သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၂) အပိုင်း နှစ်

ဘုရားသခင်အား ယုံကြည်ခြင်းသည် ကျေးဇူးတော်ကို ရရှိခြင်း၊ သို့မဟုတ် ဘုရားသခင်၏ သည်းခံခြင်း၊ သနားခြင်းကို ရရှိခြင်းနှင့် မသက်ဆိုင်ပေ။ သို့ဖြစ်လျှင် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ကယ်တင်ခံရခြင်းနှင့် သက်ဆိုင်သည်။ ဤသို့ဆိုလျှင် ကယ်တင်ခြင်း၏ လက္ခဏာသည် အဘယ်နည်း။ ဘုရားသခင်က သတ်မှတ်ထားသည့် စံနှုန်းများမှာ အဘယ်နည်း။ ကယ်တင်ခြင်းခံရရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းဖြစ်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးတွင် စာရင်းချုပ်လိုက်ပါက သင်မည်မျှဒုက္ခခံခဲ့သည်ဖြစ်စေ၊ သင်ပေးဆပ်ခဲ့သည့် အဖိုးအခက မည်မျှကြီးသည်ဖြစ်စေ၊ သင့်ကိုယ်သင် စစ်မှန်သော ယုံကြည်သူဖြစ်သည်ဟု မည်မျှကြေညာပါစေ အဆုံးတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းရသေးလျှင် သင်သည် သမ္မာတရားကို လိုက်စားသောသူမဟုတ်ဟု အဓိပ္ပာယ်ရသည်။ သို့မဟုတ် သင်သည် သမ္မာတရားကို မလိုက်စားသောကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းရသေးဟု ဆိုနိုင်သည်။ ဤသည်မှာ သင်သည် ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းခြင်း လုံးဝ မရှိဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ လူကို ကယ်တင်ရန်အတွက် ဘုရားသခင် ပြောသမျှနှင့် ဘုရားသခင် လုပ်ဆောင်သမျှ အမှုအားလုံးသည် သင့်အထဲတွင် မည်သည့်အရာကိုမျှ မရရှိခဲ့၊ သင့်ထံမှ သက်သေခံချက် ထွက်လာအောင် မလုပ်နိုင်ခဲ့၊ သင့်အတွင်းတွင် အသီးအပွင့် ဖြစ်ထွန်းခြင်းမရှိခဲ့ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်က ဆိုလိမ့်မည်။ “သင်က ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခဲ့သောကြောင့် ဤဘဝနှင့် ဤကမ္ဘာတွင် သင်နှင့် ထိုက်တန်သော ကျေးဇူးတော်နှင့် ကောင်းချီးများအပြင် ဂရုစိုက်မှုနှင့် ကွယ်ကာမှုကို သင့်အား ငါပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကယ်တင်ခံရပြီးနောက် လူတို့ ထိုက်တန်သည့် အရာကား သင်နှင့် သက်ဆိုင်ခြင်းမရှိ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤဘဝနှင့် ဤကမ္ဘာတွင် သင်နှင့် ထိုက်တန်သောအရာကို သင့်အား ငါ ပေးအပ်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ကယ်တင်ခံရပြီးသည့်နောက် လူတို့ ထိုက်တန်သောအရာနှင့် ပတ်သက်လျှင်မူ သင့်အတွက် မည်သည့်အရာမျှမရှိ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းခြင်း မရှိသောကြောင့် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ သင်သည် ကယ်တင်ခံရမည့်သူများထဲတွင် မပါပေ။ သင်သည် စစ်မှန်သော ဖန်ဆင်းခံတစ်ယောက် ဖြစ်မလာခဲ့၍ ဘုရားသခင်က သင့်ကို အလိုမရှိ။ ဘုရားသခင်သည် သူ့အတွက် အလုပ်လုပ်ရုံ၊ သွားလာလှုပ်ရှားရုံ၊ ဒုက္ခခံရုံ၊ အဖိုးအခပေးဆပ်ရုံသာ ရှိသောသူများ၊ အတော်အတန် အမှန်တကယ် ယုံကြည်ပြီး ယုံကြည်ခြင်း အနည်းငယ်ရှိသော်လည်း ဤထက် မပိုသောသူများကို အလိုမရှိပေ။ ဤသို့သော လူတို့ကို ဘုရားသခင်၏ ယုံကြည်သူအုပ်စုများအတွင်းတွင် နေရာတကာ၌ ရှာတွေ့နိုင်သည်။ တစ်နည်းအားဖြင့် ထိုသို့သောသူ များစွာရှိသည်။ ဘုရားသခင်အတွက် အလုပ်လုပ်ပြီး အစေခံသောသူများသည် တွက်ဆနိုင်သည်ထက် အရေအတွက်ပိုများ၏။ ထိုသူတို့သည် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းပြီး ရွေးချယ်ထားသောသူဖြစ်လျှင်၊ ဘုရားအိမ်တော်သို့ ဘုရားသခင်၏ ပြန်လည်ခေါ်ဆောင်ခြင်း ခံရသောသူဖြစ်လျှင် မည်သူကမျှ ဘုရားသခင်အတွက် အလုပ်မလုပ်လိုစိတ်၊ အစေမခံလိုစိတ် ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့ လုပ်ဆောင်ရန် အလွန်လွယ်ကူသောကြောင့် ဖြစ်သည်။ ဤအတွက်ကြောင့် ဘုရားသခင်အတွက် အစေခံပြီး ကြိုးပမ်းလုပ်ဆောင်သော လူများစွာရှိခြင်း ဖြစ်သည်။ ဤအရာကို လုပ်ဆောင်နိုင်သော ပေါလုကဲ့သို့ အန္တိခရစ်များ၊ ဆိုးယုတ်သော လူများပင် ရှိသည်။ ပေါလုနှင့်တူသည့်လူ အများအပြား မရှိသလော။ (ရှိပါသည်။) သင်သည် အသင်းတော်တစ်ပါးသို့ သွားပြီး “သင့်အနေနှင့် ဘုရားအတွက် လှုပ်ရှားသွားလာလိုစိတ်၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်လိုစိတ် ရှိသရွေ့ ဖြောင့်မတ်ခြင်းသရဖူက သင့်အတွက် စောင့်နေလိမ့်မည်” ဟူ၍ တရားဟောလျှင် လူများစွာက သင်၏ နှိုးဆော်ချက်ကို လက်ခံတုံ့ပြန်မည်ဟု ထင်သလော။ လူအများအပြားက လက်ခံတုံ့ပြန်ပေလိမ့်မည်။ သို့သော် ကံမကောင်းသည်မှာ အဆုံးတွင်မူ ဤလူတို့သည် ဘုရားသခင်က ကယ်တင်မည့်၊ သို့မဟုတ် ကယ်တင်ခံရနိုင်သည့် လူများမဟုတ်ခြင်းပင်။ ဤသို့သောသူတို့သည် အစေခံသည့် အဆင့်တွင်သာ တရစ်ဝဲဝဲနေနေသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် အစေခံလိုစိတ်သာ ရှိသည်။ တစ်နည်းအားဖြင့် ဤလူတို့သည် ၎င်းတို့၏ လုပ်အားကို ဘုရားသခင်၏ ကောင်းသော စည်းစိမ်နှင့်၊ ဘုရား၏ ကျေးဇူးတော်၊ ကောင်းချီးများနှင့် လဲလှယ်လိုစိတ်သာရှိသည်။ ၎င်းတို့၏ အသက်ရှင်သန်ရေး နည်းလမ်းများ၊ သို့မဟုတ် နေထိုင်သည့် နည်းလမ်းများ၊ သို့မဟုတ် အသက်ရှင်ရန် ၎င်းတို့ အမှီပြုသည့် အခြေခံအုတ်မြစ်တို့ကို ပြောင်းလဲရန် ဆန္ဒမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ဖြစ်စေ၊ ကယ်တင်ခြင်းရရန်အတွက် သမ္မာတရားကို လိုက်စားဖို့ဖြစ်စေ မလိုလားကြ။ ပင်ကိုအားဖြင့် ဤလူတို့သည် ဒုက္ခခံပြီး အဖိုးအခပေးဆပ်လိုစိတ်သာ ရှိကြောင်း၊ ၎င်းတို့တွင် ရှိသမျှကို စွန့်ပစ်ပြီး ပေးဆပ်လိုစိတ်သာ ရှိကြောင်း၊ အဖိုးအခက မည်မျှကြီးသည်ဖြစ်စေ ၎င်းတို့ တတ်နိုင်သမျှ အသုံးခံလိုစိတ်သာ ရှိကြောင်း၊ ဖြစ်နိုင်သမျှ မည်သည့်နည်းလမ်းဖြင့်မဆို ကြိုးပမ်းလုပ်ဆောင်လိုစိတ် ရှိကြောင်း ဆိုနိုင်သည်။ သို့တိုင်အောင် ၎င်းတို့အား မိမိတို့ကိုယ်ကို သိမြင်ရန်၊ သမ္မာတရားကို လက်ခံရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်၊ ဇာတိပကတိကို စွန့်ပစ်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ နိနဝေမြို့သားများ လုပ်ဆောင်ခဲ့သကဲ့သို့ ၎င်းတို့၏ ဆိုးယုတ်မှုကို လွှတ်ချပြီး ဘုရားသခင်ဘက်သို့ ခြေဦးလှည့်ရန်၊ ဘုရားနှုတ်ကပတ်တော်များကို အရေးစိုက်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း အသက်ရှင်ရန် တောင်းဆိုလျှင် ၎င်းတို့အတွက် အလွန့်အလွန် ခက်ခဲပေလိမ့်မည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန်ပင် ဒုက္ခမပေးသလော။ ဘုရားသခင်သည် အလုပ်များစွာ လုပ်ခဲ့ပြီး နှုတ်ကပတ်တော်များစွာကို ပြောခဲ့သည်။ သို့ဖြစ်လျက်နှင့် သမ္မာတရားအား လိုက်စားခြင်းသည် အလွန်ခက်ခဲသည်ဟု လူတို့က အဘယ်ကြောင့်ခံစားရသနည်း။ ၎င်းတို့သည် ယင်းအပေါ် အဘယ်ကြောင့် အစဉ် စိတ်မပါကြသနည်း။ တရားဒေသနာများကို နှစ်ချီ နားထောင်ပြီးနောက်တွင်ပင် ၎င်းတို့သည် ပြောင်းလဲရန် ရည်ရွယ်ချက် မရှိသေးပေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ထံ မည်သည့်အခါမျှ ရိုးသားစစ်မှန်စွာ နောင်တမရဖူးကြသကဲ့သို့ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ကို အမှန်တကယ် အသိအမှတ်ပြုခြင်း၊ သို့မဟုတ် လက်ခံခြင်းလည်း လုံးဝ မရှိ။ အကြောင်းအရာများနှင့် လုပ်ရပ်များအပေါ် ၎င်းတို့၏ အမြင်နှစ်ခုလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်သဘောထားများကို လက်လွှတ်ပြီး သမ္မာတရားကို ရှာဖွေခြင်း လုံးဝ မရှိစဖူး။ ၎င်းတို့သည် ၎င်းတို့၏ သဘောထားများကို ပြောင်းပြန်လှန်ပြီး ဘုရားသခင်ထံ နောင်တရသည့် သဘောထားဖြင့် အမှုအရာတိုင်းကို မည်သည့်အခါမျှ မချဉ်းကပ်ကြ။ ထို့ကြောင့် များစွာ ကြုံတွေ့ပြီး အလုပ်များစွာ လုပ်ဆောင်ခဲ့သော်လည်း၊ တာဝန်ထမ်းဆောင်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း မည်သည့်သက်သေခံချက်ကိုမျှ မပေးနိုင်သေးသောသူ များစွာရှိသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအား သိမြင်ခြင်း၊ သို့မဟုတ် တွေ့ကြုံခြင်း မရှိသေးပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော ၎င်းတို့၏ အတွေ့အကြုံနှင့် အသိပညာကို ပြောသောအခါ အလွန်အရှက်ရပြီး အကူအညီမဲ့ဖြစ်ကြသည်။ အလွန်အမင်း အသုံးမကျသည့် ပုံစံရှိကြသည်။ ဤအတွက် အကြောင်းရင်းမှာ ၎င်းတို့သည် သမ္မာတရားအား သိမြင်ခြင်း မရှိသောကြောင့်၊ သို့မဟုတ် သမ္မာတရားအား စိတ်မဝင်စားသောကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ကြိုးပမ်းလုပ်ဆောင်ခြင်းကမူ အလွန်ရိုးရှင်းပြီး အလွန်လွယ်ကူသည်။ ထို့ကြောင့် လူတိုင်းက ဘုရားသခင်အတွက် အစေခံလိုစိတ် ရှိသော်လည်း သမ္မာတရားအား လိုက်စားရန် မရွေးချယ်ကြပေ။

ဤအရာများ ပြောပြီးပြီဖြစ်၍ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အတိအကျ မည်သို့ အဓိပ္ပာယ်ရသနည်း။ ငါတို့သည် များစွာ ပြောခဲ့ပြီးဖြစ်သည်။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်သည်ကို အနက်မဖွင့်သင့်သလော။ သင်တို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလော။ အလွန်ပင် ရိုးရှင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သင့်ပေသည်၊ ဟုတ်သည်မဟုတ်လော။ သင်တို့က စကားများကို တွေးဆခြင်း၊ စားမြုံ့ပြန်ခြင်း၊ စဉ်းစားချင့်ချိန်ခြင်းသာ ပြုလုပ်လျှင် သိမြင်လိမ့်မည်လော။ “သမ္မာတရား လိုက်စားခြင်းဟူသည်မှာ ကြီးမားသည့် အကြောင်းအရာဖြစ်ပါသည်။ စာကြောင်း သုံးလေးကြောင်းမျှနှင့် ရှင်းရှင်းလင်းလင်း ဖော်ပြ၍မရပါ။ အဘယ်အရာကို ပြောရမည်မှန်း မသိပါ။ မည်သည့်စကားလုံးများက ယင်းကို ဖော်ပြပေးနိုင်ပါသနည်း။ သမ္မာတရားကို လိုက်စားခြင်းဟူသည်မှာ ကြီးမားလှသည့် ကိစ္စပင် ဖြစ်၍ တကယ့်ကို အကြီးကျယ်အခံ့ညားဆုံး စကားများကသာလျှင် ယင်းကို သင့်လျော်စွာ ဖော်ပြနိုင်ပြီး အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ ဤအရာကသာ လူတိုင်းကို အင်မတန် အထင်ကြီးသွားအောင် လုပ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်” ဟု ပြောသောသူအချို့ ရှိနိုင်သည်။ ဤသို့ဖြစ်ရမည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ဤသို့ဆိုလျှင် နေ့စဉ်သုံး စကားဖြင့် သမ္မာတရား လိုက်စားခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုကြည့်ပါ။ (သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် သမ္မာတရားအား အသုံးပြုခြင်းကို ဆိုလိုပါသည်။) ဤအဖြေကို အဓိပ္ပာယ်ဖွင့်ဆိုချက်အဖြစ် သတ်မှတ်၍ ရသလော။ ဤအဖြေနှင့် ကောက်ချက်ချနေခြင်းလော။ သမ္မာတရား လိုက်စားခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုရန် လွယ်ကူသလော။ အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။ အနည်းငယ် အားစိုက်ပြီး ချင့်ချိန်စဉ်းစားဖို့ လိုသည်။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ ကြိုးစားပြီး အဓိပ္ပာယ်ဖွင့်ဆိုကြည့်ကြပါစို့။ လူ့ဘာသာစကားအားလုံးတွင် အကောင်းဆုံးမှာ ရိုးရှင်းသော၊ အရပ်သုံးဖြစ်သော၊ လက်တွေ့ကျမှန်ကန်သော ဘာသာစကားပင် ဖြစ်သည်။ မရင်းနှီးသော ဘာသာစကားဖြင့်၊ သို့မဟုတ် ခမ်းနားကြီးကျယ်သော စကားအချို့နှင့် ငါတို့ ပြောဆိုမည်မဟုတ်။ သာမန်လူတို့၏ နေ့စဉ်သုံး ဘာသာစကားဖြင့် ပြောဆိုမည်။ ပြေပြစ်သော၊ အရပ်သုံးဖြစ်သော၊ နားလည်သဘောပေါက်လွယ်သော နည်းဖြင့် ပြောကြမည်။ ဤနည်းအားဖြင့် လူတို့သည် ငါတို့ပြောသွားသည့်စကားကို ချက်ချင်း နားလည်နိုင်ပေမည်။ ငယ်ရွယ်သူများ၊ သို့မဟုတ် အလွန်ရိုးအလွန်း၍ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ မူမမှန်၍ဖြစ်စေ ဤအရာကို နားမလည်နိုင်သည့် သူများမှလွဲ၍ ပုံမှန်စဉ်းစားတတ်သော မည်သည့် အရွယ်ရောက်သူမဆိုသည် ငါတို့ အသုံးပြုသည့် ဘာသာစကားကို ကြားသည်နှင့်တစ်ပြိုင်နက် နားလည်နိုင်လိမ့်မည်။ ဤသည်မှာ အရပ်သုံးဖြစ်သော ဘာသာစကား၏ အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ နေ့စဉ်သုံးဘာသာစကားဟု ဆိုသောအရာ ဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များကို လုံးလုံးလျားလျား အခြေခံကာ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း၊ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း ဟူ၍ဖြစ်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်ပုံစံဖြစ်သည်။ အမေး။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ အဖြေ။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ရိုးရှင်းသည် မဟုတ်လော။ သင်တို့ထဲမှ အချို့က “သမ္မာတရား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ထိုစာကြောင်းတစ်ကြောင်းသာ ဖြစ်နေလျက်နှင့် ဤအချိန်တစ်လျှောက်လုံးတွင် ကိုယ်တော်က ထိုအရာ၏ အဓိပ္ပာယ်နှင့်ပတ်သက်ပြီး မိတ်သဟာယဖွဲ့နေခဲ့သည်။ ဤသည်မှာ ထိုမျှ ရိုးရှင်းပါသလား” ဟု ဆိုနိုင်သည်။ ဟုတ်သည်။ ထိုမျှ ရိုးရှင်းသည်။ အလွန်ရိုးရှင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ သို့တိုင်အောင် ဆက်နွှယ်မှုရှိသော အကြောင်းအရာများစွာနှင့် သက်ဆိုင်နေ၏။ ထိုဆက်နွှယ်နေသော အကြောင်းအရာများ အားလုံးသည် သမ္မာတရား လိုက်စားခြင်းအကြောင်းနှင့် သက်ဆိုင်နေသည်။ ထိုအကြောင်းအရာများတွင် လူ၏ အခက်အခဲများ၊ လူ၏ အတွေးများနှင့် ရှုမြင်သုံးသပ်ချက်များအပြင် သမ္မာတရား လိုက်စားခြင်းနှင့်ပတ်သက်၍ လူ၌ ရှိနေသည့် မရေမတွက်နိုင်သော ဆင်ခြေများ၊ ကျိုးကြောင်းပြပြောဆိုမှုများ၊ နည်းလမ်းများ၊ သဘောထားများလည်း ပါဝင်သည်။ သမ္မာတရား လိုက်စားခြင်းကို လူက အတိုက်အခံဖြစ်ခြင်းနှင့် လုပ်ဆောင်ရန် ငြင်းဆန်ခြင်းအကြောင်းလည်း ရှိသည်။ ဤအရာတို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်ပေါ်သည်။ သင်တို့အား ငါပြောထားသည့် အရာများဖြစ်သော သမ္မာတရားအား လိုက်စားခြင်းအတွက် အချို့သော လမ်းကြောင်းများနှင့် အဆင့်များ၊ သမ္မာတရားအား လိုက်စားသည့် နည်းလမ်း၊ သမ္မာတရားအား လိုက်စားခြင်းဖြင့် ရရှိသော ရလဒ်များ၊ သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်နေသော လူတို့တွင် မြင်တွေ့နိုင်သည့် သမ္မာတရားစစ်မှန်မှုတို့သည်လည်း သမ္မာတရားအား လိုက်စားခြင်း အကြောင်းအရာနှင့် သက်ဆိုင်သည်မှာ မှန်သည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ ဘုရားနှုတ်ကပတ်တော်များအပြင် လူကို ကယ်တင်သည့် ဘုရားအမှုတော်တို့အပေါ် အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက်ပင် ဖြစ်သည်။ ဤအရာက သမ္မာတရားကို လူတို့လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံသောအခါတွင် ဖြစ်ပေါ်လာ၏။ ဤသည်မှာ အကြီးမားဆုံး ရလဒ်ဖြစ်သည်။ ဤသို့သော သက်သေခံချက်၏ အင်္ဂါရပ်တစ်ခုမှာ ယင်းသည် ဘုရားအမှုတော်၏ ရလဒ်များကို သက်သေခံခြင်း ဖြစ်သည်။ အခြားတစ်ခုမှာ ယင်းသည် သမ္မာတရားအား လိုက်စားထားသော လူများတွင် တွေ့မြင်နိုင်သည့် အပြုသဘောဆောင်သော သက်ရောက်မှုများကို သက်သေခံခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အနည်းနှင့်အများ ပြေလည်သွားသည့် အချက်ဖြစ်သည်။ ဥပမာအားဖြင့် အလွန်မာနထောင်လွှားလေ့ရှိသော၊ မိမိ၏ လုပ်ရပ်များတွင် တစ်ဖက်သတ်ဆန်သော၊ မဆင်မခြင်ဖြစ်သော၊ ထင်ရာစိုင်းသောသူတစ်ယောက်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခြင်းမှတစ်ဆင့် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်ဟု သိသွားပြီး ဤအရာကို လက်ခံကာ အသိအမှတ်ပြုသည်။ တဖြည်းဖြည်းချင်းဖြင့် သူသည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အခြားလူများနှင့် မိမိအပေါ် ဖြစ်စေသော ထိခိုက်မှုကို သိလာသည်။ သေးငယ်သော ရှုထောင့်မှကြည့်လျှင် ယင်းသည် လူတို့ကို ထိခိုက်စေသည်။ ကြီးသော ရှုထောင့်မှကြည့်လျှင် ယင်းသည် အသင်းတော်အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးပြီး ထိခိုက်စေသည်။ ဤသည်မှာ ရလဒ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်က ဘုရားနှုတ်ကပတ်တော်များကို နားလည်သောအခါ သိရှိလာသောအရာဖြစ်သည်။ ထို့အပြင် ထိုသူသည် ဘုရားနှုတ်ကပတ်တော်များ၏ ဖွင့်ပြခြင်းကို အခြေခံပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုသည်။ ထို့နောက်တွင် ဘုရားသခင် စီစဉ်ပေးသော အခြေအနေများ၌ သူသည် တဖြည်းဖြည်းချင်း နောင်တရလာသည်။ တစ်ခါက သူကိုင်စွဲခဲ့သော ဘဝနေထိုင်မှုပုံစံအပြင် သူ၏ ကျင့်ကြံပြုမူပုံနှင့် လုပ်ရပ်များအပေါ် သူထားရှိခဲ့သော သဘောထားကို လွှတ်ချသည်။ သူသည် ဘုရားနှုတ်ကပတ်တော်များထဲတွင် စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ရှာတွေ့ပြီး ဘုရားသခင်က သူ့အား ပေးအပ်ထားသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်သည်။ ဤသည်မှာ စစ်မှန်သော နောင်တဖြစ်ပြီး မိမိကိုယ်ကို အမှန်တကယ် ပြောင်းလဲခြင်းဖြစ်သည်။ သူသည် ဘုရားနှုတ်ကပတ်တော်များကို အခြေခံပြီး ကျင့်ကြံပြုမူနိုင်စွမ်းနှင့် လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အဆုံးတွင် သူသည် ပြုမူဆောင်ရွက်သည့်အခါတိုင်း၌ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလာသည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များအား သူ၏ အခြေပြုချက်အဖြစ် ယူသည့် စစ်မှန်မှု၏ အစိတ်အပိုင်းကို အသက်ရှင်နေထိုင်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းခြင်း ဥပမာတစ်ခုဖြစ်သည်။ ဤအရာမှ ရရှိသော နောက်ဆုံးရလဒ်မှာ ဤလူသည် မာနထောင်လွှားခြင်းနှင့် အသက်ရှင်နေထိုင်ခြင်း မရှိတော့ဘဲ ထိုအစား သူ၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိလာသည်။ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်လာသည်။ သမ္မာတရားကို အမှန်တကယ် နာခံလာသည်။ ထိုသူ လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်နေထိုင်သည့် အရာသည် ဖောက်ပြန်ပျက်စီးသော သူ့စိတ်သဘောထား၏ အုပ်စိုးခြင်းကို မခံရတော့ဘဲ ထိုအစား သမ္မာတရားကို သူ၏ စံသတ်မှတ်ချက်အဖြစ် မှတ်ယူသည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်သည်။ ဤသည်မှာ ရလဒ်ဖြစ်သည်။ ဤရလဒ်ကို သမ္မာတရားအား လိုက်စားခြင်းဖြင့် ရရှိသည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းကြောင့် လူတစ်ယောက်တွင် ဖြစ်ပေါ်လာသော ရလဒ်မျိုးဖြစ်သည်။ ဘုရားသခင်အတွက်ဆိုလျှင်လည်း ဤသို့ အသက်ရှင်ခြင်းသည် သူနှင့် သူ၏ အမှုတော်အတွက် စစ်မှန်သော သက်သေခံချက်ဖြစ်သည်။ ယင်းသည် ဖန်ဆင်းခံတစ်ယောက်က တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဘုရားနှုတ်ကပတ်တော်များနှင့် ထိတွေ့ခြင်းအား ဖြတ်သန်းပြီးသည့်အခါတွင် ရရှိသော ရလဒ်တစ်ခုဖြစ်သည်။ ဤသည်မှာ စစ်မှန်သော သက်သေခံချက်ဖြစ်သည်။ ဘုရားသခင်အတွက် ဂုဏ်ကျက်သရေရှိသော အရာတစ်ခုဖြစ်သည်။ လူအတွက်ဆိုလျှင် ဤသည်မှာ ဂုဏ်ကျက်သရေရှိသောအရာ မဟုတ်သည်ကား မှန်၏။ ဂုဏ်ရှိသော၊ ဂုဏ်ယူဖွယ်ဖြစ်သော အရာဟုသာ ခေါ်ဆိုနိုင်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်သည် ဘုရားအမှုတော်ကို တွေ့ကြုံပြီးနောက်တွင် ရှိထားသင့်ပြီး အသက်ရှင်နေထိုင်သင့်သည့် သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတစ်ယောက်တွင် ရရှိသည့် အပြုသဘောဆောင်သော သက်ရောက်မှုတစ်ခုဖြစ်သည်။ ဘုရားသခင်ကလည်း ဤသို့သော အတွေ့အကြုံနှင့် အသိပညာအပြင် ဤလူတို့ အသက်ရှင်နေထိုင်သည့်အရာတို့ကို သူ၏ အမှုတော်အားဖြင့် ရရှိသည့် ရလဒ်များအဖြစ် သဘောထားသည်။ ဘုရားသခင်အတွက်ဆိုလျှင် ဤသည်မှာ စာတန်အား ကြီးမားသောအားဖြင့် ပြန်လည်တိုက်ခိုက်သည့် သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ချစ်ပြီး တန်ဖိုးထားသည့် အရာဖြစ်သည်။

သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်သည်ကို ငါတို့ ယခု ဖွင့်ဆိုပြီးဖြစ်သည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်မှတစ်ဆင့် သမ္မာတရား လိုက်စားခြင်းဆိုသည်မှာအပေါ် သင်တို့၏ အမြင်က လက်တွေ့အရှိတရားနှင့် ပို၍ နီးစပ်လာသလော။ (နီးစပ်လာပါသည်။) သမ္မာတရားလိုက်စားခြင်းကို သင်တို့နားလည်သည့် ပုံစံဖြင့် ယခုတွင် အဓိပ္ပာယ်ဖွင့်ဆိုပြီးပြီဖြစ်၍ သင်တို့၏ ယခင်က လိုက်စားမှုများကို မည်သို့ မှတ်ယူသင့်သနည်း။ သင်တို့အများစုသည် သမ္မာတရားကို လိုက်စားသောသူများ မဟုတ်သည်မှာ ဖြစ်နိုင်သည်။ ဤအရာကို ကြားရသည်မှာ သင်တို့အတွက် အနည်းငယ် စိတ်မချမ်းသာစရာ ဖြစ်နိုင်၏၊ ဟုတ်သည်မဟုတ်လော။ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နောက်တစ်ကြိမ်ဖတ်ပါ။ (သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ အဖြေ။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း ဖြစ်သည်။) ယခုတွင် သင်တို့ တိကျစွာ ပြောနိုင်ပေပြီ။ ထပ်၍ စဉ်းစားကြည့်လျှင် ဤသည်မှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခြေခံပြီး သင်တို့၏ ယခင်က လိုက်စားမှုများနှင့် ကျင့်သုံးမှုများကို တိုင်းတာလျှင် ရလဒ်က မည်သို့ဖြစ်မည်နည်း။ သင်တို့သည် လက်ရှိတွင် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ခြင်းရှိမရှိ သင်ယူနိုင်လိမ့်မည်။ သင်တို့၏ လက်ရှိ ပြုမူဆောင်ရွက်မှုသည် သမ္မာတရားအား လိုက်စားခြင်းဟုတ်မဟုတ်ကို အတည်ပြုနိုင်လိမ့်မည်။ ဤသို့ပြောခြင်းက စိတ်ကူးသဘောသက်သက် မဖြစ်ဘူး မဟုတ်လော။ အလွန်ပင် အရပ်သုံးဘာသာစကားဆန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မည်သည့်သာမန်လူမဆို နားလည်နိုင်သော သာမန်ဘာသာစကားဖြစ်သည်။ ဤသည်မှာ နားလည်ရန် အလွန်လွယ်ကူသည့် ပုံစံရှိနိုင်သော်လည်း လူတို့တွင် ပြဿနာရှိနေသည်။ မည်သည့်ပြဿနာ ဖြစ်သနည်း။ ၎င်းတို့သည် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်သည်နှင့် အနေရခက်ပြီး စိတ်မချမ်းမသာဖြစ်ကြခြင်းပင်။ အဘယ်ကြောင့် စိတ်မချမ်းမသာဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အတိတ်က ဒုက္ခများနှင့် ၎င်းတို့ ပေးဆပ်ခဲ့သော အဖိုးအခများက ရှုတ်ချခံရသည်၊ ဤအရာတို့ကို အချည်းနှီး ပေးဆပ်ခဲ့သည်ဟု ၎င်းတို့ခံစားရပြီး ဤအတွက်ကြောင့် စိတ်မကြည်မသာ ဖြစ်ကြ၍ဖြစ်သည်။ အချို့လူတို့သည် ဤအရာကို ကြားပြီး “အိုး၊ သမ္မာတရားကို လိုက်စားခြင်း၏ အဓိပ္ပာယ်မှာ ဤသို့ဖြစ်လေတကား။ ဤ အဓိပ္ပာယ်အတိုင်းဆိုလျှင် ကျွန်ုပ်တို့ ပေးဆပ်ခဲ့သည့် အဖိုးအခများအားလုံးနှင့် ကျွန်ုပ်တို့၏ အတိတ်က အသုံးခံခဲ့ခြင်းများက အချည်းနှီး မဖြစ်သွားပါသလော။ သမ္မာတရားလိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်း ကိုယ်တော် အဓိပ္ပာယ်မဖွင့်ဆိုပြခဲ့လျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လိုက်စားမှုတွင် ကောင်းစွာ လုပ်ဆောင်နေသည်ဟု ထင်မြင်လျက် ရှေ့ဆက်နေမိမည်ဖြစ်သည်။ ယခုတွင် ကိုယ်တော်က ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပေးလိုက်သည်ဖြစ်၍ ကျွန်ုပ်တို့၏ လိုက်စားမှုများနှင့် ကျွန်ုပ်တို့ ပေးဆပ်ခဲ့သော အဖိုးအခများ အားလုံးက အလဟဿမဖြစ်သွားသလော။ ဆုသရဖူရရှိပြီး ဆုချီးမြှင့်ခြင်းခံရဖို့ဖြစ်သည့် ကျွန်ုပ်တို့၏ အိပ်မက်အားလုံးတို့ ပျက်စီးသွားပြီ မဟုတ်လော။ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်သောအခါ ကျွန်ုပ်တို့သည် ကောင်းချီးခံစားရသင့်ပြီး ကျွန်ုပ်တို့၏ အိပ်မက်များက လက်တွေ့ဖြစ်လာသင့်ပါသည်။ ထို့ကြောင့် ယခု သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ပါလျက်နှင့် အဘယ်ကြောင့် တရားစီရင်ခြင်း ခံနေရပါသနည်း။ အဘယ်ကြောင့် ကျွန်ုပ်တို့သည် မှောင်မိုက်ထဲတွင် မျှော်လင့်ချက်မဲ့စွာ အသက်ရှင်နေရပါသနည်း။ ကျွန်ုပ်တို့၏ အတိတ်နှင့် ပစ္စုပ္ပန်သည် ရှုတ်ချခံရလေပြီ။ အနာဂတ်က မည်သို့ရှိမည်ကိုလည်း မသိနိုင်ပါ။ ကျွန်ုပ်တို့သည် ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်မရှိသည့်ပုံစံ ဖြစ်နေပါသည်” ဟူ၍ ပြောဆိုကြပေမည်။ ဤသို့ ဖြစ်သလော။ လူတို့က ဤသို့စဉ်းစားသည်မှာ မှန်ကန်သလော။ (မမှန်ပါ။) ဤသို့ဆိုလျှင် လူတို့သည် ဤသို့ စဉ်းစားသင့်သလော။ (မစဉ်းစားသင့်ပါ။) မစဉ်းစားသင့်ပေ။ သို့သော် ဤအရာနှင့်ပတ်သက်ပြီး ကောင်းသောအရာတစ်ခုရှိသည်။ သမ္မာတရားအား လိုက်စားခြင်း၏ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို သင်သည် ထပ်ခါထပ်ခါ ဆုတောင်းသည့်ပုံစံဖြင့် ဖတ်ရှုနိုင်သည်။ ပြီးနောက်တွင် သင်၏ အတိတ်ကာလကို ပြန်ကြည့်နိုင်သည်။ သင်၏ လက်ရှိကာလကို ကြည့်နိုင်ပြီး သင်၏ အနာဂတ်ကာလကို မျှော်ကြည့်နိုင်သည်။ သင့်အနေနှင့် စိတ်မချမ်းမသာဖြစ်နိုင်သည်။ သို့သော် ထိုသို့ခံစားရခြင်းမှာ သင်သည် ထုံထိုင်းခြင်းမရှိဆိုသည့် သဘောဖြစ်သည်။ သင်၏ အတိတ်၊ လက်ရှိနှင့် အနာဂတ်ကာလအကြောင်း စဉ်းစားရမည်ကို သင်သိသည်။ သင်၏ ရှေ့ရေးအတွက် အစီအစဉ်များ ရေးဆွဲရမည်၊ ထိုအရာများအကြောင်း စဉ်းစားရမည်၊ စိတ်ပူရမည်၊ ထိုအရာများနှင့် ပတ်သက်ပြီး ရတက်မအေးဖြစ်ရမည်ကို သင်သိသည်။ ဤသည်မှာ ကောင်းသောအရာဖြစ်၏။ ဤသည်မှာ သင်သည် အသက်ရှင်နေဆဲဖြစ်ကြောင်း၊ သက်ရှိလူတစ်ယောက်ဖြစ်ကြောင်း၊ သင်၏ စိတ်နှလုံးသည် သေဆုံးခြင်း မရှိကြောင်းကို သက်သေပြသည်။ စိတ်ပူစရာကောင်းသည်မှာ လူတစ်ယောက်သည် သူ့အား မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို မည်သို့ ရှင်းလင်းစွာ မိတ်သဟာယပြုပေးသည်ဖြစ်စေ စိတ်မပါဘဲ ရှိနေသည့်အခါတွင် ဖြစ်သည်။ ထိုသူက “ကျွန်ုပ်သည် ဤသို့သောလူပင် ဖြစ်၏။ ကျွန်ုပ်ကောင်းချီးပေးခံရမည်လော၊ ကပ်ဘေးများ ကျွန်ုပ်အပေါ် ကျလာမည်လောကို မည်သူဂရုစိုက်သနည်း။ ကျွန်ုပ်ကို တရားစီရင်သည်ဖြစ်စေ၊ ရှုတ်ချသည်ဖြစ်စေ ကိုယ်တော်နှစ်သက်သလိုသာ ပြုပါလေတော့” ဟူ၍ စဉ်းစားကြသည်။ ထိုသူအား မည်သည့်အရာကို ပြောသည်ဖြစ်စေ သူသည် ထုံထိုင်းနေသည်။ ဤသည်မှာ ပြဿနာရှိ၏။ ပြဿနာဟု ဆိုရာ၌ အဘယ်အရာကို ငါ ဆိုလိုသနည်း။ ထိုသူအား သမ္မာတရားအကြောင်းကို သင် မည်သို့ မိတ်သဟာယပြုပေးသည်ဖြစ်စေ သူသည် နားလည်မည်မဟုတ်ဟု ဆိုလိုသည်။ သူသည် ဝိညာဉ်မရှိသည့် လူသေဖြစ်သည်။ သူသည် ဘုရားသခင်အား ယုံကြည်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်း၊ ကယ်တင်ခံရခြင်း၊ သို့မဟုတ် လူကို ကယ်တင်သည့် ဘုရားသခင်၏ အမှုတော်ကဲ့သို့သော အရာများကို လုံးဝ သိမြင်ခြင်းမရှိ။ ထိုသို့သောအရာများကို နားမလည်ပေ။ ဤသည်မှာ သံစဉ်အတက်အကျ နားမဝင်သူကို သီချင်းဆိုတတ်အောင် သင်ပေးရန် ကြိုးစားခြင်း၊ သို့မဟုတ် အရောင်များ မမြင်နိုင်သောသူကို အရောင်များ ရောစပ်တတ်ရန် သင်ပေးခြင်းကဲ့သို့ ဖြစ်သည်။ ဤသည်မှာ ဖြစ်ကို မဖြစ်နိုင်ပေ။ ဤအရာများကို မိတ်သဟာယဖွဲ့ခြင်းသည် ထိုသူအတွက် မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှမရှိ။ အဘယ်ကြောင့်ဆိုသော် မည်သည့်အရာကို သင်ပြောသည်ဖြစ်စေ၊ သင်ပြောသည့်အရာက လေးနက်သည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ၊ အသေးစိတ်ကျသည်ဖြစ်စေ၊ ကျယ်ပြန့်သည်ဖြစ်စေ ထူးခြားမည်မဟုတ်၍ ဖြစ်သည်။ သူသည် မည်သို့ဖြစ်ဖြစ် မည်သည့်အရာကိုမျှ ခံစားရမည်မဟုတ်ပေ။ သူသည် မျက်မှန်တပ်ဆင်ထားသော မျက်ကန်းတစ်ယောက်ကဲ့သို့ဖြစ်သည်။ ထိုမျက်မှန်ကို တပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ သူ၏ အမြင်အာရုံအပေါ်တွင် သက်ရောက်မှုမရှိ။ လူအချို့က “သန်းခေါင်ထက် ညဉ့်မနက်”၊ “သေရမည်ကို ကျွန်ုပ်မကြောက်။ သို့ဖြစ်၍ ရှင်ရမည်ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း”၊ “ကျွန်ုပ်လက်ကို ဆတ်ခနဲ လှုပ်လိုက်သော်လည်း တိမ်တစ်မျှင်ကိုမျှ ယူသွားနိုင်မည် မဟုတ်” ဆိုသည်တို့ကို မကြာခဏ ပြောကြသည်။ ဤအရာများသည် မိမိတို့ကိုယ်ကို အလွန်တော်သည်ဟု ထင်သည့် ဝိညာဉ်ကင်းမဲ့သော၊ လူသေများ၏ စကားလုံးများသာဖြစ်သည်။ ဝိညာဉ်ရေးအသုံးအနှုန်းဖြင့် ဆိုရလျှင် ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်မှု ကင်းမဲ့သည်။ ဝိညာဉ်ရေးရာ နားလည်မှု ကင်းမဲ့သူများသည် အသက်ရှင်စဉ်တွင်ပင် လူသေများဖြစ်ကြသည်။ လူသေများသည် အသက်ရှင်သူများ၏ စကားများကို နားလည်နိုင်သလော။ ၎င်းတို့က “သမ္မာတရားကို လိုက်စားခြင်းအကြောင်း၊ လူများနှင့် အကြောင်းအရာများအပေါ် မိမိ၏ အမြင်များအကြောင်း၊ မိမိ၏ ကျင့်ကြံပြုမူပုံနှင့် လုပ်ရပ်များအကြောင်း ဤပြောဆိုခြင်းများက ကျွန်ုပ်နှင့် မည်သို့သက်ဆိုင်ပါသနည်း။ သေရမည်ကို ကျွန်ုပ်မကြောက်။ သို့ဖြစ်၍ ရှင်ရမည်ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း” ဟူ၍ စဉ်းစားကြသည်။ ဤသို့ စဉ်းစားသူမည်သူမဆိုသည် လမ်းဆုံးပြီဖြစ်သည်။ ထိုသူသည် သေသူတစ်ဦး ဖြစ်သည်။ သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဤအတိုင်းပင် ဖြစ်သည်။ ဤ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖတ်ပြီးနောက်တွင် သင်၏ အနာဂတ်လမ်းကြောင်းအတွက် မည်သည့်ရည်ရွယ်ချက်များ၊ သို့မဟုတ် အစီအစဉ်များ ရှိသည်ဖြစ်စေ၊ သင် မည်သို့ ပြောင်းလဲမည်ဖြစ်စေ အားလုံးက သင်၏ တစ်ကိုယ်ရေ လိုက်စားမှုနှင့် သက်ဆိုင်သည်။ ဤအရာတို့သည် ငါပြောရန် လိုအပ်သည့် စကားများဖြစ်ပြီး ငါလုပ်ဆောင်ရန် လိုအပ်သည့် အလုပ်ဖြစ်သည်။ ငါပြောဖို့လိုအပ်သည့် အရာအားလုံးကို ပြောခဲ့ပြီးဖြစ်သည်။ ငါပြောစရာရှိသည့် အရာအားလုံးကိုလည်း ပြောခဲ့ပြီးဖြစ်သည်။ သင်တို့သည် သမ္မာတရားကို အမှန်တကယ် ချစ်ပြီး သမ္မာတရားအား လိုက်စားရန် စိတ်ဆန္ဒရှိပါက လူများနှင့် အမှုအရာများကို သင်တို့ ရှုမြင်လေ့ရှိသည့်ပုံစံ၊ သင်တို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်လေ့ရှိသည့်ပုံစံနှင့် ပတ်သက်လျှင် ငါပေးခဲ့သော သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သင်တို့၏ လိုက်စားမှုအတွက် ပန်းတိုင်နှင့် ဦးတည်ချက်အဖြစ် ခံယူသင့်ပေသည်၊ သို့မဟုတ် ကိုးကားချက်အဖြစ် ခံယူသင့်ပေသည်။ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုနှင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဤနည်းအားဖြင့် တဖြည်းဖြည်းချင်း သင်တို့ဝင်ရောက်နိုင်ရန် ဖြစ်သည်။ ဤသို့ ခံယူပါက သင်သည် မဝေးသော အနာဂတ်ကာလတွင် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်း၌ တစ်စုံတစ်ခုကို သေချာပေါက် ရရှိလိမ့်မည်။ အချို့က “သမ္မာတရားကို လိုက်စားဖို့ ဘယ်သောအခါမျှ နောက်ကျလွန်းသည်ဟူ၍ မရှိပါ” ဟု ဆိုနိုင်သည်။ ဤသည်မှာ မတိကျပေ။ ဘုရားသခင်၏ အမှုတော်ပြီးဆုံးသွားသည်အထိ သမ္မာတရားအား သင် မလိုက်စားလျှင် အမှန်ပင် နောက်ကျလွန်းသွားလိမ့်မည်။ ထိုအယူအဆကို မည်သို့ ရှင်းပြရမည်နည်း။ သမ္မာတရားအား လိုက်စားခြင်းကို ဘုရားသခင်၏ အမှုတော် မပြီးဆုံးမီတွင် လုပ်ဆောင်ရမည်။ တစ်နည်းအားဖြင့် ဘုရားသခင်က သူ၏ အမှုတော် အဆုံးသတ်သည်ကို ပြရန် ခေါင်းလောင်းမတီးမီတွင် ဤဖော်ပြချက်က မှန်ကန်သည်။ သို့သော် ဘုရားသခင်၏ အမှုတော် ပြီးဆုံးသောအခါ သူသည် “လူအား ကယ်တင်ခြင်းအမှုကို ငါထပ်၍ လုပ်ဆောင်မည်မဟုတ်။ ကယ်တင်ခြင်းကို လူတို့ရရှိအောင် ကူညီပေးရန် စကားများ၊ သို့မဟုတ် လူ၏ ကယ်တင်ခြင်းပါဝင်သည့် စကားများကို ငါ ထပ်၍ ပြောမည်မဟုတ်။ ထိုသို့သောအရာများကို ငါ ထပ်၍ ပြောမည်မဟုတ်” ဟု ပြောသည်။ ထို့နောက်တွင် သူ၏ အမှုတော်သည် အမှန်တကယ် ပြီးဆုံးလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားရန် ထိုအချိန်အထိ စောင့်ဆိုင်းလျှင် အမှန်ပင် နောက်ကျလွန်းသွားလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သင်သည် ယခုတွင် သမ္မာတရားအား စတင်လိုက်စားလျှင် အချိန်ရှိလိမ့်ဦးမည်။ ကယ်တင်ခြင်းအား ရယူရန် အခွင့်အရေးရှိသေးသည်။ ယခုမှစပြီး သမ္မာတရားအား သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို တဖြည်းဖြည်းချင်း ရှုမြင်ရန်နှင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် အစွမ်းကုန် ဆောင်ရွက်လော့။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်အားလုံးကို အချိန်တိုအတွင်း ဖတ်ပြီး နားလည်ရန် ကြိုးပမ်းကာ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ခြင်း၊ သင့်ကိုယ်သင် သိမြင်ခြင်းကို လက်တွေ့လုပ်ဆောင်လော့။ ဤသို့လုပ်ဆောင်ခြင်းသည် သင်၏ အသက်ဝင်ရောက်မှုအတွက် များစွာ အကျိုးရှိသည်။ ဥပမာအားဖြင့် ဘုရားနှုတ်ကပတ်တော်ထဲတွင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့်၊ အန္တိခရစ်များ၏ စိတ်သဘောထားအကြောင်း ပြောသည့် နှုတ်ကပတ်တော်များကို ကြည့်လော့။ ထိုအရာများသည် အခြေခံအကျဆုံး နှုတ်ကပတ်တော်များ မဟုတ်သလော။ (ဟုတ်ပါသည်။) သင်၏ အခြေပြုချက် ဖြစ်နေသော ထိုနှုတ်ကပတ်တော်များနှင့် သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ သင့်ကိုယ်သင် ရှုတ်ချသင့်သလော။ ကျိန်ဆဲသင့်သလော။ သင်၏ အနာဂတ်နှင့် ကံတရားကို လက်လွတ်ဆုံးရှုံးသင့်သလော။ မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရန် ထိုနှုတ်ကပတ်တော်များကို အသုံးပြုရမည်ဖြစ်သည်။ ဤအရာမှ လွတ်ဖို့ မကြိုးစားနှင့်။ ဤသည်မှာ လူတိုင်း ဖြတ်သန်းရမည့် အဆင့်ဖြစ်သည်။ ဤအဆင့်ကို လူတိုင်း ဖြတ်သန်းရမည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ လူတိုင်းက မိခင်နှင့် ဖခင်ထံမှ မွေးဖွားလာပြီးနောက် အရွယ်ရောက်ကာ အသက်ကြီးလာပြီး သေဆုံးသည့်ပုံစံကဲ့သို့ ဖြစ်သည်။ ဤအရာတို့သည် လူတိုင်းက တစ်ခုပြီးတစ်ခု ဖြတ်သန်းရမည့် အဆင့်များဖြစ်သည်။ သမ္မာတရားအား လိုက်စားခြင်းသည် မည်မျှ အရေးကြီးသနည်း။ လူ၏ နေ့စဉ်အစားအသောက်ကဲ့သို့ အရေးကြီးသည်။ သင်သည် နေ့စဉ် စားသောက်ခြင်းကို ရပ်လိုက်လျှင် သင်၏ အသွေးအသားက မရှင်သန်နိုင်ပေ။ သင်၏ အသက်က ရှေ့မဆက်နိုင်ပေ။ “ဘုရားနှုတ်ကပတ်တော်များနှင့်အညီ” ဆိုသည်မှာ သင်သည် လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ရမည့်အပြင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည်ဟု ဆိုလိုသည်။ ရလဒ်အနေဖြင့် သင်၏ ရှုမြင်သုံးသပ်ချက်များ၊ နည်းလမ်းများနှင့် လက်တွေ့လုပ်ဆောင်မှုများ ဖြစ်ပေါ်လာသည်။ “ဘုရားနှုတ်ကပတ်တော်များနှင့်အညီ” ဆိုသည်မှာ “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး” ဆိုသည်နှင့် ညီမျှသည်မှာ မှန်သည်။ ထို့ကြောင့် သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် “ဘုရားနှုတ်ကပတ်တော်များနှင့်အညီ” ဆိုသည့်အချက်ဖြင့်ပင် လုံလောက်သည်။ အဘယ်ကြောင့် “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး” ဆိုသည်ကို ဖြည့်စွက်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်များတွင် ပြောဆိုထားခြင်းမရှိသည့် အသေးစိတ်ကျသော ပြဿနာအချို့ရှိသောကြောင့် ဖြစ်သည်။ ဤသို့သော အခြေအနေများတွင် သင်သည် သမ္မာတရားစည်းမျဉ်းများကို ရှာသင့်သည်။ ထိုစည်းမျဉ်းများ အတွင်းတွင် လူများ၊ အမှုအရာများကို ရှုမြင်သင့်ပြီး ကျင့်ကြံပြုမူကာ ဆောင်ရွက်သင့်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သေချာပေါက် အပြည့်အဝ တိကျခြင်း ရှိလိမ့်မည်။ အပြည့်အဝ တိကျမှုမရှိခင်တွင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော ဖွင့်ပြမှုများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို အသိအမှတ်ပြုရမည်။ ထို့နောက်တွင် ရိုးသားစစ်မှန်စွာ နောင်တရရမည်။ ထိုသို့အားဖြင့် မိမိကိုယ်ကို အမှန်တကယ် ပြောင်းလဲရမည်။ ဤဖြစ်ရပ်ရှိ ဖြစ်စဉ်တစ်ခုစီသည် မရှိမဖြစ် ဖြစ်၏။ လူတစ်ယောက်က အစာစားသည့် အချိန်တွင် ကဲ့သို့ဖြစ်သည်။ အစားအစာကို ပါးစပ်ထဲသို့ ထည့်ရမည်။ ထို့နောက် အစာက သူ၏ အစာပြွန်ကို ဖြတ်သန်း၍ အစာအိမ်ထဲသို့ ရောက်ရမည်။ ထို့နောက်တွင် အစာချက်ပြီး စုပ်ယူသည်။ ထို့နောက်တွင်မှ အစာသည် သွေးထဲသို့ တဖြည်းဖြည်းချင်း ဝင်နိုင်ပြီး ကိုယ်ခန္ဓာက လိုအပ်သော အာဟာရဖြစ်လာနိုင်သည်။ လူတို့သည် သမ္မာတရားကို လိုက်စားပြီး သမ္မာတရားအား ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် သတ်မှတ်လာသည်။ ထို့နောက်တွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်နေထိုင်နိုင်သည်။ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်နိုင်သည်။ ဤအစီအစဉ်ရှိ သာမန်ဖြစ်စဉ်တစ်ခုစီသည် မရှိမဖြစ် ဖြစ်၏။ ထိုအရာတို့သည် သမ္မာတရားကို လိုက်စားသောသူတိုင်း သမ္မာတရား၏ မည်သည့်အချက်ကိုမဆို လိုက်စားရာတွင် ဖြတ်သန်းရမည့် မလုပ်၍မရသော အဆင့်များဖြစ်သည်။ အချို့က “သမ္မာတရားကို လိုက်စားဖို့ ဤအဆင့်များ၊ ဖြစ်စဉ်များကို ကျွန်ုပ်ဖြတ်သန်းဖို့ မလို။ သမ္မာတရားကို တိုက်ရိုက်ရှာဖွေပြီးနောက် လက်တွေ့လုပ်ဆောင်ကာ သမ္မာတရားကို ကျွန်ုပ်၏ လက်တွေ့အရှိတရား ဖြစ်လာအောင် လုပ်မည်” ဟူ၍ ပြောနိုင်သည်။ ဤသည်မှာ ရိုးစင်းလွန်းသော နားလည်မှုဖြစ်သည်။ သို့သော် ရလဒ်များ ရရှိနိုင်လျှင် ပိုကောင်းသည့် နည်းလမ်းဖြစ်သည်ကား မှန်သည်။ ဤသည်မှာ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုံမှန် သိမြင်လာစဉ်တွင် အသိပညာနှင့် အောင်မြင်မှု ပမာဏအချို့ကို စုဆောင်းပြီးဖြစ်ကြောင်း ပြသည်။ ထို့ကြောင့် သင်သည် စစ်ဆေးခြင်း၊ သိမြင်ခြင်း၊ လက်ခံခြင်း၊ နောင်တရခြင်း စသည့် ဖြစ်စဉ်များကို ဖယ်ရှားနိုင်ပြီး သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းအား တိုက်ရိုက်လုပ်ဆောင်နိုင်သည်။ လူတစ်ယောက်သည် သမ္မာတရား စည်းမျဉ်းများအား ရှာဖွေခြင်းကို တိုက်ရိုက်လုပ်ဆောင်ရန်အတွက်ဆိုလျှင် ဝိညာဉ်ရင့်ကျက်မှု အတိုင်းအတာတစ်ခုကို ပိုင်ဆိုင်ရမည်။ ဤသို့သော ဝိညာဉ်ရင့်ကျက်မှုရှိခြင်းမှာ မည်သို့ အဓိပ္ပာယ်ရသနည်း။ ဤသည်မှာ ထိုသူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် သိမြင်ခြင်းရှိသည်၊ သူ့အပေါ် ဖြစ်ပျက်လာသော အရာတစ်ခုနှင့်ပတ်သက်သည့် သမ္မာတရားများကို နားမလည်သောအခါ မိမိကိုယ်ကို သိမြင်ဖို့၊ သို့မဟုတ် နောင်တရဖို့၊ သို့မဟုတ် သူ၏လမ်းကြောင်းကို ပြန်လှည့်ဖို့ မလိုအပ်တော့ဟု အဓိပ္ပာယ်ရသည်။ သူလုပ်ဆောင်ဖို့ လိုအပ်သမျှမှာ သမ္မာတရား စည်းမျဉ်းများအား နားလည်ခြင်းကို တိုက်ရိုက်ရယူရန်သာ ဖြစ်သည်။ ထို့နောက်တွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ဆက်၍ လက်တွေ့လုပ်ဆောင်သွားဖို့သာ ဖြစ်သည်။ ဤသည်မှာ လုံလောက်၏။ ဤသည်မှာ သာမန်လူတစ်ယောက်၏ ဝိညာဉ်ရင့်ကျက်မှု မဟုတ်ပေ။ ဤသို့သော ဝိညာဉ်ရင့်ကျက်မှုရှိသူသည် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ ကြမ်းတမ်းစွာ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းတို့ ခံရသည့် ဖြစ်စဉ်ကို တွေ့ကြုံပြီးဖြစ်သည်။ သူသည် ဘုရားသခင်အား နာခံပြီးဖြစ်ပြီး စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရမည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။ ဤသို့သောသူတို့သည် မိမိ၏ ဖောက်ပြန်ပျက်စီးမှုကို သိခြင်း၊ ထို့နောက်တွင် ယင်းကို အသိအမှတ်ပြုခြင်း၊ နောင်တရခြင်းနှင့် မိမိကိုယ်ကို ပြောင်းလဲခြင်းကဲ့သို့သော ဖြစ်စဉ်များကို မလိုအပ်ပေ။ ဤသို့ဆိုလျှင် သင်တို့က အဘယ်သို့ ရှိသနည်း။ သင်တို့အများစုသည် မိမိကိုယ်ကို သိမြင်ခြင်းမှ စတင်ဖို့ လိုအပ်သလော။ သင့်ကိုယ်သင် မသိလျှင် သင်သည် လက်ခံယုံကြည်မည် မဟုတ်ပေ။ သမ္မာတရားအား လက်ခံရန် သင့်အတွက် လွယ်ကူမည် မဟုတ်သကဲ့သို့ စစ်မှန်သော နောင်တကို ရရှိနိုင်မည်လည်း မဟုတ်ပေ။ သင်သည် အမှန်တကယ် နောင်တမရလျှင် သမ္မာတရားကို နာခံနိုင်သလော။ ဘုရားသခင်အား နာခံနိုင်သလော။ သေချာပေါက် မနာခံနိုင်ပေ။ ဤသို့ဆိုလျှင် သင်သည် ကယ်တင်ခြင်းခံရမည့်သူ မဟုတ်ပေ။

ဤမိတ်သဟာယအပြီးတွင် သင်တို့၌ ယခု သမ္မာတရားအား လိုက်စားခြင်းအတွက် လမ်းကြောင်းအနည်းငယ် ရှိလာပြီလော။ သမ္မာတရားကို လိုက်စားရန် ယုံကြည်ချက်ရှိသလော။ (ရှိပါသည်။) ကောင်းသည်။ မည်သည့်အရာမျှ မရှိလျှင် စိုးရိမ်ဖွယ်ဖြစ်နေလိမ့်မည်။ တရားဒေသနာအပြီးတွင် အပျက်သဘောဆောင်သောသူအချို့ ရှိနိုင်သည်။ “မဖြစ်သေးပါ။ ကျွန်ုပ်သည် အစွမ်းအစ မကောင်းပါ။ တရားဒေသနာကို နားထောင်သော်လည်း ဘာတစ်ခုကိုမျှ နားမလည်နိုင်ပါ။ အယူဝါဒနည်းနည်းသာ နားလည်၏။ ကျွန်ုပ်တွင် ဝိညာဉ်ရေး နားလည်မှု သိပ်မရှိသည့် ပုံစံပင်။ သမ္မာတရားကို လိုက်စားရေးနှင့်ပတ်သက်ပြီး ကျွန်ုပ်စိတ်မပါလှပါ။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာတွင် ကျွန်ုပ်လုပ်နိုင်သည်မှာ အနည်းငယ် ကြိုးပမ်းလုပ်ဆောင်ခြင်းသာ ဖြစ်နေသည်။ ကျွန်ုပ်တွင် အားနည်းချက်များ များလွန်းလှသည်။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် ပြည့်နေသည်။ ဤအရာကို ပြောင်းလဲ၍ မရဟု ထင်ပါသည်။ ဤအတိုင်းသာ ဆက်ဖြစ်နေပေမည်။ အစေခံသူလုပ်ခြင်းနှင့်တင် ကျွန်ုပ်အတွက် လုံလောက်ပါပြီ” ဟူ၍ ဖြစ်သည်။ ဤကဲ့သို့သော အပျက်သဘောဆောင်သည့် အတွေးများ ရှိသူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သလော။ အနည်းငယ် အန္တရာယ်ရှိသည့် ပုံစံရှိသည်။ လူတစ်ယောက်၏ သမ္မာတရားအား လိုက်စားခြင်းတွင် ကြီးမားသော အတားအဆီးဖြစ်စေသည်မှာ ဤအပျက်သဘောဆောင်သော အတွေးများဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာများကို မဖြေရှင်းလျှင် မည်မျှကောင်းသည်ဖြစ်စေ ဤလမ်းကြောင်းပေါ်တွင် ၎င်းတို့ စတင်လျှောက်လှမ်းနိုင်မည် မဟုတ်။ လူအချို့သည် သမ္မာတရားအား လိုက်စားခြင်းလမ်းပေါ်တွင် ကြိမ်ဖန်များစွာ ကျရှုံးပြီး လဲကျကြသဖြင့် အဆုံးတွင် စိတ်ဓာတ်ကျကုန်၏။ “တော်ပြီ။ သမ္မာတရားကို ငါ လိုက်စားဖို့ မလိုတော့။ ငါသည် ကောင်းချီးပေးခံရမည့် ကံမပါလာ။ ‘ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏ မျက်နှာကို ပိုင်ဆိုင်ခြင်းရှိသလော’ ဟူ၍ ဘုရားသခင်ကိုယ်တော်တိုင်က ပြောခဲ့သည် မဟုတ်ပါလား။ ငါ၌ စိတ်ဓာတ်အားအင် ကင်းမဲ့သည့် မျက်လုံး၊ အချိုးမကျသည့် ရုပ်ဆင်းအင်္ဂါများနှင့် ခံ့ညားခြင်း တစ်စက်မျှမရှိသည့် သာမန်အသွင်အပြင်ရှိကြောင်း မှန်ကို တစ်ချက်ကြည့်ရုံနှင့် မြင်ရသည်ပင်။ မည်သို့ကြည့်ကြည့် ငါသည်ကောင်းချီးပေးခံရသူနှင့် တူကို မတူပါ။ ဘုရားသခင်က ကြိုတင်မပြဋ္ဌာန်းထားလျှင် လူတို့အနေနှင့် မိမိတို့သဘောရှိ လိုက်စားပါစေ ဘာမျှ အသုံးဝင်မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ဤလူတို့၏ စိတ်အခြေအနေကို ကြည့်လော့။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖြေရှင်းရန် ကျန်သေးသည့် အကျည်းတန်သော အရာများစွာရှိနေ၍ သမ္မာတရားအား လိုက်စားခြင်းလမ်းပေါ်တွင် အဘယ်သို့ စတင်လျှောက်လှမ်းနိုင်မည်နည်း။ သမ္မာတရားအား လိုက်စားခြင်းသည် ဘဝတွင် အကြီးမြတ်ဆုံး အမှုအရာဖြစ်သည်။ သင်လုပ်နိုင်သည့် အဆိုးဆုံးအရာမှာ ယင်းကို ကောင်းချီးရရှိခြင်းနှင့် ဆက်စပ်ခြင်းဖြစ်သည်။ လူတစ်ယောက်သည် ကောင်းချီးရရန် ဖြစ်သည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို အရင်ဆုံး ဖြေရှင်းရမည်။ ထို့နောက်တွင် သမ္မာတရားအား လိုက်စားခြင်းက အနည်းငယ်ပို၍ ချောမွေ့သွားလိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်လျှင် အရေးပါဆုံးသောအရာမှာ ဤလမ်းကြောင်းပေါ်တွင် လူများစွာရှိမရှိကို မကြည့်ရန်၊ လူအများစု ရွေးချယ်သောအရာနောက်သို့ မလိုက်ဘဲ ပေတရုကို အတုယူလျက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီရန် ကြိုးပမ်းခြင်းကိုသာ အာရုံစိုက်ရန် ဖြစ်သည်။ အရေးကြီးဆုံးအရာမှာ ပစ္စုပ္ပုန်အချိန်ကာလကို ရှင်းလင်းစွာ မြင်ပြီး ဤအချိန်ကာလတွင် အသက်ရှင်ခြင်း၊ လက်ရှိတွင် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်ထံမှ ပွင့်အံထွက်နေသည်ကို သိခြင်း၊ ယင်းကို ဖြေရှင်းရန် သမ္မာတရားကို ရုတ်တရက် ချက်ချင်း ရှာဖွေကာ ရှေးဦးစွာ နှံ့နှံ့စပ်စပ် စိစစ်ကာ သိမြင်ပြီးနောက် ဘုရားသခင်ထံ နောင်တရခြင်းဖြစ်သည်။ သင်နောင်တရသောအခါ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ ဤသည်မှာ တကယ့်ရလဒ်များကို ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သင်သည် “ဘုရားသခင်၊ ကျွန်ုပ် နောင်တရလိုစိတ် ရှိပါသည်။ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်။ ခွင့်လွှတ်တော်မူပါ” ဟူ၍သာ ဘုရားသခင်အား ပြောပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိရန်အတွက် သင်လုပ်ဆောင်ရန် လိုအပ်သည်မှာ ဤအရာသာ ဖြစ်သည်ဟု ထင်လျှင် အလုပ်ဖြစ်မည်လော။ (မဖြစ်ပါ။) သင်သည် “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟု ဘုရားသခင်အား ပြောဖို့ အစဉ် ဆန္ဒရှိပြီး ဤသို့ပြောသောအခါ ဘုရားသခင်က “ရပါသည်။ ဆက်၍ လုပ်ဆောင်ပါ” ဟု ပြောမည်ဟု မျှော်လင့်လျှင်၊ သင်သည် ဤအခြေအနေမျိုးတွင် အစဉ် အသက်ရှင်လျှင် သမ္မာတရားသို့ ဝင်ရောက်နိုင်မည်မဟုတ်။ ဤသို့ဆိုလျှင် ဘုရားသခင်အား မည်သို့ဆုတောင်းပြီး နောင်တရသင့်သနည်း။ လမ်းကြောင်းရှိသလော။ ဤအရာကို အတွေ့အကြုံရှိသူ မည်သူမဆို ဤအကြောင်း အနည်းငယ်ပြောဆိုနိုင်သည်။ မည်သူမျှ မရှိသလော။ သာမန်အားဖြင့် သင်တို့သည် နောင်တရသည့် ဆုတောင်းခြင်းများ လုံးဝ မလုပ်ဆောင်သကဲ့သို့ အပြစ်များကို ဝန်ချပြီး ဘုရားသခင်ထံ နောင်တရခြင်းကိုလည်း မလုပ်ဆောင်ကြသည့်ပုံ ရသည်။ ဤသို့ဆိုလျှင် သင်တို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများနှင့် ရည်ရွယ်ချက်များကို မည်သို့ လွှတ်ချသင့်သနည်း။ သင်တို့၏ ဖောက်ပြန်ပျက်စီးမှုကို မည်သို့ဖြေရှင်းသင့်သနည်း။ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းရှိသလော။ ဥပမာပေးရလျှင် သင်သည် မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းရန် လမ်းကြောင်းမရှိလျှင် ဘုရားသခင်အား ဤသို့ ဆုတောင်းသင့်သည်။ “ဘုရားသခင်၊ ကျွန်ုပ်တွင် မာနထောင်လွှားသော စိတ်သဘောထား ရှိပါသည်။ အခြားသူများထက် ကျွန်ုပ် ပိုထက်မြက်သည်၊ ပိုတော်သည်၊ ပိုပါးနပ်သည်ဟု ထင်နေပါသည်။ အခြားသူများကို ကျွန်ုပ်ပြောသည့်အတိုင်း လုပ်စေချင်နေပါသည်။ ဤသည်မှာ အသိတရား အင်မတန် ကင်းမဲ့ပါ၏။ ဤအရာသည် မာနထောင်လွှားခြင်းမှန်း သိသော်လည်း အဘယ်ကြောင့် ကျွန်ုပ်လက်မလွှတ်နိုင်ပါသနည်း။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပြီး အပြစ်တင်ဖို့ ကိုယ်တော့်ကို တောင်းပန်ပါသည်။ ကျွန်ုပ်၏ မာနထောင်လွှားမှုနှင့် ကိုယ်ပိုင်လိုအင်ဆန္ဒကို လက်လွှတ်ပြီး ထိုအစား ကိုယ်တော်၏ အလိုတော်ကို ရှာဖွေလိုစိတ် ရှိပါသည်။ ကိုယ်တော့် နှုတ်ကပတ်တော်များကို နားထောင်ပြီး ကျွန်ုပ်၏ အသက်အဖြစ်၊ ကျွန်ုပ် လိုက်နာဆောင်ရွက်သည့် စည်းမျဉ်းများအဖြစ် လက်ခံလိုစိတ် ရှိပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်လိုစိတ် ရှိပါသည်။ ကျွန်ုပ်ကို လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်ကို ကူညီပြီး ဦးဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်” ဟူ၍ဖြစ်သည်။ ဤစကားများတွင် နာခံခြင်းသဘောထား ရှိသလော။ နာခံရန် ဆန္ဒရှိသလော။ (ရှိပါသည်။) အချို့က “တစ်ကြိမ်သာ ဆုတောင်းရုံနှင့် အလုပ်မဖြစ်ပါ။ ကျွန်ုပ်အပေါ် တစ်ခုခုဖြစ်ပျက်လာသောအခါ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတိုင်း အသက်ရှင်နေဆဲပင်။ ကျွန်ုပ်သာ ဦးဆောင်ချင်နေဆဲပင်” ဟူ၍ ဆိုနိုင်သည်။ ဤသို့ဆိုလျှင် ဆက်လက်၍ ဆုတောင်းပါ။ “ဘုရားသခင်၊ ကျွန်ုပ်သည် အင်မတန် မာနထောင်လွှားပါ၏။ အင်မတန် ပုန်ကန်ပါ၏။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမဖို့၊ ကျွန်ုပ်၏ မကောင်းမှုလုပ်ဆောင်နေခြင်းကို ရပ်တန်းကရပ်အောင် တားဆီးဖို့၊ ကျွန်ုပ်၏ မာနထောင်လွှားသည့် စိတ်သဘောထားကို ထိန်းချုပ်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်နိုင်ဖို့အတွက်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့် တောင်းဆိုချက်များအတိုင်း လုပ်ဆောင်ပြီး လက်တွေ့ကျင့်သုံးဖို့အတွက် ကျွန်ုပ်ကို လမ်းပြဦးဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်” ဟူ၍ဖြစ်သည်။ ဆုတောင်းလျက်၊ အသနားခံလျက်ဖြင့် ဘုရားသခင်ရှေ့သို့ ပို၍ လာပြီးလျှင် ဘုရားသခင်အား လုပ်ဆောင်စေလော့။ သင်၏ စကားများက ရိုးသားစစ်မှန်လေလေ၊ သင်၏ စိတ်နှလုံးက ရိုးသားစစ်မှန်လေလေ သင်၏ ဇာတိပကတိနှင့် သင့်ကိုယ်သင်အား စွန့်ပစ်လိုစိတ်က ကြီးလေလေဖြစ်လိမ့်မည်။ ဤအရာသည် မိမိကိုယ်ပိုင်အလိုဆန္ဒအတိုင်း လုပ်ဆောင်လိုသော သင်၏ ဆန္ဒကို လွှမ်းမိုးသွားသောအခါ သင်၏ စိတ်နှလုံးသည် တဖြည်းဖြည်းချင်း သူ့ဘာသာ ပြောင်းလဲလာမည်။ ဤသို့ ဖြစ်သောအခါတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း ဆောင်ရွက်ဖို့ရန် သင့်အတွက် မျှော်လင့်ချက်ရှိလိမ့်မည်။ သင်ဆုတောင်းသောအခါ ဘုရားသခင်သည် သင့်အား မည်သည့်အရာကိုမျှ ပြောမည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ ညွှန်ပြမည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ ကတိပေးမည်မဟုတ်။ သို့သော် သူသည် သင်၏ စိတ်နှလုံးနှင့် သင်၏ စကားများနောက်ကွယ်ရှိ ရည်ရွယ်ချက်ကို စစ်ဆေးလိမ့်မည်။ သင်ပြောသည့်အရာက ရိုးသားစစ်မှန်ပြီး မှန်ကန်ခြင်းရှိမရှိ၊ သင်သည် ရိုးသားသော စိတ်နှလုံးဖြင့် ဘုရားသခင်အား အသနားခံပြီး ဆုတောင်းနေခြင်းဟုတ်မဟုတ်ကို လေ့လာစောင့်ကြည့်လိမ့်မည်။ သင်၏ စိတ်နှလုံးက ရိုးသားသည်ကို ဘုရားသခင် မြင်သောအခါ သူ့အား လုပ်ဆောင်ရန် သင်တောင်းဆိုပြီး ဆုတောင်းသည့်အခါတွင် သူသည် သင့်အား ဦးဆောင်လမ်းပြလိမ့်မည်။ သူသည် သင့်အား ပြင်းထန်စွာ အပြစ်တင်ပြီး ပဲ့ပြင်ဆုံးမမည်မှာလည်း မှန်သည်။ သင်အသနားခံခဲ့သည့် အရာကို ဘုရားသခင်က ဖြည့်ဆည်းပေးသောအခါ သင်၏ စိတ်နှလုံးသည် ဉာဏ်အလင်းဖွင့်ပြခြင်းခံရပြီး အတော်အတန် ပြောင်းလဲလာလိမ့်မည်။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်အပေါ် သင်၏ ဆုတောင်းချက်များနှင့် အသနားခံခြင်းများသည် ရိုးသားစစ်မှန်ခြင်းမရှိလျှင်၊ သင်သည် နောင်တရရန် အမှန်တကယ် ဆန္ဒမရှိဘဲ သင်၏ စကားများဖြင့် ဘုရားသခင်ကို ဝတ်ကျေတမ်းကျေ နှစ်သိမ့်ပေးပြီး လှည့်စားရန် ကြိုးစားခြင်းသာ ဖြစ်လျှင် ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို စစ်ဆေးပြီးသောအခါ သူသည် သင့်အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ပေးမည်မဟုတ်။ သင့်အား အလွန်မုန်းတီးပြီး ငြင်းပယ်လိမ့်မည်။ ဤအခြေအနေများတွင်လည်း ဘုရားသခင်က သင့်အား တစ်စုံတစ်ခု ပြောဆိုသည်၊ သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်သည်၊ သို့မဟုတ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်သည်ဟု သင်လုံးဝ ခံစားရမည် မဟုတ်ပေ။ သို့သော် ဘုရားသခင်သည် သင့်ထံတွင် မည်သည့်အမှုကိုမျှ ပြုမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်၏ စိတ်ရင်းက ရိုးသားခြင်းမရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်က မည်သည့်အမှုကိုမျှ မပြုသောအခါ မည်သို့ ဖြစ်မည်နည်း။ သင် ရည်ရွယ်ခဲ့သကဲ့သို့ပင် သင်၏ စိတ်နှလုံးသည် နောင်တရလိုသည့် ဆန္ဒ ကင်းမဲ့လိမ့်မည်။ လုံးဝ ပြောင်းလဲမည် မဟုတ်ပေ။ ထို့ကြောင့် ထိုအခြေအနေတွင်၊ သင့်အပေါ် ဖြစ်ပျက်လာသော ထိုဖြစ်ရပ်တွင် သင်လုပ်ဆောင်သည့် အရာသည် သမ္မာတရား စည်းမျဉ်းများကို အခြေခံထားခြင်းထက် လူ့အလိုဆန္ဒနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဆုံးဖြတ်ပေးခြင်းကို ခံရဆဲ ဖြစ်လိမ့်မည်။ သင်သည် သင်အလိုရှိပြီး ဆန္ဒရှိသည့်အရာအတိုင်းသာ ဆောင်ရွက်ပြီး ကျင့်သုံးနေဦးမည်ဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ဆုတောင်းချက်များ၏ ရလဒ်သည် သင်ဆုမတောင်းခင်ကနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ပြောင်းလဲမှုရှိမည် မဟုတ်ပေ။ သင်သည် သင့်ကိုယ်သင် လုံးဝ မပြောင်းလဲဘဲ သင်နှစ်သက်သမျှကို လုပ်ဆောင်ဆဲဖြစ်လိမ့်မည်။ ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းလမ်းစဉ်တွင် သမ္မာတရားကို လူတို့နားလည်ခြင်း ရှိမရှိက အရေးကြီးသကဲ့သို့ လူတို့၏ တစ်ဖက်သတ် အားစိုက်ထုတ်မှုများကလည်း အရေးကြီးသည်ဟု အဓိပ္ပာယ်ရသည်။ တစ်ချိန်တည်းတွင် လူတို့သည် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်လိုသော်လည်း လုပ်ဆောင်ရန် ခက်ခဲသည်ကို တွေ့ရှိရသောအခါ ၎င်းတို့သည် ဘုရားသခင်အား အမှီပြုရမည်။ ၎င်းတို့၏ စိတ်နှလုံးကို ပေးအပ်ပြီး ရိုးသားစစ်မှန်စွာ ဆုတောင်းရမည်။ ဤသည်မှာလည်း အလွန်အရေးကြီးသည်။ ဤအရာများအားလုံးသည် မရှိမဖြစ် ဖြစ်၏။ သင်လုပ်သမျှမှာ ပြီးစလွယ်ဖြင့်၊ ဝတ်ကျေတမ်းကျေပုံစံဖြင့် ဘုရားသခင်အား ဆုတောင်းပြီး “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟူ၍သာ ပြောဆိုလျှင်၊ သင်၏ ဆုတောင်းချက်ပါ စကားများကဲ့သို့ သင်၏ စိတ်နှလုံးသည်လည်း ဘုရားသခင်အပေါ် ဝတ်ကျေတမ်းကျေဆန်လျှင် ဘုရားသခင်က မည်သည့်အမှုကိုမျှ ပြုမည်မဟုတ်သကဲ့သို့ သင့်အား အရေးလည်းစိုက်မည်လည်း မဟုတ်ပေ။ သင်က “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ်မှားပါသည်” ဟု ပြောလျှင် ဘုရားသခင်က “ရပါသည်” ဟု သေချာပေါက် ပြောမည်မဟုတ်ပေ။ ဘုရားသခင်အား သင်ပြောခဲ့သည့် ပြီးစလွယ်ဖြစ်သော၊ ဝတ်ကျေတမ်းကျေဖြစ်သော စကားများကြောင့် ဘုရားသခင်က သင့်ကို “မည်သည့်ပုံစံဖြင့် သင်မှားခဲ့သနည်း။ မည်သည့်အရာကို လုပ်ဆောင်ရန် ရည်ရွယ်သနည်း။ သင် နောင်တရမည်လော။ သင်၏ ဆိုးယုတ်မှုကို စွန့်ပစ်ပြီး သင့်ကိုယ်သင် ပြောင်းလဲမည်လော။ သင့်ကိုယ်ပိုင် လိုအင်ဆန္ဒ၊ ရည်ရွယ်ချက်များ၊ အကျိုးစီးပွားများကို လက်လွှတ်ပြီး သင့်ကိုယ်သင် ပြောင်းလဲရန် အပူတပြင်း လုပ်ဆောင်မည်လော။ သင့်ကိုယ်သင် ပြောင်းလဲရန် ဆုံးဖြတ်ချက်ချနိုင်သလော” ဟူ၍ မေးလိမ့်မည်။ ဤသို့ ဖြစ်ပျက်စဉ်တွင် ဘုရားသခင်က သင့်အား တစ်စုံတစ်ရာ မေးသည်ကို သင် မကြားဘဲ ဖြစ်နေနိုင်၏။ သို့သော် သင်က ဘုရားသခင်အား “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟု ဆိုလျှင် ဘုရားသခင်၏ အမြင်ရှုထောင့်၌ သူ၏ သဘောထားသည် ငါ ယခုပြောခဲ့သည့်အတိုင်း ဖြစ်လိမ့်မည်။ သူသည် ဤစကားများဖြင့် သင့်အား မေးခွန်းထုတ်လိမ့်မည်။ သင့်အား မည်သို့ မေးခွန်းထုတ်မည်နည်း။ သင်က “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟု ပြောပြီးနောက်တွင် ဘုရားသခင်သည် သင်လုပ်ဆောင်သည့်အရာနှင့် သင်ပြုလုပ်သည့် ရွေးချယ်မှုများကို ဆက်လက်စောင့်ကြည့်လိမ့်မည်။ သင့်တွင် သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို အမှန်တကယ် အသိအမှတ်ပြုခြင်း၊ မုန်းတီးခြင်းမှ ဖြစ်ပေါ်လာသော စစ်မှန်သည့် နောင်တရှိမရှိကို သူ ကြည့်လိမ့်မည်။ ဘုရားသခင်အပေါ်တွင် သင်၏ သဘောထားက မည်သို့ရှိသည်၊ သမ္မာတရားအပေါ် သင်၏ သဘောထားက မည်သို့ရှိသည်၊ သင့်အနေနှင့် သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မည်သို့မှတ်ယူပြီး ထိုစိတ်သဘောထားအပေါ် မည်သည့်အမြင်များ ရှိသည်တို့ကို သိရန်၊ သင်၏ မှားယွင်းသော အမြင်များနှင့် မှားယွင်းသော နည်းလမ်းများကို လက်လွှတ်ဖို့ သင်ရည်ရွယ်ထားခြင်း ရှိမရှိတို့ကို သိရန်အတွက် ဘုရားသခင်က ကြည့်လိမ့်မည်။ သင်၏ ရွေးချယ်မှုများကိုလည်းကောင်း၊ သမ္မာတရားအား လိုက်စားခြင်းလမ်းပေါ်တွင် လျှောက်ရန် သင် ရွေးချယ်ခြင်း ရှိမရှိကိုလည်းကောင်း၊ အနာဂတ်တွင် သင်မည်သို့ လုပ်ဆောင်သင့်သည်နှင့် သင် ထိန်းသိမ်းသင့်သည့် စည်းမျဉ်းများကိုလည်းကောင်း၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်အား နာခံနိုင်ခြင်း ရှိမရှိကိုလည်းကောင်း ဘုရားသခင်က ကြည့်လိမ့်မည်။ ဘုရားသခင်သည် သင်၏ လှုပ်ရှားမှုတိုင်း၊ သင်၏ ရည်ရွယ်ချက်နှင့် ရွေးချယ်မှုတိုင်းကို ခြုံငုံလေ့လာလိမ့်မည်။ ထိုသို့ လုပ်ဆောင်စဉ်တွင် သူသည် ဤရွေးချယ်မှုများကို သင်ပြုလုပ်ပြီးနောက် သင်လုပ်ဆောင်သော အရာများသည် အမှန်တကယ်ပင် နောင်တရသည့် လုပ်ရပ်များနှင့် သင့်ကိုယ်သင် ပြောင်းလဲအောင် လုပ်နေသည့် လုပ်ရပ်များ ဟုတ်မဟုတ်ကို သိရန်အတွက် ကြည့်ရှုလိမ့်မည်။ ဤသည်မှာ အရေးပါလှသော အမှုကိစ္စဖြစ်သည်။

လူတို့သည် နောင်တရရန် ရွေးချယ်ပြီးနောက်တွင် မိမိကိုယ်ကို ပြောင်းလဲရန် မည်သို့ လုပ်ဆောင်ကြသနည်း။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်၊ အမှန်တကယ် ပြောင်းလဲရန် မိမိ၏ ဆန္ဒများ၊ မိမိ၏ အတွေးအမြင်များ၊ မိမိ၏ နည်းလမ်းဟောင်းများကို လွှတ်ချခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကို အမှန်တကယ် ပြောင်းလဲခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ပြောင်းလဲလိုစိတ် ရှိသည်ဟူ၍သာ ပြောဆိုပြီး စိတ်နှလုံးတွင် သင်၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဖက်တွယ်နေဆဲဖြစ်ပြီး သမ္မာတရားကို စွန့်ပစ်ကာ သင်၏ နည်းလမ်းဟောင်းများအတိုင်း ဆက်လက်ပြုလုပ်နေဆဲဖြစ်လျှင် သင်သည် သင့်ကိုယ်သင် အမှန်တကယ် ပြောင်းလဲနေခြင်း မဟုတ်ပေ။ သင်ဆုတောင်းသောအခါတွင် ဘုရားသခင်ထံသို့ သင်ပြောသမျှမှာ “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟူ၍ဖြစ်သော်လည်း နောက်ပိုင်းတွင် သင်၏ အပြုအမူအားလုံး၌ သင်သည် သင်၏ ကိုယ်ပိုင်လိုအင်ဆန္ဒအတိုင်း ရွေးချယ်နေဆဲ၊ ဆောင်ရွက်နေဆဲ၊ ကျင့်သုံးနေဆဲ၊ အသက်ရှင်နေဆဲဖြစ်ပြီး ဤအရာများအားလုံး၌ သမ္မာတရားကို ဆန့်ကျင်လုပ်ဆောင်နေလျှင် ဘုရားသခင်၏ အမြင်၌ သင့်အား မည်သို့ အဓိပ္ပာယ်သတ်မှတ်သင့်သနည်း။ သင်သည် သင့်ကိုယ်သင် မပြောင်းလဲရသေးပေ။ အနည်းဆုံးအနေဖြင့် သင်သည် သင့်ကိုယ်သင် ပြောင်းလဲဖို့ မရည်ရွယ်ဟု ဘုရားသခင်က ပြောလိမ့်မည်။ သင်က ဘုရားသခင်အား “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟု ပြောဆိုနိုင်သည်။ သို့သော် ဤအရာတို့သည် ပြီးစလွယ်ဖြစ်သော စကားများသာ ဖြစ်သည်။ သင်၏ စိတ်နှလုံးအတွင်းထဲမှလာသော နောင်တနှင့် ဝန်ချခြင်း မဟုတ်ပေ။ ဤစကားတို့သည် အမှားကို ဝန်ခံပြီး နောင်တရသည့် သဘောထားကို မထင်ဟပ်ပေ။ အနှစ်မရှိသော စကားများသာဖြစ်သည်။ ဘုရားသခင်က သင်ပြောသည့်အရာကို နားမထောင်ပေ။ သင် စဉ်းစားသည့်၊ စီစဉ်သည့်၊ လျှို့ဝှက်ကြံစည်သည့် အရာများကို သူကြည့်သည်။ သင်၏ လုပ်ရပ်များအတွက် အခြေပြုချက်နှင့် စည်းမျဉ်းများသည် သမ္မာတရားနှင့် ဆန့်ကျင်နေဆဲဖြစ်သည်ကို ဘုရားသခင်က မြင်သောအခါ သူသည် သင့်အပေါ်တွင် မှန်ကန်သော၊ စစ်မှန်သော၊ တိကျသော ထင်မြင်ချက်ကို ပေးလိမ့်မည်။ သူက “သင်သည် သင့်ကိုယ်သင် မပြောင်းလဲရသေး။ သင့်ကိုယ်သင် ပြောင်းလဲအောင် လုပ်ဆောင်နေခြင်းလည်း မရှိ” ဟု ပြောလိမ့်မည်။ ဘုရားသခင်က ဤသို့ ပြောသောအခါ၊ ဘုရားသခင်က သင့်အပေါ် ဤထင်မြင်ချက်ကို ပေးသောအခါ ဘုရားသခင်က သင့်အား အရေးစိုက်မည် မဟုတ်တော့ပေ။ ဘုရားသခင်က သင့်အား အရေးမစိုက်သောအခါ သင်၏ စိတ်နှလုံးသည် လာမည့်နေ့ရက်များတွင် မှောင်မိုက်လိမ့်မည်။ သင်လုပ်ဆောင်သမျှတွင် ဉာဏ်အလင်းပွင့်ခြင်းနှင့် အလင်းရရှိခြင်း ကင်းမဲ့လိမ့်မည်။ ပြီးလျှင် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြသောအခါ လုံးဝ သတိပြုမိမည်မဟုတ်သကဲ့သို့ ဤအတွက် ပဲ့ပြင်ဆုံးမခြင်းကို ခံရမည်လည်း မဟုတ်ပေ။ သင်သည် ဆက်၍ ထုံထိုင်းပြီး ငြီးငွေ့လိမ့်မည်။ ဟာတာတာဖြစ်နေလိမ့်မည်။ သင့်တွင် အမှီပြုစရာ ဘာမျှမရှိဟု ခံစားရမည်။ အဆိုးဆုံးမှာ သင်သည် သင်၏ တစ်ဖက်သတ်ဖြစ်သော၊ မဆင်မခြင် အပြုအမူကို ဆက်လက်၍ အလိုလိုက်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆက်လက်၍ အထိန်းအကွပ်မရှိ တိုးပွားပြီး ကြီးထွားလာစေလိမ့်မည်။ ဤသည်မှာ ဖြစ်လာမည့်အရာဖြစ်သည်။ လူတစ်ယောက်သည် ဤသို့လုပ်ဆောင်ခြင်းအတွက် အဆုံးစွန်အကျိုးဆက်မှာ အဘယ်အရာဖြစ်မည်နည်း။ လူတစ်ယောက်သည် သမ္မာတရားကို စွန့်ပစ်သောအခါ သူ့ကိုယ်သူအပေါ်သို့ သူကျရောက်စေသော အကျိုးဆက်မှာ ဘုရားသခင်၏ အရေးစိုက်မှုကို သူမခံရခြင်းပင် ဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကိုမျှ မပြောကောင်း မပြောနိုင်သော်လည်း၊ သို့မဟုတ် သင့်အား မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း ညွှန်ပြခြင်း မရှိနိုင်သော်လည်း သင်က ယင်းကို ခံစားသိရှိနိုင်လိမ့်မည်။ သင်၏ အတွေးများ၊ အယူအဆများ၊ သင်၏ တကယ့်အခြေအနေများအပြင် သမ္မာတရားအပေါ် သင်၏ သဘောထားတို့ကို အခြေခံပြီးကြည့်လျှင် သင်၏ အဘက်ဘက်မှ အခြေအနေသည် ထုံထိုင်းခြင်း၊ ငြီးငွေ့ခြင်း၊ ခေါင်းမာခြင်းနှင့် ဤကဲ့သို့သော အခြားသရုပ်သကန်များ ဖြစ်နေသည်မှာ ရှင်းလိမ့်မည်။ ဤအရာများသည် လူတို့တွင် ထင်ဟပ်သည်။ ထို့ကြောင့် သင်တို့၏ တကယ့်အသက်တာများနှင့် သင်တို့ လက်တွေ့လုပ်ဆောင်သောအရာများကို ဤအရာနှင့် နှိုင်းယှဉ်ပြီးနောက်တွင် သင်တို့သည် အောက်ပါတို့ကို လေ့လာစူးစမ်းနိုင်သည်။ သင်သည် ဘုရားသခင်ဘက်သို့ လုံးဝ ပြန်မလှည့်သောအခါ ဘုရားသခင်အား ကြားကောင်းသော၊ ချိုသာသော စကားများစွာကို ပြောကောင်းပြောနိုင်သည်။ သို့သော် ထိုသို့ သင်လုပ်ဆောင်သောအခါတွင် သင်သည် မည်သည့်အခြေအနေနှင့် အနေအထားတွင် ရောက်နေသနည်း။ သင့်ကိုယ်သင် အမှန်တကယ် ပြောင်းလဲပြီးသောအခါတွင် သင်သည် ဘုရားသခင်အား ချိုသာသော၊ ကြားကောင်းသော စကားများဖြင့် ဆုမတောင်းခြင်း ရှိနိုင်သော်လည်း၊ သင်၏ စိတ်နှလုံးအတွင်းမှ အနည်းငယ်သာ ပြောဆိုနိုင်သော်လည်း ထိုအခိုက် သင်သည် မည်သည့်အခြေအနေနှင့် အနေအထားတွင် ရောက်နေသနည်း။ ဤအခြေအနေနှစ်ခုသည် လုံးဝ ကွဲပြားသည်။ လူတို့၏ နေ့စဉ်ဘဝများတွင် ၎င်းတို့အား တစ်စုံတစ်ရာကို ရှင်းလင်းစွာ ဘုရားသခင်ညွှန်ပြခြင်း မရှိဘဲ ဖြစ်နေနိုင်သည်၊ သို့မဟုတ် သိသာသော စကားများဖြင့် ၎င်းတို့ကို ပြောဆိုခြင်း မရှိဘဲ ဖြစ်နေနိုင်သည်။ သို့သော် လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု၊ သူလုပ်ဆောင်သော အရာရာတိုင်းနှင့် သူဖော်ပြလိုသော အလိုဆန္ဒတိုင်းကို ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ခံစားရနိုင်သင့်သည်။ ပင်ကိုအားဖြင့် လေ့လာစောင့်ကြည့်သူများသည်လည်း ဤအရာများကို ရှာဖွေတွေ့ရှိနိုင်သည်။ ထုံထိုင်းပြီး တုံးအသောသူတစ်ယောက်သည် ရုတ်တရက် ပါးနပ်လာနိုင်သည်၊ သို့မဟုတ် ပါးနပ်လေ့ရှိသောသူတစ်ယောက်သည် ရုတ်တရက် ထုံထိုင်းပြီး တုံးအကာ အသုံးမကျဖြစ်လာနိုင်သည်။ ဤအနေအထား၊ သို့မဟုတ် အခြေအနေနှစ်မျိုးသည် လူတစ်ယောက်တွင်၊ သို့မဟုတ် မတူညီသောလူများတွင် တစ်ချိန်တည်း ဖြစ်ပေါ်နိုင်သည်။ ဤသည်မှာ အလွန်ပင် မကြာခဏဖြစ်သော အရာတစ်ခုဖြစ်သည်။ ဤအရာကို ကြည့်လျှင် ဖြစ်ရပ်များစွာ၌ လူတစ်ယောက် ပါးနပ်ခြင်း၊ သို့မဟုတ် မိုက်မဲခြင်းသည် သူ၏ ဦးနှောက်၊ အတွေး၊ စွမ်းရည်တို့နှင့် မသက်ဆိုင်ဘဲ ဘုရားသခင်က ဆုံးဖြတ်ထားခြင်းဖြစ်သည်ကို မြင်နိုင်သည်။ ရှင်းလင်းသလော။ (ရှင်းပါသည်။) သင်သည် ဤအရာတို့ကို မတွေ့ကြုံရသေးခင်တွင် လုံးဝ နားလည်မည်မဟုတ်ပေ။ ဤအရာတို့ကို တွေ့ကြုံပြီးသည်နှင့် သင် သိလိမ့်မည်။ ဤအရာများအပေါ် သင်၏ အတွေ့အကြုံက လေးနက်လေလေ၊ သင်၏နားလည်မှုက နှံ့စပ်လေလေဖြစ်မည်။ ဤအရာများအပေါ် သင်၏ တန်ဖိုးထားမှုက လေးနက်လေလေဖြစ်မည်။ ဘုရားသခင်၏ အလိုတော်က သူ၏ လုပ်ရပ်များတွင် ရှိသည်။ သူသည် ယင်းကို သင့်အား သိသာစွာ ညွှန်ပြမည် မဟုတ်သကဲ့သို့ ယင်းနှင့်ပတ်သက်ပြီး သင့်အား ပြည့်စုံရှင်းလင်းစွာ ပြောပြမည်လည်း မဟုတ်၊ သို့မဟုတ် ယင်းအကြောင်းကို သင့်အား ပြောမည်လည်း မဟုတ်။ သို့သော် ဤသည်မှာ သူသည် သင့်အပေါ်တွင် ရပ်တည်ချက်မရှိဟု မဆိုလိုပေ။ သင့်တွင်ရှိသော အတွေး၊ အယူအဆ၊ အခြေအနေ၊ သို့မဟုတ် သဘောထားတစ်စုံတစ်ရာနှင့်ပတ်သက်ပြီး ဘုရားသခင်၌ အမြင်မရှိဟု မဆိုလိုပေ။ လူတစ်ယောက်သည် သူ့အပေါ်သို့ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သူ၏ တစ်ကိုယ်ရေ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို ထားရှိသောအခါ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို ရှင်းလင်းစွာ ဖွင့်ပြသောအခါ ဤသည်မှာ သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ပြီး သမ္မာတရားကို ရှာဖွေသင့်သည့်အချိန် အတိအကျပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ထိုသူကို စစ်ဆေးသည့် အရေးပါလှသော အချိန်များလည်းဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို သင် ရှာဖွေနိုင်ခြင်း၊ သမ္မာတရားကို လက်ခံနိုင်ခြင်း၊ အမှန်တကယ် နောင်တရနိုင်ခြင်း ရှိမရှိဟူသည်တို့မှာ လူတစ်ယောက်ကို အထုတ်ဖော်ဆုံးသော အချိန်အခိုက်အတန့်တို့ဖြစ်သည်။ ထိုအချိန်များတွင် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး အမှန်တကယ် နောင်တရလိုစိတ်ရှိသည်ကို ဝန်ခံသင့်သည်။ သင်သည် “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟု ဘုရားသခင်အား ပေါ့ပေါ့တန်တန် ပြောခြင်းထက် ဘုရားသခင်ထံသို့ ရိုးသားစစ်မှန်သော ကြေညာချက်တစ်ခုကို ပြုလုပ်သင့်သည်။ သင့်ထံမှ ဘုရားသခင်လိုအပ်သောအရာမှာ သင်၏ ပေါ့တန်ခြင်း မဟုတ်ဘဲ ရိုးသားစစ်မှန်သော နောင်တ၏ သဘောထားဖြစ်သည်။ သင့်တွင် အခက်အခဲများရှိလျှင် ဘုရားသခင်က သမ္မာတရားကို လိုက်စားခြင်း၊ လက်ခံခြင်း လမ်းကြောင်းပေါ်သို့ သင်ရောက်ရှိအောင်၊ သင့်ကိုယ်သင် ပြောင်းလဲလာအောင် ကူညီပေးလိမ့်မည်၊ လမ်းပြပေးလိမ့်မည်၊ တစ်ဆင့်ချင်း ဦးဆောင်ပေးလိမ့်မည်။ သင်၏ နောင်တသည် စကားသက်သက်သာ ဖြစ်လျှင်၊ သို့မဟုတ် သင်သည် နောင်တရဖို့ ရည်ရွယ်ပြီး သင်၏ ရည်ရွယ်ချက်များနှင့် ဆန္ဒများကို လွှတ်ချလိုစိတ် ရှိသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ရိုးသားစစ်မှန်ခြင်း မရှိဘဲ လုပ်ဆောင်ရန် စိတ်ဓာတ်အားအင် မရှိလျှင် ဘုရားသခင်က သင့်အား အတင်းလုပ်ဆောင်စေမည် မဟုတ်သည်မှာ မှန်သည်။ ဘုရားသခင်နှင့်ပတ်သက်လျှင် လူသားအပေါ် သူ၏ သဘောထားတွင် “မဖြစ်မနေလုပ်ရမည်” ဟူ၍ မရှိပေ။ ဘုရားသခင်က သင့်အား လွတ်လပ်ခွင့်ပေးပြီး ရွေးချယ်ခွင့်ပေးသည်။ ပြီးလျှင် သူသည် စောင့်ဆိုင်းနေသည်။ မည်သည့်အရာကို စောင့်ဆိုင်းနေသနည်း။ သင်သည် အဆုံးတွင် မည်သည့်ရွေးချယ်မှုကို ပြုလုပ်သည်နှင့် သင်၌ နောင်တရရန် ရည်ရွယ်ချက် ရှိမရှိတို့ကို ကြည့်ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သင်သည် နောင်တရရန် ရည်ရွယ်လျှင် မည်သည့်အချိန်တွင် လုပ်ဆောင်မည်နည်း။ သင်၏ နောင်တကို မည်သို့ဖော်ပြမည်နည်း။ သင်သည် နောင်တရရန် ရည်ရွယ်ပြီး နောင်တရလိုစိတ် ရှိသော်လည်း ပြုမူဆောင်ရွက်သောအခါ သင်၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန် ကြိုးစားသေးလျှင်၊ သင်၏ အဆင့်အတန်းကို အဆုံးခံဖို့ ဆန္ဒမရှိသေးလျှင် အမှန်တကယ် နောင်တရခြင်းမရှိ၊ ရိုးသားစစ်မှန်ခြင်း မရှိဆိုသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ သင်သည် နောင်တရရန် အနည်းငယ်မျှသာ ဆန္ဒရှိခြင်းဖြစ်သည်။ သို့သော် အမှန်တကယ် နောင်တရခြင်းကား မရှိ။ သင်သည် နောင်တရရန် ရည်ရွယ်ခြင်းမျှသာဖြစ်ပြီး အမှန်တကယ် နောင်တမရလျှင် ဘုရားသခင်က သင်၌ အလုပ်လုပ်မည်လော။ အလုပ်လုပ်မည် မဟုတ်ပေ။ ဘုရားသခင်က “ဤသို့ဆိုလျှင် မည်သည့်အချိန်တွင် နောင်တရရန် သင် ရည်ရွယ်သနည်း” ဟု ဆိုလိမ့်မည်။ သင်က သိမည်မဟုတ်ပေ။ ဘုရားသခင်က သင့်ကို နောက်တစ်ဖန် မေးမည်လော။ ဘုရားသခင်က မေးမည်မဟုတ်ဘဲ “သို့ဖြစ်လျှင် သင်သည် အမှန်တကယ် နောင်တရခြင်းမဟုတ်။ ဤသို့ဆိုလျှင် ငါ စောင့်ဆိုင်း၍သာ နေမည်” ဟု ဆိုလိမ့်မည်။ သင်သည် နောင်တရရန် မရည်ရွယ်ခြင်း ဖြစ်နိုင်သည်။ နောင်တရရန် မလိုလားခြင်း ဖြစ်နိုင်သည်၊ သို့မဟုတ် သင်၏ အဆင့်အတန်းနှင့် အကျိုးစီးပွားများကို လက်လွှတ်ဖို့ မလိုလားခြင်း ဖြစ်နိုင်သည်။ ကောင်းပြီ။ ဘုရားသခင်က သင့်အား လွတ်လပ်ခွင့်ပေးထား၍ သင်နှစ်သက်သည့် မည်သည့်ရွေးချယ်မှုကိုမဆို ပြုလုပ်နိုင်သည်။ ဘုရားသခင်က သင့်အား အတင်းခိုင်းစေမည်မဟုတ်။ သို့သော် သင်ထည့်တွက်ရမည့် အချက်တစ်ချက်ကား ရှိသည်။ သင်သည် နိနဝေမြို့သားများကဲ့သို့ သင့်ကိုယ်သင် ပြောင်းလဲပြီး နောင်တမရလျှင် မည်သို့ဖြစ်လာမည်နည်း။ ဖျက်ဆီးခြင်းခံရပေမည်။ သင်သည် လက်ရှိတွင် နောင်တရရန် ရည်ရွယ်ခြင်းသာရှိပြီး နောင်တရဖို့အတွက် အမှန်တကယ် လုပ်ဆောင်ခြင်းမရှိလျှင် ဘုရားသခင်က သင့်အား အရေးစိုက်မည်မဟုတ်။ ဘုရားသခင်က သင့်အား အဘယ်ကြောင့် အရေးစိုက်မည် မဟုတ်သနည်း။ ဘုရားသခင်က “သင်သည် စစ်မှန်ခြင်းမရှိ။ သင် မည်သည့်နေရာတွင် ရပ်တည်သည်ကို ကြေညာခြင်းမရှိ။ သင်၏ စိတ်နှလုံးက ယိမ်းယိုင်နေဆဲဖြစ်သည်” ဟု ပြောသည်။ သင်သည် ခဏတာ စဉ်းစားပြီးသည့်နောက်တွင် နောင်တရလိုစိတ်ရှိသည်ဟု ပြောဆိုနိုင်သည်။ သို့သော် ယင်းသည် လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် ခိုင်မာသော အစီအစဉ် တစ်စုံတစ်ရာမျှ မရှိဘဲ သင်၏ အတွေးတစ်စမျှသာ ဖြစ်သည်၊ အနှစ်မပါသော ဖော်ပြချက်တစ်ခုမျှသာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က “ငါသည် သင်ကဲ့သို့သော လူများကို ဘေးဖယ်ထားမည်။ သင့်ကို ငါအရေးမစိုက်။ သင် အလိုရှိသလို လုပ်ဆောင်လော့” ဟု ပြောသည်။ တစ်နေ့တွင် သင်သည် “မဖြစ်ချေ။ ကျွန်ုပ်နောင်တရဖို့လိုသည်” ဟု အသိတရားရသောအခါ မည်သို့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်သည် သင်ပြောသော ထိုစကားများ၏ လှည့်စားခြင်းကို ခံပြီး မစဉ်းမစားဖြင့် အလုပ်လုပ်ကာ “သူက နောင်တရဖို့ ရည်ရွယ်သည်။ ထို့ကြောင့် ယခု ငါသည် သူ့အား ကောင်းချီးပေးဖို့လိုသည် မဟုတ်လော” ဟု ပြောမည်မဟုတ်ပေ။ ဘုရားသခင်က ဤသို့ လုပ်ဆောင်မည် မဟုတ်။ မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ သူသည် သင့်အား စစ်ဆေးလိမ့်မည်။ သင်သည် နောင်တရဖို့ ရည်ရွယ်သည်။ နောင်တရဖို့ ဆန္ဒရှိသည်။ သင်၏ တောင်းဆိုချက်က ယခင်ကထက်ပို၍ ပြင်းထန်သည်။ သို့သော် မည်မျှကြာပြီးသည့်အခါမှ သင်အမှန်တကယ် ပြုလုပ်မည်ကို မည်သူသိသနည်း။ သင်သည် ခိုင်မာသော အဆင့်များကို မလုပ်ဆောင်သေးလျှင်၊ သို့မဟုတ် နောင်တရခြင်းကို လက်တွေ့လုပ်ဆောင်ရန် ခိုင်မာသော အစီအစဉ်မရှိလျှင် ယင်းသည် စစ်မှန်သော နောင်တရခြင်းမဟုတ်ပေ။ သင်သည် လက်တွေ့လုပ်ဆောင်ရမည်။ သင် လက်တွေ့လုပ်ဆောင်ပြီးသည်နှင့် ဘုရားသခင်၏ လုပ်ဆောင်မှုက နောက်မှ လိုက်လာလိမ့်မည်။ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လူတို့အပေါ် ဘုရားသခင်၏ ဆက်ဆံမှုတွင် စည်းမျဉ်းများ မရှိသလော။ ဘုရားသခင်က အလုပ်လုပ်သောအခါ လူတစ်ယောက်သည် ဉာဏ်အလင်းပွင့်လင်းမှုကို ရရှိသည်။ သူ၏ အမြင်တို့က လင်းလက်ပြီး သမ္မာတရားကို သူနားလည်ကာစစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သည်။ သူ၏ အကျိုးအမြတ်သည် ရာချီ၊ ထောင်ချီ၍ ဆတိုး တိုးပွားသည်။ ဤသို့ ဖြစ်ပျက်သည်နှင့် သင်သည် အမှန်တကယ် ကောင်းချီးခံစားရပြီ ဖြစ်သည်။ ထို့ကြောင့် ဤအရာများကို ရရှိရန်အတွက် လူတို့သည် မည်သည့်အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားရမည်နည်း။ (အမှန်တကယ် နောင်တရနိုင်စွမ်း ဖြစ်ပါသည်။) မှန်သည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ဆန္ဒများကို အမှန်တကယ် လွှတ်ချသောအခါ၊ ဘုရားသခင်ထံတွင် အမှန်တကယ် နောင်တရသောအခါ ၎င်းတို့၏ မကောင်းမှုကျူးလွန်ခြင်းကို ရပ်တန်းက ရပ်ပစ်လိုက်သည်ဟူ၍ လည်းကောင်း၊ ၎င်းတို့၏ ဆိုးယုတ်မှု၊ ၎င်းတို့၏ ဆန္ဒများနှင့် ရည်ရွယ်ချက်များကို လွှတ်ချလိုက်သည်ဟူ၍ လည်းကောင်း၊ ဘုရားသခင်ထံ ဝန်ချသည်၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားနှုတ်ကပတ်တော်တို့ကို လက်ခံသည်ဟူ၍ လည်းကောင်း အဓိပ္ပာယ်ရသည်။ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲခြင်း၏ စစ်မှန်မှုထဲသို့ စတင်ဝင်ရောက်လိမ့်မည်။ ဤအရာသည်သာ စစ်မှန်သော နောင်တဖြစ်သည်။

သမ္မာတရားကို လူတို့လိုက်စားသည့် လမ်းကြောင်းတွင် မကြာခဏ တွေ့ရှိရသော ပြဿနာများနှင့် သမ္မာတရားကို လိုက်စားသူများ သတိပြုမိပြီး သိမြင်လာနိုင်သည့် ပြဿနာများကို ယခု ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ၎င်းတို့သည် ဧကန်ပင် ဖြေရှင်းသင့်သည့် ပြဿနာများပင်ဖြစ်သည်။ ယခင်က ဤပြဿာနာများကို ငါတို့ အလွန်အကျွံ ရှင်းပြမှု၊ သို့မဟုတ် စိစစ်မှု မရှိခဲ့ခြင်း ဖြစ်နေနိုင်သည်။ ဤအရာများနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ ကောက်ချက်ချခြင်း တစ်စုံတစ်ရာပင် မရှိခဲ့ခြင်း ဖြစ်နိုင်၏။ သို့သော် သမ္မာတရားအား လိုက်စားသည့် ဖြစ်စဉ်တွင် လူက ကြုံတွေ့ရသော အဆင့်တစ်ခုစီနှင့် ဤဖြစ်စဉ်အတွင်း ၎င်းတို့၌ ရှိသည့် မတူညီသော အပြုအမူများ၊ အခြေအနေများနှင့်ပတ်သက်လျှင် ဘုရားသခင်၌ ကိုက်ညီမှုရှိသော လုပ်ဆောင်မှုနှင့် နှုတ်ကပတ်တော်များ ရှိသည်။ ဘုရားသခင်၌ ထိုအရာများကို ချဉ်းကပ်ပြီး ဖြေရှင်းသည့် ဆက်စပ်မှုရှိသော နည်းနာနိဿယများရှိသည်။ လူတို့သည် ဤအရာများအားလုံးကို အနည်းငယ် ကြုံတွေ့နိုင်ပြီး နားလည်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ကို နားလည်မှုမလွဲသင့်ပေ၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်ပြီး လက်တွေ့အရှိတရားနှင့် မကိုက်ညီသော အယူအဆ၊ စိတ်ကူးတစ်စုံတစ်ရာကို မထားရှိသင့်ပေ။ ထို့အပြင် သမ္မာတရားအား လိုက်စားခြင်းတွင် ပါဝင်သော အဆင့်တိုင်း၊ လုပ်ဆောင်မှုပုံစံတိုင်း၊ ကျင့်သုံးမှုပုံစံတိုင်းနှင့်ပတ်သက်ပြီး ရွေးချယ်မှုများ ပြုလုပ်ရန်အတွက် ဘုရားသခင်သည် လူတို့အား လုံလောက်သော လွတ်လပ်ခွင့်နှင့် လုံလောက်သော ဆောင်ရွက်ခွင့်တို့ကို ပေးသည်။ ဘုရားသခင်သည် လူတို့ကို အတင်းအကျပ် မစေခိုင်းပေ။ ဤနှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကို စာသားဖြင့် ပုံနှိပ်ထားပြီး ရှင်းလင်းတိကျသော ဘာသာစကားဖြင့် ပြောဆိုထားသော်လည်း လူတိုင်းအနေနှင့် ဤသမ္မာတရားများကို မည်သို့ချဉ်းကပ်မည်ဆိုသည်နှင့် ပတ်သက်ပြီး မိမိ၏ ကိုယ်ပိုင်လွတ်လပ်စွာ ရွေးချယ်မှုကို ပြုလုပ်ရန်မှာ ၎င်းတို့အပေါ်တွင် မူတည်သည်။ ဘုရားသခင်က လူတို့ကို အတင်းမစေခိုင်းပေ။ သင်သည် သမ္မာတရားအား လိုက်စားလိုစိတ်ရှိလျှင် သင်သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်။ သင်သည် သမ္မာတရားအား လိုက်စားလိုစိတ် မရှိလျှင်၊ ဤသမ္မာတရားများကို ဂရုမစိုက်ဘဲ ငြင်းပယ်လျှင်၊ သမ္မာတရားအား လိုက်စားခြင်းကို လက်တွေ့လုပ်ဆောင်သည့် ဤနည်းလမ်းများကို လုံးဝ စိတ်မဝင်စားလျှင်လည်း ကိစ္စမရှိပေ။ ဘုရားသခင်က အတင်းခိုင်းစေမည် မဟုတ်။ သင်သည် ဘုရားသခင်အတွက် ကြိုးပမ်းလုပ်ဆောင်လိုစိတ်သာ ရှိလျှင် ဤသည်မှာလည်း ကိစ္စမရှိပေ။ စည်းမျဉ်းများကို သင်မချိုးဖောက်သရွေ့ ဘုရားအိမ်တော်သည် သင့်အား ကိုယ်ပိုင်ရွေးချယ်မှုကို ပြုလုပ်ခွင့်ပေးလိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းသည် ကယ်တင်ခြင်းအား ရယူခြင်းနှင့် ခွဲခြား၍ မရနိုင်အောင် ဆက်စပ်နေပြီး နီးကပ်စွာ ဆက်နွှယ်နေသော်လည်း သမ္မာတရားအား လိုက်စားခြင်းကို စိတ်မဝင်စားသောသူများ၊ စဉ်းစားခြင်းမရှိသူများ၊ သို့မဟုတ် ထိုသို့လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိသကဲ့သို့ မည်သည့်အစီအစဉ်မျှလည်း မရှိသူများသည် မနည်းလှပေ။ ဤသို့ဆိုလျှင် ဤလူများသည် ရှုတ်ချခြင်း ခံရသလော။ ထိုသို့လည်း မဟုတ်ပေ။ ဤလူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့် ညီလျှင် ဘုရားအိမ်တော်၌ ၎င်းတို့၏ တာဝန်များကို ဆက်လက်၍ ထမ်းဆောင်နိုင်သည်။ ဘုရားအိမ်တော်သည် သမ္မာတရားကို သင် မလိုက်စားသောကြောင့် သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ဖယ်ရှားမည်မဟုတ်ပေ။ သို့သော် ဤနည်းဖြင့် တာဝန်ထမ်းဆောင်ခြင်းကို “ကြိုးပမ်းလုပ်ဆောင်ခြင်း” ဟု ယခုအချိန်အထိ သတ်မှတ်ထားသည်။ “ကြိုးပမ်းလုပ်ဆောင်ခြင်း” ဆိုသည်မှာ ကောင်းမွန်စွာ သုံးနှုန်းထားခြင်းဖြစ်သည်။ ဘုရားအိမ်တော်က အသုံးပြုသော အခေါ်အဝေါ် ဖြစ်သည်။ သို့သော် အမှန်တကယ်တွင် “အလုပ်လုပ်ခြင်း” ဟု ရိုးရှင်းစွာ ခေါ်ဆိုနိုင်သည်။ သင်တို့ထဲမှ အချို့က “အလုပ်လုပ်သည့်အခါ လုပ်အားခရသည်” ဟူ၍ ဆိုနိုင်သည်။ ဟုတ်သည်။ အလုပ်လုပ်ခြင်းအတွက် လုပ်အားခရနိုင်သည်။ ဤသို့ဆိုလျှင် သင်၏ လုပ်အားခများက အဘယ်နည်း။ ဘုရားသခင်က သင့်အား ပေးခဲ့သော ကျေးဇူးတော်များအားလုံးဖြစ်သည်။ ထိုအရာများသည် သင်၏ လုပ်အားခများဖြစ်သည်။ ပြီးလျှင် သမ္မာတရားအား လိုက်စားခြင်းအတွက် သင်သည် မည်သည့်အရာကို လုပ်ဆောင်ရန် ရည်ရွယ်သည်ဖြစ်စေ၊ စီစဉ်သည်ဖြစ်စေ၊ ဆန္ဒရှိသည်ဖြစ်စေ သင်သည် လွတ်လပ်ကြောင်းကို သင့်အား ယခု ငါ ရှင်းလင်းစွာ ပြောနိုင်သည်။ သင်သည် သမ္မာတရားကို လိုက်စားနိုင်သည် ကိစ္စမရှိ။ မလိုက်စားလျှင်လည်း ကိစ္စမရှိ။ သို့သော် သင်တို့အား ငါပြောမည့် နောက်ဆုံးသောအရာမှာ သမ္မာတရားအား လိုက်စားခြင်းမှတစ်ဆင့်သာ ကယ်တင်ခြင်းခံရနိုင်ကြောင်းပင်။ သမ္မာတရားအား မလိုက်စားလျှင် ကယ်တင်ခြင်းခံရရန် သင့်အတွက် မျှော်လင့်ချက် လုံးဝ မရှိပေ။ ဤသည်မှာ သင့်ကို ငါပြောမည့် အချက်ဖြစ်သည်။ ဤအချက်ကို သင်တို့အား ပြောရမည်။ ထိုသို့အားဖြင့် သင်တို့၏ စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ၊ သေချာစွာ၊ တိကျစွာ၊ ထင်ရှားစွာ စွဲကပ်နေစေရန် ဖြစ်သည်။ ဤသို့အားဖြင့် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်သည် မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်ကို သင်တို့ ရှင်းလင်းစွာသိနိုင်ရန် ဖြစ်သည်။ သင်သည် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြင့်သာ ကျေနပ်နေပြီး “ကျွန်ုပ် တာဝန်ထမ်းဆောင်နိုင်ပြီး ဘုရားအိမ်တော်မှ နှင်ထုတ်ခြင်း မခံရလျှင် ကိစ္စအားလုံး အဆင်ပြေသည်ပင်။ သမ္မာတရားကို လိုက်စားခြင်းကဲ့သို့ ခက်သည့်ကိစ္စမျိုးနှင့် ကိုယ့်ကိုယ်ကိုယ် စိတ်ရှုပ်ခံဖို့ မလိုပါ” ဟု စဉ်းစားနေလျှင် သင်၏ ဤအမြင်သည် ခိုင်မာမှုရှိမည်လော။ သင်သည် ယခုတွင် ဘုရားသခင်ကို ယုံကြည်ဆဲ ဖြစ်သော်လည်း၊ သို့မဟုတ် တာဝန်ထမ်းဆောင်ဆဲ ဖြစ်သော်လည်း အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်နိုင်သည်ဟု ယုံကြည်မှုရှိသလော။ မည်သို့ပင်ဖြစ်စေ သမ္မာတရားအား လိုက်စားခြင်းသည် ဘဝတွင် ကြီးမြတ်သော ကိစ္စဖြစ်သည်။ ဤသည်မှာ အိမ်ထောင်ပြုခြင်း၊ သားသမီးမွေးခြင်း၊ သင်၏သားသမီးများကို ပျိုးထောင်ခြင်း၊ သင်၏ ဘဝကို ရှင်သန်ပြီး စည်းစိမ်ကို ရှာဖွေခြင်းတို့ထက် ပို၍ အရေးကြီးသည်။ ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်ခြင်း၊ အနာဂတ်တစ်ခုနောက်သို့ လိုက်ခြင်းထက်ပင် ပို၍ အရေးကြီးသည်။ စာရင်းချုပ်လိုက်လျှင် သမ္မာတရားအား လိုက်စားခြင်းသည် လူတစ်ယောက်၏ ဘဝလမ်းကြောင်းတွင် အရေးပါဆုံးသောအရာ ဖြစ်သည်။ သင်တို့သည် သမ္မာတရားအား လိုက်စားခြင်းကို စိတ်ဝင်စားမှု မရှိသေးလျှင် မည်သူကမျှ သင်တို့အား သတ်မှတ်ချက်ပေးမည်မဟုတ်။ သင်တို့သည် နောင်တွင် သမ္မာတရားအား လိုက်စားမည်မဟုတ်ဟု ပြောမည်မဟုတ်ပေ။ ငါသည်လည်း သင်တို့အား သတ်မှတ်ချက်ပေးမည်မဟုတ်။ သမ္မာတရားအား ယခု မလိုက်စားလျှင် နောင်တွင် မည်သည့်အခါမျှ လိုက်စားမည်မဟုတ်ဟု ပြောမည်မဟုတ်ပေ။ ဤသို့ ဖြစ်ပျက်နေခြင်း မဟုတ်ပေ။ ဤသို့သော ယုတ္တိတန်သည့် ဆက်စပ်မှုမရှိပေ။ ဤသည်မှာ အမှန်တရား မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ မဝေးသော အနာဂတ်တွင်၊ သို့မဟုတ် ဤအခိုက်အတန့်တွင်ပင် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းကို သင်တို့ စတင်နိုင်ဖို့၊ သမ္မာတရားအား လိုက်စားသူများဖြစ်လာဖို့၊ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ရှိသည့်သူများထဲတွင် ပါဝင်ဖို့ ငါ အမှန်မျှော်လင့်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။