အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)

နောက်ဆုံးသော ကာလရှိ ဘုရားသခင်၏ အလုပ်မှာ စိတ်ဒဏ်ရာ ကြီးမားစွာ ခံစားခဲ့ရသော ၎င်းတို့၏ နှလုံးသားသည် ပြန်လည် ပုံသွင်းခြင်း ခံရပြီး နတ်ဆိုး၏ အကြီးအကျယ် ထိခိုက်နစ်နာစေခြင်း ခံခဲ့ရသော ၎င်းတို့၏ ဝိညာဉ်သည် ကယ်နှုတ်ခြင်း ခံခဲ့ရသည်အထိ လူပုဂ္ဂိုလ် တစ်ဦးချင်းစီတိုင်း၏ ဝိညာဉ်ကို ပြုပြင်ရန်၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီတိုင်း၏ ဝိညာဉ်ကို ပြောင်းလဲစေရန် ဖြစ်သည်ဟု ကြိမ်ဖန်များစွာ ငါပြော ခဲ့ပြီ၊ ယင်းအလုပ်မှာ လူတို့၏ ဝိညာဉ်များကို နိုးကြားစေရန်၊ ၎င်းတို့၏ အေးစက်သော နှလုံးသားများကို အရည်ပျော်ကျစေရန်နှင့် ၎င်းတို့အား ပြန်လည် နုပျိုခွင့် ပြုရန် အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကြီးမြတ်ဆုံးသော အလိုပင် ဖြစ်သည်။ လူသား၏ အသက်တာနှင့် အတွေ့အကြုံများသည် မည်မျှ မြင့်မားသည်၊ သို့မဟုတ် မည်မျှ လေးနက်သိမ်မွေ့သည် ဆိုသည်အား ဘေးချိတ်ထားပါ။ လူတို့၏ နှလုံးသား များသည် နိုးကြားစေခြင်း ခံရပြီးသောအခါ၊ ၎င်းတို့၏ အိပ်မက်များမှ နိုးထစေခြင်း ခံရပြီး အဆင်းနီသော နဂါးကြီးမှ ပြုလုပ်ဖြစ်ပေါ်စေသည့် အန္တရာယ်ကို ပြည့်စုံ ကောင်းမွန်စွာ သိလာသောအခါ ဘုရားသခင် အမှုတော်၏ အလုပ်သည်ပြီးစီးပြီး ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်၏အလုပ် ပြီးဆုံးသွားသော နေ့ရက်သည် လူသားမှာ ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်၌ တရားဝင် စတင်သောနေ့ရက်လည်း ဖြစ်သည်။ ယခုအချိန်တွင် ဘုရားသခင်၏ အမှုတော်မှာ အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ ဘုရား သခင်၏ လူ့ဇာတိခံယူသော အလုပ်သည် လုံးလုံး ပြီးဆုံးသွား ခဲ့ပြီး ဖြစ်ပြီး လူသားသည် သူထမ်းဆောင် သင့်သည့် တာဝန်ကို တရားဝင် စတင်ထမ်းဆောင် လိမ့်မည်— လူသားသည် သူ၏ အမှုတော်ကို ထမ်းဆောင် လိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင် အလုပ်၏ အဆင့်များ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဤအရာများ ကို သိခြင်းအပေါ် အခြေခံ၍ သင်တို့၏ ဝင်ရောက်ရန် လမ်းကြောင်းကို စမ်းတဝါးဝါး ရှာသင့်သည်။ ဤအရာအားလုံးသည် သင်တို့ နားလည်သင့်သည့် အရာများ ဖြစ်သည်။ လူသား၏ ဝင်ရောက်ခြင်းသည် သူ၏ နှလုံးသား နက်ရှိုင်းရာအတွင်း အပြောင်းအလဲများ ဖြစ်ပွားသောအခါမှသာလျှင် တိုးတက်ပေ လိမ့်မည်၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည်- ရွေးနှုတ်ခံရပြီးသော်လည်း အမှောင် စွမ်းအားများ၏ အောက်တွင် နေထိုင်လျက်ရှိသေးပြီး မိမိကိုယ်မိမိ လုံးဝနိုးထစေခြင်း မရှိသော မာရ်နတ်များ စုဝေးရာဤအရပ်မှ- လူသားအား ပြီးပြည့်စုံစွာ ကယ်တင်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် နှစ်ပေါင်းထောင်ချီသည့် အပြစ်မှ လွတ်မြောက်ခြင်း ခံရပြီး ဘုရားသခင်၏ ချစ်မြတ်နိုးခြင်း ခံရရန်ဖြစ်သည်၊ အဆင်းနီသော နဂါးကြီးကို လုံးလုံး အလဲထိုးကာ ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ပြီး ဘုရားသခင်၏ စိတ်နှလုံးသည် ဆောလျင်စွာ အနားယူနိုင်စေရန်ဖြစ်သည်၊ ယင်းသည် သင်တို့၏ ရင်ဘတ်ကို ဖောင်းကြွစေသော အမုန်းတရားကို ခြွင်းချန်ခြင်း မရှိဘဲ ဖွင့်ချပြောဆိုရန်၊ ထိုမှိုတက် နေသော ရောဂါပိုးများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်၊ နွားထီး သို့မဟုတ် မြင်းတစ်ကောင်၏ ဘဝနှင့် ကွာခြားခြင်းမရှိသည့် ဤအသက်တာကို သင်တို့ စွန့်ခွာနိုင်ရန်၊ ကျွန်အဖြစ် ထပ်ဖြစ်မနေတော့ရန်၊ အဆင်းနီသော နဂါးကြီး၏ စိတ်ကြိုက် နင်းခြေခြင်းနှင့် အမိန့်ပေးစေခိုင်းခြင်းကို မခံရတော့ရန် ဖြစ်သည်။ သင်တို့ သည် ဤကျရှုံးသော တိုင်းနိုင်ငံနှင့် သက်ဆိုင်တော့မည် မဟုတ်၊ သင်တို့သည် ကောက်ကျစ်ယုတ်မာသည့် အဆင်းနီသော နဂါးကြီးနှင့်လည်း သက်ဆိုင်တော့မည် မဟုတ်၊ သင်တို့သည် ၎င်း၏ ကျွန်ပြုခြင်းလည်း ခံရတော့မည် မဟုတ်။ မာရ်နတ်၏ အသိုက်သည် ဘုရားသခင်၏ အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး သင်တို့သည် ဘုရားသခင်၏ နံဘေးတွင် ရပ်တည်ရကြလိမ့်မည်— သင်တို့သည် ဘုရား သခင်နှင့် သက်ဆိုင်ကြပြီး ဤကျွန်များ၏ အင်ပါယာနှင့် သက်ဆိုင်ခြင်းမရှိပေ။ ဘုရားသခင်သည် ကြာမြင့်စွာ ကတည်းက ဤအမိုက်မှောင် လူမှုအဖွဲ့အစည်းကို သူ၏ အရိုးများထိတိုင်အောင် ရွံရှာနေခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် အံသွားခဲကြိတ်လျက် ဤဆိုးညစ်၍ ကောက်ကျစ်ယုတ်မာကာ အိုသော မြွေအပေါ် သူ၏ ခြေအား အင်မတန်မှပင် ချချင်နေလေသည်၊ ထိုသို့အားဖြင့် ယင်းမြွေသည် မည်သည့်အခါမျှ ပြန်လည် ထကြွခြင်း မပြုရန်နှင့် လူသားအား နောက်တစ်ဖန် မည်သည့်အခါမျှ နှိပ်စက်ညှဉ်းပန်းခြင်း မပြုရန် ဖြစ်သည်။ ဘုရားသခင်သည် ၎င်းမြွေ၏ အတိတ်က လုပ်ရပ်များကို လွတ်ငြိမ်းခွင့် ပေးမည်မဟုတ်၊ လူသားအား ၎င်း၏ လှည့်ဖြားမှုကို သည်းခံလိမ့်မည် မဟုတ်၊ ခေတ်ကာလများ တစ်လျှောက်မှ ၎င်း၏ အပြစ်များ တစ်ခုချင်းစီ တိုင်းအတွက် ဆပ်ပေးစေလိမ့်မည်။ ဘုရားသခင်သည် ဆိုးညစ်မှုအားလုံး၏ ဤခေါင်သူကြီးအား စိုးစဉ်းမျှပင် အသက်ရှူချောင်ခွင့် ပေးလိမ့်မည်မဟုတ်၊ သူသည် ၎င်းကို ရှင်းရှင်း ဖျက်ဆီးပေလိမ့်မည်။

နှစ်ပေါင်းထောင်ချီတိုင်အောင် ဤကုန်းမြေသည် ညစ်ညူးခြင်း၏ ကုန်းမြေ ဖြစ်ခဲ့သည်၊ ထိုကုန်းမြေ သည် မခံမရပ်နိုင်လောက်အောင် ညစ်ညမ်းကာ စိတ်ဆင်းရဲမှုနှင့် ပြည့်နှက်နေပြီး တစ္ဆေများသည် နေရာတိုင်းတွင် သောင်းကျန်း နေကြကာ လိမ်လည်လှည့်ဖြား နေကြ၍ အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက် အကြင်နာတရား ကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ် နေကြ၍ ဤတစ္ဆေမြို့အား နင်းခြေလျက် ယင်းမြို့ကို အသေကောင်များဖြင့် ပြန့်ကျဲနေစေခဲ့သည်။ ယိုယွင်းနေသော အရာ၏ အပုပ်နံ့သည် ကုန်းမြေကို ဖုံးလွှမ်းနေပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့လျက် ရှိကာ၊ ယင်းသည် တင်းကျပ် စွာ စောင့်ကြပ်ခြင်း ခံနေရ၏။ မိုးကောင်းကင်အား လွန်၍ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ မာရ်နတ်သည် လူသား၏ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားပြီး၊ သူ၏ မျက်လုံး နှစ်လုံး စလုံးကို ထုတ်ပစ်ကာ သူ၏နှုတ်ခမ်းများအားလည်း ခိုင်မြဲစွာ စေ့စေ့ ပိတ်ထားလေသည်။ ထိုးဖောက်၍ မရနိုင်သော မာရ်နတ်တို့၏ နန်းတော်လေအလား တစ္ဆေမြို့အပေါ် အနီးကပ် ဆက်လက် စောင့်ကြပ်နေရင်း မာရ်နတ်များ၏ ရှင်ဘုရင်သည် ယနေ့ထက်ထိ နှစ်ထောင်ပေါင်း အချို့တိုင်အောင် သောင်းကျန်း နေခဲ့သည်။ ဤခြံစောင့်ခွေးအုပ်စုသည် ဘုရားသခင်သည် ၎င်းတို့ကို မသိလိုက်သည့်အချိန်မှာ ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးကို သုတ်သင်ပယ်ရှင်းကာ ပျော်ရွှင်ခြင်းနှင့် ငြိမ်သက်ခြင်း၏ နေရာ မရှိဘဲ ဖြစ်စေ မည်ကို နက်ရှိုင်းစွာ ကြောက်ရွံ့ နေကြလျက် စူးရဲသော မျက်လုံးများနှင့် စူးစိုက်ကြည့်နေသည်။ ဤတစ္ဆေမြို့၏ လူများသည် ဘုရားသခင်အား မည်သို့လျှင် မြင်တွေ့ဖူးလိမ့် မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းကို ခံစားခဲ့ဖူးသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့တွင် အဘယ်သုံးသပ်ချက်တို့ ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက် လျက် ရှိရစ်နေသည်မှာ သိပ်အံ့သြစရာ မဟုတ်ပါချေ။ မာရ်နတ်များသည် သနားကြင်နာခြင်းကင်း၍ လူမဆန်သည့် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းတွင် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော မာရ်နတ်များ၏ ရှင်ဘုရင်သည် ချစ်ခင်၍ ကြင်နာကာ သန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို အဘယ်သို့လျှင် သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို အဘယ်သို့လျှင် ၎င်းသည် လက်ခုပ်တီး၍ သြဘာပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းနှင့် ပြန်ပေးဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြသည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက် ကြသည်၊ ၎င်းတို့သည် အစွန်းရောက်သော လူရိုင်းများ ဖြစ်သည်၊ ၎င်းတို့၌ ဘုရားသခင် အား အလေးထားမှု စိုးစဉ်းမျှပင် မရှိ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ကွယ်ပျောက်ကြပြီး အသိတရား အလုံးစုံကို ဆန့်ကျင်ကြကာ အပြစ်မဲ့သော သူကို အသိစိတ် မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြလေသည်။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်သည့် အနေအထားနှင့် ပရမ်းပတာအနေအထားတွင် ထားခဲ့လေ၏။ ဘာသာရေး လွတ်လပ်ခြင်းလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့ အားလုံးသည် အပြစ်အား ဖုံးကွယ်ဖို့ရန်အတွက် လှည့်စားမှုများပင် ဖြစ်ကြသည်။ ဘုရားသခင်၏ အလုပ်ကို မည်သူ ပံ့ပိုးခဲ့သနည်း။ ဘုရားသခင်၏ အလုပ်အတွက် မည်သူသည် ၎င်းတို့၏ အသက်တာကို စွန့်လွှတ်ခဲ့သနည်း၊ သို့မဟုတ် သွေးမြေခခဲ့သနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်တိုင်အောင်၊ မိဘများမှသည် သားသမီးများအထိ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား ခပ်ဆတ်ဆတ်ပင် ကျွန်ပြုခဲ့ကြသည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်း များစွာသော အမုန်းတရားသည် နှလုံးသားထဲတွင် အနယ်ထိုင်နေခဲ့သည်၊ နှစ်ပေါင်းထောင်ချီသော အပြစ်နှင့် ပြည့်နှက်မှုသည် နှလုံးသားထက် တွင် ရေးထွင်းထားလျက် ရှိသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ အပြစ်ပေးသော ဘုရားသခင်သည် မိမိ၏ရန်သူကို အကြွင်းမဲ့ ဇီဝိန်ချုပ်စေပြီး ၎င်းအား ဆက်လက် ၍ သောင်းကျန်းခွင့်မပြုတော့ဘဲ ၎င်းအား စိတ်ရှိသည်အတိုင်း ပြဿနာများ ဖန်တီးခွင့် မပေးတော့ပေ။ ယခုသည် အချိန်ကျပေပြီ။ လူသားသည် ကြာမြင့်စွာ ကတည်းကပင် သူ၏ ခွန်အား အလုံးစုံ ကို စုစည်းခဲ့လေပြီ၊ သူ၏ ကြိုးထုတ်မှု အားလုံးကို ပေးအပ်မြှုပ်နှံခဲ့ကာ အဖိုးအခတိုင်းကို ဤအရာအတွက် ပေးဆပ်ခဲ့လေပြီ။ မာရ်နတ်၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲကာ၊ မျက်စိကွယ်စေခြင်း ခံခဲ့ရပြီး ဆင်းရဲ ဒုက္ခနှင့် ဝေဒနာ အမျိုးမျိုးကို ကြံ့ကြံ့ခံခဲ့ရသော လူများကို ၎င်းတို့၏ နာကျင်မှုမှ ထလာစေလျက် ဤဆိုးညစ်သော မာရ်နတ်အိုအား သူတို့ ကျောခိုင်းခွင့်ပြုပေးရန် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်အတွက် ထိုကဲ့သို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် တည်ထောင်ရ သနည်း။ ဘုရားသခင်၏ လူစုများကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံး ချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့က အဘယ်မှာများနည်း။ တရား မျှတခြင်းကား အဘယ်မှာနည်း။ နှစ်သိမ့်ရာကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရား သခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် ကောက်ကျစ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိမ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်း ခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့် မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့် တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အကြား နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အကြား ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုကဲ့သို့ အလွန်အမင်း တောင့်တခြင်းကို အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် ခေါ်ခိုင်းအောင် လုပ်ရသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ်ပြုရသနည်း။ ဤအမိုက်မှောင် လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဝမ်းနည်းဖွယ် ခြံစောင့်ခွေးများတို့သည် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် လောကကြီးထဲ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ကို အဘယ်ကြောင့် မပြုရသနည်း။ နာကျင်မှုနှင့် ဆင်းရဲဒုက္ခတို့ အလယ်၌ နေနေရသော လူသား သည် အဘယ်ကြောင့် နားမလည်ရသနည်း။ သင်တို့အတွက်နှင့် ဘုရားသခင်သည် ကြီးစွာသော ညှဉ်းဆဲခြင်း ကို ကြံ့ကြံ့ခံခဲ့ပြီ၊ ကြီးစွာသော နာကျင်မှုနှင့် သူ၏ ချစ်လှစွာသောသား၊ သူ၏ အသွေးနှင့် အသားကို သူသည် သင်တို့အား နှင်းအပ်ခဲ့ပြီ— ထို့ကြောင့် သင်တို့သည် အဘယ်အတွက်နှင့် မမြင်ချင် ယောင်ဆောင်နေကြသနည်း။ လူဘုံအလယ်တွင် သင်တို့သည် ဘုရားသခင်၏ ကြွရောက်လာခြင်း ကို ငြင်းပယ်ကြပြီး ဘုရားသခင်၏ ခင်မင်ရင်းနှီးမှုကို ငြင်းဆိုခဲ့ကြ၏။ အဘယ်ကြောင့် သင်တို့သည် အလွန်တရာမှပင် ကျိုးကြောင်း မဆင်ခြင် နိုင်ရသနည်း။ သင်တို့သည် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းအတွင်းရှိ မတရားမှုများကို ကြံ့ကြံ့ခံရန် ဆန္ဒရှိနေကြသလော။ နှစ်ထောင်ချီသည့် မုန်းတီးမှုဖြင့် သင်တို့၏ ဝမ်းဗိုက်များကို ဖြည့်ရမည့် အစား အဘယ်ကြောင့် သင်တို့သည် မိမိတို့ကိုယ်မိမိ မာရ်နတ်တို့ ရှင်ဘုရင်၏ “ချေး” နှင့် သိပ်ထည့်ကြ သနည်း။

ဘုရားသခင် အလုပ်အတွက် အတားအဆီးများမှာ မည်မျှ ကြီးမားသနည်း။ တစ်စုံတစ်ယောက်မှ သိခဲ့ဖူးလေသလော။ စွဲမြဲနေသည့် အယူသည်းသော အရောင်ဆိုးမှုများနှင့် ပိတ်လှောင်ခံ ထားရသည့် လူများတွင် အဘယ်သူသည် ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်ကို သိကျွမ်းရန် တတ်စွမ်းနိုင်မည်နည်း။ ခေတ်နောက်ကျော့သော ယဉ်ကျေးမှုဆိုင်ရာ ဤအသိပညာ သည် အလွန်ပင် တိမ်လှပြီး အဓိပ္ပာယ် မရှိသည့်အတွက် ၎င်းတို့သည် ဘုရားသခင်မှ ပြောကြားခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့လျှင် လုံးလုံးလျားလျား နားလည်နိုင်မည်နည်း။ ၎င်းတို့အား မျက်နှာချင်းဆိုင် ပြောဆို၍၊ နှုတ်ချင်းဆိုင် ဖြည့်သွင်းပေးလျှင်ပင် ၎င်းတို့သည် အဘယ်သို့လျှင် နားလည်နိုင်မည်နည်း။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် များသည် ပင်းနေသော နားများအပေါ်သို့ ကျရောက်သွားလေသည့် အလားပင် ဖြစ်သည်။ လူများသည် စိုးစဉ်းမျှပင် တုံ့ပြန်ခြင်း မရှိ၊ သူတို့၏ ဦးခေါင်းများကို လှုပ်နေလျက် အဘယ်အရာကိုမျှ နားလည်ခြင်း မရှိ။ အဘယ်သို့လျှင် ဤအရာသည် စိတ်မပူစေဘဲ ရှိမည်နည်း။ ဤ “အလှမ်းဝေး၍ ရှေးကျသော ယဉ်ကျေးမှု ဆိုင်ရာ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာ” သည် ထိုကဲ့သို့သော အသုံးမကျသော လူအုပ်စုတစ်စုကို ပြုစုပျိုးထောင်ခဲ့ လေပြီ။ ဤရှေးကျသော ယဉ်ကျေးမှု— အဖိုးတန်သော အမွေအနှစ်— ဆိုသည်မှာ အမှိုက် ပုံကြီးသာ ဖြစ်တော့သည် တကား။ ယင်းသည် အမြဲတည်တံ့သော အရှက်တရား ဖြစ်လာသည်မှာ ကြာပြီဖြစ်ပြီး ပြောပြရန်ပင် မသင့်ပါတကား။ ယင်းအရာသည် လူတို့ကို ဘုရားသခင်အား ဆန့်ကျင်ခြင်း၏ လှည့်ကွက်များနှင့် နည်းပရိယာယ်များကို သင်ပေးခဲ့ပြီး အမျိုးသား ပညာရေး၏ “နည်းစနစ်ကျ၍ ညင်သာ သော လမ်းညွှန်မှု” သည် လူများကို ဘုရားသခင်အား သာ၍ပင် မနာခံရန်အကြောင်း ဖြစ်စေခဲ့သည်။ ဘုရား သခင် အလုပ်၏ အစိတ်အပိုင်း အသီးသီးသည် အလွန်တရာမှပင် ခက်ခဲလှပြီး ကမ္ဘာပေါ်ရှိ သူ့အလုပ်၏ အဆင့်အသီးသီးသည် ဘုရားသခင်အား စိတ်သောက ရောက်နေစေခဲ့သည်။ ကမ္ဘာပေါ်ရှိ သူ၏ အလုပ်သည် ခက်ခဲလှသည် တကား။ ကမ္ဘာပေါ်ရှိ ဘုရားသခင်အလုပ်၏ အဆင့်များတွင် ကြီးစွာသော ဆင်းရဲဒုက္ခတို့ ပါဝင် သည်— လူသား၏ အားနည်းမှု၊ ချို့ယွင်းမှု၊ ကလေးဆန်မှု၊ မသိနားမလည်မှုနှင့် လူသားနှင့် ပတ်သက်၍ အရာအားလုံးအတွက် ဘုရားသခင်သည် စေ့စပ်သေချာသော အစီအစဉ်များနှင့် ထောက်ထားစာနာတတ်သော ထည့်သွင်းစဉ်းစားခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။ လူသားသည် မည်သူမျှ ထောင်ချောက် မဆင်ရဲသော သို့မဟုတ် ရန်မစရဲသော စက္ကူကျား ကဲ့သို့ပင် ဖြစ်သည်။ ထိလိုက်ရုံလေးနှင့် သူသည် ပြန်ကိုက်လေသည်၊ သို့မဟုတ်ပါက လဲကျပြီး လမ်းပျောက် လေတော့သည်၊ ယင်းသို့ဖြစ်ခြင်းမှာ အာရုံစူးစိုက်မှု အနည်းငယ်လေးမျှ ဆုံးသွား သည်နှင့် အကျင့်ဆိုးကို ပြန်၍ ကျင့်သည့်အလား၊ သို့မဟုတ်ပါက ဘုရားသခင်အား လျစ်လျူရှုသည့်အလား၊ သို့မဟုတ် သူ၏ ဝက်များနှင့် ခွေးများ၏ အမိအဖတို့ ခန္ဓာကိုယ်များ၏ မသန့်ရှင်းသော အရာများ၌ မွေ့လျော်ရန် ၎င်းတို့ထံ ပြေးသွားလေသည့် အလားပင် ဖြစ်တော့သည်။ ကြီးစွာသော အဟန့်အတားပါတကား။ လက်တွေ့အရတွင် သူ၏ အဆင့် အသီးသီးတွင် ဘုရားသခင်သည် သွေးဆောင်ဖြားယောင်းခြင်း ခံရကာ အဆင့်အားလုံး နီးပါး၌ ကြီးစွာသော အန္တရာယ်ကို ဘုရားသခင် စွန့်စားရင်ဆိုင်ရသည်။ သူ၏ နှုတ်ကပတ်တော်များ သည် စိတ်ရင်းမှန်၍ ရိုးသားကာ မလိုတမာစိတ်တို့ မပါသော် ငြားလည်း မည်သူသည် ယင်းတို့ကို လက်ခံလိုစိတ် ရှိသနည်း။ မည်သူသည် လုံးလုံးလျားလျား ဆက်ကပ် အပ်နှံလိုစိတ် ရှိသနည်း။ ၎င်းသည် ဘုရားသခင်၏ နှလုံးသားအား ကြေကွဲစေသည်။ သူသည် လူသားအတွက် နေ့ရောညပါ ကြိုးပမ်းသည်၊ လူသား၏ အသက်တာအတွက်နှင့် သူသည် သောကဗျာပါရနှင့် ဝိုင်းဝိုင်းလည် နေခဲ့ပြီး လူသား၏ အားနည်းမှုကို သူသည် စာနာလေသည်။ သူ့အလုပ်၏ အဆင့်အသီးသီးတွင် သူပြောသော နှုတ်ကပတ်တော်တိုင်း အတွက် သူသည် များစွာသော အလှည့်အပြောင်းများကို ကြံ့ကြံ့ခံခဲ့သည်။ သူသည် ဆုပ်လည်းဆူး၊ စားလည်းရူးသော အခြေအနေတွင် အမြဲရောက်နေခဲ့ပြီး လူသား၏ အားနည်းမှု၊ နာမခံမှု၊ ကလေးဆန်မှုနှင့် ခုခံနိုင်စွမ်း မရှိမှုတို့ကို နှစ်ဆယ့်လေးနာရီပတ်လုံး ကြိမ်ဖန်တစ်လဲလဲ အမြဲတွေးတောသည်။ ဤသည်ကို မည်သူသည် သိခဲ့ဖူးသနည်း။ မည်သူ့ကို ဘုရားသခင် သည် ယုံကြည်စိတ်ချကာဖွင့်ပြောနိုင်သနည်း။ မည်သူသည် နားလည်ခြင်းငှာ တတ်စွမ်းနိုင်မည်နည်း။ အမြဲတစေပင် ဘုရားသခင်သည် လူသား၏ အပြစ်များနှင့် လူသား၏ သတ္တိမရှိမှုနှင့် ကြောက်ချေးပါမှုကို စက်ဆုပ်ရွံရှာပြီး အမြဲတစေပင် သူသည် လူသား ၏ ခုခံနိုင်စွမ်း မရှိခြင်းအတွက် စိုးရိမ်ပူပန်ပြီး လူသား၏ အရှေ့တွင် တည်ရှိနေသည့် လမ်းကြောင်းအား ချင့်ချိန် စဉ်းစားပေးသည်။ အစဉ်အမြဲပင် ဘုရားသခင်သည် လူသား၏ လုပ်ရပ်များနှင့် စကားလုံးများကို လေ့လာစိစစ်သည့်အခါ ယင်းတို့သည် သူ့အား သနားကရုဏာ၊ အမျက်ဒေါသနှင့် ပြည့်စေပြီး ဤအရာများကို မြင်တွေ့နေရခြင်းသည် သူ့နှလုံးသားအား အစဉ်အမြဲပင် နာကျင်မှုများ ယူဆောင်လာပေးသည်။ အပြစ်မဲ့သော သူတို့သည် အဆုံးတွင်တော့ ထုံထိုင်းလာလေပြီ၊ အဘယ်ကြောင့် ဘုရားသခင်သည် ၎င်းတို့အတွက် အမှုအရာများကို ခက်ခဲအောင် အမြဲပင် လုပ်ရသနည်း။ ချည့်နဲ့သော လူသားတွင် ဇွဲလုံ့လတို့ လုံးဝဥဿုံ ကင်းမဲ့လေသည်၊ အဘယ်ကြောင့် ဘုရားသခင်သည် လူသားပေါ် ယင်းကဲ့သို့ မရပ်စဲသော အမျက်ဒေါသ အမြဲပင် ရှိရသနည်း။ အားနည်း၍ အစွမ်းမဲ့သော လူသားသည် ရှင်သန်မှုစွမ်းအင်များ စိုးစဉ်းမျှပင် မရှိကြတော့၊ အဘယ်ကြောင့် ဘုရားသခင်သည် လူသားအား အမြဲပင် သူ၏ မနာခံမှုအတွက် ပြစ်တင်ကြိမ်းမောင်း ရသနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ခြိမ်းခြောက်မှုများကို မည်သူသည် ခံရပ်နိုင်မည်နည်း။ အဆုံးတွင် လူသားသည် ကျိုးပဲ့လွယ်၍ အကျဉ်းအကျပ်ထဲ ရောက်နေပြီး ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို သူ၏ နှလုံးသားအထဲ နက်ရှိုင်းရာသို့ ဖိထားလေပြီ၊ သို့မှသာ လူသားသည် မိမိကိုယ်မိမိ ဖြည်းညှင်းစွာ ဆင်ခြင် သုံးသပ်နိုင်ရန် ဖြစ်သည်။ သို့သော်လည်း စိုးရိမ်ဖွယ်ဖြစ်သည့် ဒုက္ခထဲ ကျရောက်နေသော လူသား သည် ဘုရားသခင်၏ အလိုတော်နှင့် ပတ်သက်၍ တန်ဖိုးထားလေးမြတ်မှု စိုးစဉ်းမျှ မရှိချေ။ သူသည် မာရ်နတ် တို့၏ အိုသော ရှင်ဘုရင်၏ နင်းခြေခြင်းကို ခံနေခဲ့ရသော်လည်း လုံးလုံးပင် သတိမူမိခြင်းမရှိ၊ သူသည် အမြဲပင် ဘုရားသခင်အား ဆန့်ကျင်သည်၊ သို့မဟုတ် သူသည် ဘုရားသခင် အား မပူမအေး သဘောထားမျိုး ထားရှိသည်။ ဘုရားသခင်သည် အလွန်များစွာသော နှုတ်ကပတ်တော်များကို ပြောကြားခဲ့ သော်လည်း မည်သူသည် ယင်းတို့ကို လေးနက်စွာ ခံယူခဲ့ဖူးသနည်း။ လူသားသည် ဘုရား သခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းမရှိ၊ သို့သော်လည်း သူသည် စိတ်ဒုက္ခမရောက်၊ တောင့်တ ခြင်း မရှိဘဲ ရှိနေပြီး အိုသော မာရ်နတ်၏ အနှစ်သာရကိုလည်း စစ်မှန်စွာ သိရှိခဲ့ခြင်း လုံးဝ မရှိချေ။ လူတို့သည် မရဏနိုင်ငံ၊ ငရဲတွင် နေကြသော်လည်း မိမိတို့ကိုယ်မိမိ ပင်လယ် ကြမ်းပြင်မှ နန်းတော်ထဲတွင် နေကြရသည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ နှိပ်ကွပ်ခြင်းကို ခံရသော်လည်း မိမိတို့ကိုယ်မိမိ တိုင်းပြည်၏ “ကျေးဇူးပြုခြင်း” ခံရသည် ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မာရ်နတ်၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံရသော်လည်း မိမိတို့ကိုယ်မိမိ ဇာတိပကတိ၏ အသာလွန်ဆုံးသော ဖန်တီးကြံဆမှုကို ပျော်မွေ့နေရသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် အလွန်ပင် ညစ်ပဲ့စုတ်ပြတ်လျက် အောက်တန်းကျသော စုတ်ချာချာလူ တစ်သိုက်တို့ ဖြစ်ကြသည်တကား။ လူသားသည် ကံမကောင်း အကြောင်းမလှမှုနှင့် ကြုံတွေ့ခဲ့ရပြီး ဖြစ်သော်လည်း သူသည် ယင်းကို မသိ၊ ဤအမိုက်မှောင် လူ့အဖွဲ့အစည်း အတွင်း အဖြစ်ဆိုး တစ်ခုနောက်တစ်ခု ခံစားရ သော်လည်း သူသည် ယင်းကို လုံးဝသိရှိခြင်း မရှိသေး။ အဘယ်အချိန်မှ သူသည် ကိုယ့်ကိုယ်ကိုယ် ကြင်နာခြင်းနှင့် ကျွန်သဘောဆန်သော စိတ်သဘောထားမှ မိမိကိုယ်မိမိ ပထုတ်လိမ့်မည်နည်း။ အဘယ်ကြောင့် သူသည် ဘုရားသခင်၏ နှလုံးသားအား အလွန်မှပင် အလေးမထားဘဲ ရှိနေရသနည်း။ သူသည် ဤဖိနှိပ်မှုနှင့် ဒုက္ခဆင်းရဲအတွက် တိတ်တဆိတ်ပင် အပြစ်မယူ လျစ်လျူရှုထားလေ သလော။ အမှောင်မှ အလင်းသို့ သူပြောင်းနိုင်သည့် နေ့ရက်ကို သူသည် ဆန္ဒ မရှိလေသလော။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတို့အပေါ် တရားမျှတမှု မရှိခြင်းကို နောက်တစ်ဖန် ကုစားရန် သူသည် ဆန္ဒ မရှိလေသလော။ လူတို့သည် သမ္မာတရားအား စွန့်ပယ်လျက် အမှန်တရားများကို မလိမ့်တပတ်လုပ်သည်ကို သူသည် ဘာမျှမလုပ်ဘဲ ထိုင်ကြည့်နေရန် ဆန္ဒရှိလေသလော။ ဤနှိပ်စက်ညှဉ်းဆဲမှုအား ဆက်လက်၍ ကြံ့ကြံ့ခံနေရသည်ကို သူသည် ပျော်လေသလော။ သူသည် ကျွန်ဖြစ်ရန် အလိုရှိလေ သလော။ ဘုရားသခင်၏ လက်ထဲတွင် သူသည် ဤကျရှုံးသော ပြည်ကြီး၏ ကျွန်များနှင့်အတူ အတူတူ ပျက်စီးခြင်းသို့ ရောက်ရန် အလိုရှိလေသလော။ သင်၏ စိတ်ပိုင်းဖြတ်ချက်ကား အဘယ် မှာနည်း။ သင်၏ ရည်မှန်းချက်ကား အဘယ်မှာနည်း။ သင်၏ ဂုဏ်သိက္ခာကား အဘယ်မှာနည်း။ သင်၏ သမာဓိကား အဘယ်မှာနည်း။ သင်၏ လွတ်လပ်ခြင်းကား အဘယ်မှာနည်း။ သင်သည် မာရ်နတ်တို့၏ ရှင်ဘုရင်၊ အဆင်းနီသော နဂါးကြီးထံ သင်၏ဘဝ တစ်ခုလုံးကို စွန့်လွှတ်ရန် အလိုရှိလေသလော။ ၎င်းမှ သင့်အား သေသည်တိုင်အောင် နှိပ်စက်ကလူပြုသည်ကို သင်သည် ပျော်ရွှင်စွာခွင့်ပြုလေသလော။ နက်နဲရာ၏ မျက်နှာပြင်သည် ပရမ်းပတာဖြစ်လျက် မှောင်မိုက်နေသည်၊ ထိုကဲ့သို့သော ဒုက္ခဝေဒနာကို ခံစားနေရသော အများပြည်သူများသည် ကောင်းကင်ဘုံထံသို့ ဟစ်ကြွေးကြကာ ကမ္ဘာမြေကြီးကို တိုင်တန်းကြလေသည်။ မည်သည့်အချိန်တွင် လူသားသည် သူ၏ ဦးခေါင်းကို မြင့်မြင့် မော့နိုင် မည်နည်း။ လူသားသည် အရိုးပေါ် အရေတင်နေ၍ ကြုံလှီလှသည်၊ သူသည် ဤရက်စက်၍ အာဏာရှင်ကဲ့သို့ ကြမ်းကြုတ်လှသော မာရ်နတ်အား အဘယ်သို့လျှင် ရင်ဆိုင်နိုင်မည်နည်း။ သူသည် တတ်နိုင်သည်နှင့် ချက်ချင်းပင် ဘုရားသခင်အား အဘယ်ကြောင့် သူ၏ အသက်တာကို မပေးရသနည်း။ အဘယ်ကြောင့် လူသားသည် ယိမ်းယိုင်လျက် ရှိနေသေးသနည်း၊ ဘုရားသခင်၏ အလုပ်ကို သူသည် မည်သည့် အချိန်တွင် ပြီးစီးနိုင်မည်နည်း။ ဤသို့ ရောက်တတ်ရာရာ နှိပ်စက်ခြင်းနှင့် ဖိနှိပ်ခြင်းကို ခံရ၍ သူ၏ ဘဝ တစ်ခုလုံးသည် အဆုံးတွင် အချည်းနှီးသက်သက် ဖြုန်းပြီးဖြစ်သွားပေမည်။ အဘယ်ကြောင့် သူသည် ရောက် လာရန် ယင်းသို့ အလောတကြီး ဖြစ်နေရသနည်း၊ ထွက်ခွာသွားရန် ယင်းသို့ အလျင်လိုနေရသနည်း။ ဘုရား သခင်အား ပေးအပ်ရန် သူသည် အဘယ်ကြောင့် တန်ဖိုးရှိသောအရာ တစ်စုံတစ်ခုကို သိမ်းထားခြင်း မရှိရသနည်း။ နှစ်ထောင်ချီတိုင် မုန်းတီးခြင်းကို သူသည် မေ့လျော့သွား လေပြီလော။

များစွာသော လူများသည် ဘုရားသခင်၏ အချို့သော နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း ရှိကောင်း ရှိနိုင်ပေသည်၊ သို့မဟုတ် ၎င်းတို့သည် ယင်းနှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်းလည်း မရှိ သကဲ့သို့ စိတ်ဝင်စားခြင်း မရှိခြင်းလည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင် ဆိုစေကာမူ အမှန်တရားများသည် ဖြစ်နိုင်ချေ မရှိသော ဆင်ခြင်မှုများ ဖြစ်မလာနိုင်ပါ။ အမှန်တရားများနှင့် ဆန့်ကျင်သည့် စကားလုံးများကို မည်သူမျှ မပြောကြနှင့်။ ဘုရားသခင်သည် ယခုအချိန်တွင် ယင်းကဲ့သို့သော အလုပ်ကို လုပ်ဆောင်ရန်၊ ယခုတိုင် ပြီးစီးရန် လိုသေးသည့် သူ၏အလုပ်ကို နိဂုံးချုပ်ရန်၊ ဤခေတ်အား အဆုံးသတ်ရန်၊ ဤခေတ်ကို တရားစီရင်ရန်၊ နက်ရှိုင်းစွာ အပြစ်နှင့်ပြည့်နေသူများကို ဒုက္ခပင်လယ်ဝေနေသည့် လောကကြီးမှ ကယ်တင် ကာ ၎င်းတို့အား လုံးဝဥဿုံ အသွင်ပြောင်းလဲရန် လူ့ဇာတိကို ခံယူခဲ့လေပြီ။ ယုဒလူမျိုးများသည် ဘုရားသခင် အား လက်ဝါးကပ်တိုင်တွင် သံမှိုစွဲနှက်ခဲ့ကြသည်၊ ဤသို့နှင့် ယုဒနယ်အတွင်း ဘုရားသခင်၏ သွားလာမှု သည် အဆုံးသတ်သွား၏။ ထို့နောက် များမကြာမီမှာပင် ဘုရားသခင်သည် လူသားအကြားသို့ နောက်ထပ် တစ်ဖန် ကိုယ်တိုင်ကိုယ်ကျ ကြွဆင်းလာခဲ့ပြီး အဆင်းနီသော နဂါးကြီး၏ တိုင်းပြည်အတွင်းသို့ တိတ်ဆိတ်စွာ ရောက်ရှိလာသည်။ စင်စစ်တွင်မူ ယုဒနိုင်ငံ၏ ဘာသာရေး အသိုင်းအဝိုင်းသည် ယေရှု၏ ပုံရိပ်ကို ၎င်းတို့၏ နံရံများထက် ချိတ်ဆွဲထားကြသည်မှာ ကြာမြင့်စွာ ကတည်းက ဖြစ်ပြီး ၎င်းတို့၏ နှုတ်များမှလည်း လူတို့က “သခင်ယေရှု ခရစ်တော်” ဟူ၍ ဟစ်ကြော်ကြသည်။ ယေရှုသည် အပြီးသတ်ရဦးမည့် သူ့အလုပ်၏ ဒုတိယအဆင့်ကို ပြီးစီးရန်အလို့ငှာ လူသားအကြားသို့ ပြန်လည်ကြွဆင်းရန်ဖြစ်သည့် သူ့ခမည်းတော်၏ အမိန့်ကို ကြာမြင့်စွာကတည်းက လက်ခံခဲ့ပြီးဖြစ်သည်ကို ၎င်းတို့သည် အနည်းငယ်မျှပင် မသိကြချေ။ ရလဒ် အနေနှင့် လူတို့သည် သူ့ကို ကြည့်လေသောအခါ အံ့သြထိတ်လန့်မှု အတိုင်းသား ဖြစ်နေတော့သည်။ များစွာသော ခေတ်ကာလတို့ ကုန်လွန်ပြီး ဖြစ်သည့် လောကကြီးထဲသို့ သူသည် မွေးဖွားလာခဲ့ပြီး လူသားအကြားတွင် သူသည် အလွန်တရာမှပင် သာမန်အသွင်ရှိသော ရုပ်မျိုးနှင့် ထွက်ပေါ်လာခဲ့သည်။ စင်စစ် မှာမူ ခေတ်များကျော်လွန်သွားသည်နှင့် သူသည် အသစ်တစ်ဖန် မွေးဖွားခြင်း ခံရသည့်အလား သူ၏ အဝတ် အစားနှင့် အသွင်အပြင်တစ်ရပ်လုံးမှာ ပြောင်းလဲသွားခဲ့သည်။ သူသည် ကားတိုင် ပေါ်မှ သက်ဆင်းလာ၍ ရှင်ပြန်ထမြောက်ခဲ့သော သခင်ယေရှု ခရစ်တော်နှင့် ပကတိ အတူတူပင် ဖြစ်သည် ဆိုခြင်းအား လူတို့မှာ အဘယ်သို့လျှင် သိနိုင်ကြမည်နည်း။ ယေရှုမှာ ယေဟောဝါနှင့် တူညီခြင်း လုံးဝမရှိသကဲ့သို့ သူ့တွင်လည်း ထိခိုက် ဒဏ်ရာ၏ လက္ခဏာ စိုးစဥ်းမျှပင် မရှိ။ ယနေ့ခေတ်၏ ယေရှုသည် လွန်ခဲ့သော အချိန်များ၏ ဟန်ပန်အမူအရာ မရှိသည်မှာ ကြာမြင့်စွာ ကတည်းက ဖြစ်သည်။ လူတို့သည် သူ့အား အဘယ်သို့လျှင် သိနိုင်မည်နည်း။ လှည့်ဖြားတတ်သော “သောမ” သည် ထိုသူမှာ ရှင်ပြန်ထမြောက်သော ယေရှုဖြစ်သည် ဆိုခြင်းအား အမြဲပင် သံသယဝင်သည်၊ သောမသည် မိမိ၏စိတ် သက်သာရာရရန် ယေရှု၏ လက်များမှ သံမှိုဆွဲနှက်ရာ၏ အမာရွတ်များကို အမြဲပင် မြင်ချင်သည်။ ယင်းတို့ကို မမြင်ရပါက သူသည် အမြဲပင် မသင်္ကာမှု တိမ်တိုက်ပေါ် ရပ်တည်နေမည်ဖြစ်ပြီး သူ၏ခြေကို ခိုင်မာသော မြေပြင်ပေါ်တွင် နေရာချကာ ယေရှုနောက် လိုက်ရန် မတတ် နိုင်ဘဲ ရှိနေသည်။ သနားစဖွယ် “သောမ” ပါတကား— ယေရှုသည် ခမည်းတော် ဘုရားသခင်၏ တာဝန်ပေး စေခိုင်းထားသည့် အလုပ်ကို လုပ်ဆောင်ရန် ကြွလာသည်ကို အဘယ်သို့လျှင် သူသည် သိနိုင်မည်နည်း။ အဘယ်ကြောင့် ယေရှုသည် လက်ဝါးကပ်တိုင်တွင် အသတ်ခံရခြင်း၏ အမာရွတ်များကို တင်ဆောင်ထားရန် လိုအပ်သနည်း။ လက်ဝါးကပ်တိုင်တွင် အသတ်ခံရခြင်း၏ အမာရွတ်များသည် ယေရှု၏ အမှတ်အသား ဖြစ်လေသလော။ သူသည် သူ့ခမည်းတော်၏ အလိုတော်ကို ဆောင်၍ အလုပ်လုပ်ရန် ကြွလာခဲ့သည်။ သူသည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့မှ ယုဒလူတစ်ယောက်ကဲ့သို့ အဘယ် ကြောင့် ဝတ်စားဆင်ယင်၍ ကြွလာ ရမည်နည်း။ ဘုရားသခင်မှ ခံယူတော်မူသော ဇာတိပကတိ၏ အသွင်သဏ္ဌာန်သည် ဘုရားသခင်၏ အလုပ်ကို ဟန့်တားနှောင့်ယှက်နိုင်ခြင်း ရှိလေသလော။ ဤသည်မှာ မည်သူ၏ သီအိုရီနည်း။ ဘုရားသခင် အလုပ်လုပ် သောအခါ အဘယ်ကြောင့် လူသား၏ စိတ်ကူးရာနှင့်အညီ ဖြစ်နေရမည်နည်း။ သူ၏ အလုပ်ထဲ၌ ဘုရားသခင် အာရုံစိုက်သည့် တစ်ခုတည်းသော အရာမှာ ယင်းအနေဖြင့် အကျိုးသက်ရောက်မှု ရှိရန်သာဖြစ်သည်။ သူသည် ဥပဒေကို လိုက်နာခြင်း မရှိ၊ သူ၏ အလုပ်၌ မည်သည့် စည်းမျဥ်းမျှ မရှိ— လူသားသည် ယင်းကို မည်သို့လျှင် ဉာဏ်မီနိုင်မည်နည်း။ လူသားသည် သူ၏ အယူအဆများနှင့် စိတ်ကူးယဥ်မှုများအပေါ် မှီခိုခြင်းအားဖြင့် ဘုရားသခင်၏ အလုပ်ကို အဘယ်သို့လျှင် စေ့စေ့စပ်စပ် ထိုးထွင်းသိမြင်နိုင်မည်နည်း။ ထို့ကြောင့် သင်တို့သည် လျောက်ပတ်စွာ တည်နေပါက အကောင်းဆုံး ဖြစ်ပေမည်။ အသေးအဖွဲ အရာများကို ဇာချဲ့မနေကြနှင့်၊ သင်တို့အတွက် အသစ်ဖြစ်နေရုံမျှနှင့် အမှုအရာများကို ရေကြီးခွင်ကျယ် လုပ်မနေကြနှင့်— ဤအရာသည် သင့်အား မိမိကိုယ်ကိုယ် အရှက်ရစေခြင်းနှင့် လူများမှ သင့်အား လှောင်ပြောင်ခြင်းကို ရပ်တန့်ပေးလိမ့်မည်။ သင်သည် ဤနှစ်များ အားလုံး တစ်လျှောက်တွင် ဘုရားသခင် အား ယုံကြည်ခဲ့သော်လည်း ဘုရားသခင်ကို သိကျွမ်းခြင်း မရှိသေး။ အဆုံးတွင် သင်သည် ပြစ်တင်ဆုံးမခြင်း ထဲသို့ ထိုးဆင်းသွားကာ “ပထမတန်းစား” နေရာတွင် ထားခြင်းခံရသော သင်သည် ပြစ်တင်ဆုံးမခြင်း ခံရသူ၏ အတန်းအစားများနှင့် သက်ဆိုင်သည်ဟု မှတ်ယူခြင်း ခံရမည်။ သင်၏ သေးသိမ်လှသော လှည့်ကွက် များကို ထုတ်ကြွားရန် ပါးနပ်သော နည်းလမ်းများကို အသုံးမပြုပါက သင့်အတွက် အကောင်းဆုံး ဖြစ်ပေ မည်။ သင်၏ အမြင်တိုမှုသည် ထာဝရကာလမှ ထာဝရကာလတိုင် ထွင်းဖောက်မြင်နိုင်စွမ်း ရှိသော ဘုရား သခင်ကို ဧကန်အမှန်ပင် ပိုင်းခြားသိမြင် နိုင်ပါမည်လော။ သင်၏ အပေါ်ယံ အတွေ့အကြုံများက ဘုရားသခင်၏ အလိုတော်ကို အပြည့်အဝ ထိုးဖောက်မြင်ခွင့် ပေးနိုင်မည်လော။ စိတ်ကြီးဝင်ခြင်း မရှိနှင့်။ ဧကန် စင်စစ် ဘုရားသခင်သည် လောကနှင့် မသက်ဆိုင်— ထို့ကြောင့် ဘုရားသခင်၏ အလုပ်သည် အဘယ်သို့လျှင် သင် မျှော်လင့်ထားသကဲ့သို့ ဖြစ်နိုင်ပေမည်နည်း။

အောက်ခြေမှတ်စု(များ)-

၁။ “ဆိုးညစ်မှု အားလုံး၏ ဤခေါင်သူကြီး” သည် အိုသော မာရ်နတ်ကို ရည်ညွှန်းသည်။ ဤစကားစုသည် အလွန်အမင်း မနှစ်သက်ခြင်းကို ဖော်ပြသည်။

၂။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက်” သည် မာရ်နတ်မှ လူတို့အား ဘေးပြုရာတွင် သုံးသော နည်းလမ်းများကို ရည်ညွှန်းသည်။

၃။ “တင်းကျပ်စွာ စောင့်ကြပ်ခြင်း ခံနေရ၏” သည် မာရ်နတ်သည် လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းလမ်းများသည် အထူးသဖြင့် ရက်စက်လှပြီး လူတို့ကို အလွန်တရာမှပင် ထိန်းချုပ်သည့် အတွက် ၎င်းတို့မှာ ရွေ့လျားရန်ပင် နေရာလွတ် မကျန်တော့ကြောင်းကို ညွှန်ပြသည်။

၄။ “အလှမ်းဝေး” အား ပြောင်လှောင်သရော်သည့် သဘောနှင့် သုံးထားသည်။

၅။ “နည်းစနစ်ကျ၍ ညင်သာသော လမ်းညွှန်မှု” ကို လှောင်ပြောင်သရော်စွာ သုံးထားခြင်း ဖြစ်သည်။

၆။ “ကျေးဇူးပြုခြင်း ခံရသည်” ကို ထုံထိုင်းပုံရ၍ ကိုယ့်ကိုယ်ကိုယ် သိခြင်း မရှိသော လူများကို သရော် လှောင်ပြောင်ရန် သုံးထားခြင်း ဖြစ်သည်။

၇။ “အဖြစ်ဆိုး တစ်ခုနောက်တစ်ခု ခံစားရ” သည် လူများမှာ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် မွေးဖွားလာကြပြီး ၎င်းတို့သည် မိမိတို့၏ ဦးခေါင်းများကို မမော့နိုင်ကြခြင်းကို ညွှန်ပြသည်။

၈။ “သင်၏ဘဝတစ်ခုလုံးကို စွန့်လွှတ်ရန်” ဆိုသည်မှာ ယုတ်ညံ့သော အဓိပ္ပါယ်ဖြင့် ဆိုလိုသည်။

၉။ “ပထမတန်းစား” ကို ဘုရားသခင်နောက် ထက်သန်ပြင်းပြစွာ လိုက်သော သူများကို သရော်လှောင်ပြောင်ရန် သုံးထားခြင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။