများ အလွန်ပေးဆပ်ပြီး ဒုက္ခခံကြသည်။ ၎င်းတို့၏ တိုက်လှန်ခြင်းကို မလျှော့တမ်းပြုလုပ်ပြီး ပြေးရသောလမ်းကို ပြေးလျက်ရှိကြသည်။ မည်သည့်အရာကို ၎င်းတို့ အမှီပြုကြသနည်း။ ၎င်းတို့၏ “ယုံကြည်ခြင်း” ကို ကျားကန်ပေးထားသည်မှာ ၎င်းတို့ဖက်တွယ်ထားပြီး ဇွတ်မှိတ် ယုံကြည်နေသည့် ပေါလု၏ ထိုစာကိုးများ ဖြစ်သည်။ ၎င်းတို့သည် ဆုချီးမြှင့်ခံရပြီး ဆုသရဖူရရှိဖို့ ဖြစ်သည့် ၎င်းတို့၏ ရည်မှန်းချက်နှင့် ဆန္ဒများကို အမှီပြုကြသည်။ ကြီးမြတ်သော ကောင်းချီးများကို လက်ခံရရှိရန် အပေးအယူဆန်သော လဲလှယ်မှုကို အသုံးပြုခြင်းဖြစ်သော သူတို့အိပ်မက်ကို အမှီပြုကြသည်။ ဘုရားသခင်၏ အမှုတော်ကို နားလည်ခြင်း၊ သို့မဟုတ် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံစဉ်တွင် သမ္မာတရားအား လိုက်စားခြင်းအားဖြင့် ရရှိသည့် အတွေ့အကြုံနှင့် အသိပညာတို့ကို အမှီမပြုပေ။ ဤသည်မှာ ၎င်းတို့ အမှီပြုသည့်အရာ မဟုတ်ပေ။

ငါတို့ ယခု မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို ကြည့်လျှင် သမ္မာတရားအား လိုက်စားခြင်း လမ်းပေါ်တွင် လက်တွေ့ကျသော အခက်အခဲများစွာ ရှိသည့်အပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချုပ်အနှောင်များ၊ အကန့်အသတ်များ၊ ကြီးစွာသော အခက်အခဲနှင့် အတားအဆီးများစွာ ရှိသော်လည်း မိမိ၌ စစ်မှန်သော ယုံကြည်ခြင်းရှိသရွေ့ ဘုရားနှုတ်ကပတ်တော်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အမှီပြုခြင်းအားဖြင့် မိမိသည် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် အလုံးစုံ စတင်နိုင်လိမ့်မည်ဟု ယုံကြည်သင့်သည်ကို မြင်နိုင်သည်။ ပေတရုက ဤအရာ၏ သာဓကပင် ဖြစ်သည်။ လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ဘုရားအတွက် အလုပ်လုပ်ခြင်းသက်သက်ကိုသာ အာရုံစိုက်ကြသည်။ ဒုက္ခခံခြင်း၊ အဖိုးအခပေးဆပ်ခြင်းဖြင့်သာ ကျေနပ်ကြသည်။ သို့ရာတွင် သမ္မာတရားကို လုံးဝ မလိုက်စားကြပေ။ ရလဒ်အနေဖြင့် ဘုရားသခင်အား ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်ကြာ ယုံကြည်ပြီးနောက်တွင် ဘုရားသခင်၏ အမှုတော်အပေါ် စစ်မှန်သော အသိမရှိကြချေ။ ထို့ပြင် သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် အတွေ့အကြုံကိုသော်လည်းကောင်း၊ အသိပညာကိုသော်လည်းကောင်း ဘာတစ်ခုမျှ မပြောဆိုနိုင်ပေ။ စုဝေးပွဲများအတောအတွင်းတွင် ၎င်းတို့၏ အတွေ့အကြုံကို အခြေခံသော သက်သေခံချက် အနည်းငယ်ကို ပြောဆိုဖို့ ကြိုးစားကြသည့်အခါ ၎င်းတို့တွင် ပြောစရာမရှိပေ။ ၎င်းတို့ ကယ်တင်ခြင်းခံရမည်၊ မခံရမည်ကို ၎င်းတို့ လုံးဝ မသိပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသည့် လူတို့၏ပုံစံဖြစ်သည်။ ၎င်းတို့သည် ယုံကြည်သူများဖြစ်လာသည်မှာ နှစ်မည်မျှကြာပြီးပြီဖြစ်စေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို နားလည်နိုင်စွမ်းပင် မရှိကြချေ။ သမ္မာတရားကို လုံးလုံး လက်မခံသောသူတစ်ဦးသည် သမ္မာတရားစစ်မှန်မှုထဲသို့ မည်သို့ဝင်ရောက်နိုင်မည်နည်း။ ဤပြဿနာကို မရိပ်စားမိနိုင်ကြသော လူအချို့ရှိ၏။ အယူဝါဒဆိုင်ရာ စကားလုံးများနှင့် စကားရပ်များကို သံယောင်လိုက်ပြောသည့် လူများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် သမ္မာတရားစစ်မှန်မှုထဲသို့လည်း ထိုလူတို့ ဝင်ရောက်နိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ မှန်ကန်သလော။ အယူဝါဒဆိုင်ရာ စကားလုံးများနှင့် စကားရပ်များကို သံယောင်လိုက်ပြောသော သူများသည် ပင်ကိုအားဖြင့် သမ္မာတရားကို နားလည်နိုင်စွမ်း မရှိကြချေ။ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့် အရာသည် သမ္မာတရားကို မချိုးဖောက်သည့်ပုံရှိပြီး လုပ်ရပ်ကောင်းများနှင့် အပြုအမူကောင်းများ ဖြစ်သည့်ပုံရသည်။ သို့သော်လည်း ဤသို့သော လုပ်ရပ်ကောင်းများနှင့် အပြုအမူကောင်းများကို သမ္မာတရားစစ်မှန်မှုဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း။ သမ္မာတရားကို နားမလည်သောသူတို့သည် သမ္မာတရားစစ်မှန်မှုက မည်သည့်အရာဖြစ်သည်ကို မသိကြပေ။ ၎င်းတို့က လူတို့၏ လုပ်ရပ်ကောင်းများနှင့် အပြုအမူကောင်းများကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ယူဆကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘာသာရေးသမားများ၏ အတွေးများ၊ အမြင်များနှင့် မည်သို့ကွာခြားသနည်း။ ဤသို့သော မှားယွင်းနေသည့် သိနားလည်မှု ပြဿနာများကို မည်သို့ ဖြေရှင်းနိုင်သနည်း။ အခြားသူများကို ကြည့်ပြီး ၎င်းတို့၏ သရုပ်မှန်ကို ပိုင်းခြားသိမြင်နိုင်ရန်၊ သမ္မာတရားစစ်မှန်မှုကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိ ပြောနိုင်ရန်အလို့ငှာ လူတို့သည် ရှေးဦးစွာ ဘုရားနှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အလိုတော်ကို နားလည်ရမည်။ သမ္မာတရားကို နားလည်ခြင်းသည် မည်သည့်အရာဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို သိရမည်။ ဘုရားသခင်၏ အမှုတော်နှင့် လူကို ကယ်တင်ခြင်းသည် သမ္မာတရားကို လူတို့နားလည်ပြီး လက်တွေ့လုပ်ဆောင်အောင် ပြုဖို့ ရည်ရွယ်သည်။ ထိုအခါမှသာ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ခွာနိုင်မည်ဖြစ်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်ကာ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ သမ္မာတရားကို သင် မလိုက်စားလျှင်၊ သင်၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးထင်မြင်မှုများအရ ဘုရားသခင်အတွက် အသုံးခံခြင်း၊ ဒုက္ခခံခြင်း၊ အဖိုးအခပေးဆပ်ခြင်းဖြင့်သာ ကျေနပ်နေလျှင် သင်လုပ်သမျှတိုင်းသည် သမ္မာတရားအား သင်၏ လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားအား သင်၏ နာခံခြင်းတို့ကို ကိုယ်စားပြုလိမ့်မည်လော။ သင်၏ အသက်တာ စိတ်သဘောထားကို သင်ပြောင်းလဲပြီးကြောင်း ထိုအရာက သက်သေပြလိမ့်မည်လော။ ဘုရားသခင်ကို သင်အမှန်တကယ် သိမြင်မှုရှိကြောင်း ထိုအရာက ကိုယ်စားပြုလိမ့်မည်လော။ ကိုယ်စားပြုမည် မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်လုပ်ဆောင်သမျှသည် မည်သည့်အရာကို ကိုယ်စားပြုမည်နည်း။ သင်၏ တစ်ကိုယ်ရေ အကြိုက်များအပြင် သိနားလည်မှုနှင့် စိတ်ကူးယဉ်အတွေးတို့ကိုသာ ကိုယ်စားပြုနိုင်သည်။ သင်လုပ်ဆောင်လိုသောအရာနှင့် လုပ်ဆောင်ချင်စိတ်ရှိသော အရာများသက်သက်သာ ဖြစ်မည်။ သင်လုပ်သမျှသည် သင်၏ကိုယ်ပိုင်ဆန္ဒများ၊ လိုအင်များ၊ သင်စံပြုထားသော အရာများကိုသာ အလိုဖြည့်ပေးသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းမဟုတ်သည်ကား ရှင်းသည်။ သင်၏ လုပ်ရပ်တစ်ခုတလေ၊ သို့မဟုတ် အပြုအမူတစ်ခုတလေကမျှ သမ္မာတရားနှင့်ဖြစ်စေ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ဖြစ်စေ ဘာမျှ သက်ဆိုင်မှုမရှိပေ။ သင်၏ လုပ်ရပ်များနှင့် အပြုအမူများ အားလုံးသည် သင်ကိုယ်တိုင်အတွက် ဖြစ်သည်။ သင်သည် မိမိစံပြုထားသော အရာများအပြင် မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အတွက်သာ အလုပ်လုပ်နေခြင်း၊ ကြိုးစားနေခြင်း၊ ပြေးလွှားနေခြင်းဖြစ်သည်။ ဤအရာကြောင့် သင်သည် ဆုချီးမြှင့်ခံရရန်၊ ဆုသရဖူရရှိရန်၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရန်အတွက်သာ အသက်တာတစ်လျှောက်လုံး အပင်ပန်းခံ အလုပ်လုပ်ခဲ့သော ပေါလုနှင့် ဘာမျှ မခြားပေ။ သင်သည် ရှင်းလင်းစွာပင် ပေါလု၏ လမ်းကြောင်းအား လျှောက်လှမ်းနေသည်ကို ဤအရာက ပြသည်။ အချို့က “ကျွန်ုပ်သည် လိုလိုလားလား အပင်ပန်းခံပြီး အလုပ်လုပ်၏။ ဘုရားနှင့် အပေးအယူလုပ်ဖို့ မကြိုးစားဖူးပါ” ဟူ၍ ပြောကြသည်။ သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကြိုးစားခဲ့သည်ဖြစ်စေ၊ မကြိုးစားခဲ့သည်ဖြစ်စေ၊ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ တိကျပြတ်သားသော ရည်ရွယ်ချက် သင်၏စိတ်၊ သို့မဟုတ် သဘောထားတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင့်တွင် ဤသို့သော အစီအစဉ်၊ ပန်းတိုင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ အရေးမပါပေ။ သင်သည် ကောင်းကင်နိုင်ငံတော်၏ ဆုလာဘ်များနှင့် ဆုသရဖူအား သင်၏ အပင်ပန်းခံ အလုပ်လုပ်ခြင်း၊ သင်၏ ဆင်းရဲဒုက္ခများ၊ သင်ပေးဆပ်ခဲ့သည့် အဖိုးအခတို့ဖြင့် လဲလှယ်ဖို့ ကြိုးစားနေသည်။ ဤပြဿနာ၏ အနှစ်သာရမှာ သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေသည့် အဖြစ်ပင်။ သင်က ဤသို့လုပ်ဆောင်နေသည်ကို သတိမထားမိခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်က ကောင်းချီးများရရန်အတွက် ဆင်းရဲဒုက္ခများကို ကြုံတွေ့ပြီး အဖိုးအခပေးဆပ်သရွေ့ သူ့လိုက်စားမှု၏ အနှစ်သာရသည် ပေါလုနှင့် အတူတူပင် ဖြစ်သည်။ မည်သို့သောပုံစံဖြင့် တူညီသနည်း။ နှစ်ခုစလုံးက မိမိ၏ အပင်ပန်းခံ လုပ်ဆောင်မှုများ၊ မိမိဖြတ်သန်းရသည့် ဆင်းရဲဒုက္ခများ၊ မိမိပေးဆပ်သည့် အဖိုးအခများ စသည်တို့ဖြစ်သည့် မိမိ၏ အပြုအမူကောင်းများနှင့် ဘုရားသခင်၏ ကောင်းချီးများ၊ လူသားမျိုးနွယ်ကို ဘုရားသခင် ကတိပေးထားသော ကောင်းချီးများကို လဲလှယ်ရန် ကြိုးစားအားထုတ်မှုများပင် ဖြစ်သည်။ ဤအရာတို့မှာ အနှစ်သာရအားဖြင့် အတူတူပင် မဟုတ်လော။ (ဟုတ်ပါသည်။) အနှစ်သာရအားဖြင့် တူညီသည်။ အမှန်တကယ် ကွာခြားမှု မရှိပေ။ သင်သည် ပေါလု၏ လမ်းကြောင်းကို မလျှောက်လိုဘဲ ပေတရု၏ လမ်းကြောင်းကို လျှောက်လိုလျှင်၊ ဘုရားသခင်၏ လက်ခံမှုကို သင် ရရှိလိုလျှင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သံသယရှိစရာ မလိုပေ။ သင်သည် သမ္မာတရားကို လိုက်စားရန် သင်ယူရမည်။ သမ္မာတရားအပြင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသာမက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကိုပါ လက်ခံနိုင်ရမည်။ သင့်ကိုယ်သင် သိမြင်ခြင်း၊ သင်၏ စိတ်သဘောထား ပြောင်းလဲလာအောင် လုပ်ခြင်းတို့အပေါ် အာရုံစိုက်ရမည်ဖြစ်ပြီး ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့လုပ်ဆောင်ဖို့ အားထုတ်ရမည်။ သမ္မာတရားအား လိုက်စားခြင်းလမ်းကို လျှောက်ခြင်းနှင့် ပေတရု၏ လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းခြင်းဟူသည်မှာ ဤအရာကို ဆိုလိုသည်။ ပေတရု၏လမ်းကြောင်းကို လျှောက်ရန်အတွက် လူအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် လူအား ဘုရားသခင် ညွှန်ပြထားသည်မှာ မည်သည့်လမ်းကြောင်းဖြစ်သည်တို့ကို ရှေးဦးစွာ နားလည်ရမည်။ ကယ်တင်ခြင်းဆီသို့ ဦးတည်သည့် ဘုရားသခင်အား ယုံကြည်ခြင်းလမ်းကြောင်းနှင့် ထာဝရပြစ်ဒဏ်နှင့် ပျက်စီးခြင်းသို့ ဦးတည်သည့် လမ်းကြောင်းကို သင် ပိုင်းခြားသိမြင်နိုင်ရမည်။ သင်သည် အဘယ်ကြောင့် ပေါလု၏ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့သည်ဆိုသည်ကို အမှန်တကယ် ဆင်ခြင်သုံးသပ်ဖို့လိုပြီး ထိုလမ်းကြောင်းကို လျှောက်ရန် မည်သည့်စိတ်သဘောထားက သင့်အား အမိန့်ပေးသည်ကို သေချာအောင် စုံစမ်းဖို့ လိုသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် မာနထောင်လွှားခြင်း၊ သို့မဟုတ် လှည့်စားခြင်း၊ သို့မဟုတ် ဆိုးယုတ်ခြင်းကဲ့သို့သော အပေါ်လွင်ဆုံး၊ အသိသာဆုံး အရာများကို သင်ပိုင်းခြားသိမြင်သင့်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် စတင်ပြီး ဆင်ခြင်သုံးသပ်ပါ။ စိစစ်ပါ။ သင့်ကိုယ်သင် သိမြင်အောင် လုပ်ပါ။ သင့်ကိုယ်သင် အမှန်တကယ် သိမြင်လာအောင်၊ သင့်ကိုယ်သင် အမှန်တကယ် မုန်းတီးလာအောင် လုပ်ဆောင်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ခွာချရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် လွယ်ကူလိမ့်မည်။ ဤသို့ဆိုလျှင် ဤအရာကို တိတိကျကျ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နည်း။ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု၏ ဥပမာကို အသုံးပြုပြီး ဤအရာကို ရိုးရှင်းစွာ မိတ်သဟာယပြုကြပါစို့။ သင်၏ နေ့စဉ်အသက်တာတွင် စကားပြောခြင်း၊ ပြုမူဆောင်ရွက်ပြီး အမှုအရာများကို ကိုင်တွယ်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်း စသည်ဖြင့်တို့ကို လုပ်ဆောင်သောအခါ လက်ရှိအကြောင်းကိစ္စက မည်သည့်အရာဖြစ်စေ၊ သင် မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ၊ အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ သင်သည် မည်သို့သော မာနထောင်လွှားသည့် စိတ်သဘောထားအား ဖွင့်ပြသည်ကို အချိန်ပြည့် အာရုံစိုက်ကာ ဆန်းစစ်ရမည်။ သင်၏ မာနထောင်လွှားသည့် စိတ်သဘောထားမှလာသော သင် သတိထားမိပြီး သိမြင်နိုင်သည့် ဖွင့်ပြမှုများ၊ အတွေးများ၊ စိတ်ကူးများအားလုံးအပြင် သင်၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကိုပါ ဖော်ထုတ်ရမည်။ အထူးသဖြင့် သူတစ်ပါးတို့အား အထက်စီးမှနေ၍ အစဉ် ဩဝါဒပေးလိုခြင်း၊ မည်သူ့ကိုမျှ မနာခံခြင်း၊ မိမိကိုယ်ကို အခြားသူများထက် သာသည်ဟု မြင်ခြင်း၊ အခြားလူများက မည်မျှ မှန်နိုင်သည်ဖြစ်စေ ၎င်းတို့ပြောသည့်အရာကို လက်မခံခြင်း၊ သင်မှားနေလျှင်ပင် သင်ပြောသည့်အရာကို အခြားလူများ လက်ခံပြီး နာခံအောင် လုပ်ဆောင်ခြင်း၊ အစဉ်သဖြင့် အခြားလူများအား ဦးဆောင်လိုစိတ်ရှိခြင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက သင့်အား ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသောအခါ မလိုက်နာခြင်း၊ ကျိုးကြောင်းပြပြောဆိုခြင်း၊ ၎င်းတို့အား မှားယွင်းသည်ဟု ရှုတ်ချခြင်း၊ အခြားလူများအား အစဉ် ရှုတ်ချပြီး မိမိကိုယ်ကို မြှင့်တင်ခြင်း၊ အခြားလူတိုင်းထက် မိမိက သာသည်ဟု အစဉ်ထင်မြင်ခြင်း၊ အစဉ်သဖြင့် ထင်ပေါ်ကျော်ကြားကာ ထူးကဲပေါ်လွင်သည့်သူ ဖြစ်လိုခြင်း၊ သင့်အား အခြားလူများက အထင်ကြီးပြီး ကိုးကွယ်ရန်အတွက် ကြွားဝါရခြင်းကို အစဉ် နှစ်သက်ခြင်း အစရှိသည်တို့ ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးမှု ဖွင့်ပြခြင်းများကို ဆင်ခြင်သုံးသပ်ခြင်း၊ စိစစ်ခြင်းတို့အား လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားက မည်မျှအကျည်းတန်သည်ကို သိလာနိုင်သည်။ သင့်ကိုယ်သင် ရွံရှာမုန်းတီးလာနိုင်သည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ပို၍ပင် မုန်းတီးလာနိုင်သည်။ ဤသို့အားဖြင့် သင်သည် အမှုအရာများအားလုံးတွင် မာနထောင်လွှားသော စိတ်သဘောထားကို ဖွင့်ဟခြင်း ရှိမရှိအား ဆင်ခြင်သုံးသပ်လိုစိတ် ရှိလာမည်။ တစ်ပိုင်းက သင်၏စကားတွင် မည်သည့် မာနထောင်လွှားသော၊ မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားများ ဖွင့်ပြသည်၊ မည်သည့် ကြွားဝါသော၊ မာနထောင်လွှားသော၊ အသိမဲ့သော အရာများ သင်ပြောသည်ကို ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ အခြားအပိုင်းကမူ သင်၏ အယူအဆများ၊ စိတ်ကူးများ၊ ရည်မှန်းချက်များနှင့် ဆန္ဒများအတိုင်း ပြုမူစဉ်တွင် သင်လုပ်ဆောင်မိသည့် အဓိပ္ပာယ်မရှိသော၊ အသိတရားမရှိသော အရာများကို ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ ဤသို့သော မိမိကိုယ်ကို သုံးသပ်ခြင်းသည်သာ မိမိကိုယ်ကို သိမြင်မှုကို ရရှိနိုင်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိမြင်မှုကို ရရှိပြီးသည်နှင့် ရိုးသားသူဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများနှင့် စည်းမျဉ်းများကို ဘုရားနှုတ်ကပတ်တော်များတွင် ရှာဖွေသင့်သည်။ ထို့နောက် ဘုရားနှုတ်ကပတ်တော်များထဲတွင် ညွှန်ပြထားသည့် လမ်းကြောင်းများ၊ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး သင်၏တာဝန်ကို ထမ်းဆောင်သင့်ကာ အခြားလူများကို ချဉ်းကပ်ပြီး ဆက်ဆံသင့်သည်။ ဤနည်းဖြင့် တစ်လတန်သည်ဖြစ်စေ၊ နှစ်လတန်သည်ဖြစ်စေ အချိန်တစ်ခု ကြာသည်အထိ လက်တွေ့လုပ်ဆောင်ပြီးသောအခါတွင် သင်သည် ဤအရာနှင့်ပတ်သက်ပြီး စိတ်နှလုံး ရွှင်ပျခြင်း ရှိလာမည်။ ဤအရာမှတစ်ဆင့် တစ်ခုခုရရှိမည်ဖြစ်ပြီး အောင်မြင်မှု၏ အရသာကို မြည်းစမ်းရမည်။ ရိုးသားသူ၊ အသိတရားရှိသူတစ်ယောက် ဖြစ်လာအောင် လုပ်၍ရမည့် လမ်းကြောင်းတစ်ခု သင့်တွင် ရှိသည်ဟု ခံစားရမည်။ သင်သည် အလွန်ပို၍ တည်ငြိမ်ခိုင်မာမှုကိုလည်း ခံစားရမည်။ သင်သည် သမ္မာတရား၏ အထူးနက်နဲသော အသိပညာအကြောင်း မပြောနိုင်သေးသော်လည်း သမ္မာတရားကို သိမြင်နားလည်မှုရှိသော အသိပညာအချို့အပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကိုပါ ရရှိလိမ့်မည်။ သင်သည် ဤအရာကို စကားဖြင့် ရှင်းလင်းစွာ ဖော်ပြနိုင်မည် မဟုတ်သော်လည်း မာနထောင်လွှားသော စိတ်သဘောထားက လူတို့အပေါ် ဖြစ်ပေါ်စေသည့် ထိခိုက်မှုနှင့် ၎င်းတို့၏ လူ့သဘာဝအား မည်သို့ ပုံဖျက်သည်ကို အနည်းငယ် ပိုင်းခြားသိမြင်မှု ရှိလိမ့်မည်။ ဥပမာအားဖြင့် မာနထောင်လွှားသော၊ စိတ်ကြီးဝင်သော လူတို့သည် ကြွားဝါသော၊ ကြမ်းတမ်းသော အရာများကို မကြာခဏပြောပြီး အခြားလူများကို လှည့်စားရန်အတွက် မုသားများ ပြောဆိုကြသည်။ ၎င်းတို့သည် ကြီးကျယ်သည့် စကားများကို ပြောဆိုသည်။ ဆောင်ပုဒ်များကို အော်ဟစ်သည်။ ဟိတ်ဟန်ကြီးသော မိန့်ခွန်းရှည်ကြီးများကို ကြာရှည်စွာ ပြောဆိုကြသည်။ ဤအရာတို့သည် မာနထောင်လွှားသော စိတ်သဘောထား၏ အမျိုးမျိုးသော သရုပ်သကန်များ မဟုတ်သလော။ ဤမာနထောင်လွှားသော စိတ်သဘောထားများကို ဖွင့်ပြသည်မှာ အလွန်ပင် အသိစိတ်ကင်းမဲ့သည် မဟုတ်လော။ သင်သည် ဤသို့သော မာနထောင်လွှားသည့် စိတ်သဘောထားများကို ဖွင့်ပြသည်မှာ သင်၏ သာမန်လူသား အသိစိတ် ပျောက်ဆုံးခဲ့၍ ဖြစ်ရမည်ဖြစ်ကြောင်း၊ မာနထောင်လွှားသော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ခြင်းသည် လူ့သဘာဝထက် နတ်ဆိုးအဖြစ်ကို အသက်ရှင်နေထိုင်ခြင်း ဖြစ်ကြောင်း အမှန်တကယ် နားလည်နိုင်လျှင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်ကို အမှန်တကယ် သိမြင်လိမ့်မည်ဖြစ်ပြီး စာတန်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်၏ စိတ်နှလုံးအတွင်းမှ မုန်းတီးနိုင်လိမ့်မည်။ ဤသို့သော အတွေ့အကြုံ ခြောက်လ၊ သို့မဟုတ် တစ်နှစ်ကြာ ရှိပြီးလျှင် သင်သည် မိမိကိုယ်ကို အမှန်တကယ် သိမြင်နိုင်စွမ်း ရှိလိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားကို တစ်ဖန် ဖွင့်ပြလျှင် ချက်ချင်း သတိပြုမိလိမ့်မည်ဖြစ်ပြီး ယင်းကို ကျောခိုင်းစွန့်ပစ်နိုင်လိမ့်မည်။ သင်သည် စတင်ပြောင်းလဲလိမ့်မည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို တဖြည်းဖြည်းချင်း ဖယ်ရှားပြီး အခြားလူများနှင့် ပုံမှန် အဆင်ပြေနိုင်လိမ့်မည်။ ရိုးသားစွာ ပြောဆိုနိုင်မည်ဖြစ်ပြီး စိတ်နှလုံးအတွင်းမှ ပြောဆိုနိုင်လိမ့်မည်။ မုသားများကို ပြောဆိုတော့မည်မဟုတ်၊ သို့မဟုတ် မာနထောင်လွှားသော အရာများကို ပြောမည် မဟုတ်တော့ပေ။ ဤသို့ဆိုလျှင် သင်သည် အသိစိတ်အနည်းငယ်နှင့် ရိုးသားသူတစ်ယောက်၏ ပုံသဏ္ဌာန်အချို့ကို ပိုင်ဆိုင်လိမ့်မည် မဟုတ်လော။ ထိုဝင်ရောက်မှုကို ရရှိပြီး ဖြစ်လိမ့်မည် မဟုတ်လော။ ဤသည်မှာ တစ်ခုခုကို သင် စတင်ရရှိမည့် အချိန်ဖြစ်သည်။ ဤနည်းအားဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ရန် လက်တွေ့လုပ်ဆောင်သောအခါတွင် သင်သည် မည်သို့သော မာနထောင်လွှားသည့် စိတ်သဘောထားမျိုးကို ဖွင့်ဟပါစေ သမ္မာတရားအား ရှာဖွေနိုင်ပြီး သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်မည်။ အချိန်အနည်းငယ်ကြာသည်အထိ ဤနည်းဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို တွေ့ကြုံပြီးနောက်တွင် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများနှင့် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို မသိစိတ်မှနေ၍ တဖြည်းဖြည်းချင်း နားလည်လာလိမ့်မည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို စိစစ်ရန် ထိုသမ္မာတရားများကို သင် အသုံးပြုသောအခါ သင်၏ စိတ်နှလုံးအတွင်းတွင် ဘုရားနှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ပို၍လည်း စတင်ရွှင်ပျအားတက်လာလိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားက လူတို့ထံသို့ သယ်ဆောင်လာသော ဖောက်ပြန်ပျက်စီးမှုနှင့် ယင်းက လူတို့ကို အသက်ရှင်နေထိုင်စေသည့် အကျည်းတန်မှုကို သင် ရှင်းလင်းစွာ မြင်လိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားကို လူတို့ဖွင့်ပြသောအခါ ၎င်းတို့တွင်ရှိသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေတစ်ခုစီကိုလည်း သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ပို၍ စိစစ်လျှင် သင်သည် စာတန်၏ အကျည်းတန်မှုကို ပို၍ပင် ရှင်းလင်းစွာ မြင်လိမ့်မည်ဖြစ်ပြီး စာတန်ကို ပို၍ပင် မုန်းလိမ့်မည်။ ဤသို့ဖြင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖယ်ရှားရန် လွယ်ကူလိမ့်မည်။ သင်၏ အသိပညာက ဤအတိုင်းအတာထိ ရောက်လာသောအခါ သင်သည် ဘုရားနှုတ်ကပတ်တော်တွင် ရှိသော ဆက်စပ်မှုရှိသော သမ္မာတရားကို ပွင့်လင်းမြင်သာစွာ နားလည်သဘောပေါက်နိုင် လိမ့်မည်။ လူသားအပေါ် ဘုရားသခင်တောင်းဆိုသည့် အရာအားလုံးမှာ သာမန်လူ့သဘာဝ ရှိသည့်သူတို့အနေဖြင့် ပိုင်ဆိုင်ပြီး အသက်ရှင်နေထိုင်သင့်သည့် အရာများဖြစ်သည်ကိုလည်း သင်သိလိမ့်မည်။ ဤသို့ဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်အတွက် ခက်ခဲမည် မဟုတ်တော့ပေ။ ထိုအစား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည်လုံးဝပင် သဘာဝကျပြီး ခိုင်လုံမှုရှိသည်၊ လူသားက အသက်ရှင်သင့်သည့် ပုံစံဖြစ်သည်ကို သင် ယုံကြည်လိမ့်မည်။ ဤအချိန်တွင် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်မှုသည် လုံးဝ အလိုအလျောက်ဖြစ်လိမ့်မည်။ အပြုသဘောဆောင်ပြီး တက်ကြွမှုရှိလိမ့်မည်။ တစ်ချိန်တည်းတွင် သင်သည် သမ္မာတရားကို ပို၍ပင် ချစ်လိမ့်မည်။ သင်၏ စိတ်နှလုံးထဲရှိ အပြုသဘောဆောင်သော အရာများ၏ အရေအတွက်သည် တိုးလာမည်ဖြစ်ပြီး ဘုရားသခင်အား အမှန်တကယ် သိမြင်မှုသည်လည်း သင်၏ စိတ်နှလုံးတွင် တဖြည်းဖြည်းချင်း မြင့်တက်လာမည်။ သမ္မာတရားကို အမှန်တကယ် နားလည်ခြင်းဟူသည်မှာ ဤအရာကို ဆိုလိုသည်။ သင်သည် အမှုအရာအားလုံးတွင် မှန်ကန်သော အမြင်နှင့် ရှုထောင့်ရှိလိမ့်မည်။ ဤစစ်မှန်သော အသိပညာနှင့် ဤမှန်ကန်သော အမြင်များသည် သင်၏ စိတ်နှလုံးတွင် တဖြည်းဖြည်းချင်း အမြစ်တွယ်လာလိမ့်မည်။ ဤသည်မှာ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ မည်သူကမျှ သင့်ကို မပိတ်ပင်နိုင်သည့်၊ သို့မဟုတ် သင့်ထံမှ မလုယူနိုင်သည့် အရာတစ်ခုဖြစ်သည်။ ဤအပြုသဘောဆောင်သော အရာများကို တဖြည်းဖြည်းချင်း စုဆောင်းပြီးနောက်တွင် သင်၏ စိတ်နှလုံးအတွင်း၌ အလွန်ပင် ကြွယ်ဝမှုကို ခံစားရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက အဓိပ္ပာယ်မရှိဟု သင်ခံစားရတော့မည် မဟုတ်ဘဲ သင်၏ စိတ်နှလုံးတွင် ဟာနေသော ခံစားချက်သည်လည်း ပျောက်ကွယ်သွားလိမ့်မည်။ သမ္မာတရားကို နားလည်ရသည်မှာ မည်မျှပင်ကောင်းသည်ကို သင်ခံစားရပြီး လူ့အသက်တာ၏ အလင်းကို မြင်တွေ့ပြီးသောအခါတွင် သင်၌ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာလိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ဖို့ ယုံကြည်ခြင်းရှိသောအခါ၊ သမ္မာတရားအား လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်းသည် မည်မျှစစ်မှန်ပြီး လက်တွေ့ကျသည်ကို မြင်သောအခါ ဘုရားနှုတ်ကပတ်တော်များကို အပြုသဘောဆောင်စွာ၊ တက်ကြွစွာ လက်တွေ့လုပ်ဆောင်ပြီး ကြုံတွေ့ခံစားလိမ့်မည်။ သင်၏ စစ်မှန်သော အတွေ့အကြုံနှင့် အသိပညာကို မိတ်သဟာယဖွဲ့လိမ့်မည်။ ဤသို့ဖြင့် ဘုရားသခင်အား သက်သေခံပြီး ဘုရားနှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းနှင့် သမ္မာတရားက လူတို့ထံ သယ်ဆောင်ပေးသော အကျိုးကျေးဇူးများအကြောင်း ပို၍များသောလူတို့ သိလာအောင် ကူညီပေးလိမ့်မည်။ ထို့နောက်တွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် ပို၍ ယုံကြည်ခြင်းရှိလိမ့်မည်။ ဤသို့ဖြင့် သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် နာခံပြီး ဖြစ်လိမ့်မည်။ သင်၏ အတွေ့အကြုံကို အခြေခံသည့် စစ်မှန်သော သက်သေခံချက်အကြောင်း သင် ပြောသောအခါ သင်၏ စိတ်နှလုံးသည် ပို၍ပို၍ လင်းလက်လာလိမ့်မည်။ သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် ပို၍ လမ်းကြောင်းရှိသည်ဟု ခံစားရမည်။ တစ်ချိန်တည်းတွင် သင်၌ အားနည်းချက်များစွာ ရှိသည်၊ သင် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများစွာ ရှိသည်ကို မြင်လိမ့်မည်။ ဤသို့သော အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက်သည် အခြားလူများအတွက် အကျိုးရှိပြီး တည်ဆောက်စရာ ဖြစ်စေရုံမကဘဲ သင်သည်လည်း သမ္မာတရားကို လိုက်စားရာတွင် တစ်ခုခုကို ရရှိခဲ့သည်၊ ဘုရားသခင်၏ ကောင်းချီးများကို အမှန်တကယ် လက်ခံရရှိခဲ့သည်ဟု ခံစားရမည်။ လူတစ်ယောက်သည် ဘုရားသခင်အတွက် သက်သေခံနိုင်စွမ်း ရှိသည်အထိ ဘုရားသခင်၏ အမှုတော်ကို ဤသို့ကြုံတွေ့သောအခါတွင် ပို၍များသောလူတို့ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား သိစေခြင်း၊ ထိုစိတ်သဘောထားများ၏ အချုပ်အနှောင်များ၊ အကန့်အသတ်များ၊ ဝေဒနာများကို ဖယ်ရှားခြင်း၊ စာတန်၏ တန်ခိုးအစွမ်းအောက်မှ လွတ်မြောက်စေခြင်းတို့ကို ဖြစ်စေနိုင်ရုံသာမက ထိုလူကိုလည်း သမ္မာတရားအား လိုက်စားခြင်းနှင့် စုံလင်ခံရခြင်းလမ်းကို လျှောက်ရန် ပို၍ ပို၍ များသော ယုံကြည်ခြင်းကို ပေးနိုင်သည်။ ဤသို့သော အတွေ့အကြုံသည် စစ်မှန်သော သက်သေခံချက် ဖြစ်မလာသလော။ စစ်မှန်သော သက်သေခံချက်ဆိုသည်မှာ ဤအရာပင် ဖြစ်သည်။ ဘုရားသခင်အတွက် ဤသို့သော သက်သေခံချက်ကို ပေးနိုင်စွမ်းရှိသောသူသည် ဘုရားသခင်အား ယုံကြည်ခြင်းက ပျင်းရိဖွယ်ဖြစ်သည်၊ သို့မဟုတ် အဓိပ္ပာယ်မရှိ၊ သို့မဟုတ် အနှစ်မရှိဟု ခံစားရမည်လော။ လုံးဝ ခံစားရမည် မဟုတ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်အတွက် သက်သေခံနိုင်သောအခါ၊ ဘုရားသခင်အား အမှန်တကယ် သိမြင်သောအခါ သူ၏ စိတ်နှလုံးအတွင်းပိုင်းသည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပြည့်ပြီး သူသည် ကြွယ်ဝခြင်း၊ အလွန်တည်ကြည်ခိုင်မာခြင်းကို ခံစားရသည်။ ဤသို့သော အခြေအနေနှင့် နယ်ပယ်တွင် အသက်ရှင်သောအခါ ထိုသူသည် ဒုက္ခခံရန်၊ အဖိုးအခပေးဆပ်ရန်၊ ကန့်သတ်ခြင်းခံရရန် မိမိကိုယ်ကို အတင်းအကျပ်ခိုင်းစေမည် မဟုတ်သည်မှာ သဘာဝပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကို ပဲ့ပြင်ဆုံးမပြီး ဇာတိပကတိကို စွန့်ပစ်ရန် သူ့ကိုယ်သူ အတင်းအကျပ်စေခိုင်းရုံမျှ စေခိုင်းမည် မဟုတ်ပေ။ ထိုသူက ပို၍ လုပ်ဆောင်မည့်အရာမှာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်း သိမြင်မှုကို အပြုသဘောဆောင်စွာ ရရှိရန်ဖြစ်သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းအကြောင်း သိမြင်မှုရအောင်လည်း အားထုတ်မည်ဖြစ်ပြီး ဘုရားသခင်အား နာခံရန်နှင့် ဘုရားကျေနပ်စေရန်အတွက် မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို နားလည်လိမ့်မည်။ ဤသို့အားဖြင့် သူသည် သူ၏အတွင်းရှိ ခဏတာဖြစ်သော ခံစားချက်များတွင် တဝဲလည်လည် ဖြစ်နေမည့်အစား ဘုရားနှုတ်ကပတ်တော်အတွင်းရှိ ဘုရားအလိုတော်ကို နားလည်သဘောပေါက်လိမ့်မည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ရှာတွေ့လိမ့်မည်။ ဥပမာအားဖြင့် အမှုအရာများ ဖြစ်ပေါ်သောအခါ မိမိကိုယ်ကို မချုပ်တည်းနိုင်ခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်း၊ အမြင်မကြည်လင်သောစိတ်ရှိခြင်း၊ ထိုနေ့တွင် နောက်တစ်ဖန် စိတ်ဆိုးခြင်း၊ ထိုနေ့တွင် တစ်စုံတစ်ခုကို ညံ့ဖျင်းစွာ လုပ်ဆောင်ခြင်း၊ သို့မဟုတ် စံချိန်စံနှုန်းပြည့်မီစွာ မလုပ်ဆောင်ခြင်း၊ သို့မဟုတ် ထိုသို့သော အသေးအဖွဲကိစ္စတိုင်းတို့ ဖြစ်သည်။ ဤအရာများသည် သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်မှုကို မဟန့်တားသရွေ့ ဤအရာများကို စိုးရိမ်ရန် မလိုပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းနှင့် ဘုရားသခင်အား ကျေနပ်စေပြီး ဘုရားအလိုတော်နှင့် ညီသည့် ပုံစံဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ရှာဖွေခြင်းတို့ကို အာရုံစိုက်သင့်သည်။ သမ္မာတရားအား ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင်သည် အသက်တာတွင် လျင်မြန်စွာ တိုးတက်လိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းနှင့် စုံလင်ခံရခြင်းလမ်းကို စတင်လျှောက်လှမ်းပြီး ဖြစ်လိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဗလာဖြစ်နေမည် မဟုတ်တော့ပေ။ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ပို၍ပို၍ စိတ်ဝင်စားလာပြီး တိုး၍တိုး၍ ချစ်မြတ်နိုးလာလိမ့်မည်။ ဘုရားအလိုတော်နှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ပို၍ပို၍ နားလည်လာလိမ့်မည်။ လူတစ်ယောက်သည် ဤအဆင့်သို့ ရောက်သောအခါတွင် သူသည် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားစစ်မှန်မှုအတွင်းသို့ အလုံးစုံ ဝင်ရောက်ပြီး ဖြစ်သည်။

ယခုတွင် လူများစွာက လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်နေသောအရာသည် သမ္မာတရားစစ်မှန်မှုမဟုတ်ပေ။ ၎င်းတို့သည် အခြေအနေတစ်မျိုးသို့ ဝင်ရောက်သည်။ ထိုအခြေအနေတွင် ၎င်းတို့သည် အပြင်ပန်း အပြုအမူကောင်းများကို ပြသည်။ အဖိုးအခပေးဆပ်လိုစိတ်ရှိပြီး ဒုက္ခခံရန် အသင့်ဖြစ်ကြသည်။ အရာရာကို အသုံးခံရန် အသင့်ဖြစ်ကြသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းပိုင်းကမူ ဗလာဖြစ်လျက်ရှိသည်။ ၎င်းတို့၏ စိတ်အတွင်းတွင် ၎င်းတို့ကို ထောက်ပံ့ရန် မည်သည့်အရာမျှ မရှိပေ။ အဘယ်ကြောင့် အထောက်အပံ့မရှိသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခုက ၎င်းတို့အပေါ် ဖြစ်ပျက်လာသောအခါ ၎င်းတို့တွင် လမ်းကြောင်းမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စိတ်ကူးယဉ် အတွေးကို အမှီပြုသည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းမရှိပေ။ ၎င်းတို့ထံမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်ထွက်လာသောအခါ ၎င်းတို့သည် မိမိကိုယ်ကို ချုပ်တည်းခြင်းကိုသာ လက်တွေ့လုပ်ဆောင်နိုင်သည်။ ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေနိုင်ပေ။ လူတို့အတွက် ကံကောင်းသည်မှာ ၎င်းတို့၏ အသွေးအသားဟောင်းတွင် ပင်ကိုအရည်အချင်း ရှိနေခြင်းပင်။ ယင်းသည် ဒုက္ခခံနိုင်သည်။ မယုံကြည်သူများကြားတွင် ဆိုရိုးစကားတစ်ခုရှိသည်။ “မခံနိုင်သည့် ဒုက္ခမရှိ၊ ခံစား၍မရသည့် ကောင်းချီးများသာ ရှိသည်” ဟူ၍ဖြစ်သည်။ လူ၏ အသွေးအသားတွင် မွေးရာပါ၊ ပင်ကိုအရည်အချင်းတစ်ခုရှိသည်။ ထိုအသွေးအသားက ကောင်းချီးအလွန်အကျွံ ခံစား၍မရ။ သို့သော် မည်သည့်အရာကိုမဆို ဒုက္ခခံနိုင်သည်။ တောင့်ခံနိုင်သည်။ ချုပ်တည်းနိုင်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သလော။ အားသာချက်ဖြစ်သလော၊ သို့မဟုတ် အားနည်းချက်၊ ချို့ယွင်းချက်ဖြစ်သလော။ ၎င်းတို့၏ ဆိုရိုးစကားသည် သမ္မာတရားဟုတ်သလော။ (မဟုတ်ပါ။) မဟုတ်ပေ။ တစ်စုံတစ်ခုက သမ္မာတရားမဟုတ်လျှင် ပေါက်ကရသာ ဖြစ်သည်။ ထိုဆိုရိုးစကားသည် အနှစ်မရှိသော စကားများသာဖြစ်သည်။ သင်၏ ပြဿနာတစ်ခုတလေကိုမျှ မဖြေရှင်းပေးနိုင်သကဲ့သို့ သင်၏ လက်တွေ့ အခက်အခဲများကိုလည်း မဖြေရှင်းပေးနိုင်ပေ။ တိတိကျကျဆိုရလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပေးနိုင်ပေ။ ထို့ကြောင့် ထိုအရာကို ပြောနေခြင်းက အသုံးမဝင်။ သင်သည် ယင်းကို အနည်းငယ်သိမြင်မှု ရှိနိုင်သော်လည်း၊ သတိပြုမိနိုင်ပြီး နက်နဲစွာ ကြုံတွေ့ပြီးဖြစ်နိုင်သော်လည်း အသုံးမဝင်သေးပေ။ မယုံကြည်သူများတွင် အခြားဆိုရိုးစကားများလည်း ရှိသည်။ “သေရမည်ကို ကျွန်ုပ်မကြောက်။ သို့ဖြစ်၍ ရှင်ရမည်ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း”၊ “သန်းခေါင်ထက် ညဉ့်မနက်” ဆိုသည့်အရာများဖြစ်သည်။ ဤအရာများသည် အလွန်ကြီးကျယ်သော ပြောဆိုချက်များ ဖြစ်သည်မဟုတ်လော။ အလွန်ပင် စိတ်တက်ကြွစေပြီး အတွေးအခေါ်ဆန်သည် မဟုတ်လော။ မယုံကြည်သူများက ဤဆိုရိုးစကားများကို “နှလုံးသား အာဟာရ” ဟု ခေါ်သည်။ ဤသို့သော ဆိုရိုးစကားများကို သင်နှစ်သက်သလော။ (မနှစ်သက်ပါ။) အဘယ်ကြောင့်နည်း။ အချို့က “ဤအရာများကို ကြိုက်ကို မကြိုက်ပါ။ ဤအရာများက မယုံကြည်သူတို့ ပြောသည့်အရာများ ဖြစ်သည်။ ကျွန်ုပ်တို့ကမူ ဘုရားနှုတ်ကပတ်တော်များကို ကြိုက်သည်” ဟု ပြောနိုင်သည်။ ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များ၏ မည်သည့်အပိုင်းကို နှစ်သက်သနည်း။ မည်သည့်စကားစုကို သမ္မာတရားအဖြစ် သင် မှတ်ယူသနည်း။ မည်သည့်စကားစုကို သင် တွေ့ကြုံခဲ့သနည်း။ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ခဲ့သနည်း။ ရရှိခဲ့သနည်း။ ဤမယုံကြည်သူများ၏ ဆိုရိုးစကားများကို မနှစ်သက်ခြင်းသက်သက်က အသုံးမဝင်ပေ။ သင်သည် ဤအရာတို့ကို မနှစ်သက်ခြင်း ဖြစ်နိုင်သည်။ သို့သော် ဤအရာများ၏ အနှစ်သာရကို သင် ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ဤဆိုရိုးစကားများသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ မယုံကြည်သူများ၏ စကားများသည် သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ လူတို့က ဤအရာများအား ကောင်းမွန်၊ မှန်ကန်သည်ဟု မှတ်ယူလျှင်ပင် ဤအရာတို့သည် သမ္မာတရားနှင့် မညီပေ။ သမ္မာတရား၏ အဆင့်သို့ မတက်လှမ်းနိုင်ပေ။ ထိုအရာအားလုံးတို့သည် သမ္မာတရားကို ချိုးဖောက်ပြီး သမ္မာတရားကို ရန်လိုသည်။ မယုံကြည်သူများက သမ္မာတရားကို လက်မခံပေ။ ထို့ကြောင့် မည်သည့်အရာက မှန်သည်၊ မှားသည်ဆိုသည်ကို ၎င်းတို့နှင့် ငြင်းခုံဖို့ မလို။ ငါတို့ လုပ်နိုင်သမျှမှာ ၎င်းတို့၏ စကားများကို မရေရာသော ပေါက်ကရများအဖြစ် မှတ်ယူပြီး ပစ်ထားလိုက်ဖို့ဖြစ်သည်။ “ပေါက်ကရ” ဆိုသည်မှာ မည်သည့်အရာနည်း။ လူတို့အတွက်၊ သို့မဟုတ် ၎င်းတို့၏ ဘဝများအတွက်၊ သို့မဟုတ် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းများအတွက်၊ သို့မဟုတ် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် လုံးဝ တည်ဆောက်စရာမဖြစ်သော၊ တန်ဖိုးမရှိသော စကားများကို ဆိုလိုသည်။ ဤသို့သော ပြောဆိုမှုအားလုံးသည် ပေါက်ကရသာ ဖြစ်သည်။ အနှစ်မရှိသော စကားများဟုလည်း ဆိုနိုင်သည်။ လူသားတို့၏ ရှင်ခြင်း၊ သေခြင်း၊ သို့မဟုတ် ၎င်းတို့လျှောက်သော လမ်းကြောင်းများနှင့် လုံးဝ မသက်ဆိုင်ပေ။ အပြုသဘောဆောင်သော လုပ်ဆောင်မှုမရှိသည့် ပေါက်ကရသာ ဖြစ်သည်။ လူတို့သည် ဤသို့သော စကားစုကို ကြားပြီး ၎င်းတို့၏ အသက်တာများကို ၎င်းတို့ ရှင်သန်မည့်ပုံစံအတိုင်း၊ ၎င်းတို့ အစဉ် ရှင်သန်ခဲ့သည့် ပုံစံအတိုင်း ရှင်သန်ကြသည်။ ဤသို့သော စကားစုသည် မည်သည့်အချက်အလက်များကိုမျှ ပြောင်းလဲမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သမ္မာတရားမဟုတ်သောကြောင့် ဖြစ်သည်။ သမ္မာတရားတစ်ခုတည်းသာ လူအတွက် တည်ဆောက်စရာဖြစ်သည်။ ယင်းသည် တိုင်းတာ၍မရသော တန်ဖိုးရှိသည်။ ဤအရာကို အဘယ်ကြောင့် ငါပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားက လူတို့၏ ကံကြမ္မာများကို ပြောင်းလဲနိုင်သည်။ လူတို့၏ အတွေးအမြင်များ၊ စိတ်အတွင်းပိုင်းများကို ပြောင်းလဲနိုင်သည်။ အရေးကြီးဆုံးမှာ သမ္မာတရားသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လွင့်ပြယ်စေနိုင်သည်။ လူတစ်ယောက်၏ ပင်ကိုအရည်အချင်းများကို ပြောင်းလဲနိုင်ပြီး သူ၏ ဆိုးယုတ်သော ပင်ကိုအရည်အချင်းများကို သမ္မာတရား၏ ပင်ကိုအရည်အချင်းများအဖြစ် ပြောင်းလဲနိုင်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အသက်ရှင်သောသူတစ်ယောက်ကို သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်သောသူအဖြစ် ပြောင်းလဲပေးနိုင်သည်။ လူတစ်ယောက်သည် ဘုရားနှုတ်ကပတ်တော်များကို သူ၏ အခြေပြုချက်အဖြစ်ထားပြီး သမ္မာတရားစစ်မှန်မှုကို အသက်ရှင်နေထိုင်သောအခါ ဤနည်းအားဖြင့် သူ၏ အသက်တာ မပြောင်းလဲသလော။ လူတစ်ယောက်၏ ဘဝ ပြောင်းလဲသောအခါ သူ၏ အတွေးအမြင်များ ပြောင်းလဲသွားသည်ဟု ဆိုလိုသည်။ လူများနှင့် အမှုအရာများအပေါ် သူ၏ သုံးသပ်ချက်၊ သဘောထားနှင့် အမြင်များ ပြောင်းလဲသွားသည်ဟု ဆိုလိုသည်။ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သူ၏ ရပ်တည်ချက်နှင့် အမြင်များက ယခင်နှင့် မတူညီတော့ဟု ဆိုလိုသည်။ မယုံကြည်သူများထံမှ ထိုဆိုရိုးစကားများအားလုံးသည် အနှစ်မရှိသော စကားလုံးများနှင့် ပေါက်ကရများဖြစ်သည်။ ထိုအရာများသည် မည်သည့်ပြဿနာများကိုမျှ မဖြေရှင်းနိုင်ပေ။ ငါ ယခုပြောခဲ့သော “မခံနိုင်သည့် ဒုက္ခမရှိ၊ ခံစား၍မရသည့် ကောင်းချီးများသာ ရှိသည်” ဆိုသည့်အရာသည် ပေါက်ကရများ၊ အနှစ်မရှိသော စကားများ မဟုတ်လော။ (ဟုတ်ပါသည်။) သင် ဒုက္ခခံနိုင်သည်။ အဘယ်အရေးနည်း။ သင်သည် သမ္မာတရားကို ရရှိရန် ဒုက္ခခံခြင်းမဟုတ်။ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ခံစားရန်အတွက် သင် ဒုက္ခခံခြင်း ဖြစ်သည်။ သင်၏ ဒုက္ခသည် တန်ဖိုး၊ သို့မဟုတ် အရေးပါခြင်း လုံးဝ မရှိ။ အမှန်တရားများကို ကြည့်ပါ။ သင်သည် များစွာ ဒုက္ခခံခဲ့ပြီး အလွန်ပင် အဖိုးအခပေးဆပ်ခဲ့သည်။ သို့တိုင်အောင် သင့်ကိုယ်သင် မသိသေး။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ဖြစ်ပေါ်လာသော အတွေးများ၊ စိတ်ကူးများကိုပင် နားလည်သဘောပေါက်နိုင်ခြင်း မရှိသကဲ့သို့ ယင်းတို့ကို ဖြေလည်း မဖြေရှင်းနိုင်ပေ။ ဤသို့ဆိုလျှင် သင်သည် အသက်အတွင်းသို့ ဝင်ရောက်နိုင်သည်ဟု ထင်သလော။ သင်၏ ဒုက္ခသည် တန်ဖိုးရှိသလော။ လုံးဝ တန်ဖိုးမရှိပေ။ လူအချို့၏ ဒုက္ခသည် တန်ဖိုးရှိသည်။ ဥပမာ သမ္မာတရားကို ရရှိရန်အတွက် လူတို့ ကြုံရသော ဒုက္ခသည် တန်ဖိုးရှိသည်။ လူတစ်ယောက်သည် သမ္မာတရားကို ရသောအခါ အခြားလူများကို တည်ဆောက်ပေးပြီး ထောက်ပံ့ပေးနိုင်သည်။ လူများစွာသည် ဧဝံဂေလိဖြန့်ဝေရန်အတွက် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ကာ အသင်းတော်နှင့် ဘုရားအိမ်တော်၏ အလုပ်ကို ချဲ့ထွင်ရန် ကူညီသည်။ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိကို ဖြန့်ဝေသည်။ ဤအချက်မှ သမ္မာတရားကို ရရှိပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ရန် ဒုက္ခခံပြီး အဖိုးအခပေးဆပ်သူ မည်သူမဆိုသည် ဤအရာမှ တစ်ခုခုရရှိလိမ့်မည်ဆိုသည်ကို ငါတို့ မြင်နိုင်သည်။ ဤလူတို့သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိလိမ့်မည်။ သို့သော် သမ္မာတရားကို မလိုက်စားသောသူအချို့ရှိသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး ဒုက္ခခံနိုင်သော်လည်း၊ ဘုရားသခင်၏ ကြင်နာမှုကို လက်ခံရရှိနိုင်သော်လည်း ထိုကြင်နာမှုသည် ဘုရားသခင်က လူကို ပြသသော ဘုရား၏ သနားခြင်း၊ သည်းခံခြင်း၊ မျက်နှာသာပေးမှု ထင်ဟပ်ခြင်းအပြင် လူကို သူချပေးသော ကျေးဇူးတော်သက်သက်ထက် မပိုပေ။ မည်သို့သော ကျေးဇူးတော်မျိုး ဖြစ်သနည်း။ ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးအနည်းငယ်သာဖြစ်ပြီး ထိုထက် မပိုပေ။ ဤသည်မှာ သင်အလိုရှိသော အရာဖြစ်သလော။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ရာတွင် သင်၏ အဆုံးစွန် ပန်းတိုင်ဖြစ်သလော။ ဤသို့ဖြစ်သည်ဟု ငါမထင်ပေ။ ဘုရားသခင်အား သင်ယုံကြည်ခဲ့သည့် နေ့ကတည်းက သင်သည် သူ၏ ကြင်နာမှု၊ သူ၏ ကွယ်ကာမှု၊ သူ ချပေးသည့် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးအနည်းငယ်ကိုသာ ရရန် ဆန္ဒရှိခဲ့သလော။ ထိုအရာများသည် သင်အလိုရှိသောအရာများ ဖြစ်သလော။ ထိုအရာများသည် သင်၏ ယုံကြည်မှုတွင် သင်လိုက်စားသော အရာဖြစ်သလော။ (မဟုတ်ပါ။) ဤအရာများသည် သင်၏ ကယ်တင်ခြင်း အမှုကိစ္စကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) သင်တို့သည် အလွန် ရှင်းလင်းစွာ စဉ်းစားသည့် ပုံစံရှိသည်။ မည်သည့်အရာက အရေးပါသည်၊ မည်သည့်အရာက အရေးကြီးသည်တို့ကို သင်တို့ နားလည်သည်။ ခေါင်းရှုပ်နေခြင်း မရှိပေ။ မည်သည့်အရာက လေးနက်ပြီး မည်သည့်အရာက မလေးနက်သည်ကို သိသည်။ သို့ရာတွင် သင်တို့သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းနိုင်ခြင်း ရှိမရှိကိုကား မသိရှိရသေးပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။