ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်

သင်သည် ယေရှုကိုမြင်တွေ့လိုပါသလား။ ယေရှုနှင့်အတူနေလိုပါသလား။ ယေရှုပြောသည့် စကားများကို ကြားလိုပါသလား။ သို့ဖြစ်ပါက ယေရှုတစ်ဖန်ကြွလာမည်ကို သင်မည်သို့ ကြိုဆို မည်နည်း။ သင်အလုံးစုံပြင်ဆင်ပြီးပြီလား။ ယေရှုတစ်ဖန်ကြွလာမည်ကို သင်မည်သည့်နည်းဖြင့် ကြိုဆိုမည်နည်း။ ယေရှုနောက်သို့လိုက်သည့် ညီအစ်ကိုမောင်နှမတိုင်းသည် ယေရှုကို ကောင်းစွာ ကြိုဆိုလိုလိမ့်မည်ဟု ငါထင်သည်။ သို့သော် သင်တို့သည် ယေရှုတစ်ဖန်ကြွလာချိန်တွင် ကိုယ်တော်ကို အမှန်စင်စစ် သိနေလိမ့်မည်လားဟူသည်ကို စဉ်းစားပြီးပြီလား။ ကိုယ်တော်ပြောသည့် ခပ်သိမ်းသောစကားများကို သင်တို့အမှန်ပင်နားလည်မည်လား။ ကိုယ်တော်ဆောင်ရွက်သည့် အမှုခပ်သိမ်းကို သင်တို့ အမှန်ပင် ခြွင်းချက်မရှိလက်ခံမည်လား။ ကျမ်းစာဖတ်ဖူးသူတိုင်း ယေရှု တစ်ဖန်ကြွလာမည်အကြောင်းကိုသိပြီး ကျမ်းစာဖတ်ဖူးသူတိုင်း ကိုယ်တော်ရှင်ကြွလာမည့် နေ့ရက်ကို အာရုံစူးစိုက်လျက် စောင့်နေကြ၏။ သင်တို့သည် ရောက်လာမည့် ထိုအချိန်ကို အစွဲအလန်းကြီးနေကြပြီး သင်တို့၏ရိုးသားမှန်ကန်မှုသည် ချီးမြှောက်ထိုက်၏။ သင်တို့၏ ယုံကြည်ခြင်းသည် အမှန်တကယ်ပင် အားကျစရာကောင်း၏။ သို့သော် သင်တို့သည် ကြီးလေးသော အမှားတစ်ရပ်ကိုကျူးလွန်မိကြောင်း သိပါသလား။ ယေရှုသည် မည်သည့်နည်းဖြင့် တစ်ဖန်ပြန်ကြွလာမည်နည်း။ ယေရှုသည် တိမ်ဖြူပေါ်မှနေ၍ တစ်ဖန်ပြန်ကြွလာမည်ဟု သင်တို့ ယုံကြည်သည်။ သို့ရာတွင် သင်တို့ကို ငါမေးစရာရှိ၏။ ဤတိမ်ဖြူသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယေရှုတစ်ဖန်ကြွလာရန်စောင့်နေသော ကိုယ်တော်ရှင့်နောက်လိုက်သူ အများအပြားရှိနေသဖြင့် မည်သူတို့အကြား ကိုယ်တော်ရှင် ဆင်းသက်ရမည်နည်း။ သင်တို့သည် ယေရှု ပထမဆုံး ဆင်းသက်တော်မူသောသူတို့အကြားတွင် ရှိနေလျှင် ဤသည်မှာ ကြီးစွာသော မတရားမှုဟု အခြားသူများ မြင်မည်မဟုတ်ပါလား။ သင်တို့သည် ယေရှုအပေါ် လွန်စွာရိုးသား မှန်ကန်၍ သစ္စာရှိသည်ကို ငါသိသော်လည်း သင်တို့သည် ယေရှုကို မြင်ဖူးပါသလား။ ကိုယ်တော်၏ စိတ်နေသဘောထားကို သိပါသလား။ ကိုယ်တော်နှင့်အတူ နေဖူးပါသလား။ ကိုယ်တော်အကြောင်း သင်တို့ အမှန်တကယ် မည်မျှနားလည်သနည်း။ အချို့က ဤစကားများသည် ၎င်းတို့ကို အနေရခက်ကာ စိတ်အကျပ်အတည်းဖြစ်စေသည်ဟု ဆိုမည်။ “ကျွန်ုပ်သည် ကျမ်းစာအစအဆုံး ကြိမ်ဖန်များစွာ ဖတ်ပြီးပြီ။ ယေရှုကို ကျွန်ုပ် နားမလည်ဘဲ အဘယ်သို့ရှိမည်နည်း။ ယေရှု၏စိတ်နေ သဘောထားကိုမဆိုနှင့် ကိုယ်တော်ဝတ်ဆင်လိုသည့် အဝတ်အစားအရောင်ကိုပင် ကျွန်ုပ်သိ၏။ ကိုယ်တော်ကို ကျွန်ုပ်နားမလည်ဟု ဘုရားရှင်ဆိုသည့်အခါ ကျွန်ုပ်ကိုချိုးနှိမ် ခြင်း မဟုတ်ပါသလား။” ဟု ထိုသူတို့ ဆိုမည်။ ဤပြဿနာများကို အငြင်းမပွားရန် ငါအကြံပြု၏။ စိတ်ကို ငြိမ်သက်စေပြီး အောက်ပါမေးခွန်းများအကြောင်း ဆွေးနွေးပြောဆိုပါက ပို၍ကောင်း၏။ ဦးစွာပထမ လက်တွေ့အရှိတရားသည် မည်သည့်အရာဖြစ်ပြီး သဘောတရားသည် မည်သည့်အရာဖြစ်ကြောင်း သင်သိပါသလား။ ဒုတိယအနေဖြင့် အတွေးသည် မည်သည့်အရာဖြစ်ပြီး၊ သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကို သိပါသလား။ တတိယအနေဖြင့် မည်သည့်အရာသည် စိတ်ကူးဖြစ်ပြီး၊ မည်သည့်အရာသည် အမှန်တကယ်ဖြစ်သည်ကို သင်သိပါသလား။

အချို့သူများက ၎င်းတို့ ယေရှုကိုနားမလည်ကြောင်းကို ငြင်းဆိုကြသည်။ သို့သော်လည်း သင်တို့သည် ကိုယ်တော်ရှင်ကို အနည်းငယ်မျှ နားမလည်ကြောင်းနှင့် ယေရှု၏စကားတစ်လုံးကိုမျှ နားမလည်ကြောင်း ငါဆို၏။ ဤသည်မှာ သင်တို့တစ်ဦးစီသည် ကျမ်းစာတွင်ဖော်ပြထားသည့် အကြောင်းအရာများကြောင့်၊ အခြားသူများက ပြောသောအရာများကြောင့်၊ ကိုယ်တော်ရှင် နောက်တော်သို့ လိုက်သည့်အတွက်ဖြစ်၏။ သင်တို့သည် ယေရှုနှင့်အတူနေဖို့မဆိုနှင့် ကိုယ်တော်ရှင်ကို တစ်ခါမျှ မြင်ဖူးခြင်းမရှိ၊ ကိုယ်တော်ရှင်နှင့် ခဏတာမျှပင် မရှိဖူးပါ။ သို့ဖြစ်၍ ယေရှုအပေါ်သင်နားလည်ခြင်းမှာ သဘောတရားပင်မဟုတ်ပါလား။ ဤသည်မှာ လက်တွေ့အရှိတရား ကင်းမဲ့နေသည် မဟုတ်ပါလား။ အချို့သူများက ယေရှု၏ပုံတူ မြင်ဖူးခဲ့ သို့မဟုတ် ယေရှု၏ အိမ်တော်သို့ ကိုယ်တိုင်သွားဖူးခဲ့နိုင်ကြသည်။ အချို့က ယေရှု၏အဝတ်အစားများကို ကိုင်ခဲ့ဖူး နိုင်ကြသည်။ သို့သော် ယေရှုစားသည့်အစာကိုပင် သင်ကိုယ်တိုင်စားခဲ့ဖူးသော်မှ ကိုယ်တော်အပေါ် သင်၏နားလည်မှုသည် သဘောတရားသာ ဖြစ်ဆဲဖြစ်ပြီး လက်တွေ့မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ သင်သည် ယေရှုကို တစ်ခါမျှမမြင်ဖူးပါ။ ဇာတိပကတိအသွင်ဖြင့် တစ်ခါမျှ ကိုယ်တော်နှင့်အတူ အဖော်မပြုဖူးပါ။ ထို့ကြောင့် ယေရှုအပေါ်သင်၏နားလည်မှုမှာ အစဉ်ပင် လက်တွေ့အရှိတရား ကင်းမဲ့နေသည့် အချည်းနှီးသော သဘောတရားသာလျှင် ဖြစ်ရမည်။ ငါ၏စကားများ အပေါ် သင်စိတ်ဝင်စားမှုနည်းချင်နည်းမည်။ သို့သော် သင့်ကိုငါဤသို့မေး၏- သင်သည် သင်အကြိုက်နှစ်သက်ဆုံးသော စာရေးဆရာ၏ ရေးသားချက်များစွာကို ဖတ်ဖူးချင်ဖတ်ဖူးခဲ့မည် ဖြစ်သော်လည်း ထိုသူနှင့်အတူ တစ်ခါမျှအတူမရှိဖူးဘဲ ထိုသူကို သင်အပြည့်အဝ နားလည်နိုင် မည်လား။ ထိုသူ၏ကိုယ်ရည်ကိုယ်သွေး မည်သို့ရှိမည်ကို သင်သိမည်လား၊ သူနေထိုင်သည့် အသက်တာကို သိသလား၊ ထိုသူ၏စိတ်ခံစားချက် အနေအထားအကြောင်း သင်တစ်ခုခု သိသလား၊ သင်နှစ်သက်မြတ်နိုးသည့်လူသားတစ်ဦးကိုပင် အပြည့်အဝနားမလည်ဘဲ ယေရှုခရစ်ကို သင်မည်သို့နားလည် နိုင်မည်နည်း။ ယေရှုအကြောင်း သင်နားလည်သည့် အရာခပ်သိမ်းသည် လုံးဝစိတ်ကူးယဉ်၊ အယူအဆမျှသာဖြစ်ပြီး သမ္မာတရား သို့မဟုတ် အမှန်တကယ်ရှိသည့်အရာ မဟုတ်။ ဤအရာသည် အနံ့နံ၍ ဇာတိပကတိနှင့် ပြည့်ဝနေ၏။ ယေရှုတစ်ဖန်ကြွလာခြင်းကို ကြိုဆိုရန် ထိုသို့သောနားလည်မှုဖြင့် သင်မည်ကဲ့သို့ အရည်အချင်းမီနိုင်မည်နည်း။ ဇာတိပကတိ အပေါ် စိတ်ကူးယဉ်များ၊ အယူအဆများနှင့် ပြည့်ဝနေသူများကို ယေရှု လက်ခံမည်မဟုတ်ပါ။ ယေရှုကိုနားမလည်သူများသည် ကိုယ်တော်ကိုယုံကြည်သူများအဖြစ် မည်သို့ သင့်တော်နိုင်မည်နည်။

ဖာရိရှဲတို့ ယေရှုကိုဆန့်ကျင်ရခြင်းအကြောင်းရင်းကို သင်တို့သိလိုပါသလား။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုပါသလား။ ၎င်းတို့သည် မေရှိယအကြောင်း စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့အပြင် မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ပြီး အသက်တာ၏ သမ္မာတရားကို မရှာခဲ့ကြ။ ထို့ကြောင့် ၎င်းတို့သည် ယနေ့တိုင် မေရှိယကို စောင့်နေဆဲဖြစ်၏။ ထိုသူတို့သည် အသက်တာ၏ သမ္မာတရားကို မသိ၊ သမ္မာတရား၏လမ်းခရီးကိုလည်း မသိသောကြောင့် ဖြစ်၏။ ဤသို့ မိုက်မဲ၊ ခေါင်းမာ၍ အသိဉာဏ်ကင်းမဲ့သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟုသင်မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို သူတို့သည်မည်သို့ မြင်နိုင်ကြမည်နည်း။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်၏လမ်းညွှန်ချက်ကို မသိသဖြင့် ယေရှုကိုဆန့်ကျင်၏။ ဤသည်မှာ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိသောကြောင့်ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကိုနားမလည်သောကြောင့်လည်း ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို တစ်ခါမျှမြင်ဖူးခြင်းမရှိ၊ မေရှိယနှင့်အတူ တစ်ခါမျှအဖော်ပြုခြင်း မရှိခြင်း တို့ကြောင့် မေရှိယ၏အနှစ်သာရကို နည်းအမျိုးစုံဖြင့် ဆန့်ကျင်နေစဉ်အခါပင် မေရှိယ၏ နာမအပေါ် အချည်းနှီးသောချီးကျူးဂုဏ်ပြုမှုကို ပေး၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီး သမ္မာတရားကို နာခံခြင်းမရှိကြ။ ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ရခြင်း၏ အခြေခံသဘောတရားမှာ ကိုယ်တော်ရှင်၏တရားတော် မည်မျှပင်လေးနက်သည်ဖြစ်စေ၊ ကိုယ်တော်ရှင်၏တန်ခိုးအာဏာ မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရလျှင် ကိုယ်တော်ရှင်သည် ခရစ်တော် မဟုတ်ဟူ၍ဖြစ်သည်။ ဤအမြင်များသည် ကြီးကျယ်လွန်း၍ ရယ်ဖွယ်မကောင်းပါသလား။ သင်တို့သည် ယေရှုကို အနည်းငယ်မျှပင် နားမလည်သည့်အတွက် ရှေးအကျဆုံးသော ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန်မလွယ်ကူပေဘူးလားဟု ငါ သင်တို့ကို တစ်ဖန်ပြန်မေး၏။ သင်သည် သမ္မာတရား၏လမ်းခရီးကို သိမြင်နိုင်သလား။ သင်သည် ခရစ်တော်ကို ဆန့်ကျင်ခြင်းမပြုဟု အမှန်တကယ်အာမခံနိုင်သလား။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်နောက် လိုက်နိုင်မည်လား။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ ဆန့်ကျင်ခြင်းမပြုမည်ကို မသိပါက သင်သည် သေခြင်း၏ချောက်ကမ်းပါးတွင် နေလျက်ရှိနေပြီဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူခပ်သိမ်းသည် ယေရှုကိုဆန့်ကျင်ခြင်း၊ ယေရှုကိုငြင်းပယ်ခြင်း၊ ကိုယ်တော်ကို အသရေဖျက်ခြင်းများ လုပ်နိုင်စွမ်းရှိသည်။ ယေရှုကို နားမလည်သူခပ်သိမ်းသည် ကိုယ်တော်ကို ငြင်းပယ်ခြင်းနှင့် ကိုယ်တော်ကို ဝေဖန်ပုတ်ခတ်ခြင်းများ ပြုနိုင်စွမ်းရှိသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် ယေရှုတစ်ဖန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုဟု မြင်နိုင်စွမ်းရှိကြပြီး ယေရှုခရစ် ဇာတိပကတိတစ်ဖန်ခံယူ၍ပြန်လာခဲ့သည်ကို သာ၍ များသောသူများက ရှုတ်ချလိမ့်မည်။ ဤသည်အားလုံးတို့သည် သင်တို့အား ကြောက်ရွံ့စိတ် မပေါ်စေဘူးလား။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်မှ အသင်းတော်တို့ကို ပြောသည့်စကားများကို ပျက်စီးစေခြင်းနှင့် ယေရှုမှထုတ်ဖော်ပြောဆိုခဲ့သည့် အရာခပ်သိမ်းကို ပစ်ပယ်ခြင်းတို့နှင့် သင်တို့ရင်ဆိုင်ရမည်။ သင်တို့ဤမျှစိတ်ရှုပ်ထွေးနေပါက ယေရှုထံမှ မည်သည့်အရာရနိုင်မည်နည်း။ သင်တို့၏အမှားများကို အသိအမှတ်ပြုရန် ခေါင်းမာစွာ ငြင်းဆိုပါက တိမ်ဖြူပေါ်မှ ဇာတိပကတိအဖြစ်သို့ ယေရှု ပြန်ကြွလာချိန်တွင် ကိုယ်တော်ရှင်၏ အမှုတော်ကို သင်တို့မည်သို့ နားလည်နိုင်မည်နည်း။ သမ္မာတရားကို လက်မခံသော်လည်း ယေရှု တိမ်ဖြူပေါ်မှ ကြွလာသည်ကို ဆင်ကန်းတောတိုးစောင့်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမည်မှာသေချာပြီး ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်မည့် လူမျိုးများဖြစ်ကြောင်း ငါ သင်တို့ကိုပြော၏။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုသာ လိုလား၍ ပျော်ရွှင်ဖွယ်ရာ ကောင်းကင်ဘုံကိုသာ ခံစားလိုကြသော်လည်း ယေရှု၏ပြောစကားများကို မည်သည့်အခါကမျှ နာခံခဲ့ခြင်းမရှိဘဲ ကိုယ်တော်ရှင် ဇာတိပကတိခံယူ၍ တစ်ဖန်ကြွလာချိန်တွင် ထုတ်ဖော်ပြောခဲ့သည့် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံရရှိခြင်းမရှိခဲ့ပါ။ တိမ်ဖြူပေါ်မှယေရှုတစ်ဖန်ကြွလာသည့်အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့် အရာကို ခိုင်မြဲစွာကိုင်ဆွဲထားမည်နည်း။ အပြစ်များ ကြိမ်ဖန်များစွာကျူးလွန်၍ ထပ်တလဲလဲ အပြစ်ဝန်ခံသည့် သင်တို့၏ရိုးဖြောင့်မှုလား။ တိမ်ဖြူပေါ်မှ တစ်ဖန်ကြွလာသည့်ယေရှုအတွက် သင်တို့မည်သည့်အရာကို ဆက်ကပ်ပူဇော်မည်နည်း။ သင်တို့ကိုယ်သင်တို့ချီးမြှောက်သည့် နှစ်ပေါင်းများစွာသော အလုပ်လား။ တစ်ဖန်ပြန်ကြွလာသည့်ယေရှု သင်တို့အပေါ် ယုံကြည် စိတ်ချရန် သင်တို့မည်သည့်အရာကို ခိုင်မာစွာကိုင်ဆွဲထားမည်နည်း။ မည်သည့်သမ္မာတရားကိုမျှ လိုက်နာခြင်းမရှိသည့် သင်တို့၏ဝင့်ဝါသောသဘောထားလား။

သင်တို့သည် စကားဖြင့်သာသစ္စာရှိကြ၏။ သင်တို့၏အသိသည် ပညာဉာဏ်၊ အယူအဆ တို့နှင့်သာဆိုင်၏။ သင်တို့၏အလုပ်များမှာ ကောင်းကင်မှကောင်းချီးမင်္ဂလာများ ရရှိရေးအတွက် ဖြစ်၏။ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်ပုံစံဖြစ်ရမည်နည်း။ ယနေ့တိုင်အောင် သင်တို့သည် သမ္မာတရားအကြောင်းစကားတစ်လုံးစီတိုင်းကို နားမထောင်ကြ။ ဘုရားသခင်သည် မည်သည့်အရာဟူသည်ကို သင်တို့မသိ၊ ခရစ်တော်မည်သည့်အရာဟူသည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့လေးစားရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အတွင်း မည်သို့ဝင်ရောက်ရမည်ကို သင်တို့မသိ၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုတော်နှင့် လူသား၏လှည့်ဖြားမှုများအကြား သင်တို့ မခွဲခြားတတ်ကြ။ သင့်အတွေးအခေါ်နှင့် မကိုက်ညီသည့် ဘုရားသခင်၏ထုတ်ဖော်ပြောကြားသည့် သမ္မာတရားကိုသာ သင်ရှုတ်ချတတ်၏။ သင်၏ စိတ်နှလုံး နှိမ့်ချမှု ဘယ်မှာနည်း။ သင်၏လိုက်နာမှု ဘယ်မှာနည်း။ သင်၏သစ္စာရှိမှု ဘယ်မှာနည်း။ သင်၏ သမ္မာတရားရှာလိုစိတ် ဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ရိုသေလေးမြတ်စိတ်သည် အဘယ်မှာနည်း။ နိမိတ်လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ပျက်စီးခြင်းသို့ သေချာစွာ ရောက်မည့်သူများထဲတွင် ပါဝင်မည်ဖြစ်ကြောင်း သင်တို့ကို ငါပြော၏။ ဇာတိပကတိဖြင့် တစ်ဖန်ပြန်၍ ကြွလာသော ယေရှု၏စကားများကို လက်မခံနိုင်သူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင် တမန်မင်းမှ ဆင်းသက်လာသူများဖြစ်သည်မှာ သေချာ၏။ ၎င်းတို့အထဲပါဝင်သူများသည် ထာဝရ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ငါပြောသည့်အရာများကို လူအများ ဂရုမစိုက်ဘဲနေနိုင်သည်။ သို့သော် ဖြူသော မိုးတိမ်ပေါ်မှနေ၍ ယေရှု ကောင်းကင်ဘုံမှဆင်းသက်လာသည်ကို သင်တို့ မျက်စိဖြင့် တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြားပေါ်ထွက်လာခြင်းဖြစ်၏ဟု သန့်ရှင်းသူများဟုခေါ်ကြသည့် ယေရှု၏နောက်သို့လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ်ရာအချိန် ဖြစ်နိုင်သည်။ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင်တွေ့ချိန်သည် အပြစ်ဒဏ်ခံရန် သင်ငရဲသို့ဆင်းချိန် ဖြစ်ကြောင်းကိုလည်း သင်သိသင့်သည်။ ဤအချိန်သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန်ကို ကြေညာပြီး ဘုရားသခင်မှ ကောင်းသောသူများကို ဆုချ၍ စဉ်းလဲသူများကို အပြစ်ပေးချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရားကို ဖော်ပြချက်သာရှိသည့် အချိန်ဖြစ်သော လူသားသည် နိမိတ်လက္ခဏာများကို မမြင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် ပြီးဆုံးခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံ၍ နိမိတ်လက္ခဏာများကို ရှာဖွေခြင်းမရှိသဖြင့် သန့်စင်ခြင်းခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်တော်ရှေ့သို့ တစ်ဖန်ပြန်ရောက်ပြီး ဖန်ဆင်းရှင်၏ ထွေးပိုက်မှုသို့ ဝင်ရောက်ရမည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် မှားယွင်းသော ယေရှုဖြစ်သည်” ဟု ဆက်လက်ယုံကြည်သူများသည်သာ ထာဝရအပြစ်ပေးခြင်း ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နိမိတ်လက္ခဏာများပြသော ယေရှုကိုသာယုံကြည်ကြကာ ပြင်းထန်သည့်တရားစီရင်မှုကို ကြွေးကြော်၍ စစ်မှန်သော အသက်တာလမ်းခရီးကို ထုတ်ပေးသော ယေရှုကိုကား အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသော မိုးတိမ်ပေါ်မှ ပွင့်လင်းစွာ တစ်ဖန် ကြွလာချိန်မှ ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထိုသူတို့သည် ခေါင်းမာလွန်း၏။ မိမိကိုယ်ကိုယ်ယုံကြည်စိတ် များလွန်းပြီး ဝင့်ဝါလွန်းကြသည်။ ဤမျှကိုယ်ကျင့်တရားပျက်ယွင်းနေ သူများကို ယေရှုအနေဖြင့် မည်သို့ဆုချနိုင်မည်နည်း။ သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများ အတွက် ယေရှုတစ်ဖန်ပြန်ကြွလာခြင်းသည် ကြီးမားသည့်ကယ်တင်ခြင်းတစ်ရပ်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ဤသည်မှာ အပြစ်ဒဏ်ပေးခြင်း၏ လက္ခဏာ တစ်ရပ် ဖြစ်သည်။ သင်တို့သည် မိမိလမ်းကြောင်း မိမိရွေးရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ မပြုရ။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သူနှင့် ဝင့်ဝါသူများ မဖြစ်ရ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာ၍ သမ္မာတရားကို တမ်းတကာ ရှာဖွေသူများ ဖြစ်ရမည်။ ဤနည်းဖြင့်သာ သင့်အတွက် အကျိုးရှိမည်။ ဘုရားသခင်ကိုယုံကြည်သည့်လမ်းကြောင်းကို သတိဖြင့်လျှောက်လှမ်းရန် သင်တို့ကို ငါအကြံပြု၏။ အလွယ်တကူ ကောက်ချက်ချခြင်း မပြုရ။ ထို့အပြင် ဘုရားသခင်အပေါ် သင်တို့ ယုံကြည်ရာတွင် အလွတ်သဘောဖြင့်သော်လည်းကောင်း၊ သတိမပြုဘဲသော်လည်းကောင်း မရှိရ။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် အနည်းဆုံးအနေဖြင့် စိတ်နှလုံးနှိမ့်ချ၍ ရိုသေလေးစားမှု ရှိရမည်ဖြစ်ကြောင်း သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားဖူးသော်လည်း ၎င်းတို့အတွက် သေးသိမ်သဖြင့် လက်မခံသောသူတို့သည် မိုက်မဲ၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားဖူးသော်လည်းသတိမပြုဘဲ အလွယ်တကူကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများ သည် ဝင့်ဝါခြင်းဒုက္ခ ခံစားနေကြ၏။ ယေရှုကိုယုံကြည်သူ မည်သူမျှ တစ်ပါးသူအား ကျိန်ဆဲခြင်း၊ ရှုတ်ချခြင်းများပြုရန် အရည်အချင်းမရှိပါ။ သင်တို့အားလုံးသည် ဆင်ခြင်တုံတရားရှိ၍ သမ္မာတရားကို လက်ခံသူများ ဖြစ်ရမည်။ သင်သည် သမ္မာတရား၏လမ်းခရီးအကြောင်း ကြားခဲ့ပြီး အသက်၏စကားများအကြောင်း ဖတ်ပြီးခဲ့ပြီး ဤစကားလုံး တစ်သောင်းအနက် စကားတစ်လုံးသာ သင်၏ခံယူချက်များနှင့်သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု ယူဆကောင်းယူဆနိုင်သည်။ ထို့နောက် သင်သည် ဤစကားလုံးများ၏ တစ်သောင်း မြောက်သောစကားလုံးကို ဆက်လက်ရှာဖွေ ရမည်။ သင်သည် နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယ်ယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကိုယ် လွန်ကဲစွာ မချီးကျူးရန် ငါအကြံပြုသေး၏။ သင်၏နှလုံးသားတွင် ဘုရားသခင်ကိုထိုသို့အနည်းငယ် ရိုသေလေးစားမှု ရှိလျှင်ပင် သင်သည် ပို၍ကြီးမားသော အလင်းရောင်ကို တွေ့လာနိုင်ပါလိမ့်မည်။ သင်သည် ဤစကားများကို သေချာစွာစစ်ဆေး၍ ကြိမ်ဖန်များစွာ စဉ်းစားပါက ၎င်းတို့သည် သမ္မာတရား ဟုတ်မဟုတ်နှင့် ၎င်းတို့သည် အသက်ဟုတ်မဟုတ်ကို သင်နားလည်ရမည်။ အချို့သူများသည် ဝါကျတစ်ခု၊ နှစ်ခုကိုသာ ဖတ်ပြီး၍ “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်း ရစေခြင်းသာဖြစ်သည်” ဟူ၍ဖြစ်စေ၊ “ဤသည်မှာ လူသားတို့အားလှည့်ဖြားရန် ရောက်လာသည့် ခရစ်တော် အတုအယောင်ဖြစ်၏” ဟူ၍ဖြစ်စေ ဤစကားများကို ဆင်ကန်းတောတိုး ရှုတ်ချနိုင်သည်။ ဤသို့ပြောသူများသည် အသိဉာဏ်ကင်းမဲ့မှုဖြင့် မျက်စိကန်းနေကြသည်။ ဘုရားသခင်၏အမှုတော်နှင့် ဉာဏ်အမြော်အမြင်ကို သင်နားလည်သည်မှာ နည်းပါးလွန်း၏။ ထို့ကြောင့် အစမှပြန်စရန် သင့်ကိုငါအကြံပြု၏။ နောက်ဆုံးသော နေ့ရက်များတွင် ခရစ်တော်အတုအယောင်များ ပေါ်ထွက်လာခြင်းကြောင့် သင်တို့သည် ဘုရားသခင် ထုတ်ဖော် ပြောဆိုသော စကားများကို ဆင်ကန်းတောတိုး ရှုတ်ချခြင်း မပြုရ။ သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်း ပြုသူတစ်ဦး မဖြစ်ရ။ ဤသို့ဖြစ်ပါက လွန်စွာသနားဖွယ်မကောင်းပေဘူးလား။ များစွာစစ်ဆေးပြီးသည့်အခါ ဤစကားများသည် သမ္မာတရား မဟုတ်၊ လမ်းခရီးမဟုတ်၊ ဘုရားသခင်၏ ထုတ်ဖော်ပြောဆိုချက် မဟုတ်ဟု သင်ယုံကြည်ဆဲဖြစ်ပါက သင့်ကို အဆုံးတွင် အပြစ်ဒဏ်ပေးပြီး သင်သည် ကောင်းချီး မင်္ဂလာများ ကင်းမဲ့လိမ့်မည်။ ထိုသို့သော ရိုးရှင်းလှစွာ ပြောဆိုထားသည့် သမ္မာတရားကို သင် လက်မခံနိုင်ပါက သင်သည်ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မထိုက်တန်ပေ။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ တစ်ဖန်ပြန်ရောက်ရန် ကံမကောင်းသူတစ်ဦး ဖြစ်နေမည်မဟုတ်ပေဘူးလား။ စဉ်းစားကြည့်ပါ။ အလျင်မလိုပါနှင့်၊ စိတ်မြန်လက်မြန် မလုပ်ပါနှင့်။ ထို့အပြင် ဘုရားသခင်အပေါ် ယုံကြည်စိတ်ကို ကစားပွဲတစ်ခုကဲ့သို့ မကိုင်တွယ်ပါနှင့်။ သင်၏ခရီးလမ်းဆုံးအတွက်၊ သင်၏ အလားအလာများအတွက် စဉ်းစားပြီး မိမိကိုယ်ကိုယ်အပေါ် တာဝန်မမဲ့ပါနှင့်။ ဤစကားများကို သင် လက်ခံနိုင်ပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။