ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပြန်လည်ပေးဆပ်မည်
၁
မိမိ၏ ဖောက်ပြန်ပျက်စီးမှု ကြီးထွားရင်းဖြင့်၊ ကျွန်ုပ်သည် လောကထဲတွင် နှစ်ပေါင်းများစွာ မျောလွင့်နေခဲ့ပြီ။
သမ္မာတရားကို ဘုရားသခင် မိန့်မြွက်ခြင်း နှင့် ကျွန်ုပ်ကို ကယ်တင်ခြင်းတို့၏ ကျေးဇူးကြောင့်၊ ကျွန်ုပ်သည် ဘုရားမိသားစုထံသို့ ပြန်လာခဲ့ပြီ။
ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့်၊ ကျွန်ုပ်သည် မိမိ၏ စရိုက်မှန်ကို မြင်ခဲ့ရပြီ။
စာတန်ကြောင့် အလွန်ဆိုးရွားစွာ ဖောက်ပြန်ပျက်စီးခဲ့သည်၊ ကျွန်ုပ်ထံတွင် လူသားပုံသဏ္ဌာန် တစ်စက်မျှ မရှိပါ။
စာတန်၏ ဒဿနများနှင့် နိယာမများဖြင့် အသက်ရှင်နေထိုင်ရင်း၊ ကျော်ကြားမှု နှင့် ကြွယ်ဝမှု တို့အတွက် ကျွန်ုပ် ကြိုးပမ်းခဲ့သည်။
အပြစ်တွင် နွံနစ်ရင်း ကျွန်ုပ် အလွန်အနှစ်မဲ့သည်ဟု ခံစားခဲ့ရသည်၊ စစ်မှန်သည့် လမ်းခရီးကို ရှာဖွေဖို့ နောက်ဆုံးတွင် ကျွန်ုပ် သင်ယူခဲ့သည်။
ဘုရား နောက်လိုက်ရင်းဖြင့်၊ ထိုသို့သော ညှင်းပန်းနှိပ်စက်ခြင်း နှင့် ဆင်းရဲဒုက္ခများကို ကျွန်ုပ် ခံရပြီ၊ ကျွန်ုပ်သည် လူ၏ ဆိုးယုတ်သော အရင်းအမြစ်ကို တွေ့မြင်ဖူးပြီ။
မိမိ၏ နက်ရှိုင်းသော ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်ုပ် မုန်းတီးပြီး၊ သမ္မာတရားကို လိုက်စားရန်၊ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန် စိတ်ပိုင်းဖြတ်သည်။
၂
ဤဆိုးယုတ်သောခေတ်တွင်၊ လူသားမျိုးနွယ်တစ်ခုလုံးသည် အမှောင်ထဲတွင် အသက်ရှင်နေထိုင်ကြသည်။
ဘုရားသခင်၏ သမ္မာတရားများသည် ဤမှောင်မိုက်သော လောကကို အလင်းပေးသည့် တောက်ပသော အလင်းရောင် တစ်ခုပမာ ဖြစ်သည်။
ယခု ကျွန်ုပ် ဘုရားသခင်၏ ကယ်တင်ခြင်းခံရသည်၊ စိတ်သဘောထား ပြောင်းလဲဖို့ ကျွန်ုပ် ကြိုးစားရဦးမည်။
သမ္မာတရား၏ စစ်မှန်မှု မရှိဘဲ၊ ကျွန်ုပ်သည် ဘုရားသခင်၏ အသုံးပြုခြင်း နှင့် သူ့အတွက် သက်သေခံခြင်း တို့အတွက် မည်သို့ သင့်တော်နိုင်မည်နည်း။
စစ်ဆေးခြင်း သို့မဟုတ် နာကျင်မှုကို ကျွန်ုပ် မည်မျှ တွေ့ကြုံရပါစေ၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးစားမည်။
ဘုရားသခင်၏ တရားစီရင်မှုကကျွန်ုပ်ကို သန့်စင်စေခဲ့ပြီ၊ ယခု ကျွန်ုပ်သည် တကယ့် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်သည်။
ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီး၊ အသက် ဖြစ်ကြောင်း ကျွန်ုပ်သိသည်၊ ကျွန်ုပ် ဘုရားသခင်ကို အဆုံးအထိ စွဲစွဲမြဲမြဲ နောက်လိုက်မည်။
ဘုရားသခင်၏ ကယ်တင်ခြင်းဆိုင်ရာ ကျေးဇူးတော်သည် ကျယ်ပြောသည်၊ ကျွန်ုပ်သည် သူ၏ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ ကျွန်ုပ် အသက်တာကို ပေးမည်။